Aye Thukha Health Care

Aye Thukha Health Care ကျန်းမာကြပါစေ

အသက် ၁၃နှစ်အောက် ကလေးများကို ဖျားလျှင် အသားဆေးထိုးခြင်းမပြုလုပ်သင့်ပါ။ ရေပတ်တိုက်ခြင်း၊ ပါရာစီတမောဆေးကို စနစ်တကျ တိုက်ခြ...
22/08/2023

အသက် ၁၃နှစ်အောက် ကလေးများကို ဖျားလျှင် အသားဆေးထိုးခြင်းမပြုလုပ်သင့်ပါ။ ရေပတ်တိုက်ခြင်း၊ ပါရာစီတမောဆေးကို စနစ်တကျ တိုက်ခြင်း၊ ပါရာစီတမောဂြိုလ်တု ထည့်ခြင်း စတာတွေကိုသာ ပြုလုပ်သင့်ပါတယ်။

“အန္တရာယ်အလွန်ကြီးတဲ့ ကလေးတင်ပါးကိုဆေးထိုးကုသခြင်း"

ကလေးငယ်များဟာ လူကြီးများထက်ကိုယ်ခံအားနည်းကြတဲ့အတွက် ရာသီအကူးအပြောင်းကာလတွေမှာ ဖျားနာခြင်းဖြစ်လွယ်ပါတယ်။ ဒီအခါမှာ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ ပြသပြီးကုသတဲ့အခါ ရေပတ်တိုက်ခြင်း၊ သောက်ဆေး၊ ဂြိုလ်တုတောင့် အစရှိသည်တို့နဲ့သက်သာအောင်ကုသပြီးပျောက်ကင်းသွားတဲ့ ကလေးငယ်တွေရှိသလိုပဲ အချို့သော ကျန်းမာရေးကုသသူတွေဟာ ကလေးငယ်ကိုဆေးထိုးပြီးကုသတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တစ်ဘဝစာအတွက် အလွန်အန္တရာယ်များတဲ့ကုသနည်းဖြစ်ပါတယ်။

အသက် ၁၃နှစ်အောက်အရွယ်များကို ကလေးဘဝလို့သတ်မှတ်ပြီး ၁၃နှစ်ကျော်ရင်တော့ ဆယ်ကျော်သက်ထဲကို ကူးပြောင်းဝင်လာပြီလို့အကြမ်းဖျင်းသတ်မှတ်ပါတယ်။ ကလေးငယ်များဟာ ဖျားနာပြီဆိုရင် လူကြီးများကိုတိုက်တဲ့ ဒိုင်ကလိုဖင်းနက် (Diclofenac)၊ မီဖန်းနမစ်အက်စစ်(Mefenamic Acid)၊ အက်စပရင်(Aspirin)တို့လို အကိုက်အခဲနဲ့ဖျားပျောက်ဆေးများကိုပေးလို့မရပါဘူး။ ပါရာစီတမောနဲ့ အိုင်ဗျူပရိုဖန် ( Paracetamol, Ibuprofen)လိုမျိုး အဖျားကျဆေးများကိုသာ စိတ်ချလက်ချပေးလို့ရပါတယ်။ ဒီအတွက် တင်ပါးထိုးဆေးများဖြစ်တဲ့ ဒိုင်ကလိုဖင်းနက်ပါဝင်တဲ့ အဖျားကျဆေးကိုထိုးတာဟာ စနစ်မကျတဲ့အပြင် အန္တရာယ်ရှိစေသော ကုထုံးတစ်ခုကိုရွေးချယ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့တင်ပါးဟာသေးငယ်ပြီး လူကြီးတင်ပါးလို အသွေးအသား၊ အာရုံကြောများရဲ့နေရာကို အတိအကျမှန်းဆရခက်ခဲပါတယ်။ ဒါ့ကြောင့် တင်ပါးကိုအသားဆေးထိုးတဲ့အခါ အခန့်မသင့်ဘဲ ခန္ဓာကိုယ်အောက်ပိုင်းအာရုံကြောမကြီးအပေါ်ကိုထိုးမိတဲ့အခါ ခြေထောက်ထုံကျင်ခြင်း၊ အလွန်အမင်းနာကျင်ခြင်း ဒီ့ထက်ဆိုးလာတဲ့အခါ ခြေထောက်တစ်ဖက်သိမ်သွားခြင်း၊ နာကျင်ခြင်းကိုတစ်သက်တာခံစားရခြင်း၊ ခြေတစ်ဖက်မသန်မစွမ်းဖြစ်သွားခြင်းတို့ကို ခံစားရပြီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်သွားရနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံတကာမှာ ကလေးများကိုတတ်နိုင်သမျှ တင်ပါးဆေးမထိုးဖို့တားမြစ်ထားပြီး ကလေးများကို တင်ပါးဆေး လုံးဝ(လုံးဝ) မထိုးရန် ပြဌာန်းထားပါတယ်။

အထူးသဖြင့် သွေးလွန်တုပ်ကွေး လိုမျိုး သွေးထွက်လွန်တတ်တဲ့ရောဂါမျိုးမှာ - သွေးတိတ်စေဖို့အရေးကြီးတဲ့သွေးဥမွှားလေးတွေ နည်းနေချိန် အသားဆေးထိုးလိုက်မိရင် အဲဒီနေရာမှာသွေးထွက်လွန်ပြီး သွေးခဲဖြစ်ကာ အရေးပေါ်ကုသရနိုင်ပါတယ်။ သွေးလွန်တုပ်ကွေးဆိုတာ စစချင်းမှာ ရိုးရိုးတုပ်ကွေးလိုဖျားပြီးဆေးခန်းရောက်လာတာပါပဲ။ ဒါကြောင့် ဘာကြောင့်ဖျားဖျား တင်ပါးဆေးမထိုးရပါဘူး။

ရေပတ်တိုက်ခြင်း၊ ဆေးတိုက်ခြင်းနှင့် ဂြိုလ်တုတောင့်ထည့်ခြင်းတို့ဟာ အချိုးအစားမှန်ကန်မယ်ဆိုရင် ကလေးငယ်အတွက် စိတ်ချရပြီး တော်ယုံဖျားနာခြင်းမှာ အချိန်တစ်ခုစောင့်ဆိုင်းပြီးရင် အဖျားလည်းသက်သာစေပါတယ်။

ကလေးအထူးကုနဲ့ပြဖူးတဲ့မိဘတိုင်း သတိထားမိမယ်ထင်ပါတယ်။ ဘယ်ကလေးအထူးကု ကမှ တင်ပါးကိုဆေးမထိုးတာကို သတိထားမိကြမှာပါ။

တစ်ခုပြောလိုတာကတော့ ပေါင် နဲ့ လက်မောင်းကို ထိုးရတဲ့ ကာကွယ်ဆေးတွေကိုတော့ စိတ်ချလက်ချထိုးနှံနိုင်သလို ထိုးကိုထိုးသင့်ပါတယ်။ ဒါကို တင်ပါးဆေးထိုးခြင်းနဲ့ မရောစေချင်ပါဘူး။ တင်ပါးဆေးထိုးခြင်းကတော့ ကလေးဆရာဝန်များပင် ဆေးထိုးဖို့တားမြစ်ထားပြီး အန္တရာယ်အလွန်ကြီးတဲ့အတွက် ကလေးငယ်ကိုဆေးထိုးဖို့ပြောလာရင်တောင် မိဘများအနေနဲ့ ကလေးရဲ့ရှေ့ရေးကို စဉ်းစားပြီး လုံးဝငြင်းဆန်ပစ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ကိုယ့်ကလေးတော့ ထိုးခဲ့တာပဲ ခုထိဘာမှမဖြစ်ပါဘူးကွာ၊ ငါငယ်ငယ်ကထိုးဖူးတယ် ဘာမှမဖြစ်ပါဘူး ဒီလိုပြောလာရင်တော့ " မဖြစ်လိုက်တာ" နဲ့ "မဖြစ်နိုင်တာ" အဓိပ္ပါယ်မတူဘူးလို့ပြောပါရစေ။ မြွေပေါက်ရင် သေတတ်တယ်လို့ပြောတာကို ငါမြွေပေါက်ခံရဖူးတယ် အခု ဘာမှမဖြစ်ဘူးလို့ပြောတာနဲ့အတူတူပါပဲ။ မဖြစ်ရင်ဘာမှမဖြစ်ပေမယ့် တစ်ချက်မှားရင် တစ်ဘဝစာပါ။

ဒီအကြောင်းအရာကိုလည်း အခြားအခြားသော ကလေးမိဘများသိရှိအောင် ဝေမျှပေးခြင်းအားဖြင့် ကူညီပေးကြပါလို့ စာဖတ်သူများကို တိုက်တွန်းအပ်ပါတယ်။

မေတ္တာဖြင့်
Dr. စိုင်းမြတ်သူ

သွေးတိုးရောဂါ🎈ဆရာ ကျွန်နော် သွေးတိုးရောဂါ ရှိနေပြီလား အခုသွေးပေါင်ချိန်က အပေါ် ၁၅၀ အောက် ၉၀ (၁၅၀/၉၀)             သွေးပေါ...
18/05/2023

သွေးတိုးရောဂါ

🎈ဆရာ ကျွန်နော် သွေးတိုးရောဂါ ရှိနေပြီလား အခုသွေးပေါင်ချိန်က အပေါ် ၁၅၀ အောက် ၉၀ (၁၅၀/၉၀)

သွေးပေါင်ချိန် အပေါ် ၁၄၀ နဲ့ အောက် ၉၀ (၁၄၀/၉၀) အထက်ရှိပြီဆိုရင် သွေးတိုးရောဂါရှိပြီလို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ တကြိမ် တခါတည်း ဆေးရုံ ဆေးခန်း မှာတိုင်းပြီး သွေးပေါင်တက်ရုံနဲ့တော့ သွေးတိုးရှိပြီလို့ ဆုံးဖြတ်လို့ မရပါဖူး။ တချို့က ဆေးခန်းရောက်တဲ့အချိန် စိုးရိမ်တာ ကြောက်တာနဲ့ သွေးပေါင်ချိန် ခဏတက် တတ်တယ် ကျွန်နော်တို့က white coat hypertension လို့ခေါ်ပါတယ်။ ရောဂါမရှိတဲ့အတွက် ကုဖို့ မလို့ပါ။ တချို့က ဆေးရုံ ဆေးခန်းလာရင် သွေးပေါင်ချိန်ရင် အကောင်း ပုံမှန်အတိုင်း ဒါပေမဲ့ အိမ်မှာ အလုပ်မှာ တက်နေတတ်တယ် masked hypertension လို့ဆိုပါတယ်။ ဒီအုပ်စုက သွေးတိုးရောဂါရှိပြီး ထိရောက်တဲ့ ကုသမူ့ မရတဲ့အတွက် အန္တရာယ် ပိုကြီးပါတယ်။ ဒါကြောင့်မို့ သွေးပေါင်တိုင်းတဲ့စက် ဒီဂျင်တယ် စက်ဖြစ်ဖြစ် ပြဒါးနဲ့ စက်ဖြစ်ဖြစ် အိမ်မှာ ရုံးမှာ ဆောင်ထားပြီး စစ်ဆေးသင့်ပါတယ်။ သွေးပေါင် ဘယ်အချိန်တိုင်းတိုင်း ပုံမှန်ထက်တက်နေပြီဆိုရင် သွေးတိုးရောဂါ ခံစားနေရပြီလို့ သတ်မှတ်နိုင်ပါပြီ။

🎈 သွေးတိုးကို ကုသမူ့ မယူရင် ဘာဖြစ်မလဲ

လေဖြန်း လေဖြတ်နိုင်ခြေ ၇၀% နှလုံးအားနည်းနိုင်ခြေ ၅၀ % နလုံးသွေးကြောပိတ် ၂၅ % ကျောက်ကပ်အားနည်း ၂၀% ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မှတ်ဉာဏ်လျော့နည်းတာ လိင်စိတ် လျော့နည်းတာ စသည့် ထိခိုက်မူ့များဖြစ်နိုင်ပါသည်။ သေသေချာချာ ကုသမူ့ ခံယူရင် အပေါ်သွေးပေါင်ချိန် နဂိုအောက် ၁၀ ကျတိုင်း လေဖြတ်နိုင်ခြေ ၃၈% သွေးကြောပိတ်နိုင်ခြေ ၁၈% သက်သာမယ်လို့ ဆိုပါတယ်။

🎈ဘယ်လို့လက္ခဏာပြမလဲ

ခေါင်းမူး ခေါင်းကိုက် နှုံးတာ စိတ်ရှုတ်ထွေးတာ မောတာ အသက်ရှု့မဝတာတွေ ဖြစ်နိုင်ပါတယ်။ တချို့လဲ သွေးပေါင်ချိန် ၂၀၀ ဝန်းကျင် ရှိတာတောင် ဘာလက္ခဏာမှ မပြတာလဲရှိပါတယ်။

🎈 သွေးတိုးကို ဘယ်အချိန် စဆေးသောက်ကုရမလဲ

ပုံမှန်သွေးပေါင်ချိန်ကို အပေါ် ၁၂၀နဲ့ အောက် ၈၀ သတ်မှတ်ထားပါတယ်။အမေရိကန်တွေကတော့ သွေးပေါင်ချိန် ၁၃၀/၈၀ နဲ့ အထက် ရောက်ရင် အဆင့် ၁ သွေးတိုးလို့ သတ်မှတ်ပါပြီ သွေးပေါင်ချိန် ၁၄၀/၉၀ ကျော်ရင် အဆင့် ၂ သွေးတိုးလို့ သတ်မှတ်ပြီး စတင်ဆေးကုသမူ့ ခံယူရပါမယ်။

ဥရောပကတော့ ၁၄၀/၉၀ အထက်ကိုပဲ သွေးတိုးရှိပြီ ကုသဖို့လိုပြီလို့ သတ်မှတ် ကြပါတယ်။ တချို့သူတွေက သွေးပေါင်ချိန် အပေါ် ၁၃၀ နဲ့ ၁၄၀ ကြားရှိနေတယ်။ ကုသမူု့ခံယူဖို့လိုလားဆိုတော့ သူတို့မှာ တခြား ဘာရောဂါမှ တွဲမနေဘူး ဆီးချို အဆီများတာ ဆေးလိပ်သောက်တာ အစရှိတာတွေ မရှိရင်တော့ ကုသဖို့ မလိုပါဖူး ဒါပေမဲ့ CVD risk factors လို့ခေါ်တဲ့ ဆီးချိုရှိတာ အဆီများတာ ယူရစ် အက်ဆစ်များတာ ဆေးလိပ် အရက်သောက်တာ ကျောက်ကပ်မကောင်းတာ လေဖြတ်ဖူးတာ နှလုံးသွေးကြောပိတ်ဖူးတာအစရှိတဲ့ အချက်တွေ များများ ရှိနေရင်တော့ သွေးပေါင်ချိန် အပေါ် ၁၃၀ ကျော်တာနဲ့ ကုသမူ့ ခံယူသင့်ပါပြီ။

🎈 သွေးတိုးရှိရင် ဘာတွေရှောင်ဖို့လိုပြီလဲ

DASH လို့ခေါ်တဲ့ နေ့စဉ်စားသောက်တဲ့ပုံစံ လေ့ကျင့်ခန်း နေထိုင်မူ့ စနစ်ကို ပြောင်းလဲဖို့ လိုပါပြီ အငံလျော့စားရင် သွေးပေါင်ချိန် ၅အထိ ကိုယ်အလေးချိန် ၂ ပေါင်ကျတိုင်း သွေးပေါင်ချိန် ၁ထိကျပါမယ်။ ပိုတက်ဆီယမ်များတဲ့ အစားအစာ ဥပမာ အာလူး ခရမ်းချဉ်သီး ဌက်ပျောသီး စားတိုင်းသွေးပေါင်ချိန် ၅ထိကျတယ်လို့ဆိုပါတယ်။

အဆီလျော့စားမယ် အသီးအရွက် အသီးအနှံများများစားမယ်ဆိုရင် သွေးပေါင်ချိန် ၁၁ အထိ ကျဆင်းနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ၅ အထိ အရက်လျော့သောက်ရင် သွးပေါင် ၄ ထိ ကျမှာပါ။ ဒါကြောင့်မို့ သွေးတိုးရှိတဲ့လူနာတိုင်း ဒီ အစားအစာများကို ဂရုတစိုက်စားသုံးပြီး လေ့ကျင့်ခန်းလုပ် ရှောင်သင့်တာရှောင် သွေးကျဆေး မသောက်ပဲ ထိန်းနိုင်အောင်ကြိုးစားသင့်ပါတယ်။

🎈ဘယ်သွေးကျဆေးကိုမှီဝဲသင့်သလဲ

အဓိက အုပ်စုကြီးလေးခုရှိပါတယ်။ ABCD လို့ မှတ်လို့ရပါတယ်။

A ကတော့ ACEI/ARB အုပ်စုပါ (ဆေးဥပမာ တွေကတော့ peridopril Ramipril Enalapril/ losartan Telmisartan Irbesartan Valsartan)

B ကတော့ Beta blocker ( ဥပမာ metoprolol bisoprolol carvedilol)

C ကတော့ calcium channel blocker ( ဥပမာ Amlodipine nifedipine)

D ကတော့ ဆီးဆေးအုပ်စု diuretic ( ဥပမာ hydrochlothiazide torsemide indapamide) တွေပါ။

အခြေခံအားဖြင့် သွေးပေါင်ချိန် အရမ်း မများဖူးဆိုရင် (အပေါ်သွေးပေါင်ချိန် ၁၅၀အောက်) ဆိုရင် ဆေးတမျိုးပဲစသောက်ရပါမယ် A အုပ်စုဝင်ဆေးကို ဦးစားပေး ရွေးချယ်ရမယ်။

သွေးပေါင်ချိန် ပုံမှန်မရောက်ပဲ တက်နေသေးတယ် ဆိုရင်တော့ A+C ဒါမဟုတ် A+D ကို ရွေးချယ်ပေါင်းစပ်သောက်ရပါမယ်။ နှစ်မျိုးပေါင်းမှ မကျသေးရင် A+C+D ၃ မျိုးပေါင်းစပ်သောက်ရပါမယ်။

ဒါမှ မကျသေးရင်တော့ A+C+D+B ၄ မျိုး ပေါင်းစပ်သောက်ရပါမယ်။ ဒီလိုမှ အဆင်မပြေသေးရင်လည်း ထပ်ပေါင်းစပ်ဖို့ ဆေးတွေရှိပါသေးတယ်။ အခုနောက်ပိုင်းမှာ ပေါင်းစပ်ပြီးသားဆေးတွေ နှစ်မျိုးပေါင်း ၃ မျိုးပေါင်းဆေးတွေ ( single pill combination ) တွေလဲ အများကြီး ပြည်တွင်းမှာ ရရှိနေပြီဖြစ်ပါတယ်။

ပေါင်းစပ်ထားတဲ့ဆေးတွေ သောက်တော့ ဆေးသောက်ဖို့မေ့တာ ကုန်ကျစရိတ်သက်သာတာနဲ့ သွေးပေါင်ထိန်းတာလဲ ပိုအဆင်ပြေ ချောမွတ်တယ်ဆိုပါတယ်။ ဆေးတမျိုးချင်းဆီရဲ့ ဘေးထွက်ဆိုးကျိုးလဲ လျော့နည်းသွားတဲ့အတွက် လူနာ သွေးပေါင်ချိန်များ ဥပမာ အပေါ်သွေးပေါင်ချိန် ၁၅၀နဲ့အထက်ဆိုရင် ဆေး၂မျိုးပေါင်း စသောက်သင့်ပါပြီ။

ဆေး ၂ မျိုးပေါင်း ပါဝင်တဲ့ သွေးကျဆေး ပမာဏ နည်းနည်းစီနဲ့စ ပေးတာဟာ ဆေး ၁ မျိုးထဲကို ပမာဏများများပေးတာထက် ပိုပြီး သင့်တော်တယ် လိုချင်တဲ့ ပုံမှန် သွေးပေါင်ချိန် မြန်မြန်ရောက်မယ်လို့ ဆိုပါတယ်။ဒါပေမဲ့ သိပ်မများတဲ့ အပေါ်သွေးပေါင်ချိန် ၁၅၀ အောက်နဲ့ အသက် ၈၀ ကျော် လူနာတွေ နာတာရှည် ရောဂါများနဲ့ လူနာတွေကိုတော့ ဆေးတစ်မျိုးထဲနဲ့ပဲ စတင်ကုသရမှာဖြစ်ပါတယ်။

🎈 ဒီဖေါ်မျူလာအတိုင်း သောက်သုံးရင် အဆင်ပြေပြီလား

တချို့က မိသားစုဝင်တွေ သောက်တဲ့ဆေးကို ကောင်းတယ်ဆိုပြီး လိုက်သောက်တာရှိပါတယ်။ အဲဒါက မှားယွင်းပြီး အန္တရာယ်ရှိပါတယ်။ ဆေးတမျိုးဆီမှာ အားသာချက် အားနည်းချက်နဲ့ ဘေးထွက်ဆိုးကျိုး အနည်းငယ်စီ ရှိလို့ပါ။ ဆရာဝန်တွေက လူနာတွေမှာရှိတဲ့ ရောဂါတွေ ဥပမာ နှလုံးသွေးကြောကျဉ်း နှလုံးအားနည်း ကျောက်ကပ်မကောင်း ဆီးချို လေဖြတ် အစရှိသည်ကို မူတည်ပြီး B အုပ်စုကို ဦးစားပေး A အုပ်စုက်ု ဦးစားပေး ကိုယ်ဝန်ရှိတာ ကလေးယူဖို့ရှိတာ အစရှိသည် ဖြင့် စဉ်းစားဆင်ခြင်ပြီး ကုသ ဆေးပေးတာဖြစ်တဲ့အတွက် သွေးတိုးဆေးဝါးများကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

🎈 သွေးပေါင်ချိန် ဘယ်လောက် target ထားရမလဲ

၁၃၀/၈၀ နဲ့ အောက် အထိ ရောက်အောင် ထားသင့်ပါတယ်။ ဒါပေမဲ့ အရမ်းကျလွန်းရင်လဲ မကောင်းပါဘူး အထူးသဖြင့် နှလုံး သွေးကြောကျဉ်း ရောဂါရှိတဲ့သူတွေ သွေးပေါင်ချိန် ၁၂၀/၇၀ အောက် ရောက်အောင် မချသင့်ပါဘူး။

🎈အသက်ကြီးတဲ့သူတွေရော သွေးတိုး ကုသသင့်သလား

အသက်အရွယ်ကြီးလာရင် သွေးတိုးလာတဲ့ သဘောသဘာဝရှိပါတယ်။ သွေးတိုးလာတာနဲ့ အမျှ လေဖြတ်နိုင်ခြေ သွေးကြောတွေပိတ်နိုင်ခြေ ကလည်း လူငယ်တွေထက် ပို များပါတယ်။ ဒါကြောင့်မို့ ထိထိရောက်ရောက်ကုသရပါမယ်။ ဒါပေမဲ့ အရမ်းအသက်ကြီးတဲ့ အသက် ၈၀ကျော် အရွယ်ဆိုရင်တော့ သွေးပေါင်ချိန် ၁၆၀/၉၀ ကျော်မှစပြီးကုသရပါမယ်။ သွေးပေါင်ချိန်ကိုလဲ လူငယ်တွေနီးပါး ၁၃၀/၇၀ ထိ ချလျင်အဆင်ပြေပါတယ် ( တကယ်လို့ လူနာခံနိုင်ရည်ရှိလျင်)

🎈အပေါ်သွေးပေါင်ချိန်နဲ့ အောက်သွေးပေါင်ချိန် ဘယ်ဟာက အရေးကြီးလဲ

အခုနောက်ပိုင်းမှာ အပေါ်သွေးပေါင်ချိန်ကပဲ ပိုအရေးကြီးကြောင်း လက်ခံသိမြင်လာကြပါတယ်။ အပေါ်သွေးပေါင်ချိန်ကိုပဲ ကျအောင် ကုသကြရမှာပါ။

🎈 ဆေးတွေ သွေးပေါင်ကောင်းလာရင် ဖြတ်လို့ရလား

အစားအသောက်လဲထိန်းမယ် ဆေးလဲ မှန်မှန်သောက်လို့ သွေးပေါင်ချိန်ကောင်းလာရင် ဖြည်းဖြည်းချင်း ၃ မျိုးက ၂ မျိုး ၂မျိုးက၁ မျိုး လျော့သောက်လို့ ဖြစ်ပါတယ်။ ဘယ်လိုပဲ သောက်သောက် နောက်ဆုံး ရည်မှန်းချက် က သွေးပေါင်ချိန် ပုံမှန်ထဲမှာပဲ ရှိဖို့ပါ။ ဒါမှပဲ သက်ရှည် ကျန်းမာ နေနိုင်မှာပါ။

🎈 သွေးတိုးရောဂါရှိတဲ့သူ တွေ ဘာတွေ ထပ်စစ်ဆေးသင့်လဲ

ကျွန်နော်တို့ ဆေးကုသမူ့ ပေးတဲ့နေရာမှာ သွေးတိုးတခုကိုပဲ ကုသတာမဟုတ်ပဲ လူတကိုယ်လုံး အသက်ရှည် ကျန်းမာအောင် ကုသတာဖြစ်တဲ့အတွက် သွေးတွင်းအဆီများနေလား အဝလွန်နေလား ဆီးချို သွေးချိုရှိနေလား အစရှိသည့် risk factors များနဲ့သွေးတိုးကြောင့် ကျောက်ကပ် နှလုံး ထိခိုက်မူ့ အတိုင်းအတာကို စစ်ဆေးဖို့ လို အပ်မည်ဖြစ်ပါသည်။

🎈အသက်ငယ်တဲ့သူတွေ သွေးတိုးဖြစ်ရင်

အသက် ၃၀ အောက် သွေးတိုးနဲ့ အသက်ကြီးတဲ့သူတွေမှာ ရုတ်တရက် သွေးတိုးပေါ်လာတာ သွေးတိုး ဆေးတွေနဲ့ ထိန်းမရဖြစ်တဲ့သူတွေကို အခြားသွေးတိုး ဖြစ်စေတဲ့ ရောဂါတွေကို ရှာကြည့်ဖို့ လိုပါတယ်။ အထူးသဖြင့် ကျောက်ကပ်ရောဂါ လည်ပင်းဟိုမုန်းများတာ ကျောက်ကပ်သွေးကြော ကျဉ်းနေတာ အစရှိတဲ့ ရောဂါများ ရှိ မရှိ စစ်ဆေးရမှာ ဖြစ်ပါတယ်။ တွေ့ရှိပြီး ကုသမူ့ခံယူလျင် သွေးတိုးရောဂါပါ ပျောက်ကင်းမှာဖြစ်ပါတယ်။ အားလုံးပဲ ကျန်းမာပျော်ရွှင်နိုင်ပါစေ။

Dr. သက်ဟိန်း (နှလုံး အထူးကု)
Cartoon - credit
# hypertension Awareness # Ref - ACC 2017 & ESC 2018 Guideline

20/04/2022

It is safe to get vaccinated against flu and COVID-19 at the same time.

20/04/2022

Are you pregnant?
Pregnant women are at risk of severe flu. Influenza vaccination given during pregnancy protects both you and your baby for several months after birth.
During the COVID-19 pandemic, it is more important than ever to protect yourself against flu.

08/07/2021



♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?
♦️လူနာကို ဘယ်လောက် L/min ရှူခိုင်းမှာလဲ?
♦️ Oxygen Cylinder vs Oxygen Concentrator

=============================

♦️အောက်ဆီဂျင် ဘယ်တော့ စရှူရမလဲ?

လူနာအား Oximeter နဲ့ တိုင်းကြည့်ပါ။
SpO2အဖြေက 95% အထက်မှာ ရှိသင့်ပါတယ်။
Oxygen saturation ဟာ 93% to 92% အောက်ရောက်သွားရင် Oxygen ရှူဖို့ လိုအပ်ပါပြီ။

-------------------
🔴အထူးသတိပြုရန်

Oxygen များများ ရှူလို့မရတဲ့ လူနာ

ဆေးလိပ်စွဲသောက်တဲ့သူတွေမှာ COPD လို့ခေါ်တဲ့ နာတာရှည် အဆုတ်လမ်းကြောင်း ပိတ်ဆို့မှုရောဂါရှိတတ်ပါတယ်။

အဲလိုလူတွေမှာ လိုအပ်တဲ့ Oxygen target က 88%-92 % ပါ ။

အဲထက် ပိုပေးမိ ရင် သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုင် ပမာဏက တက်လာပြီး လူနာအန္တရာယ်ရှိပါတယ်။ ခုတ်ရာတစ်ခြား ရှရာတစ်လွဲ ဖြစ်တတ်ပါတယ် ။

ဘယ်သူ့မှာ COPD ရောဂါအခံရှိနေမှန်းကို သာမန်အားဖြင့် မသိရှိနိုင်တာကြောင့် Oxygen ပေးရမယ့်အခြေအနေရှိနေပါက ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ လိုအပ်ပါတယ်။

=====================

♦️လူနာကို ဘယ်လောက် L/min ရှူခိုင်းမှာလဲ?

- 94 % အောက်သို့ ရောက်သော Oximeter မှထွက်လာသည့် အဖြေ ဂဏန်းကို 94 ထဲက နုတ်ပါ။

-ပြီးရင် 4 ဖြင့်စားပါ ။
(a) 4 ဖြင့်စားလို့ အကြွင်းမရှိရင်
စားလဒ် ဂဏန်းအတိုင်း L/min အမှတ်ချိန်၍ ပေးပါ။
(b) စားလို့မပြတ်ဘဲ အကြွင်းရှိပါက
စားလဒ်ဂဏန်းကို 1 ဖြင့်ပေါင်း၍ ပေးပါ။

ဥပမာ ။ ။
( ၁ )
လူနာအား Oximeter ဖြင့်တိုင်း၍ အဖြေဟာ 82 ထွက်သည် ဆိုပါစို့။

🏷️82 ကို 94 ထဲက နုတ်ပါ။
94-82 = 12

🏷️ထို 12 ကို 4 ဖြင့်စားပါ။
12÷4 = 3

စားလဒ်ဟာ 3 ဖြစ်ပြီး အကြွင်း 0 ကြွင်း၍
လူနာကို Oxygen 3 L/min ပေးရပါမယ်။ အိုးရဲ့
flow meter မှာ 3 ဆိုတဲ့ အနေအထားချိန်ပြီး လူနာကို Oxygen ပိုက်တပ်ပေးပါ ။

ဥပမာ ။ ။
( ၂ )
Oximeter ဖြင့်တိုင်း၍
အဖြေဟာ 80 ထွက်သည်ဆိုပါစို့ ။

🏷️94-80=14

🏷️14÷4 = 3*2
14 ကို 4 ဖြင့်စားပါက စားလဒ်ဟာ 3 ဖြစ်ပြီး
2 ကြွင်းပါတယ်။

စားလဒ် 3 ကို အကြွင်း 1 ဖြင့်ပေါင်းပြီး လူနာကို oxygen 4 L/min ပေးပါ။ Oxygen အိုးရဲ့ Flow meter မှာ 4 မှတ် အနေအထားချိန်ပြီး လူနာကို Oxygen ပိုက်တပ်ပေးပါ ။

ဥပမာ ။ ။
(၃)
Oximeter မှ အဖြေဟာ 91% - 93 %
ဖြစ်နေလျှင် Oxygen 2 L /min ပေးရပါမည်။ Oxygen အိုးရဲ့ Flow meter မှာ 2 မှတ် အနေအထားချိန်၍ပေးပါ။

-----------------

📍 အောက်ဆီဂျင် လိုအပ်ချက်က 3-4 L per min လောက် အထိပဲဆိုရင် Nasal cannula (နှာခေါင်းပိုက်) နဲ့ စပေးပါ။

♦️Nasal Oxygen Cannula
Nasal Cannula က Oxygen flow rate ကို 3-4 L per min လောက်အထိပဲ ပေးလို့ရပါတယ်။

ဒီထက်များတဲ့ rate ဆိုရင် အချိန်ကြာလာတာနဲ့အမျှ နှာခေါင်းအတွင်းပိုင်းအသား mucosa ကို ထိခိုက်စေတတ်ပါတယ် ။

Nasal Cannula ကို လူနာနှာခေါင်းမှာ မတပ်ခင် Oxygen flow ကို စိတ်ကြိုက်ချိန်ပြီး လိုတာရပြီဆိုမှ တပ်ပါ။

ဘာလို့လဲဆိုတော့ နှာခေါင်းမှာ တပ်ပြီးမှဆိုရင် flow ချိန်တဲ့ tuning ball လေးကို လှည့်တဲ့အခါ လက်က အတိုးအလျှော့ အရှိန်လွန်သွားရင် ရုတ်တရက် Oxygen ပြင်းအားများများနဲ့ ဆောင့်ထွက်လာတတ်လို့ နှာခေါင်းအတွင်းပိုင်းသားကို မထိခိုက်ရအောင်ပါ။

Nasal cannula ပိုက်ဝယ်တဲ့အခါ ကလေးနဲ့လူကြီး ဆိုပြီး ၂ မျိုး လာပါတယ်။

----------------------

Flow rate 3-4 L per min လောက် အထိက Nasal prongs/nasal cannula နဲ့ စပေးပါ။ မိနစ် ၃၀ လောက် စောင့်ကြည့်နေပါ။

ကိုယ်ဘယ်လောက်ပေးရင် ဘယ်လောက်တက်လာလဲဆိုတာ oximeter နဲ့ ပြန်တိုင်းပါ။ လူနာကို တတ်နိုင်သလောက် မှောက်လျှက် နေခိုင်းပါ။

ရှူရင်း သွေးတွင်း oxygen ပမာဏ 92% ကျော်လာရင် အဲဒီအတိုင်း ဆက်ထားလို့ ရပါတယ်။

📍 Spo2 မတက်လာရင် / တက်လာပေမယ့် 92% အထက် မရောက်လာရင် nasal prong ကနေ Face mask နဲ့ပြောင်းပေးဖို့ လိုပါတယ်။
5-10 L/min အထိ လိုအပ်သလို flow တင်ပါ။

📍 ဒါနဲ့တောင် 92% မကျော်လာဘူးဆိုရင် Face mask ကို reservoir bag ပါတပ်ပြီး ပေးရပါမယ်။

နီးစပ်ရာ covid center သွားနိုင်ရင် ကောင်းပါမယ်။

-------------------------

♦️Water Level
Oxygen အိုး Flow meter က water level ကိုရေအမြဲဖြည့်ပါ။ ရေသန့် နဲ့ဖြည့်ပါ။

ရေကဘာကြောင့်ထည့်ရတာလဲဆိုရင် စိုထိုင်းဆ moisture ရချင်လို့ပါ။

Moisture မရှိရင် Oxygen ကြောင့် နာရီကြာလာရင် နှုတ်ခမ်း ၊ နှာခေါင်းအတွင်းပိုင်း ခြောက်သွေ့ကွဲအက်မှာစိုးလို့ စိုထိုင်းဆရအောင် ရေကိုထည့်ထားခြင်းဖြစ်ပါတယ်။

ရေရှိမှ အောက်ဆီဂျင် ရတာမဟုတ်သလို oxygen ထွက်ဖို့ မရှိမဖြစ် လိုအပ်နေခြင်းလဲ မဟုတ်ပါဘူး။

အောက်ဆီဂျင် ရှူနေရတဲ့လူနာက အောက်ဆီဂျင်အရေးပေါ် လိုအပ်နေရင် ရေဖြည့်တာကို အချိန်လုပြီး လုပ်စရာမလိုပါဘူး။ ရေဖြည့်ဖို့အတွက် oxygen အပြတ်မခံသင့်ပါ။

ဘေးမှာ အောက်ဆီဂျင်အိုးအပိုနဲ့ Oxygen ပိုက်အပိုကို ဆောင်ထားသင့်ပါတယ်။ ရေဖြည့်နေစဉ် အရန်တစ်အိုးနဲ့ ပေးထားရင် ပိုကောင်းပါသည်။

