COVID 19 Volunteer Kyaukpadaung

COVID 19 Volunteer Kyaukpadaung covid19 နှင့်ပတ်သက်၍ ကျောက်ပန်းတောင်း volunt

09/02/2021

ဆန္ဒပြ အဖွဲ့ ထဲမှ
ပိုက်ဆံ့ ကျပျောက်သူများ ရှိလျှင်ပြောပါ
ခင်ဗျာ ပိုက်ဆံ့ အိတ်တစ်ထုပ် ကောက်တွေ့ထားပါတယ်
၀၉၇၉၉၂၅၈၁၇၀

လက်ရှိစစ်အစိုးရအောက်မှာ စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်သွားရန် စိတ်ဆန္ဒ မရှိတော့ပါသဖြင့် အဖွဲ့၏ Covid 19 နှင့်ပါတ်သော...
03/02/2021

လက်ရှိစစ်အစိုးရအောက်မှာ စေတနာ့ဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်သွားရန် စိတ်ဆန္ဒ မရှိတော့ပါသဖြင့် အဖွဲ့၏ Covid 19 နှင့်ပါတ်သော လုပ်ငန်းစဥ်များကို အားလုံးရပ်နားလိုက်ပါသည်။
#မွန်မြတ်သော_စိတ်ထား
#မှန်ကန်သော_အသိပညာ
#မဆုတ်နစ်သော_လုံ့လဝိရိယ_တို့ဖြင့်

အာဏာရှင်စနင်အား တော်လှန်တိုက်ထုက်ကြပါစို့..

28/01/2021

ကိုဗစ်ကာကွယ်ဆေး Covishield ပထမအကြိမ် စထိုးပြီးသူ ဒေါ်မြင့်မြင့်မော် (လုပ်ငန်းအရာရှိ၊ ဆေးဝါး)၏ အတွေ့အကြုံ
--------၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊---------
ယနေ့နံနက်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး Covishield ပထမအကြိမ် စတင် ထိုးနှံပေး လျက်ရှိရာ သန်လျင်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်ငန်းအရာရှိ၊ ဆေးဝါး-ဒေါ်မြင့်မြင့်မော်၏ အတွေ့အကြုံကို Healthy Life ပရိသတ်တို့ သိရှိနိုင်ရန် မျှဝေဖော်ပြလိုက်ရပါသည်။

Q. ကိုဗစ်ကာကွယ်ဆေး မထိုးခင်မှာ ဘာတွေ ပြင်ဆင်ခဲ့ဖို့ မှာလိုက်သေးပါသလဲ။
A. ပုံမှန်အတိုင်း စားသောက်နေထိုင်ဖို့၊ အိပ်ရေးဝဝ အိပ်ဖို့ပဲ ပြောပါတယ်။ ဆေးထိုးဖို့ လာတဲ့အခါ အင်္ကျီ လက်တိုနဲ့ ထဘီ/ပုဆိုးဝတ်လာဖို့ မှာပါတယ်။ အင်္ကျီလက်တိုကတော့ ကာကွယ်ဆေးထိုးတဲ့အခါ လက်မောင်း လှန်ရတာ အဆင်ပြေအောင်လို့ပါ။ ထဘီ/ပုဆိုးဝတ်ခိုင်းတာကတော့ မတော်တဆ ဆေးနဲ့ မတည့်တဲ့ ရှော့ခ် (Anaphylactic Shock)ရခဲ့ ရင် ပေါင်မှာ အဒရီနယ်လင်ထိုးဖို့ လိုလိုမယ်မယ် မှာလိုက်တာပါ။ နှာခေါင်းစည်း၊ Face Shield ဝတ်လာဖို့နဲ့ လက်ဆေးလာဖို့ မှာတယ်။ အဓိကမှာတာကတော့ ကိုယ်ဝန်ရှိ၊ မရှိစစ်ပြီး ကိုယ်ဝန်ရှိရင် မထိုးပေးဘူး။ နို့တိုက်မိခင်တွေကို နို့တိုက်နေရင် ကြိုပြီး နို့ဖြတ်ထားဖို့ မှာပါတယ်။

Q. ကိုဗစ်ကာကွယ်ဆေးထိုးခါနီးမှာကော ဘာတွေ စစ်ဆေးမှုလုပ်ပါသလဲ။
A. မထိုးခင်မှာ SpO2 (အောက်ဆီဂျင် စစ်ဆေးမှု) နဲ့ Temperature (ကိုယ်ပူချိန်) တိုင်းပါတယ်။ ပြီးတော့ Blood Pressure (သွေးဖိအား) တိုင်းပါတယ်။ သွေးဖိအားတက်နေရင် ချက်ချင်းမထိုးဘဲ နားခိုင်းပါတယ်။ ကိုယ်အပူချိန်က လည်း တက် မနေဘူး၊ SpO2 ကလည်း ၉၅ အထက်ရှိတယ်ဆိုမှ ကာကွယ်ဆေးကို ထိုးပေးပါတယ်။ အားလုံး အဆင်ပြေတယ်ဆိုရင် ဘယ်ဘက်လက်မောင်းကို ကာကွယ်ဆေး ထိုးပေးပါတယ်။

Q. ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ အတွေ့အကြုံလေးကော ပြောပြပါဦး။
A. အပ်ဝင်သွားတဲ့ တစ်ချက်ပဲ အပ်ဝင်သွားတယ်ဆိုတဲ့ ခံစားချက်ရတယ်။ တခြားနာတာ၊ ဘာညာ ဘာမှမဖြစ်ဘူး။ တခြားကာကွယ်ဆေးတွေထိုးတုန်းက ဆေးထည့်တဲ့အချိန် နာတာ ခံစားရသေးတယ်။ ကျွန်မကတော့ ဘာမှ မခံစားရပါဘူး။ ဆေးထိုးချိန်မှာ အရက်ပြန်နဲ့ ပွတ်တာ မလုပ်ရဘူး၊ ဆေးထိုးပြီးချိန်မှာ အဲဒီနေရာကို လက်နဲ့ ချေတာ မလုပ်ရဘူး။ ဒါကတော့ တခြားကာကွယ်ဆေးထိုးတာလိုပဲ။ဆေးထိုးပြီးတော့ နာရီဝက်အထိ စောင့်ကြည့်ပါတယ်။ ကျွန်မကတော့ ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ အနည်းငယ် ကတော့ အော့တာ၊ အန်တာ ဖြစ်တာကို တွေ့ရတယ်။
ဆေးထိုးတဲ့နေရာမှာ AEFI Kit (အဒရီနယ်လင်၊ ဟိုက်ဒရိုကော်တီဇုန်း၊ chlorpheniramine စတဲ့ ဖြေဆေး)တွေပါတဲ့ ဆေးသေတ္တာကို အဆင်သင့် ထားထားပါတယ်။ ဆေးနဲ့ မတည့်တာ တစ်ခုခုဖြစ်ရင် အဆင်သင့်ကုနိုင်အောင် ဆေးထိုးတဲ့နေရာမှာ အားလုံး ပြင်ဆင်ထားပါတယ်။

Q.ကိုဗစ်ကာကွယ်ဆေးထိုးပြီးချိန်မှာ ဘာမှာလိုက်သေးပါသလဲ။
A.ကာကွယ်ဆေးထိုးပြီးလည်း ပုံမှန်အတိုင်းပဲ နှာခေါင်းစည်းတပ်၊ လက်ဆေး၊ လူစုလူဝေးရှောင် . . ဒါတွေကတော့ လိုက်နာသွားရမယ်လို့ မှာတယ်။ လေးပတ်လောက်ကြာရင် ဒုတိယအကြိမ် ကာကွယ်ဆေးကို ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။

28/01/2021

နို့တိုက်မိခင်နှင့် ကိုဗစ်ကာကွယ်ဆေး
----၊ ပါမောက္ခဦးစောဝင်း
ကလေးအထူးကုဆရာဝန်ကြီး
ဒုတိယဥက္ကဌ၊ အမျိုးသားကာကွယ်ဆေးအကြံပေးကော်မတီ ဖြေကြားသည်။---

Q. နို့တိုက်မိခင်တွေက ကိုဗစ်ကာကွယ်ဆေးကို ထိုးသင့်သလား၊ ထိုးမယ်ဆိုရင် မိခင်နို့ကို ကြိုဖြတ်ထားသင့်သလား၊ ထိုးပြီးချိန်မှာကော မိခင်နို့ ဖြတ်ဖို့ လိုအပ်ပါသလားဆရာ။
A. ကိုဗစ်ကာကွယ်ဆေးက နို့တိုက်မိခင်တွေမှာ စမ်းထားတဲ့ သုတေသန မရှိဘူး။ ဒါကြောင့် အစောပိုင်းမှာ နို့တိုက်မိခင်တွေ ကိုဗစ်ကာကွယ်ဆေး မထိုးဖို့ ပြောထားပါတယ်။ တကယ်တော့ မိခင်နို့ထဲမှာ ကိုဗစ်ပိုးကတော့ သွားလေ့မရှိပါဘူး။
အင်္ဂလန်မှာတော့ ကိုဗစ်ကာကွယ်ဆေးကို နို့တိုက်မိခင်တွေလည်း ထိုးချင် ထိုးလို့ရတယ်လို့ ပြန်ပြောထားတယ်။ ဆိုလိုတာက နို့တိုက်မိခင်တွေမှာ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး စမ်းသပ်ထားတဲ့ သုတေသနမရှိတဲ့ အတွက်ကြောင့် အကျိုးနဲ့ အပြစ်ကို မိမိဘာသာ ချင့်ချင်စဉ်းစားပြီး ထိုးချင် ထိုးပါလို့ ဆိုထားတယ်။ ဒီကာကွယ်ဆေးထိုးလို့ အန္တရာယ်ရှိ မယ်လို့ပြောတာ မဟုတ်ဘူး။ သုတေသန မလုပ်ထားတဲ့အတွက် အာမ,မခံတာ။

ကိုဗစ်ကာကွယ်ဆေးမထိုးခင် နို့ဖြတ်ထားတာ လည်း အဓိပ္ပာယ်မရှိပါဘူး။ နို့ဆိုတာ ကြာကြာဖြတ်ထားရင် ခမ်းသွားမှာပေါ့။ ကာကွယ်ဆေးထိုးပြီးလည်း နို့ကို ဖြတ်လိုက်ရင် ခမ်းသွားမှာ၊ သိပ်အဓိပ္ပာယ်မရှိပါဘူး။ ဆရာတစ်ဦးတည်းသဘောထားဆိုရင်တော့ ကာကွယ်ဆေး မထိုးခင်ကော ထိုးပြီးချိန်မှာပါ မိခင်နို့ ပုံမှန်တိုက်ပါလို့ပဲ ပြောချင်ပါတယ်။

အချုပ်အားဖြင့်ပြောရရင် နို့တိုက်မိခင်တွေကိုဗစ်ကာကွယ်ဆေးထိုးခြင်းနဲ့ ပတ်သက်ပြီး-
♦ စမ်းသပ်ထားတဲ့ သုတေသန မရှိဘူး။ ဒါကြောင့် ကာကွယ်ဆေးက မိခင်နို့ထဲ ပါလား၊ မပါလားဆိုတာ အခုချိန်ထိ မသိသေးပါဘူး။
♦ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် ကိုဗစ်ရောဂါကူးစက်သွားနိုင်တဲ့ အလားအလာရှိတယ်ဆိုရင်တော့ အကျိုးနဲ့ အပြစ်ကို မိမိဘာသာ စဉ်းစားဆုံးဖြတ်ပြီးတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ထိုးချင်ထိုးလို့ရပါတယ်။
♦ မိခင်နို့ကတော့ ကြာရှည်ဖြတ်ထားလို့ မဖြစ်ဘူး၊ မိခင်နို့က ကြာကြာမတိုက်ဘဲနေရင်တော့ ခမ်းမှာပဲ။

ပြည်တော်သာ အောင်မင်္ဂလာ ဘူတာ သီရိမင်္ဂလာ မြို့မ ရပ်ကွက်များရှိStay home အိမ်များနှင့် အမှတ် ၉/ ၁၀ အတွင်းရှိ ချို့တဲ့ အိမ...
27/01/2021

ပြည်တော်သာ အောင်မင်္ဂလာ ဘူတာ သီရိမင်္ဂလာ မြို့မ ရပ်ကွက်များရှိStay home အိမ်များနှင့် အမှတ် ၉/ ၁၀ အတွင်းရှိ ချို့တဲ့ အိမ်ယာများအတွက်ကြက်သားမွကြော်
ငပိဆီကြော် ချဉ်ပေါင်ကြော် များကို
သက်ဆိုင်ရာ ရာအိမ်မှူး များထံလှူဒါန်းခဲ့ပြီးပါပြီ

မြန်မာနိုင်ငံသားတို့ ထိုးနှံရမည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်သော အမေးအဖြေများ---၊ ဒေါက်တာမိုးအောင်ကျော်နိုင် ...
25/01/2021

မြန်မာနိုင်ငံသားတို့ ထိုးနှံရမည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်သော အမေးအဖြေများ
---၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်၊---
''မြန်မာနိုင်ငံသားတို့ ထိုးနှံရမည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်၍ Healthy Life စာဖတ်ပရိသတ်တို့ မေးမြန်းထားသော မေးခွန်းများကိုအထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ယခုလိုဖြေကြားပေးထားပါသည်။ ထပ်မံ သိလိုသည်များရှိပါက Comment တွင် မေးမြန်းနိုင်ပါသည်။''
Q. ကာကွယ်ဆေးက ဘယ်အသက်အရွယ်အတွင်း စိတ်ချလက်ချထိုးလို့ရပါသလဲ။ ဘယ်သူတွေ ထိုးလို့ မသင့်ဘူးလဲ။
A. ကာကွယ်ဆေးကို စမ်းသပ်ထားတာက အသက် ၁၈ နှစ်နဲ့အထက် လေ့လာစမ်းသပ်ထားတာ ဖြစ်လို့ ဒီအသက်အရွယ်အတွင်း လူအားလုံး ထိုးနှံသင့်ပါတယ်။၁၈ နှစ်အောက်အရွယ်၊ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာတော့ စမ်းသပ်ထားတာ မရှိသေးပါဘူး။ နို့တိုက်မိခင်တွေကတော့ ပိုးဝင်ဖို့ အခွင့်အလမ်းများတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနှံလို့ ရနိုင်ပါတယ်။
ဘယ်သူတွေ လုံးဝ မထိုးသင့်ဘူးလဲဆိုတာကတော့ COVISHIELD ကိုဗစ်ကာကွယ်ဆေးထဲမှာ ပါ၀င်တဲ့ ပစ္စည်းတွေ ရှိတယ်။ အဲဒီဓာတ်ပေါင်းတွေနဲ့ မတည့်တဲ့သူတွေကတော့ လုံးဝ မထိုးသင့်ပါဘူး။ သာမန်လူတွေကသိမှာ မဟုတ်တဲ့အတွက် မိမိတို့ ပြနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ဘယ်လိုလူတွေ သတိထားရမလဲဆိုတော့ ကိုယ်က ဆေးဝါးတစ်မျိုးမျိုး ဒါမှမဟုတ် အစားအသောက်တစ်ခုခုကြောင့် မတည့်ဘဲနဲ့ ရှော့ခ်ရပြီး ပြန်သက်သာအောင် ဆေးကုထားရသူတွေဆိုရင်တော့ တော်တော်ဂရုစိုက်ရပါမယ်။ ဒါပေမဲ့ ဆေးရုံမှာ အနီးကပ်စောင့်ကြပ်ကြည့်ရှုပြီး ဆေးထိုးတာမျိုးဆိုရင် ကာကွယ်ဆေး ထိုးနှံလို့ရပါတယ်။
သွေးမခဲဆေး ၀ါဖာရင်၊ ဟက်ပရင်ထိုးဆေးထိုးနေရသူတွေအနေနဲ့ ဆေးထိုးတဲ့နေရာမှာ သွေးခဲဖြစ်နိုင်တဲ့အတွက် သူတို့လည်း ကာကွယ်ဆေး မထိုးသင့်ပါဘူး။ စတီးရွိုက်ပါတဲ့ ကိုယ်ခံအားချိုးနှိမ်ဆေး မှီဝဲနေသူတွေကလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။
သွေးခဲစေတဲ့ ရောဂါရှိသူတွေ၊ အရေပြားလေးဖက်နာရောဂါရှိသူတွေ၊ ခုခံအားကျစေတဲ့ သူတွေမှာ ကိုယ်ခံစနစ်ကောင်းကောင်းမထွက်တဲ့အတွက် သူတို့က ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဆိုးနဲ့ အကောင်းကို ချင့်ချိန်ဆောင်ရွက်သင့်ပါတယ်။
သွေးတိုး၊ ဆီးချိုသမားတွေကတော့ ကာကွယ်ဆေးကို ထိုးလို့ရပါတယ်။ သွေးတိုးကျဆေး၊ ဆီးချိုဆေးကလည်း ကာကွယ်ဆေးနဲ့ ဓာတ်မတည့်မှု မရှိပါဘူး။
--------------------------------
Q.ကာကွယ်ဆေးမထိုးခင် Negative ဖြစ်ကြောင်း ဆေးစစ်ဖို့ လိုပါသလား၊ ဆေးမစစ်ဘဲ ထိုးလို့ရပါသလား။
A. ဆေးစစ်ဖို့ မလိုပါ။
--------------------------------
Q. အရက်သောက်သူတွေက ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား၊ အရက်ကို ကာကွယ်ဆေးမထိုးခင် ဘယ်နှစ်ရက်အလိုနဲ့ ကာကွယ်ဆေးထိုးပြီးဘယ်နှစ်ရက်အထိ ရှောင်ထားသင့်ပါသလဲ။
A. အရက်သောက်တာနဲ့ ကိုဗစ်ကာကွယ်ဆေး ဆက်စပ်မှု မရှိပါဘူး။ ကိုဗစ်ကာကွယ်ဆေးက ကိုဗစ်ကူးစက် နိုင်ခြေရှိသူအားလုံး ထိုးသင့်ပါတယ်။ တစ်ကမ္ဘာလုံး ပြန့်နှံ့တဲ့ ရောဂါဖြစ်လို့ တစ်ကမ္ဘာလုံးက လူအားလုံး ထိုးနိုင်လေ၊ ကောင်းလေ။ အရက်ကတော့ ကျန်းမာရေးထိခိုက်လို့ တစ်သက်လုံး ဆင်ခြင်နိုင်ရင် ကောင်းပါတယ်။
--------------------------------
Q. ၁၈ပြည့်ဖို့လအနည်းငယ်လိုသူတွေကော ကာကွယ်ဆေးထိုးပေးလို့ရပါသလား။
A. ထိုးလို့ရတယ်လို့ ဆရာ့အနေနဲ့ ထင်မြင်ပါတယ်။ ကာကွယ်ဆေးက ၁၈ နှစ်အောက်အရွယ်အတွက် စမ်းသပ်ထားတာ မရှိသေးလို့သာ စိတ်ချရမှု ရှိ၊ မရှိမပြောနိုင်လို့ပါ။
--------------------------------
Q. ဘယ်လောက် ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါသလဲ။ အချိန်ဘယ်လောက်အကြာထိ ကာကွယ်ပေးနိုင်ပါသလဲ။
A. ပထမတစ်ကြိမ် ထိုးပြီးတော့ လေးပတ်မြောက်မှာ ၆၁ ရာခိုင်နှုန်းလောက် ကာကွယ်မှုရနိုင်တယ်၊ ဒုတိယအကြိမ် ထိုးပြီး လေးပတ်မြောက်မှာတော့ ၇၀-၉၀ ရာခိုင်နှုန်းအထိ ကာကွယ်မှုရတယ်လို့ လေ့လာမှုတွေ အရ သိရပါတယ်။ တစ်လုံး ထိုးရုံနဲ့တော့ အပြည့်အဝ ကာကွယ်တာမဟုတ်လို့ ကြားထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး နဲ့ ထိတွေ့မိရင် ပိုးဝင်နိုင်ပါသေးတယ်။ ဒါကြောင့် နှစ်ကြိမ်လုံး ထိုးပြီးမှ စိတ်ချရမှာ ဖြစ်ပါတယ်။
--------------------------------
Q. နှာအမြဲချေတဲ့သူတွေကကော ထိုးလို့ရပါသလား။
နှာအမြဲချေတာကတော့ Allergic Rhinitis လို့ခေါ်တဲ့ နှာခေါင်းအမြှေးပါးနဲ့ ဓာတ်မတည့်တဲ့ အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ တခြားဓာတ်မတည့်တဲ့ လက္ခဏာတွေ ပြင်းပြင်းထန်ထန် ဖြစ်ဖူးတာ မရှိဘူးဆိုရင် သတိထားပြီး ထိုးလို့ရပါတယ်။ အကောင်းဆုံးက ဆေးထိုးမယ့်အချိန်မှာ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ထိုးနှံတာက ပိုကောင်းပါတယ်။ သတိထားပြီး ထိုးရမယ်ဆိုတာက ဆေးထိုးပြီး ဆေးနဲ့ မတည့်တဲ့ လက္ခဏာပေါ်ပေါက်ခဲ့ရင် Adrenaline,Hydrocortisone စတဲ့ ရှော့ခ်ဖြစ်ရင် ကုသနိုင်မယ့် ဆေးတွေ အဆင်သင့်ရှိတဲ့ နေရာမှာ ထိုးသင့်ပါတယ်။
---------------------------------
Q. ကာကွယ်ဆေးကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးလေးတွေ ဖြစ်တတ်ပါသလဲ။
A. ဦးစားပေးထိုးနှံရမယ့် အုပ်စုထဲပါသူတွေကို အရင်စောင့်ကြည့်ပြီး သူတို့စကားသံတွေကို နားထောင်ကြည့်ပါဦး။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်လူနာတွေကို အနီးကပ်စောင့်ကြည့်နေရတဲ့စေတနာ့ဝန်ထမ်းတွေကို အရင်ဆုံး ထိုးနှံပေးတော့မှာ ဖြစ်လို့ အဲဒါလေးကို အရင်နားထောင်ကြည့်ပါ။
ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေကတော့-
♦ ထိုးတဲ့နေရာမှာ တင်းမယ်၊ နာမယ်၊
♦ ကိုယ်လက်ကိုက်ခဲမယ်၊
♦ ကြွက်သားနာမယ်၊ အဆစ်ကိုက်မယ်
♦ ဖျားမယ်၊ ချမ်းမယ်၊ ညောင်းညာမယ် ဒါမျိုးလေးတွေ ဖြစ်တတ်ပါတယ်။
အများစုကတော့ ဆိုးဆိုးရွားရွားမဖြစ်ဘဲနဲ့ ကိုယ့်အိမ်မှာကိုယ်နားနေပြီး ပါရာစီတမောသောက်ရုံနဲ့ တစ်ပတ်လောက်အကြာမှာ ဒီဝေဒနာတွေ ပျောက်ကင်းသွားမယ်ဆိုတဲ့ စမ်းသပ်တွေ့ရှိချက်တွေအရ သိရပါတယ်။ ဒီကာကွယ်ဆေးက အသက် ၆၅ နှစ်အထက်လူကြီးတွေအတွက် ဘေးထွက်ဆိုးကျိုး ပြင်းပြင်းထန်ထန် မတွေ့ရဘူးဆိုတာကတော့ ၀မ်းသာစရာ သတင်းကောင်းပါ။

မြန်မာနိုင်ငံသားတို့ ထိုးနှံရမည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သက်သော အမေးအဖြေများ
---၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်၊---

''မြန်မာနိုင်ငံသားတို့ ထိုးနှံရမည့် COVISHIELD ကိုဗစ်ကာကွယ်ဆေးနှင့်ပတ်သက်၍ Healthy Life စာဖတ်ပရိသတ်တို့ မေးမြန်းထားသော မေးခွန်းများကိုအထွေထွေရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ယခုလိုဖြေကြားပေးထားပါသည်။ ထပ်မံ သိလိုသည်များရှိပါက Comment တွင် မေးမြန်းနိုင်ပါသည်။''

Q. ကာကွယ်ဆေးက ဘယ်အသက်အရွယ်အတွင်း စိတ်ချလက်ချထိုးလို့ရပါသလဲ။ ဘယ်သူတွေ ထိုးလို့ မသင့်ဘူးလဲ။
A. ကာကွယ်ဆေးကို စမ်းသပ်ထားတာက အသက် ၁၈ နှစ်နဲ့အထက် လေ့လာစမ်းသပ်ထားတာ ဖြစ်လို့ ဒီအသက်အရွယ်အတွင်း လူအားလုံး ထိုးနှံသင့်ပါတယ်။၁၈ နှစ်အောက်အရွယ်၊ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာတော့ စမ်းသပ်ထားတာ မရှိသေးပါဘူး။ နို့တိုက်မိခင်တွေကတော့ ပိုးဝင်ဖို့ အခွင့်အလမ်းများတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနှံလို့ ရနိုင်ပါတယ်။
ဘယ်သူတွေ လုံးဝ မထိုးသင့်ဘူးလဲဆိုတာကတော့ COVISHIELD ကိုဗစ်ကာကွယ်ဆေးထဲမှာ ပါ၀င်တဲ့ ပစ္စည်းတွေ ရှိတယ်။ အဲဒီဓာတ်ပေါင်းတွေနဲ့ မတည့်တဲ့သူတွေကတော့ လုံးဝ မထိုးသင့်ပါဘူး။ သာမန်လူတွေကသိမှာ မဟုတ်တဲ့အတွက် မိမိတို့ ပြနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ဘယ်လိုလူတွေ သတိထားရမလဲဆိုတော့ ကိုယ်က ဆေးဝါးတစ်မျိုးမျိုး ဒါမှမဟုတ် အစားအသောက်တစ်ခုခုကြောင့် မတည့်ဘဲနဲ့ ရှော့ခ်ရပြီး ပြန်သက်သာအောင် ဆေးကုထားရသူတွေဆိုရင်တော့ တော်တော်ဂရုစိုက်ရပါမယ်။ ဒါပေမဲ့ ဆေးရုံမှာ အနီးကပ်စောင့်ကြပ်ကြည့်ရှုပြီး ဆေးထိုးတာမျိုးဆိုရင် ကာကွယ်ဆေး ထိုးနှံလို့ရပါတယ်။
သွေးမခဲဆေး ၀ါဖာရင်၊ ဟက်ပရင်ထိုးဆေးထိုးနေရသူတွေအနေနဲ့ ဆေးထိုးတဲ့နေရာမှာ သွေးခဲဖြစ်နိုင်တဲ့အတွက် သူတို့လည်း ကုသပေးတဲ့ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။ စတီးရွိုက်ပါတဲ့ ကိုယ်ခံအားချိုးနှိမ်ဆေး မှီဝဲနေသူတွေကလည်း ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးသင့်ပါတယ်။
သွေးခဲစေတဲ့ ရောဂါရှိသူတွေ၊ အရေပြားလေးဖက်နာရောဂါရှိသူတွေ၊ ခုခံအားကျစေတဲ့ သူတွေမှာ ကိုယ်ခံစနစ်ကောင်းကောင်းမထွက်တဲ့အတွက် သူတို့က ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဆိုးနဲ့ အကောင်းကို ချင့်ချိန်ဆောင်ရွက်သင့်ပါတယ်။
သွေးတိုး၊ ဆီးချိုသမားတွေကတော့ ကာကွယ်ဆေးကို ထိုးလို့ရပါတယ်။ သွေးတိုးကျဆေး၊ ဆီးချိုဆေးကလည်း ကာကွယ်ဆေးနဲ့ ဓာတ်မတည့်မှု မရှိပါဘူး။
--------------------------------
Q.ကာကွယ်ဆေးမထိုးခင် Negative ဖြစ်ကြောင်း ဆေးစစ်ဖို့ လိုပါသလား၊ ဆေးမစစ်ဘဲ ထိုးလို့ရပါသလား။
A. ဆေးစစ်ဖို့ မလိုပါ။
--------------------------------
Q. အရက်သောက်သူတွေက ကိုဗစ်ကာကွယ်ဆေးထိုးလို့ရပါသလား၊ အရက်ကို ကာကွယ်ဆေးမထိုးခင် ဘယ်နှစ်ရက်အလိုနဲ့ ကာကွယ်ဆေးထိုးပြီးဘယ်နှစ်ရက်အထိ ရှောင်ထားသင့်ပါသလဲ။
A. အရက်သောက်တာနဲ့ ကိုဗစ်ကာကွယ်ဆေး ဆက်စပ်မှု မရှိပါဘူး။ ကိုဗစ်ကာကွယ်ဆေးက ကိုဗစ်ကူးစက် နိုင်ခြေရှိသူအားလုံး ထိုးသင့်ပါတယ်။ တစ်ကမ္ဘာလုံး ပြန့်နှံ့တဲ့ ရောဂါဖြစ်လို့ တစ်ကမ္ဘာလုံးက လူအားလုံး ထိုးနိုင်လေ၊ ကောင်းလေ။ အရက်ကတော့ ကျန်းမာရေးထိခိုက်လို့ တစ်သက်လုံး ဆင်ခြင်နိုင်ရင် ကောင်းပါတယ်။
--------------------------------
Q. ၁၈ပြည့်ဖို့လအနည်းငယ်လိုသူတွေကော ကာကွယ်ဆေးထိုးပေးလို့ရပါသလား။
A. ထိုးလို့ရတယ်လို့ ဆရာ့အနေနဲ့ ထင်မြင်ပါတယ်။ ကာကွယ်ဆေးက ၁၈ နှစ်အောက်အရွယ်အတွက် စမ်းသပ်ထားတာ မရှိသေးလို့သာ စိတ်ချရမှု ရှိ၊ မရှိမပြောနိုင်လို့ပါ။
--------------------------------
Q. ဘယ်လောက် ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါသလဲ။ အချိန်ဘယ်လောက်အကြာထိ ကာကွယ်ပေးနိုင်ပါသလဲ။
A. ပထမတစ်ကြိမ် ထိုးပြီးတော့ လေးပတ်မြောက်မှာ ၆၁ ရာခိုင်နှုန်းလောက် ကာကွယ်မှုရနိုင်တယ်၊ ဒုတိယအကြိမ် ထိုးပြီး လေးပတ်မြောက်မှာတော့ ၇၀-၉၀ ရာခိုင်နှုန်းအထိ ကာကွယ်မှုရတယ်လို့ လေ့လာမှုတွေ အရ သိရပါတယ်။ တစ်လုံး ထိုးရုံနဲ့တော့ အပြည့်အဝ ကာကွယ်တာမဟုတ်လို့ ကြားထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး နဲ့ ထိတွေ့မိရင် ပိုးဝင်နိုင်ပါသေးတယ်။ ဒါကြောင့် နှစ်ကြိမ်လုံး ထိုးပြီးမှ စိတ်ချရမှာ ဖြစ်ပါတယ်။
--------------------------------
Q. နှာအမြဲချေတဲ့သူတွေကကော ထိုးလို့ရပါသလား။
နှာအမြဲချေတာကတော့ Allergic Rhinitis လို့ခေါ်တဲ့ နှာခေါင်းအမြှေးပါးနဲ့ ဓာတ်မတည့်တဲ့ အခြေအနေကြောင့် ဖြစ်နိုင်ပါတယ်။ တခြားဓာတ်မတည့်တဲ့ လက္ခဏာတွေ ပြင်းပြင်းထန်ထန် ဖြစ်ဖူးတာ မရှိဘူးဆိုရင် သတိထားပြီး ထိုးလို့ရပါတယ်။ အကောင်းဆုံးက ဆေးထိုးမယ့်အချိန်မှာ မိသားစုဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ထိုးနှံတာက ပိုကောင်းပါတယ်။ သတိထားပြီး ထိုးရမယ်ဆိုတာက ဆေးထိုးပြီး ဆေးနဲ့ မတည့်တဲ့ လက္ခဏာပေါ်ပေါက်ခဲ့ရင် Adrenaline,Hydrocortisone စတဲ့ ရှော့ခ်ဖြစ်ရင် ကုသနိုင်မယ့် ဆေးတွေ အဆင်သင့်ရှိတဲ့ နေရာမှာ ထိုးသင့်ပါတယ်။
---------------------------------
Q. ကာကွယ်ဆေးကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးလေးတွေ ဖြစ်တတ်ပါသလဲ။
A. ဦးစားပေးထိုးနှံရမယ့် အုပ်စုထဲပါသူတွေကို အရင်စောင့်ကြည့်ပြီး သူတို့စကားသံတွေကို နားထောင်ကြည့်ပါဦး။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုဗစ်လူနာတွေကို အနီးကပ်စောင့်ကြည့်နေရတဲ့စေတနာ့ဝန်ထမ်းတွေကို အရင်ဆုံး ထိုးနှံပေးတော့မှာ ဖြစ်လို့ အဲဒါလေးကို အရင်နားထောင်ကြည့်ပါ။
ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလေးတွေကတော့-
♦ ထိုးတဲ့နေရာမှာ တင်းမယ်၊ နာမယ်၊
♦ ကိုယ်လက်ကိုက်ခဲမယ်၊
♦ ကြွက်သားနာမယ်၊ အဆစ်ကိုက်မယ်
♦ ဖျားမယ်၊ ချမ်းမယ်၊ ညောင်းညာမယ် ဒါမျိုးလေးတွေ ဖြစ်တတ်ပါတယ်။
အများစုကတော့ ဆိုးဆိုးရွားရွားမဖြစ်ဘဲနဲ့ ကိုယ့်အိမ်မှာကိုယ်နားနေပြီး ပါရာစီတမောသောက်ရုံနဲ့ တစ်ပတ်လောက်အကြာမှာ ဒီဝေဒနာတွေ ပျောက်ကင်းသွားမယ်ဆိုတဲ့ စမ်းသပ်တွေ့ရှိချက်တွေအရ သိရပါတယ်။ ဒီကာကွယ်ဆေးက အသက် ၆၅ နှစ်အထက်လူကြီးတွေအတွက် ဘေးထွက်ဆိုးကျိုး ပြင်းပြင်းထန်ထန် မတွေ့ရဘူးဆိုတာကတော့ ၀မ်းသာစရာ သတင်းကောင်းပါ။

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲ  ဇန်နဝါရီလ ၂၂ ရက်နေ့ ရောက်မည်
21/01/2021

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲ ဇန်နဝါရီလ ၂၂ ရက်နေ့ ရောက်မည်

မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲ ဇန်နဝါရီလ ၂၂ ရက်နေ့ ရောက်မည်
-----------------------------
မြန်မာနိုင်ငံသို့ ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၁ ရက်နေ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းတွင် ပြောသည်။

''မနက်ဖြန် ၂၂ ရက်နေ့မှာ ပထမဦးဆုံး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ မြန်မာနိုင်ငံကို ရောက်ရှိ လာပါမယ်။ တစ်သန်းခွဲရောက်ရှိလာမှာဖြစ်ပါတယ်။ တစ်သိန်းခွဲဆိုတော့ ကျွန်မတို့ပြည်သူတွေ ခုနှစ်သိန်းခွဲအတွက် လုံလောက်ပါတယ်။ လူတစ်ယောက်ဆို ရင် နှစ်ကြိမ်ထိုးရပါမယ်။ ပထမအကြိမ် ထိုးပြီးတော့ ၂၈ ရက်ကြာရင် နောက်တစ်ကြိမ် ထပ်ထိုးရပါမယ်။ အဲဒီတော့ ကျွန်မတို့ ဒီလုပ်ငန်းတွေကိုလည်း သေသေချာချာ ထိထိရောက်ရောက်လုပ်နိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စီစဉ်ထားပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများ(ရှေ့တန်းမှစေတနာ့ ဝန်ထမ်းများအပါအဝင်) ကို ဦးစားပေး ထိုးနှံပေးမည်ဖြစ်ပြီး ဒုတိယ ဦးစား ပေးအဖြစ် နိုင်ငံပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးအတွက် အဓိကကျသော အစိုးရဝန်ထမ်းများနှင့် အစိုး ရအဖွဲ့ဝင်များကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ဒုတိယကတော့ ကျွန်မတို့အစိုးရအဖွဲ့ထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ဆေး ထိုးပေးမှာပါ။ အဲဒီလိုပြောတာ နည်းနည်းတော့ အားနာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအထဲမှာ ကျွန်မလည်း ပါနေတာကိုး။ ဒါကိုလည်း ပြည်သူတွေအနေနဲ့ နားလည်မှုပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ ယန္တရားကြီးလည်ပတ် ဖို့ဆိုရင် ဗဟိုအစိုးရနဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရတွေက ထိထိရောက်ရောက်လှုပ်ရှားနိုင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ သိပ်လည်း မများပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နောက်ထပ်ကာကွယ်ဆေးရောက်လာသည်နှင့်အမျှ ရောဂါရရှိမှုလွယ်သော အုပ်စု၊ ရောဂါအခံအားနည်းသောအုပ်စုနှင့် ပြန့်ပွားနှုန်းကို များစေနိုင်သော အုပ်စုတို့ကို ချိန်ဆ စဉ်းစားထားကြောင်း၊ ကာကွယ် ဆေးရောက်တော့မည်ဆိုသော်လည်း မပေါ့ဆဘဲ မျက်နှာဖုံးတပ်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးကြားထဲ မသွားခြင်း၊ ခပ်ခွာခွာနေခြင်း စသည့် အခြေခံ စည်းမျဉ်းများကို ဆက်လက်လိုက်နာသွားရန် လိုအပ် ကြောင်း အသိပေးပြောကြားထားသည်။
(Photo-Myanmar State Counsellor Office)

"အရင်ကိုရိုနာဗိုင်းရပ်စ်နဲ့ယှဉ်ရင် အခု ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်က အလေးချိန်က မပြောင်းလဲဘူး၊ အရွယ်အစား ပုံပန်းသဏ္ဍာန်...
27/12/2020

"အရင်ကိုရိုနာဗိုင်းရပ်စ်နဲ့ယှဉ်ရင် အခု ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်က အလေးချိန်က မပြောင်းလဲဘူး၊ အရွယ်အစား ပုံပန်းသဏ္ဍာန်က မပြောင်းလဲဘူး။ ဒါကြောင့် ကူးစက်ပြန့်နှံ့ပုံကတော့ အတူတူပဲ။ ဘယ်နေရာမှာ ကွာသွားသလဲဆိုတော့ အရင်ကိုရိုနာဗိုင်းရပ်စ် အဟောင်းတွေက ခန္ဓာကိုယ်ထဲကို အကောင်တစ်သောင်းဝင်တော့မှ ခန္ဓာကိုယ်ထဲမှာ ပွားပြီး ရောဂါလက္ခဏာ ပြနိုင်တဲ့အခြေအနေမှာ အခုဗီဇပြောင်း ဗိုင်းရပ်စ်က အကောင်ရေနည်းနည်းဝင်ရုံနဲ့ ခန္ဓာကိုယ်ထဲမှာ ပွားများပြီး ရောဂါလက္ခဏာပြနိုင်တာ ဖြစ်ပါတယ်။ ဒါကို ကူးစက်မှုအဆ ၇၀ မြန်တယ်လို့ ဆိုလိုတာပါ။ အရင်တုန်းက"

—–၊ ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။ ၊—– Q. ယူကေက ဗီဇပြောင်းကို...

လူ(၁၅)သန်းအတွက် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် မြန်မာနိုင်ငံမှအဖွဲ့ အိန္ဒိယတွင် ရောက်ရှိနေ-------------လူ(၁၅)သန်းအတွက် ကိုဗစ်က...
25/12/2020

လူ(၁၅)သန်းအတွက် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် မြန်မာနိုင်ငံမှအဖွဲ့ အိန္ဒိယတွင် ရောက်ရှိနေ
-------------
လူ(၁၅)သန်းအတွက် ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် မြန်မာနိုင်ငံမှအဖွဲ့ အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်းသည့် မိန့်ခွန်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
''ကျွန်မတို့က ကာကွယ်ဆေးဝယ်ယူဖို့ လက်မှတ်ထိုးပြီးပြီ၊ အားလုံးအဆင်သင့်ရှိပြီးပြီဆိုတာနဲ့ မကြာခင်ကာလမှာ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေစဖို့လည်း စီစဉ်ထားပြီးပါပြီ။ တစ်တိုင်းပြည်လုံးမှာပေါ့။ ကျွန်မတို့က တစ်ဆင့်ပြီးတစ်ဆင့် ဦးစားပေးမှာဆိုတော့ ဥပမာအားဖြင့်ဆိုရင် ပထမဦးစားပေးက ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေပေါ့။ အဲဒါပြီးတော့မှ နိုင်ငံအတွက်ရော ပြည်သူတွေအတွက်ရော လိုအပ်ချက်အရ တစ်ဆင့်ပြီးတစ်ဆင့် လုပ်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ် ဆေးရပြီးတာနဲ့လည်း လနဲ့ချီပြီးမှ တစ်တိုင်းပြည်လုံးကို ကာကွယ်ဆေးထိုးလို့ပြီးမှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ကာကွယ်ဆေးမရမီကြားတွင် လနှင့်ချီ ကြာနိုင်သဖြင့် ကိုဗစ်ရောဂါမကူးစက်ရန် သတိဖြင့်နေကြစေလိုကြောင်း မေတ္တာရပ်ခံထားသည်။
''အရင်ငါးရက်အတွင်းကတော့ ၁၀ဝဝအောက် ကျလာပါတယ်။ ရောဂါကူးစက်တဲ့သူတွေ ၁၀ဝဝ အောက်ကျလာတယ်ဆိုတော့ ဒါ တိုးတက်မှုလို့ ပြောရပေမယ့်လည်း သိပ်ကြီးကောင်းပြီလို့တော့ ပြောလို့ မရသေးပါဘူး။ ဒါပေမဲ့လည်း အားလုံးဝိုင်းဝန်းပြီးတော့ ရောဂါကို ထိန်းချုပ်ပေးဖို့ ကြိုးစားကြလို့ ကျေးဇူးတင်တယ်''လို့ ပြောကြားထားသည်။
Photo credit-Myanmar State Counsellor Office FB

Address

Kyaukpadaung

Telephone

+959888868450

Website

Alerts

Be the first to know and let us send you an email when COVID 19 Volunteer Kyaukpadaung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram