21/02/2026
နေ့စဉ်ဘဝမှာ ဖုန်းနဲ့ ကွန်ပျူတာ Screen တွေကို အချိန်အကြာကြီး ကြည့်နေရတာကြောင့် မျက်စိညောင်းညာတာ၊ အမြင်အာရုံ ဝေဝါးတာတွေ ဖြစ်လာတတ်ပါတယ်။
ကြည်လင်တဲ့ အမြင်အာရုံကို ရေရှည်ပိုင်ဆိုင်နိုင်ဖို့ ဒီအချက်လေးတွေကို လိုက်နာကြည့်ရအောင်..
✅ ပုံမှန်မျက်စိစစ်ဆေးပါ (Regular Eyes Checking) မျက်စိရောဂါတော်တော်များများဟာ အစောပိုင်းမှာ လက္ခဏာမပြတတ်တာကြောင့် ကျွမ်းကျင်ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။
✅ အလင်းရောင် အလုံအလောက်ထားပါ (Proper Lighting) စာဖတ်/ အလုပ်လုပ်တဲ့အခါမှာ မျက်လုံး မပင်ပန်းစေဖို့ အလင်းရောင်ကို ပုံမှန်ထားပြီးကြည့်ပါ။
✅ မျက်စိအတွက် အကျိုးရှိမည့် အစားအစာများ (Eat Healthy Food) ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီ၊ သစ်သီးဝလံနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပါ။
✅ မျက်တောင်ခဏခဏခတ်ပေးပါ (Blink Frequently) ဖုန်းကြည့်တဲ့အခါ မျက်လုံးခြောက်သွေ့ခြင်းကင်းဝေးစေဖို့ မျက်တောင်ခဏခဏ ခတ်ပေးပါ။
✅ နေကာမျက်မှန်တပ်ဆင်ပါ (Wear Sunglasses) ပြင်းထန်တဲ့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့ နေသာတဲ့နေ့တွေမှာ အပြင်ထွက်တဲ့အခါ နေကာမျက်မှန် အမြဲတပ်ပါ။
✅ မျက်စိလေ့ကျင့်ခန်းလုပ်ပါ (Eyes Exercising) မျက်လုံးကြွက်သားတွေ ပြေလျော့စေဖို့ မျက်စိလေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးပါ။
✅ အကွာအဝေးကို သတိပြုပါ (Distance Adjustment) ဖုန်း ဒါမှမဟုတ် ကွန်ပျူတာကြည့်တဲ့အခါ မျက်လုံးနဲ့ ၅၀ - ၇၀ စင်တီမီတာခန့် အကွာမှာ ထားရှိပေးပါ။
✅ အစိမ်းရောင်ကို ကြည့်ပေးပါ (Gaze for a Green Tree) မျက်စိအကြောပြေစေဖို့ အစိမ်းရောင်သစ်ပင်တွေကို ကြည့်ပေးပါ။
✅ 20-20-20 Rule ကို လိုက်နာပါ။ မျက်စိကို မိနစ် ၂၀ အလုပ်လုပ်တိုင်း စက္ကန့် ၂၀ ကြာ အနားယူပေးပါ။
Hantha Eye Center မှာ မျက်စိနှင့်ပတ်သက်သော ရောဂါရှာဖွေမှုများ၊ ခွဲစိတ်မှုများနှင့် ကုသမှုများကို ခေတ်မီစက်ကိရိယာများ အသုံးပြု၍ စနစ်တကျ ဝန်ဆောင်မှုပေးနေပါပြီ။
Hantha Eye Center
2nd Floor, Grand Hantha International Hospital
☎ 𝟎𝟏-𝟐𝟑𝟏𝟕𝟔𝟏𝟕 , 𝟎𝟏-𝟕𝟓𝟐𝟑𝟎𝟎𝟎 , 𝟎𝟏-𝟕𝟓𝟐𝟑𝟏𝟏𝟏 (𝐄𝐱𝐭-𝟐𝟔𝟎𝟎) , 𝐏𝐡𝐨𝐧𝐞 𝟎𝟗- 𝟒𝟐𝟑 𝟒𝟐𝟑 𝟒𝟐𝟖 (𝐕𝐢𝐛𝐞𝐫)