Yama Fuji Blind Massage

Yama Fuji Blind Massage Yama Fuji Blind Massage- ယာမဖူဂျီ ဂျပန်- မြန်မာ မျက်? Yama Fuji Blind Massage- ယာမဖူဂ်ီ ဂျပန်- မြန်မာ မျက်မမြင် အကြော်ပြင် အနှိပ်ခန်းမ

04/11/2025
10/07/2025

ကျန်းမာရေးဗဟုသုတ များမျှဝေပေးခြင်း

🫀နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို
ထိန်းချုပ်လို့ရနိုင်တဲ့ အကြောင်းရင်းများနှင့် ထိန်းချုပ်လို့မရနိုင်တဲ့ အကြောင်းရင်းများဆိုပြီး ခွဲခြားနိုင်ပါတယ်။

📌 ထိန်းချုပ်လို့ မရနိုင်တဲ့ အကြောင်းရင်းတွေကတော့-

✅ မိသားစု၊ မျိုးရိုးမှာ နှလုံးရောဂါရှိတာကြောင့်
အဘိုးအဘွား၊ မိဘနှင့် မွေးချင်းမောင်နှမတွေမှာ နှလုံးရောဂါရှိရင် သင့်မှာလည်း ဖြစ်နိုင်ချေရှိပါတယ်။

✅ အသက်အရွယ်ရလာတာကြောင့်
အသက်အရွယ်ရလာလေ သွေးကြောတွေ အားနည်းပျက်စီးလေဖြစ်တာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေများလာပါတယ်။

✅ လိင်ကွဲပြားမှုကြောင့်
နှလုံးသွေးကြောရောဂါတွေဟာ အမျိုးသားတွေမှာ အဖြစ်များပြီး သွေးဆုံးပြီးအမျိုးသမီးတွေမှာတော့နှလုံးပြဿနာဖြစ်နိုင်ချေများပါတယ်။

📌 ထိန်းချုပ်လို့ရနိုင်တဲ့ အကြောင်းရင်းတွေကတော့-

✅ ဆေးလိပ်သောက်သုံးတာကြောင့်
ဆေးလိပ်သောက်သုံးသူတွေဟာ ဆေးလိပ်မသောက်သူတွေထက် Heart Attack ရနိုင်ချေ ၂ ဆ၊ ရုတ်တရက် နှလုံးရပ်သေဆုံးနိုင်ချေ ၄ ဆ ပို မြင့်မားပါတယ်။

✅ သွေးတိုးရောဂါကြောင့်
Heart Attack၊ နှလုံးရောဂါနှင့် Stroke (လေဖြတ်နိုင်ချေ) ပိုမြင့်မားပါတယ်။

✅ Cholesterol များတာကြောင့်
Cholesterol များလေ နှလုံးနှင့် သွေးကြောရောဂါတွေ ဖြစ်နိုင်ချေများလေ ဖြစ်ပါတယ်။

✅ ဆီးချိုရောဂါကြောင့်
သွေးတွင်းအချိုဓာတ်အမြဲတက်နေရင် သွေးကြောကျဉ်းရောဂါဖြစ်နိုင်ချေ များပါတယ်။

✅ Sedentary Lifestyle
လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံတွေကလည်း နှလုံးရောဂါဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။

အခြားအကြောင်းရင်းတွေကတော့ -
✅ အစားအသောက်ပုံစံမမှန်တာ၊ စိတ်ဖိစီးမှုများတာ၊ အဝလွန်တာ၊ အရက်အလွန်အကျွံသောက်တာတို့ပဲ ဖြစ်ပါတယ်



 #သည်းခြေကျောက်တည်ခြင်း@@@@@@@@@@@@@သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်း...
20/05/2025

#သည်းခြေကျောက်တည်ခြင်း
@@@@@@@@@@@@@

သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခြေအိတ်(gallbladder)လို့ခေါ်ပါတယ်။ သူ့တာဝန်က အသည်းကထွက်လာတဲ့သည်းခြေရည်(bile)တွေကို သိုလှောင်ထားဖို့ပါ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic ductကတဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားတယ်။ လိုအပ်တဲ့အခါ common bile ductဆိုတဲ့ ပြွန်မကြီးကတဆင့် အူသိမ်ထဲဝင်ပြီး အဆီကို ခြေဖျက်ပေးပါတယ်။