📍 သတိပြုဖို့က ရေဖြည့်ရင် water Level ရဲ့ သတ်မှတ်ထားတဲ့ Scale ကို ကျော်လွန်ပြီး မထည့်ပါနဲ့။ Level ကျော်သွားရင် ရေက oxygen ဖြတ်လို့ ပွက်လာတဲ့အခါ ပိုက်ထဲသို့ ဝင်ရောက်နိုင်သောကြောင့် ဖြစ်ပါတယ်။

Nasal Cannula နဲ့ဆိုရင် နှာခေါင်းထဲတိုက်ရိုက်ရောက်သွားပြီး အသက်ရှူခြင်းကို ဒုက္ခပေးနိုင်သလို Oxygen Mask သုံးနေသူဆိုလည်း မျက်နှာကို ရေများ ရွှဲစိုသွားနိုင်ပါတယ်။

ထိုကြောင့် ရေကို water Level scale ကို မကျော်လွန်ပဲ ထည့်ရန် လိုပါတယ်။

📍 ရေဖြည့်ပြီးရင် ခွက်ကိုလုံအောင် လှည့်ပိတ်ပေးဖို့ သတိပြုရမှာပါ။ ခွက်ကိုလှည့်ပိတ်တဲ့အခါလည်း တစောင်းအနေထား ဖြစ်နေရင် အရစ်ပြည့်ပြီးပြီလို့ မှားပြီး ထင်တတ်လို့ သတိထားပါ။ flow level အမြင့်ဆုံးပေးထားရင် မလုံတဲ့နေရာက တရှူးရှူး အသံမြည်လို့ သိရှိနိုင်ပေမယ့် flow level နည်းရင် လက်နဲ့ စမ်းကြည့်ပြီး လက်ကိုလေလာတိုးမှ သိပါတယ်။

လုံအောင်မပိတ်မိရင် Oxygen တွေက အဲဒီမလုံတဲ့အပေါက်ကနေ စိမ့်ထွက်သွားပြီး လူနာက ပေးသလောက် Oxygen ကို အပြည့်မရတော့ပါဘူး။ SpO2 တွေပါ ကျလာတတ်ပါတယ်။
-------------------------

♦️ပိုက်သန့်ရှင်းရေး

ရေရှည် အောက်ဆီဂျင်ရှူနေမည့်သူများသည် ပိုက်များကို သန်ရှင်းအောင်ထားဖို့၊ လဲလှယ်ဖို့ လိုပါတယ်။ အောက်ဆီဂျင်ပိုက်များမှ တဆင့် အခြား Virus များ အသက်ရှူလမ်းကြောင်းကို ဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။

==========================

♦️ Oxygen cylinder

Cyliner အိုး‌တွေရဲ့ ကောင်းတဲ့အချက်က oxygen concentration အပြည့်ရပါတယ် ။ Flow ဘယ်လောက်တင်တင် ကိုယ်ရတာ 100 to 99-98 % oxygen ပါ။

အားနည်းချက်ကတော့ ပြန်ပြန်ဖြည့်ရပါတယ်။ ပြန်ဖြည့်ဖို့နေရာအရမ်းခက်ခဲနေလျှင် ကြိုတွက်ထားပြီး လုံလုံလောက်လောက် ရှာထားပါ။

⁉️ Oxygen တစ်အိုးက ဘယ်လောက်ခံမလဲ ?

အရင်ဆုံး Oxygen cylinder/Tank အရွယ်အစားတွေ ကြည့်ရအောင်။

🔹Tank D လို့ ခေါ်တဲ့ အိုးပု (Oxygen ပမာဏ 400 L ဝန်းကျင်)

🔹Tank E လို့ခေါ်တဲ့ အိုးရှည် (Oxygen ပမာဏ 500 L ဝန်းကျင်) size E ရဲ့ oxygen ပမာဏ က အကြမ်းဖျင်း 680 Liters ဆံ့ပါတယ်။ ဒီမှာတော့ အများအားဖြင့် safe ဖြစ်အောင် လျော့ပြီးထည့်တော့ 500 L ၀န်းကျင်ပဲ ပါတာ များပါတယ်။

🔹Tank H
အကြီးဆုံး size ဖြစ်ပါတယ်။ cylinder size H ကို ဆေးရုံတွေမှာ သုံးတာများပါတယ်။ Oxygen capacity 7000 L ကျော် ဆံ့ပေမယ့် ဒီမှာတော့ 5040 Liters လောက်နဲ့ပဲ ဖြည့်ပါတယ်။

-----------
4 L per min နဲ့ ရှူနေတဲ့ လူနာတစ်ယောက်ဟာ
တစ်နာရီကို 240 L လိုပါတယ်။
(4L x 60 min = 240 liters)

အဲ့တော့
size E Tank (500 L) ဟာ ၂ နာရီပဲ ခံပါတယ်။
Size H Tank (5040 L) ဟာ ၂၀ နာရီ လောက် ခံပါလိမ့်မယ်။

8L per min နဲ့ ရှူနေတဲ့ လူနာဆိုရင်
size E တစ်လုံးကို ၁ နာရီပဲ ခံပါမယ်။
Size H တစ်လုံးဆို ၁၀ နာရီ ဝန်းကျင်လောက် ခံပါတယ်။

လက်ရှိ လူနာရှူနေတဲ့ Tank ထဲက Oxygen လက်ကျန် ဘယ်လောက်မိနစ်ပဲ ကြာကြာခံတော့မယ်ဆိုတာ အောက်ပါအတိုင်း တွက်လို့ရပါတယ်။

1)
Tank pressure ကို ညွှန်ပြတဲ့ အိုးပေါ်က လက်တံလေးကို ဖတ်ပါ။
eg. 1200 PSI

2)
ပြီးရင် ဖတ်လို့ရတဲ့ အဖြေထဲက 200 နုတ်ပါ။
eg. 1200-200 = 1000 PSI

3)
ပြီးရင် ကိန်းသေနဲ့ မြှောက်ပါ။
အိုးတိုအတွက်ဆို ကိန်းသေ 0.16
အိုးရှည်အတွက်ဆို ကိန်းသေ 0.28 နဲ့မြှောက်ပါ။

4)
မြှောက်လို့ရလာတဲ့ အဖြေကို လူနာရှူနေတဲ့ Oxygen flow rate နဲ့ ÷ ပါ။ (eg. 5 L/min)

ဥပမာ
Tank pressure 1200 PSI ဆိုရင်
📍 1200-200 = 1000
📍 1000 * 0.16 = 160
📍 160÷5 = 32 min ပဲ ခံပါတော့မယ်
၃၂ မိနစ်ပြီးရင် Oxygen ကုန်ပါပြီ။

Oxygen ကုန်သွားမှ မျက်လုံးပြူး မျက်ဆန်ပြူး Oxygen လိုက်ရှာနေရင် ကိုယ့်ရှေ့မှာတင် လူနာဟာ မချိမဆန့် ခံစားရနိုင်ပါတယ်။

ဖြစ်နိုင်ရင် Flow meter ကိုပါ ၂ ခုဝယ်ထားပြီး Oxygen အပိုတစ်အိုး ဆောင်ထားပါ။ လေပေါင်ကုန်သွားရင် ပိုက်ဂိုက်ဖြင့် Screws ကိုလှည့်နေတဲ့အချိန်မှာ လူနာက အောက်ဆီဂျင် ပြတ်လပ်သွားနိုင်ပါတယ်။

နှစ်အိုးရှိရင် (Oxygen အိုး နောက်တစ်ခုနဲ့ flow meter ၂ခုဆောင်ထားရင်) ပိုက်ကိုသာဆွဲ ဖြုတ်၍ လျင်မြန်စွာ လဲနိုင်ပါတယ်။

==========================

♦️Oxygen Concentrator

အားသာချက်က မီးရှိရင် ပလပ်ထိုးပြီး သုံးရုံပါပဲ။
ပြန်ဖြည့်ဖို့ မလိုပါဘူး။ သူက လေထုထဲကလေကို ယူပြီး အောက်ဆီဂျင်များများပါတဲ့ လေဖြစ်အောင် ပြန်စုပေးတဲ့စက်ပါ။

ဆက်တိုက်သုံးရင်စက်ပူပါတယ်။ တခါတလေ သိပ်ပူရင် စက်ကြောင်တတ်ပါတယ်။ 6 နာရီ လောက်ဆက်တိုက်မောင်းပြီးရင်တော့ ခဏ နားသင့်ပါတယ်။

Oxygen Concentrator ရွေးမယ်ဆိုရင်

🔵 Oxygen concentrator (1L) တွင်
▪️Flow rate....1–5 L/min
▪️Oxygen Concentration...30% to 90%
▪️Input Power.....100VA လို့ ဖော်ပြထားပါတယ်။

5 L per minute ဆိုတာကတော့ တစ်မိနစ်ကို Oxygen 5 L flow အထိ ဒီစက်က ထုတ်ပေးနိုင်တာပါ။
ဒါပေမယ့် Flow ကိုတင်လေလေ oxygen concentration ကျလေလေပါ။

ဥပမာ 1L စက္ကို
1 L per minute နဲ့ပေးရင် Oxygen concentration သူပြောထားတဲ့အတိုင်း 90 လောက်ထိပါသော်လည်း

5 L per minute လုံး အပြည့်တင်လိုက်ရင် မြန်မြန်မှုတ်ထုတ်ရလို့ oxygen concentration ကျသွားပါလိမ့်မယ်။

1L စက်ဖြစ်လို့ Input power နည်းသောကြောင့် Compressor သေးပါတယ်။ ဒီစက်နဲ့ဆို Flow rate 1L/min ထားမှသာ oxygen concentration 90% အထိရပါလိမ့်မယ်။ Flow rate 5 L/min အထိ တင်လိုက်ရင် oxygen 30% အထိ ကျသွားနိုင်ပါတယ်။ 1L/min နဲ့ပဲ ပုံသေရှူမယ့် လူနာ မဟုတ်ရင် အဆင်မပြေပါဘူး။

🔵 Oxygen concentrator (3L) စက်
Technical Data:
▪️Flow rate...0.5–3L/min
▪️Oxygen Concentration....93%±3%
▪️output pressure...45±4.5kpa
▪️Input power...320VA

🔵 Oxygen Concentrator (5L) စက်
Technical Data:
▪️ Flow rate...0.5–5L/min
▪️Oxygen Concentration....87%- 95.5%
▪️ maximum outlet pressure....40–70kpa
▪️Input power.......500VA

🔵Oxygen concentrator (8L)
Technical Data:
▪️Flow rate.....0.5–8 L/min
▪️ Oxygen Concentration. ....87%- 95.5%
▪️ maximum outlet pressure....40–70kpa
▪️Input power.....600VA

🔵 Oxygen concentrator (10L)
Technical Data:
▪️ Flow rate....0.5–10L/min
▪️Oxygen Concentration...87%- 95.5%
▪️Input power....850VA

10L စက်က Input power များသောကြောင့် Compressor ကြီးတဲ့အတွက် 10 L/min အထိ တင်ရင်တောင် oxygen concentration 95.5% ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် flow rate များများရှူဖို့လိုတဲ့သူဆိုရင် concentration မကျအောင် 8L/10L compressor တို့ကို ရွေးသင့်ပါတယ်။

အခုအတွေ့ရများတာက 5 L per minute ၊ 8 L per minute၊ 10 L per minute စက်တွေ သုံးတာများပါတယ်။

(အောက်ဆီဂျင်ပေးတာနဲ့ ပတ်သတ်တဲ့ အချက်တွေကို ဖတ်လို့လွယ်အောင် တွေ့တာအထဲက လိုတာတွေ ဖြတ်ပြီး ပြန်စုထားတာပါ။ မူရင်းပိုစ့်တွေအားလုံးကို credit ပါ။)
Crd.

23/12/2020

New Normal
*************
ရှောင်လွှဲ ပုန်းအောင်း နေလို့မရတော့..
ကိုဗစ် ရဲ့ အဆိပ်လူးမြှားတွေ ကြားထဲ
ရှောင်တိမ်း ပြေးလွှားရင်း
အလုပ် လုပ်ကြရတော့မယ်... ။

မလုပ်ရင်လည်း
ငတ်ဖို့သာ ရှိတော့သကိုး ။

အောက်ခြေ ပြည်သူလူထုနဲ့ နေ့စဉ်ထိတွေ့ နေရတဲ့ ဆရာဝန် တစ်ဦးအနေနဲ့
ပြောတယ်.. အကြံပြုတယ် လို့ပဲ
သတ်မှတ်ပေးပါ..
ဆရာလုပ်တာ မဟုတ်ရပါကြောင်း။

လုပ်ရမယ့် (၄)ချက်ကတော့
ကမအဝ (MOHS) က ပြောပြီးသား
၁..Mask တပ်ပါ
၂...လက်ဆေးပါ
၃....ခပ်ခွါခွါ နေနိုင်သမျှ နေပါ
၄....မလိုအပ်ပဲ အပြင်မထွက်နဲ့ ။

ကျနော်ပြောပြချင်တဲ့သတိပြုရမယ့် အရာတွေကတော့

၁...ပိုက်ဆံ
ပိုးဖြန့်ဖြူးနေသော အဓိက တရားခံပါ ။

၂....လှေခါး လက်ရမ်းများ
ဖြစ်နိုင်ရင် လက်ရမ်း လက်ကိုင်များ
မကိုင် မထိ မိအောင် တက်ပါ ဆင်းပါ သွားလာပါ။

၃.....ရုံးသုံး အများသုံး အိမ်သာရေခွက်.. ရေပန်းခလုတ်
မဖြစ်မနေ သုံးပြီးရင် ချက်ချင်းလက်ဆေးပါ။

၄....ရုံးကိစ္စ စာရွက်စာတန်းများ
ဖြစ်နိုင်ရင် စာရွက်စာတန်းတွေကို
ပလပ်စတစ် အိတ်အကြည်ထဲထည့်ပြီး
အပေးအယူ လုပ်ပါ... ပိုးသတ်ဆေးရည် ဖြန်းလို့ရအောင်..
စာရွက်ကို ဖြန်းရင် တံဆိပ်တုံး မှင်တွေ
ပျက်ကုန် နိုင်တယ်။

၅....ပါးစပ် စည်းစောင့်ပါ
စကားတွေ ကျယ်လောင်စွာပြောဆိုနေသော လူစုလူဝေး တွေထဲမှာ
ပိုးတွေဟာ ပိုမိုပြန့်နှံ့နေမှာပါ..
ရုံးသူ ရုံးသား အချင်းချင်း လိုအပ်လို့
ပြောရရင်တောင် ဟန်းဖုန်းတွေနဲ့ ပြောဆိုပါ.. (နီးလေ အန္တရာယ် များလေ)
ဖုန်းဘေလ် မနှမြောပါနဲ့ ။
(MPT ကရော ဖုန်းဘေလ် နှုန်းထားတွေ ခေတ္တ ချပေးဖို့ အစီအစဉ် ရှိ... မရှိ 😜😜)

၆....ကွမ်းတံတွေးနှင့် နှပ်ညှစ်ခြင်း
တကယ့် ပြသနာ အကြီးကြီးပါ ။
ပိုးသတ်ဆေးရည် ထည့်ထားတဲ့ အမှိုက်ပုံး ကြီးကြီးတွေ ဖြည့်ဆည်းထားကြပါ။

၇....ဖုန်း ဟန်းဆက်များ
လက်ကို မကြာခဏ ဆေးသလို
ကိုယ်ကိုင်တဲ့ ဖုန်း Screen တွေကိုလည်း
သန့်ရှင်းပေးဖို့ မမေ့ပါနဲ့..
ကိုယ့် လက်နဲ့ ပွတ်မိဆုံးက အဲ့ကောင်ပါပဲ။

၈...လက်ကို ထိန်းချုပ်ပါ
မျက်နှာမျက်စိကို ပွတ်မိတာ
နှာခေါင်း နှိုက်တာ
ဆံပင်သပ်တင်တာ ထိန်းချုပ်ပါ။

၉...အစားမပုတ်နဲ့
အပြင်မှာ တဇွတ်ဇွတ် စားနေတာ
နေကြာစေ့တွေ တဖြေက်ဖြောက်ခွါစားနေတာ.. ဗန်းသေးသေးလေးတွေဘေးမှာ ဝက်သားဒုတ်ထိုးတွေ တိုးဝှေ့စားနေတာ ဆင်ခြင်ကြပါ။

အနှစ်ချုပ်ကတော့

ဗုဒ္ဓ ဘုရား နောက်ဆုံးမှာတမ်း အတိုင်းပါပဲ....
မမေ့မလျော့ သော သတိ ဖြင့်
နေထိုင်ကြကုန်လော့ ။

ဒေါက်တာတေဇကျော်... မေမြို့

23/12/2020

ကျွန်ုပ်တို့ တိုက်ပွဲက ဆုတ်ခွါပါတော့မယ်။
အဆင့် ၅ ဆင့် အထိ ဆုတ်ခွါပါမယ်။
အခု ပထမ အဆင့် စတင် ဆုတ်ခွါပါပြီ။
ကျန်းမာရေး "အသိ" ရှိပါစေ။
"သတိ" တရားနဲ့ သွားလာ လုပ်ကိုင် နေထိုင် စားသောက်ကြပါ။

အသွားအလာ အနေအထိုင် စည်းကမ်းမဲ့လို့ Positive ဖြစ်ရင်
ကိုယ့်အိမ်မှာနေ
ကိုယ့်ထမင်း ကိုယ်စား
ဆေးဖိုး ကိုယ်တိုင်ကျခံရမယ်။
ကိုယ့်တာ၀န် ကိုယ်ယူရပါမယ်။

New normal နေထိုင်မှု့ ပုံစံအသစ်နဲ့
Mask တပ်ပါ
လက်ဆေးပါ
လူစုလူဝေးရှောင်ပါ။
# # # # # # # # # # # # # # # # # #
Crd. Dr MMA

သင်တို့ mask တပ်ရင်တပ် မတပ်လဲနေ
စည်းကမ်းလိုက်နာနာ မနာနာ
အခြေအနေ အချိန်အခါပေါ်မူတည်ပီး
အကျွနုပ်တို့ တိုက်ပွဲက ဆုတ်ခွာဖို့ ပြင်ဆင်ထားရတော့မည်

ဆုတ်ခွာအဆင့် ၁
----------------
Contact တွေကို Facility Q မှာခွဲထားရာကနေ အိမ်မှာဘဲ strict Hime Q စေမယ်
Home Q တွေကို rapid test kit နဲ့ တကြိမ်စစ်ပေးမယ် အဲဒီက positive ကို သီးခြားခွဲထုတ်ပီး ဆေးရုံပို့မယ်

ဆုတ်ခွာအဆင့် ၂
----------------
Home Q ကစစ်ပီးထွက်လာတဲ့ အသက်ငယ်တဲ့ positive တွေကို အိမ်မှာဘဲ ဆက်ထားမယ်
အသက် ၅၀ကျော်နှင့် ရောဂါအခံရှိသူတွေကို ဆေးရုံပို့မယ်

ဆုတ်ခွာအဆင့် ၃
----------------
contact တွေကိုမစစ်တော့ပါ
အားလုံးကို home Q ထားထား
ဖျားချောင်ဆိုးလျှင် ရောဂါရှိမရှိ စစ်ပေးမည် အသက် ၆၀ အောက် ရောဂါအခံမရှိဆိုလျှင် ဆေးပေးပီးအိမ်တွင်နေစေမည်
အသက် ၆၀ ကျော် ဆေးရုံပို့မယ်

ဆုတ်ခွာအဆင့် ၄
----------------
ဖျားလျှင် အိမ်တွင်ဆက်နေ ဆေးသောက်ဖို့
ညွှန်ကြားပေးမည်
မောလျှင် ဆေးရုံကိုအကြောင်းကြား
အောက်စီဂျင်ဓာတ်တိုင်းကြည့်မယ် အောက်စီဂျင်ဓာတ်နည်းလျှင် ဆေးရုံကိုခေါ်ပါမည်
ရောဂါစစ် ဆေးကုပေးမည်

ဆုတ်ခွာ အဆင့် ၅
-----------------
ကောင်းနိုင်ခြေမရှိသူတွေကို ဆေးရုံမခေါ်တော့ပါ
အသည်းအသန်လူနာထဲမှ ပြန်ကောင်းနိုင်ခြေရှိသူတွေသာ ဆေးရုံကိုခေါ်ဆေးကုပေးမယ်
ကျန်သူတွေ အိမ်မှာ အောက်စီဂျင်ရှူပီးနေခိုင်းမည်

ခုကျင့်သုံးနေတာ ဆုတ်ခွာအဆင့် ၁
သိတ်မကြာခင်မှာ ဆုတ်ခွာအဆင့် ၂ ရောက်တော့မှာပါ
အဆင့် ၃ ထိ လည်း အခြေအနေအရ ရောက်သွားနိုင်တယ်
အဆင့် ၄ ၅ က အကျွနုပ်တို့ မဖြစ်ချင်ပေမဲ့
အခြေအနေအရဝမ်းနည်းစွာ ကျင့်သုံးရမှာပါ

အဲဒီအဆင့်မရောက်အောင် ကာကွယ်ဖို့
သင်တို့တာဝန်သာဖြစ်ပါကြောင်း
အသက်ကို ဉာဏ်စောင့်ပါသည်

လူတိုင်း Mask တပ် လူစုလူဝေးရှောင်ကြစို့
စည်းကမ်းလိုက်နာကြပါစို့

16/11/2020
15/09/2020

Covid-19 ကြောင့် Stay Home ကာလအတွင်း
အိမ်မှာ လုပ်လို့ရမယ့်
ကျန်းမားရေး ဆိုင်ရာ အဖြာဖြာကို video လေးတွေ မျှဝေဖို့

Address

War Oo Street
Insein

Telephone

+959454579515

Website

Alerts

Be the first to know and let us send you an email when Aye Thukha Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Thukha Health Care:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram