နှလုံးအိမ် အထူးကုဆေးခန်း

နှလုံးအိမ် အထူးကုဆေးခန်း Private clinic

(၆)လတကြိမ် သန်ချပါ
06/02/2026

(၆)လတကြိမ် သန်ချပါ

01/02/2026

အစားအစာဆိုတာ စားသုံးတတ်ရင် ဆေးဖြစ်နိုင်သလို မစားသုံးတတ်ရင် ဘေးလည်းဖြစ်နိုင်ပါတယ် 👩‍⚕️

ကမ္ဘာတစ်ဝန်းမှာ ပြောင်းလဲလာတဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းတွေက တရိပ်ရိပ်နဲ့ တက်လာနေပါတယ် 📈 ဒီတော့ ကင်ဆာကို ကာကွယ်ဖို့ ကိုယ့်ရဲ့ပန်းကန်ထဲမှာ ဘာတွေထည့်စားလဲဆိုတာကိုပါ ထည့်စဉ်းစားဖို့ လိုလာပါပြီ 🤔

ဒါကြောင့် ကင်ဆာရောဂါမဖြစ်ဖို့ အတတ်နိုင်ဆုံး ရှောင်ရှားစားသုံးသင့်တဲ့ (ဒါမှမဟုတ်) လျှော့စားသင့်တဲ့ အစားအစာတွေကို YOC ကနေ ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်ရှင့် 🤗

🥓 ပထမဦးဆုံးအနေနဲ့ကတော့ Processed Meat လို့ခေါ်တဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေပါ။ ဒီထဲမှာ ဘေကွန်၊ ဝက်အူချောင်း၊ ဟော့ဒေါ့၊ အသားပြားနဲ့ စည်သွပ်ဘူး အစရှိတဲ့ အစားအစာတွေ ပါဝင်ပါတယ်။ WHO က ဒီအစားအစာတွေကို Group 1 Carcinogens အဖြစ် ကင်ဆာဖြစ်စေတတ်တဲ့ အစားအစာတွေလို့ သတ်မှတ်ထားပါတယ်။

🥩 အနီရောင်အသားတွေဖြစ်တဲ့ အမဲသား၊ ဝက်သားနဲ့ သိုးသားလို အသားမျိုးတွေကို အလွန်အကျွံစားမယ်ဆို အူမကြီးနဲ့ ပန်ကရိယကင်ဆာ ဖြစ်ပွားနိုင်ခြေတွေ ပိုမြင့်မားစေမှာဖြစ်ပါတယ်။ ဒီအသားတွေမှာ Heme Iron များစွာပါဝင်တဲ့အပြင် အပူချိန်မြင့်မြင့်နဲ့ ချက်ပြုတ်တဲ့အခါ HCAs လိုမျိုး ကင်ဆာဖြစ်စေနိုင်တဲ့ဓာတ်တွေ ထွက်လာနိုင်ပါတယ်။

🥤 သကြားဓာတ်များတဲ့ အချိုရည်နဲ့ အစားအစာတွေဟာလည်း အဝလွန်ခြင်းနဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်းတို့ကို ဖြစ်စေသလို ကင်ဆာအမျိုးအစားအတော်များများနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ လုံးဝမရှောင်နိုင်ရင်တောင် လျှော့ပြီးစားတာက မမှားပါဘူး။

🧫 မှိုတက်နေတဲ့ အစားအစာတွေကို နှမြောပြီးတော့လည်း မစားပစ်ပါနဲ့။ အဲဒီမှိုတွေကနေ ထွက်လာတတ်တဲ့ အဆိပ်တစ်မျိုးဖြစ်တဲ့ Aflatoxin က အသည်းကင်ဆာကို ဖြစ်စေတတ်တဲ့ အဓိကတရားခံတစ်ခုဖြစ်ပါတယ်။ အစားအစာတွေကို ချက်ပြုတ်ကြော်လှော် မစားသောက်ခင်မှာ သေချာစစ်ဆေးပြီး စားသုံးတာက ပိုစိတ်ချရပါတယ်။

🧈 တိရစ္ဆာန်ထွက်ဆီ ဒါမှမဟုတ် ပြည့်ဝဆီပါတဲ့ နို့ထွက်ပစ္စည်းတွေ၊ အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ရှားပါ။ ပြည့်ဝဆီဟာ LDL ကိုမြင့်တက်စေတာကြောင့် သွေးထဲမှာ ကိုလက်စထရောတွေ မြင့်တက်လာတာ၊ နှလုံးရောဂါ၊ Type 2 Diabetes တွေ ဖြစ်စေနိုင်တဲ့အပြင် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေလည်း မြင့်မားလာတတ်တာကြောင့် သတိပြုစားသုံးဖို့လိုပါတယ်။

ဒါကြောင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆို ဒီလိုအစားအစာမျိုးတွေကို အတတ်နိုင်ဆုံးရှောင်ရှားပြီး အသီးအရွက်၊ အစေ့အဆန်နဲ့ အသားဓာတ်များများပါတဲ့ အစားအစာတွေကိုသာ ရွေးချယ်စားသုံးဖို့ YOC ကနေ အကြံပြုလိုက်ပါတယ်ရှင့် 💁‍♀️

YOC လိပ်စာ

🏥 တိုက် ၃ အေ၊ လမ်းသစ်ရိပ်သာ၊ ဘုန်းကြီးလမ်း၊ အပေါ်ဘလောက်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

🏥 Shop House Building 3 A, Lan thit Yeik Thar Avenue, Lanmadaw Tsp, Yangon.

📍 လမ်းညွှန် - ဘုန်းကြီးလမ်းအပေါ် ဘလောက်မှာ စန်းသော်တာ မျက်စိဆေးရုံတွေ့တဲ့အခါ လမ်းသစ်
ရိပ်သာ ထဲကို ဝင်ခဲ့လိုက်ပါ။ စန်းသော်တာနဲ့ ကပ်ရပ်မှာရှိနေပါတယ်။

☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ - 09966800022 ၊ 09943033332 ၊ 09943033334

🗺️ Google Map - [https://maps.app.goo.gl/fzzxnWeYd4uACR6PA](https://maps.app.goo.gl/fzzxnWeYd4uACR6PA

Address

Kyaunggon

Opening Hours

Monday 07:00 - 11:30
16:00 - 19:30
Tuesday 07:00 - 11:30
16:00 - 19:30
Wednesday 07:00 - 11:30
16:00 - 19:30
Thursday 07:00 - 11:30
16:00 - 19:30
Friday 07:00 - 11:30
16:00 - 19:30
Saturday 07:00 - 11:30
16:00 - 19:30
Sunday 07:00 - 11:30
16:00 - 19:30

Telephone

+959883334401

Website

Alerts

Be the first to know and let us send you an email when နှလုံးအိမ် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category