အစားအသောက်ထဲမှာပါတဲ့ အဆီကို ခြေဖျက်ဖို့ သည်းခြေရည်လိုအပ်တယ်။ အဆီတခုစားလိုကိတာနဲ့ သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့အရည်က ထွက်လာပြီး အဆီကို ခြေဖျက်ပေးတယ်။ သည်းခြေရည်(bile)ရဲ့ တာဝန်က အသားအသောက်မှာပါတဲ့ အဆီ(fat)ကို ချေဖျက်ဖို့ ဖြစ်ပါတယ်။ သည်းခြေရည်ထဲမှာ ရေဓာတ်၊ကိုလက်စတော(cholesterol)၊ဘီလီရူဘင်(bilirubin) နဲ့ သည်းခြေ ဆားဓာတ်(bile salts)တွေ ပါဝင်တယ်။ ဒီဓာတ်တွေ ပေါင်းစုနေလို့ သည်းခြေရည်က စိမ်းဝါရောင်ရှိတယ်။ အရသာက ခါးသက်သက်ရှိတယ်။ဒီဓာတ်ချို့တဲ့ရင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။

သည်းခြေအိတ်တခုရဲ့ အရွယ်ဟာ အချင်း ၁လက်မခွဲ၊အရှည် ၃လက်မလောက် ရှိတယ်။ သစ်တော်သီးလို ရှည်မျောမျော ပုံစံရှိတယ်။ ပူဖောင်းကို လေလျှော့ထားတာနဲ့ တူတယ်။ သည်းခြေပြွန်(Common bile duct)က ၆မီလီမီတာ အချင်းရှိပြီး ၆စင်တီမီတာရှည်တယ်။ ဒါ့ကြောင့် ၆မီလီမီတာအောက် အရွယ်ရှိကျောက်တွေဟာ သူဘာသာကျသွားနိုင်တယ်။

ယူကေမှာ စာရင်းတွေအရ လူကြီး ၁၀ယောက်မှာ တယောက်ဟာ သည်းခြေကျောက်ရှိနေပါတယ်။ ဒါပေမယ့် အများစုက ဝေဒနာမခံစားရဘူး။ အဝလွန်သူ၊အဆီများသူ၊အသက်(၄၀)အထက်တွေမှာ ပိုတွေ့ရတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆလောက်ပိုဖြစ်တယ်။ ထပ်တွေ့တာက ကလေးမွေးဖူးတဲ့မိခင်တွေဟာ ပိုဖြစိနိုင်တယ်ဆိုတာပါ။ ကလေးမွေးတုန်း ဟော်မုန်းအပြောင်းအလဲက ကိုလက်စတောကို များသွားစေတယ်။ နောက်ပြီး ဗိုက်အဆီပြင်များသူတွေမှာ ပိုတွေ့ရတယ်။ ဝိတ်အမြန်ချတာကလည်း အသည်းက ကိုလက်စတော ပိုထုတ်ရလို့ သည်းခြေကျောက်ကု ဖြစ်စေနိုင်တယ်။သက်သက်လွတ်စားသူ၊အရက်ကို တော်သင့်ရုံသောက်သူတွေမှာ သည်းခြေကျောက်ရောဂါ အဖြစ်နည်းတာ တွေ့ရတယ်။

သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စတောက ကြာတဲ့အခါ အနည်ကျ ချိုးကပ်လာရာက သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။ သည်းခြေကျောက်အများစု (၈၀ရာခိုင်နှုန်း)က ကိုလက်စတောကျောက်(cholesterol stone)တွေ ဖြစ်ပါတယ်။ တချို့မှာ ကယ်လ်စီယမ်ကျောက်(calcium stone)လည်း ဖြစ်နိုင်တယ်။ ပေါင်းစပ်ကျောက်(mixed stone)လည်း ရှိဦးမယ်။အရွယ်အစားက ရွေးစေ့ကနေ ဂေါက်သီးလုံးအထိအမျိုးမျိုး ဖြစ်နိုင်တယ်။ အရေအတွက်ကလည်း မတူညီကြဘူး။ကျောက်သေးသေးလေးတွေဖြစ်နိုင်သလို တလုံးတည်း ကျောက်တည်တာလဲ ရှိတယ်။ ပုံမှန်အားဖြင့် သည်းခြေအိတ်ထဲ ကျောက်ရှိတာမျိုးက လူကို ဘာမှဒုက္ခမပေးဘူး။

ဘယ်အချိန်မှာ ကုဖို့လိုလဲ
သည်းခြေကျောက်က သည်းခြေပြွန်မှာ သွားပိတ်ရင်တော့ လူကို ဒုက္ခပေးလာတယ်။ ကုဖို့လိုပါပြီ။ အရင်ဆုံး လက္ခဏာတွေ ပြလာတယ်။ အစာမကြေတာရှိမယ်။ ဗိုက်ညာဖက်ခြမ်း ချွေးဒီးဒီးကျအောင် နာကျင်ခံစားရတယ်။ နာတာက ဆက်တိုက်နာတာ။ ဗိုက်တပြင်လုံးနာတာလည်း ရှိနိုင်တယ်။ ဒီလက္ခဏာနဲ့ အတူ အဖျားကြီးတာ၊အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ ရှိတယ်။ သည်းခြေကျောက်က အငြိမ်မနေပဲ အောက်မှာရှိတဲ့ ပန်ကရိယကို သွားပိတ်ရင် ပန်ကရိယရောင်ဦးမယ်။ အရေးပေါ်ကုသရပါတယ်။ ပန်ကရိယ(pancreas)ကို မြန်မာတွေက မုန့်ချိုအိတ်လို့ ဘာသာပြန်ပါတယ်။ သရက်ရွက်(spleen)နဲ့ မတူဘူး။ မုန့်ချိုအိတ်ဆိုတာ ဗိုက်ညာဘက်၊သရက်ရွက်က ဘယ်ဖက်မှာရှိတယ်။ သရက်ရွက်(spleen)ကြီးတာကို ဘေလုံးကြီးတာလို့ ခေါ်ပြန်တယ်။

သည်းခြေကျောက်ရှိ၊မရှိ အက်ထရာဆောင်း(ultrasound)ရိုက်ပြီး သိနိုင်တယ်။ လူအများစုက ဆေးစစ်ရင်း အမှတ်မထင်တွေ့တာ။ကံကောင်းတာက လူသုံးယောက်မှာ နှစ်ယောက်ဟာ ဘာလက္ခဏာမှ မပြလို့ ကုသဖို့မလိုအပ်ဘူး။ အကယ်၍ မခံမရပ်နိုင်အောင် ဗိုက်နာလာတဲ့အခြေအနေမျိုးမှာ ကုဖို့လိုတယ်။
အရေးပေါ်အခြေအနေမှာ ခွဲစိတ်ကုသဖို့ထိ လိုတယ်။ နည်းပညာမြင့်လာတော့ keyhole surgeryဆိုတဲ့နည်းနဲ့ ခွဲလာကြတယ်။ ဗိုက်မှာ အပေါက်လေးဖောက် ပြွန်ထိုးပြီး သည်းခြေအိတိကို ဖြတ်ထုတ်ယူရတယ်။ သည်းခြေအိတ်ထုတ် လိုက်တဲ့အတွက် ပြဿနာကြီးကြီးမားမားမရှိပါဘူး။ သည်းခြေရည်တွေကတော့ အစာရှိရှိ၊မရှိရှိ အူထဲကို အဆက်မပြတ်ထွက်နေတာကြောင့် အဆီစားများရင် အစာမကြေ၊ဝမ်းပျက်တာမျိုးခံစားရနိုင်တယ်။

သည်းခြေကျောက်တိုင်း ခွဲဖို့မလိုဘူး။ သိပ်မကြီးတဲ့ကျောက်တွေမှာ ပြင်ပကနေ လှိုင်းသုံးပြီး ကျောက်ခြေနိုင်တယ်။ ESWL(extracorporeal shock wave lithotripsy)လို့ခေါ်ပါတယ်။ စွမ်းအင်မြင့် အက်ထရာဆောင်းလှိုင်းကိုသုံးပြီး ကျောက်ခြေတဲ့နည်းပါ။ အရွယ်အစား ၂စင်တီမီတာအောက် တွေမှာ သုံးလို့ရတယ်။ ကောင်းတာက ခွဲစိတ်ဖို့ မလိုဘူး။ အသက်ကြီးသူတွေနဲ့ သင့်တော်တယ်။ တခြားနည်းက ကျောက်ပျော်ဆေး ပေးတာ။ သေးငယ်တဲ့ကိုလက်စတောကျောက်တွေမှာ ursodeoxycholic acid သောက်ဆေးပေးရင် ပျောက်ကင်းနိုင်တယ်။ အရွယ်အစား ၁စင်တီမီတာအောက်မှာ ၃၈ရာခိုင်နှုန်းအောင်မြင်ပြီး ပင်စိမ်းရွက်၊ပရုတ်အေးနဲ့ရောရင် ၅၃ရာခိုင်နှုန်းထိ အောင်မြင်တယ်။ ဆေးကို အနည်းဆုံး (၂)နှစ်လောက် သောက်ပေးရတယ်။ မကောင်းတာက ဆေးဖြတ်ပြီး ပြန်ဖြစ်နိုင်တယ်။

ကျောက်ရှိရင် ဘာတွေလုပ်သင့်လဲ
တရက်ကို အနည်းဆုံးရေ (၂)လီတာသောက်ပါ။ ဖြစ်စ (၂)ပတ်အတွင်း ရှောင်ရမည့်အစားအစာတွေ ရှိတယ်။ ထောပတ်၊ဒိန်ခဲ၊နွားနို့၊ရေခဲမုန့်၊ဘီစကစ်၊အခွံမာသီး၊အမဲသား၊ဝက်သား၊ဆိတ်သား၊ငါးသေတ္တာတွေ မစားပါနဲ့။ပြန်ကြော်ဆီ၊တိရိစ္ဆာန်ဆီ လုံးဝရှောင်ပါ။ အဆီများတာ၊သကြားဓာတ်ကဲတာတွေ ရှောင်ပါ။နှမ်းဆီ၊မြေပဲဆီ သန့်သန့်ကိုသာ သုံးပါ။ တရက်ကို ဆီလက်ဖက်ရည်တဇွန်းထက် ပိုမစားမိစေနဲ့။အစားအသောက်ထဲမှာ အမျှင်ဓာတ်များပါစေ။ သား၊ငါးတွေ အစား လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံကို အဓိကစားသုံးပေးသင့်တယ်။

အိမ်သုံးနည်းများ
(၁)
ပန်းသီးစိမ်းရည်က သည်းခြေကျောက်ကို အရည်ပျော်စေတယ်။
ပထမငါးရက်အတွင်း ပန်းသီးဖျော်ရည် ၄ခွက်(သို့)ပန်းသီးစိမ်း ၄လုံးကို နေ့စဉ် အချိန်မှန် စားရမှာဖြစ်တယ်။ ရေများများသောက်၊အဖတ် တတ်နိုင်သမျှ လျှော့ရမယ်။၆ရက်မြောက်နေ့မှာ ညစာမစားပဲ Epsom salt (ဆားခါး) လက်ဖက်ရည်ဇွန်းတဇွန်းကို ရေနွေးတခွက်နဲ့ ရောသောက်ပါ။ ဆားခါးက သည်းခြေပြွန်ကို ပွင့်စေတယ်။ည(၈)နာရီမှာ နောက်တကြိမ်ဆက်သောက်ပါ။ ည(၁၀)နာရီမှာ သံလွင်ဆီ ခွက်တဝက်စာကို ရှောက်ရည်ခွက် တဝက်နဲ့ရောပြီး သောက်ရမှာ ဖြစ်ပါတယ်။ သံလွင်ဆီက ကျောက်ထွက်တဲ့လမ်းကြောင်းကို ချောမွေ့စေတယ်။ ဒါပေမယ့် ဒီနည်းသုံးတဲ့အခါ ဝမ်းလွယ်သူ၊ဆားခါးမတဲ့သူတွေ သတိထားရမယ်။ သုံးစွဲသူအချို့က နောက်ရက်မှာ ဝမ်းနဲ့အတူ အစိမ်းရောင်ကျောက်တွေ ပါလာတာ တွေ့ရသတဲ့။

(၂)
နောက်တနည်းက သည်းခြေနေရာကို ကြက်ဆူဆီအဝတ် တင်ပေးရတာပါ။ ကြက်ဆူဆီကို ဒယ်အိုးတလုံးနဲ့ အပူပေး၊ ပြီးရင် သန့်တဲ့အဝတ်စတခုကို ယူပြီး ကြက်ဆူဆီထဲစိမ်ပါ။ စိမ်ထားတဲ့ အဝတ်ကို ဝမ်းဗိုက်ညာဖက်ခြမ်းမှာ တင်ထားပါ။ အဝတ်စပေါ် ပလတ်စတစ်တထပ်အုပ်ပြီး ရေနွေးအိတ်ကပ်ပေးပါ။အပူလျှော့သွားတိုင်း အသစ်လဲပါ။ ဒီအတိုင်း နာရီဝက်လောက် ကပ်ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုနေ့စဉ်လုပ်ပြီး (၃)ပတ်လောက်အကြာ ကောင်းသွားတဲ့လူနာတွေလည်း ရှိတယ်။

(၃)
သည်းခြေကျောက်ပျော်နည်းအများစုမှာ သံလွင်ဆီကို သုံးတာတွေ့တယ်။ တချို့က ပန်းသီးဖျော်ရည်၊ရှောက်သီးဖျော်ရည်နဲ့ ရောသောက်တယ်။ အနောက်နိုင်ငံတွေမှာ apple cigar vinegarကို နေ့စဉ် နည်းနည်းစီသောက်ခိုင်းတယ်။ဝိုင်သောက်တာလည်း ကောင်းသတဲ့။East Anglia တက္ကသိုလ်က လူပေါင်း ၂၅၆၃၉ ယောက်ကို ၁၀နှစ်ကြာလေ့လာတဲ့အခါ ဝိုင် ၂ယူနစ် နေ့စဉ်သောက်သုံးသူဟာ သည်းခြေကျောက်ဖြစ်နိုင်ချေ သုံးပုံတပုံထိ ကျဆင်းစေတယ်။ ဝိုင် ခွက်သေး တဝက်စာကို နေ့စဉ်သောက်သုံးခြင်းက ကျောက်မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခံစားရသူ ၄၀ရာခိုင်နှုန်း သက်သာစေတယ်။

(၄)
သည်းခြေသမား သစ်တော်သီး စားဖို့ အကြံပြုပါတယ်။ သစ်တော်သီးမှာပါတဲ့ pectinဓာတ်က သည်းခြေကျောက်ကို ပျော့သွားစေတယ်။ သစ်တော်သီးအရည် ခွက်တဝက်စာကို ရေနွေးနဲ့ရောပါ။ ပျားရည် ထမင်းစားဇွန်း(၂)ဇွန်း ရောပြီး တနေ့သုံးကြိမ်သောက်ပါ။ အခွံခွာ၊ပါးပါးလှီးပြီး ရေနဲ့ မိနစ်(၂၀)ခန့် ပြတ်ပြီး ပန်းကန်လုံးတလုံးစာ တနေ့နှစ်ကြိမ် (၂)ပတ်သောက်လို့လည်း ရတာပဲ။

(၅)
Psyllium ဆိုတာ အမျှင်ပါတဲ့ ဝမ်းပျော့ဆေးတမျိုးပါ။အူလမ်းကြောင်းကို သန့်စင်စေပြီး ကိုလက်စတောကို ချပေးတယ်။ သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးတယ်။ Psylliumအထုပ်ကို ရေများများနဲ့ဖျော်၊တနေ့(၂)ကြိမ်သောက်ရင် ကျောက်ပျော်စေသတဲ့။နနွင်းထည့်ရင် သည်းခြေရည်ရဲ့ပျော်ဝင်မှုကို အားကောင်းစေတယ်။

(၆)
Milk thistleဆိုတာ အသည်းရောဂါတွေမှာသုံးတယ်။ ဒီထဲမှာပါတဲ့ silymarinဓာတ်က ခါးသက်သက်အရသာရှိတယ်။ သည်းခြေရည်ကို ပိုထုတ်လုပ်ပေးလို့ သည်းခြေကျောက်တွေ ကျသွားနိုင်တယ်။milk thistleအစေ့ တဇွနိးစာကို ကြိတ်၊ရလာတာကို ရေနဲ့ရော အပူပေးပြီး မိနစ်(၂၀)နပ်ထား၊အရသာကောင်းအောင် ပျားရည်တဇွန်းထည့် တနေ့(၂)ကြိမ်သောက် ရင် သည်းခြေကျောက်ကျစေတယ်။ အသည်းအားဆေးတွေထဲမှာ ပါတဲ့ phosphatidylcholine 100mg တနေ့သုံးကြိမ်သောက်လို့လည်း ရတယ်။

(၇)
အသည်းအဆီဖုံးသူတွေ ရှောက်ရည်နေ့စဉ်သောက်ပေးပါ။ ရှောက်သီးမှာပါတဲ့ ဗီတာမင်စီက ကိုလက်စတောကို ရေထဲမှာ ပျော်ဝင်စေမယ်။အသည်းမှာရှိတဲ့ ကိုလက်စတောတွေကို ကျဆင်းစေတယ်။ ရှောက်သီးကို အခွံမခွာ၊သကြားမထည့်ပဲ အစိမ်းလိုက်ဝါးစားနိုင်တယ်။ နောက်တနည်းက ရှောက်ရည်ထမင်းစားဇွန်း (၄)ဇွန်းကို ရေတဖန်ခွက်နဲ့ရောပြီး မနက်အိပ်ရာထ အစာမရှိခင်သောက်ပါ။ (၆)လနေတဲ့အခါ ဓာတ်မှန်ရိုက်ကြည့်ပါ။ အသည်းအဆီဖုံးတာ သိသိသာသာသက်သာလာလိမ့်မယ်။

#ကျန်းမာ​ရေးဗဟုသုတရကြပါ​စေ🙏🙏🙏

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၉.၃.၁၅)

06/04/2025

ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် ကူညီကယ်တင်ပေးကြသူတွေအားလုံးကို မြန်မာတစ်နိုင်ငံလုံးပြည်သူလူထု တစ်ရပ်လုံး က ဒီကျေးဇူးတရားတွေကို ထာဝရ စွဲမြဲစွာ မှတ်မိနေတော့မှာပါ .....

ဘယ်တော့မှလည်း မေ့မရနိုင်ပါဘူး .....

ကျေးဇူးအများကြီးတင်ရပါတယ် ခင်ဗျာ 🙏

The entire Myanmar people will remember these acts of kindness forever for all those who helped and rescued the people of Myanmar who were affected by the earthquake.

We will never forget them.

Thank you very much. 🙏

對於所有幫助和拯救緬甸地震災區人民的人們,整個緬甸人民將永遠銘記這份感激之情…

我永遠不會忘記......非常感謝 🙏

ถึงทุกคนที่ช่วยเหลือและช่วยชีวิตชาวพม่าที่ได้รับผลกระทบจากแผ่นดินไหว ชาวเมียนมาร์ทั้งหมดจะจดจำความกตัญญูนี้ตลอดไป.....

ผมจะไม่มีวันลืมมันเลย.....

ขอบคุณมากครับ 🙏

Всем тем, кто помог и спас народу Бирмы, пострадавшему от землетрясения, весь народ Мьянмы навсегда запомнит эту благодарность.....

Я никогда этого не забуду.....

Спасибо большое 🙏

지진으로 피해를 입은 버마 국민들을 돕고 구해주신 모든 분들께, 미얀마 전 국민은 이 감사의 마음을 영원히 기억할 것입니다....

절대 잊지 않을게요.....

정말 감사합니다 🙏

地震で被害を受けたビルマの人々を助け、救ってくれたすべての人々へ、ミャンマー国民全員がこの感謝の気持ちを永遠に忘れないでしょう。

決して忘れません....本当にありがとう 🙏

Kepada semua pihak yang telah membantu dan menyelamatkan masyarakat Burma yang terkena dampak gempa, seluruh rakyat Myanmar akan selalu mengingat rasa terima kasih ini.....

Saya tidak akan pernah melupakannya..... Terima kasih banyak 🙏

Kepada semua pihak yang membantu dan menyelamatkan rakyat Burma yang dilanda gempa bumi, seluruh rakyat Myanmar akan mengenang budi ini sampai bila-bila.....

Saya tidak akan melupakannya..... Terima kasih banyak-banyak 🙏

Đối với tất cả những người đã giúp đỡ và cứu người dân Miến Điện bị ảnh hưởng bởi trận động đất, toàn thể người dân Myanmar sẽ mãi mãi ghi nhớ lòng biết ơn này.....

Tôi sẽ không bao giờ quên nó..... Cảm ơn bạn rất nhiều 🙏

Address

14, Lanthit Road
Insein

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959403077718

Website

Alerts

Be the first to know and let us send you an email when Yama Fuji Blind Massage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram