Kyeintali Hospital

Kyeintali Hospital Kyeintali Hospital is a governmental hospital located in Kyeintali, Rakhine state ,Myanmar.

20/09/2021


ပြည်စိုးလူ
နိရဉ္စရာ၊ စက်တင်ဘာ ၂၀ /၂၀၂၁






--------------------------------

Unicode -

ဂွမြို့နယ် ကျိန္တလီမြို့ဆေးရုံအတွက် ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ ခွဲစိတ်ခန်းသုံး PAPR ဝတ်စုံ ၂ စုံ လှူဒါန်း

ပြည်စိုးလူ
နိရဥ္စရာ၊ စက်တင်ဘာ ၂၀ /၂၀၂၁

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့ပြည်သူ့ဆေးရုံအတွက် ကျပ်သိန်း ၂၀ နှင့် ၄ သောင်းကျပ်တန်ဖိုးရှိသည့် ခွဲစိတ်ခန်းသုံး PAPR ဝတ်စုံ ၂ စုံကို We Love Rakhine ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်နှင့် ဇနီးဒေါ်ယဉ်မင်းဦးမိသားစုက လှူဒါန်းလိုက်ကြောင်း သိရသည်။

ကျိန္တလီပြည်သူ့ဆေးရုံတွင် ကိုဗစ်ကာလအတွင်း တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်များအတွက် ကျန်းမာရေးအရ လုံခြုံမှုရှိစေရန် ယနေ့ စက်တင်ဘာလ ၂ဝ ရက် နံနက်ပိုင်းက လှူဒါန်းလိုက်ခြင်းဖြစ်သည်ဟု We Love Rakhine အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ကိုတင်ငြိမ်းဦးက ပြောသည်။

“PAPR ဝတ်စုံ ဆိုတာက ဆရာဝန်တွေ ခွဲစိတ်ခန်းမှာ သုံးတဲ့ဟာပေါ့။ စက် ၄ လုံးပါတယ်ဆိုတော့ လေသန့်စင်ပေးတယ်။ ပိုးတွေဘာတွေသန့်စင်ပေးတယ်ဆိုတော့ ဆရာဝန်တွေအတွက် Security ဖြစ်တဲ့ ဝတ်စုံမျိုးပါ”ဟု ပြောသည်။

PAPR ဝတ်စုံများလိုအပ်ကြောင်း ကျိန္တလီမြို့ရှိ We Love Rakhine အဖွဲ့က တင်ပြလာသည့်အတွက် ယခုကဲ့သို့ လှူဒါန်းလိုက်ရခြင်းဖြစ်သည်ဟုလည်း သူက ပြောသည်။

We Love Rakhine အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း လူမှုရေး၊ စီးပွားရေးနှင့် ကျန်းမာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ရန် စိတ်ပါဝင်စားသူများဖြင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်တွင် စတင်တည်ထောင်ခဲ့သည့် ဖွဲ့အစည်းတစ်ခုဖြစ်သည်။

13/09/2021
08/09/2021

(8.9.2021) တွင် ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်မှ သံသယလူနာ (၂)ဦး၊ အမှတ်(၂) ရပ်ကွက်မှ သံသယလူနာ (၂)ဦး၊ ကိုင်းခုံကျေးရွာမှ သံသယလူနာ (၁)ဦး၊ ကုလားပြင်ကျေးရွာမှ သံသယလူနာ (၁)ဦး၊ စုစုပေါင်း (၆)ဦး အား ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် Covid-19 RDT ဖြင့် စစ်ဆေးရာ

ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်မှ (၂)ဦးနှင့် ကုလားပြင်ကျေးရွာမှ (၁)ဦး၊စုစုပေါင်း သံသယလူနာ (၃)ဦးတွင် Covid-19 ရောဂါပိုးတွေ့ရှိရပါသည်။

07/09/2021

(7.9.2021)တွင် ကျိန္တလီမြို့ အမှတ်(၂) ရပ်ကွက်မှ သံသယလူနာ (၂)ဦး နှင့် အမှတ် (၃) ရပ်ကွက်မှ သံသယလူနာ (၂)ဦး၊ စုစုပေါင်း (၄)ဦး ကို ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် Covid-19 RDT ဖြင့် စစ်ဆေးရာ

ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်မှ သံသယလူနာ (၁)ဦး နှင့် အမှတ် (၃) ရပ်ကွက်မှ သံသယလူနာ (၂) ဦး စုစုပေါင်း (၃)ဦး တို့တွင် Covid-19 ရောဂါပိုးတွေ့ရှိရပါသည်။

(ယနေ့ ကျိန္တလီမြို့ ပြည်သူ့ဆေးရုံ Covid-19 ကုသရေးစင်တာတွင် ဆေးရုံတက်ရောက်နေသော ပိုးတွေ့လူနာ စုစုပေါင်း(၄၂)ဦး ရှိပြီး အောက်ဆီဂျင်ပေးထားရသောလူနာ (၂ )ဦးရှိပါသည်။)

04/09/2021

`စေတနာရှင်များထံ အသိပေးနှိုးဆော်အပ်ပါသည်´

ကျိန္တလီမြို့ ပြည်သူ့ဆေးရုံ Covid-19 ကုသရေးစင်တာတွင်
ယနေ့(3.9 .2021)အထိ Covid -19 ရောဂါပိုးတွေ့ရှိသူ (၁၁၆-ဦး) တက်ရောက်ကုသခဲ့ပြီး
ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရသူ (၆၅-ဦး)၊ လက်ရှိ ဆေးရုံတက် ကုသမှုခံယူနေသူ (၅၀-ဦး)ရှိနေပြီ ဖြစ်ပါသည်။

ယခုကဲ့သို့ Covid ကုသရေး စင်တာတစ်ခုအား လည်ပတ်နိုင်ရန်အတွက်
တာဝန်ခံ ဆရာဝန်၏ လမ်းညွှန် ပံ့ပိုးမှု၊ ကျန်းမာရေးဌာန၏ လမ်းညွှန်မှုများနှင့်အညီ
အခြားသက်ဆိုင်ရာ ဌာနများ၏ ပူးပေါင်းပါဝင်မှု၊ Volunteer လူငယ်များ၏ ပံ့ပိုးစွမ်းဆောင်နိုင်မှု၊ မြို့ရွာတွင် မှီတင်းနေထိုင်သူများ၏ ပူးပေါင်းပါဝင်မှု စသည်တို့မှာ ပဓာနကျပါသည်။

ထိုနည်းတူ ယခုကဲ့သို့ ပံ့ပိုးဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန်၊ အဖက်ဖက်မှလိုအပ်သည်များကို အချိန်မှီ ဖြည့်ဆည်းနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးရသော ကျိန္တလီမြို့ Covid-19 ပင်မကော်မတီ၏ ရံပုံငွေမှာလည်း အလွန်အရေးပါသောအခန်းကဏ္ဍတစ်ရပ်အနေနှင့် ရှိနေပါသည်။
ကျိန္တလီမြို့ Covid-19 ကော်မတီအနေဖြင့် ယခု Covid တတိယလှိုင်းအတွင်း မိဘပြည်သူတို့၏ လှူဒါန်းမှုများမှ Covid Center အတွက်အသုံးပြုရန်
ကုတင် အလုံး (၅၀) အပါအဝင်
အခြေခံ အဆောက်အဦးပြင်ဆင်ခြင်း၊ Center အတွက် အခြေခံလိုအပ်ချက်များမှစ၍၊ Oxygen၊ ဆေးဝါး၊ PPE၊ Mask မှသည် များစွာသော လိုအပ်ချက်များကို အချိန်မှီ ဖြည့်ဆည်းပေးလျက်ရှိပါသည်။
ရောဂါပိုးကူးစက်ခံရသူ များလာသော ယခုကာလတွင် ကော်မတီအနေဖြင့် နေ့စဥ်
~PPE အနည်းဆုံး (၅စုံ)
~N95 Mask
~Surgical Mask
~Surgical Glove
~Oxygen လိုအပ်ချက်
~စက်သုံးဆီလိုအပ်ချက်(ဆေးရုံကား၊လူမှုကူညီရေးကားများ၊Oxygen သယ်ယူမှု၊ဆေးရုံမီးစက်အသုံးချမှု စသည်တို့အတွက်တစ်လအတွင်း တန်ဖိုးငွေကျပ် ငါးသိန်းကျော် သုံးစွဲနေရပါသည်)
~Covid Center အတွက် လိုအပ်သော ဆေးဝါးများ
~Covid Center အတွက် နံနက်စာ အလှူရှင်မရှိသော နေ့များတွင်
အဖွဲ့မှလှူဒါန်းပေးမှု
စသည်ဖြင့် များစွာသော လိုအပ်ချက်များမှာ အမြဲပုံမှန်ရှိနေပါသည်။

သို့ဖြစ်ပါ၍ ပံ့ပိုးလှူဒါန်းလိုသူ စေတနာရှင်များ အနေဖြင့်
ကျိန္တလီမြို့ Covid-19 ကုသရေးစင်တာအတွက်
တစ်ဦးချင်းဖြစ်စေ၊ စုဖွဲ့၍ဖြစ်စေ မိမိတို့တတ်စွမ်းသမျှအားဖြင့် လှူဒါန်းပေးနိုင်ကြပါရန် လေးစားစွာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

အဖွဲကိုယ်စား
KWA

#ကျိန္တလီမြို့
COVID-19 ကာကွယ်ရေးကော်မတီ
ဆက်သွယ်လှူဒါန်းရန် ဖုန်းနံပတ်များ
(1)ဦးအောင်ဇော်
Ph-09421766120

(2)ဦးရန်နိုင်
Ph-09421769466

(3)ဦးအောင်ခင်မိုး
Ph-09421767087

(4)ဦးဇော်မိုးသိန်း
Ph-09421754763

(5)ဦးဝမ်းအောင်
Ph-09422454493

ဖော်ပြပါ တာဝန်ခံများထံသို့ လူကိုယ်တိုင် ငွေသား/အထောက်အကူပြုပစ္စည်းများ ပံ့ပိုးလှူဒါန်းနိုင်သကဲ့သို့ onlineမှတဆင့် ငွေလွှဲလှူဒါန်းခြင်းများကိုလည်း ပြုလုပ်နိုင်ပါသည်။ ‌online မှငွေလွှဲလှူဒါန်းသူများအနေဖြင့် Page chat box မှ လွှဲပြောင်းသည့် အချက်အလက်နှင့်အမည်စာရင်းကိုပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

03/09/2021

(3.9.21) တွင် ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်မှ သံသယလူနာ (၂)ဦး၊ အမှတ်(၃)ရပ်ကွက်မှ သံသယလူနာ (၁)ဦး၊ အမှတ်(၂)ရပ်ကွက်မှ သံသယလူနာ (၂)ဦး၊ သဲကုန်းကျေးရွာမှ သံသယလူနာ (၂)ဦး၊ ချင်းကွင်းကျေးရွာမှ သံသယလူနာ (၁)ဦး၊ ရတနာမြိုင် (ကုလားပြင်)ကျေးရွာမှ သံသယလူနာ (၁)ဦး၊စုစုပေါင်း (၉) ဦးအား
ကျိန္တလီမြို့ပြည်သူ့ဆေးရုံတွင် COVID-19 RDT ဖြင့် စစ်ဆေးရာ

ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်မှ သံသယလူနာ (၁)ဦး၊ အမှတ်(၃)ရပ်ကွက်မှ သံသယလူနာ (၁)ဦး၊ အမှတ်(၂)ရပ်ကွက်မှ သံသယလူနာ(၁)ဦး၊ သဲကုန်းကျေးရွာမှ သံသယလူနာ (၂)ဦး၊ ချင်းကွင်းကျေးရွာမှ သံသယလူနာ (၁)ဦး၊ ရတနာမြိုင် (ကုလားပြင်)ကျေးရွာမှ သံသယလူနာ (၁)ဦး၊
စုစုပေါင်း (၇)ဦး တို့တွင် COVID-19 ရောဂါပိုးတွေ့ရှိရပါသည်။

01/09/2021

(1.9.21)တွင် ကျိန္တလီမြို့မှ သံသယလူနာ (၂)ဦး၊ ပုန်းညက်ကျေးရွာမှ သံသယလူနာ (၁)ဦး၊ စမ်းချောင်းကျေးရွာမှ သံသယလူနာ (၁)ဦး၊ ချင်းကွင်းကျေးရွာမှ သံသယလူနာ (၃)ဦး၊ စုစုပေါင်း (၇)ဦးအား
ကျိန္တလီမြို့ ပြည်သူ့ဆေးရုံ‌တွင် COVID-19 RDT ဖြင့် စစ်ဆေးရာ

ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်မှ သံသယလူနာ(၁)ဦး၊ အမှတ်(၂)ရပ်ကွက်မှ သံသယလူနာ (၁)ဦး နှင့် ချင်းကွင်းကျေးရွာမှ သံသယလူနာ (၃)ဦး၊ စုစုပေါင်း (၅)ဦး တို့တွင် COVID-19 ရောဂါပိုးတွေ့ရှိရပါသည်။

31/08/2021

(31.8.21) တွင် ကျိန္တလီမြို့မှ သံသယလူနာ (၃)ဦး၊ ချင်းကွင်းကျေးရွာမှ သံသယလူနာ (၁)ဦး၊ သဲကုန်းကျေးရွာမှ သံသယလူနာ (၂)ဦး၊ ရှောက်ကုန်းကျေးရွာမှ သံသယလူနာ (၁)ဦး၊ ကံပေါက်ကျေးရွာမှ သံသယလူနာ (၁)ဦး၊ စုစုပေါင်း (၈)ဦး တို့အား ကျိန္တလီမြို့ပြည်သူ့ဆေးရုံတွင် Covid-19 RDT ဖြင့် စစ်ဆေးရာ

ကျိန္တလီမြို့ အမှတ်(၁) ရပ်ကွက်မှ သံသယလူနာ (၁)ဦး၊ အမှတ် (၂) ရပ်ကွက်မှ သံသယလူနာ (၂)ဦး၊ ချင်းကွင်းကျေးရွာမှ သံသယလူနာ (၁)ဦး နှင့် ကံပေါက်ကျေးရွာမှ သံသယလူနာ (၁)ဦး၊ စုစုပေါင်း (၅)ဦး တို့တွင် Covid-19 ရောဂါပိုး တွေ့ရှိရပါသည်။

30/08/2021

(30.8.21) တွင် ကျိန္တလီမြို့မှ သံသယလူနာ (၃)ဦး၊ ချင်းကွင်းကျေးရွာမှ သံသယလူနာ (၁)ဦး၊ ဘိုကလေးချင်းရွာမှ သံသယလူနာတစ်ဦး၊ ဂျိုင်ကြီးကျေးရွာမှ သံသယလူနာ(၄)ဦး၊ စုစုပေါင်း (၉)ဦးတို့အား
ကျိန္တလီဆေးရုံတွင် Covid-19 RDT ဖြင့် စစ်ဆေးရာ

ကျိန္တလီမြို့ အမှတ်(၁) ရပ်ကွက်မှ သံသယလူနာ (၁)ဦး၊ အမှတ်(၃) ရပ်ကွက်မှ သံသယလူနာ(၁)ဦး၊ ချင်းကွင်းကျေးရွာမှ သံသယလူနာ(၁)ဦး၊ ဂျိုင်ကြီးကျေးရွာမှ သံသယလူနာ(၃)ဦးနှင့် ဘိုကလေးချင်းရွာမှ သံသယလူနာ(၁)ဦး၊ စုစုပေါင်း (၇)ဦးတို့တွင် Covid-19 ရောဂါပိုး တွေ့ရှိရပါသည်။

Address

Bogyoke Road
Kyeintali

Website

Alerts

Be the first to know and let us send you an email when Kyeintali Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category