KPG Health Care

KPG Health Care Health Care

၆ လအကြာမှာ ကိုဗစ်ကာကွယ်ဆေးတွေက အားပျော့ပျက်ပြယ်သွားတယ်လို့ ဗြိတိန်သုတေသီတွေ ထုတ်ဖော်ပြောဆို~~~~~~~~~~~~~~~~~~~~~~~~~~~~~...
26/08/2021

၆ လအကြာမှာ ကိုဗစ်ကာကွယ်ဆေးတွေက အားပျော့ပျက်ပြယ်သွားတယ်လို့ ဗြိတိန်သုတေသီတွေ ထုတ်ဖော်ပြောဆို
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၂ ကြိမ်စီထိုးနှံရတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဖြစ်တဲ့ Pfizer, AstraZeneca ကာကွယ်ဆေးတွေဟာ ၆ လအတွင်းမှာ ဗိုင်းရပ်စ်ကာကွယ်နိုင်စွမ်း အားပျော့ပျက်ပြယ်သွားတယ်လို့ အင်္ဂလန်သုတေသီတွေက ပြောဆိုလိုက်ပါတယ်။

ဒီအတွက် အားသစ်လောင်းပေးမှုအဖြစ်နဲ့ တတိယအကြိမ်ထိုးနှံမှု လိုအပ်တယ်လို့လည်း သုတေသီတွေက ထောက်ပြခဲ့ပြီး အချက်အလက်တွေထုတ်ပြန်ခဲ့ပါတယ်။

Pfizer ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးနောက် ငါးလ ကနေ ခြောက်လအထိ ကိုဗစ်ကူးစက်ခြင်းကို ကာကွယ်ပေးမှုက ထိရောက်မှုရှိပြီး အဲဒီနောက်မှာတော့ ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ ၈၈% ကနေ ၇၄% အထိ ကျဆင်းသွားပါတယ်။

AstraZeneca ကာကွယ်ဆေးကတော့ ၇၇% ကနေ ၆၇% အထိကို ကျဆင်းသွားတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဆောင်းရာသီမှာဆိုရင်သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကာကွယ်ပေးမှုဟာ ၅၀% အောက်အထိ ရောက်နိုင်တယ်လို့တောင် သိရပါတယ်။

ဒီစမ်းသပ်မှုကို အက်ပလီကေးရှင်းအသုံးပြုသူ တစ်သန်းကျော်ရဲ့ အချက်အလက်တွေကို အခြေခံခဲ့တာလည်းဖြစ်ပါတယ်။

ကူးစက်ခံထားရပေမယ့် ကာကွယ်ဆေးထိုးနှံထားတယ်လို့ ပြောဆိုထားသူတွေနဲ့ မထိုးနှံထားသူတွေအုပ်စုကို နှိုင်းယှဉ်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလေ့လာတွက်ချက်မှုမှာတော့ လူငယ်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပိုပြီးလိုအပ်နေတယ်လို့လည်း သူတို့က ပြောဆိုခဲ့ပါတယ်။

အကြောင်းရင်းကတော့ လေ့လာမှုမှာ ပါဝင်ခဲ့သူအများစုဟာ လွန်ခဲ့တဲ့ ၆ လက ကာကွယ်ဆေးဦးစားပေးအဆင့်မှာပါဝင်တဲ့ သက်ကြီးရွယ်အိုတွေဖြစ်နေတာကြောင့်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီလေ့လာမှုမှာ ZOE Ltd က ပါဝင်ထောက်ပံ့ပေးခဲ့ပြီး အဆိုပါကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၃ နှစ်က စတင်တည်ထောင်ခဲ့ပြီး အာဟာရဆိုင်ရာအကြံဉာဏ်တွေ ပေးနေတာဖြစ်ပါတယ်။ ZOE က ကိုဗစ်လက္ခဏာလေ့လာရေးအက်ပလီကေးရှင်းကို ကင်းကောလိပ်(လန်ဒန်) နဲ့ ပူးပေါင်းကာ ဖန်တီးပြီး ကျန်းမာရေးနဲ့လူမှုဖူလုံရေးဌာနရန်ပုံငွေအတွက် အကျိုးအမြတ်မယူဘဲ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ထိပ်တန်းကျွမ်းကျင်သူတွေက တတိယအကြိမ်ထိုးနှံဖို့ လိုအပ်ကြောင်း အကြံပြုခဲ့ပြီးနောက် ဗြိတိန်အပါအဝင် အခြားသောဥရောပနိုင်ငံတွေဟာ ကိုဗစ်ကာကွယ်ဆေးကို တတိယမြောက်ထိုးနှံမယ့်အစီအစဉ်ကို စတင်လုပ်ဆောင်နေတာဖြစ်ပါတယ်။

အမေရိကန်ကတော့ စက်တင်ဘာလလယ်မှာ စတင်ထိုးနှံခွင့်ပြုခဲ့ပြီဖြစ်ပါတယ်။ ရီးဒင်းတက္ကသိုလ်က ဆဲလ်အဏုဇီဝဗေဒတွဲဖက်ပါမောက္ခ Simon Clarke က "ိကုဗစ်ပြန့်ပွားမှုကို ကာကွယ်ဖို့ ကာကွယ်ဆေးတမျိုးတည်းအပေါ်မှီခိုနေလို့မရဘူးလို့ သတိပေးလိုက်တာပါပဲ" လို့ ဆိုပါတယ်။

River News

ဦးဝင်းစိုး+ဒေါ်ခင်မျိုးမြင့် မိသားစုမှ ငွေကျပ် 100000 လှူတန်းပါတယ် ခင်ဗျာ
26/08/2021

ဦးဝင်းစိုး+ဒေါ်ခင်မျိုးမြင့် မိသားစုမှ
ငွေကျပ် 100000 လှူတန်းပါတယ် ခင်ဗျာ

ဦးဆွေထွန်း လမင်းတစ်ရာ ကုမ္ပဏီမှ KPG Health Care ကိုoxygen 40L တစ်အိုးလှူတန်းပါတယ် ခင်ဗျာ
23/08/2021

ဦးဆွေထွန်း
လမင်းတစ်ရာ ကုမ္ပဏီမှ
KPG Health Care ကို
oxygen 40L တစ်အိုးလှူတန်းပါတယ် ခင်ဗျာ

20/08/2021

ကျွန်တော်တို့ Pageကနေပီး
လူနာတွေအကြောင်းမတင်တာဟာ မလိုလားအပ်တဲ့ တစ်ချို့ကိစ္စလေးတွေဖြစ်မှာစိုးရိမ်လို့ပါခင်ဗျာ နာလည်ပေးစေချင်ပါတယ်

ကျွန်တော်တို့ KPG HC ရဲ့ founder တစ်ဦးဖြစ်တဲ့ မကြီးသင်းကတော့ Pထိထားတဲ့အတွက်Groupမှာ လိုအပ်ချက်လေးတွေရှိရင်နားလည်ပေးစေချ...
20/08/2021

ကျွန်တော်တို့ KPG HC ရဲ့
founder တစ်ဦးဖြစ်တဲ့
မကြီးသင်းကတော့
Pထိထားတဲ့အတွက်
Groupမှာ လိုအပ်ချက်လေးတွေရှိရင်
နားလည်ပေးစေချင်ပါတယ် ခင်ဗျာ

ယနေ့နေ့လည်12 နာရီကကျွန်တော်တို့ကို Cov testစစ်ရန်အကူညီတောင်းလို့ သွားရောက်စစ်ပေးပါတယ်ခင်ဗျာ မြင်ရတဲ့မြင်ကွင်းအတော်လေးဆို...
18/08/2021

ယနေ့နေ့လည်12 နာရီကကျွန်တော်တို့ကို Cov testစစ်ရန်အကူညီတောင်းလို့ သွားရောက်စစ်ပေးပါတယ်ခင်ဗျာ
မြင်ရတဲ့မြင်ကွင်းအတော်လေးဆိုးပါတယ်
အဘွားဖြစ်သူ 91
ဦးလေးဖြစ်သူ 87
သမီးဖြစ်သူကလည်း ကျောက်ကပ်ဝေသနားခံစားနေရပါတယ် အသက်ငယ်ငယ်ကလေးရယ် အရက်မူးနေတဲ့ လူတစ်ယောက်ရယ် တွေပါတယ်
ဘေးပတ်ဝန်းကျင် ဆွေးမျိုးများ
ကူညိပေးမဲ့သူလုံးဝမရှိပါဘူးခင်ဗျာ
ကျွန်တော်တို့ရောက်လို့ လူအင်အားနဲ့လို့
ဘေးကိုအကူညီတောင်းတာမရတဲ့အတွက်
ရုံးမှာရှိတဲ့ကလေးကိုထက်ခေါ်ပီးကူညီခဲ့ပါတယ်

အကူညီတောင်းခံခဲ့တဲ့ အစ်ကိုတစ်ယောက်က
KPG HC ကိုလှူတန်းတဲ့ငွေ 75000ကို ယခုအိမ်ကိုပြန်လှူခဲ့ပါတယ် ညနေ့ပိုင်းမှာတော့ စားသောက်စရာတွေ ထက်မန်လှူတန်းခဲ့ပါတယ်

ဆက်လက်ပီး ဘယ်လိုကူညီနိုင်မလဲကိုလည်း
တိုင်ပင်နေပါတယ် ခင်ဗျာ ယခုမိသားစုကို
လှူချင်တဲ့လူများရှိရင် ကူညီမဲ့အကြောင်းရာနဲ့အတူ
ထပ်တင်ပေးပါ့မယ်
တစ်ခြားသောအဖွဲ့တွေလည်းကူညီတာတွေ့ရပါတယ်

ကိုမျိုးထွန်း+မဖြိုးဖြိုးဝင်းမိသားစုမှKPG Health Care Group သို့ test kid တစ်ဘူး လှူဒါန်းပါတယ် ခင်ဗျာ
18/08/2021

ကိုမျိုးထွန်း+မဖြိုးဖြိုးဝင်းမိသားစုမှ
KPG Health Care Group သို့
test kid တစ်ဘူး လှူဒါန်းပါတယ် ခင်ဗျာ

ကိုဗစ်-၁၉ ကုသရေးနှင့်ကူညီထောက်ပံ့ရေးအဖွဲ့- ကျောက်ပန်းတောင်း(Caring and supporting group for Covid-19..Kyaukpadaung)*****...
17/08/2021

ကိုဗစ်-၁၉ ကုသရေးနှင့်ကူညီထောက်ပံ့ရေးအဖွဲ့- ကျောက်ပန်းတောင်း
(Caring and supporting group for Covid-19..Kyaukpadaung)
************************************************************

• ဖျား/လည်ချောင်းနာ/ချောင်းဆိုး/နှာစေးဖြစ်လျှင်---မပေါ့ပါနှင့်
ပထမ ကိုဗစ်-၁၉ ဟုတ်မဟုတ် နှာခေါင်းတို့ဖတ် RDT နှင့်အရင်စစ်ပါ

• စောစောစစ်, စောစောတွေ့ , စောစောကုလျှင် မပြင်းထန်ပဲ ပျောက်ကင်းနိုင်ပါတယ်။

• မိမိကိုယ်တိုင်လည်းစစ်နိုင်ပါတယ်။ မိသားစုနှင့်ဝေးရာ အိမ်ပြင်ဘက်မှာစစ်ပါ။
တဘက်တထည်အရံသင့်ပုခုံးပေါ်တင်ထားပါ နှာချေလျှင် တဘက်နှင့်အုပ်ပြီးမှချေပါ။

• အောက်ပါ
ကိုဗစ်-၁၉ ကုသရေးနှင့် ကူညီထောက်ပံ့ရေးအဖွဲ့သိုဆက်သွယ် အကူအညီတောင်းနိုင်ပါတယ်
သူတို့ရောက်လာပြီး လိုအပ်သည်များမေးမြန်းကာ ကူညီပေးကြပါလိမ့်မယ်

ကိုဗစ်-၁၉ ကုသရေး ဆက်သွယ်ရန်
*******************************
(၁) မသင်းသင်း။ ၀၉-၄၄၂၂၂၀၅၁၀

(၂) မအေးနန္ဒာဝင်း- ၀၉-၇၉၃၃၈၄၃၅၅

(၃) မလွှင်မီမီအောင်။ ၀၉-၇၉၆၈၁၆၉၈၈

(၄) ဦးမိုး။ ၀၉-၂၂၂၀၅၃၁

(၄) ရုံး။ ၀၉-၄၃၁၆၅၆၃၈

စုံစမ်း/ဆက်သွယ်/ပြန်ကြားရေး
***************************
(၁) ရုံး။ ၀၉-၄၃၁၆၅၆၃၈

(၂)ထူးညွန့်လွင် (Health Care-KPG)
09-951251313

(၃) ကိုထွန်းထွန်း (ဂေါင်းကြီး)
09-92220384

အောက်စီဂျင်ဖြန့်ဝေ
******************
ကိုဝင်းထွန်းကြိုင်
09-5029432

ဆေးဖျန်း
**********
ဦးမောင်ငြိမ်း 09-794250028
ကိုကျော်စံသိန်း ၀၉-၇၈၀၁၀၄၂၄၈

နောက်တန်းမှ ဖုန်းဖြင့်ဆက်သွယ်ညှိနှိုင်းကူညီပေးကြမည့်ဆရာကြီးများ
***************************************************************

(1) ဒေါက်တာယုဝေ 09- 77770755
သုခပြည့်စုံဆေးရုံ

(2) ဒေါက်တာ ဝင်းဆွေ 09-797124088
စံပြဆေးခန်း- စံပြရပ်

(၈) ဒေါက်တာမျိုးသော် 09-792220077; 09-2220077
မြတ်ပါရမီဆေးခန်း

အိမ်တိုင်ယာရောက်ကုသမှုပေးမည့်ဆရာဝန်များ
************************
၁/ ဒေါက်တာလှမျိုးအောင်

၂/ ဒေါက်တာစိုးသူအောင်

၃/ ဒေါက်တာ လမင်းအောင် ။

၄/။ ဒေါက်တာကျော်ဇေယျ

၅/ ဒေါက်တာရှိုင်း

ကိုဗစ်တတိယလှိုင်းဟာကျနော်တို့ဆီကိုဇူလိုင်တတိယပါတ်လောက်မှာဝင်လာပြီး နောက်ဆုံးပါတ်နဲ့ ဩဂုတ်ပထမပါတ်ထဲမှာအမြင့်ဆုံးပါ။ ထိခိုက်ဆုံးပါရတာတွေအတော်များခဲ့ပါတယ်။ ခုတော့အတော်အတန်ငြိမ်သက်စပြုလာပါပြီ။ အထိအခိုက်များနေတဲ့အချိန်မှာ အချို့ဆေးခန်းတွေအရဲစွန့်ဖွင့် ကုသပေးကြပေမဲ့ အချို့ကတော့ပိတ်ပြီး "အဝေးမှဖုန်းနဲ့လမ်းညွှန်ကု" လုပ်ပေးကြပါတယ်။ ဒါပေမဲ့အဖြစ်များလာတဲ့အခါ မနိုင်ပါဘူး ထိရောက်တဲ့ကုသမှုလည်းမပေးနိုင်ပါဘူး။ ဒါနဲ့ဘယ်လိုလုပ်ကြရင်ကောင်းမလဲ ဝိုင်းစဉ်းစားရာမှ " ခေါင်း+လက်" ချိတ်ဆက်လုပ်ကြမည့်အစီအစဉ်ပေါ်လာပါတယ်။ အဲ့သည်နောက် အိမ်တိုင်ယာရောက်သွားပေးကြမယ့် ပရဟိတလူငယ်လေးတွေကိုရှာဖွေချိတ်ဆက်၊ သူတို့ကိုသိသင့်တာလေးတွေ online မှ training ပေး၊ လုပ်ကြမည့်အဖွဲ့တွေတာဝန်ခွဲကြ၊ ကုန်ကျမည့်စရိတ်အတွက်အလှူခံ၊ အန္တရယ်များတဲ့အုပ်စုကို အိမ်တိုင်ယာရောက် ဆေးကုသမှုပေးမည့် ဆရာဝန်များနှင်ချိတ်ဆက်...လုပ်ကြရပါတယ်။ "လူ၊ ငွေ၊ ပစ္စည်း" အစုံနှင့် အဆင်သင့်ဖွဲ့စည်းပြီးသားမဟုတ်တော့ အချိန်မီ ချက်ချင်းမလုပ်နိုင်ပါဘူး။ " ခုမှ ပေါ်လာရသလား" လို့ အားမလိုအားမရဖြစ်ကြသူတွေအတွက် နားလည်စေချင်လို့ပါ။
မြို့ကိုချစ်တဲ့ ပရဟိတနှလုံးသားပိုင်ရှင် လူငယ်လေးတွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အခုဆိုအောက်စီဂျင်အတွက်လည်း ပူစရာမလိုတော့ပါဘူး။ ကုသမှုဘက်မှာလည်း မြိုသူမြို့သားများ အတွက်လိုအပ်တဲ့အကူအညီပေးဖို့အဖွဲ့လေးလည်းပေါ်လာပြီမို့ ဘာပဲဆိုဆို အရင်လို ကိုဗစ် +ve ဆို " ဘယ်သွား လို့ဘာလုပ်ရမှန်းမသိ" ဆိုတဲ့အထိတော့ မဖြစ်တော့ပါဘူး။ သည့်ထက်မက ပိုပြီးလုပ်ပေးနိုင်အောင်လည်းကြိုးစားနေကြပါတယ်။ ဖြစ်နိုင်ရင် ၁၂ ရပ်ကွက်မှ ပရဟိတလူငယ်တွေ ကိုယ့်ရပ်ကွက်ကို ကိုယ်စောင့်ရှောက်ဖို့ ပရဟိတလူငယ်တွေအချင်းချင်းချိတ်ဆက် လုပ်ဆောင်ကြမယ်ဆို ပိုပြီးထိရောက်မယ်ထင်ပါတယ်။ မြို့မိမြို့ဖအားလုံးရဲ့ ဝိုင်းဝန်းအကြံပေးခြင်း၊ တတ်နိုင်တဲ့နေရာမှာ ဝိုင်းကူကြမယ်ဆို ကျနော်တို့ရဲ့မြို့လေးကို ကိုဗစ်အန္တရယ်မှကာကွယ်နိုင် လွတ်မြောက်နိုင်မယ်ထင်ပါတယ်။

Address

Kyaukpadaung

Website

Alerts

Be the first to know and let us send you an email when KPG Health Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram