Nyein Liek-Pharmacy

Nyein Liek-Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nyein Liek-Pharmacy, Medical and health, Katha.

07/09/2023

သန်ချဆေး၊ တုတ်ချဆေး လေးတေ ညိမ်းလက် ဆေးဆိုင်မှာရောက်ထားပီနော်

သန်ကောင်၊ တုတ်ကောင်များကြောင့်ဖြစ်နိုင်တဲ့လက္ခဏာများ

ကလေးဝမ်းဗိုက်အတွင်းရှိ သန်ကောင်များကြောင့် ဗိုက်နာခြင်း၊ သံဓာတ် ချို့တဲ့ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ သိပ်များလာပါက အူပိတ် ခြင်း၊ သည်းခြေလမ်းကြောင်းပိတ်ခြင်း စသည်တို့အထိဖြစ်ပွားနိုင်ပါတယ်။

တုတ်ကောင်များကြောင့် စအို နှင့် လိင်အင်္ဂါယားယံခြင်းနဲ့ အထူးသဖြင့် ညဘက်တွေမှာအရမ်းယားတဲ့အတွက်ကြောင့် အိပ်ရေးပျက် ခြင်းများဖြစ်နိုင်ပါတယ်။

ဘယ်အရွယ်ကစပြီးသန်ချနိုင်လဲ?

သန်ချဆေးကို ပုံမှန်အားဖြင့် အသက်နှစ်နှစ်ကစပြီးတိုက်လေ့ရှိပါတယ်။ ခြောက်လ သို့မဟုတ်တစ်နှစ် တစ်ကြိမ်လောက်သန်ချသင့်ပါတယ်။
လိုအပ်ရင်တော့ အသက် ၁ နှစ်ကစပြီးလည်း တိုက်နိုင်ပါတယ်။

အသက်အရွယ်အလိုက်တိုက်သင့်သောဆေးပမာဏ

အသက် ၂ နှစ်အထက် -

၁၊ Albendazole 400 mg - ၁ လုံး - ၁ ကြိမ် ၁-ရက် (သို့)

၂၊ mebendazole 500 mg - ၁ လုံး - ၁ ကြိမ် ၁-ရက် (သို့)

mebendazole 100 mg - ၂ ကြိမ် - ၃ ရက်

အသက် ၁ နှစ် နှင့် ၂ နှစ်ကြား -

၁၊ Albendazole 400 mg - တစ်ခြမ်း ၁ ကြိမ် ၁-ရက်

တုတ်ထိုးလို့ တုတ်ပါချချင်တယ်ဆိုရင်တော့နောက် နှစ်ပတ်ကြာရင် တစ်ကြိမ်ထပ်တိုက်သင့်ပါတယ်။

တုတ်ချဖို့အတွက် Albendazole ဆေးကို ပုံမှန်သန်ချတဲ့ပမာဏအတိုင်း ထပ်တိုက်လို့ရပြီးတော့ Mebendazole ဆေးကိုတော့ 100 mg ပဲ ထပ်တိုက်လည်းရပါတယ်။

သန်ချဆေးရဲ့နောက်ဆက်တွဲဆိုးကျိုးရှိပါသလား?

သန်ချဆေးတွေမှာ နောက်ဆက်တွဲဆိုးကျိုး အင်မတန်နည်းပါးပါတယ်။တချို့ကလေးတွေမှာတော့ ပျို့တာ၊ အန်တာ အနည်းအပါး ဖြစ်နိုင်ပါတယ်။ ညနေဖက်တိုက်မယ်ဆိုရင် ဒီလိုပျို့ချင်အန်ချင်တာတွေ မတွေ့ရသလောက်ပါပဲ။

သန်ချဆေး မသောက်ခင်နဲ့ သောက်ပြီးမှာ အထူးအထွေ ဆောင်ရန်ရှောင်ရန်ရှိပါသလား?

ဆောင်ရန်၊ရှောင်ရန်မရှိပါဘူး။ အစာနဲ့တွဲစားလို့လည်းရပါတယ်။ အစာစားပြီးမှဆေးတိုက်ရင်ပိုတောင်ကောင်းပါသေးတယ်။ ဝမ်းချူပေးရန်၊ ဝမ်းပျော့ဆေးသောက်ရန်လဲ မလိုပါဘူး။

နေပူပူ၊ မိုးရွာရွာ သန်ချလို့ရပါတယ်။

G6PD နဲ့ တဲ့ပါတယ်။

ကလေးနေမကောင်းဖြစ်နေတဲ့အချိန် ဥပမာ- ဖျားနာမယ်၊ ဗိုက်နာမယ်၊ ပျို့အန်မယ်၊ ဝမ်းပျက်နေမယ်၊ ဒီလိုအခြေအနေတွေမှာတော့သန်ချဆေးမတိုက်ပါနဲ့။
#ညိမ်းလက်


📱09 756 304 845 ,09 980 111 530

သွေးအားနည်းရောဂါ မြန်မာအမျိုးသမီးတွေကြားမှာ အဖြစ်များတဲ့ ရောဂါဆိုတာ သိပါသလား လေဒီတို့ရေ။ ဒါဟာ သံဓာတ်အားနည်းလို့ ဖြစ်ရတာပ...
07/09/2023

သွေးအားနည်းရောဂါ မြန်မာအမျိုးသမီးတွေကြားမှာ
အဖြစ်များတဲ့ ရောဂါဆိုတာ သိပါသလား လေဒီတို့ရေ။
ဒါဟာ သံဓာတ်အားနည်းလို့ ဖြစ်ရတာပါ။
သွေးအားနည်းရောဂါရဲ့ လက္ခဏာတွေကတော့
မောပန်းလွယ်၊ မူးဝေလွယ်၊ ဖျော့တော့အားနည်းပြီး
အာရုံစူးစိုက်မှု လျော့နည်းတာတွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် သံဓာတ်ပြည့်ဝနေစေဖို့
သံဓာတ်ပါဝင်တဲ့အား​​ဆေးကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးရင်း
သွေးအားနည်းခြင်းကို ကာကွယ်လိုက်ရအောင်နော်။

လက်လီရော လက်ကားရော အားပေးလို့ရပါတယ်ရှင့်။နယ်ဘက်မှမှာယူရင်လဲငွေလွဲဝင်တာနဲ့ကားဂိတ်တင်ပေးပါတယ်ရှင့်။
#ညိမ်းလက်


📱09 756 304 845
📱09 980 111 530

စက်တင်ဘာလကို သွေးကင်ဆာရောဂါပိုင်းဆိုင်ရာ အသိပညာပေးသည့် လအဖြစ် သတ်မှတ်ထားပြီး သွေးကင်ဆာရောဂါ ဝေဒနာရှင်များအား အသိပညာပေးခြ...
06/09/2023

စက်တင်ဘာလကို သွေးကင်ဆာရောဂါပိုင်းဆိုင်ရာ အသိပညာပေးသည့် လအဖြစ် သတ်မှတ်ထားပြီး သွေးကင်ဆာရောဂါ ဝေဒနာရှင်များအား အသိပညာပေးခြင်း၊ သွေးကင်ဆာရောဂါနှင့် သက်ဆိုင်ရာ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရန် ရန်ပုံငွေ ကောက်ခံခြင်းများ ပြုလုပ်ကြပါသည်။ ၎င်းနှင့်ပတ်သက်ပြီး သင်္ကေတအဖြစ် ဖဲကြိုးနီ (Red Ribbon) ကို အသုံးပြုပြီး နှစ်စဉ် စက်တင်ဘာလတွင် ကျင်းပကြခြင်းဖြစ်ပါသည်။
#ညိမ်းလက်


ရပ်ကွက်၉၊ပတ္တမြားစျေးအနီး၊ကသာမြို့။
📱09756304845📱09980111530

06/09/2023

မင်္ဂလာပါရှင့်💙
ညိမ်းလက် ဆေးဆိုင် pageလးကိုLike & follow လုပ်ပြီးဝန်းရံပေးကြတဲ့သူတစ်ဦးတစ်ယောက်စီချင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ကျန်းမာရေးနှင့်ပတ်သက်​၍ဗဟုသုတများတိုးပွားစေရန် sharing လုပ်ပေးမှာမို့
အသိမိတ်ဆွေများကိုလည်း invite လုပ်ပေးပါဦးရှင့်
#ညိမ်းလက်


ရပ်ကွက်၉၊ပတ္တမြားစျေးအနီး ကသာမြို့။
📱09756304845,09980111530

pink tulips
15/06/2023

pink tulips

Address

Katha

Telephone

+959756304845

Website

Alerts

Be the first to know and let us send you an email when Nyein Liek-Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram