ဧကံ Health Care & Diagnostic Center

ဧကံ Health Care & Diagnostic Center GP Clinic & Pharma; Enhancing lives; serving you with compassion.

ဧကံနဲ့ဆို မိသားစု ကျန်းမာရေးအတွက် စိတ်ပူစရာမလိုလူကြီးမင်းတို့ရဲ့ ချစ်ခင်တန်ဖိုးထားရတဲ့ မိသားစုလေးအတွက် သတင်းကောင်းလေး တစ...
02/06/2023

ဧကံနဲ့ဆို မိသားစု ကျန်းမာရေးအတွက် စိတ်ပူစရာမလို

လူကြီးမင်းတို့ရဲ့ ချစ်ခင်တန်ဖိုးထားရတဲ့ မိသားစုလေး
အတွက် သတင်းကောင်းလေး တစ်ခုပေးပါရစေ။🙋

ဒါက တော့ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနဲ့ ကျန်းမာရေး စောင့်ရှောက်မှု အလွန်ကောင်းပြီး သူနာပြုများနဲ့ ဖွဲ့စည်းထားတဲ့

👩‍⚕️ဧကံ Health Care & Diagnostic Centre က လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုများ ပေးနေပြီ ဖြစ်ကြောင်းပါ။✨

ဧကံ Health Care Centre တွင်

✔ အထွေထွေရောဂါ ရှာဖွေ စစ်ဆေးခြင်း၊
✔ ရာသီအလိုက် ကာကွယ်ဆေး ထိုးနှံခြင်း ၊
✔အထူး ကုသမှုများ အပါအဝင် မှန်ကန်တိကျတဲ့ ဆေးအဖြေ များ
✔️မိသားစုဆရာဝန်အဖြစ်အိမ်ပင့်ကုသခြင်းများ
ကိုပါ ဝန်ဆောင်မှု ပေးနေတာဖြစ်လို့ ကျန်းမာရေးအတွက် အလွန် စိတ်ချရပါတယ်နော်🙏

ဒါတင်မကဘဲ လူနာတွေ စိတ်ချမ်းသာမှု ရရှိအောင် နွေးထွေး ပျူငှာစွာ ဆက်ဆံပေးလေ့ရှိအတွက် ရောဂါ တစ်ဝက် သက်သာစေမှာဖြစ်ပါတယ်။

မိုးဦးကျလာပြီ ဖြစ်တဲ့အတွက် ရာသီတုပ်ကွေး ကာကွယ်ဆေးများကိုလည်း Cold chain ထားတာ ဖြစ်လို့ ယုံကြည်စိတ်ချစွာ ထိုးနှံလို့ရပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။✨

ကျန်းမာ​ရေးအတွက်ဆို စိတ်ပူစရာမလို ဧကံ ရှိနေတာမလို့ အခုပဲ ဆက်သွယ်လိုက်ပါရှင့်။

အသေးစိတ် သိရှိလိုပါက
098833 49 498
09 8833 528 33သို့ ဟယ်လို လိုက်ပါနော်✨😘

#သွေးစစ်ခြင်း
#ဧကံ

သင့်ရဲ့ ကြီးမားတဲ့ အိပ်မက်များအတွက် ဒေါက်တိုင်တစ်ခု ဧကံ ..သင်က နိုင်ငံရပ်ခြား မှာ သွားရောက် အလုပ်လုပ်ချင်တဲ့သူလား?ဒါမှမဟ...
15/05/2023

သင့်ရဲ့ ကြီးမားတဲ့ အိပ်မက်များအတွက် ဒေါက်တိုင်တစ်ခု ဧကံ ..

သင်က နိုင်ငံရပ်ခြား မှာ သွားရောက် အလုပ်လုပ်ချင်တဲ့သူလား?ဒါမှမဟုတ် ပညာတော်သင် သွားရောက်ချင်တဲ့သူလား?

ဒါဆိုရင် လိုအပ်တဲ့ ဆေးစစ်ချက် ထောက်ခံစာ စတာတွေကို မှန်ကန် မြန်ဆန်တဲ့ result ရရှိဖို့ လိုအပ်တယ် ဟုတ် ?
ဒါဆိုရင်တော့ သင့်ရဲ့ အောင်မြင်မှုလမ်းကြောင်းအတွက် ကျွန်တော်တို့ ဧကံက ဒေါက်တိုင်တစ်ခုအဖြစ်စွမ်းဆောင်ပေးပါရစေ...
မိတ်ဆွေများအတွက် လုံးဝ တိကျတဲ့ ဆေးစစ်ချက် အဖြေကို ပေးနိုင်ပြီး 100% ယုံကြည်စိတ်ချရတဲ့ ဧကံ Heath Care & Diagnostic Center ရှိနေပါပြီနော်။👩‍⚕️✨

ဧကံ Heath Care & Diagnostic Cente မှ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် ဘယ်လို ဝန်ဆောင်မှုတွေ ရရှိနိုင်လဲ??

💊နောက်ဆုံးပေါ် အဆင့်မြင့် ခေတ်မှီဓါတ်ခွဲခန်း‌တွေ၊စမ်းသပ်ဆေးကိရိယာတွေနဲ့ စစ်ဆေးတာ ဖြစ်လို့ တိကျသေချာတဲ့ Result များကိုအမြန်ဆုံးထုတ်ပေးနိုင်ခြင်း..

💊ဆေး၀န်ထမ်းအားလုံးအနေနဲ့ အဆင့်မြှင့် training တွေဆင်းထားတဲ့အတွက် သင့်ရဲ့ကျန်းမာရေးကို သေချာဂရုစိုက်ပေးနိုင်ခြင်းအပြင်...

💊ရာသီအလိုက် ထိုးနှံနိုင်သော ကာကွယ်ဆေးများအသင့်ရှိခြင်း..

💊ရက်ချိန်းတိကျမှန်ကန်ခြင်းစတာတွေကြောင့်
သင့်လက်ထဲ တိကျတဲ့အဖြေများကို နှောင့်နှေးမှုမရှိ အပ်နှံနိုင်မှာဖြစ်ပါတယ်..

ကဲ..ဒါဆို သင့်ရဲ့အစီအစဉ်များအမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့ခုပဲ ဧကံမှာဆေးစစ်ချက်လာယူလိုက်တော့နော်..

နောက်ဆုံးပေါ် စစ်ဆေးမှု နည်းလမ်းများ၊ ဓာတ်ခွဲစမ်းသပ်မှုများအကြောင်း သိရှိလိုပါက

&_Diagnostic_ Center Page တွေမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အသေးစိတ် သိရှိလိုပါက
☎️098833 49 498
☎️09 8833 528 33 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

#သွေးစစ်ခြင်း
#ဧကံ

ဧကံမှာ ကာကွယ်ဆေး တွေ ထိုးနှံလို့ ရပြီဗျို့!📢ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တဲ့ ကုသမှုတွေကို ပြုလုပ်ပေးနေတဲ့ ဧကံ Hea...
10/05/2023

ဧကံမှာ ကာကွယ်ဆေး တွေ ထိုးနှံလို့ ရပြီဗျို့!📢

ကျန်းမာရေး စောင့်ရှောက်မှုတွေ လိုအပ်တဲ့ ကုသမှုတွေကို ပြုလုပ်ပေးနေတဲ့ ဧကံ Health Care & Diagnostic Centre မှာ ကာကွယ်ဆေး ထိုးနှံလို့ ရနေပြီနော်။👩‍⚕️👨‍🔬

ကိုယ်ပူချိန်မြင့်ပြီး ဖျားနာနေကြတဲ့ လူနာတွေနဲ့ ကိုဗစ်တွေကတော့ ပြန်ဖြစ်နေပြန်ပြီနော်။ ရောဂါအရမ်းမပြင်းထန်ဘူးဆိုပေမယ့် ကူးစက်မှုနှုန်းမြင့်မားလို့ မပေါ့ကြပါနဲ့နော်။
မဖြစ်ခင်က ကာကွယ်ဆိုသလို.. ကာကွယ်ဆေးမထိုး၊ ကိုယ်ခံအားမရထားတဲ့သူတွေမှာဆိုရင် အသက်သေဆုံးတဲ့အထိ ပြင်းထန်နိုင်လို့ ကာကွယ်ရေးနည်းလမ်းတွေ အပြည့်အဝ ပြန်လုပ်ဆောင်ကြဖို့ သတိပေးချင်ပါတယ်ရှင်။
သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးတွေကာကွယ်နိုင်ဖို့က ကာကွယ်ဆေး ထိုးနှံမှ ဖြစ်မှာပါနော်..
ကျွန်မတို့ ဧကံ Health Care & Diagnostics Centre
မှာ Covid 19 ကာကွယ်ဆေးကိုသာ မက တခြားရောဂါ ကာကွယ်ဆေးတွေကိုလဲ ထိုးနှံလို့ ရနေပါပြီ..

မိုးဦးရာသီမှာ ဖြစ်တတ်တဲ့ ရာသီတုပ်ကွေးကို ကာကွယ်ဖို့အတွက် လေးမျိုးစပ် ရာသီတုပ်ကွေး ရောဂါ Vaccine ကို Cold Chain ထားတာ ဖြစ်လို့ 100% ယုံကြည်စိတ်ချစွာ ထိုးနှံနိုင်ပါပြီနော်🙏✨

ဧကံ မှာ ရရှိနိုင်တဲ့ ကာကွယ်ဆေး အမျိုးအစားများကို ဖော်ပြပေးလိုက်ပါတယ်။

💉Covid ကာကွယ်‌ဆေး

Covishield
Covaxin
Moderna Spikevax
Pfizer

💉သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး

✅Gardasil 4
✅Gardasil 9

💉အသည်းရောင်အသားဝါ(B)ပိုးကာကွယ်ဆေး

✅Euvax B(Eurpoe)
✅Bevac(India) စတဲ့ ကာကွယ်ဆေးမျိုးစုံကို
ကြိုတင် ကာကွယ်ချင်လို့ပဲ ဖြစ်ဖြစ် နိုင်ငံခြား ခရီးစဥ်တွေ အတွက် လိုအပ်လို့ပဲ ဖြစ်ဖြစ် ​စိတ်ကြိုက် ရွေးချယ် ထိုးနှံလို့ ရပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အသေးစိတ် သိရှိလိုပါက
☎️098833 49 498
☎️09 8833 528 33သို့ ဟယ်လို လိုက်ပါနော်✨🩺💉

#သွေးစစ်ခြင်း
#ဧကံ


#


ိုးကာကွယ်ဆေး
#အသည်းရောင်အသားဝါBပိုးကာကွယ်ဆေး
#သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး


#ရာသီတုပ်ကွေးကာကွယ်ဆေး

ဒီနှစ်နွေရာသီမှာ သိသိသာသာ အပူချိန်တက်နေခဲ့တာနဲ့ ဒီ post လေးထပ် share ပါ့မယ် မကြာခင်မှာပဲ သစ်သီးတွေ လိုင်လိုင်ပေါတဲ့ ရာသီ...
09/05/2023

ဒီနှစ်နွေရာသီမှာ သိသိသာသာ အပူချိန်တက်နေခဲ့တာနဲ့ ဒီ post လေးထပ် share ပါ့မယ်

မကြာခင်မှာပဲ သစ်သီးတွေ လိုင်လိုင်ပေါတဲ့ ရာသီကိုရောက်တော့မှာပါ…
ဥပမာ သရက်သီး ဒူးရင်းသီး ကနစိုသီး ကြက်မောက်သီး မင်းကွပ်သီး ပိန္နဲသီး အစရှိသဖြင့်ပေါ့….

ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့…
အဲဒီအသီးတွေကို စားပြီးတဲ့အခါ သစ်စေ့လေးတွေကို အမိုက်တွေနဲ့အတူ လွင့်မပစ်ကြပါနဲ့ခင်ဗျာ..

အဲဒီအစ့လေးတွေကို ရေပြောင်အောင်ဆေးပြီး အခြောက်ခံပေးထားပါ.. ကောင်းစွာ ခြောက်သွေ့သွားတဲ့အချိန် သတင်းစာ စက္ကူလေးနဲ့ ထုပ်ပြီး မိတ်ဆွေတို့ရဲ့ ကားထဲမှာ သိမ်းထားပေးပါခင်ဗျ….

ခရီးသွားရင်းနဲ့ပဲ ဖြစ်ဖြစ် မြို့အပြင်ရောက်တဲ့အခါမှာ ဖြစ်ဖြစ်…. ကျေးလက်လမ်းတွေမှာပဲဖြစ်ဖြစ်… ကားလမ်းဘေးက မြေကွက်လပ်တွေမှာပဲဖြစ်ဖြစ်…. အဲဒီနေရာတွေကို ရောက်တဲ့အခါမှာ… သင်သိမ်းထားတဲ့ သစ်စေ့လေးတွေကို လွင့်ပစ်ပေးပါ….

အဲဒီစေ့လေးတွေဟာ မိုးရာသီရောက်တဲ့ခါမှာ အလွယ်တကူ ရှင်သန်လာနိုင်ပါတယ်…

မိတ်ဆွေ အနေနဲ့ နှစ်စဉ်မိုးရာသီတိုင်းမှာ ဒီနည်းသုံးပြီး အပင်လေးတွေ စိုက်ပျိုးပေးမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးစိမ်းလန်းလာရေး ရည်မှန်းချက်ဟာ အောင်မြင်လာမှာပါ…

ထိုင်းအစိုးရကတော့ ဒီနည်းနဲ့ အပင်တွေစိုက်ပျိုးကြဖို့ သူတို့နိုင်ငံသားတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လှုံ့ဆော်နေခဲ့တာပါ…

ထိုင်းနိုင်ငံရဲ့ ခရိုင်အရာရှိတွေဟာ သူတို့ဒေသတွေမှာ ဒီနည်းကို စိတ်အားထက်သန်သန်ပဲ ဟောပြောစည်းရုံးခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင်တွေက ( မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ဆက်စပ်နေတဲ့ ဒေသ ) တောတွေမှာ ဒီနည်းနဲ့ သစ်သီးပင်တွေဟာ တိုးပွားလို့လာနေပါတယ်…

ရိုးရှင်းပြီး ထိရောက်စေမဲ့ ဒီနည်းလမ်းလေးကို အသုံးပြီး ကျွန်တော်တို့ အနာဂတ် မျိုးဆက်တွေအတွက် သစ်ပင်တွေ အလျှံပယ် ထားခဲ့ကြရအောင်လားဗျာ….

ကျေးဇူးပြုပြီး မျှဝေပေးကြပါနော်…

Dear Penro Tarlac Page က ရေးထားတာလေးကို ဆီလျှော်အာင် ဘာသာပြန်ပေးထားတာပါ…

#ဧကံ

Credit to original post uploader
❤❤❤❤❤❤❤❤❤❤❤

မြန်မာအမျိုးသမီးကလေးတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို နှစ်စဉ်ဆေးစစ်ခြင်းတွေနည်းတူနောက်အလေးထားရမှာ တစ်ခုရှိနေပါသေးတယ်။ ကူးစက်...
06/05/2023

မြန်မာအမျိုးသမီးကလေးတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကို နှစ်စဉ်ဆေးစစ်ခြင်းတွေနည်းတူနောက်အလေးထားရမှာ တစ်ခုရှိနေပါသေးတယ်။ ကူးစက်ရောဂါဆိုးတွေကလဲ ရှိနေပြန်ပါတယ်။ ကိုဗစ်ကာလနှောင်းပိုင်းမှာ ဒီလိုရောဂါများဘေးရန်ကနေ ကင်းဝေးချင်တယ်ဆိုရင် ထိုးနှံထားသင့်တဲ့ ကာကွယ်ဆေးလေးတွေကလဲ အသင့်ရှိပါတယ်။ ဒါတွေက ဘာတွေများလဲဆိုတာကို အောက်ကပုံလေးထဲမှာ ကြည့်လိုက်ပါနော်။
နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ဓာတ်ခွဲစမ်းသပ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက &_Diagnostic_ Center Page တွေမှာဆက်သွယ်မေးမြန်းနိုင်ပါတယ်။

#ဧကံ

သွေးပျစ်ခြင်း သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေး...
04/05/2023

သွေးပျစ်ခြင်း

သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။

🩸သွေးပျစ်တဲ့အခါ အခြားဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?

အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…

* အမြင်အာရုံဝေဝါးခြင်း

* မူးဝေခြင်း

* သွေးခြေဥလွယ်ခြင်း

* ရာသီသွေးအဆင်းများခြင်း

* ခေါင်းကိုက်ခြင်း

* သွေးပေါင်ချိန်တက်ခြင်း

* အရေပြားယားယံခြင်း

* အားအင်မရှိ နုံးချိခြင်း

* အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။

အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ်။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_

၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။
၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။
၃။ ကြွက်သားကို သန်မာစေတယ်။
၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။
၅။ စွမ်းအင် တိုးပွားစေတယ်။
၆။ ဝိတ်ကျစေတယ်။
၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။
၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။
- ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

Credit
ပြန်လည်မျှဝေပါသည်။

#ဧကံ

03/05/2023

ကဆုန်လပြည့်နေ့တွင်
မိဘပြည်သူ အားလုံး
ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ
#ဧကံ

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

#ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။


~~~~~~~~~~~~~~~~~~

⚒️ မေဒေး ဆိုတာ 🛠️  ✍️ မှူး- သပြေရေးသည်။  🖌️ ဗဂျီအောင်စိုး သရုပ်ဖော်သည်။       #ဧကံ
01/05/2023

⚒️ မေဒေး ဆိုတာ 🛠️

✍️ မှူး- သပြေရေးသည်။
🖌️ ဗဂျီအောင်စိုး သရုပ်ဖော်သည်။


#ဧကံ

ဧကံ နဲ့ သွေးစစ်ခြင်း အကြောင်း တစေ့တစောင်း 🩸ကျွန်မတို့ ခန္ဓာကိုယ်တွေဟာ Cell တွေနဲ့ ဖွဲ့စည်းထားသလို Blood Tissue တွေလည်း အ...
23/04/2023

ဧကံ နဲ့ သွေးစစ်ခြင်း အကြောင်း တစေ့တစောင်း 🩸

ကျွန်မတို့ ခန္ဓာကိုယ်တွေဟာ Cell တွေနဲ့ ဖွဲ့စည်းထားသလို Blood Tissue တွေလည်း အများကြီး ပါဝင်ပါတယ်။

Blood Tissue ကို အခြေ ခံအားဖြင့် နှစ်မျိုးခွဲထားပြီး သွေးဖြူဥ များတာ သွေးနီဥ များတာ စသဖြင့် သိရှိနိုင်ပါတယ်။

ကျန်းမာနေတဲ့ လူတစ်ယောက်မှာဆိုရင် သွေးနီဥ တွေက သန်မာနေပြီး ကောင်းကောင်း အသက်ရှင်သန်ဖို့ တွန်းအားပေးနေပါတယ်။
သွေးဖြူဥ များလာပြီဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ခေါင်းတွေမူးပြီး အန်ချင်လာတာ အစားစားချင်စိတ်ပျောက်ပြီး နုံးချည့်နေတာ။ဒါမျိုး တွေ ခံစားနေရပြီဆိုရင် Medical Check Up လေး လုပ်ဖို့ အကြံပေးပါရစေရှင့်❤

ဖြစ်နိုင်ရင် ကျွန်မတို့တွေဟာ လစဥ် မှန်မှန်လေး Medical Check Up လုပ်ပေးသင့်ပါတယ်။
ငွေတွေပဲ ရှာပြီး ကျန်းမာရေးကို လျစ်လျူရှုထားခြင်းက အရမ်းကိုအန္တရာယ်များလှပါတယ်။

ဒါကြောင့်မလို့ ကျန်းမာရေးကို လျစ်လျူရှုမထားဘဲ သေချာလေး ဂရုစိုက်သင့်ပါတယ်။ဒီလိုမျိုး ကျန်းမာရေးကို ဂရုစိုက်ခြင်းက သင့်စီးပွားရေးကို ရင်းနှီးမြှုပ်နှံတာနဲ့ညအတူတူပါပဲ။ဒီလိုမျိုး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ချင်ရင်
ကျွန်မတို့ ဧကံ Health Care & Diagnostic Centre ကို လှမ်းလာခဲ့ဖို့ အကြံပြုပါရစေရှင့်။

ကျွန်မတို့ ဧကံ Health Care & Diagnostic Centre က ခုနှစ်ရက်သားသမီးများအားလုံး ကျန်းမာ ရွှင်လန်းစေရန် အဓိက ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။

Centre တွင်လည်း ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနဲ့အတူ ရောဂါ ဇစ်မြစ်ကို သေချာ သိရှိအောင် ဖော်ထုတ်ပြီး ပျောက်ကင်းအောင် ကုသပေးနေတာ ဖြစ်ပါတယ်။

ကျွန်မတို့ Centre တွင်ရရှိနိုင်တဲ့ ဝန်ဆောင်မှုများကိုလည်း အသေးစိတ် အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။

ဆေးစစ်ရာတွင် အဓိက အခရာကျတာ သွေးစစ်ခြင်းဖြစ်လို့ သွေးစစ်ခြင်းနဲ့ ပတ်သက်ပြီး
သိသင့်တာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်👇👇

✅ CP (Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုပါ။
✅ Creatinine ကတော့ ဆီးချိုရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ (Urea) လည်း တူပါတယ်။
✅ Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေအတွက် စစ်ဆေးတာပါ။
✅ HBA1c ကတော့ လွန်ခဲ့တဲ့ ၃ လအတွင်း ဆီးချို ရောဂါကို ထိန်းချုပ်နိုင်စွမ်း ရှိ မရှိ သိရှိနိုင်တဲ့ စစ်ဆေး
မှုပါ။
✅ Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုပါ။
✅ FBS Fasting Blood Sugar) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေး
မှုပါ။
✅ HbsAg ကတော့ အသားရောင်အသားဝါ B ပိုးစစ်တာပါ။
✅ Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ။
✅ AFP က အသည်းကင်ဆာ စစ်တာပါ။
✅ Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ (ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကို ကြည့်ပြီး နှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်) စစ်ဆေးတာပါ။
✅ VDRL ကတော့ Syphilis အတွက် စစ်ဆေးတာပါ။
✅ ECG ကတော့ နှလုံးစစ်ဆေးတာ နှလုံးကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာပါ။
✅ EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာပါ။
✅ Urine test ကတော့ ဆီးစစ်ဆေးတာပါ။ (ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန် မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ)
✅ Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာပါ။(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ)
✅ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကို စစ်တာပါ။ (အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှုများ)
✅ BUN ကတော့ ကျောက်ကပ် စစ်တာပါ။
✅ Cholesterol ကတော့ သွေးထဲရှိ ကိုလက်စထရောစစ်တာပါ။
✅ HDL Cholesterol ကတော့ သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ်ကို စစ်တာပါ။
✅ LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို စစ်တာပါ။
✅ Haemogram ကတော့ (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)ပါ။
✅ HBs Antigen ,HCV Antibody ကတော့ အသည်းရောင်အသားဝါ ဘီပိုး စီပိုး ရှိ မရှိ စစ်တာပါ။
✅ Anti HBS ကတော့ B ပိုး ကိုယ်ခံအားစစ်တာပါ။
✅ Anti HCV ကတော့ C ပိုး စစ်တာပါ။✅ X - ray ကတော့ ဓာတ်မှန်ရိုက်တာပါ။ (ရင်ဘတ်ဓာတ်မှန်နဲ့ အရိုး ကျိုး အက် စတာတွေအတွက် စစ်တာ)
✅ (Chest X-ray) ကတော့ ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါ ရှိ မရှိ စစ်ဆေးတာပါ။
✅ USG (Ultrasound) ကတော့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း
စသည့် ၀မ်းတွင်းအင်္ဂါများ ရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင်များအတွက် စစ်ဆေးတာပါ။
✅ Thyroid Function Test ကတော့ လည်ပင်းကြီးဟော်မုန်းစစ်တာပါ။
✅ T3,T4,TSH ကတော့ သိုင်းရွိုက် ဟော်မုန်းစစ်တာပါ။
✅ Vitamin D (Total) ကတော့ အရိုးပွရောဂါအတွက်စစ်တာပါ။
✅ Uric acid (Gout) ကတော့ အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာပါ။
✅ RA ကတော့ သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာပါ။
✅ ESR -ကတော့ သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ (သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် ) အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာပါ။
✅ PSA/CA 125/CA 153 ကတော့ ကင်ဆာဖြစ်နိုင်ခြေရှိ မရှိ စစ်ဆေးတာပါ။
✅ PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာပါ။
✅ CEAကတော့ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာပါ။
✅ Digital Mammogram ကတော့ ရင်သားဓာတ်မှန် ရိုက်တာပါ။
✅ CRP က သွေးကြောရောင်ကိုင်းတာကို စစ်တာပါ။

လူကြီးမင်းတို့ရဲ့ သာယာပျော်ရွှင်ဖွယ်နေ့ရက်တိုင်းကို ဖန်တီးနိုင်ဖို့က ကျန်းမာရေး ကောင်းနေမှ ဖြစ်တာမလို့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာပဲလိုလို ဧကံကိုသာ အရောက်လာလိုက်ပါ။🙏❤

အသေးစိတ် သိရှိလိုပါက
09- 883352844သို့ ဟယ်လို လိုက်ပါနော်✨😘

#သွေးစစ်ခြင်း
#ဧကံ

❛⁠ ခုတ်မောင်းခဲ့တဲ့ သက္ကရာဇ်များစွာမှာ  ရာသီပန်းတွေ ဝေကြ ကြွေကြ  တို့ချစ်ခြင်းတွေ ကွေကွင်းကြရ  တို့အရိပ်တွေ အရောင်မဲ့ကြ ...
19/04/2023

❛⁠ ခုတ်မောင်းခဲ့တဲ့ သက္ကရာဇ်များစွာမှာ
ရာသီပန်းတွေ ဝေကြ ကြွေကြ
တို့ချစ်ခြင်းတွေ ကွေကွင်းကြရ
တို့အရိပ်တွေ အရောင်မဲ့ကြ
လျှပ်တစ်ပြက် ရိုက်ချက်မှာ
ပိတောက်နဲ့ ငါ
တစ်မြို့ တစ်ရွာစီ ဝေးကွာကြရပေါ့ ။

•(ပိုင်စိုးဝေ)

Photo Credit - VK STUDIO
& geniusbookhouse
#ဧကံ
#ပိတောက်

🔥🔥🔥အပူချိန်အရမ်းမြင့်တက်နေပါတယ်။ဒီနေ့ အပူချိန်ဟာ ၄၃ C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇C အထိ ရောက်နိုင်ပါတယ်။🔥🔥...
19/04/2023

🔥🔥🔥အပူချိန်အရမ်းမြင့်တက်နေပါတယ်။
ဒီနေ့ အပူချိန်ဟာ ၄၃ C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇C အထိ ရောက်နိုင်ပါတယ်။

🔥🔥🔥အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင် ယခင်က ၁C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။အပူချိန် ၁C တက်လာတိုင်းပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

🔥🔥🔥အထူးသတိထားကြပါ။
မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။ အခု အပူချိန် ၂C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။ ဒီအခြေအနေဟာ တော်သေးတယ်လို့ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

💦💦ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။အအေးစာတွေက အပူစုပ်နိုင်ပေမယ့်အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

💦💦အရေးကြီးတာကနေပူထဲမှာနံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်းသွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်းရှောင်ကြဉ်ကြပါ။ချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

💦💦အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ ရှောင်ပါ။ဆားနှင့် ရေသောက်ခြင်းကိုလည်းမပြုလုပ်ကြပါနဲ့။

💦💦အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့် ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။ အဲယားကွန်းခန်းအတွင်းအဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

💦💦အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါကခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်။အဲကွန်းခန်းထဲ ကြာရှည်နေရသူများအပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီးမူးဝေတတ်ပါတယ်။

🚰🚰ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။
ချွေးထွက်လွန်သူမှ လွဲ၍ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။ဟင်းကျန်များ နွေးရာတွင်ရေဖြည့်ထည့်၍ နွေးပါ။လက်သုပ်များ လျော့စားပါ။

မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။


#ဧကံ

Address

22(A), Thiri Mingalar (Japan) Street, Insein Township, Yangon
Insein
11011

Opening Hours

Monday 16:00 - 22:00
Tuesday 16:00 - 22:00
Wednesday 16:00 - 22:00
Thursday 16:00 - 22:00
Friday 16:00 - 22:00
Saturday 16:00 - 22:00
Sunday 16:00 - 22:00

Website

Alerts

Be the first to know and let us send you an email when ဧကံ Health Care & Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share