Kasemrad Prachachuen Hospital, Head office,မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်

  • Home
  • Myanmar
  • Insein
  • Kasemrad Prachachuen Hospital, Head office,မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်

Kasemrad Prachachuen Hospital, Head office,မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် Myanmar Head office

ဆေးစစ်ပက်ကေ့ခ်ျလေးတွေ ကိုစိတ်ဝင်စားသည့် လူကြီးမင်းများ ကျမတို့ပေ့ခ်ျမှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်ရှင်
10/07/2023

ဆေးစစ်ပက်ကေ့ခ်ျလေးတွေ ကိုစိတ်ဝင်စားသည့် လူကြီးမင်းများ ကျမတို့ပေ့ခ်ျမှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်ရှင်

အခုဆိုရင် Kasemrad Hospital တစ်ခုတည်းမဟုတ်တော့ပဲ Bright Hands Medical Service Company အနေဖြင့် အောက်တွင်ဖော်ပြထားသောဆေးရ...
10/10/2022

အခုဆိုရင် Kasemrad Hospital တစ်ခုတည်းမဟုတ်တော့ပဲ Bright Hands Medical Service Company အနေဖြင့် အောက်တွင်ဖော်ပြထားသောဆေးရုံများကိုပါဝန်ဆောင်မှု့ပေးနေပါပြီရှင်👌🏻

🌹🌹🌹 မင်္ဂလာပါ 🌹🌹🌹
ကျွန်တော်များ “Bright Hands Company Limited" သည် ရန်ကုန်မြို့တွင် ပြည်တွင်း ပြည်ပကုမ္ပဏီကြီးများ၏ စီမံကိန်းကြီးများအား Sub-Contract ( or ) Main Contract အနေဖြင့်အကောင်းဆုံးဝန်ဆောင်မှု့ပေးနေသော Construction & Trading Company ဖြစ်ပါတယ် ကျွန်တော့်ရဲ့မိသားစုဝင်များ ထိုင်းနိုင်ငံဘန်ကောက်ရှိ အထူးကုဆေးရုံများတွင် ကျန်းမာ​ရေးပုံမှန်ဆေးစစ်ခြင်း ခွဲစိတ်ကုသခြင်းများအား ဆယ်စုနှစ်ကျော်ပြုလုပ်ခဲ့ပြီး ရရှိခဲ့​သော ကိုယ်တိုင်အတွေ့အကြုံများကို အခြေခံပြီး ဘန်ကောက်ရှိ ဆေးရုံကြီးများတွင် ၁၀ နှစ်ကျော်လုပ်သက်အတွေ့အကြုံရှိသူများနှင့်ပူးပေါင်းကာ
“Bright Hands(Bangkok)Medical Service Company” ကိုတည်ထောင်ပြီး ပူးတွဲပါအထူးကုဆေးရုံကြီးများနှင့်တရားဝင် ကိုယ်စားလှယ် အဖြစ်တာဝန်ယူပြီး ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု့လုပ်ငန်းများကို ရန်ကုန်မြို့နှင့်ဘန်ကောက်မြို့ တို့တွင်ရုံးခန်းများဖွင့်လှစ်ပြီး အကောင်းဆုံးဝန်ဆောင်မှု့များဖြင့် ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြည်တွင်း ပြည်ပရှိသူငယ်ချင်းမိတ်ဆွေ မိဘပြည်သူများအား မိတ်ဆက်သတင်း​ကောင်းပါးအပ်ပါသည်။

_ Med Park Hospital

_ Praram 9 Hospital

_ Paolo Hospital

_ Vimut Hospital

_ Chulabhorn Hospital

_Kasemrad Hospital

တို့တွင် ဆေးကုသမှုနှင့်ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေပါတယ်။
👇👇👇

ရန်ကုန်ရုံးချုပ် လိပ်စာ - အမှတ် (၅၈) လမ်းသစ်လမ်း၊

အင်းစိန်မြို့နယ် ရန်ကုန်မြို့။

☎️၀၉၇၉၁၁၄၀၀၄၇, ၀၉၇၆၉၉၈၄၁၄၁

ဘန်ကောက်ရုံး လိပ်စာ - Supalai Veranda Condo Ramkhamhaeng, Ramkhamhaeng Road , Bang Kapi District, Bangkok.

Ma Ohn Mar_ +66851686354

Ma Theint _ +66834926740

တို့ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Lasik လာလုပ်သွားတဲ့သမီး​လေး အဆင်​ပြေ​ကြောင်းကြားသိရလို့ ဝမ်းသာကြည်နူးရပါတယ်​ ပါဝါမျက်မှန်ကြီးမတတ်ရ​တော့ ပိုလှသွားပြီ​ပေါ...
24/07/2022

Lasik လာလုပ်သွားတဲ့သမီး​လေး အဆင်​ပြေ​ကြောင်းကြားသိရလို့ ဝမ်းသာကြည်နူးရပါတယ်​ ပါဝါမျက်မှန်ကြီးမတတ်ရ​တော့ ပိုလှသွားပြီ​ပေါ့😍
"Kasemrad Prachachuen Hospital" ကိုယုံကြည်စွာနဲ့လာ​ရောက်ကုသတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော် 💜
ပါဝါမျက်မှန်ကြီးမတပ်ချင်​တော့လို့ မျက်လုံးပါဝါ​ဖျောက်လိုပါက Kasemrad Prachachuen Hospital,မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် page (သို့မဟုတ်)ရန်ကုန်ရုံးချုပ် သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်​နော်
ဆက်သွယ်ရမယ့်လိပ်စာ​လေးက​တော့👇👇👇
အမှတ်(58) လမ်းသစ်လမ်း နံ့သာကုန်းရပ်ကွက် အင်းစိန်မြို့နယ် ရန်ကုန်တိုင်း။
ဖုန်း - 09769984141,09791140047.

ဆေးရုံများစွာထဲကမှ Kasemrad International Hospital ကို​ရွေးချယ်ပြီးအရမ်းတန်တဲ့ package ​လေးနဲ့ကျန်းမာ​ရေးစစ်​ဆေးမှု့များ...
21/07/2022

ဆေးရုံများစွာထဲကမှ Kasemrad International Hospital ကို​ရွေးချယ်ပြီးအရမ်းတန်တဲ့ package ​လေးနဲ့ကျန်းမာ​ရေးစစ်​ဆေးမှု့များပြုလုပ်ခြင်း အစာအိမ်နှင့်အူလမ်း​ကြောင်းမှန်​ပြောင်းထိုးစစ်​ဆေးခြင်းနှင့် မျက်စိစစ်​ဆေးခြင်းများပြုလုပ်သွား​သော မမများအားကျေးဇူးတင်ပါတယ်​နော်💜💜💜

⏺️ကိုလက်စထရော(Cholesterol)အကြောင်း သိကောင်းစရာများ  ကိုလက်စထရောဆိုတာကတော့ သွေးထဲမှာရှိတဲ့ အဆီဓာတ်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ...
19/07/2022

⏺️ကိုလက်စထရော(Cholesterol)အကြောင်း သိကောင်းစရာများ

ကိုလက်စထရောဆိုတာကတော့ သွေးထဲမှာရှိတဲ့ အဆီဓာတ်ပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက ဆဲလ်တွေအတွက် လိုအပ်တဲ့ ပစ္စည်းတခုပါ။ ဒါပေမယ့် လိုအပ်တဲ့ပမာဏထက် များနေရင်တော့ ဆိုးကျိုးဖြစ်နိုင်ပါတယ်။

ကိုလက်စထရောအချို့ကို အစားအစာတွေမှရရှိပြီး ကျန်အချို့ကိုတော့ ကိုယ်ခန္ဓာထဲမှာ ထုတ်လုပ်ပါတယ်။ ကိုလက်စထရောဟာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။ ခန္ဓာကိုယ်မှ ဟော်မုန်းနှင့် ဆဲလ်များဖွဲ့စည်းပြုလုပ်ရာ၌ ကိုလက်စထရောကိုအသုံးပြုပါတယ်။

🔸ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရော နှစ်မျိုးရှိပါတယ်။

• Low-density lipoprotein (LDL)။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ 100 mg/dL အောက်ပဲရှိသင့်ပါတယ်။

• High-density lipoprotein (HDL)။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုလက်စထရောဖြစ်ပြီး မကောင်းတဲ့ LDL ကိုလက်စထရောကို သွေးကြောထဲက ဖယ်ထုတ်နိုင်အောင် ကူညီပေးပါတယ်။ သွေးထဲမှာ 60 mg/dL နဲ့အထက်ရှိသင့်ပါတယ်။

🔸ပုံမှန်အားဖြင့် ကိုလက်စထရော အားလုံးပမာဏ Total cholesterol 200mg/dl ၊ LDL 100mg/dl တွေထက် နည်းရပါတယ်။ ကောင်းတဲ့ ကိုလက်စထရော ဆိုတဲ့ HDL ကျတော့ အမျိုးသားမှာ 40mg/dl အမျိုးသမီးမှာ 50mg/dl ထက် များမှ ကောင်းပါတယ်။ Triglysride 150mg/dl ထက်နည်းနေမှ ပုံမှန်လို့ သတ်မှတ်ပါတယ်။ တိကျတဲ့ အဖြေဖြစ်ဖို့ သွေးမစစ်မီ ၉ နာရီကနေ ၁၂ နာရီကြာအောင် ရေကလွဲပြီး ဘာမှမစားဘဲ စစ်‌ဆေးရပါတယ်။

🔸ကိုလက်စထရောမြင့်မားခြင်းနှင့် ပြဿနာများ

• သွေးထဲမှာ ကိုလက်စထရောများပြားလွန်းရင် သွေးကြောတွေမှာ စုပုံလာပါတယ်။ သွေးကြောနံရံတွေမှာ အနည်အဖတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ အဲဒီအချိန်မှာ သွေးကြောနံရံတွေ မာခဲလာပြီး သွေးလည်ပတ်မှုကို လျော့နည်းလာစေပါတယ်။

• တခါတရံမှာ အဆိုပါနံရံများဟာ ပျက်စီးတတ်ပြီး ထိခိုက်သွားတဲ့နေရာမှာ သွေးခဲခြင်း ဖြစ်ပေါ်စေပါတယ်။ အဆိုပါသွေးခဲဟာ သွေးကြောထဲလှည့်လည်သွားပြီး နှလုံးသွေးကြောထဲကို ရောက်သွားချိန်မှာ ပိတ်ဆို့မှုဖြစ်ပေါ်စေပါတယ်။ အဲဒီအချိန်မှာ နှလုံးကိုထိခိုက်(heart attack)ရစေပါတယ်။

• ဒါ့အပြင် သွေးခဲဟာ ဦးနှောက်ကိုသွားတဲ့ သွေးကြောထဲရောက်သွားတတ်ပြီး ဦးနှောက်သွေးစီးဆင်းမှုကို ထိခိုက်စေပါတယ်။ အဲဒီအခါ လေဖြတ်ခြင်းအထိ ဖြစ်စေပါတယ်။

✅ထို့ကြောင့်မပေါ့လျော့သင့်ပဲ အစားစာရာ၌ဂရုစိုက်ပြီး ကိုလက်စထရောပမာဏကိုလဲ စစ်ဆေးကြည့်သင့်ပါသည်။

🔸ဘယ်အသက်အရွယ်မှာစစ်သင့်သလဲ?

● အသက် ၉-၁၁ နှစ်အတွင်းမှာ ၁ ကြိမ်
● အသက် ၁၇-၂၁ နှစ်အတွင်းမှာ ၁ ကြိမ်
● ဒီနောက်ပိုင်းမှာတော့ ၄-၆ နှစ်တစ်ခါလောက် စစ်ဆေးသင့်တယ်လို့ ဆိုပါတယ်။
မိသားစုထဲ နှလုံးရောဂါတွေ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးဖောက်တာတွေရှိရင်၊ ကလေးမှာ ဆီးချိုတို့၊ အဝလွန်ရောဂါတို့ရှိရင် ဒီ့ထက်ပိုစစ်ဆေးသင့်တယ်လို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

--------------------💜--------------------

အသေးစိတ်ဆက်သွယ် မေးမြန်းလိုပါက📞
🇲🇲- 09769984141, 09791140047{Viber}
🇹🇭- 083-4926740 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Head Office- အမှတ်၅၈၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

Kasemrad International Hospital သို့ ကျန်းမာ​ရေးစစ်​ဆေးမှု့များလာ​ရောက်ပြုလုပ်​သော ရန်ကုန်မြို့မှ အစ်ကိုနှင့်အစ်မ ပြင်ဦ...
10/07/2022

Kasemrad International Hospital သို့ ကျန်းမာ​ရေးစစ်​ဆေးမှု့များလာ​ရောက်ပြုလုပ်​သော ရန်ကုန်မြို့မှ အစ်ကိုနှင့်အစ်မ ပြင်ဦးလွင်မြို့မှ ဦး​လေးနှင့်​မောင်​လေးတို့အား ​အထူးပင်ကျေးဇူးတင်ပါတယ်ရှင်

7️⃣Julyလ-2022မှစတင်ပြီး 🇹🇭ဗန်ကောက်လာဖို့ ဘာတွေလိုပါသလဲလို့ ဝင်လာပြီးမေးမြန်းနေကြတဲ့မိတ်ဆွေများအတွက် သတင်းကောင်းပါ 🎉 (ထို...
27/06/2022

7️⃣Julyလ-2022မှစတင်ပြီး 🇹🇭ဗန်ကောက်လာဖို့ ဘာတွေလိုပါသလဲလို့ ဝင်လာပြီးမေးမြန်းနေကြတဲ့မိတ်ဆွေများအတွက် သတင်းကောင်းပါ 🎉
(ထိုင်းနိုင်ငံ)နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ထိုင်းသံရုံးများသို့ထုတ်ပြန်လိုက်သော အမိန့်စာအတိုင်း Thailand Passနှင့် Insurance(အာမခံ)များ"မလို"တော့ပါ ဒါပေမယ့်ကာကွယ်ဆေးထိုးထားကြောင်း သက်သေအထောက်အထား ( Certification of Vaccination )သို့မဟုတ် မထွက်ခွါမှီ 72.နာရီအတွင်း Covid ကင်းစင်ကြောင်းစစ်ဆေးထားသော RT-PCR / Professional ATK များသာလိုအပ်ပါတော့ကြောင်းသတင်းကောင်းပါးအပ်ပါတယ်..
💥(21-Jun-2022 ရက်နေ့မှထုက်ပြန်လိုက်သောစာအရ)💥

Kasemrad International ဆေးရုံကြီး မှာ Spine surgery ( ခါးရိုးခွဲစိတ်မှု) ပြုလုပ်သွားတဲ့ ဘားအံမြို့မှ ကိုခင်မောင်စိုးရဲ့ ...
20/06/2022

Kasemrad International ဆေးရုံကြီး မှာ Spine surgery ( ခါးရိုးခွဲစိတ်မှု) ပြုလုပ်သွားတဲ့ ဘားအံမြို့မှ ကိုခင်မောင်စိုးရဲ့ follow up လာတုန်းကအခြေအနေလေးဖြစ်ပါတယ်နော်...ဆေးရုံလာခဲ့တဲ့လူနာတိုင်း အဆင်ပြေပီးစိတ်တိုင်းကျခဲ့တဲ့ feedback လေးတွေ လက်ခံရရှိခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာကြည်နူးမိပါတယ်..ကျမတို့ဆေးရုံနဲ့ ချိတ်ဆက်ပီး ဆေးလာကုကြမဲ့ ဧည့်သည်တွေကို ပေးရတဲ့ပိုက်ဆံနဲ့တန်တဲ့ ဝန်ဆောင်မှုနဲ့ အတွေ့အကြုံအများကြီးရှိတဲ့ဝါရင့်သမားတော်ကြီးများရဲ့ကျွမ်းကျင်မှုတွေပေါင်းစပ်ပီးအကောင်းဆုံးကုသပေးနေတဲ့အကြောင်းသတင်းကောင်းပါးလိုက်ပါရစေရှင်😊

အသေးစိတ်ဆက်သွယ် မေးမြန်းလိုပါက📞
🇲🇲- 09769984141, 09791140047{Viber}
🇹🇭- 083-4926740 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Head Office- အမှတ်၅၈၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

ဒီနေ့မှာတော့...မိုးရာသီတွင်ဖြစ်လေ့ရှိသော ရောဂါများအကြောင်းနှင့် ကာကွယ်နည်းအချို့ကို စုဆောင်းပြီးပြန်လည်မျှဝေပေးသွားမှာဖြ...
06/06/2022

ဒီနေ့မှာတော့...
မိုးရာသီတွင်ဖြစ်လေ့ရှိသော ရောဂါများအကြောင်းနှင့် ကာကွယ်နည်းအချို့ကို စုဆောင်းပြီးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်💜

"ဤရောဂါများသည် ရင်းနှီးပြီးသားဖြစ်သော်လဲ ပေါ့ဆ၍မနေသင့်ကြောင်း ဦးစွာပြောချင်ပါတယ်"

မိုးရာသီတွင် ကိုယ်ခံအားနည်းသောသူများသည် အကြောင်းအမျိုးမျိုးကြောင့် ဖျားနာတတ်ပါသည်။ တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောခြင်း နှင့် နှာစေး၊ ချောင်းဆိုး၊ အအေးပတ်အဆုတ်ရောင်ရောဂါများ ခံစားရတတ်ပါသည်။ မိုးရာသီတွင် ရေကြီးတတ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းကြောင့် ရေမှတစ်ဆင့် ကူးစက်သောရောဂါများလဲ ဖြစ်ပေါ် နိုင်ပါသည်။ အခုကာလမှာဆိုရင် COVID-19 ကိုပါ ထည့်သွင်းပူပန်ရမှာပါ။

🔸၁။ ဖျားနာခြင်း

မိုးရာသီ၌ ကိုယ်ခံစွမ်းအားကျနေသောသူများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖျားနာတတ်ပါသည်။ ထို့ကြောင့် မိုးရာသီတွင် ကိုယ်ခံစွမ်းအားမြင့်တက်အောင် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာ များကိုစားခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ သင့်တော်သော ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ရာသီဥတုနှင့်အညီ နွေးထွေးစွာနေထိုင်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။ ဖျားနာပါက ပေါ့ပေါ့ဆဆမနေပဲ ဆေးရုံ၊ ဆေးခန်းသို့ ပြသပြီး ကုသသင့်ပါသည်။

🔸၂။ ဝမ်းပျက်ဝမ်းလျှောခြင်း

မိုးရာသီတွင် ယင်နားစာများကို စားမိခြင်း၊ မသန့်ရှင်းသော ရေနှင့်ဆေးကြောထားသော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို စားသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်မှု မရှိသော အသားငါးများကို စားသုံးမိခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းခြင်း၊ လက်သန့်ရှင်းရေးကို ဂရုမစိုက်ခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်တတ်ပါသည်။ ထို့အပြင် ဝမ်းကိုက်ရောဂါ၊ အူရောင်ငမ်းဖျားရောဂါ နှင့် အစာအဆိပ်သင့်ခြင်းများလဲ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်စေရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို အလေးပေးဆောင်ရွက်ခြင်း၊ အမှည့်လွန်သော အသီးများမစားခြင်း၊ ရက်လွန်သော အသားဗူး၊ ငါးဗူး၊ ပဲဗူးများမစားခြင်း၊ သန့်ရှင်းလတ်ဆတ်မှု မရှိသော အသား၊ ငါး၊ ပုစွန်၊ အသီးအနှံများကို မသုံးစွဲခြင်း နှင့် ရေကျက်အေးသောက်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။

🔸၃။ တုပ်ကွေးရောဂါ

အခုလိုမိုးရာသီမှာ အများဆုံးဖြစ်လေ့ရှိတာကတော့ သွေးလွန်တုပ်ကွေးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးလက္ခဏာတွေကို ရောဂါပိုးသယ်ဆောင်လာသော ခြင်ကိုက်ခံရပြီး ၄ ရက်မှ ၆ ရက်အကြာတွင် စတင်ပြသလေ့ရှိပါတယ်။ တုပ်ကွေးရောဂါသည် ကူးစက်မြန်ပြီး ကပ်ရောဂါအသွင် ဖြစ်နိုင်ပါသည်။ လူစုလူဝေးများသောနေရာ ၊ လေထုညစ်ညမ်းသော နေရာများနှင့် အခိုးအငွေ့များသော ပတ်ဝန်းကျင်တွင် အဖြစ်များပါသည်။ မိသားစုတွင် တစ်ဦးဖြစ်ပါက တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် တစ်မိသားစုလုံးအား ကူးစက်နိုင်ပါသည်။ တုပ်ကွေးရောဂါကြောင့် ကြွက်သား နှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ လည်ချောင်း နာခြင်း၊ နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် ချောင်းဆိုး ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ အပေါ်၌ဖော်ပြထားသည့် ကူးစက်နိုင်သောနေရောများကို ရှောင်ကြဉ်ပြီး တုပ်ကွေးရောဂါကာကွယ်ဆေးကို ထိုးထားသင့်ပါသည်။ တုပ်ကွေးရောဂါ ခံစားရပါက ဆရာဝန်များနှင့်ပြသရပါမည်။

🔸၄။ ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါသည်လဲ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး ငှက်ဖျားရောဂါပိုးရှိတဲ့သူတွေမှာ ဖျားနာခြင်း၊ ချမ်းတုန်ခြင်း၊ တုပ်ကွေးမိသကဲ့သို့ ရောဂါလက္ခဏာများခံစားရခြင်းစတဲ့ လက္ခဏာတွေဖြစ်ပေါ်လေ့ရှိပြီး အချိန်မီကုသမှုမခံယူပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးတွေခံစားရပြီး အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိပါတယ်။

🔸၅။ နှာစေး၊ ချောင်းဆိုး၊ အအေးပတ်အဆုတ်ရောင်ရောဂါ

မိုးရာသီတွင် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အအေးပတ်ခြင်း ဝေဒနာများခံစားရနိုင်ပါသည်။ အဆုတ်ရောင်ပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ချောင်းဆိုးသောအခါနှင့် တံတွေးထွေးသောအခါ များတွင် အခြားသူများ အားမထိတွေ့စေရန် ဂရုစိုက်ရပါမည်။ ပါးစပ်ကိုအုပ်ပြီး ချောင်းဆိုးရပါမည်။ နှာခေါင်းကိုအုပ်ပြီး နှာချေရပါမည်။ နှာခေါင်းစည်းကို အသုံးပြုရပါမည်။ ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ပဋိဇီဝပိုးသတ်ဆေးများ သောက်ရပါမည်။ လည်ချောင်းနာခြင်းကို သက် သာစေရန် သွားနှင့်ခံတွင်း သန့်ရှင်းရေးကိုဂရုစိုက်ရပါမည်။

🔸၆။ အရေပြား မှိုစွဲခြင်း

ခန္ဓာကိုယ် အပေါ်ပိုင်းမှာ ဖြစ်တတ်တဲ့ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူတို့လိုပဲ ခြေထောက် မှာ ရေဝဲစား သဲဝဲစားတဲ့ မှိုစွဲတဲ့ပြဿနာတစ်မျိုးကလည်း မိုးတွင်းမှာ ပိုပြီးတော့ အဖြစ်များပါတယ်။ ပူနွေးပြီး စွတ်စိုတဲ့ ရာသီဥတုဟာ မှိုတွေ၊ ဘက်တီးရီးယားတွေကို ခန္ဓာကိုယ် ပြင်ပမှာ ပေါက်ဖွားဖို့ အခွင့်အလမ်းတွေ ပေးတတ်သလို လုံလောက်တဲ့ အနွေးဓါတ်နဲ့ စွတ်စိုမှုများကြောင့် ခြေချောင်းတွေကြားမှာ မှိုစွဲလာတတ်ပါတယ်။ ရေဝဲ သဲဝဲစားတဲ့ ပြဿနာဟာ ခြေချောင်းတွေကြားမှာ အနံဆိုးထွက်တာကနေ နာကျင်မှုတွေအထိ ဖြစ်စေတတ်ပါတယ်။

မိုးရာသီတွင်ဖြစ်ပေါ်တတ်သော အထက်ပါ ကျန်းမာရေးပြဿနာများကို ပေါ့ပေ့ါဆဆမနေသင့်ပါ။ ရောဂါပြဿနာများကို ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဂရုစိုက်ရပါမည်။ ရောဂါများမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်သည့် နည်းလမ်းများကို အပြည့်အဝလိုက်နာသင့်ကြောင်း အကြံပြုအပ်ပါသည်။💓

အသေးစိတ်ဆက်သွယ် မေးမြန်းလိုပါက📞
🇲🇲- 09769984141, 09791140047{Viber}
🇹🇭- 083-4926740 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Head Office- အမှတ်၅၈၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

04/06/2022

Kasemrad International hospital​၏ "GI and liver center" အသစ်ကို ဖွင့်လှစ်လိုက်ပါပြီရှင်💜

အသေးစိတ်ဆက်သွယ် မေးမြန်းလိုပါက📞
🇲🇲- 09769984141, 09791140047{Viber}
🇹🇭- 083-4926740 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Head Office- အမှတ်၅၈၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

စျေးနှုံးသက်သာတဲ့ package, ​နောက်ဆုံး​ပေါ်စက်ပစ္စည်းများ နည်းပညာများ နှင့်အတူ GI & Liver Center အသစ်ကို ယ​နေ့ Kasemrad I...
01/06/2022

စျေးနှုံးသက်သာတဲ့ package, ​နောက်ဆုံး​ပေါ်စက်ပစ္စည်းများ နည်းပညာများ နှင့်အတူ GI & Liver Center အသစ်ကို ယ​နေ့ Kasemrad International Hospital မှာဖွင့်လှစ်လိုက်ပါပြီရှင်💜
လာ​ရောက်စစ်​ဆေးလိုသူများဆက်သွယ်စုံစမ်း​မေးမြန်းနိုင်ပါတယ်​နော်👍
အသေးစိတ်ဆက်သွယ် မေးမြန်းလိုပါက📞
🇲🇲- 09769984141, 09791140047{Viber}
🇹🇭- 083-4926740 အား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Head Office- အမှတ်၅၈၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်။

Address

Lann Thit Road
Insein
11011

Alerts

Be the first to know and let us send you an email when Kasemrad Prachachuen Hospital, Head office,မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kasemrad Prachachuen Hospital, Head office,မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category