NANN MAHAR Medical Center

NANN MAHAR Medical Center နန်းမဟာ ဆေးခန်းမှ အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးသွားဖို့ အဆင်သင့်ပါပဲ

📣📣📣Open Now📣📣📣ပြည်သူများ၏ကျန်းမာရေးအား ကူညီစောင့်ရှောက်ပေးနိုင်ရန်အတွက် နန်းမဟာ ဆေးခန်းအား ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၆) ရက်န...
12/06/2021

📣📣📣Open Now📣📣📣
ပြည်သူများ၏ကျန်းမာရေးအား ကူညီစောင့်ရှောက်ပေးနိုင်ရန်အတွက်
နန်းမဟာ ဆေးခန်းအား ၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၆) ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးသွားပါမည်။

👨‍⚕️👩‍⚕️ရောဂါ ကဏ္ဍအမျိုးမျိုးအတွက် နယ်ပယ်အသီးသီးက ကျွမ်းကျင်တဲ့ MO/ Specialist တွေအများကြီး
နန်းမဟာမှာ ဆေးခန်းထိုင်လျက်ရှိနေပါတယ်...

နန်းမဟာဆေးဆိုင်တွင် အမျိုးအစားစုံလင်တဲ့ 💉ဆေးပစ္စည်း၊ 💊 ဆေးဝါးများကို အချိုသာဆုံး အတန်ဆုံး ဈေးနှုန်းများဖြင့် တစ်ချိန်တည်း ၊ တစ်နေရာတည်းမှာ ဝယ်ယူရရှိနိုင်ပြီး ဝယ်ယူသူများအတွက် ရန်ကုန်တစ်မြို့လုံးသို့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေပါပြီ 🚚📣

ဒါတင်ဘယ်ကမလဲ ‼️
Ultrasound, X-Ray, ECG အပြင် သွေးစစ်ဆေးခြင်း စတဲ့ ဝန်ဆောင်မှုများကိုလည်း
တစ်နေရာထဲမှာ ရယူနိုင်ပါတယ်. . .

ကဲ...ဒါဆို မိဘပြည်သူညီကိုမောင်နှမများ ဘေးဘယာ ဝေးကွာကြဖို့
နန်းမဟာက ဆရာဝန်ကြီးများနှင့် တွေ့ဆုံပြီး ကျန်းမာရေး ဆွေးနွေးကုသမှုများ ရယူရန်အတွက်
အောက် က ဆေးခန်းထိုင်တဲ့အချိန် ကို ကြည့်ဖို့မမေ့နဲ့ဦးနော်‼️
အသေးစိတ်ကို ဖုန်းဆက်ပြီး ကြိုတင်booking ရယူလိုက်ပါ📲

https://www.facebook.com/107311404155317/posts/255625799323876/

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
𝗡𝗔𝗡𝗡 𝗠𝗔𝗛𝗔𝗥 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗲𝗻𝘁𝗲𝗿
Address : အမှတ်(၈၇)၊ အင်းစိန်လမ်းမကြီး၊(၁)ရပ်ကွက်၊ကမာရွတ်မြို့နယ်၊ရန်ကုန်။
Ph no : 09-764-1800-75
09-764-1800-76
Email : NMHmedicalcenter@gmail.com

23/03/2021

We are SILENT on March 24, 2021.
🤫🤫🤫

🌷🌷🌷🌷  FREE HEALTHCARE  🌷🌷🌷🌷နန်းမဟာဆေးခန်းမှ ပြည်သူများအတွက် တစ်ဒေါင့်တစ်နေရာမှ အုတ်တစ်ချပ်သဲတစ်ပွင့်ပါဝင်ကူညီပါသည်...🍄🍄🍄...
26/02/2021

🌷🌷🌷🌷 FREE HEALTHCARE 🌷🌷🌷🌷

နန်းမဟာဆေးခန်းမှ ပြည်သူများအတွက်

တစ်ဒေါင့်တစ်နေရာမှ အုတ်တစ်ချပ်သဲတစ်ပွင့်

ပါဝင်ကူညီပါသည်...

🍄🍄🍄🍄🍄 Caring with ❤️ 🍄🍄🍄🍄🍄

⛑⛑ ⛑⛑  FREE HEALTHCARE  ⛑⛑ ⛑⛑နန်းမဟာ ဆေးခန်းမှ ယခုကာလအတွင်းပြည်သူများ​၏ကျန်းမာရေးအားတစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်ပေးပ...
22/02/2021

⛑⛑ ⛑⛑ FREE HEALTHCARE ⛑⛑ ⛑⛑

နန်းမဟာ ဆေးခန်းမှ

ယခုကာလအတွင်းပြည်သူများ​၏ကျန်းမာရေးအား

တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်ပေးပါ

သော ဆရာဝန်များ၊ သူနာပြုဆရာမများနှင့်

နန်းမဟာ team အား

ကျေးဇူးအထူးပင်တင်ရှိပါသည်။ 🙏🏻🙏🏻🙏🏻

⛑⛑ ⛑⛑ ⛑⛑ ⛑⛑ ⛑⛑ ⛑⛑ ⛑⛑

10/02/2021

လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် “ နန်းမဟာ “ ဆေးခန်းနှင့် ဆေးဆိုင်ကို (၃) ရက်ပိတ်ထားပါတယ်ရှင်။

လိုအပ်လျှင် ထပ်မံရပ်တိုးပြီးပိတ်သွားမှာဖြစ်တဲ့အတွက် ဆေးခန်းသို့လာရောက်၍ ဆေးကုသမှုခံယူလိုပါက

>>> 09-764-1800-75 > 09-764-1800-76

29/01/2021

အိမ်ထောင်ရှင်အမျိုးသမီးတွေ / သမီးရည်းစား ချစ်သူတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ / သားဆက်ခြားနည်းလမ်း / သန္ဓေတားနည်းလမ်းတွေအတွက် သိရှိလိုတဲ့မေးခွန်းတွေကို ဖြေကြားပေးဖို့ အခုလာမယ့် တနင်္လာနေ့မှာ ဒေါက်တာ ထွန်းလင်းစိုး နဲ့အတူ NANN MAHAR MEDICAL CENTER Page ရဲ့ Live မှာ အမေးအဖြေလုပ်လို့ရအောင် စီစဉ်ပေးထားပါတယ်...

ဒါကြောင့် သားဆက်ခြားနည်းလမ်းနဲ့ပတ်သတ်ပြီး သိချင်တဲ့မေးခွန်းတွေ ( ဒါမှမဟုတ် )ကလေးယူချင်တဲ့စုံတွဲတွေအနေနဲ့ သိရှိလိုတဲ့ အ​ကြောင်းအရာတွေကို အောက်က Comment box မှာဝင်ရောက်မေးမြန်းသွားဖို့ ဖိတ်ခေါ်ပါတယ်။

ဒီမေးခွန်းတွေကို လာမယ့် တနင်္လာနေ့ ည ၈ နာရီ Live မှာ ဆရာက တစ်ခုချင်း ပြန်လည်ဖြေကြားပေးသွားပါမယ်ရှင်...


နန်းမဟာ ဆေးခန်းမှ အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးသွားဖို့ အဆင်သင့်ပါပဲ

လိင်မှုကိစ္စဆိုတာ လူတိုင်းနဲ့မကင်းနိုင်တဲ့ ကိစ္စရပ်တစ်ခုဖြစ်တာနဲ့အညီ... မှန်ကန်တဲ့ ကျန်းမာရေးအသိရှိပြီး  စနစ်တကျ လိုက်နာ...
28/01/2021

လိင်မှုကိစ္စဆိုတာ လူတိုင်းနဲ့မကင်းနိုင်တဲ့ ကိစ္စရပ်တစ်ခုဖြစ်တာနဲ့အညီ...

မှန်ကန်တဲ့ ကျန်းမာရေးအသိရှိပြီး စနစ်တကျ လိုက်နာကျင့်သုံးခြင်းက မလိုလားအပ်တဲ့ ရောဂါတွေ၊
မမျှော်လင့်ပဲ ကိုယ်ဝန်ရရှိခြင်းတွေဆီက ကာကွယ်နိုင်​ပေးပြီးတော့ ပျော်ရွှင်ကျန်းမာတဲ့ နေထိုင်မှုဘဝတွေကို ပိုင်ဆိုင်​စေမှာ မလွဲဧကန်ပါပဲ။

ကဲ ဒီတော့....

ဘယ်လိုမျိုး ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိလဲ
လက်ရှိ အသုံးပြု​နေတဲ့ သန္ဓေတားနည်းလမ်း​တွေက​ရော စိတ်ချရရဲ့လား ဆိုတာကို တချက်လေ့လာကြည့်လိုက်ကြရအောင် ....

*** သားန္ဓေတားနည်းများဟာ ကောင်းကျိုး၊ ဆိုးကျိုး ဒွန့်တွဲ နေတဲ့ အတွက် ကိုယ်နဲ့ ကိုက်ညီသင့်လျော်တဲ့ နည်းလမ်းကို လိုက်နာအသုံးပြုဖို့ အရေးကြီးပါတယ်။ အကောင်းဆုံးကတော့ ကျွမ်းကျင်တတ်ကျွမ်းတဲ့ သားဖွားမီးယပ် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် ပြသခြင်းပါပဲ.... ။ ***

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

𝐍𝐀𝐍𝐍 𝐌𝐚𝐡𝐚𝐫 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫

Address : အမှတ်(၈၇)၊ အင်းစိန်လမ်းမကြီး၊(၁)ရပ်ကွက်၊ကမာရွတ်မြို့နယ်၊ရန်ကုန်။

Ph no : 09-764-1800-75
09-764-1800-76

Email : NMHmedicalcenter@gmail.com

25/01/2021

🔹ကူးစက်နှုန်း မြင့်မားလျက်ရှိတဲ့ STDs ရောဂါဆိုတာ ဘာလဲ ??

STDs ဆိုတာ Sexually Transmitted Diseases ရဲ့ အရှည်ကောက် ဖြစ်ပြီး
မြန်မာပြည်မှာတော့ ကာလသားရောဂါ လို့ လူသိများပါတယ် ။

အကာအကွယ် မဲ့ လိင်ဆက်ဆံခြင်းမှ တစ်ဆင့် ကူးစက်မှုဖြစ်ပွားတတ်တဲ့ ရောဂါတွေဖြစ်ပါတယ်
ဒါ့အပြင် ရောဂါခံစားနေရတဲ့ ကိုယ်ဝန်သည်မှ တဆင့်လည်း နောက်ဆက်တွဲ မွေးလာတဲ့ သန္ဓေသားငယ်ကို ကူးစက်နိုင်ချေ ရှိတဲ့အတွက် အင်မတန် အန္တရာယ်ကြီးတဲ့ ရောဂါ ဖြစ်ပါတယ်❗️
တခါတရံ ရောဂါလက္ခဏာ လုံးဝမပြတဲ့ အခြေအနေတွေလဲ ရှိပါတယ် ။

🔹ဘယ်သူတွေ အဖြစ်များလဲ ??

လိင်ကိစ္စနဲ့ မလွတ်ကင်းသူတိုင်း လုံးဝ (လုံးဝ)
ဖြစ်နိုင်ချေ ရှိပါတယ်‼️
အပျော်အပါးလိုက်စားတတ်တဲ့ လိင်ဆက်ဆံ ဖော် ပိုများတဲ့ သူတွေမှာတော့ STDs ရောဂါ အနည်းဆုံး တစ်မျိုး တွေ့ ရတတ်ပါတယ်။

လူကြီးတွေထက် လူငယ်တွေမှာ အတွေ့များ အဖြစ်များတဲ့ ရောဂါ တွေ ဖြစ်ပါတယ် ။ အထူးသဖြင့် အသက် ၁၅ နှစ် မှ ၂၄ နှစ် လူငယ် တွေမှာ ကူးစက်နိုင်ချေ မြင့်မားပါတယ်❗️

🔹ရောဂါလက္ခဏာတွေကတော့....

1. လိင်တံ ( သို့ ) မိန်းမကိုယ်မှ ပုံမှန် မဟုတ်တဲ့ အရည်များ ( ဥပမာ ပြည်၊ အဖြူအရည် ) ကျဆင်းခြင်း

2. လိင်အင်္ဂါ အနီးတဝိုက် အကျိတ် ၊ ကြွက်နို့ ၊ ပြည်တည်နာ ပေါက်ခြင်း

3. ဆီး သွားတဲ့အခါ ပူ/ ကျင်/ အောင့် ခြင်း ၊ ဆီးမကြာခဏ သွားချင်ခြင်း

4. လိင်အင်္ဂါ အနီး / ပေါင်ခြံ စတဲ့ နေရာများ ယားယံ ခြင်း၊ နီ ခြင်း

5. ပါးစပ်တွင် အရည်ကြည်ဖု / အနာပေါက်ခြင်း

6. လိင် အင်္ဂါမှ ပုံမှန် မဟုတ်တဲ့ အနံအသက်များထွက်ခြင်း

7. စအိုမှ သွေးကျခြင်း

8. ဗိုက်အောင့် ခြင်း

9. ဖျား ခြင်း / ကိုယ်ပူ ခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။

မကုသပဲထားလျှင် နောက်ဆက်တွဲအနေနဲ့ ထပ်တိုးရောဂါအသစ်များ ဦးတည် ဖြစ်ပွားလာနိုင်ပြီးအသက် အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့အတွက် ဒီလိုလက္ခဏာ တွေကြုံတွေ့နေရပြီဆိုတာနဲ့ နီးစပ်ရာဆရာဝန်ဆီ အမြန်ဆုံးပြသစစ်ဆေးသင့်ပါတယ်‼️

🔹ကာလသားရောဂါက ‌ဘယ်လောက် အန္တရာယ် များလဲ ??

👉သင်တန်ဖိုးထားတဲ့ သင် အိမ်ထောင်ဖက် ( သို့ ) သင့်ရည်းစား ကိုပါ ကူးစက် သွားနိုင်ပါတယ်

👉မွေးလာမယ့် ကလေးပါ ကူးစက်နိုင်တယ်

👉သားသမီး မရပဲ မြုံသွားနိုင်တယ်

👉ကိုယ်ဝန် ပျက်ကျတာ ၊ လမစေ့ပဲ မွေးတာ ၊ ကလေးအသေ မွေးတာတွေ ဖြစ်တတ်ပါတယ်

🔹ဒီကာလသား ရောဂါကို ကာကွယ်နိုင်ဖို့ အတွက် ....

❌အကာအကွယ်မဲ့လိင် ဆက်ဆံ ခြင်းကို ရှောင်ရှား ခြင်း

❌ကွန်ဒုံး ကဲ့သို့သော အကာအကွယ် ပစ္စည်းများကို နည်းလမ်း မှန်မှန် သုံးခြင်း

❌စောစီးလျင်မြန်စွာ ကာကွယ်ဆေးထိုး ခြင်း

❌လိင်ဆက်ဆံဖော် ပါတနာ များစွာ ထားခြင်းကို ရှောင်ရှားခြင်း စတာတွေကိုလိုက်နာသင့်ပါတယ်။

ဒီရောဂါဟာ စနစ်ကျ မှန်ကန် တဲ့ စစ်ဆေးကုသမှု ခံယူမယ်ဆိုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်ပါတယ် ။
ဒါ့အပြင် ကာလသားရောဂါ ကူးစက်ခံရခြင်း ရှိမရှိ ပုံမှန် စစ်ဆေးခြင်းက ရောဂါအန္တရာယ်တွေကနေ များစွာ လျော့ချ နိုင်တဲ့ အတွက် ဒီပို့စ်လေးနဲ့အတူ Medical checkup ပုံမှန်လုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်......။

ကျွန်မတို့ရဲ့ “ NANN MAHAHR Medical Center “မှာ Medical Checkup တွေပုံမှန်လုပ်ပေးနေပါတယ်ရှင် 🙏
နန်းမဟာရဲ့ Medical Checkup Plan တွေကိုသိချင်ရင်တော့ အောက်က link လေးတွေကိုဝင်ကြည့်ကြည့်နော် 👇👇

https://www.facebook.com/107311404155317/posts/255612695991853/

https://www.facebook.com/107311404155317/posts/262544051965384/

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

𝐍𝐀𝐍𝐍 𝐌𝐚𝐡𝐚𝐫 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫

Address : အမှတ်(၈၇)၊ အင်းစိန်လမ်းမကြီး၊(၁)ရပ်ကွက်၊ကမာရွတ်မြို့နယ်၊ရန်ကုန်။

Ph no : 09-764-1800-75
09-764-1800-76

Email : NMHmedicalcenter@gmail.com

နန်းမဟာ ဆေးခန်းမှ အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးသွားဖို့ အဆင်သင့်ပါပဲ

" 𝐇𝐞𝐚𝐥𝐭𝐡 𝐢𝐬 𝐰𝐞𝐚𝐥𝐭𝐡"  ဆိုတဲ့အတိုင်း ယနေ့ခေတ်မှာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းဟာ နေရာတိုင်းအတွက် အဖိုးတန်တဲ့ လိုအပ်ချက် ...
23/01/2021

" 𝐇𝐞𝐚𝐥𝐭𝐡 𝐢𝐬 𝐰𝐞𝐚𝐥𝐭𝐡" ဆိုတဲ့အတိုင်း

ယနေ့ခေတ်မှာ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ခြင်းဟာ နေရာတိုင်းအတွက် အဖိုးတန်တဲ့ လိုအပ်ချက် တစ်ခုဖြစ်လာတာ ...အမှန်ပါ။

ဒီလို လုပ်ငန်း ‌ဝင်ခွင့် ကျောင်းဝင်ခွင့် သင်တန်း ဝင်ခွင့် စတဲ့ လက်တွေ့အသုံးချ ရည်ရွယ်ချက် အမျိုးမျိုး အတွက်….

နန်းမဟာဆေးခန်း၌

✅Pre-Employment Medical Checkup Plan (လုပ်ငန်းခွင်ဝင်ခွင့် ကျန်းမာရေးစစ်ဆေးချက် )

✅Training Class & School Entry Medical Checkup Plan (ကျောင်း / သင်တန်း ဝင်ခွင့် ကျန်းမာရေး စစ်ဆေးချက်များ )

ကို ခေတ်မှီ စက်ကိရိယာ များ ၊ နိုင်ငံတကာ အဆင့်မှီ နည်းပညာ များ အသုံးပြုပြီး ကျွမ်းကျင်ဆရာဝန်များက နွေးထွေးပျူဌာစွာဖြင့် အကောင်းမွန်ဆုံး တိုင်းတာစစ်ဆေး ပေးနေပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်...။

ဒီလို တစ်နေရာထဲမှာ ပဲ ကျန်းမာရေးစစ်ဆေးချက် အားလုံးကို ပြည့်စုံ စွာ စစ်ဆေးပေး‌နေတဲ့ အပြင်
Medical results တွေ ထွက်လာတဲ့ အခါမှာလည်း အတွေ့အကြုံရင့် ဆရာဝန်ကြီးများမှ အသေးစိတ် ဆွေးနွေးတိုင်ပင်ပေးလျက်ရှိပါတယ်..။

ဒါ့အပြင် နန်းမဟာဆေးခန်းကို လူကြီးမင်းတို့ သွားလာရလွယ်ကူအောင် မြို့တိုင်းနဲ့ နီးစပ်ပြီး အချက်အချာ ကျတဲ့ လှည်းတန်း အင်းစိန်လမ်းမ ကြီးပေါ်မှာပဲ ဖွင့်လှစ်ထားတာကြောင့် အလွယ်တကူလာရောက် စစ်ဆေး နိုင်ပါပြီရှင်...။

ကိုယ်စစ်ချင်တဲ့ပုံစံတွေကိုရွေးချယ်ပြီးစစ်ဆေးလို့ရတဲ့ Customized Medical Checkup Plan တွေလည်းရှိတာမို့ အမြန်ဆုံးလာရောက်စစ်ဆေးဖို့ဖိတ်ခေါ်ပါတယ်ရှင် 🙏

Medical checkup plan အသေးစိတ်ကို အောက်ပါ တစ်ပုံချင်းစီမှာ ဖတ်ရှုနိုင်ပါပြီ။

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

𝐍𝐀𝐍𝐍 𝐌𝐚𝐡𝐚𝐫 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫
Address : အမှတ်(၈၇)၊ အင်းစိန်လမ်းမကြီး၊(၁)ရပ်ကွက်၊ကမာရွတ်မြို့နယ်၊ရန်ကုန်။
Ph no : 09-764-1800-75
09-764-1800-76
Email : NMHmedicalcenter@gmail.com

20/01/2021

ဆီးချို ရောဂါ အဖြေရှာ.....

ဆီးချို ‌ရောဂါဆိုတာ လူသားတွေ ရဲ့ ဘဝ ကို နှစ်ပေါင်းများစွာ ချိန်းခြောက်လျက်ရှိတဲ့ နာတာရှည်ရောဂါ တစ်မျိုး ပါ .....။

ကျွန်မတို့ လူ့အသိုင်းအဝိုင်းမှာပဲ
ဆီးချိုလူနာ ပေါင်းမြောက်များစွာက
လက်ရှိရောဂါကို ကုသနေရတဲ့ အပြင်
နောက်ဆက်တွဲ ရောဂါ အန္တရာယ်တွေရဲ့ အလားအလာကိုပါ ရင်ဆိုင်နေကြရပါတယ် ....။

ဒီ ရောဂါ က လူကြီး လူငယ် မရွေး ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရောဂါ ( Common disease ) ဖြစ်ပြီး မျိုးရိုးကြောင့် ဖြစ်နိုင်သလို သင်နေ့စဥ် စားသောက်နေတဲ့ အစားအသောက်တွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လဲ ဖြစ်နိုင်ပါတယ်

ဒီလို အန္တရာယ် ကြီး တဲ့ ရောဂါ က..

💢ကျွန်မတို့ ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်ပွားလဲ ?
💢ဘယ်လို ‌ရောဂါ လက္ခဏာ တွေပြလဲ ?
💢ဘယ် လို ကြိုတင် ကာကွယ် နိုင်မလဲ ?

ဆိုတဲ့ မေးခွန်းတွေ အတွက် အောက်က video ထဲ မှာ အတူတူအဖြေရှာလိုက် ကြရအောင် .....

〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
𝗡𝗔𝗡𝗡 𝗠𝗔𝗛𝗔𝗥 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗖𝗲𝗻𝘁𝗲𝗿

Address : အမှတ်(၈၇)၊ အင်းစိန်လမ်းမကြီး၊(၁)ရပ်ကွက်၊ကမာရွတ်မြို့နယ်၊ရန်ကုန်။

Ph no : 09-764-1800-75
09-764-1800-76

Email : NMHmedicalcenter@gmail.com

Address

87 Insein Road , Ward (1)
Kamayut

Opening Hours

Monday 08:00 - 21:30
Tuesday 08:00 - 21:30
Wednesday 08:00 - 21:30
Thursday 08:00 - 21:30
Friday 08:00 - 21:30
Saturday 08:00 - 21:30
Sunday 08:00 - 21:30

Telephone

+959764180075

Website

Alerts

Be the first to know and let us send you an email when NANN MAHAR Medical Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NANN MAHAR Medical Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram