Flexicare Glove Myanmar

Flexicare Glove Myanmar အရည်အသွေးမှာ စိတ်ချသုံး Flexicare လက်အိတ်
(300)

လက်ဆေးထားတယ်ဆိုတိုင်း လက်က တကယ်သန့်ပြီလို့ ယုံကြည်လို့ရရဲ့လား ⁉️နေရာတိုင်း မျက်နှာပြင်တိုင်းမှာ မမြင်ရတဲ့ပိုးမွှားတွေ ကပ...
18/11/2025

လက်ဆေးထားတယ်ဆိုတိုင်း လက်က တကယ်သန့်ပြီလို့ ယုံကြည်လို့ရရဲ့လား ⁉️

နေရာတိုင်း မျက်နှာပြင်တိုင်းမှာ မမြင်ရတဲ့ပိုးမွှားတွေ ကပ်နေနိုင်တယ်ဆိုရင် လက်ပေါ်မှာရော ရှိမနေဘူးလို့ မပြောနိုင်ပါဘူး🦠

ဒီတော့ ဟင်းချက်တော့မယ့်အခါဖြစ်ဖြစ် သန့်ရှင်းစွာထိတွေ့ ကိုင်တွယ်ရမယ့်အရာတွေကို လုပ်ဆောင်တဲ့အခါမှာဖြစ်ဖြစ် စိတ်ချရချင်တယ်ဆိုရင်တော့ လက်အိတ်ဝတ်ပြီးမှ ကိုင်တွယ်တာက အကောင်းဆုံးပါပဲ 🧤

လက်အိတ်ဝတ်ပြီး ကိုင်တွယ်တယ်ဆိုတဲ့အခါမှာလည်း အရည်အသွေးကောင်းတဲ့လက်အိတ်ကိုရွေးချယ်အသုံးပြုသင့်တာကြောင့် လက်အိတ်နဲ့ပတ်သက်လာရင် အရည်အသွေးမြင့်ပြီး စိတ်ချရတဲ့ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 လက်အိတ်တွေကို အသုံးပြုဖို့ အကြံပေးလိုက်ပါတယ်နော် 😉

📌 မှာယူရန် link - https://m.me/103193525751178

မြန်မာတစ်နိုင်ငံလုံး ဘယ်နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ

☎️ ဆက်သွယ်ရန် - 09 444479899, 09 796535533





လက်အိတ်ရဲ့အရည်အသွေးကို စစ်ဆေးလို့ရနိုင်တဲ့ အချက်(၅)ချက်အကြောင်းကို ဒီနေ့မှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ် 👇🏻၁။ မျက်မြင်စစ်ဆေ...
12/11/2025

လက်အိတ်ရဲ့အရည်အသွေးကို စစ်ဆေးလို့ရနိုင်တဲ့ အချက်(၅)ချက်အကြောင်းကို ဒီနေ့မှာ မျှဝေပေးသွားမှာ ဖြစ်ပါတယ် 👇🏻

၁။ မျက်မြင်စစ်ဆေးခြင်း (Visual Check)
▪️ စုတ်ပြဲခြင်း၊ ပေါက်ပြဲခြင်း၊ အက်ကွဲခြင်းများ ရှိမရှိ စစ်ဆေးကြည့်ပါ။
▪️ ချုပ်ရိုးများကို စစ်ဆေးပါ — ချုပ်ရိုးတွေက ကျစ်လစ်ပြီး အားစိုက်သုံးရမယ့်နေရာမျိုးတွေမှာ အားဖြည့်ချုပ်ထားသင့်ပါတယ်။

၂။ ပျော့ပြောင်းမှုနှင့် ကိုက်ညီမှု စမ်းသပ်ခြင်း (Flex & Fit Test)
▪️ လက်အိတ်ကို ဝတ်ဆင်ပြီး လက်ချောင်းများနဲ့ လက်ကောက်ဝတ်ကို လှုပ်ရှားကြည့်ပါ။
▪️ အရည်အသွေးကောင်းတဲ့ လက်အိတ်က ကျပ်ထုပ်နေစေရပါမယ်၊ လွယ်ကူစွာ ကွေးနိုင်ရပါမယ်၊ စမ်းသပ်ပြီးတဲ့အခါမှာလည်း ပုံစံမပျက် ပြန်ဖြစ်ရပါမယ်။

၃။ ခံနိုင်ရည် စမ်းသပ်ခြင်း (Strength Test)
▪️ ဆွဲကြည့်ပါ (Tear) : လက်ချောင်းများ သို့မဟုတ် လက်ဖဝါးကို ညင်သာစွာ ဆွဲကြည့်ပါ။
▪️ ဆန့်ကြည့်ပါ (Stretch - ရာဘာ/လက်တက်) : ပျော့ပြောင်းမှုကို စစ်ဆေးဖို့အတွက် ပစ္စည်းကို ဆန့်ကြည့်ပါ။

၄။ ဆုပ်ကိုင်မှုနှင့် မျက်နှာပြင် စစ်ဆေးခြင်း (Grip & Surface Check)
▪️ လက်အိတ်က ချော်ထွက်ခြင်း ရှိမရှိ သိရှိနိုင်ဖို့အတွက် အရာဝတ္ထုများကို ကိုင်ကြည့်ပါ။
▪️ လက်အိတ်ရဲ့ လက်ဖဝါးနဲ့ လက်ချောင်းများမှာ အဖုအထစ်ပါရှိခြင်းက ကိုင်တွယ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

၅။ ယိုစိမ့်မှုနှင့် ပစ္စည်း စမ်းသပ်ခြင်း (Leak & Material Test)
▪️ ရေ/လေ စမ်းသပ်ခြင်း : လက်အိတ်ထဲကို ရေ သို့မဟုတ် လေကို ဖြည့်ကြည့်ပါ — အရည်အသွေးကောင်းတဲ့လက်အိတ်က ယိုစိမ့်မှု မရှိရပါဘူး။
▪️ လက်အိတ်ကို အနံ့ခံကြည့်ပါ : ပြင်းထန်တဲ့ ဓာတုအနံ့များပါဝင်နေတဲ့ လက်အိတ်မျိုးကို ရှောင်သင့်ပါတယ်။

အပေါ်မှာပြောပြခဲ့တဲ့ အချက် ၅ ချက်လုံးနဲ့ကိုက်ညီတဲ့ လက်အိတ်မျိုးက အရည်အသွေးမြင့်မား၊ တာရှည်ခံပြီး ဘေးကင်းစေမှာဖြစ်တဲ့အတွက် လက်အိတ်ဝယ်တဲ့အခါ ဒီအချက်တွေကိုစမ်းသပ်ကြည့်ပြီး ဝယ်ကြဖို့အကြံပြုလိုက်ပါတယ် 🥰

📌 မှာယူရန် link - https://m.me/103193525751178

မြန်မာတစ်နိုင်ငံလုံး ဘယ်နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ

☎️ ဆက်သွယ်ရန် - 09 444479899, 09 796535533







ယနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့မှာ Customer များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သ...
04/11/2025

ယနေ့ကျရောက်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့မှာ Customer များအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်ရှိကြပါစေကြောင်း 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏🏻✨





ဒီနေ့မှာတော့ 𝐃𝐢𝐬𝐩𝐨𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေနဲ့ 𝐑𝐞𝐮𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေရဲ့ ကွာခြားချက်တွေကို ပြောပြသွားမှာပါ 💁‍♀️👉 𝐃𝐢𝐬𝐩𝐨𝐬𝐚𝐛𝐥𝐞 လက်အိတ်ဆ...
29/10/2025

ဒီနေ့မှာတော့ 𝐃𝐢𝐬𝐩𝐨𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေနဲ့ 𝐑𝐞𝐮𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေရဲ့ ကွာခြားချက်တွေကို ပြောပြသွားမှာပါ 💁‍♀️

👉 𝐃𝐢𝐬𝐩𝐨𝐬𝐚𝐛𝐥𝐞 လက်အိတ်ဆိုတာကတော့ တစ်ခါသုံးလက်အိတ်ဖြစ်ပြီး နာမည်အတိုင်းပဲ ပြန်အသုံးပြုလို့မရဘဲ တစ်ခါသုံးပြီး စွန့်ပစ်ရတဲ့ လက်အိတ်တွေပဲ ဖြစ်ပါတယ်

👉 𝐑𝐞𝐮𝐬𝐚𝐛𝐥𝐞 လက်အိတ်ဆိုတာကတော့ ပြန်အသုံးပြုနိုင်တဲ့လက်အိတ်ဖြစ်ပြီး ပြန်လည်သန့်စင်ကာ ထပ်ခါထပ်ခါ အသုံးပြုလို့ရနိုင်တဲ့ လက်အိတ်တွေ ဖြစ်ပါတယ်

ဒီလက်အိတ်နှစ်ခုဟာ ပုံစံလည်း ကွာခြားမှုရှိသလို ထုတ်လုပ်ထားတဲ့ ရည်ရွယ်ချက်လည်း ကွာခြားမှုရှိပါတယ်

🔺 𝐃𝐢𝐬𝐩𝐨𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေက ပါးလွှာပြီး 𝐑𝐞𝐮𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေကတော့ ထူထဲပါတယ်

🔺 ကာကွယ်မှုအပိုင်းမှာလည်း 𝐃𝐢𝐬𝐩𝐨𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေက အညစ်အကြေးတွေ၊ ရောဂါပိုးမွှားတွေရဲ့ကူးစက်မှုကနေ ကာကွယ်ဖို့ အဓိကထုတ်လုပ်ထားပါတယ်။ ဒါကြောင့် မသုံးမဖြစ် အသုံးများတဲ့နေရာတွေကတော့ ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းနဲ့ အစားအသောက်တွေကို ပြင်ဆင်တဲ့နေရာတွေမှာ အသုံးများပါတယ်

🔺𝐑𝐞𝐮𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေကတော့ ပြင်းထန်တဲ့ ဓာတုပစ္စည်း၊ အပူဒဏ်၊ ပွန်းပဲ့ဒဏ်တွေကို ကာကွယ်နိုင်ဖို့ အဓိကထုတ်လုပ်ထားပါတယ်။ ဒါကြောင့် 𝐑𝐞𝐮𝐬𝐚𝐛𝐥𝐞 လက်အိတ်ကို မသုံးမဖြစ် အများဆုံးသုံးကြတဲ့နေရာတွေကတော့ သန့်ရှင်းရေး၊ စက်မှုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သုံးကြပါတယ်

အခုဆိုရင် 𝐃𝐢𝐬𝐩𝐨𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေနဲ့ 𝐑𝐞𝐮𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေရဲ့ထုတ်လုပ်ထားတဲ့ ရည်ရွယ်ချက်တွေကိုလည်း ပြောပြခဲ့ပြီဆိုတော့ လိုအပ်တဲ့နေရာတွေမှာ တကယ်လိုအပ်တဲ့ လက်အိတ်အမျိုးအစားကို သေချာ ရွေးချယ်ပြီး သုံးနိုင်ကြမယ်လို့ ယုံကြည်ပါတယ် 💯

ဒါ့အပြင် အရည်အသွေးကောင်းမွန်စိတ်ချရပြီး 𝐅𝐃𝐀 အသိမှတ်ပြု 𝐃𝐢𝐬𝐩𝐨𝐬𝐚𝐛𝐥𝐞 လက်အိတ်တွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ကို ရွေးချယ်လိုက်ပါနော် ✅

📌 မှာယူရန် Link - https://m.me/103193525751178

မြန်မာတစ်နိုင်ငံလုံး ဘယ်မြို့နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ 📍

☎️ ဆက်သွယ်ရန် - 09 444479899, 09 796535533










🧤 တစ်ခါသုံးလက်အိတ်တွေဟာ သွေး၊ အရည်၊ ရောဂါပိုးရှိတဲ့ မျက်နှာပြင်၊ အဆိပ်အတောက် အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့တဲ့အခါ ...
21/10/2025

🧤 တစ်ခါသုံးလက်အိတ်တွေဟာ သွေး၊ အရည်၊ ရောဂါပိုးရှိတဲ့ မျက်နှာပြင်၊ အဆိပ်အတောက် အန္တရာယ်ရှိတဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့တဲ့အခါ ကာကွယ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်

ဆိုတော့ တစ်ခါသုံးလက်အိတ် သုံးသင့်တဲ့နေရာတွေမှာ အသုံးမပြုရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်လဲ ❓

🏥 ကျန်းမာရေးဌာနတွေမှာ တစ်ခါသုံးလက်အိတ်ကို စနစ်တကျအသုံးမပြုရင် လူနာတွေဆီက ရောဂါပိုးတွေ ကူးစက်ခံရနိုင်ပါတယ်။ အထူးသဖြင့် သွေး၊ အရေပြား၊ အဆုတ်၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပါတယ်

♨️ အစားအသောက်လုပ်ငန်းတွေမှာဆိုရင်တော့ တစ်ခါသုံးလက်အိတ်ကို အသုံးမပြုတဲ့အခါ လက်ကပါလာတဲ့ ဘတ်တီးရီးယားတွေက စားသုံးသူတွေဆီကို တိုက်ရိုက်ရောက်ရှိသွားနိုင်ပါတယ်။ အဲဒီကတစ်ဆင့် လူတွေကြားထဲကို တစ်ဦးနဲ့တစ်ဦး ဆက်ဆံထိတွေ့ရာမှ အစုလိုက်အပြုံလိုက် ကူးစက်မှုတွေ ဆက်တိုက်ဖြစ်တတ်ပါတယ်

🕸️ ညစ်ပတ်တဲ့နေရာတွေမှာ အလုပ်လုပ်သူတွေ (ဥပမာ- သန့်ရှင်းရေးဝန်ထမ်းတွေ) တစ်ခါသုံးလက်အိတ်ကို စနစ်တကျ အသုံးမပြုရင် အရေပြားရောဂါတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ကူးစက်ခံရနိုင်ပြီး ရေရှည်မှာတော့ ကျန်းမာရေးဆိုးရွားလာကာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်

🏭 စက်ရုံ၊ အလုပ်ရုံတွေမှာ တစ်ခါသုံးလက်အိတ်ကို စနစ်တကျ အသုံးမပြုရင်တော့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်သလို၊ တခြားမတော်တဆမှု အန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။ ဘုံအသုံးပြုရတဲ့ စက်ယန္တရားနဲ့ပစ္စည်းကိရိယာတွေမှာ ပါလာတဲ့ ရောဂါပိုးတွေက အသုံးပြုသူတွေဆီကို ကပ်ငြိကူးစက်နိုင်သလို ဓာတုပစ္စည်းတွေကြောင့် လက်အရေပြားမှာ ဒဏ်ရာတွေ၊ အနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အဲဒီ ဒဏ်ရာ၊ အနာတွေထဲကိုလည်း ရောဂါပိုးဝင်ပြီး ပိုမိုဆိုးရွားသွားစေနိုင်ပါသေးတယ်

ဒါကြောင့် တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုသင့်တဲ့နေရာတွေမှာ အရည်အသွေးစိတ်ချရပြီး ကာကွယ်မှုအပြည့်အဝပေးနိုင်တဲ့ တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ဆီ ရောဂါပိုးတွေမကူးစက်အောင် တားဆီးနိုင်ပါတယ် ✅

ဒါဆိုရင်တော့ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 လက်အိတ်တွေရှိတာမို့ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 နဲ့ဆိုရင် ယုံကြည်စိတ်ချစွာနဲ့ ကာကွယ်နိုင်ပါတယ်နော် 💯

📌 မှာယူရန် Link - https://m.me/103193525751178
မြန်မာတစ်နိုင်ငံလုံး ဘယ်မြို့နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ

☎️ ဆက်သွယ်ရန် - 09 444479899, 09 796535533










🫳 လက်ဆိုတာ နေရာအနှံ့ကို ထိတွေ့ကိုင်တွယ်နေရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်လက်မှာ B...
12/10/2025

🫳 လက်ဆိုတာ နေရာအနှံ့ကို ထိတွေ့ကိုင်တွယ်နေရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်လက်မှာ Bacteria တွေ၊ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ Chemical တွေ ကပ်ငြိနေနိုင်ပါတယ် 🦠

👉 နေ့စဉ် လုပ်ငန်းခွင်ဝင်နေရတဲ့သူတွေအတွက်တော့ တစ်ခါသုံး လက်အိတ်တွေဟာ Bacteria နဲ့ Chemical တွေကို ကာကွယ်နိုင်ဖို့ရော၊ ထိခိုက်ဒဏ်ရာတွေကို ကာကွယ်ဖို့ရော အရေးပါပါတယ်

ဒီအတွက် FDA အသိအမှတ်ပြု အရည်အသွေးစိတ်ချရတဲ့ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ကတော့ လုပ်ငန်းခွင်အတွင်း မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မရှိရအောင် ကာကွယ်ပေးနိုင်ပါတယ် ✔️

ဒါ့အပြင် Bacteria နဲ့ Chemical တွေကိုလည်း အပြည့်အဝကာကွယ်ပေးနိုင်တာကြောင့် အလုပ်ခွင်မှာ အာရုံစိုက်ကြိုးစားနေသူတိုင်းအတွက် စိတ်ချလုံခြုံမှုကို အပြည့်အဝပေးနိုင်မှာဖြစ်ပါတယ် 💯

📌 မှာယူရန် Link - https://m.me/103193525751178

မြန်မာတစ်နိုင်ငံလုံး ဘယ်မြို့နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ 📍

☎️ ဆက်သွယ်ရန် - 09 444479899, 09 796535533







🌕 ယနေ့ (၁၃၈၇) ခု သီတင်းကျွတ်လ (၁၅) ရက်နေ့တွင်ကျရောက်သော အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် (၇) ရက်သားသမီးများအာ...
06/10/2025

🌕 ယနေ့ (၁၃၈၇) ခု သီတင်းကျွတ်လ (၁၅) ရက်နေ့တွင်ကျရောက်သော အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် (၇) ရက်သားသမီးများအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းကြပြီး စီးပွားဥစ္စာများ ဒီရေအလားတိုးပွားကြပါစေကြောင်း 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 𝐆𝐥𝐨𝐯𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 က ဆု‌မွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙆🏻‍♀️




#သီတင်းကျွတ်လပြည့်

💢 တစ်ခါသုံးလက်အိတ်တွေကို ရွေးချယ်တဲ့နေရာမှာ 'Quality' တစ်နည်းအားဖြင့် 'အရည်အသွေး' က အလွန်အရေးကြီးပါတယ်𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ရဲ့လက်အိ...
27/09/2025

💢 တစ်ခါသုံးလက်အိတ်တွေကို ရွေးချယ်တဲ့နေရာမှာ 'Quality' တစ်နည်းအားဖြင့် 'အရည်အသွေး' က အလွန်အရေးကြီးပါတယ်

𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ရဲ့လက်အိတ်တွေအားလုံးဟာလည်း 𝐈𝐒𝐎 နဲ့ 𝐅𝐃𝐀 𝐀𝐩𝐩𝐫𝐨𝐯𝐞𝐝 ရထားပြီးသားပါပဲ 💯

ဒါဆို 𝐈𝐒𝐎 နဲ့ 𝐅𝐃𝐀 ဆိုတာဘာလဲ ❓❓❓

🌏 𝐈𝐒𝐎 ( 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐟𝐨𝐫 𝐒𝐭𝐚𝐧𝐝𝐚𝐫𝐝𝐢𝐳𝐚𝐭𝐢𝐨𝐧)

𝐈𝐒𝐎 ဆိုတာဟာ ကမ္ဘာတစ်လွှမ်းကိုဖြန့်ချီတဲ့ Products တွေရဲ့ စံချိန်စံညွှန်းတွေကို ကမ္ဘာ့စံချိန်မှီအရည်အသွေးဖြစ်ရဲ့လားဆိုတာ သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတစ်ခုပါ။

🥢 𝐅𝐃𝐀 (𝐅𝐨𝐨𝐝 𝐚𝐧𝐝 𝐃𝐫𝐮𝐠𝐬 𝐀𝐝𝐦𝐢𝐧𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 - 𝐔𝐒𝐀)

𝐅𝐃𝐀 ဆိုတာကတော့ စားသောက်ကုန်နဲ့ ဆေးပစ္စည်းတွေထုတ်လုပ်တဲ့အခါ အဆိုပါပစ္စည်းတွေထဲမှာ အသုံးပြုသူရဲ့ကျန်းမာရေးကိုထိခိုက်စေမယ့်အရာတွေ ပါဝင်ပစ္စည်းတွေ ပါ၊ မပါကိုစစ်ဆေးအတည်ပြုပေးတဲ့အဖွဲ့အစည်းတစ်ခုပါပဲ။

📌 ဒီလိုကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ထောက်ခံချက်ကို အပြည့်အဝရရှိထားတဲ့ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ရဲ့လက်အိတ်တွေဟာ ‌နယ်ပယ်တိုင်းမှာအသုံးဝင်ပြီး အရည်အသွေးနဲ့ပတ်သက်လာရင်လည်း စိတ်ချယုံကြည်ရ‌တာမို့လို့ လက်အိတ်နဲ့ပတ်သက်လာရင် 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 𝐆𝐥𝐨𝐯𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကိုသာ သတိရလိုက်ပါနော် 🫶

📌 မှာယူရန် link - https://m.me/103193525751178

မြန်မာတစ်နိုင်ငံလုံး ဘယ်နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ

☎️ ဆက်သွယ်ရန် - 09 444479899, 09 796535533











စားဖိုမှူးကောင်းတစ်ယောက်အနေနဲ့  ဟင်းပွဲတွေချက်ပြုတ်တဲ့အခါမှာ သန့်ရှင်းမှုကိုဦးစားပေးစဉ်းစားဖို့လည်းလိုပါတယ် 🫧ဒီလိုသန့်ရှ...
18/09/2025

စားဖိုမှူးကောင်းတစ်ယောက်အနေနဲ့ ဟင်းပွဲတွေချက်ပြုတ်တဲ့အခါမှာ သန့်ရှင်းမှုကိုဦးစားပေးစဉ်းစားဖို့လည်းလိုပါတယ် 🫧

ဒီလိုသန့်ရှင်းမှုကိုစဉ်းစားရာမှာ ဟင်းချက်တဲ့အခါအသုံးပြုတဲ့လက်အိတ်ကိုလည်း ထည့်သွင်းစဉ်းစားရပါတယ် 🧤

𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ရဲ့ Nitrile လက်အိတ်တွေဟာဆိုရင် man-made ရာဘာနဲ့ပြုလုပ်ထားပြီး ဝတ်ရတာသက်တောင့်သက်သာရှိတဲ့အပြင် အလွယ်တကူမပေါက်ပြဲတဲ့အတွက် စားဖိုမှူးတို့အနေနဲ့အသုံးပြုဖို့သင့်တဲ့လက်အိတ်ပဲဖြစ်ပါတယ် 🔵

အပူဒဏ်ကိုခံနိုင်တဲ့အတွက် စားဖိုမှူးတို့အတွက်အသင့်တော်ဆုံးလက်အိတ်ဖြစ်တာကြောင့် စားတော်ကဲတို့လက်အိတ်အတွက်ရွေးချယ်မယ်ဆိုရင် 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ပဲနော် ✅

📌မှာယူရန် link - https://m.me/103193525751178 မြန်မာတစ်နိုင်ငံလုံး ဘယ်နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ

☎️ဆက်သွယ်ရန် - 09 444479899, 09 796535533





တစ်ခါသုံးလက်အိတ်တွေဟာ သာမန်အလှဝတ်ရတဲ့လက်အိတ်တွေမဟုတ်ပါဘူး 🧤တစ်ခါသုံးလက်အိတ်ဆိုတဲ့နာမည်အတိုင်းပဲ ဒီလက်အိတ်တွေကို မဖြစ်မနေ...
09/09/2025

တစ်ခါသုံးလက်အိတ်တွေဟာ သာမန်အလှဝတ်ရတဲ့လက်အိတ်တွေမဟုတ်ပါဘူး 🧤

တစ်ခါသုံးလက်အိတ်ဆိုတဲ့နာမည်အတိုင်းပဲ ဒီလက်အိတ်တွေကို မဖြစ်မနေအသုံးပြုရမယ့်နေရာတွေရှိနေပါတယ်

ဘယ်လိုနေရာတွေမှာ အသုံးပြုသင့်တာလဲ ❓❓❓

🏥 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥, 𝐂𝐥𝐢𝐧𝐢𝐜

လူနာတွေရဲ့လုံခြုံမှုကိုဦးစားပေးပြီး အကာအကွယ်တစ်ခု‌အနေနဲ့ မဖြစ်မနေအသုံးပြုရပါမယ်

🍱 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭

စားသုံးသူတွေကို ဝန်ဆောင်မှုပေးတဲ့အခါမှာ သန့်ရှင်းစင်ကြယ်မှုရှိစေဖို့အတွက်ရည်ရွယ်ပြီး စားဖိုမှူးတွေနဲ့ အစားအသောက်တာဝန်ရှိသူတိုင်း သုံးသင့်ပါတယ်

🧴 𝐁𝐞𝐚𝐮𝐭𝐲 & 𝐒𝐩𝐚

Hair Salon တွေ Beauty Salon တွေဟာ Chemical တွေနဲ့အမြဲထိတွေ့နေရတဲ့သူတွေဖြစ်တာမို့ ကိုယ့်ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသုံးပြုသင့်ပါတယ်

🧪 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲, 𝐅𝐚𝐜𝐭𝐨𝐫𝐲

Chemical တွေနဲ့ထိတွေ့လုပ်ကိုင်နေရတဲ့လုပ်သားတွေအတွက် မဖြစ်‌မနေ အသုံးပြုသင့်ပါတယ်

🗣️ တစ်ခါသုံးလက်အိတ်တွေကိုဖန်တီးခဲ့တဲ့ရည်ရွယ်ချက်ကလည်း လူတိုင်းရဲ့ကျန်းမာရေးကိုရှေးရှုပြီး ဘယ်လိုနည်းနဲ့မှ ထိခိုက်မှုမရှိစေရအောင် ဖန်တီးထုတ်လုပ်ခဲ့တာမို့လို့ မဖြစ်မနေသုံးရမယ့်နေရာမှာ အသုံးပြုကိုပြုသင့်ပါတယ်နော်

💢 ဒီလိုမျိုး နယ်ပယ်တိုင်းအတွက်သင့်လျော်တဲ့ အရည်အသွေးမြင့်လက်အိတ်တွေကို ‌တစ်နေရာတည်းကနေ မှာယူချင်တယ်ဆိုရင်တော့ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 𝐆𝐥𝐨𝐯𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 က အားလုံးအတွက် အဆင်သင့်ရှိနေပါတယ် 🤗

📌 မှာယူရန် link - https://m.me/103193525751178

မြန်မာတစ်နိုင်ငံလုံး ဘယ်နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ

☎️ ဆက်သွယ်ရန် - 09 444479899, 09 796535533







👉Nitrile လား Latex လား 💯Premium Quality လက်အိတ်ဆိုရင် Flexicare ကိုမှာယူလို့ရပါပြီ💆‍♀️ထိတွေ့ကိုင်တွယ်ရတာများတဲ့ လုပ်ငန်း...
05/09/2025

👉Nitrile လား Latex လား 💯Premium Quality လက်အိတ်ဆိုရင် Flexicare ကိုမှာယူလို့ရပါပြီ

💆‍♀️ထိတွေ့ကိုင်တွယ်ရတာများတဲ့ လုပ်ငန်းတွေမှာ လက်အိတ်အရမ်းမထူဘဲ အသုံးပြုသူတွေကိုထိတွေ့မှု အာရုံခံနိုင်စွမ်းပိုကောင်းစေမယ့် Latex လက်အိတ်

🧫ချွန်ထက်တဲ့အရာဝတ္ထုပစ္စည်းတွေနဲ့ ဆေးဝါးဓာတုပစ္စည်းတွေကို ကိုင်တွယ်ရတဲ့လုပ်ငန်းတွေမှာ လက်အိတ်အသားထူပြီး အလွယ်တကူမပေါက်ပြဲနိုင်တဲ့ Nitrile လက်အိတ်

Size (S/M/L)အစုံအလင် Instock မှာယူနိုင်ပါတယ်ရှင့်

ထိုင်းနိုင်ငံထုတ် Flexicare လက်အိတ်တွေဟာ သဘာဝရာဘာနဲ့ ပြုလုပ်ထားပြီး ဝတ်လိုက်တာနဲ့ မထူမပါး နဲ့ ဆွဲနိုင်ဆန့်နိုင်အားကောင်းလို့ ဝတ်ရတာသက်တောင့်သက်သာရှိစေပါတယ်

အရောင်အားဖြင့်

👉Latex လက်အိတ်ထဲမှာဆို အဖြူရောင်

👉Nitrile လက်အိတ်ထဲမှာဆိုရင် အပြာ/ခရမ်း/အနက်/ပန်းရောင်

မြန်မာနိုင်ငံရော ထိုင်းနိုင်ငံမှာပါ FDA ရပြီးသားဖြစ်ပြီး အပူဒဏ်ခံနိုင်လို့ စားသောက်ကုန်လုပ်ငန်းတွေအတွက်လည်း အထူးအဆင်ပြေပါတယ်

လက်လီလက်ကားပြန်လည်ရောင်းချလိုသူများလည်း Dealer စျေးဖြင့်ဝယ်ယူအားပေးနိုင်ပါပြီ။

မြန်မာတစ်နိုင်ငံလုံးရဲ့ဘယ်နေရာကပဲဖြစ်ဖြစ် Order မှာယူပြီးနှစ်ရက်အတွင်းပို့ဆောင်ပေးပါတယ်။

ဆက်သွယ်ရန် - ☎
09 444479899
09 796535533



𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ဟာ ဈေးကွက်ထဲမှာရပ်တည်လာခဲ့တာ အချိန်တွေကြာမြင့်လာခဲ့ပါပြီ ⌛ဒါပေမယ့်လည်း အချိန်တွေဘယ်လောက်ပဲကြာကြာ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 က C...
15/08/2025

𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ဟာ ဈေးကွက်ထဲမှာရပ်တည်လာခဲ့တာ အချိန်တွေကြာမြင့်လာခဲ့ပါပြီ ⌛

ဒါပေမယ့်လည်း အချိန်တွေဘယ်လောက်ပဲကြာကြာ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 က Customer တစ်ယောက်ချင်းစီနဲ့ ကိုယ့် Product အပေါ်ထားရှိတဲ့ ကတိကို ခုချိန်ထိ တည်မြဲအောင် ကြိုးစားနေဆဲပါပဲ 🫶

နှစ်,လရာသီတွေ ဘယ်လိုပဲပြောင်းသွားပါစေ 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ရဲ့ရပ်တည်မှုဟာ မပြောင်းမလဲတည်မြဲနေတဲ့အပြင် အကောင်းမွန်ဆုံးသော Quality နဲ့ သက်ဆိုင်ရာလုပ်ငန်းခွင်တိုင်းမှာ အကြမ်းခံမြဲ စိတ်ချလက်ချအသုံးပြုလို့ရဆဲပါ 💯

💢 နောင်နှစ်ပေါင်းများစွာကြာသည့်တိုင်လည်း လူတိုင်း၊ နယ်ပယ်တိုင်းအတွက် 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 ဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်နေရအောင် ရပ်တည်နေဦးမှာပဲမို့လို့ လက်အိတ်နဲ့ ပတ်သက်လာရင် 𝐅𝐥𝐞𝐱𝐢𝐜𝐚𝐫𝐞 𝐆𝐥𝐨𝐯𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကိုသာ သတိရလိုက်ပါနော် 🤗

📌 မှာယူရန် link - https://m.me/103193525751178

မြန်မာတစ်နိုင်ငံလုံး ဘယ်နယ်မဆို Order မှာယူပြီး နှစ်ရက်အတွင်း ပို့ဆောင်ပေးနေပါပြီ

☎️ ဆက်သွယ်ရန် - 09 444479899, 09 796535533







Address

Thazin Street
Kamayut
14051

Telephone

+959444479899

Website

Alerts

Be the first to know and let us send you an email when Flexicare Glove Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Flexicare Glove Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram