Myint Thaw Dar Clinic

Myint Thaw Dar Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myint Thaw Dar Clinic, Medical Center, No. 18 Kan Street, Kamayut.

Pharmacy and Health Online store
We believe healthcare, medicines, everyday pharmacy and beauty items should be affordable and accessible no matter where you live in Myanmar
At MTD Online Med Store your professional pharmacist is there to support you .

ဆရာမကြီး နာမည်နဲ့ Account အတုပြုလုပ်ပြီးဆရာမကြီးပုံကို အသုံးပြုပြီး နို့မှုန့်ကြော်ငြာထားတာ တွေ့ရှိနေပါသဖြင့် ဆရာမကြီး ပ...
06/12/2023

ဆရာမကြီး နာမည်နဲ့ Account အတုပြုလုပ်ပြီးဆရာမကြီးပုံကို အသုံးပြုပြီး နို့မှုန့်ကြော်ငြာထားတာ တွေ့ရှိနေပါသဖြင့် ဆရာမကြီး ပါ​မောက္ခ ဒေါ်သန်းသန်းအေး လုံးဝ မဟုတ်ပါကြောင်း ကို အသိပေးအပ်ပါတယ်ရှင့်

30/08/2023

ဖုန်းလိုင်းများ ဆက်သွယ်ရန်
ခက်ခဲပါသဖြင့်ဆရာမကြီးနှင့်
ဆေးခန်ပြရန် ဘိုကင်များရယူလိုပါက

📞09-899990720
📞09-989655610
📞09-942888749
📞09-942333613
📞09-898688136
သို့ဆက်သွယ်ပြီးဘိုကင်များရယူနိုင်ပါတယ်ရှင့်
အဆင်မပြေဖြစ်သွားတဲ့အတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်ရှင့်🙏

👉(Monday to saturday)ရက်များတွင်
မနက်⏱ ၁၁နာရီမှ ညနေ ၃နာရီအတွင်း
ဖုန်းဆက်ပီးဘိုကင်ယူနိုင်ပါတယ်ရှင့်
Sunday တရက်ဆေးခန်းပိတ်ပါတယ်ရှင့်

07/02/2023

🚨ဖုန်းလိုင်းများ ဆက်သွယ်ရန်
ခက်ခဲ‌ပါသဖြင့်ဆရာမကြီးနှင့်
ဆေးခန်ပြရန် ဘိုကင်များရယူလိုပါက

📱09-899990720
📱09-989655610
📱09-942888749
📱09-942333613
📱09-898688136
သို့ဆက်သွယ်ပြီးဘိုကင်များရယူနိုင်ပါတယ်ရှင့်
အဆင်မပြေဖြစ်သွားတဲ့အတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်ရှင့်🙏

ဆေးခန်းပြလိုသူများအတွက်ပါ
18/01/2021

ဆေးခန်းပြလိုသူများအတွက်ပါ

🟦Tele- Consultation (အွန်လိုင်းမှဆေးခန်းပြခြင်း) ပြုလုပ် လိုသူများအတွက် သတင်းကောင်း🟦__________________________________ကိ...
18/01/2021

🟦Tele- Consultation (အွန်လိုင်းမှဆေးခန်းပြခြင်း) ပြုလုပ် လိုသူများအတွက် သတင်းကောင်း🟦
__________________________________

ကို‌ဗစ် ကပ်ရောဂါ အခြေအနေများကြောင့် Stay Home နေခြင်းဟာ
အကောင်းဆုံးသော ကာကွယ်မှုဆိုပေမယ့် အခြား ကျန်းမာရေး ကိစ္စတွေ
အတွက် အပြင်ကို ထွက် ဆေးခန်းပြရမယ်ဆိုရင် .....😬😬

သေချာပါတယ်။ ဒီကိစ္စဟာ ကျွန်‌တော်တို့ တွေ ရဲ့ စိတ်ကို အင်မတန်မှ
အနှောက်အယှက် ဖြစ်စေပါတယ်။

👉အိမ်မှာ ပဲ နေရ မှာလား..???
👉ဆေးခန်း ပဲ သွားရမှာလား..???
👉ဆေးခန်းသွားရင်ကော စိတ်ချရပါ့မလား..???
👉ဆေးခန်းမသွားရင်ကော အဆင်ပြေပါ့မလား ..???

ဒီလို မေးခွန်း တွေ အတွက် အချိန်ကုန်ခံပြီး ခေါင်းခြောက်နေစရာ မလိုတော့ပါဘူး😱😱😱

ကျွန်တော်တို့ မြင့်သော်တာ ဆေးခန်းတွင် ဆရာမကြီး ပါမောက္ခ ဒေါ်သန်းသန်းအေး နှင့် ဆေးခန်းပြသလို‌ေသာ လူနာ များအနေဖြင့် အိမ်မှာ နေရင်း
ကျန်းမာရေး ကိစ္စအဝဝကို တိုင်ပင်
ဆွေးနွေးနိုင်စေရန်အတွက်
Tele- Consultation (အွန်လိုင်းမှ
ဆေးခန်းပြခြင်း)ကို စီစဉ်ထားပြီး
ဖြစ်ပါတယ်😊😊

Tele- Consultation ဖြင့် လက်ရှိ‌တွင်
ဆေးခန်းပြသနေသူများလည်း ရှိနေပြီ ဖြစ်ပါတယ်။

ထိုသို့ အွန်လိုင်းမှ တဆင့် ကျန်းမာရေးစောင့်ရှောက် မှုကို ရယူလိုသူများအနေဖြင့် ပြုလုပ်ရမယ့် အဆင့် (၅) ဆင့် ကို ဖော်ပြ ပေးလိုက်ပါတယ် 🙏🙏

အသေးစိတ် သိရှိလိုပါက

ဖုန်းနံပါတ် -

01-507421
09-898688135
09-898688136
09-899990720
09-899990120 တို့ကို ရုံးချိန်အတွင်း
ဆက်သွယ် စုံစမ်း မေးမြန်းနိုင်ပါတယ်

#မြင့်သော်တာဆေးခန်း
- consultation

01/12/2020

ဆီးချိုလူနာများအတွက်ပါရှင့်

Medical & health

01/12/2020

မြင့်သော်တာဆေးခန်းမှCustomerများရှင့်......

မြင့်သော်တာဆေးဆိုင်အားပြန်လည်ဖွင့်လှစ်နေပါပြီ

Mon to Sat (10:00Am to 3:00Pm) ထိရောင်းချပေးနေပါပြီရှင့်

အင်ဆူလင်ထိုးဆေးများကိုလဲလိုအပ်သလောက်ရောင်းချပေးနေပါပြီနော်

Onlineကနေတဆင့်လဲမှာယူနိုင်ပါသည်။

ရန်ကုန်မြို့တွင်းဆိုအိမ်ထိလာရောက်ပို့ပေး‌သော၀န်ဆောင်မှုများပေးနေပါပြီးရှင့်

နယ်ကCustomerများလဲ ကားဂိတ်ထိပို့ပေးပါတယ်နော်။

အင်ဆူလင်ထိုးဆေးများကိုလဲ Customerများအတွက် ရေခဲဗူးနဲ့စနစ်တကျပို့ဆောင်ပေးနေပါတယ်နော်

Onlineကနေတဆင့်ဆက်သွယ်မှာယူရန်👇👇👇

https://www.facebook.com/myintthawdarclinic/

https://www.facebook.com/myintthawdarpharmacy/

အသေးစိတ် စုံစမ်းလိုပါက ဖုန်းနံပါတ်
📲09 8 9868 8135
📲09 8 9868 8136
📲09 8 9999 0720
📲09 8 9999 0120 တို့ကို ရုံးချိန်အတွင်း
ဆက်သွယ်နိုင်ပါသည်။

Medical & health

01/12/2020

မြင့်သော်တာဆေးခန်းတွင် ဆရာမကြီး နှင့် ဆေးကုသမှုခံယူနေသူများ ရှင့် 😊😊

လတ်တလော ဖြစ်ပွားနေသော Covid 19 ကမ္ဘာကပ်ရောဂါကို ကာကွယ်တားဆီးခြင်း အနေဖြင့် ဆေးခန်းတွင် လူနာလက်ခံ ကြည့်ရှု ကုသခြင်းအစား
Tele- Consultations ဖြင့် သာ ရောဂါအခြေအနေကို ကြည့်ရှူ စစ်ဆေးခြင်း၊လိုအပ်သည့်ဆေးဝါးများ
ညွှန်ကြားခြင်းတို့ကို ဝန်ဆောင်မှုပေးသွားမည်
ဖြစ်ပါသည်။

ထို့ကြောင့် Patients များအနေဖြင့်လည်း မိမိအိမ်မှာနေရင်း ဆေးခန်းပြနိုင်‌တော့မည် ဖြစ်သည့်အတွက်COVID 19 ရောဂါကို ကာကွယ်ရာရောက်ပါသည်။

ထို့အပြင် လိုအပ်သည့် ဆေးဝါးမျိုးစုံကို ဆေးခန်းသို့လာဝယ်စရာမလိုအပ်ပဲMyint Thaw Dar Pharmacy page တွင် ဆရာမကြီး၏ ဆေးစာ ပြရုံဖြင့် အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးရန် စီစဉ်ထားပြီး ဖြစ်ပါသည်။

👇 ဆေးမှာယူရန် ဤနေရာကိုနှိပ်ပါ 👇

https://www.facebook.com/myintthawdarpharmacy/

👇Tele- Consultations ဖြင့် ပြလိုသူများ ဤ နေရာတွင် စုံစမ်းပါ👇

https://www.facebook.com/myintthawdarclinic/

အသေးစိတ် စုံစမ်းလိုပါက ဖုန်းနံပါတ်
☎️01 507421
📲09 8 9999 0720
📲09 8 9999 0120 တို့ကို ရုံးချိန်အတွင်း
ဆက်သွယ်နိုင်ပါသည်။

Medical & health

မြင့်သော်တာဆေးခန်းတွင် ဆရာမကြီး နှင့် ဆေးကုသမှုခံယူနေသူများ ရှင့် 😊😊လတ်တလော ဖြစ်ပွားနေသော Covid 19 ကမ္ဘာကပ်ရောဂါကို ကာကွ...
11/09/2020

မြင့်သော်တာဆေးခန်းတွင် ဆရာမကြီး နှင့် ဆေးကုသမှုခံယူနေသူများ ရှင့် 😊😊

လတ်တလော ဖြစ်ပွားနေသော Covid 19 ကမ္ဘာကပ်ရောဂါကို ကာကွယ်တားဆီးခြင်း အနေဖြင့် ဆေးခန်းတွင် လူနာလက်ခံ ကြည့်ရှု ကုသခြင်းအစား
Tele- Consultations ဖြင့် သာ ရောဂါအခြေအနေကို ကြည့်ရှူ စစ်ဆေးခြင်း၊လိုအပ်သည့်ဆေးဝါးများ
ညွှန်ကြားခြင်းတို့ကို ဝန်ဆောင်မှုပေးသွားမည်
ဖြစ်ပါသည်။

ထို့ကြောင့် Patients များအနေဖြင့်လည်း မိမိအိမ်မှာနေရင်း ဆေးခန်းပြနိုင်‌တော့မည် ဖြစ်သည့်အတွက်COVID 19 ရောဂါကို ကာကွယ်ရာရောက်ပါသည်။

ထို့အပြင် လိုအပ်သည့် ဆေးဝါးမျိုးစုံကို ဆေးခန်းသို့လာဝယ်စရာမလိုအပ်ပဲMyint Thaw Dar Pharmacy page တွင် ဆရာမကြီး၏ ဆေးစာ ပြရုံဖြင့် အိမ်အရောက်ပို့ ဝန်ဆောင်မှုပေးရန် စီစဉ်ထားပြီး ဖြစ်ပါသည်။

👇 ဆေးမှာယူရန် ဤနေရာကိုနှိပ်ပါ 👇

https://www.facebook.com/myintthawdarpharmacy/

👇Tele- Consultations ဖြင့် ပြလိုသူများ ဤ နေရာတွင် စုံစမ်းပါ👇

https://www.facebook.com/myintthawdarclinic/

အသေးစိတ် စုံစမ်းလိုပါက ဖုန်းနံပါတ်
☎️01 507421
📲09 8 9999 0720
📲09 8 9999 0120 တို့ကို ရုံးချိန်အတွင်း
ဆက်သွယ်နိုင်ပါသည်။

👉 delivery ကို ဒီလိုလေး ရေခဲနဲ့ သယ်ယူရမယ့် ဆေးဆိုရင် ရေခဲဗူးနဲ့ သေချာထည့်ပေးထားပါတယ်နော်
12/05/2020

👉 delivery ကို ဒီလိုလေး
ရေခဲနဲ့ သယ်ယူရမယ့် ဆေးဆိုရင်
ရေခဲဗူးနဲ့ သေချာထည့်ပေးထားပါတယ်နော်

အိမ်မှာဆေးတွေ လိုနေပြီလားသောက်နေကျဆေးတွေရော ကုန်ခါနီးပြီလားအိမ်နားရှိတဲ့ ဆေးဆိုင်တွေမှာ သောက်နေကျဆေးတွေ ဝယ်မရဖြစ်နေပြီလာ...
09/05/2020

အိမ်မှာဆေးတွေ လိုနေပြီလား
သောက်နေကျဆေးတွေရော ကုန်ခါနီးပြီလား
အိမ်နားရှိတဲ့ ဆေးဆိုင်တွေမှာ သောက်နေကျဆေးတွေ ဝယ်မရဖြစ်နေပြီလား
ဖုန်လေးသာ ဆက်လိုက်နော်
အိမ်အရောက်ပို့ဆောင်ပေးပါမယ်နော်

အင်ဆူလင်ထိုးရတာ ကရိကထများပေမဲ့ အင်ဆူလင်က ကြောက်စရာဆေးမဟုတ်ပါ။ အင်ဆူလင်က အသက်ရှည်ဆေးပါ။♦️♦️♦️🔷🔷♦️♦️♦️အင်ဆူလင်ထိုးပြီး အသက...
08/05/2020

အင်ဆူလင်ထိုးရတာ ကရိကထများပေမဲ့ အင်ဆူလင်က ကြောက်စရာဆေးမဟုတ်ပါ။ အင်ဆူလင်က အသက်ရှည်ဆေးပါ။
♦️♦️♦️🔷🔷♦️♦️♦️

အင်ဆူလင်ထိုးပြီး အသက်ဆက်ပါ
ပါမောက္ခသန်းသန်းအေး
------------------------

အင်ဆူလင်ထိုးရင် အသက်တိုမယ်၊ သက်တမ်းကုန်တော့မယ် ဆိုတဲ့ အယူအဆဟာ ဆီးချိုလူနာနဲ့ သူတို့မိသားစုတွေရဲ့ အသည်းနှလုံးထဲမှာ စွဲနေတတ်တဲ့ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဒီယူဆချက်တွေကို လေပင့်သလို ပိုဆိုးသွားစေတာကတော့ နားမလည်တဲ့ အသိမိတ်ဆွေတွေရဲ့ အားပေးစကားတွေပဲ ဖြစ်ပါတယ်။ ဘယ်လို အားပေးလေ့ရှိသလဲဆိုတော့ “အို… အင်ဆူလင်တောင် ထိုးနေရပြီလား၊ ဒါဆိုရင် နောက်ဆုံးအဆင့် ရောက်သွားပြီပေါ့နော်၊ စိတ်တောင် မကောင်းပါဘူး။ အိမ်သားတွေ သူ့ကို ဂရုစိုက်ကြဦးနော်” လို့ ပြောလေ့ရှိကြသလို တချို့ကလည်း “အင်ဆူလင်ကြီး ဘာလို့ထိုးရတာလဲ၊ တခြားနည်းတွေနဲ့ စမ်းကြည့်ပါဦး၊ ဟို တိုင်းရင်းဆေးလေး စမ်းကြည့်ပါလား… အသိမိတ်ဆွေတစ်ယောက်တောင် အဲဒီတိုင်းရင်းဆေးနဲ့ ဆီးချိုပျောက်သွားပြီ၊ ဆေးထိုးရင် နောက်ဆုံးအဆင့်ရောက်သွားဦးမယ်။” စသဖြင့် အားပေးတာကြောင့် စိတ်ဓာတ်ကျတာ၊ ဝမ်းနည်းပြီး ငိုယိုနေရတာ၊ ဆေးမထိုးဘဲ ရှောင်ရှားသွားတာ၊ တခြားဆေးမျိုးစုံကို သွားရောက်စမ်းသုံးရင်း တစ်နှစ်လောက် အချိန်ဖြုန်းပြီး နောက်ဆက်တွဲရောဂါ အများကြီးဖြစ်လာတော့မှ အထူးကု ဆရာဝန်မျိုးစုံ ချည်းကပ်ရတော့တာပါပဲ။ ဆေးပညာဗဟုသုတနည်းတဲ့ ဒီပတ်ဝန်းကျင်မှာ အခုလိုယူဆချက်တွေ ရှိနေတာ မဆန်းလှပါဘူး။ ခေတ်မီတဲ့ တခြားနိုင်ငံတွေက တခြားလူမျိုးတွေမှာလည်း ဒီလိုယူဆချက်တွေ အများကြီး ရှိနေသေးတာ တွေ့ရပါတယ်။ အင်ဆူလင်ထိုးဖို့လိုနေတဲ့ အဆင့်မှာ ဆေးထိုးဖို့ ညွှန်ကြားသူနဲ့ ဆုံတွေ့ရပြီး ဆေးထိုးဖြစ်သွားတာက တကယ်တော့ ကံကောင်းတယ်လို့ ဆိုရမှာပါ။ ဒီအတိုင်းနေတာနဲ့စာရင် အများကြီးအသက်ပိုရှည်လာမှာ ဖြစ်လို့ တကယ်တော့ ဝမ်းသာရမှာ ဖြစ်ပါတယ်။ ဝမ်းနည်းစရာ၊ စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ အင်ဆူလင်ရဲ့ ကောင်ကျိုးကို လက်တွေ့ခံယူရရှိသူ လူနာ အမျိုးသမီးတစ်ဦးရဲ့ ရင်ဖွင့်စကားလေးကို ပြန်လည်မျှဝေပေးပါရစေ။

သူက ရန်ကုန်မှ ဝေးလံတဲ့ နယ်မှာ နေတဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူတို့ရွာမှာ ဆီးချိုကို တိတိကျကျ သွေးစစ်ပြီး ကုတာ မရှိပါဘူး။ ကြုံရာဆေးတွေ သောက်နေကြတာ များပါတယ်။ သူ့ကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အင်ဆူလင်ကို အကြိမ်ကြိမ် ရှင်းပြပြီး စထိုးဖို့ တိုက်တွန်းပြီးမှ စထိုးခဲ့ပါတယ်။ အင်ဆူလင်နဲ့ ကျန်းမာလာပြီးနောက် နယ်ဝေးမှာနေလို့ မှန်မှန်မပြဖြစ်ခဲ့ပါဘူး။ ဆေးတော့ မှန်မှန်ထိုးနေတယ်လို့ ပြောပါတယ်။ ပြန်ပေါ်လာတုန်း ကျန်းမာရေး စစ်ဆေးကြည့်တော့ သွေးချိုက ကောင်းကြီး မဟုတ်ပေမယ့် နောက်ဆက်တွဲရောဂါတော့ မရှိသေးဘဲ ကျန်းမာလျက် ရှိပါသေးတယ်။ သူမရဲ့ ရင်ဖွင့်သံကတော့ ဒီလိုပါ။

“ဆရာမရေ…. ကျွန်မတော့ အင်ဆူလင်စထိုးပြီးနောက်ပိုင်း အိမ်အလုပ်တွေ အားလုံး ပြန်လုပ်နိုင်တယ်။ အခုဆို ဆေးထိုးတာ ၁၀ နှစ်လောက်ရှိပြီ၊ ကျန်းမာနေတုန်းပဲ။ ပြန်တွေးကြည့်တော့ ၁၀ နှစ်အရင်က ကျွန်မ အင်ဆူလင်ထိုးရတုန်းက ကျွန်မကို ရွာက ဆီးချိုသူငယ်ချင်းတွေက နောက်ဆုံးအဆင့်ရောက်လို့ဆိုပြီး လာအားပေးရင်း နှုတ်ဆက်ခဲ့ကြတဲ့သူတွေ ဒီနေ့မှာ တစ်ယောက်မှ မရှိတော့ဘူး။ အားလုံးတမျိုးမျိုးဖြစ်ပြီး သေကုန်ကြပြီ။ ကျွန်မ ဘာလို့ အသက်ပိုရှည်နေတာလဲလို့ တွေးကြည့်မိတယ်။ ဆရာမ ပြောတဲ့ အင်ဆူလင်ထိုးမှ အသက်ပိုရှည်နိုင်မယ်ဆိုတာ ပြန်သတိရနေမိတယ်။ အဲဒီတုန်းက ဆရာမက “ရှင်… အင်ဆူလင်ထိုးတဲ့အပ်ကို ထမ်းပြီး ၁၀နှစ် - နှစ်၂၀ လောက် ဆက်လျှောက်မလား… ဒါမှမဟုတ် ဒီအတိုင်း ဆေးမထိုးဘဲ ၅နှစ် အလွန်ဆုံးနေမလား” လို့ ပြောခဲ့တာလည်း သတိရနေမိတယ်။ ကျွန်မကို အင်ဆူလင် ညွှန်ကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာမ” လို့ ပြောခဲ့ဖူးပါတယ်။

အင်ဆူလင်က အသက်ပိုရှည်မယ့် ဆေးတစ်မျိုး ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ မပျက်စီးခင် စောစောစထိုးရင် ဒီအတိုင်းနေတာနဲ့ စာရင် တကယ်ပဲ အသက်ကို အရှည်ဆုံး ဆွဲဆန့်ပေးမှာ ဖြစ်ပါတယ်။

ဆီးချိုရောဂါကုတဲ့ ကုထုံးအရ အင်ဆူလင်ကို စောစော စတင်ထိုးဖို့ တိုက်တွန်းနှိုးဆော်မှုတွေ များစွာ ပြုလုပ်နေကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဆူလင်ထိုးသင့်တဲ့အဆင့် ရောက်လာတဲ့အခါ မထိုးသေးဘဲ အချိန်ဆွဲပြီး နှောင့်နှေးကြန့်ကြာနေခဲ့ရင် အင်ဆူလင်ရဲ့ အသက်ရှည်စေမယ့် အကျိုးကျေးဇူးတွေ ဆုံရှုံးသွားမှာစိုးလို့ပါပဲ။ ဒါကလည်း တစ်ကမ္ဘာလုံးမှာ အနည်းနဲ့အများ ဖြစ်နေကြတာ တွေ့ရပါတယ်။ ဒါတွေကို ဆေးအဆင့်တိုးတာ နှေးကွေးခြင်း(Therapeutic Inertia) လို့ ခေါ်ဆိုပါတယ်။ ဘာလို့ ဒီလိုနှေးကွေးနေကြသလဲဆိုတော့ အဟန့်အတားတွေ(Berrier For Insulin Initiation) အများကြီး ရှိနေလို့ ဖြစ်ပါတယ်။

အင်ဆူလင် စတင်ထိုးဖို့ အဟန့်အတားတွေကို လေ့လာကြည့်မယ်ဆိုရင် လူနာဘက်နဲ့ ဆေးကုသသူ ဆရာဝန်တွေဘက်ဆိုပြီး နှစ်ပိုင်းခွဲခြားသုံးသပ်လို့ ရပါတယ်။ လူနာဘက် အပိုင်းက နှောင့်နှေးခြင်းကို ဖြစ်စေတာကတော့ အရှေ့မှာ ဖော်ပြထားသလို အယူအဆမှားနေခြင်း၊ ဆေးထိုးအပ်ကြောက်ခြင်း၊ ဆေးရရှိဖို့ ခက်ခဲခြင်း၊ ဆေးထိုးပေးမယ့်သူ မရှိခြင်း၊ မိမိကိုယ်တိုင် ဆေးမထိုးရဲခြင်း၊ သွေးအချိုဓာတ် အကျလွန်မှာ စိုးရိမ်ခြင်း၊ အင်ဆူလင်ထိုးသူတွေကို အလုပ်မခန့်တော့ခြင်း(ဥပမာ- အများစီး ကားမောင်းအလုပ်)၊ အင်ဆူလင် ဆေးညှိပေးမယ့် ဆရာဝန်ဆီသွားဖို့ ခရီးဝေးခြင်း စတဲ့ အချက်ပေါင်းများစွာကြောင့် အင်ဆူလင်စထိုးဖို့ နှောင့်နှေးနေရတာ ဖြစ်ပါတယ်။

ဆရာဝန်တွေဘက်ကကော ဘာလို့ အင်ဆူလင်ထိုးဖို့ ကြန့်ကြာနေကြသလဲဆိုတော့ ခေတ်မီတိုးတက်ပြီး အသစ်ပေါ်ပေါက်လာတဲ့ ဆေးပညာနဲ့ ဆေးကုထုံးသစ်တွေကို မျက်ခြေပြတ်နေတာ၊ စဉ်ဆက်မပြတ် ဆေးပညာတိုးပွားအောင် လေ့လာမှုနည်းပါးတာ၊ အင်ဆူလင်ရဲ့ ကောင်းကျိုးတွေကို မသိရှိတာ၊ အင်ဆူလင်ကို လက်တွေ့ အသုံးမပြုတတ်တာ၊ သွေးချိုကျရင် တွေ့ကြုံရမယ့် ဆိုးကျိုးကို ရင်မဆိုင်လိုတာ၊ လူနာကို အင်ဆူလင်အသုံးပြုပုံနဲ့ တွေ့ကြုံရတတ်တဲ့ အန္တရာယ်ကို ရှင်းလင်းပြောကြားဖို့ အချိန်မပေးနိုင်တာ စတဲ့ အတားအဆီးတွေ ရှိနေပါတယ်။

ဒီအဟန့်အတားတွေအားလုံးကို ကျော်လွှားနိုင်ဖို့အတွက် ပြည်သူလူထုတွေကို အင်ဆူလင်အကြောင်း ပညာပေးခြင်းများများ ပြုလုပ်ပေးရပါမယ်။ အကြိမ်ကြိမ် ထပ်မံ ပညာပေးနေဖို့ လိုပါတယ်။

ဆရာဝန်တွေကို ဆေးပညာတိုးပွားအောင် CME လို့ခေါ်တဲ့ စဉ်ဆက်မပြတ် ဆေးပညာဖြန့်ဖြူးခြင်း၊ အင်ဆူလင်နဲ့ သက်ဆိုင်တဲ့ ခေတ်မီပြောင်းလဲချက်တွေကို ဆေးပညာညီလာခံတွေမှာ အရေးပါတဲ့ ခေါင်းစဉ်တစ်ခုအဖြစ် အထူးပါဝင်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံဟော်မုန်းဆိုင်ရာ အထူးပြုဘာသာရပ်အဖွဲ့အစည်း(MSEM)နဲ့ မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း(MMDA) တို့က အခါအားလျော်စွာ အင်ဆူလင်လက်တွေ့ အသုံးပြုခြင်းဆိုင်ရာ သင်တန်းတွေ ပေးလျက် ရှိပါတယ်။ ဆက်လက်ပြီး သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အင်ဆူလင်ကို မှန်မှန်ကန်ကန်နဲ့ ဘေးအန္တရာယ်ကင်ရှင်စွာ အသုံးပြုလမ်းညွှန်စာအုပ်ကိုလည်း ထုတ်ဝေထားပြီး ဖြစ်ပါတယ်။

လူနာတွေအဖို့ အင်ဆူလင်ကို ကြောက်ရွံ့ခြင်းမရှိဘဲ ပိုပြီးလက်ခံလာမယ်၊ ဆရာဝန်တွေကလည်း အင်ဆူလင်ကို ကျွမ်းကျင်စွာ၊ အကျိုးရှိစွာ၊ ဘေးကင်းစွာ ညွန်ကြားကုသပေးနိုင်မယ်ဆိုရင် ဆီးချိုလူနာတွေ ပိုပြီး နောက်ဆက်တွဲရောဂါ ကင်းဝေးကာ အသက်ရှည်လာကြမှာ အမှန်ပင်ဖြစ်ကြောင်း ထပ်လောင်းပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

Credit : Healthy life ဂျာနယ်တွင် ရေးသားသော ပါမောက္ခ‌ Dr.သန်းသန်းအေး၏ ဆောင်းပါးကို ဖြန့်ဝေခြင်း ဖြစ်ပါသည်။

Address

No. 18 Kan Street
Kamayut
11051

Telephone

+959899990720

Website

Alerts

Be the first to know and let us send you an email when Myint Thaw Dar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category