ဆုလာဘ်-၂အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Kamayut
  • ဆုလာဘ်-၂အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေး

ဆုလာဘ်-၂အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေး အရည်အသွေးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို မျှတသော စျေးနှုန်းဖြင့် လူတိုင်းရရှိစေရေး။

လက်ချောင်းတွေ အရောင်ပြောင်းရင် သတိထားပါ။မှတ်ချက်- ဆရာဝန်မိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။ဒီတစ်ခါ လူနာက...
04/12/2025

လက်ချောင်းတွေ အရောင်ပြောင်းရင် သတိထားပါ။

မှတ်ချက်- ဆရာဝန်မိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါ လူနာက အသက် ၄၂နှစ်၊ အမျိုးသမီးပါ။ လာပြတာက ရေကိုင်တာကြာရင် လက်ချောင်းတွေ ဖြူဆုတ်သွားတယ်ဆိုပြီး လာပြတာပါ။ လူနာမှာ သွေးတိုးအခံရှိပါတယ်။ အခြားရောဂါအခံတော့ မရှိပါဘူး။ ကျွန်တော်လည်း သေချာမေးကြည့်လိုက်ပါတယ်။ လူနာက အဲ့လိုဖြစ်တာ တစ်
ကြိမ်သာ ရှိပါသေးတယ်။ အဝတ်လျှော်ပြီးတော့ ညာဘက်
လက်ခလယ် ထိပ်ကနေ ဒုတိယဆစ်အထိ ဖြူဖွေးသွားတာပါ။ ဖြူပြီးတော့ ပြာနှမ်းတာ၊ နီသွားတာတော့ ဆက်မဖြစ်တော့ပါဘူး။ နာကျင်မှုလည်း မရှိပါဘူး။ ကျန်တဲ့နေရာတွေ အကောင်းပါ။ သူတို့အမျိုးထဲမှာ ဆရာဝန်ရှိတော့ လှမ်းတိုင်ပင်တော့ ဆရာဝန်ညီမလေးကလည်း ကျွန်တော်ရေးတဲ့စာတွေဖတ်ဖူးသူဖြစ်နေတော့ ကျွန်တော့်ဆီလွှတ်လို့ ရောက်လာတာပါ။
သူဖြစ်တဲ့ပုံစံအရဆို Raynaud’s phenomenon လို့ခေါ်တဲ့ သွေးကြောနဲ့ပက်သက်တဲ့ ရောဂါတစ်ခုနဲ့ တူနေပ့တယ်။ Raynaud’s phenomenon ရဲ့ sequence အပြည့် ( လက်တွေဖြူသွား၊ပြီးတော့ပြာသွား၊ပြီးတော့အနီရောင်လွှမ်းသွား၊ ပြီးတော့နာ)တော့ မရှိဘူးပေါ့။ Raynaud’s phenomenon တွေ့ရင် သူ့ရဲ့ differential တစ်ခုဖြစ်တဲ့ peripheral arterial disease ကို exclude လုပ်ရပါတယ်။ အဲ့ဒီအတွက် pulse တွေစမ်းတော့ pulse တွေက intact ပါပဲ။ နောက်တဆင့်အနေနဲ့ အကြောင်းရင်းတစ်စုံတရာမရှိဘဲဖြစ်တဲ့ Raynaud’s disease ( Primary Raynaud’s phenomenon)လား၊ Connective tissue disease တွေ( ဥပမာ- SLE, systemic sclerosis ) တို့နဲ့ တွဲတဲ့ Secondary Raynaud’s phenomenon လား ခွဲဖို့ လိုပါသေးတယ်။ အဲ့ဒီအတွက် မေးစမ်းကြည့်တော့ လူနာမှာ အဆစ်တွေနာတာ၊ မျက်နှာမှာ အနီပြင်ကြီးတွေထတာစတဲ့ လက္ခဏာတွေ ဘာမှမရှိပါဘူး။ skin thickening တွေ၊ tightening တွေလည်း မရှိပါဘူး။အလုပ်အကိုင်ကတော့ အိမ်ရှင်မအလုပ်ပါပဲ။ သွေးတိုးအတွက် amlodipine သောက်နေပါတယ်။ သွေးပေါင်ချိန်လည်း ကောင်းနေ၊မှန်နေပါတယ်။
အဲ့ဒါနဲ့ လူနာကို ရှင်းပြပြီး သွေးတွေ စစ်ခိုင်းလိုက်ပါတယ်။
အဖြေတွေရလာလို့ ကြည့်လိုက်တော့
လူနာက
ESR - 70mm after 1st hour
ANA->1/1280(centromere pattern)
ENA- centromere A (+++), centromere B(+++) ပါ။
ဒါဆိုရင် လူနာက systemic sclerosis လို့ခေါ်တဲ့ အရေပြားထူလေးဖက်နာ စနေတာပါပဲ။ Limited or diffuse ခွဲဖို့၊ organ involvement တွေရှိမရှိ assessment လုပ်ဖို့၊ Immunosuppressive therapy စဖို့ လိုလာပါပြီ။ ခုနေခါမှာ လူနာဘာမှမဖြစ်သေးပေမယ့် နောင်ဆို ဒုက္ခရောက်မယ့်ရောဂါပါ။ အရေပြားတွေထူလာမယ်။ ပါးစပ်တွေ ကျဉ်းသွားမယ်။ လက်တွေဆုပ်မရပြုမရနဲ့ တောင့်တောင့်ကြီးဖြစ်မယ်။ အဆုတ်သွေးတိုးမယ်။ အဆုတ်ကျုံ့မယ်။ လက်ချောင်းတွေအနာဖြစ်၊ အနာမကျက်ဖြစ်ပြီး ပုတ်မယ်။ ပြဿနာတစ်ပုံကြီးတက်နိုင်ပါတယ်။
အဲ့ဒါကြောင့်လူနာကို ကျွန်တော်ချစ်ခင်လေးစားရတဲ့ Rheumatologist အစ်မတစ်ယောက်ဆီ လွှဲစာနဲ့ လွှဲပေးလိုက်ပါတယ်။
ဒီ case နဲ့ပက်သက်လို့ ပြောစရာလေးတွေက
၁။ ဒီ case မှာ diagnosis ရှာရတာ သိပ်မခက်ပါဘူး။ Raynaud’s phenomenon များလားလို့ awareness ရှိရင်ကို အဆင်ပြေပြေ diagnosis ရနိုင်ပါတယ်။Awareness လေးရအောင် ကျွန်တော်က ပြာဖုံးနေတဲ့ မီးခဲလေးကို ပြာမှုတ်
ပေးလိုက်တဲ့သဘောပါပဲ။

၂။ Raynaud’s phenomenon နဲ့ ပက်သက်လို့ ကျွန်တော်မြင်ဖူးသမျှတွေက အဆင့်လွန်နေတာတွေများပါတယ်။ digital ulcers တွေ ဖြစ်တဲ့အဆင့်ပါ။ Finger discolouration အဆင့်ကို မကြုံဖူးပါဘူး။ ခုမှ ကြုံဖူးတာပါ။ မိတ်ဆွေတို့ကို ကြုံကြိုက်လို့ မျှဝေလိုက်ပါတယ်။

၃။ MRCP စာမေးပွဲရှုထောင့်ကပြောရင်တော့ Raynaud’s phenomenon လို့ထင်ရင် သူ့ရဲ့ typical site တွေဖြစ်တဲ့ fingers, toes, ear lobe, tip of the nose တွေပါ ကြည့်ရ၊ မေးရပါတယ်။ Raynaud’s disease ( Primary Raynaud’s phenomenon) လား၊ Secondary Raynaud’s phenomenon လား ခွဲဖို့ ကြိုးစားရပါတယ်။ Secondary Raynaud’s phenomenon က connective tissue disease တွေနဲ့ တွဲလေ့ရှိလို့ connective tissue disease တွေကို exclude လုပ်ဖို့လည်း လိုပါတယ်။ Raynaud’s phenomenon ပိုဆိုးစေတဲ့အလုပ်
တွေ( ဥပမာ- vibrating tools တွေ ကိုင်ရတာ၊ ရေကိုင်ရတာ၊အေးတဲ့အရာတွေကိုင်ရတာ) ရှောင်ခိုင်းဖို့လိုပါတယ်။ beta blocker က Raynaud’s phenomenon ပိုဆိုးစေတာကြောင့် beta blocker ပေးထားတဲ့လူနာတွေမှာ ဆေးပေးရတဲ့ indication ကို review လုပ်ဖို့ ၊ ဆေးရပ်သင့်ရင် ရပ်ဖို့လိုပါတယ်။ Exam approach အနေနဲ့ ဒီလူနာခံစားနေရတာ Raynaud’s ဖြစ်ကြောင်း၊ Peripheral arterial disease မဟုတ်ကြောင်း သက်သေပြဖို့ peripheral pulse တွေလည်း စမ်းပြရပါမယ်။ ဒါကတော့ Exam ဖြေမယ့် မိတ်ဆွေတွေကို စာနွှေးပေးတာပါ။ ကျွန်တော်မပြောလည်း မိတ်ဆွေဆရာဝန်တွေ သိပြီးသားဖြစ်မှာပါ။

၄။ systemic sclerosis က စောစောမသိရင် morbidity အလွန်ဆိုးသလို၊ life expectancy ပါ အများကြီးနိမ့်ကျသွားနိုင်တဲ့ ရောဂါပါ။ GP မှာ ကုလို့မရတဲ့ ရောဂါဖြစ်ပါတယ်။ Rheumatologist တွေနဲ့ အချိန်မီပြမှ လူနာအသက်ရှည်မှာပါ။ကျွန်တော်တို့ GP တွေအနေနဲ့ လူနာတွေ Timely referral ရအောင် လုပ်ပေးနိုင်ရင် အသက်တွေ၊ ဘဝတွေ ကယ်
နိုင်ပါလိမ့်မယ်။

ကျွန်တော့်ကို Rheumatology နဲ့ ပက်သက်ပြီး သိသင့်တာတွေသင်ကြားပေးခဲ့တဲ့ အစ််မဒေါက်တာဇာခြည်ဝေလင်းနဲ့ ဆရာဒေါက်တာစိုးသီဟကျော်တို့အပါအဝင် သင်ဆရာ၊ မြင်ဆရာ၊ကြားဆရာအားလုံးကို ဂါရဝပြုလျက်ပါ။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

24/11/2025

ဆီးချိုကို ဆေးမသောက်ဘဲ ကုချင်
တယ်။ ရမလား။

ရနိုင်တယ်ဗျ။

အောက်ပါအချက်တွေနဲ့ ပြည့်စုံရင် ဆီးချိုကို ဆေးမသောက်ဘဲ lifestyle modification နဲ့ ( အစားရှောင်ခြင်း၊ အားကစားစနစ်တကျလုပ်ခြင်းနဲ့) ချနိုင်ပါတယ်။

၁။ ဆီးချို ဖြစ်ခါစ ၊သိပ်မဆိုးသေးခင်
ဖြစ်ရမယ်။ ဆေးကုသမှုမခံရသေးခင် လောလောလတ်လတ်စစ်ထားတဲ့ HbA1c 7.5% မကျော်ရဘူး။ အဲ့ဒီထက် နည်းလေကောင်းလေပဲ။

၂။ မနက်စောစော အစာမစားခင်စစ်တဲ့ သွေးချို 130 မကျော်ရဘူး။

၃။ လူနာမှာ အခြားရောဂါကြီးကြီးမားမား မရှိရဘူး။ ဥပမာ- နှလုံး၊ လေဖြတ်၊ ကျောက်ကပ်စတဲ့ ရောဂါတွေ။ရှိရင် ဆေးနဲ့ ထိထိရောက်ရောက် ကုရမယ်။ lifestyle modification တစ်ခုတည်းနဲ့ မှေးနေလို့ မရဘူးဗျ။

၄။ လူနာက ဆီးချို အရမ်းတက်တဲ့ လက္ခဏာတွေ ဖြစ်တဲ့ ရေအလွန်ငတ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ စားနေလျက်သားနဲ့ ကိုယ်အလေးချိန်ကျခြင်း စတဲ့လက္ခဏာတွေ မရှိရဘူး။ လက္ခဏာမပြသူဖြစ်ရမယ်။အဲ့ဒါတွေရှိရင် ဆေးနဲ့ စောစောစီးစီး ကုရမယ်ဗျ။

၅။ အစားတကယ်ရှောင်မယ့်သူ၊ အားကစားတကယ်လုပ်မယ့်၊ လုပ်နိုင်မယ့်သူ ဖြစ်ရမယ်။ အိယောင်ဝါးတွေ မရဘူး။

၆။ အဝလွန်သူ မဖြစ်ရပါဘူး။ အရမ်းဝရင် insulin resistance များမယ်။လေ့ကျင့်ခန်းကို ထိထိမိမိလုပ်ဖို့လည်း အခက်အခဲရှိနိုင်တယ်ဗျ။
၇။ဆီးထဲမှာ ketone ဓာတ်မရှိရပါဘူး။ ke

အဲ့ဒီ ၇ ချက်လုံး ကိုက်ညီရင် ဆီးချိုကို lifestyle modification alone နဲ့ ထိန်းနိုင်ပါတယ်။
တချက်ချက်နဲ့ ငြိနေရင် ဆီးချိုဆေး သောက်ဆေး သို့မဟုတ် အင်ဆူလင်ကူဖို့လိုပါလိမ့်မယ်။

Lifestyle modification နဲ့ ဆီးချိုထိန်းနေသူတွေဟာ ၃ လ တစ်ကြိမ်တော့ HbA1c ပြန်စစ်သင့်ပါတယ်။ ကျလာရင် အိုကေ။ တက်လာရင်တော့ ဆေးစဖို့ လိုပါလိမ့်မယ်ဗျ။


အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

ရှားပေမယ့် သတိထား။မှတ်ချက်- ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။လူနာက အသက် ၅၅ နှစ်၊ အမျိုးသားပါ။ ကျ...
13/11/2025

ရှားပေမယ့် သတိထား။

မှတ်ချက်- ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။

လူနာက အသက် ၅၅ နှစ်၊ အမျိုးသားပါ။ ကျွန်တော့်ဆီ စစချင်းလာပြတာက လေဖြတ်မှာကြောက်လို့ လေဖြတ်ကာကွယ်ဆေးထိုးချင်လို့ လာတာကနေ စတာပါ။ကျန်တာတော့ ဘာမှ မဖြစ်ပါဘူး။ အဲ့ဒါနဲ့လူနာကို သေချာစမ်းကြည့်တော့ သွေးပေါင်ချိန်က ၁၇၀/၁၀၀ လောက်ဖြစ်နေပါတယ်။ ကျန်တာကောင်းပါတယ်။အဝလွန်နေတာလည်းမရှိပါဘူး။ ဗိုက်တော့ နည်းနည်းထွက်နေတာပေါ့။ ဆီးချိုလည်း မရှိ၊ ဆေးလိပ်အရက်
လည်း မသောက်ပါဘူး။အဲ့ဒါနဲ့ CVD risk assessment သဘောမျိုးလုပ်တဲ့အနေနဲ့ investigation တွေ လုပ်လိုက်ပါတယ်။ အဖြေရလာတော့ လူနာက Lipid နည်းနည်းတက်တယ်။ Creatinine ကောင်းတယ်။ Urine albumin creatinine ratio တက်နေပါတယ်။ Nephrotic range တော့ မဟုတ်ပြန်ပါဘူး။ Urine RE မှာလည်း အခြား cast တွေ၊ RBC တွေ မပါဘူး၊ လူနာကလည်း ဘာဆေးမှစွဲသောက်နေတာမရှိဘူးဆိုတော့ Hypertension ကြောင့် proteinuria ရတယ်ပဲ ယူဆပြီး hypertension control ပဲ အဓိက လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Proteinuria ရှိတော့ သွေးပေါင်ကို 125/75 ထိ ချမယ်။ ဆေးရွေးရာမှာလည်း ACEI/ARB အဓိကရွေးမယ်ပေ့ါ့။ အဲ့ဒါနဲ့ လူနာကို Ramipril plus cilnidipine နဲ့ စ။ creatinine နဲ့ monitoring လုပ်ပြီး တဖြည်းဖြည်း တိုးသွားပေမယ့် BP က 150/80 ထက် ပိုမကျဘူးဖြစ်နေပါတယ်။ တစ်ခါတလေ 170/90 လောက်ထိ ပြန်တက်ချင်တက်နေတတ်ပါသေးတယ်။ဒီကြားထဲ Ramipril က ပစ္စည်းပြတ်လို့ Telmisartan ပြောင်းရပါသေးတယ်။နောက်ဆုံး Cilnidipine 10mg bd plus telmisartan 40mg bd ထိကို သွေးတိုးမကျတာပါ။ အဲ့ဒါနဲ့ တတိယသွေးကျဆေးထည့်မယ်။ Indapamide ထည့်မယ်။ မထည့်ခင်မှာ Electrolytes baseline စစ်မယ်ဆိုပြီး စစ်လိုက်တော့ potassium က 2.5 လောက်ပဲ ရှိပါတယ်။ ခါတိုင်း ကျွန်တော်လူနာကို ARB up titration မလုပ်ခင်မှာ creatinine ပဲ စစ်ပြီး လုပ်ခဲ့မိတာပါ။ potassium မစစ်ခဲ့မိပါဘူး။ လူနာ ဘက်ဂျက်ကို ချွေတာမိတာလည်း ပါပါတယ်။ Indapamide ပေးမယ်စဉ်းစားတော့မှ စစ်မိတာပါ။လူငယ်ဆိုရင်တော့ Primary hyper aldosteronism ကို exclude လုပ်ဖို့ စစ်မိမှာဖြစ်ပေမယ့် ဒီလူနာမှာတော့ အသက် ၅၅ ဆိုတော့ သတိလွတ်သွားပါတယ်။ creatinine သိပ်မဆိုးတော့ hyperkalemia လည်း မဖြစ်လောက်ဘူးလို့ ထင်မိတာပေါ့။ လူနာကိုမေးကြည့်တော့ လူနာမှာ potassium loss ဖြစ်စေနိုင်လောက်တဲ့ အန်တာ၊ ဝမ်းလျှောတာလည်းမရှိပါဘူး။ အဲ့ဒါနဲ့လူနာကို potassium supplement ပေးပြီး ၁ ပတ်နေတော့ သွေးပြန်စစ်လိုက်ပါတယ်။ ပြန်စစ်တော့လည်း potassium က 2.4 လောက်ပဲ ရှိပါတယ်။ အမှန်က potassium supplements ပေးရင် potassium ထပ်မတက်ရင်တောင် မကျသင့်တော့ပါဘူး။ ဒီလူနာက potassium ထပ်တောင်ကျနေပါသေးတယ်။
ဒါဆို hypertension နဲ့ hypokalemia တွဲနေတာဆိုတော့ ကျွန်တော်မစဉ်းစားမိတဲ့ Primary hyper aldosteronism များလား။ Renal artery stenosis များပါနေမလားပေါ့။ ပထမဆုံး visit မှာ Ultrasound ရိုက်ခဲ့စဉ်က ultrasound မှာတော့ kidney size က asymmetry သိသိသာသာဖြစ်မနေပါဘူး။ အဲ့ဒါနဲ့ လူနာကို spironolactone ပေးကြည့်ဖို့ စိတ်ကူးပြီး Spironolactone 25 mg od စပေးကြည့်လိုက်ပါတယ်။လူနာကို ၂ ပတ်နေရင် potassium စစ်ပြီး ပြန်ပြခိုင်းလိုက်သလို potassium supplement ပါ ရပ်ကြည့်လိုက်ပါတယ်။ ၂ ပတ်နေပြန်ပြတော့ တစ်ချိန်လုံးခေါင်းမာပြီး တင်းခံနေတဲ့ သွေးပေါင်ချိန်က 130/70 ထိ ကျသွားသလို potassium ကလည်း 3.6 လောက်ပြန်ဖြစ်သွားပါတယ်။ ဒါဆိုရင် ဒီလူနာရဲ့ သွေးတိုးဟာ hyperaldosteronism နဲ့ ဆိုင်များ ဆိုင်နေမလား။ အဲ့ဒါနဲ့ လူနာကို aldosterone/renin ratio test လုပ်ဖို့ စုံစမ်းရပါတယ်။ အဲ့ဒီမှာလည်း အစက ၅ သိန်း၊၆ သိန်းလောက်ကျမယ် ဆိုလို့ လူနာက မတတ်နိုင်တာနဲ့ နောက်ဆုတ်လိုက်ရပါသေးတယ်။ အမှန်က ကျွန်တော်ရတဲ့ information က လွဲနေတာပါ။နောက်မှ ကျွန်တော့်သူငယ်ချင်း ဒေါက်တာညီညီဝင်းဒင် လမ်းညွှန်ပေးတော့မှ SML မှာ စစ်လို့ရကြောင်း ၂ သိန်း မကျော်ကြောင်း သိရမှ လူနာက အဲ့ဒီပမာဏဆို သူတတ်နိုင်ကြောင်း ပြောလို့ သွားစစ်ခိုင်းရပါတယ်။ မစစ်ခင် test အကြောင်းအရင်ဖတ်ကြည့်တော့ သွေးမစစ်ခင် RAA system အပေါ် သက်ရောက်မှုရှိတဲ့ ဆေးတွေကို ကာလတစ်ခုထိ ရပ်ရမယ်လို့ စာတွေမှာ ဆိုထားပါတယ်။ wash out period လိုတယ်ပေါ့။ ဖြစ်ချင်တော့ ကိုယ်ပေးထားတဲ့ဆေးတွေက အကုန်ငြိနေရော။ 😁
အဲ့ဒါနဲ့ ဆေးတွေကို အကုန်ရပ်။ RAAS အပေါ် သက်ရောက်မှုမရှိတဲ့ဆေးတွေ ပြောင်းပြီး wash out period ပြည့်မှ သွေးသွားစစ်ခိုင်းလိုက်ပါတယ်။
အဖြေက
Aldosterone ( blood) -241.9 pg/ml
Reference range
Upright 70-300 pg/ml
Supine 30-160 pg/ml

Renin -4.22 pg/ml
Reference range
Upright 2.8-61.8
Supine -2.1-53.8

Aldosterone/renin ratio 57.3 ( Reference-37.😎 ပါ။

ဒါဆို လူနာမှာ Increased aldosterone/ renin ratio ဖြစ်နေပါပြီ။ ဒါဆိုရင် Primary hyper aldosteronism များဖြစ်နေမလား။ တစ်ခုရှိတာက Aldosterone renin ratio သည် screening test ဖြစ်ပါတယ်။ Confirmatory test မဟုတ်သေးပါဘူး။ Further assessment တွေ လုပ်ရဦးမှာပါ။ အဲ့ဒါကြောင့် ကျွန်တော့်ထက် ပိုပြီး တတ်ကျွမ်းတဲ့၊ ပညာပြည့်ဝတဲ့ Endocrinologist အစ်မဆီ လွှဲပေးလိုက်ပါတယ်။

ဒီ scenario မှာ
၁။ Initial assessment မှာ potassium ထည့် မစစ်မိတာ ကျွန်တော့်လိုအပ်ချက်ဖြစ်ပါတယ်။ ဒီအရွယ် သွေးတိုးတာ Essential hypertension ပဲ နေမှာပါ ဆိုပြီး secondary causes ကို exclude သေချာမလုပ်မိလိုက်ပါဘူး။Renal causes တော့ exclude လုပ်လိုက်ပေမယ့် Endocrine causes ကတော့ မလုပ်မိဘူးဖြစ်သွားပါတယ်။ Follow up တွေမှာ ARB up titration အတွက် သွေးစစ်တော့လည်း creatinine စစ်ရင် လုံလောက်ပြီ။ ဒီလူနာမှာ creatinine ကောင်းနေတာကြောင့် hyperkalemia ဖြစ်ဖို့ သိပ်မရှိဆိုပြီး ကိုယ့်ဘာသာ လူတတ်ကြီးလုပ်မိပြီး potassium ထည့်မစစ်မိတော့ လူနာ hypokalemia ရှိတာ မသိလိုက်မိဘူးဖြစ်သွားပါတယ်။ အမှန်က ACEI/ARB မစခင် baseline နဲ့ ဆေးတိုးဖို့လုပ်တိုင်း creatinine နဲ့ potassium စစ်ဖို့ စာတွေမှာသေချာရေးပြီးသားပါ။ ကျွန်တော့် လိုအပ်ချက်ပါပဲ။

၂။ Endocrine causes of hypertension မှာ Cushing Syndrome, Acromegaly, Primary hyper aldosteronism, hyperthyroidism, hypothyroidism,pheochrmocytoma စတဲ့ ရောဂါတွေ ပါပါတယ်။ အဲ့ဒီရောဂါတွေထဲမှာ Primary Hyperaldosteronism က လွဲလို့ ကျန်တဲ့ရောဂါတွေက clinical features နဲ့ သဲလွန်စရနိုင်ချေရှိပါတယ်။တနည်းပြောရရင် Endocrine ရုပ် ထွက်တယ်ပေါ့။ ဥပမာ- Cushing syndrome ဆိုလည်း Cushingoid facesဘာညာ၊ hyperthyroidism ဆိုလည်း tachycardia, tremor စသဖြင့်ပေါ့။ Clinical features ကတဆင့် သဲလွန်စရဖို့ မလွယ်တာ hyperaldosteronism ပါ။ အဲ့ဒါကြောင့် awareness ထားကြဖို့ သတိပေးချင်ပါတယ်။

၃။ Primary Hyperaldosteronism ကို ဘယ်တော့ သံသယဝင်မလဲ။
Oxford Handbook of Clinical Medicine မှာတော့
(၁) hypertension နဲ့ hypokalemia တွဲရင်( ဒါတောင် >20% က normokalemic တဲ့။ potassium မကျလည်း ပေါ့လို့မရသေးဘူးပေါ့)
(၂)သွေးကျဆေး ၃ ခုထိ dose ဂိတ်ဆုံးပေးလို့မှ သွေးပေါင်မကျရင်
(၄)အသက် ၄၀ အောက်မှာ သွေးတိုးရင် သံသယဝင်သင့်ပါတယ်။
Initial screening test ကတော့ Aldosterone /Renin Ratio ( ARR) ပါ။ ARR high ဖြစ်နေရင် endocrinologist ဆီ referral လုပ်ပြီး specialist assessment ခံယူစေသင့်ပါတယ်။ Primary Hyperaldosteronism ကို confirm လုပ်ဖို့ ၊ ဒါက Aldosterone producing adenoma ( ကျွန်တော်တို့ သိထားတဲ့ Conn’s syndrome) လား၊ Bilateral Adrenocortical Hyperplasia လား၊ Adrenal carcinoma လား စသဖြင့် diagnosis တိတိကျကျထွက်ဖို့ဆိုရင် Endocrinologist ( ဟော်မုန်းရောဂါအထူးကု) ရဲ့ အမြင်က အရေးပါပါတယ်။

၄။ARR မလုပ်ခင် pre-test preparation သေချာလုပ်ဖို့ လိုပါတယ်။ ဒါမှ စိတ်ချရတဲ့ results ထွက်လာမှာပါ။ test မလုပ်ခင် RAA system ကို သက်ရောက်မှုရှိတဲ့ ဆေးတွေကို ကြိုရပ်ရပါတယ်။ Washout period လိုတယ်ပေါ့။ ဘယ်ဆေးကို ဘယ်လောက်ရပ်မယ်ဆိုတာကို chatGPT ကနေ ကျွန်တော် ယူပြီး ဓာတ်ပုံတင်ထားပါတယ်။ Endocrinologist တွေမှာတော့ သက်ဆိုင်ရာ protocol တိတိကျကျရှိမှာပါ။

၅။ကိုယ်တစ်ခါမှ မကြုံဖူးတဲ့ case မို့ ကျွန်တော့် Diagnostic work up မှာ အစီအစဉ်မကျတာ၊ အိုးနင်းခွက်နင်းဖြစ်နေတာတွေ ရှိပါလိမ့်မယ်။ မိတ်ဆွေတို့ လိုအပ်တာလေးတွေ ဖြည့်စွက်၊ ထောက်ပြပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ မိတ်ဆွေတို့ဆီကလည်း ပြန်လည်သင်ယူဖို့ အသင့်ပါခင်ဗျား။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

12/11/2025

ဆီးချိုကြောင့် ကျောက်ကပ်မပျက်အောင် ဘာလုပ်ရမလဲ။

၁။ HbA1c ကို 7% မကျော်အောင် ထိန်းပါ။ ( မှတ်ချက်-အသက်အရွယ်ပေါ်မူတည်ပြီး အပြောင်းအလဲ နည်းနည်းရှိနိုင်ပါတယ်။)

၂။ သွေးပေါင်ချိန်ကို ၁၃၀/၈၀ မကျော်အောင်ထိန်းပါ။
ဆီးထဲမှာ အသားဓာတ်ပါတဲ့ လူနာတွေဆို ၁၂၅/၇၅ မကျော်အောင် ထိန်းပါ။

၃။ သွေးကျဆေး၊ ဆီးချိုဆေးရွေးတဲ့အခါမှာ ဆီးထဲ အသားဓာတ်ပါဝင်မှုကို လျှော့ချပေးတဲ့ ACEI/ARB အုပ်စုဝင်ဆေးတွေ၊ mineralocorticoid receptor antagonists တွေ ၊ ကျောက်ကပ်ကို ကာကွယ်ပေးနိုင်တဲ့ SGLT-2 inhibitors တွေ ပါအောင် ရွေးပါ။ ( မှတ်ချက်- လူနာတစ်ဦးချင်းအလိုက် ချိန်ဆ၍ပေးရမည်ဖြစ်သောကြောင့် မိမိဆရာဝန်နှင့် တိုင်ပင်ရန် ဖြစ်ပါသည်။)

၄။ တိုင်းရင်းဆေးများ၊ ဆေးမြီးတိုများ ရှောင်ပါ။ အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်မညွှန်ဘဲ မိမိသဘောနှင့် မသောက်ပါနှင့်။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

09/11/2025

အကိုက်အခဲပျောက်ဆေး အန္တရာယ်အကြောင်း လိုတိုရှင်း

လူသုံးအများဆုံးဆေးတွေထဲမှာ အကိုက်အခဲပျောက်ဆေးတွေ ထိပ်ဆုံးက ပါတယ်ဗျ။ ကိုက်ခဲနာကျင်တာက လူတိုင်းလိုလို ဖြစ်ဖူးတော့ မဆန်းဘူးပေါ့။

ပြဿနာက မြန်မာနိုင်ငံမှာ ဆေးဝါးက ဥပဒေမဲ့နီးပါး အထိန်းအကွပ်မဲ့ ဝယ်လို့ရနေတာပဲဗျ။ ဆရာဝန်ဆေးစာပါမှရောင်းရမယ့် ဆေးတွေလည်း လွတ်လွတ်လပ်လပ်ရောင်းဝယ်နေကြတာပဲ။
အဲ့ဒီတော့ အကိုက်အခဲပျောက်ဆေးတွေကို လက်လွတ်စပယ်သောက်လို့ ဖြစ်တဲ့ပြဿနာတွေလည်း မနည်းဘူးပေါ့။

အကိုက်အခဲပျောက်ဆေးတွေကို အကြမ်းဖျဉ်းအားဖြင့်
၁။ ပါရာစီတမော
၂။ NSAID အုပ်စု
၃။ Opioid အုပ်စု( ဘိန်းပါသောအုပ်စု) ဆိုပြီး ခွဲတယ်ပေါ့

အဲ့ဒီမှာ ပါရာစီတမောက ဘေးအကင်းဆုံး။ သူတစ်ခုပဲ ဆရာဝန်မညွှန်ပဲ သောက်လို့ရတာ။ ရောဂါအခံရှိရင်တော့ ( ဥပမာ- အသည်းရောဂါအခံ) ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုမယ်။
ကျန်တဲ့ NSAID နဲ့ Opioid က ကိုယ့်ဘာသာမသောက်ရဘူး။ ဆရာဝန်ညွှန်ကြားချက်လိုတယ်။
အဲ့ ၂ ခုမှာလည်း Opioid က ဥပဒေနဲ့ ငြိစွန်းတဲ့ဆေးဖြစ်နေတော့ လူနာကိုယ့်ဘာသာဝယ်ဖို့ ခက်တယ်။ ထိန်းချုပ်ကန့်သတ်လွန်သွားလို့ လူနာမပြောနဲ့၊ဆရာဝန်တောင် ဝယ်မရဘူး😁

ကြားမှာ ဟိုလိုလိုဒီလိုလိုနဲ့ လွတ်နေတာက NSAID ပဲ။ လူထုကြားမှာ abuse အလုပ်ခံရဆုံးကလည်း သူပဲဗျ။
ကောင်းကျိုးက အနာသက်သာရုံတင်မက။ အရောင်ပါ ကျတယ်။Analgesic action သာမက anti inflammatory action ပါရှိတယ်။ ပါရာစီတမောနဲ့ opioid မှာ အရောင်ကျစေတဲ့ အာနိသင်မရှိဘူးဗျ။

အန္တရာယ်ကလည်း တပုံကြီးပဲ။

၁။ ကျောက်ကပ်ထိနိုင်တယ်။ Acute kidney injury ( ရုတ်တရက် ကျောက်ကပ်ထိခိုက်ခြင်း)၊ Chronic kidney disease ( နာတာရှည်ကျောက်ကပ်အားနည်းခြင်း)၊ Glomerulonephritis ( ကျောင်ကပ်ရောင်ခြင်း) အကုန်ဖြစ်တယ်။ ကျောက်ကပ်ပျက်တဲ့ အဆင့်ထိရောက်တာတွေလည်း တွေ့ဖူးတယ်ဗျ။ သောက်တာကြာလေ ကျောက်ကပ်ထိနိုင်ခြေများလေဗျ။ ဘယ် NSAID မဆို ဖြစ်နိုင်တယ်။

၂။ နှလုံးသွေးကြောကျဉ်းနိုင်ပိတ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေ တက်တယ်။ ဒါလည်း ဘယ် NSAID မဆို ဖြစ်နိုင်တယ်။ အန္တရာယ်အနည်းအများပဲ ကွာတယ်။သာမန်လူထုကြားမှာ အသိနည်းသေးပေမယ့်၊ အရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးပါ။

၃။ အစာအိမ်ထိနိုင်တယ်။ ဆေးတိုင်းတော့ မဟုတ်ဘူး။ selective COX-2 inhibitor တွေက အစာအိမ်မထိဘူး။( အစာအိမ်သာ မထိတာ။ ကျန်တဲ့ ဆိုးကျိုးတွေကတော့ သူမသာ၊ ကိုယ်
အသုဘပဲ။ လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ ဆို Selective COX-2 inhibitors တွေက ပိုတောင် ဖြစ်စေတတ်သေးတယ်ဗျ)

အဲ့ဒါကြောင့် NSAID တွေကို ပေးရင် တတ်နိုင်သလောက် ရက်တိုတိုနဲ့ ပေးဖို့ ၊ သက်သာတာနဲ့ ချက်ချင်းရပ်ဖို့လိုပါတယ်။ (အချို့ဆရာဝန်တွေ တစ်နှစ်
လောက် စွဲပေးထားတာတွေ့ဖူးတယ်။ လူသူ့ဆေးစာအုပ်မှာကို တွေ့ရတာ။ လူနာက ကိုယ့်ဆီရောက်တော့ ကျောက်ကပ်ထိနေပြီ။ ကျောက်ကပ်အားနည်းမှု အဆင့် ၄ ဖြစ်နေပြီ။ အဆင့် ၅ ဆို ကျောက်ကပ်ဆေးရတော့မှာ)

လူနာတွေကလည်း ဆရာဝန်က အန္တရာယ်ဖြစ်မှာစိုးလို့ ဆေးရပ်ထားတာကို ကိုယ့်ဘာသာ ဆေးမှတ်တမ်းစာအုပ်ပြ၊ ဆေးကဒ်ပြပြီး ဝယ်မသောက်ဖို့ လိုတယ်ဗျ။

နောက်တစ်ချက်က တိုင်းရင်းဆေးတွေကို လျှော့မတွက်နဲ့ဗျ။တိုင်းရင်းဆေးကို အထင်သေးတာ၊ စော်ကားတာတော့ မဟုတ်ပါဘူး။ အချို့တိုင်းရင်းဆေးတွေ( အချို့လေးဖက်နာဆေး၊ ကျီးပေါင်းဆေးတွေ) က NSAID တွေ ကြိတ်ထည့်ထားတာ။ သဘာဝသစ်ဥသစ်ဖုနဲ့ ဖော်စပ်တာမဟုတ်ဘူး။ ရှေးက သီလသမာဓိနဲ့ ပြည့်စုံတဲ့ သမားဟူးရားကြီးတွေက သစ္စာအထပ်ထပ်နဲ့ ဖော်စပ်ခဲ့တဲ့ ဆေးစွမ်းကောင်းတွေ ဒီဘက်ခေတ်မှာ ရှားသွားပြီဗျ။

မှတ်ချက်-NSAD မှာပါတဲ့ဆေးတွေက Ibuprofen, Naproxen, mefenemic acid, diclofenac ( လူတွေ တောင်းဆိုတတ်ကြတဲ့ အဖျားကျထိုးဆေး)၊ ketorolac, Indomethacin, aceclofenac , celecoxib, etoricoxib, piroxicam, meloxicam စတဲ့ ဆေးတွေပါ။ အဲ့ဒီမှာ celecoxib, etoricoxib, meloxicam တို့က Selective COX-2 inhibitors တွေ ဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

08/11/2025

ဆေးပြင်းတိုင်း အစာအိမ်ထိသလား

08/11/2025

Gold Finger ( မှတ်ချက်-ဂျိန်းစ်ဘွန်းကားမဟုတ်ပါ။)

လူနာက အသက် ၆၇ နှစ်ပါ။ကျွန်တော်တို့မောင်နှမ လစဉ် မေတ္တာနဲ့လုပ်အားပေးသွားကုပေးနေတဲ့ မေတ္တာဆေးခန်းမှာတွေ့တဲ့ အဘပါ။ လာတာက ဝမ်းညှစ်ရင်စအိုထဲက နာတယ်တဲ့။ ၂လ၊၃လ လောက်ရှိပါပြီ။တောသူတောင်သားဆိုတော့ ရိုးလည်းရိုး။ မေးတစ်ခွန်း၊ ဖြေတစ်ခွန်း။ ဝမ်းသွားပြီးရင် အားရလား။ ဝမ်းကျန်တယ်လို့ ခံစားရလားဆိုတော့ မခံစားရဘူးတဲ့။ ကိုယ်အလေးချိန်ကျတာ၊ ခံတွင်းပျက်တာရှိလားဆိုတော့ မရှိဘူးတဲ့။ ဝမ်းသွားရင် သွေးတွေ၊ ချွဲတွေပါလားဆိုတော့ မပါဘူးတဲ့။ နှစ်ခါသုံးခါ ပြန်မေးတော့မှ တစ်ခါတလေ မျှင်မျှင်လေးပါတယ်ဆိုပြီး စကားတစ်ခွန်းထွက်လာပါတယ်။သွေးအများကြီးတော့ မကျသလို ဝမ်းလည်း မချုပ်ပါဘူး။အရင်ဆေးခန်းပြထားတာရှိလားလို့ မေးလိုင်တော့ မရှိပါဘူးတဲ့။လိပ်ခေါင်းထင်လို့ လိပ်ခေါင်းဆေးတွေပဲ သောက်နေတယ်တဲ့။
အဲ့ဒါနဲ့ ကျွန်တော်လည်း လူနာကို သေချာရှင်းပြ၊ စအိုထဲကို လက်ညှိုးနဲ့ နှိုက်စမ်းဖို့ လိုကြောင်း သေချာပြောပြပြီး ခွင့်တောင်း၊ လူနာခွင့်ပြုတော့ private room ထဲ ခေါ်ပြီး စမ်းလိုက်တော့ လက်ညှိုးထိပ်မှာ irregular margin နဲ့ growth တစ်ခုလိုတွေ့ပါတယ်။ အူနံရံ ပတ်လည်ရဲ့ တစ်ဝက်လောက်( posterior half လောက်) ရှိမယ်။ smooth ဖြစ်မနေပါဘူး။ လက်ကိုပြန်ထုတ်ကြည့်တော့ လက်အိတ်မှာ သွေးစတွေ ပါနေပါတယ်။
ဒီအသက်အရွယ်မှာဆိုရင်တော့ ကျွန်တော်တို့ ဆရာဝန်တွေအကြောက်ဆုံးက ကင်ဆာပါ။ဒီလူနာမှာဆိုရင် အစာဟောင်းအိမ်ကင်ဆာ( CA rectum)ပေါ့။ အဲ့ဒါနဲ့ လူနာကို အခြေအနေရှင်းပြပြီး ခွဲစိတ်အထူးကုဆီ လွှဲစာနဲ့လွှဲပေးလိုက်ရပါတယ်။

၁။ တကယ်တော့ အစာဟောင်းအိမ်ကင်ဆာ( CA rectum)နဲ့ အူမကြီးကင်ဆာ( CA colon)တွေကို colorectal cancer လို့ တစ်စုတစ်စည်းတည်း ခေါ်ကြပါတယ်။ စောစောသိ၊ စောစောကုရင် ပျောက်
နိုင်တဲ့ ရောဂါပါ။ အသက်ကြီးတဲ့ လူနာတွေမှာ ဝမ်းချုုပ်လိုက် ဝမ်းပျက်လိုက် ခဏခဏဖြစ်တာ၊ ဝမ်းကိုက်သလို ခဏခဏဖြစ်တာ၊ ဝမ်းသိသိသာသာ ချုပ်လာတာ၊ ဝမ်းသွားရင် သွေးပါ၊ ချွဲပါတာဆိုရင် colorectal cancer များဖြစ်နေမလားဆိုပြီး သတိပြုစေချင်ပါတယ်။အစားမှားဘို့ တစ်ခါလောက် ဝမ်းကိုက်တာလောက်နဲ့ ကြောက်လန့်ပြီး မှန်ပြောင်းပြေးကြည့်စရာတော့မလိုပေမယ့် အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ခဏခဏ ဝမ်းကိုက်နေတာဆိုရင်တော့ ရောဂါသေချာရှာဖို့လိုပါတယ်။

၂။ ဝမ်းမချုပ်၊ ဝမ်းမကိုက်၊ ဝမ်းနဲ့ ပက်သက်တဲ့ လက္ခဏာမပြဘဲနဲ့ အူမကြီးကင်ဆာဖြစ်တာရှိလားလို့ မေးရင် ရှိပါတယ်။ ညာဘက်အူမကြီးမှာ ဖြစ်တဲ့ ကင်ဆာ ( CA caecum, ascending colon) နဲ့ အလယ်မှာကန့်လန့်ဖြတ်ရှိနေတဲ့ အူမကြီးမှာ ဖြစ်တဲ့ ကင်ဆာ( CA transverse colon)တွေဟာ ဝမ်းနဲ့ပက်သက်တဲ့ လက္ခဏာပြလေ့မရှိပါဘူး။ အလွန်ပြခဲပါတယ်။ အကြောင်းရင်းက အူမကြီးရဲ့ အဲ့ဒီအပိုင်းတွေမှာ မစင်ဟာ အစိုင်အခဲမဖြစ်သေးဘဲ အရည်
အဖြစ်သာ အဓိကရှိနေလို့ပါ။ အဲ့ဒါကြောင့် အူမကြီးနံရံမှာ အကျိတ်တော်တော်ကြီးလာတာတောင်မှ လူနာက ဝမ်းချုပ်တာ၊ ဝမ်းသွားရတာ အားမရတာ စတဲ့ ဝမ်းနဲ့ပက်သက်တဲ့ လက္ခဏာတွေ မပြဘဲ နေတတ်ပါတယ်။ အဲ့ဒီလို လူနာတွေ ဘာနဲ့ လာလဲဆိုတော့ သွေးအားနည်းခြင်း( Unexplained anaemia)၊ ကိုယ်
အလေးချိန်သိသိသာသာကျခြင်း၊ ခံတွင်းပျက်ခြင်းစတဲ့ လက္ခဏာတွေနဲ့လာပါတယ်။ ဝမ်းကို ဓာတ်ခွဲခန်းပို့စစ်ရင် ဝမ်းထဲမှာ သွေး cell ပါတာ၊ သွေးစစ်ရင် သွေးအားနည်းတာ စတာတွေတွေ့ရတတ်ပါတယ်။ရောဂါရင့်မှ လာရင် ဗိုက်မှာ အလုံးအကျိတ်စမ်းမိတတ်ပါတယ်။

၃။ စအိုထဲ လက်နှိုက်စမ်းခြင်း( Digital Re**al Examination)ဟာ ဆေးပညာဆိုင်ရာစမ်းသပ်မှုတွေမှာ အရေးပါတဲ့ စမ်းသပ်မှုတစ်ခုဖြစ်နေဆဲပါ။Bedside examination ခေါ် လူနာကို လက်တွေ့စမ်းသပ်ပြရတဲ့စာမေးပွဲတွေမှာလည်း Abdominal examination ခေါ် ဝမ်းဗိုက်ကိုစမ်းသပ်ပြရတဲ့ စာမေးပွဲမှာဆို နောက်ဆုံးပိတ်မှာ လူနာကို စအိုထဲ လက်နှိုက်စမ်းသပ်ခြင်း လုပ်ချင်ကြောင်း ထည့်ဖြေမှ ပြည့်စုံပါတယ်။( တကယ်တော့ မစမ်းပြခိုင်းပါဘူး) ဒီလူနာမှာလည်း စအိုထဲလက်နှိုက်စမ်းမှ အဖြေထွက်တာပါ။ စအိုထဲလက်နှိုက်စမ်းခြင်းဟာ ခွဲစိတ်အထူးကုဆရာဝန်တွေကလွဲရင် ကျန်တဲ့ဆရာဝန်တွေ လုပ်ခဲပါတယ်။ ကျွန်တော်ကိုယ်တိုင့် လည်း အလေ့အကျင့်အများကြီးမရှိဘူးဆိုတာ ဝန်ခံပါတယ်။ စမ်းတော့ စမ်းလေ့ရှိပေမယ့် ဆရာဝန်
သက်တမ်းတလျှောက်လုံး လူနာ ၂၀ ပြည့်အောင် မစမ်းဖူးဘူးဆိုတာ ဝန်ခံပါတယ်။ စမ်းလိုက်လို့ အချိန်မီသိသွားတော့လည်း အသက်တစ်ချောင်းကို ကယ်လိုက်နိုင်တာပေါ့ဗျာ။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

30/10/2025

Statin က အသည်းထိသလား။

Statin က chronic stable liver disease တွေမှာ (ဥပမာ-Fatty liver ခေါ်အသည်းအဆီဖုံးရောဂါ၊ chronic hepatitis ခေါ် နာတာရှည်အသည်းရောင်ရောဂါ Steatotic liver disease တွေ) မှာ အန္တရာယ်ကင်းပါတယ်ဗျ။ Fatty liver ( အသည်းအဆီဖုံးရောဂါ)မှာဆိုရင် statin အသည်းရောင်ရမ်းမှုကို လျော့စေတယ်။ အသည်းကြွပ်ဆပ်မှုနဲ့ အသည်းခြောက်နိုင်ချေကို လျော့ကျစေတယ်။အသည်းကင်ဆာဖြစ်မယ့်အန္တရာယ်ကိုတောင် လျော့ကျစေတယ်ဆိုတဲ့ data တွေတောင်ရှိတယ်။ ကောင်းကျိုးတွေ တွေ့ရတယ်ဗျ။

တစ်ခုတော့ ရှိတယ်။
သူ့ဟာသူ အသည်းအခြေအနေဖောက်နေချိန်၊အသည်းအခြေအနေ မရှူနိုင် မကယ်
နိုင်အဆင့်ဆိုရင်တော့ statin သွားမပေးနဲ့။ ပိုဆိုးသွားမယ်။
ဥပမာ- အသည်းရောင်အသားဝါ ဖြစ်
တယ်။ အသားတွေလည်း ဝါနေတယ်။ အဲ့ဒါဆို သွားမစနဲ့။
Fulminant hepatic failure (အသည်းဆိုးဆိုးရွားရွားထိခိုက်ပြီး နေ့နဲ့ ညနဲ့မှားနေခြင်း၊ သတိကောင်းကောင်းမလည်ခြင်း၊ တချိန်လုံးမှိန်းနေခြင်း၊ မျက်စိဝါအသားဝါနေခြင်းစသည်တို့ ဖြစ်နေသည့်အဆင့်) ရှိသူတွေ၊ အသည်းခြောက်ရောဂါဆိုးဝါးနေသူတွေ( Decompensated cirrhosis ရသူတွေ - အထက်က လက္ခဏာတွေသာမက၊ သွေးအန်ခြင်း၊ အသည်းကြောင့် ကျောက်ကပ်ပါထိခိုက်ခြင်း၊ ရေဖျဉ်းစွဲခြင်းပါ ရှိသူတွေ) မှာ statin မပေးရပါဘူး။ statin မစသင့်ပါဘူး။ Contra-indicated ပါ။

ဒါဆို statin က အသည်းထိတယ်ဆိုတာ ဘယ်လိုသတင်းထွက်လာတာလဲ။

ဇာတ်လမ်းက ဒီလို။ Statin သောက်ရင် liver enzyme တက်နိုင်တယ်။အဲ့ဒါက အသည်းထိသွားတာမဟုတ်ဘူး။ဒါကို ဆရာဝန်စစ်စစ်တိုင်း ဆေးတက္ကသိုလ်မှာ ကျောင်းသားဘဝကတည်းက သင်ဖူးပြီးသား။ ခဏပဲ တက်တာ။ဆက်သောက်နေရင်းနဲ့ သူ့ဘာသာပြန်ကောင်းသွားတတ်
တယ်။ လက္ခဏာတောင် ပြလေ့မရှိဘူး။ ဆေးလည်း ရပ်စရာမလိုဘူး။ အန္တရာယ်ဖြစ်လောက်တဲ့ အထိ ဖြစ်တာ၊ Fulminant hepatic failure ခေါ် အသည်းရုတ်တရက် အပြင်းအထန်
ထိခိုက်တာမျိုးက ရှားတယ်။ ဖြစ်လေ့မရှိဘူး။ (၁၀၀ မှာ ၁ ယောက်မဖြစ်ဘူး)

ဘယ်လိုလူမျိုးတွေ သတိထားရမလဲ။

အရက်အလွန်အကျွံသောက်သူတွေ၊အသည်းရောဂါအခံရှိသူတွေ သတိထားသင့်တယ်။ ဆေးမစခင် သွေးစစ်လို့ liver enzyme (AST/ALT) ၃ ဆကျော်ဆို ဆေးမစနဲ့ဦးဗျ။ ၃ ဆ အောက်ဆို စလို့ရတယ်ဗျ။

အဲ့ဒါကြောင့် statin မစခင် Liver Function testတစ်ခေါက်တော့ ကြိုစစ်သင့်တယ်ဗျ။ အဖြေကောင်းရင် အဲ့တစ်ခါပဲ စစ်ရင်ရပြီ။နောက်ဘယ်တော့ပြန်စစ်မလဲဆို မျက်စိဝါ၊ အသားဝါ၊ ဗိုက်အောင့်၊ ပျို့အန် စတဲ့ လက္ခဏာတွေပေါ်ရင် စစ်မယ်။ မပေါ်ရင် ထပ်စစ်စရာမလိုဘူး။

ဆေးသောက်နေတုန်း အသားဝါ၊ ပျို့အန်၊ ဗိုက်အောင့်စတဲ့လက္ခဏာတွေပြရင် ဆရာဝန်နဲ့ ပြန်ပြဖို့လိုမယ်။ LFT စစ်ဖို့လိုမယ်။ အဖြေမကောင်းရင် ဆေးရပ်ဖို့လိုမယ်။ ရှားပေမယ့် ၊ ဖြစ်ခဲပေမယ့် သတိထားရမယ်ဗျ။

ဒီလောက်ဆိုရင် statin က အသည်းထိလားဆိုတာနဲ့ ပက်သက်ပြီး ရှင်းလောက်ပါပြီ။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

References:
1.ESC/EAS 2019 dyslipidemia guidelines
2. EASL (European Association for the Study of the Liver) 2024 MASLD Guidelines:
3. AASLD 2023 NAFLD Practice Guidance:

ဆေးတွေမှာ အဖြေရှိပါတယ်။မှတ်ချက်- ဆေးလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါတယ်။ဒီလူနာကတော့ ကျွန်တော်ရေးတဲ...
23/10/2025

ဆေးတွေမှာ အဖြေရှိပါတယ်။

မှတ်ချက်- ဆေးလောကသားမိတ်ဆွေများအတွက် Experience sharing post ဖြစ်ပါတယ်။

ဒီလူနာကတော့ ကျွန်တော်ရေးတဲ့ fixed drug eruption အကြောင်းဖတ်ပြီးလာပြတာပါ။ လူနာကအသက် ၇၈နှစ်။အမျိုးသမီးပါ။
ပုံထဲကလိုအကွက်တွေဖြစ်တာ ၃ လလောက်ရှိပြီ။
ရောဂါအခံကတော့
နှလုံးသွေးကြာပိတ်ထားတဲ့အခံရှိပါတယ်။ ငွေကြေးတတ်နိုင်သူတွေမို့ ဘန်ကောက်ထိသွားပြီး stent ထည့်ထားတာပါ။ ဆီးချိုအခံလည်းရှိပါတယ်။Epilepsy ခေါ် အတက်ရောဂါအခံလည်းရှိပါတယ်။ ဆေးတွေသောက်နေတာလည်း မနည်းမနောပါပဲ။ကျွန်တော်လည်း လူနာကို သေချာမေးကြည့်စမ်းကြည့်ပါတယ်။ လူနာရဲ့ ပါးနှစ်ဘက်၊ မေးစေ့နဲ့ မျက်ခွံအပေါ်မှာ အနီရောင်အကွက်တွေတွေ့ပါတယ်။ နာတော့မနာပါဘူး။ sign of inflammation ဘာမှမရှိပါဘူး။ လက်နဲ့သေချာကိုင်ကြည့်တဲ့အခါမှာ နည်းနည်းလေးကြွနေသလို၊ အောက်မှာ တစ်ခုခုရှိနေသလို ၊ နည်းနည်းလေးမာနေသလိုညခံစားရပါတယ်။ သွေးခြေဥတာနဲ့ တူနေပါတယ်။ bruise ပုံစံပါ။Haematoma လိုမျိုး ကြွထနေတာ၊ ဖိရင်နာတာမျိုးတော့ မရှိပါဘူး။ ခန္ဓာကိုယ်တခြားနေရာမှာရော အဲ့ဒီလို အကွက်တွေရှိလားမေးကြည့်တော့ မရှိဘူးလို့ ဆိုပါတယ်။ ကျွန်တော်ကြည့်တာတော့ လက်ဖျံမှာ အနီကွက်လေးတွေ တွေ့ရပါတယ်။ bruise ပုံစံမျိုးပါပဲ။ ကျန်တာတော့ ကောင်းပါတယ်။ သွေးတိုး၊ ဆီးချို အားလုံး အိုကေပါတယ်။ နှလုံးနဲ့ပက်သက်လို့လည်း ဘာ complaint မှ မရှိပါဘူး။အတက်ရောဂါကလည်း လောလောဆယ် ပြန်မတက်ဘူးဆိုတော့ ထိန်းနိုင်တဲ့သဘောပါပဲ။ အဲ့ဒါနဲ့ ကျွန်တော်လည်း သောက်ဆေးတွေကို ပြန်စစ်ပါတယ်။ ဆေးတွေက

သောက်နေတဲ့ဆေးတွေက
Tecagrelor 90mg bd
Amlong/valsartan 5/160mg 1 od
Levetiracetam 500mg 2 tab bd
Lamotrigine 100mg hs
Vasteral OD 1 od
Bisoprolol 2.5mg od
Nicergolin 30mg od
Atorvastatin 10mg od
Empagliflozin 10mg od ပါ။ ဆေးတွေသောက်နေတာ ကြာပါပြီ။၂၀၂၂ ကတည်းက သောက်နေတယ်လို့ ပြောပါတယ်။ ရက်ချိန်းပြန်ပြလားလို့ မေးကြည့်တော့ မပြဖြစ်ဘူးတဲ့။ သားသမီးတွေက ပြန်ပြခိုင်းပေမယ့် သူကမသွားတာပါ။ သားသမီးတွေက ဟိုကနေ ပို့ပေးတာကိုပဲ ဆက်သောက်နေတာပါ။ ဘန်ကောက်လည်း ပြန်မသွားသလို၊ ရန်ကုန်မှာလည်း ပြန်မပြပါဘူး။ဆေးလည်းပြန်မစစ်ဖြစ်ပါဘူးတဲ့။

သူ့ဆေးတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သိပ်မသုံးဖူးတဲ့ဆေးတွေပါပါတယ်။ Tecagrelol ဆို ကျွန်တော် MRCP ဖြေတုန်းက ဖတ်ဖူးလို့ New generation anti platelet မှန်းတော့ သိပေမယ့် မရင်းနှီးဘူးဖြစ်နေပါတယ်။ Nicergoline ဆိုလည်း Post MI မှာရော၊ Epilepsy မှာရော သုံးတာတစ်ခါမှ မတွေ့ဖူးပါဘူး။ ဘာကြောင့်ပေးထားမှန်းလည်း မသိပါဘူး။ Anti epileptic တွေဖြစ်တဲ့ Levitiracetam နဲ့ lamotrigine ကလည်း ကျွန်တော် အကျွမ်းတဝင်မရှိတဲ့ဆေးတွေပါပဲ။ anti platelet ရဲ့ effect ကို မနှောင့်ယှက်အောင်လို့ hepatic enzyme inducer or inhibitor actionမရှိတဲ့ AED တွေကို ရွေးချယ်ပြီး ပေးထားပုံရပါတယ်။( Epilepsy ဆို ကျွန်တော် ကုလေ့မရှိဘဲ neurologist ဆီ လွှဲလေ့ရှိပါတယ်။)

အဲ့ဒါနဲ့ လူနာကို ခွင့်တောင်းပြီး medscape ဖွင့်၊ dose adjustment တွေ လိုမလို စစ်၊ ChatGPT ဖွင့်၊ သိချင်တာတွေရှာ။ သူငယ်ချင်း ဒေါက်တာခင်မိုးဦးလည်း online ဖြစ်နေတော့ သူ့ကိုပါလှမ်းမေးနဲ့ အလုပ်ရှုပ်သွားပါတယ်။ အဲ့ဒါမှာတွေ့ရတာက Tecagrelol dose က After PCI မှာ 90mg od ကို ၁ နှစ်အထိပေးပါတယ်။ ၁ နှစ်ကျော်ရင် dose ကို 60mg od ထိလျှော့ပြီး maintenance dose ဆက်ပေးပါတယ်။ လူနာက ရက်ချိန်းပြန်မသွားတော့ Tecagrelol က dose မလျှော့ဖြစ်ဘဲနဲ့ ၊သောက်သင့်တာထက် ၁ ဆခွဲလောက် ပိုသောက်မိနေတဲ့သဘောပါ။ ၃ နှစ်လောက်ကြာလာပြီဆိုတော့ bleeding tendency များလာတာပေါ့။ လူနာကို အခြား systemic bleeding features တွေ မေးကြည့်တော့ မရှိဘူးဆိုလို့တော်ပါသေးတယ်။ ထပ်ပြီးစိတ်ချရအောင် လူနာကို BT,CT, APTT, INR, CP auto တွေ စစ်လိုက်တာ အားလုံး ကောင်းပါတယ်။
HbA1C လည်း controlled ။ Liver function and renal function လည်း ကောင်းပါတယ်။ ဒါဆိုရင် ဖြစ်နိုင်ချေအများဆုံးကတော့ Skin bruising due to prolonged and excess tecagrelol exposure ပါ။ အဲ့ဒါနဲ့ လူနာကို diagnosis ကို ရှင်းပြ။ သွေးကျဲဆေးလုံးဝရပ်လို့တော့မရကြောင်း၊ ရပ်ရင် stent thrombosis ရပြီး သွေးကြောပြန်ပိတ်နိုင်ကြောင်း၊ဆေးလျှော့ဖို့တော့လိုကြောင်း ပြောပြီး အဆင်ပြေရင် ဘန်ကောက်မှာ အရင်ပြခဲ့တဲ့ အထူးကုနဲ့ ပြန်သွားပြဖို့၊ သွားဖို့အဆင်မပြေရင် ရန်ကုန်မှာ နှလုံးအထူးကု၊ ဦးနှောက်အာရုံကြောအထူးကုတို့နှင့် ပြဖို့ အကြံပေးလိုက်ပါတယ်။ ဆေးကတော့ Tecagrelol ကို ခဏရပ်ပြီး clopidogrel ခဏပြောင်းပေးလိုက်ပါတယ်။ နှလုံးအထူးကုနဲ့ မပြသေးမီ ကာလမှာ တောက်လျှောက်သောက်ဖို့လည်း မှာလိုက်ပါတယ်။ Nicergoline ကို​တော့ ရပ်ခိုင်းလိုက်ပါတယ်။ ကျန်တဲ့ဆေးတွေကို ဆက်ပေးထားလိုက်ပါတယ်။

၁။ Drug history ရဲ့ အရေးပါပုံကို နောက်တစ်ခါထပ်တွေ့လိုက်ရတာပါပဲ။ ဒီ case မှာ လူနာဆေးကဒ်တွေ ယူလာတာ ခပ်ကောင်းကောင်းဖြစ်သွားပါတယ်။ ဆေးတွေကို စစ်ကြည့်မှ ၊ Drug history သေချာလိုက်မှ အဖြေပေါ်တာပါ။လူနာဘာဆေးတွေသောက်နေလဲ သေချာမေးဖို့၊ ဆေးတွေသေချာစစ်ဖို့၊ လူနာခံစားနေရတဲ့ ဝေဒနာဟာ ဆေးနဲ့ တနည်းနည်းပက်သက်နေမလားဆိုတာ ဆန်းစစ်ဖို့ သင်ကြားပေးခဲ့တဲ့ ဆရာတွေရဲ့ ကျေးဇူးက ကြီးမားလှပါတယ်။ လူနာတွေအနေနဲ့လည်း ဆေးခန်းလာတိုင်း ဆေးမှတ်တမ်းတွေသာမက၊ သောက်နေတဲ့ဆေးတွေပါ ယူလာဖို့ လိုပါတယ်။

၂။ ဆေးကုတဲ့ အခါမှာ လူနာရဲ့ရောဂါအခြေအနေပေါ် မူတည်ပြီး ရက်ချိန်းပြန်ခေါ်ရတဲ့ အခါတွေရှိတတ်ပါတယ်။ ရောဂါရက်ချိန်းမှာ လူနာအတွက် လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်မယ်။ တွေ့ရှိချက်ပေါ်မူတည်ပြီး ဆေးအတိုးအလျှော့လုပ်မယ်။ ဒီလူနာမှာလည်း ဒီအတိုင်းပါပဲ။ ဘန်ကောက်ကဆရာဝန်က ရက်ချိန်းမှာ Tecagrelol dose လျှော့ဖို့ အစီအစဉ်ရှိကောင်းရှိနိုင်ပါတယ်။ လူနာသာ ရက်ချိန်းပြန်သွားပြပြီး ဆေးလျှော့လိုက်ရင် အဲ့ဒီလို ဖြစ်ချင်မှ ဖြစ်မှာပါ။ အခုတော့လူနာက ၃ နှစ်လုံးလုံးကို သောက်သင့်တဲ့ ပမာဏထက် ၁ ဆခွဲလောက်ပိုသောက်နေမိတာပါ။ GI bleeding တွေ မရတာတော်သေးတာပေါ့ဗျာ။
ဆရာဝန်ချိန်းရင် ပြန်မလာချင်တဲ့ လူနာတွေအတွက် သင်ခန်းစာယူစရာပါပဲ။
၃။ Ticagrelol က ကျွန်တော်သိသလောက် တော့ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။( ကျွန်တော်မတွေ့သေးတာလားတော့ မသိပါဘူး) အဲ့ဒါကြောင့် လောလောဆယ် clopidogrel နဲ့ ခဏအစားထိုးထားပြီး cardiologist နဲ့ ပြခိုင်းထားပါတယ်။ clopidogrel ကို brand ကောင်းကောင်းတော့ သောက်ခိုင်းလိုက်ပါတယ်။ ကျွန်တော်လုပ်တာ မှန်လား၊ လိုအပ်ချက်ရှိလားဆိုတာကို နားလည်တတ်ကျွမ်းတဲ့ ဆရာများထောက်ပြဝေဖန်ပေးကြဖို့ လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်။

၄။Nicergoline လို Ergot derivative ကို ဒီလူနာမှာ ဘာကြောင့်ပေးထားလဲ ကျွန်တော်စဉ်းစားလို့မရပါဘူး။ ကျွန်တော်ကတော့ ဖြုတ်လိုက်ပါပြီ။ တတ်သိနားလည်တဲ့ ဆရာများ ရှင်းလင်းဖြေကြားပေးကြပါဦးလို့ လေးစားစွာမေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

23/10/2025

ဂြိုဟ်တုထည့်မှ အဖျားကျတာလား။

လူကြီးတွေဖျားရင် ဆေးထိုးတာ ခေတ်စားသလို၊ ကလေးတွေမှာ ဂြိုဟ်တုထည့်တာက ခေတ်စားတယ်ဗျ။ အဲ့ဒီတော့ ဂြိုဟ်တုအကြောင်း နည်းနည်းပြောပြချင်ပါတယ်။
ဂြိုဟ်တုဆိုတာ အမှန်တော့ အင်္ဂလိပ်လို suppository ဗျ။ ထိပ်လေးက ချွန်နေလို့ ဂြိုဟ်တုလို့ ခေါ်ကြတာထင်တယ်။ ဒုံးကျည်လို့လည်း ခေါ်ကြသေးတယ်။

ဖျားတဲ့လူနာတွေမှာ Paracetamol suppository နဲ့ diclofenac suppository တွေကို ဂြိုဟ်တုထည့်တတ်ကြတယ်။ ဆေးပြင်းအား မီလီဂရမ် ကတော့ အမျိုးမျိုးရှိကြတယ်ဗျ။

၁။ ပါးစပ်က သောက်နိုင်တဲ့လူနာကို ပါးစပ်ကပဲ တိုက်တာအကောင်းဆုံးဗျ။ အူသိမ်တလျှောက် ဆေးကိုစုပ်နိုင်တော့ ဆေးအာနိသင် အပြည့်အဝရရဖို့ ပိုသေချာတယ်။ လူနာအတွက်လည်း ပိုပြီး သက်တောင့်သက်သာရှိတယ်။တစ်နေ့ ၃ ကြိမ် ပါးစပ်ကတိုက်တာက တစ်နေ့ ၃ ကြိမ် စအိုကထည့်တာထက် ပိုအဆင်ပြေတယ်။

၂။ ဘယ်အခါ ဂြိုဟ်တုထည့်မလဲ။ ပါးစပ်ကနေ ဆေးမဝင်ရင်၊ ဆေးကောင်းကောင်း မမျိုချနိုင်ရင် ( ဥပမာ- အရမ်းအန်နေတာ၊ လူနာ အရမ်းမှိန်းနေတာ၊ သတိမရှိတာ) ဆို ဂြိုဟ်တုထည့်မယ်ဗျ။

၃။ ကလေးအရမ်းရုန်းကန်နေတာ၊ ဆေးတိုက်ရင် ထွေးထုတ်တာဆိုရင်တော့ လည်း ဂြိုဟ်တုထည့်ရတာပေါ့ဗျာ။

၄။အစာအိမ်အူလမ်းကြောင်းပိတ်ဆို့နေသူတွေ၊ အစာအိမ်နဲ့အူလမ်းကြောင်းခွဲစိတ်မှုခံထားလို့ အစာအိမ်အူလမ်းကြောင်းကို အနားပေးထားရသူတွေမှာလည်း အဖျားတက်ရင်၊ ကိုက်ခဲရင် ဆရာဝန်တွေ ဂြိုဟ်တုထည့်လေ့ရှိတယ်။

၅။ အချို့ Ulcerative colitis နဲ့ Crohn’’s disease တို့လို ကိုယ်ခံအားစနစ်ဖောက်ပြန်လို့ဖြစ်တဲ့ နာတာရှည်အူရောင်ရောဂါတွေမှာ မစင်အိမ်နဲ့ စအိုတစ်ဝိုက်မှာ အဓိကဖြစ်တဲ့ အခြေအနေမျိုးဆိုရင် ဆေးအာနိသင်ကို ရောဂါဖြစ်တဲ့နေရာတဝိုက်မှာ အဓိကရနေအောင် ထားဖို့၊ အခြားမလိုအပ်တဲ့နေရာတွေဆေးဒဏ်မခံရစေဖို့ဆိုရင်လည်း စအိုကနေ ဆေးပေးတာက အဆင်ပြေတယ်ဗျ။ suppository, Foam, e***a စတဲ့ ပုံစံအမျိုးမျိုးနဲ့ပေးကြတယ်။ ရှင်းရှင်းပြောရရင် စအိုနဲ့ နီးနီးနားနားမှာဖြစ်တဲ့ UC နဲ့ Crohn disease ဆို စအိုထဲကနေ ဆေးပေးတာ ပိုကောင်းတယ်ပေါ့။ စအိုနဲ့ ဝေးတဲ့နေရာမှာဖြစ်ရင်တော့ systemic therapy ပိုကောင်းပါတယ်။ ဒါက အဖျားနဲ့ မဆိုင်ပေမယ့် ကြုံလို့ ထည့်ပြောတာပါ။

၆။အာနိသင်မြန်မြန်ရဖို့လိုရင် အကောင်းဆုံးက IV လို့ခေါ်တဲ့ အကြောကနေဆေးသွင်းတာပဲ။ တစ်ခါတလေ အကြောကနေ သွင်းလို့မရရင် စအိုက ပေးတာက အာနိသင်မြန်မြန်ရတယ်ဗျ။ ဥပမာ- အတက်ရောဂါရှိတဲ့လူနာ ရုတ်တရက်တက်လို့ အတက်မကျရင် diazepam ကို အကြောကသွင်းတယ်။ တစ်ခါတလေ အကြောရှာမရရင် စအိုကနေ သွင်းလို့ရတယ်ဗျ။ အဖျားနဲ့မဆိုင်ပေမယ့် ကြုံလို့ထည့်ပြောတာပါ။

၆။ ကလေးအရမ်းရုန်းကန်နေတာ၊ ဆေးတိုက်ရင် ထွေးထုတ်လို့ တိုက်မရတာဆိုရင်တော့ လည်း ဂြိုဟ်တုထည့်ရတာပေါ့ဗျာ။

အားလုံးအဆင်ပြေကြပါစေ။

သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား ဂါရဝပြုလျက်ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

Address

No-79, Mae Zi Gone Road, 8th Quarter, Hlaing Township
Kamayut

Telephone

+959776212632

Website

Alerts

Be the first to know and let us send you an email when ဆုလာဘ်-၂အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram