Kaung Sitt Thway Clinic &Laboratory services

Kaung Sitt Thway Clinic &Laboratory services ဓာတ်ခွဲခန်းဖွင့်ချိန် (မနက် 9:00 မှ ညနေ 7:00 )

25/05/2023

🙏မင်္ဂလာပါခင်ဗျာ🙏
#ကောင်းစစ်သွေးသားဖွားမီးယပ်အထူးကုနှင့်
♦️အထွေထွေရောဂါအထူးကုသမားတော်ဆေးခန်းတွင်

♦️ရောဂါရှာဖွေစစ်ဆေးခြင်း ၊ကုသမှူခံယူခြင်း၊နှင့်ဆွေးနွေးတိုင်ပင်မှူများလုပ်ဆောင်နိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

♦️ Dr.နှောင်ဇေယျာထွေး
သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး

လူနာကြည့်ချိန်👉ညနေ (6:00)

စနေ ၊တနင်္ဂနွေ 👉နေ့လည် (10:00 မှ 12:00)

♦️ Dr.မျိုးသူအောင်
အထွေထွေရောဂါအထူးကုသမားတော်

လူနာကြည့်ချိန် 👉 နံနက် (10:00 မှ 12:00)
👉 ညနေ (4:00 မှ 6:00)

♦️🔭ဓာတ်ခွဲခန်းဖွင့်ချိန် မနက် (8:00 မှ 12:00)
ညနေ (4:00 မှ 7:00)



♦️အထူးကုဆရာဝန်ကြီးနှင့် ပြသဆွေးနွေးရန်
ကြိုတင်ဘိုကင်ရယူလိုသူများ 📲09943319175 သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

♦️ #အချိန်အပြောင်းအလဲ ရှိနိုင်တာကြောင့် 09-943319175 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ🙏

♦️လိပ်စာ- ရပ်ကွက်(၄)၊မန်းလေးလမ်း၊
ပန်အုပ်ဘုန်းကြီးကျောင်းထောင့်၊လားရိူးမြို့။

23/05/2023

#အသည်းရောင်အသားဝါBပိုးရှိနေပြီလား။
ဒီအချက်တွေ ကို သိထားပြီး လိုက်နာသင့်တယ်နော်။

အသည်းရောင် အသားဝါ B ပိုးဆိုတာ အသံတိတ် လူသတ်သမား အုပ်စုမှာပါတဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။ သူရှိကြောင်း လက္ခဏာတွေ သိပ်မပြတာကြောင့် သွေးစစ်ကြည့်မှ ရှိနေမှန်းသိသလို၊ တချို့ ကံမကောင်းရင်တော့ ရောဂါတော်တော်ကျွမ်းမှပဲ B ပိုး ရှိနေကြောင်း သိကြတာများပါတယ်။

ဖြစ်ချိန်တန်ရင် ဖြစ်ကိုဖြစ်လာတဲ့ ရှောင်လွဲလို့ မရတဲ့ ကံတရားကလည်း ရှိနေတော့ မတော်တဆ ကိုယ့်မှာ အသည်းရောင် အသားဝါ B ပိုးရှိနေပြီဆိုပါတေ့ာ။ ရှေ့လျှောက် ပိုမဆိုးလာအောင် ထိန်းဖို့၊ B ပိုးကို အနိုင်တိုက်ဖို့ အခြေအနေ ရောက်သွားပြီဆိုရင်တော့ ဒါတွေ သိထားဖို့ လိုလာပါပြီ ။

အသည်းရောင် အသားဝါ B ပိုးရှိသူတိုင်း သိထားသင့်တဲ့ အချက်တွေ

၁ – ကိုယ့်ရဲ့ ပိုးကောင်းရေ များလာလား၊ နည်းသွားလား ပုံမှန် သွေးစစ်ပါ။

ဘယ်သူမှတော့ ကိုယ့်အသားကို အပ်နဲ့ထိုးပြီး သွေးထုတ်တဲ့ ကိစ္စကို မနှစ်မြို့ကြပါဘူး။ ဒါပေမယ့် B ပိုးရှိသူတွေ အနေကျတော့ ရှိနေတဲ့ ပိုးကောင်ရေ ပမာဏကိုသိဖို့နဲ့ အသည်းကို ထိခိုက်နေပြီလား သိဖို့အတွက် နှစ်စဉ် ဒါမှမဟုတ် ၆လတစ်ခါ သွေးစစ်ပေးဖို့ လိုပါတယ်။ ဒါမှ ကိုယ့်ရဲ့ သွေးအဖြေပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုပုံစံကို ဆရာဝန်တွေက ပေးနိုင်မှာဖြစ်လို့ပါ။ ဒါကြောင့် သွေးဖောက်ဖို့ကို ကြောက်ပြီး သွေးမစစ်ဘဲ မနေပါနဲ့။

၂ – B ပိုးထိန်းတဲ့ဆေးကို ဆရာဝန်က သောက်ဖို့ ညွှန်ကြားရင်လည်း ညွှန်ကြားချက်အတိုင်းလိုက်နာပါ။

နေမကောင်းဖြစ်လို့ ဆေးသောက်တဲ့အခါ သောက်ဖို့မေ့သွားတာ၊ ဆေးပတ်လည်အောင် မသောက်မိတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ သာမန်ဆေးတွေ ကတော့ ဘာမှမဖြစ်ပေမယ့် ဒီ အသည်းရောင်အသားဝါ B ပိုးကို ထိန်းမယ့်ဆေးကိုတော့ နေ့တိုင်း မမေ့မလျော့ ပုံမှန်သောက်ပေးဖို့ အရေးကြီးပါတယ်။ ဆေးသောက်ဖို့ ပျက်ကွက်သွားတာနဲ့ ကုသမှုမှာ အကျိုးလျော့သွားနိုင်သလို B ပိုးလည်း ဆေးနဲ့ယဉ်ပါးသွားဖို့ အခွင့်အရေးများသွားနိုင်ပြီး အသည်းကိုပိုပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် သေချာ အချိန်တစ်ခုသတ်မှတ်ပြီး ဆေးကို မမေ့ဘဲပုံမှန်သောက်ပါ။

၃ – စိတ်ရှည်ပါ။

အသည်းရောင် အသားဝါ B ပိုးဆိုတာ ရိုးရိုး သာမန်တုပ်ကွေး တွေလို ၁ ပတ်လောက် ဆေးသောက်လိုက်တာနဲ့တင် အနိုင်တိုက်လို့ ရတဲ့ ပိုးမျိုးမဟုတ်ဘူးဆိုတာ စိတ်ထဲမှာ တွေးထားပါ။ B ပိုးကို နိုင်တဲ့ ဆေးတွေဖြစ်တဲ့ tenofovirတို့၊ entecavir တို့ဟာ အချိန်အကြာကြီး စွဲသောက်မှ ပိုးကောင်ရေကို လျှော့ချနိုင်ပြီး အသည်းထိခိုက်မှုနည်းအောင် ကာကွယ်ပေးနိုင်မှာပါ။ ဆေးကို ညွှန်ကြားတဲ့အတိုင်း စွဲမသောက်ဘဲ စိတ်မရှည်လို့ ကုသမှုမပြီးခင် ရပ်လိုက်လို့ကတော့ ပိုးကောင်ရေနဲ့ အသည်းကိုထိခိုက်နိုင်တဲ့ နှုန်းဟာ အရင်ကထက် ပိုမြင့်တက်သွားပါလိမ့်မယ်။ ဒါကြောင့် ဆေးသောက်ဖို့ စိတ်ရှည်ပါ။

၄ – အသည်းကင်ဆာ ရှိမရှိ ပုံမှန်စစ်ဆေးဖို့လည်း မမေ့ပါနဲ့။

အသည်းရောင် အသားဝါ B ပိုးက အသည်းကိုထိခိုက်စေတတ်ပြီး နောက်ဆုံးမှာ အသည်းကင်ဆာအထိ ပြောင်းလဲသွားစေတဲ့ အဓိက တရားခံပါ။ ဒါကြောင့် အသည်းကင်ဆာရှိမရှိ ပုံမှန် ဆေးစစ်ပါ။ အာထရာဆောင်းရိုက်ပါ။

ဒါဆို တစ်ခုမေးစရာတော့ရှိပါလိမ့်မယ့်။ Bပိုး ဗိုင်းရပ်စ်သတ်ဆေးသောက်နေတာပဲ အသည်းကင်ဆာ ကို စိုးရိမ်စရာလိုမလားပေါ့။ B ပိုးသတ်ဆေးက အသည်းကိုထိခိုက်နိုင်တဲ့ နှုန်းကို လျှော့ချပေးတာ မှန်ပေမယ့် လူနာက အသက်ကြီးနေရင်၊ မျိုးရိုးထဲမှာ အသည်းကင်ဆာ ဖြစ်ဖူးတဲ့သူရှိနေရင် ၊ နဂိုတည်းက အသည်းခြောက်တဲ့ ဝေဒနာခံစားနေရရင် အချိန်မရွေး အသည်းကင်ဆာ ဖြစ်နိုင်တာကြောင့် ကြိုပြီး သိထားလို့ရအောင် စစ်ဆေးကြည့်တာ မမှားပါဘူး။ စောစောသိတော့ စောစော ကုသမှုခံယူလို့ရတာပေါ့။ စစ်ဆေးမှုကြောင့် ပိုက်ဆံကုန်မှာကို မမြင်ပါနဲ့။

၅ – B ပိုးအတွက် ဟိုဆေးလေးကကောင်းတယ်၊ ဒီဆေးလေးက ကောင်းတယ်ဆိုပြီး ဆေးတွေစုံအောင် လျှောက်မသောက်ပါနဲ့။

လူတိုင်းကတော့ ကိုယ်ဖြစ်နေတဲ့ ရောဂါ လုံးဝ အမြစ်ပြတ်ပြီး အမြန်ပျောက်ချင်တဲ့ သူချည်းပါပဲ။ ဒီတော့ ကောင်းပေ့၊ စွမ်းပေ့ဆိုတဲ့ ဆေးတွေကို လျှောက်စမ်းကြတာကို အပြစ်ပြောလို့တော့မရပါဘူး။ ဒါပေမယ့် တစ်ခုစဉ်းစားရမှာက အခြားလူတွေညွှန်းတဲ့ လေ့လာချက်တွေ သေချာလုပ်မထားတဲ့ ဆေးကိုရွေးမလား၊ လေ့လာစမ်းသပ်မှုတွေ သေချာလုပ်ထားတဲ့ ဆရာဝန် ညွှန်ကြားတဲ့ဆေးတွေကို သောက်မလားဆိုတာပါ။

တစ်ချက်တည်းနဲ့ B ပိုးကို အနိုင်တိုက်နိုင်တဲ့ မှော်ဆေးဆိုတာ မရှိပါဘူး။ စိတ်ရှည်ရှည်နဲ့ ဆေးကုသမှုကိုသေချာခံယူပြီး အစားအသောက်၊ လူနေမှုပုံစံတွေကို ထိန်းပါမှ B ပိုးကို အနိုင်တိုက်နိုင်မှာပါ။

၆ – ကိုယ်ဝန်ကြီးနဲ့ B ပိုးရှိနေပြီဆိုရင် ဘယ်လို လုပ်ရမလဲ။ ပိုးသတ်ဆေးသောက်ရင် ကလေးကို ထိခိုက်နိုင်သလား။

အမေရိကန်နိုင်ငံ B ပိုးသုတေသန ဌာနကပြောကြားချက်တွေအရ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မှာ B ပိုးကောင်ရေ 200,000 IU/mL ထက်များနေရင် tenofovir တို့ telbivudine လို ပိုးသတ်ဆေးတွေကို ကိုယ်ဝန်ပတ် ၂၈ပတ် လောက်မှာ စသောက်လို့ရပါတယ်လို့ ဆိုပါတယ်။ ဒီဆေးတွေဟာ သင့်ဗိုက်ထဲက ကလေးကိုထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒါ့ပြင် မီးဖွားပြီးပြီးချင်း ၁၂ နာရီအတွင်း ကလေးကို Bပိုး ကာကွယ်ဆေးနဲ့ ပဋိပစ္စည်းတွေ ထိုးပေးလိုက်ရင် ကလေးဆီ B ပိုးကူးစက်နိုင်ချေက သိသိသာသာနည်းသွားမှာ ဖြစ်ပါတယ်။

၇ – ကိုယ့်ဆီကနေ သူများဆီကို မကူးစေချင်ဘူးဆိုရင် ကိုယ့်ဘက်က ကာကွယ်မှုတွေ လုပ်ထားဖို့တော့လိုပါလိမ့်မယ် ။

B ပိုးဟာ သွေးတို့၊ ချွေးတို့ ၊ တံတွေးတို့လို ကိုယ့်ခန္ဓာကနေထွက်တဲ့ အရည်တွေကနေ တစ်ဆင့်၊ လိင်ဆက်ဆံရာကတစ်ဆင့်၊ ဆေးထိုးအပ်ကနေ တစ်ဆင့် ကူးစက်တတ်တယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီတော့ သွားပွတ်တံ တစ်ခုတည်းကို တူတူသုံးတာ၊ ဆေးထိုးအပ်တစ်ခုတည်းကို မျှသုံးတာ၊ အကာအကွယ် မပါဘဲ လိင်ဆက်ဆံတာမျိုးတွေကို ကိုယ့်ဘက်နေ စပြီးစည်းထား ရှောင်ရပါမယ်။

၈ – B ပိုးရှိနေပြီဆိုတာနဲ့ ကိုယ့်ကိုကိုယ် ပတ်ဝန်းကျင်ကနေ သွေးဖယ်မထားလိုက်ပါနဲ့။

B ပိုးဟာ သူများကို ကူးစက်နိုင်တဲ့ ရောဂါဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ B ပိုးရှိလို့ဆိုပြီး စိတ်ပျက် အားငယ်မသွားလိုက်ပါနဲ့။ ဆေးမှန်မှန်သောက်သွားရင် ပိုးကောင်ရေကို ထိန်းထားပေးသွားမှာ ဖြစ်လို့ အခြားသူဆီကို ကူးစက်နိုင်ချေလည်း နည်းပါးသွားပါလိမ့်မယ်။ B ပိုးရှိနေလို့ဆိုပြီး ကိုယ့်ရဲ့ အလုပ်၊ အိပ်မက်၊ ပညာရေးအားလုံးကို စွန့်လွှတ်လိုက်စရာ မလိုပါဘူး။

၉ – ကိုယ့်မှာရှိနေတဲ့ B ပိုးအကြောင်းကို ထိမ်ချန်မထားဘဲ မိသားစု အပေါင်းအသင်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖွင့်ပြောပါ။

ကိုယ့်မှာ ကူးစက်တတ်တဲ့ ရောဂါပိုးတစ်ခုရှိနေကြောင်း ဖွင့်ပြောဖို့ကို လူတိုင်းဝန်လေးကြပါတယ်။ ဒါပေမယ့်လည်း ချွေးတို့၊ တံတွေးတို့၊ လိင်ဆက်ဆံတာတို့ကနေ B ပိုးက ကူးစက်တတ်တယ်ဆိုတော့ မိသားစုဝင်တွေ၊ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ့်ရောဂါအကြောင်း ကြိုပြီး ပြောထားဖို့လိုပါတယ်။ ဒါမှ သူတို့လည်း ကြိုတင်စစ်ဆေးမှုတွေ ပြုလုပ်မိမှာဖြစ်ပြီး ရှိနေခဲ့ရင်လည်း ကုသမှုကို စောစောခံယူနိုင်တာကြောင့် ဆိုးဝါးတဲ့ အခြေအနေတွေကို ရှောင်လွှဲပြီးသား ဖြစ်မှာပါ။

ဒါ့ပြင် ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါမှာလည်း မိမိမှာ B ပိုးရှိတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောဖို့ လိုပါတယ်။ ဒါမှသူတို့လည်း သတိထားပြီး မကူးစက်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ရေးသားသူ- Dr Thin Yadanar@ Frances

♦️အထူးကုဆရာဝန်ကြီးနှင့် ပြသဆွေးနွေးရန် ကြိုတင်ဘိုကင်ရယူလိုသူများ 📲09943319175 သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

#ကောင်းစစ်သွေးသားဖွားမီးယပ်အထူးကုနှင့်သမားတော်ကြီးဆေးခန်း
#ကောင်းစစ်သွေးဆေးခန်းလားရိူးမြို့
#ကောင်းစစ်သွေးသားဖွားမီးယပ်အထူးကုနှင့်သမားတော်ကြီးဆေးခန်း

22/05/2023

ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ် ခြင်း ( Urine hCG test) နဲ့ အဖြေမှားတွေ မထွက်အောင် ဘာတွေ ဂရုစိုက်သင့်လဲ။

Urine hCG test ဆိုတာ ကိုယ်ဝန်ဟော်မုန်း (သို့) hCG (Human Chorionic gonadotropin) လို့ခေါ်တဲ့ ဟော်မုန်းလေးတွေကို ဆီးထဲမှာ စစ်ဆေးတဲ့ စစ်ဆေးနည်း တစ်မျိုးဖြစ်ပါတယ်။ ပထမဆုံး ဓမ္မတာမလာတော့လပြီး နောက်တစ်ရက်လောက်က စပြီး hCG ကို ဆီးထဲမှာ တွေ့ရပါတယ်။ ကျားသုက်ပိုးနဲ့ မမျိုးဥတွေ ပေါင်းစပ်ပြီး ရက်အနည်းငယ်လောက်မှာ ခန္ဓာကိုယ်ထဲမှာ hCG ဟော်မုန်းလေးတွေ တဖြည်းဖြည်းများလာပါတယ်။ အဲဒီဟော်မုန်းတွေဟာ ကိုယ်ဝန် ၁၀ပတ်လောက်မှာ အများဆုံးအခြေအနေကို ရောက်ရှိပြီး တဖြည်းဖြည်းပြန်လျော့သွားပါတယ်။

ကိုယ်ဝန်ရှိ၊ မရှိ ဆီးစစ် ခြင်းကို ဘယ်လိုနေရာတွေမှာ လုပ်နိုင်သလဲ။

အဲလို ဆီးစစ် နိုင်တဲ့ ပစ္စည်းလေးတွေဟာ ဆေးဆိုင်၊ ဆေးရုံ၊ ဆေးခန်းတွေ အတော်များများမှာ အလွယ်တူ ရနိုင်ပါတယ်။ အဲလို ဆီးစစ်ခြင်းကို ဆေးခန်းတွေမှာလည်း စစ်ဆေးနိုင်သလို ကိုယ်တိုင်အိမ်မှာလည်း စစ်ဆေးနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်တိုင်အိမ်မှာ စစ်ဆေးတဲ့အခါ အဖြေမှားတွေ မဖြစ်ရအောင် ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။


Urine hCG စစ်ဆေးတဲ့ ရလဒ်တွေက ဘာတွေဖြစ်နိုင်သလဲ။

ပုံမှန်အားဖြင့်တော့ ဆီးထဲမှာ hCG ဟော်မုန်းတွေ တွေ့ပြီဆိုရင် ဆီးစစ်တဲ့ အတံလေးမှာ နှစ်ကြောင်းပေါ်ပြီး( Positive ) ကိုယ်ဝန်ရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တစ်ကြောင်းပဲ ပေါ်ရင်တော့ (Negative) ကိုယ်ဝန်မရှိဘူးဆိုတဲ့ သဘောသက်ရောက်ပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေမှာ အဖြေမှားတာမျိုးရှိနိုင်ပါတယ်။

၁။ ပထမ တစ်ခုကတော့ false Positive ပါ။ ဆိုလိုတာကတော့ ကိုယ်ဝန်မရှိဘဲ အဖြေက positive ထွက်တာမျိုးပါ။ hCG ဟော်မုန်းလေးဟာ ကိုယ်ဝန်ဆောင်တွေမှ အပြင် တခြားသော ရောဂါအခြေအနေတွေမှာလည်း တွေ့နိုင်တဲ့အတွက်ကြောင့်ပါ။ (ဥပမာ သားဥအိမ်ကင်ဆာ)



၂။ နောက်တစ်ခုကတော့ false Negative ဖြစ်ပြီး ကိုယ်ဝန်ရှိနေရက်နဲ့ negative (တစ်ကြောင်းပဲ) ပြတာပါ။ ဒီလို အဖြေမျိုးက အဖြစ်များပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ဝန်က အရမ်းနုနေတဲ့အတွက် hCG ဟော်မုန်းလေးတွေက ဆီးထဲမှာ အရမ်းနည်းနေသေးတာကြောင့် negative ပြတာလည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဓမ္မတာလာတဲ့ အချိန်အတွက်မှား၊ အမှတ်မှားပီး စစ်မိရင်တာမျိုး၊ မနက်စောစောဆီးမဟုတ်ဘဲ နေ့ခင်း၊ ည စတဲ့ အချိန်တွေမှာ စစ်မိတာမျိုး ဆိုရင်လည်း negative ထွက်နိုင်ပါတယ်။

ဒါ့ကြောင့် အဲဒီလို အဖြေမှားတွေ မဖြစ်ရအောင် ကိုယ်တိုင်စစ်ဆေးမယ်ဆိုရင် ဘာတွေဂရုစိုက်သင့်လဲ။

၁။စိတ်ရှည်ရှည်စောင့်ပါ။

ဓမ္မတာတစ်လ မပေါ်တော့လို့ ဆီးစစ်ချင်တယ်ဆိုရင် ဓမ္မတာ တစ်လ မပေါ်ပြီး နောက်ထပ် ၁ပတ်၊၂ပတ်လောက် စိတ်ရှည်ရှည်စောင့်ပြီးမှ စစ်ဆေးသင့်ပါတယ်။ ပထမ ရာသီမပေါ်တဲ့လရဲ့ နောက်တစ်ရက်မှာ hCG တွေ ရှိနေနိုင်ပြီဆိုပေမယ့် စစ်ဆေးပြီး မတွေ့ရနိုင်တာလည်း ဖြစ်နိုင်တာကြောင့် တိကျသေချာတဲ့ အဖြေကိုရဖို့ စိတ်ရှည်ရှည် စောင့်သင့်ပါတယ်။ ဓမ္မတာလာတဲ့ ရက်ကိုလည်း သေသေချာချာမှတ်မိဖို့၊ တွက်ချက်ထားဖို့လိုအပ်ပါတယ်။

၂။ မနက်စောစောသွားတဲ့ ဆီးကိုအသုံးပြုပါ။

မစစ်ဆေးခင်မှာ ရေတွေ အများကြီးမသောက်သင့်ပါဘူး။ ရေတွေသောက်တာများသွားရင် (သို့) နေ့ခင်း၊ ညနေမှ ဆီးကို ယူပြီး စစ်မယ်ဆိုရင် သောက်ထားတဲ့ရေတွေများပြီး hCG ဟော်မုန်းလေးတွေ ကျဲသွားမှာ၊ ပမာဏ နည်းသလို ဖြစ်သွားမှာ ဖြစ်ပါတယ်။ သကြားကို ရေနည်းနည်းနဲ့ ဖျော်ရင် ပိုပျစ်၊ အရသာ ပိုရှိပြီး ရေများများရောလိုက်ရင် ကျဲသွားပြီး၊ သကြားအရသာ ပျောက်သွားသလို မျိုးပေါ့။ ဒါ့ကြောင့် hCG ဟော်မုန်းတွေ ဆီးထဲမှာ အသိပ်သည်းဆုံး ဖြစ်နေတဲ့ မနက်စောစောမှာ ပထမဦးဆုံးသွားတဲ့ ဆီးကိုသုံးပြီး စစ်ဆေးသင့်ပါတယ်။

၃။ ဆီးစစ်ဆေးတဲ့ ပစ္စည်းကို အသုံးမပြုခင်မှာ expired date ကို စစ်ဆေးပါ။

Expired date လွန်သွားတဲ့ ပစ္စည်းတွေနဲ့ စစ်ဆေးမယ်ဆိုရင်လည်း အဖြေက မှားနိုင်ခြေများတာကြောင့် expired date ကိုလည်း မမေ့မလျော့ ကြည့်ကြပါနော်။

၄။ စစ်ဆေးတဲ့ ပစ္စည်းရဲ့ အညွှန်းကို သေချာဖတ်ပြီး အသုံးပြုပါ။

ပစ္စည်းတစ်မျိုးနဲ့တစ်မျိုး ထုတ်လုပ်ပုံလည်း မတူတာကြောင့် အသုံးမပြုခင်မှာ အညွှန်းကို သေသေချာချာဖတ်ဖို့ အရေးကြီးပါတယ်။ တချို့ဆီးစစ်တဲ့ ပစ္စည်းလေးတွေက ဆီးသွားနေတုန်းမှာ အဖျားကို ဆီးလမ်းကြောင်း မှာထားပြီး ၅ စက္ကန့်ကိုင်ထားရတာမျိုး၊ တချို့ကတော့ ဆီးကို ခွက်ထဲသွားပြီးမှ အဲဒီခွက်ထဲကို စစ်ဆေးမယ့် ပစ္စည်းလေးထည့်ပြီး စစ်ဆေးတာမျိုး စသည်ဖြင့် နည်းလမ်းတွေ အမျိုးမျိုးရှိနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ထည့်တဲ့ ဆီးလုံလောက်မှုရှိ၊ မရှိနဲ့ လုပ်ပုံလုပ်နည်း မှန်၊ မမှန်ကိုလည်း သိနိုင်ဖို့ အညွှန်းကို သေချာဖတ်သင့်ပါတယ်။

Negative ထွက်တယ်ဆိုရင်တော့ ကိုယ်ဝန်မရှိတာ ပိုပြီးသေချာအောင် နောက်တစ်ပတ်လောက်မှာ ပြန်ပြီး စစ်ဆေးပေးသင့်ပါတယ်။



ဒီဆောင်းပါးလေးကို ဖတ်ပြီး ကိုယ်တိုင်အိမ်မှာ ဆီးစစ်ကြည့်တဲ့အခါ နည်းလမ်းမှန်မှန် စစ်ဆေးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

ကျန်းမာကြပါစေ။

ရေးသားသူ – Khine Phoo Ngon

22/05/2023

ဂေါက်ရောဂါ အကြောင်း သင်ဘယ်လောက် သိထားလဲ။

ဂေါက်ရောဂါရောဂါဆိုတာ အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ
တစ်ခုပါ။ ခြေမတွေ၊ လက်ချောင်းတွေ ဖောင်းတင်းလာပြီး နာလွန်းတာကြောင့် မြင်ရတဲ့လူတောင် သက်သောင့်သက်သာ မရှိပါဘူး။ နောက်ပြီး ဂေါက်ရောဂါလို့ ပြောလိုက်ရင် လူနာက သူတော့ အစားအသောက်တွေ ရှောင်ရတော့မယ်ဆိုပြီး သိထားပါတယ်။ အကိုက်အခဲပျောက်ဆေးတွေလည်း သောက်ရပြီး လှုပ်ရှားတာတိုင်းနာတာကြောင့် ဂေါက်ဖြစ်မှာကို လူတိုင်းကြောက်ကြပါတယ်။ ဂေါက်ရောဂါ ဘာကြောင့် ဖြစ်ရတာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။

ဂေါက်ရောဂါ ဘာကြောင့် ဖြစ်တာလဲ။

ဂေါက်ရောဂါဆိုတာ အဆစ်တွေမှာ ယူရိတ်တွေ စုလာပြီး ရောင်ရမ်းတာ၊ နာကျင်တာတွေ ဖြစ်လာတာပါ။ ယူရိတ်ဆိုတာ သွေးထဲမှာ ယူရစ်အက်စစ်တွေများလာလို့ ဖြစ်တာပါ။ ယူရစ်အက်စစ်ဆိုတာက “ပြူရင်း”ဓာတ်ကို ဖြိုခွဲရာက ရလာတာပါ။

ပြူရင်းက ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းလဲ ရှိသလို အပြင် အစားအစာတွေကလည်း ရပါတယ်။ ဥပမာပြောရရင် အနီရောင် အသား၊ ဝမ်းတွင်းသားနဲ့ ပင်လယ်စာတွေမှာ ပါပါတယ်။ နောက်ပြီး အရက်၊ ဘီယာ၊ သကြားဓာတ်များလွန်းတဲ့ အအေးတွေကလည်း ယူရစ်အက်စစ်ကို တက်စေပါတယ်။

ပုံမှန်ဆိုရင် ယူရစ်အက်စစ်က သွေးထဲကနေ ကျောက်ကပ်ကို ရောက်ပြီး ဆီးထဲကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်တာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ခန္ဓာကိုယ်က ယူရစ်အက်စစ်ကို ပိုထုတ်ရင်ပဲ ဖြစ်ဖြစ်၊ ကျောက်ကပ်က ကောင်းကောင်း မစွန့်နိုင်ရင်ပဲ ဖြစ်ဖြစ် သွေးထဲမှာ ယူရစ်အက်စစ်တွေ များလာပြီး အဆစ်တွေမှာ စုပုံလာတာကြောင့် နာတာ၊ ရောင်တာတွေ ဖြစ်လာတာပါ။


ဘာလက္ခဏာတွေ ခံစားရမှာလဲ။

တချို့သူတွေက သွေးထဲမှာ ယူရစ်အက်စစ်တွေ များနေတာတောင် ဘာလက္ခဏာမှ မပြတာလဲ ရှိပါတယ်။

ယူရစ်အက်စစ်တွေ အဆစ်မှာပုံပြီး ၃ရက် ကနေ ၁၀ရက်အတွင်း ဂေါက်ရောဂါ ထတတ်ပါတယ်။ မကုဘဲထားမယ်ဆိုရင် နာတာရှည်ဂေါက်ရောဂါဖြစ်လာပြီး အဆစ်ဘေးမှာ Tophi လို့ခေါ်တဲ့ အကြိတ်ဖုလေး ထွက်လာပြီး နောက်ပိုင်းကျရင် အဆစ်ကို ဖျက်ဆီးပစ်တတ်ပါတယ်။

ဂေါက်ရဲ့ လက္ခဏာတွေက ရုတ်တရက် ပေါ်လာတတ်ပြီး အများအားဖြင့် ညဘက်မှာ ဖြစ်တတ်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့
* ပြင်းပြင်းထန်ထန် အဆစ်နာတာ

ဂေါက်က ဘယ်အဆစ်မှာမဆို တွေ့နိုင်ပေမယ့် ခြေမမှာ ဖြစ်တာ များပါတယ်။ တခြား ဖြစ်တတ်တဲ့ အဆစ်တွေကတော့ ခြေကျင်းဝတ်၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်ကောက်ဝတ်နဲ့ လက်ချောင်းဆစ်တွေပဲ ဖြစ်ပါတယ်။ ဖြစ်ဖြစ်ချင်းနဲ့ ၁၂နာရီအတွင်းမှာ အပြင်းထန်ဆုံး နာတတ်ပါတယ်။

* နေရခက်တာ

ဂေါက်ရောဂါ ကြွပြီးလို့ သက်သာသွားရင်တောင်မှ ရက်အနည်းငယ်ကနေ ရက်သတ္တပတ်အနည်းငယ်အထိ နေရခက်တတ်ပါတယ်။ နောက်ပိုင်းကျရင် ရောဂါပိုကြွပြီး ထိခိုက်တဲ့ အဆစ်လည်း ပိုများတတ်ပါတယ်။

* ရောင်ရမ်းခြင်းနဲ့ နီရဲခြင်း
*
ထိခိုက်တဲ့ အဆစ်က ရောင်ရမ်းတာ၊ ဖောင်းတာ၊ နီရဲတာ၊ နာတာတွေ ဖြစ်တတ်ပါတယ်။
*
* လှုပ်ရှားရခက်တာ
*

*
ရောဂါပိုဆိုးလာတဲ့အခါ အဆစ်ကို လှုပ်ရှားဖို့ ပိုခက်လာပါမယ်။
*

ဘယ်သူတွေမှာ ဂေါက်ရောဂါ ပိုဖြစ်နိုင်လဲ။
*
ဂေါက်ရောဂါရဲ့ အဓိက တရားခံက ယူရစ်အက်စစ်ပါပဲ။ ဒါကြောင့် ယူရစ်အက်စစ် တက်စေတဲ့ အချက်တွေက ဂေါက်ရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းတွေပါပဲ။
*
* အစားအသောက်
*
အသားဓာတ်ပါတဲ့ အစားအစာတွေ၊ ပင်လယ်စာတွေ၊ အရက်၊ ဘီယာနဲ့ fructose များတဲ့ အအေးတွေက ယူရစ်အက်စစ်ကို တက်စေပါတယ်။
*
* အဝလွန်ခြင်း
*
အဝလွန်လာတဲ့အခါ ခန္ဓာကိုယ်က ယူရစ်အက်စစ်ကို ပိုထုတ်ပြီး ကျောက်ကပ်အနေနဲ့တော့ စွန့်ထုတ်ဖို့ ပိုခက်လာပါတယ်။
*
* ရောဂါများ
*
တချို့သော ရောဂါတွေ ဖြစ်တဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါရှိတဲ့သူတွေမှာ ဂေါက်ရောဂါဖြစ်တာ တွေ့ရပါတယ်။
*
* ဆေးဝါးများ
*
သွေးတိုးရောဂါမှာ သုံးတဲ့ ဆီးဆေးတွေ၊ အက်စပရင်တွေ၊ ခုခံအား ထိန်းညှိဆေးတွေကလည်း ယူရစ်အက်စစ်တွေ တက်စေပါတယ်။
*
* မိသားစု ရောဂါ ရာဇဝင်
*
မိသားစုထဲမှာ ဂေါက်ရောဂါဖြစ်တဲ့သူရှိရင် ကိုယ်လည်းဖြစ်နိုင်ပါတယ်။
*
* အသက်အရွယ်နဲ့ လိင်
*
အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ရင် ယူရစ်အက်စစ် ပိုများပါတယ်။ သွေးဆုံးပြီးရင်တော့ အမျိုးသမီးတွေရဲ့ ယူရစ်အက်စစ် ပမာဏက အမျိုးသားတွေနဲ့ အတူတူလောက် ဖြစ်လာပါတယ်။ ဒါကြောင့် အမျိုးသားတွေက အသက် ၃၀နဲ့ ၅၀ကြားမှာ ဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေကတော့ သွေးဆုံးပြီးမှ ဖြစ်တာများပါတယ်။
*
* မကြာသေးခင်က ခွဲစိတ်မှု လုပ်ထားတာ / ထိခိုက်မိထားတာ
*
ဒီအချက်တွေ ရှိနေမယ်ဆိုရင်လည်း ဂေါက်ရောဂါ ပြန်ကြွတတ်ပါတယ်။
*
ဂေါက်ရောဂါရဲ့ နောက်ဆက်တွဲတွေက ဘာဖြစ်နိုင်လဲ။
*
* ရောဂါပြန်ပြန်ကြွတာ
*
တချို့ကျတော့လည်း တစ်ခါဖြစ်ပြီး နောက်ထပ်မဖြစ်တော့တာတွေလည်း ရှိပါတယ်။ တချို့ကျတော့လည်း တစ်နှစ်ထဲမှာ ခဏခဏ ရောဂါပြန်ကြွတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဆေးတွေနဲ့ ရောဂါပြန်မကြွအောင် ထိန်းကြတာပါ။ မကုဘဲ ထားမယ်ဆိုရင် အဆစ်ကို စားသွားပြီး ပျက်စီးတတ်ပါတယ်။

* ရောဂါရင့်လာတာ
*
သိပ်ဆိုးလာရင် ယူရိတ်တွေ အရေပြားအောက်မှာ စုပုံလာပြီး Tophi ဆိုတဲ့ အကြိတ်ဖုလေးတွေ ဖြစ်လာမှာပါ။ ဒါကို လက်ချောင်း၊ လက်၊ ခြေဖမိုး၊ တံတောင်ဆစ်နဲ့ ခြေဖနှောင့်ကြောမှာ တွေ့ရတတ်ပါတယ်။ သူတို့က ဒီတိုင်းဆို မနာပေမယ့် ရောဂါကြွတဲ့အချိန်ကျရင် ရောက်ရမ်းပြီး နာလာပါတယ်။
*

*
* ကျောက်ကပ် ကျောက်တည်တာ
*
ဂေါက်ရှိတဲ့ လူတွေမှာ ယူရိတ်များလွန်းတာကြောင့် ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ ကျောက်တည်တတ်ပါတယ်။
*

ဂေါက်ရောဂါ မကြွအောင် ဘယ်လို ကာကွယ်ကြမလဲ။
*
ဂေါက်ရောဂါရှင်တွေက ရောဂါမကြွအောင် ဆေးနဲ့ ထိန်းတာအပြင် အောက်က အချက်တွေကိုလည်း လုပ်ပေးရမှာပါ။ ဒါတွေကတော့
*
* အရက်၊ ဘီယာနဲ့ fructose များတဲ့ အအေးတွေ လျှော့သောက်ပါ။
* ပြူရင်းများတဲ့ အစားအစာတွေ လျှော့စားပါ။ အလွယ်မှတ်ရင် “မြေပေါ်တစ်ထွာ မြေအောက်တစ်ထွာ” ရှောင်ပါ။ ဥပမာပြောရရင် မျှစ်၊ မှို၊ ပဲပင်ပေါက်
* အနီရောင်အသားတွေ၊ ဝမ်းတွင်းကလီဇာတွေ၊ ပင်လယ်စာတွေ လျှော့စားပါ။
* ကိုယ်အလေးချိန်ထိန်းပါ။
* ဆေးလိပ်ဖြတ်ပါ။
* ရေများများသောက်ပါ။ ဒါက ကျောက်ကပ်ကနေ ယူရစ်အက်စစ် စွန့်တာကို အထောက်အကူဖြစ်ပါတယ်။
* လေ့ကျင့်ခန်းလုပ်ပါ။
*
* Dr. Htet Htet Zaw Win မှ ရေးသားသည်။

22/05/2023
22/05/2023

ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ?

ဆီးချိုရောဂါရှင်တွေ အများစုက ကျောက်ကပ်ထိ မှာကို စိုးရိမ်ကြပါတယ်၊၊ တကယ်လည်း ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးစေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ၊၊ ဆီးချိုရောဂါရှိသူ ၃ယောက်မှာ ၁ယောက်က ကျောက်ကပ်ထိခိုက်တတ်တာကိုလည်း တွေ့ရပါတယ်၊၊

ဆီးချိုလူနာအများစုက သူတို့ဆီးချို ရှိပြီဆို ကျောက်ကပ်ထိ နေပြီလား၊၊ ဘယ်တော့ ကျောက်ကပ်ပျက်စီးမှာလဲဆိုတာကို သိချင်ကြပါတယ်၊၊ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ၊၊ ကျောက်ကပ်ထိခိုက်ပြီးသားဆိုရင် ကုစရာရှိတာ စောစောကုနိုင်သလို တကယ်လို့ ကောင်းနေသေးတယ်ဆိုရင်လည်း ဆီးချိုကြောင့် ကျောက်ကပ်မထိခိုက်အောင် ဂရုစိုက်နိုင်မှာပါ၊၊

ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊

အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေ တော်တော်များများက ရောဂါရှိပြီး ၂-၅နှစ်အတွင်းမှာ ကျောက်ကပ်အဖြေတွေ ပုံမှန်မဟုတ်တော့တာကို တွေ့ရပါတယ်လို့ တချို့လေ့လာချက်တွေက ဖော်ပြထားပါတယ်၊၊ ဆိုလိုတာက လူနာက အပြင်ပန်းမှာ ဘာလက္ခဏာမှ မရှိတာ ဖြစ်နိုင်ပေမယ့် သွေးစစ်၊ ဆီးစစ်ရင် အဖြေတွေက ပုံမှန်မဟုတ်တော့ပါဘူး၊၊ ဒါ့ပြင် လူနာတွေရဲ့ ၃၀-၄၀ ရာခိုင်နှုန်းလောက်က ၁၀နှစ်ကနေ နှစ်၃၀အတွင်းမှာ ပိုပြီးပြင်းထန်တဲ့ ကျောက်ကပ်ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်၊၊

အမျိုးအစား ၂ဆီးချိုရောဂါရှိသူတွေအတွက်ကတော့ ပြောဖို့ခက်ပါတယ်၊၊ ဒါပေမယ့် အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေရဲ့ ကျောက်ကပ်ထိဖို့ ကြာချိန်နဲ့ တူတူလောက်ပဲလို့ ယူဆထားကြပါတယ်၊၊

တစ်ခုရှိတာက ဒါက ယေဘုယျခန့်မှန်းချက်ဖြစ်ပြီး ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံနဲ့ ဆီးချိုအခြေအနေပေါ် မူတည်ပြီး စောစောဖြစ်တာ၊ နောက်ကျမှဖြစ်တာ ကွာနိုင်ပါသေးတယ်၊၊

ဘယ်လိုဆီးချိုရောဂါရှင်တွေက ကျောက်ကပ်ပိုထိနိုင်သလဲ၊၊

ဆီးချိုရောဂါသက်ရင့်နေတဲ့သူတွေက ကျောက်ကပ်ထိနိုင်ခြေ ပိုများပါတယ်၊၊ ဒါက ကိုယ်တတ်နိုင်တဲ့အချက်တော့ မဟုတ်ဘူးပေါ့၊၊ တချို့ဆို ဆီးချိုရောဂါရှိမှန်း လုံးဝမသိဘဲ ကျောက်ကပ်မကောင်းဘူးထင်လို့ ဆေးစစ်လိုက်တော့မှ ဆီးချိုရောဂါအခံရှိနေမှန်း သိကြတာပါ၊၊ ဆိုလိုတာက နှစ်ပေါင်းများစွာ ဆီးချိုရောဂါရှိမှန်းမသိခဲ့တော့ ကျောက်ကပ်ထိပြီး နောက်ဆက်တွဲတွေ ဖြစ်မှပဲ ကိုယ့်မှာဆီးချိုရှိမှန်း သိပါတော့တယ်၊၊

ပြန်ဆက်ရရင် ဆီးချိုရောဂါရှိတာခြင်း အတူတူကို ကျောက်ကပ်စောစောပျက်နိုင်ခြေရှိတဲ့ သူတွေကတော့

ဆီးချိုကောင်းကောင်းမထိန်းတာကြောင့် သွေးတွင်းသကြားဓာတ် အမြဲလိုလိုတက်နေသူတွေ
သွေးတိုးရောဂါပါ ရှိနေပြီး သွေးပေါင်ချိန်ကိုလည်း သေချာမထိန်းတဲ့သူတွေ
ဆေးလိပ်သောက်တဲ့သူတွေ
ဆီးချိုရောဂါရှိပေမယ့် အစားအသောက်မဆင်ခြင်သူတွေ
အငန်အစားများတဲ့သူတွေ
အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့သူတွေ
အဝလွန်တဲ့သူတွေ
နှလုံးရောဂါအခံရှိသူတွေ
မိသားစုထဲမှာ ကျောက်ကပ်ပျက်စီးဖူးတဲ့သူရှိရင် ကိုယ့်မှာလည်း စောစောကျောက်ကပ်ထိနိုင်ခြေ များပါတယ်၊၊

ကျောက်ကပ်ထိ မှန်း ဘယ်လိုသိနိုင်မလဲ၊၊

ဆီးချိုရောဂါရှိသူတွေက မိမိရဲ့ ကျောက်ကပ်ထိနေပြီလားဆိုတာကို သိဖို့လိုပါတယ်၊၊ စောစောသိလေ စောစောကုနိုင်လေမို့လိုပါ၊၊ ခက်တာက ကျောက်ကပ်ပျက်စမှာ ဘာလက္ခဏာမှ မပြပါဘူး၊၊ လူနာကို ကြည့်ရင် ပုံမှန်အတိုင်း အကောင်းပဲ တွေ့ရမှာပါ၊၊ သွေးစစ်၊ ဆီးစစ်ကြည့်မှ သိရမှာပါ၊၊ သူနေလို့ ကောင်းနေလို့ ‘သွေးအဖြေ၊ ဆီးအဖြေ မကောင်းဘူး၊၊ ကျောက်ကပ်စထိနေပြီနော်’ လို့ ပြောရင်တောင် ယုံမှာ မဟုတ်ပါဘူး၊၊

ဒီနေရာမှာ စကားစပ်လို့ ပြောရရင် ဆီးချိုလူနာတွေကို ၆လတန်သည်၊ ၁နှစ်တန်သည် ရက်ချိန်းခေါ်ကြည့်တယ်ဆိုတာ ဒါကြောင့်ပါ၊၊ ဆီးချိုကောင်းကောင်းထိန်းနိုင်ရဲ့လား၊၊ ဆီးချိုဆေးတွေ ပုံမှန်သောက်နေရဲ့လား၊၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားနေရလို့ ဆေးမသောက်ဘဲများ နေနေသလား၊၊ ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်တဲ့ ကျောက်ကပ်တွေ၊ မျက်လုံးတွေကောင်းရဲ့လားဆိုတာကို သိချင်လို့ ခေါ်ကြည့်တာပဲ ဖြစ်ပါတယ်၊၊

တော်ကြာ လူနာရဲ့ စိတ်ထဲမှာ ရက်ချိန်းသာ ခေါ်ကြည့်၊ ဆေးတွေစစ်၊ ပြီးတော့လည်း ဆရာဝန်က ဒီဆေးက ဒီဆေးပဲ ပေးတာပဲလို့ ထင်မှာပါ၊၊ တကယ်တော့ ဆေးတွေစစ်လို့ အဖြေကောင်းရင် စိတ်အေးရပါတယ်၊၊ ဒီဆေးတွေပဲ ပြန်ပေးတာကလည်း ဒီဆေးတွေနဲ့တင် ဆီးချိုထိန်းနိုင်တော့ နောက်ဆေးထပ်ပေးစရာ မလိုလို့ပါ၊၊

ခုနလိုမျိုး ကျောက်ကပ်ထိတာမှာ ဆေးစစ်မှ သိပြီး စောစောကုလို့ရမှာပါ၊၊ လူနာ လက္ခဏာပြမှဆို နောက်ကျပြီး ကုရတာလည်း ခက်ပါတယ်၊၊ ဒါဆို ဘာကြောင့် ရက်ချိန်းမှန်မှန်သွားသင့်လဲဆိုတာ သိလောက်ပါပြီ၊၊

ကျောက်ကပ်ထိနေတာကို မသိခဲ့ဘူး၊၊ ဒီလိုနဲ့ ရောဂါရင့်လာပြီဆိုရင်တော့

သွေးတိုးထိန်းရခက်လာတာ
ဆီးထဲမှာ အနည်အနှစ်တွေ ပါလာတာ
ခြေကျင်းဝတ်နဲ့ လက်တွေ ဖောလာတာ
အိပ်ရာနိုးနိုးချင်းဆို မျက်လုံးတွေ အစ်ပြီး မျက်နှာတွေ အမ်းနေတာ
ဆီးခဏခဏ သွားချင်တာ
အာရုံစူးစိုက်မရတာ
မောလာတာ
အစားအသောက်ပျက်တာ
ပျို့အန်ချင်တာ
အသားတွေ ယားတာ
နုံးတာ စတာတွေ ခံစားရပါတယ်၊၊
ဒီလက္ခဏာတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြန်ပြပြီး ကျောက်ကပ်ကို စစ်ဆေးသင့်နေပါပြီ၊၊

ဆီးချိုရှိပေမယ့် ကျောက်ကပ်မထိခိုက်စေဖို့ ဒီအချက်တွေကို လိုက်နာပါ၊၊

ဆီးချိုရောဂါရှိတာခြင်း တူပေမယ့် ကျောက်ကပ်စောစောထိမှာလား၊ နောက်ကျမှ ထိမှာလားဆိုတာက ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံပေါ် အများကြီး မူတည်ပါတယ်၊၊ ကျောက်ကပ်ပျက်စီးတာကို လျှော့ချနိုင်ဖို့ ရက်ချိန်းပုံမှန်ပြပါ၊၊

အပေါ်မှာပြောခဲ့သလို ကျောက်ကပ်ထိစမှာ လက္ခဏာမပြပါဘူး၊၊ ဆေးစစ်မှ သိနိုင်တာပါ၊၊ ဒါကြောင့် ရက်ချိန်းပုံမှန်ပြပြီး ကျောက်ကပ်အပါအဝင် တခြားနောက်ဆက်တွဲရောဂါတွေ ရှိမရှိ ပုံမှန်စစ်ဆေးဖို့ လိုပါတယ်၊၊

ဆီးချိုကောင်းအောင် ထိန်းပါ၊၊
အစားအသောက်အနေအထိုင်ဆင်ခြင်ပြီး ဆေးတွေလည်း ပုံမှန်သောက်မယ်ဆိုရင် ဆီးချိုရောဂါကို သေချာထိန်းနိုင်မှာပါ၊၊ ဒါဆို ကျောက်ကပ်ရောဂါ မဖြစ်အောင် အချိန်ဆွဲထားလို့ရပါတယ်၊၊

သွေးတိုးအပါအဝင် တခြားရောဂါအခံတွေကို သေချာကုသပါ၊၊
သွေးတိုးသက်သက်ကလည်း ကျောက်ကပ်ထိစေတဲ့ ရောဂါတစ်ခုပါ၊၊ ဆီးချိုနဲ့ပါ တွဲထားလိုက်ရင် ကျောက်ကပ်ပျက်နိုင်ခြေက သိသိသာသာ တက်လာမှာပါ၊၊ ဒါကြောင့် သွေးတိုးကိုပါ သေချာထိန်းထားဖို့ လိုပါတယ်၊၊ ဒါ့ပြင် တခြားရောဂါအခံတွေ ရှိနေရင်လည်း သေချာထိန်းထားဖို့ လိုပါတယ်၊၊

ဆေးတွေသောက်တဲ့အခါ သတိထားပါ၊၊
အထူးသဖြင့် ဆရာဝန်ညွှန်ကြားချက်မပါဘဲ ကိုယ့်ဟာကိုယ်ဝယ်သောက်တဲ့အခါမျိုးမှာပါ၊၊ တချို့ဆေးတွေက ပမာဏများရင်၊ ခဏခဏသောက်ရင် ကျောက်ကပ်ထိနိုင်ပါတယ်၊၊ ဥပမာ NSAIDs အမျိုးအစား အကိုက်အခဲပျောက်ဆေးတွေပါ၊၊ မသောက်ခင်မှာ ဆေးအညွှန်းကို သေချာဖတ်ဖို့ လိုသလို၊ လိုအပ်ရင် ဆရာဝန် ဒါမှမဟုတ် ဆေးဝါးပညာရှင်ကို မေးမြန်းပါ၊၊

ကိုယ်အလေးချိန်ထိန်းပါ၊၊
ကိုယ်အလေးချိန်များနေတယ်ဆိုရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး ဘာတွေစားရမလဲဆိုတာကို တိုင်ပင်ပါ၊၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်ပါ၊၊ အဝမလွန်ဘူး၊၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ရှိတယ်ဆိုရင်တောင် နေ့စဉ်လှုပ်ရှားမှုလုပ်၊ အစားအသောက်ဆင်ခြင်ပြီး ကိုယ်အလေးချိန်ထိန်းထားဖို့ လိုအပ်ပါတယ်၊၊

ဆေးလိပ်မသောက်ပါနဲ့၊၊
ဆေးလိပ်က ကောင်းနေတဲ့ ကျောက်ကပ်ကို ထိခိုက်စေသလို နဂိုပျက်ပြီးသား ကျောက်ကပ်ဆို ပိုပြီးဆိုးစေနိုင်ပါတယ်၊၊ ဆေးလိပ်မသောက်တတ်ရင် အစမလုပ်ဘဲ သောက်တတ်ရင်တော့ ဖြတ်လိုက်ဖို့ အကြံပေးချင်ပါတယ်၊၊

ဆီးချိုရောဂါနဲ့ ကျောက်ကပ်
ကျောက်ကပ်ရောဂါက ဆီးချိုရောဂါရဲ့ အဖြစ်များဆုံး နောက်ဆက်တွဲရောဂါတွေထဲက တစ်ခုပါ၊၊ ဒါပေမယ့် ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံကို ဆင်ခြင်ပြီး ဆီးချိုရောဂါကို သေချာထိန်းထားမယ်ဆိုရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်၊၊

Crd to Dr.Htet Htet Zaw Win

#ကောင်းစစ်သွေးဆေးခန်း
#ကောင်းစစ်သွေးသားဖွားမီးယပ်အထူးကုဆေးခန်းလားရိူးမြို့။
#ကောင်းစစ်သွေးရောဂါရှာဖွေရေးနှင့်သမားတော်ကြီးဆေးခန်းလားရိူးမြို့။

22/05/2023

ကိုယ်ဝန်ဆောင် ဆီးချိုဘယ်အချိန်မှာခံစားရနိုင်လဲ
အကြောင်းအရင်း
ကိုယ်ဝန်ဆောင် ဆီးချိုကို ကာကွယ်ဖို့သတိထားရမယ့် အခြေအနေ လက္ခဏာများ
စစ်ဆေးနည်း နောက်ဆက်တွဲပြဿနာများ

ဆီးချိုက အမျိုးအစား တစ်ခုမကပါဘူး။ ဒီဆီးချိုအမျိုးအစားထဲမှာမှ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ကိုယ်ဝန်ဆောင် ဆီးချို နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတွေကို ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင် ဆီးချို

ကိုယ်ဝန်ဆောင်ချိန်က စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်ပါ။ ကိုယ်ဝန်ဆောင်ကာလ ပြီးဆုံးတဲ့အခါ ရင်သွေးလေးကို လူ့လောကထဲကို ခေါ်ဆောင်နိုင်မှာလေ။ ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာ အကောင်းဆုံး အချိန်ဆိုလည်း မမှားပါဘူး။

ကိုယ်ဝန်ဆောင်ချိန်က ပျော်စရာတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး ပင်ပန်းမှုတွေ ရင်ဆိုင်ရနိုင်သလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်က သေချာ ဂရုစိုက်သင့်တဲ့ ကာလပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ အထူး ဂရုစိုက်သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက ကိုယ်ဝန်ဆောင်ဆီးချိုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချို ခံစားရမယ်ဆိုရင် မိခင်ရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက် ကာကွယ်စေချင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချို ဘယ်အချိန်မှာ ခံစားရနိုင်လဲ

ကိုယ်ဝန်ဆောင် ဆီးချို ဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ် ကာလတွေမှာ အများဆုံး တွေ့ရပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချို ခံစားရတဲ့အခါ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး ဗိုက်ထဲက ကြီးထွားနေတဲ့ ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချိုက ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာနိုင်တယ် ဆိုပေမယ့် လိုအပ်တဲ့ ကုသမှုတွေကို ခံယူမယ်။ ဆရာဝန် လမ်းညွှန်ချက်တွေကို လိုက်နာမယ်။ အနေအထိုင် အစားအသောက် ဂရုစိုက်မယ်ဆိုရင် ကျန်းမာစွာ ကိုယ်ဝန်ဆောင်နိုင်မှာ ဖြစ်သလို ဘေဘီလေးကိုလည်း ကျန်းမာစွာနဲ့ မေမေတို့ ဘဝထဲကို ခေါ်ဆောင်နိုင်မှာပါ။

နောက်ထပ် သတင်းကောင်းတစ်ခုက ကိုယ်ဝန်ဆောင် ဆီးချို ခံစားရသူတွေဟာ ဘေဘီလေးကို မွေးဖွားပြီးချိန်မှာ သွေးတွင်းအချိုဓာတ်က ပုံမှန် ပြန်ဖြစ်သွားတာပါ။ ဒါပေမယ့် အမျိုးအစား (၂) ဆီးချို မဖြစ်စေဖို့တော့ သေချာ စောင့်ကြည့်ဖို့ လိုပါမယ်။

ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်စေရတဲ့ အကြောင်းအရင်း

ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်စေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုက ကိုယ်တွင်းမှာ အင်ဆူလင် လုံလောက်အောင် မထုတ်နိုင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း ခန္ဓာကိုယ်က အင်ဆူလင်ကို လုံလောက်စွာ ရရှိဖို့ လိုပါတယ်။

ခန္ဓာကိုယ်က အင်ဆူလင် မရရှိတဲ့အခါ စားလိုက်တဲ့ သကြားဓာတ်တွေကို ခွန်အားအဖြစ် မပြောင်းလဲနိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာပါတယ်။ ဒီလို သွေးတွင်းသကြားဓာတ် မြင့်တက်မှုက ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်စေပါတော့တယ်။

ကိုယ်ဝန်ဆောင် ဆီးချိုကို ကာကွယ်ဖို့ သတိထားရမယ့် အချက်တွေ

ကိုယ်ဝန်ဆောင် ဆီးချိုကို ကာကွယ်ဖို့က ခက်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေကို လျှော့ချဖို့

ကိုယ်အလေးချိန် အဆမတန်တက်လာတာမျိုး မဖြစ်စေဖို့ ထိန်းရပါမယ်။
အချိုစာတွေ အလွန်အကျွံစားသုံးတာမျိုး မလုပ်ရပါဘူး။
ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှုပုံစံ မဖြစ်စေဖို့ ဂရုပြုပါ။
ဒီအချက်တွေကို သေချာဂရုစိုက် ကာကွယ်နိုင်မယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ခံစားရနိုင်ခြေကို အတော်လေး လျှော့ချနိုင်မှာပါ။ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့လည်း လိုပါမယ်။

တကယ်လို့ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရပြီဆိုရင် သွေးတွင်းသကြားဓာတ်ကိုသေချာ ထိန်းညှိဖို့ လိုပါမယ်။ လိုအပ်ရင် ဆရာဝန်က အင်ဆူလင် ထိုးဖို့၊ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် လိုအပ်တဲ့ ဆေးဝါးတွေ သောက်သုံးဖို့ ညွှန်ကြားပေးပါလိမ့်မယ်။

ဒီလိုအခြေအနေဆို အထူးသတိထားပါ။

တကယ်လို့

မိသားစုဝင်ထဲမှာ ဆီးချိုရှိသူရှိမယ်။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း (BMI) က ၃၀ထက်ကျော်နေမယ်။
ပထမကိုယ်ဝန်တုန်းက ကလေးက ၉ ပေါင်ကျော်ရှိနေမယ်။
အရင်ကိုယ်ဝန်တုန်းကလည်း ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်ဖူးမယ်ဆိုရင် သေချာလေး ဂရုစိုက်ဖို့ လိုသလို ဆရာဝန်နဲ့ သေချာလေး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။

♦️အထူးကုဆရာဝန်ကြီးနှင့် ပြသဆွေးနွေးရန် ကြိုတင်ဘိုကင်ရယူလိုသူများ 📲09943319175 သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

♦️လိပ်စာ- ရပ်ကွက်(၄)၊မန်းလေးလမ်း၊ပန်အုပ်ဘုန်းကြီးကျောင်းထောင့်၊လားရိူးမြို့။

Aye Thi Mon
#ကောင်းစစ်သွေးသားဖွားမီးယပ်အထူးကုနှင့်သမားတော်အထူးကု
#ကောင်းစစ်သွေးဆေးခန်းလားရိူးမြို့

22/05/2023

ကိုယ်ဝန်ဆောင်ဆီးချိုရှိရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ။

ကိုယ်ဝန်ဆောင်ဆီးချိုက များသောအားဖြင့် လက္ခဏာ မပြတတ်ပါဘူး။ ကိုယ်န်ဆောင်ချိန်မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ရင်းမှ သိလာရတာ များပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန် ကျန်းမာရေးစစ်ဆေးမှု လုပ်ဖို့၊ ရက်ချိန်း မှန်မှန် ပြဖို့ ပြောကြတာပေါ့။ ပုံမှန်အားဖြင့်ကတော့ ကိုယ်ဝန်ဆောင် မေမေတိုင်းက ကိုယ်ဝန်ဆောင်ဆီးချို စစ်ဆေးမှုကို လုပ်ဆောင်ရပါတယ်။

ကိုယ်ဝန် ၂၄ ပတ် ကနေ ၂၈ ပတ်တကာလအတွင်းမှာ ကိုယ်ဝန်ဆောင် ဆီးချိုရှိလားဆိုတဲ့ စစ်ဆေးမှုကို ခံယူကြရပါတယ်။

တွေ့ရများတဲ့ ကိုယ်ဝန်ဆောင် ဆီးချို လက္ခဏာက

ပုံမှန်ထက် ပိုမိုဆာလောင်တာပါ။
အစားတွေ အရင်ကထက် ပိုစားလာမယ်။
ရေ အရမ်း ငတ်မယ်။
ခံတွင်းခြောက်မယ်။
ပုံမှန်ထက် ဆီးပိုသွားမယ်။
မအီမသာဖြစ်မယ်။
မျက်လုံးတွေ ဝေဝါးမယ်။
ခြေကုန်လက်ပမ်းကျမယ်။
ဘယ်လို စစ်ဆေး သိရှိနိုင်မလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက အသက် ၃၅ နှစ်နဲ့ အထက်ရှိနေမယ်။ အဝလွန်နေမယ်။ ဆီးချို မျိုးရိုး ရှိမယ်ဆိုရင် ဆရာဝန်က အစောပိုင်းမှတင် ကိုယ်ဝန်ဆောင်ဆီးချို စစ်ဆေးဖို့ ညွှန်ကြားပေးပါလိမ့်မယ်။ဒါမှလည်း မေမေရော ဘေဘီလေးပါ ကျန်းမာမှာပါ။ ဒီနည်းလမ်းကပဲ ကိုယ်ဝန်ဆောင်ဆီးချိုကို စောစေသိနိုင်ဖို့ အကောင်းဆုံး နည်းလမ်းပါ။ ကိုယ်ဝန်ဆောင်ကာလ ၂၄ ပတ်ကနေ ၂၈ ပတ်ရောက်လာတဲ့အခါ ကိုယ်ဝန်ဆောင်ဆီးချို ရှိနေလားဆိုတာကို သိနိုင်ဖို့ အခုလို စစ်ဆေးမှုတွေ လုပ်ရပါမယ်။

Initial glucose challenge test

ဒီစစ်ဆေးမှုမှာ သကြားရည်တွေ သောက်ရပါမယ်။ ၁ နာရီလောက်ကြာတဲ့အခါ သွေးတွင်းအချိုဓာတ်ကို စစ်ဆေးပါမယ်။ သွေးတွင်း သကြားဓာတ်က ၁၉၀ milligrams per deciliter (mg/dL) ဒါမှမဟုတ်၁၀.၆ millimoles per liter (mmol/L) ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ရှိနေတာပါ။

Follow-up glucose tolerance testing

ဒီစစ်ဆေးမှုက အစောပိုင်း စစ်ဆေးမှုနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒီစစ်ဆေးမှုမှာ သောက်ရတဲ့ သကြားရည်က သကြာားပါဝင်မှု ပိုများပါတယ်။ ပြိးရင် သွေးတွင်း သကြားဓာတ်ကို တစ်နာရီတစ်ခါ နဲ့ ၃ နာရီ ဆက်တိုက် စစ်ဆေးပါမယ်။

စစ်ဆေးမှု ရလဒ် ၃ ကြိမ်မှာ ၂ ကြိမ်က ရှိသင့်တဲ့ သွေးတွင်းသကြားဓာတ်ထက် မြင့်နေမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဆီးချို ရှိနေပြီလို့ ယူဆရမှာပါ။

ကိုယ်ဝန်ဆောင်ဆီးချိုကို ဘယ်လိုကုသနိုင်သလဲ။

ကိုယ်ဝန်ဆောင်ဆီးချို အများစုက ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်သွားပါတယ်။ ဒါပေမယ့် နောက်ထပ် ကိုယ်ဝန်တွေမှာ ဆီးချိုဖြစ်ဖို့ အလားအလာများသလို နောက်ပိုင်းကျရင် အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေများပါတယ်။

ကိုယ်ဝန်ဆောင်ဆီးချိုက သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားမယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုကို တခြားဆီးချိုရောဂါတွေလိုပဲ အစားအသောက်နဲ့ ဆေးဝါးတွေနဲ့ ပေါင်းစပ်ပြီး ထိန်းချုပ်ပါတယ်။ သွေးတွင်းသကြားဓာတ်ပုံမှန်ဖြစ်စေဖို့

ကျန်းမာနဲ့ ညီညွတ်အောင် စားသောက်ခြင်း
တစ်နေ့ကို သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု မိနစ် ၃၀ခန့် လုပ်ခြင်း
လိုအပ်ပါက အင်ဆူလင်နဲ့ ဆေးဝါးများ မှီဝဲခြင်းတို့ လုပ်ရနိုင်ပါတယ်။ ဒါ့ပြင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးဖို့၊ ကလေးရဲ့ ကြီးထွားမှုကို ပုံမှန်စစ်ဆေးဖို့လည်း လိုပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်နိုင်လဲ

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် မေမေရော ဘေဘီလေးမှာပါ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချို ခံစားရတဲ့အခါ

ကလေးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေတာ
လမစေ့ဘဲ မွေးဖွားတာ
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ခံစားရတာ
ဘေဘီလေးမှာ သွေးတွင်းသကြားဓာတ် ကျဆင်းတာ
မေမေ အနေနဲ့ အဝလွန်တာ
မေမေ့မှာ နောက်ပိုင်းကျရင် အမျိုးအစား -၂ ဆီးချို ခံစားရနိုင်တာ
ကလေး အသေမွေးတာ
မွေးကင်းစအရွယ်မှာ သေဆုံးတာတွေလိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။
ဒါတွေအပြင် ရေမြွာရည်များလွန်းတာ၊ ကိုယ်ဝန်ဆောင်သွေးတိုးစတဲ့ ကျန်းမာရေး ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဆီးချို
ကိုယ်ဝန်ဆောင်ဆီးချို ဆိုတာက ကျန်တဲ့အချိန်တွေမှာ မဖြစ်ဘဲ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တဲ့ ဆီးချို အမျိုးအစား တစ်ရပ်ပါ။ ပုံမှန်ကတော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်နဲ့ တတိယ ၃ လပတ် ကာလတွေမှာ အများဆုံး တွေ့ရပါတယ်။
Aye Thi Mon
#ကောင်းစစ်သွေးဆေးခန်းလားရိူးမြို့။

20/05/2023

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးကတော့ ကျောက်အမျိုးအစား၊ ဖြစ်တဲ့ကြာချိန်၊ ခံစားရတဲ့ လက္ခဏာတွေပေါ် မူတည်ပါတယ်။ ကုထုံးတွေကတော့

ရေများများသောက်ခိုင်းတာပါ။

ရေများများ သောက်ပေးတာက ဆီးကျောက်တွေကို ခွဲစိတ်စရာမလိုဘဲ ဖယ်ရှားနိုင်စေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေသောက်ခိုင်းတာအပြင် ဆီးထဲမှာ အက်ဆစ်ဓာတ်နည်းစေဖို့၊ ဆီးကျောက်တွေ ထွက်ရလွယ်စေဖို့ ဆရာဝန်က သောက်ဆေးပေးတာမျိုး လုပ်ပါလိမ့်မယ်။

ခွဲစိတ်ဖယ်ရှားမယ်။

တကယ်လို့ ဆီးကျောက်က အရမ်းကြီးနေမယ်။ ဆီးသွားလို့မရလောက်အောင်အထိ ဆီးစွန့်ပြွန်မှာ ပိတ်နေတာမျိုး ဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်ဖယ်ရှားတာမျိုး လုပ်ဖို့ လိုပါမယ်။ သုံးလေ့ရှိတဲ့ ခွဲစိတ်နည်းတွေကတော့

Shock-wave lithotripsy

ဒါကတော့ ခွဲစိတ်ဖို့ မလိုတဲ့ ကုထုံးတစ်ရပ်ပါ။ ဒီကုထုံးမှာ စွမ်းအားမြင့် အသံလှိုင်းတွေကို အသုံးပြုပြီး ကျောက်တွေကို ကြေအောင် လုပ်တာပါ။ ကြေသွားတဲ့ ကျောက်တွေက ဆီးကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို ထွက်လာပါတယ်။

Ureteroscopy

ဒီကုထုံးမှာတော့ ဆီးပို့ပြွန်ကနေ တဆင့် မှန်ပြောင်းထည့်ပြီး ကျောက်တွေကို ချေဖျက်တာပါ။ ဒီနည်းကလည်း ကြီးမားတဲ့ ခွဲစိတ်မှုတွေ မလိုအပ်ပါဘူး။

PCNL (Percutaneous nephrolithotomy)

ကျောက်ကပ်မှာ အရွယ်အစားကြီးတဲ့ ကျောက်တွေ တည်နေတဲ့အခါ အသင့်တော်ဆုံး ခွဲစိတ်နည်းပါ။ ခါးနေရာမှာ လက်မဝက်လောက် ခွဲကြောင်းပေးပြီး ပြွန်ကို ထည့်သွင်းကာ ကျောက်ကပ်ထဲက ကျောက်တွေကို ဖယ်ရှားပေးတာပဲ ဖြစ်ပါတယ်။

ဆီးကျောက်ကို ပုံရိပ်ဖော် စစ်ဆေးနည်း

ဆီးကျောက်တည်တယ်လို့ ယူဆတဲ့အခါ အရင်ဆုံး လုပ်လေ့ရှိတာက ဆေးမှတ်တမ်းကို ကြည့်ပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု လုပ်တာပါ။ ပြီးရင်တော့ လိုအပ်တဲ့ သွေးစစ်တာ၊ ဆီးစစ်တာတွေ လုပ်ရပါတယ်။

ကျောက်ကို မြင်နိုင်ဖို့ ဝမ်းဗိုက်ကို ဓာတ်မှန်လည်း ရိုက်ရပါတယ်။ ဒါပေမယ့် ဆီးကျောက်တိုင်းက ဓာတ်မှန်မှာ ပေါ်ချင်မှပေါ်မှာပါ။ ဒီတော့ လိုအပ်ရင် CT scanထပ်ရိုက်ရပါတယ်။

အချို့အခြေအနေတွေမှာတော့ သွေးထဲကို ဆိုးဆေးတစ်မျိုးထိုးသွင်းပြီး ဆီးလမ်းကြောင်းစနစ်ကို ပုံရိပ်ဖော်ရယူတဲ့ အထူးဓာတ်မှန် အမျိုးအစား တစ်မျိုးဖြစ်တဲ့ intravenous pyelogram or lVP ရိုက်ယူရတာမျိုးရှိပါတယ်။

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ ကို သေသေချာချာ သိလောက်ပြီ ထင်ပါတယ်။ ဆီးကျောက်တည်တာကို အကောင်းဆုံး ကာကွယ်ကြဖို့လည်း တိုက်တွန်းအကြံပြုလိုက်ပါရစေ။

ဆီးကျောက်တည်ခြင်း
ဆီးထဲမှာ ပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေ အမြောက်အမြား ပါဝင်နေပါတယ်။ ဒီပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေက ဆီးထဲမှာ အလွန်အကျွံများလာတဲ့အခါ ကျောက်ကပ်ထဲမှာ အနည်ထိုင်ပြီး ဆီးကျောက်တည်တာ ဖြစ်လာတာပါ။
ဆီးကျောက်က စဖြစ်စမှာ အရွယ်အစား သေးသေးလေးသာ ရှိပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကြီးထွားလာပြီး ကျောက်ကပ်ထဲက အချိုင့်လေးတွထဲမှာ ပြည့်ပြည့်ဝဝ နေရာယူသွားတာပါ။ အချို့သော ဆီးကျောက်တွေက ကျောက်ကပ်ထဲမှာ ရှိနေပမယ့် ကျန်းမာရေးကို ထိခိုက်စေတာမျိုး မရှိသလို နာကျင်မှုကိုလည်း ခံစားရတာမျိုး မရှိပါဘူး။

#ကောင်းစစ်သွေးဆေးခန်း
#ကောင်းစစ်သွေးသားဖွားမီးယပ်အထူးကုဆေးခန်းလားရိူး

Address

ရပ်ကွက်(၄)၊Mdyလမ်းနှင့်သီရိလမ်းထောင့်၊ပန်အုပ်ဘုန်းကြီးကျောင်းဘေး၊လားရိူးမြို့
Lashio

Telephone

+959943319175

Website

Alerts

Be the first to know and let us send you an email when Kaung Sitt Thway Clinic &Laboratory services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Sitt Thway Clinic &Laboratory services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram