General Knowledge for General Health - အထွေထွေကျန်းမာ သုတပဒေသာ

  • Home
  • Myanmar
  • Magway
  • General Knowledge for General Health - အထွေထွေကျန်းမာ သုတပဒေသာ

General Knowledge for General Health - အထွေထွေကျန်းမာ သုတပဒေသာ ကျန်းမာရေးဗဟုသုတနှင့် လူနာပြုစုခြင်း အသိပညာများကို မျှဝေရန် ရည်ရွယ်ပါသည်။
(2)

 #ခေါင်းကိုက်ခြင်း ခေါင်းကိုက်တယ်ဆိုဟာက ခေါင်းထဲမှာနေရဟာ သက်တောင့် သက်သာမရှိတဲ့အနေအထားမျိုးပါ။ လှုပ်ရှားလွန်းတာကြောင့် ဖ...
11/03/2026

#ခေါင်းကိုက်ခြင်း

ခေါင်းကိုက်တယ်ဆိုဟာက ခေါင်းထဲမှာနေရဟာ သက်တောင့် သက်သာမရှိတဲ့အနေအထားမျိုးပါ။ လှုပ်ရှားလွန်းတာကြောင့် ဖြစ် နိုင်သလို ခေါင်းထဲမှာရှိတဲ့ နာကျင်မှုကိုအာရုံခံတဲ့ အစိတ်အပိုင်းတွေ မှာ ပြဿနာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်တာ ကအကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပြီး ခေါင်းကိုက်တဲ့အမျိုးအစား ကလည်း အမျိုးမျိုးပါ။

သာမန်ခေါင်းကိုက်တာက က ရောဂါတစ်ခုခု ကြောင့်ဖြစ်တဲ့ရှေ့ပြေးလက္ခဏာတစ်ရပ်မဟုတ်ပါဘူး။ ဦးနှောက်ထဲမှာ ဖြစ်ပေါ်တဲ့ Chemical activity၊ ဦးခေါင်းခွံတဝိုက်က အာရုံကြောတွေ၊ သွေးကြောတွေ၊ ဦးခေါင်းနဲ့ဇက်က ကြွက်သားတွေက ခေါင်းကိုက်တာ ကိုဖြစ်စေရာမှာ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ပါဝင်နေကြတာပါ။

🔷🔷 ခေါင်းကိုက်စေတက်တဲ့ အကြောင်းအရင်းတွေကဘာလဲ?

(၁) ရာသီဥတုအခြေအနေ

အဓိကအကြောင်းအရင်းတွေထဲကတစ်ခုပါ။ အရမ်းပူလွန်းတဲ့ရာသီဥတုအခြေအနေ၊ ပတ်ဝန်းကျင်က စို ထိုင်းဆ ပြောင်းလဲသွားမှုအနေအထားတွေက ဦးနှောက်ရဲ့ ဓါတု ပစ္စည်းထုတ်လုပ်မှုကို ပြောင်းလဲသွားခြင်းတို့က ခေါင်းကိုက် တာကို ဖြစ်စေတာပါ။

(၂) စိတ်ဖိစီးမှု

တစ်နေ့တာမှာကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုကြောင့် ပခုံး၊ဇက် နဲ့ဦးရေပြားကကြွက်သားတွေမှာတင်းအားတွေဖြစ်ပေါ်ပြီး ခေါင်း ကိုက်နိုင်ပါတယ်။

(၃) ဒေါသဖြစ်တာ

ဒေါသထွက်တဲ့အခါ ဇက်နဲ့ဦးရေပြားကကြွက်သားတွေတင်းလာ ပြီး ခေါင်းကိုက်နိုင်ပါတယ်။

(၄) အလင်းစူးလွန်းတာ

ဖုန်း၊ကွန်ပျူတာမျက်နှာပြင်တို့က အလင်းစူးလွန်းတာကြောင့် ဦးနှောက်တွင်းက ဓါတုပစ္စည်းပမာဏ ကိုတိုးစေပြီးခေါင်းကိုက် စေနိုင်ပါတယ်။

(၅) အစားအသောက်

ချိစ်၊ချောကလက်၊ အချဉ်သီးတွေ၊ အသားဆားနယ်တွေ၊ အခွံမာသီးတွေ၊ ကြက်သွန်နီ၊ အငန်များတဲ့အစားအစာတွေနဲ့ အချိုမှုန့်ကဲတဲ့ အစားအစာတွေ၊ နိုက်တရိတ်ဓာတ်ပါတဲ့ အသားစားများတာတွေ ကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။

(၆) သောက်စရာ

​ဆေးလိပ်၊ ကော်ဖီ၊ လက်ဖက်ရည်၊အယ်လ်ကိုဟောပါတဲ့သောက်စရာတွေက ခေါင်း ကိုက်စေနိုင်ပါတယ်။

(၇) အစာစားချိန်မမှန်တာ

အစားစားချိန်မမှန်တာကြောင့် သွေးတွင်းသကြားဓါတ်ကျဆင်းသွားတဲ့အခါ ခေါင်းကိုက်နိုင်ပါတယ်နော်။ အလုပ်များနေရင်တောင်တစ်ခုခုတော့ စားပါ။

(၈) အိပ်ရေးမဝတာ

အိပ်ရေးမဝခြင်းက ခေါင်းကိုက်ခြင်းကိုဖြစ်တဲ့ နံပါတ် ၁ အကြောင်း အရင်းပါ။ ညတိုင်း ညဉ့်နက်အထိနေတာမျိုးမလုပ်ဘဲ အိပ်ချိန်ကို တိတိကျကျလေးသတ်မှတ်ပြီး စောစောအိပ်ရာဝင်နိုင်ဖို့ ကြိုးစားပါ။

(၉) လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်တာ

လေ့ကျင့်ခန်းအလွန်အကျွံလုပ်တဲ့အခါ ဦးခေါင်းနဲ့ဇက် မှာ သွေးစီးဆင်းမှုတိုးသွားစေပြီး သွေးကြောတွေကိုရောင်စေနိုင် ပါ တယ်။ ဒီအခြေအနေက ခေါင်းကိုက်တာကိုဖြစ်စေနိုင်ပါတယ်။

(၁၀) အချိန်အကြာကြီး တစ်ပုံစံတည်းနေခြင်း

ရှေ့ကိုကိုင်းပြီး အချိန်အကြာကြီးထိုင်တာက နောက်ကျောနဲ့ ဇက် ကြွက်သားတွေကိုတင်းစေပြီး ခေါင်းကိုက်တာကိုဖြစ်ပေါ် စေနိုင်ပါ တယ်။ ဒါကြောင့် ပုံစံတစ်ခုတည်းမှာ အချိန်အကြီးမထိုင်ပါနဲ့။ ကိုယ် ကို မတ်မတ်လေးထိုင် ပေးပါ။

♦♦ဘယ်လို သက်သာအောင် လုပ်မလဲ?

ခေါင်းကိုက်တာကို ပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် ခေါင်းကိုက်တာကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ရှာဖွေကုသရပါတယ်။

– ရှူဆေးဘူး ရှူပါ။

– ဆေးပလာစတာ ကပ်ပါ။ ပရုတ်အေး ပါဝင်တဲ့ ဆေးပလာစတာ လေးတွေကို နားထင်နဲ့ ဇက်ကြောပေါ်မှာ ကပ်ထားလိုက်ပါ။

– ရေသောက်ပါ။

– အနားယူပါ။

– နှိပ်နှယ်ပေးပါ။ (အောက်ပါပုံတွင် ကြည့်ရန်)

– ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေး သောက်ပါ။

ရေနစ်နေရင် အရေးပေါ် ဘယ်လို ပြုစုမလဲ?👉 မြန်နိုင်သလောက်မြန်မြန် ရေထဲမှ ​ဆွဲထုတ်ပါ❗ အသက်ရှုရပ်၍ ၄မိနစ်ကျော်လျှင် သေတတ်သည်၊ ...
16/02/2026

ရေနစ်နေရင် အရေးပေါ် ဘယ်လို ပြုစုမလဲ?

👉 မြန်နိုင်သလောက်မြန်မြန် ရေထဲမှ ​ဆွဲထုတ်ပါ
❗ အသက်ရှုရပ်၍ ၄မိနစ်ကျော်လျှင် သေတတ်သည်၊ မြန်မြန်ကယ်ပါ

👉 လူနာတင်ယဥ် အမြန်ဆုံး ခေါ်ဆိုပါ

👉 ရေတွေ အန်ပစ် ထုတ်ပစ်နိုင်ဖို့အတွက် ခေါင်းပိုင်းကို ရင်ဘတ်ပိုင်းထက် နိမ့်အောင် ထားပေးပါ

👉 ကျောအောက်မှာ စောင် (သို့) အနှီးတစ်ထည်ခံပြီး လှဲခိုင်းထားပါ

👉 သတိရှိ၊ မရှိ စစ်ဆေးပါ ၊ လိုအပ်လျှင် CPR (အသက်ကယ်ခြင်း) လုပ်ရပါမယ်

👉 နလန်ထူလာတယ် သတိရလာတယ်ဆိုလျှင်တောင်မှ လူနာတင်ယဥ် ဆက်ဆက်ခေါ်ပါ
❗အဆုတ်လေပြွန်တွေ ရောင်ရမ်းနိုင်ပြီး ကိုယ်အပူရှိန် အလွန်အမင်း ကျဆင်းနိုင် သောကြောင့် ဖြစ်သည်။

CPR ( အရေးပေါ် အသက်ကယ်ခြင်း ဘယ်လိုလုပ်ရမလဲ)
https://m.facebook.com/story.php?story_fbid=130877486757132&id=100095046433561&mibextid=Nif5oz


#ရေနစ်လူနာပြုစုနည်း

11/02/2026

လူတိုင်းကို စိတ်ချမ်းသာအောင် ထားချင်နေတာလား "The People Pleaser"

ကိစ္စတစ်ခုခုအတွက် ဆုံးဖြတ်ပြီး ပြောရတဲ့အချိန်တိုင်းမှာ "ဟင့်အင်း" လို့ ငြင်းရမှာကို သေမတတ် ကြောက်နေမိသလား?

ကိုယ့်မှာ အလုပ်တွေ ပုံနေတာတောင် သူများက အကူအညီတောင်းလာရင် လက်ခံလိုက်မိပြီးမှ ပင်ပန်းလို့ နောင်တရနေတတ်သလား?

လူတိုင်းကို စိတ်ချမ်းသာအောင် လိုက်ဖြည့်ဆည်းပေးနေရတဲ့ People Pleasing ဆိုတာဟာ တကယ်တော့ စိတ်ကောင်းရှိလွန်းတာထက် ကိုယ့်ရဲ့ မသိစိတ်ထဲက "ရှင်သန်ဖို့ ကြိုးစားနေတဲ့ ဗီဇ" တစ်ခု ဖြစ်နေတတ်ပါတယ်။

Behavioral Psychology ရှုထောင့်ကကြည့်ရင် ဒါဟာ ငယ်ငယ်က ရရှိခဲ့တဲ့ trauma တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။

ဥပမာ- မိဘက အရမ်းဒေါသကြီးလို့ သူတို့ စိတ်ကျေနပ်အောင် အမြဲ မျက်နှာချိုသွေးခဲ့ရတာမျိုး၊ ဒါမှမဟုတ် အမှားတစ်ခုခုလုပ်မိရင် အပြင်းအထန် အပယ်ခံခဲ့ရတဲ့ အတွေ့အကြုံမျိုးကို ကြုံခဲ့ရတဲ့ သူမျိူးတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။

"ငါက သူများတွေ စိတ်ကျေနပ်အောင် လုပ်ပေးနိုင်မှပဲ ငါ့ကို ချစ်ကြမှာ၊ ငါ့ကို တန်ဖိုးထားကြမှာ" ဆိုတဲ့ မှားယွင်းတဲ့ ယုံကြည်ချက် (False Belief) ဟာ ခန္ဒာကိုယ်ရဲ့ ဆဲလ်တွေထဲအထိ အမြစ်တွယ်သွားတာပါ။

ကျွန်မ အရင်လုပ်ခဲ့တဲ့ အလုပ်ထဲမှာတုန်းက ခင်တဲ့ အစ်မတစ်ယောက် ဆိုရင် အိမ်မှာရော၊ အလုပ်မှာပါ “Angel” လို့ တင်စားခံရလောက်အောင် ဘယ်သူ့ကိုမှ မငြင်းဘဲ အကုန်လုပ်ပေးတဲ့သူပါ။

အမြဲသဘောကောင်းတယ်.....ဘယ်သူ့ကို မဆို အလုပ်ကို ကူပေးရုံမက အလုပ်များနေတာတောင် အလုပ်ထဲကသူတွေက ဘာစားချင်တယ်လို့ သူ့ကို ပြောရင် အကုန်ချက်ပြုတ်ပြီး ယူလာပေးတဲ့သူပါ။

ဒါပေမဲ့ သူကို ကြည့်လိုက်တိုင်း အရမ်းကို ပင်ပန်းနွမ်းနယ်နေပြီး စိတ်ဓာတ်ကျနေပါတယ်။

မကြီးကိုပဲ ဘာလို့ အကုန်က အဲလိုလာပြော....တောင်းဆိုနေကြတာလဲလို့ ကွယ်ရာမှာ ညည်းညူနေတတ်ပါတယ်......ဒါပေမယ့် အဲ့အချိန် တယောက်ယောက်က အကူအညီတောင်းရင်လည်း မငြင်းနိုင်ဘဲ ထပ်ပြီး အလုပ်တွေ လက်ခံထားပြန်ရော.....

သူနဲ့ ရင်းနှီးတဲ့အချိန်မှာ သူ့ ငယ်ဘ၀ကို ပြန်ကြည့်မိတော့ ငယ်ငယ်က မိဘတွေ ရန်ဖြစ်ကြရင် သူက ကြားကနေ အကုန်လိုက်ချော့ပြီး အခြေအနေကို ထိန်းခဲ့ရသူ ဖြစ်နေတယ်။

အဲ့ အစ်မရဲ့ အဖေကလည်း အရမ်းေဒါသကြီးတဲ့သူဖြစ်ပြီး သားသမီးကို အရမ်းချုပ်ချယ်တတ်တဲ့သူပါ။

အဲ့အချိန်မှာ သူ့စိတ်ထဲမှာ ငါ "လူကောင်း" ဖြစ်နေမှ ပြောသမျှ အကုန်နားထောင်မှ …..အိမ်က ငြိမ်းချမ်းမယ်လို့ သူ ယုံကြည်ခဲ့တာပါ။ အရွယ်ရောက်လာတဲ့အခါမှာလည်း၊ အလုပ်ထဲ ရောက်တဲ့အချိန်မှာလည်း အဲ့ဒီ "တာဝန်" ကို သူ ဆက်ထမ်းထားမိနေတာပေါ့။

ကျွန်မတို့ သူတစ်ပါးကို စိတ်ချမ်းသာအောင် ထားတာ မမှားပါဘူး။ သူများ စိတ်ချမ်းသာရင် ဘာသာရေးအရလည်း ကုသိုလ်ရတယ်ဆိုတာ ရှိတာကိုး....

ဒါပေမဲ့ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ရင်းပြီး လုပ်နေရတယ်ဆိုရင်တော့ ဒါဟာ trauma response တစ်ခု ဖြစ်နေပါပြီ။

“ကျွန်မတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်ဖို့ အချိန်တန်ပါပြီ........အချိန်တိုင်းမှာ လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးဖို့ ကျွန်မတို့ ဒီလောကထဲ ရောက်လာတာ မဟုတ်ပါဘူး။"

ဒီနေ့မှာ "ဟင့်အင်း" လို့ ငြင်းရမှာ အားနာစရာကောင်းတဲ့ အခြေအနေတစ်ခု ကြုံလာရင် ခဏလေး အသက်ရှူအောင့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

"ငါ ဒါကို တကယ်လုပ်ပေးချင်တာလား? ဒါမှမဟုတ် အပယ်ခံရမှာ ကြောက်လို့ ....သူတို့ စိတ်ဆိုးသွားမှာ စိုးလို့ လုပ်ပေးနေတာလား?" ဆိုတာကိုပါ။

ကိုယ့်ရဲ့ Limit ကို သတ်မှတ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းရဲ့ အစပဲ ဖြစ်ပါတယ်။

ဖြစ်လာရတဲ့ အကျိုးတရားတွေ အားလုံးမှာ အကြောင်းတရားတွေ ရှိနေတယ် မဟုတ်လား....အဲ့တော့ အကြောင်းတရားတွေကို ပြင်ဆင်ဖို့ ဘယ်တော့မှ
လက်မလျှော့လိုက်ပါနဲ့ 🧡



သွေးတိုးတတ်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်ယခုနောက်ဆုံး..WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့ သတ်မှတ်ချက်အရ..(Blood Pr...
25/01/2026

သွေးတိုးတတ်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အချက်

ယခုနောက်ဆုံး..
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကြီးရဲ့ သတ်မှတ်ချက်အရ..
(Blood Pressure)သွေးပေါင်ချိန်သည်..
120/80mmHg..သတ်မှတ်ထားပါတယ်..
140/90mmHg..ဆိုရင်တောင်..
သွေးတက်နေပြီလို့ သတ်မှတ်နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

🔯သွေးပေါင်တက် သွေးဖိအားတက် သွေးတိုးနေရင်..

သွေးကျဆေးကို အမြဲစွဲစွဲမြဲမြဲသောက်ရပါမယ်..

❗သွေးတက်နေမှ တက်နေတုန်း သောက်ရမှာမဟုတ်ပါ..

လူတော်တော်များများ ဖြစ်တတ်တာက ဆေး ၁လလောက် သောက်ပြီးရပ်လိုက်တာကိုပါ
ဒီလိုလုံးဝ မလုပ်ရပါ

❌ သွေးကျဆေးသောက်ရင်..
ရှိနေတဲ့သွေးတွေနည်းမသွားပါ..

❌ သွေးကျဆေးသောက်တာကြာလာရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတာ..
လုံဝမှားယွင်းနေပါတယ်..

သွေးကျဆေးမသောက်မှ သွေးတိုးမှန်းမသိတိုးပြီး ကျောက်ကပ်ပျက်မှာပါ

****************************************************

☝☝ ​အပေါ်သွေး၊ အောက်သွေး တက်နေရင်
*****ခန္ဓာကိုယ်အောက်ပိုင်းကသွေးတွေများနေတယ်လို့အယူအဆမမှားလိုက်ပါနဲ့..
******သွေးများနေတာမဟုတ်..
သွေးဖိအားတင်းအားများနေတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

🔯 သွေးကြောများအတွင်း သွေးအချိုဓာတ်များ လွန်ကဲများပြားလာရင် သွေးကြောနံရံများ တတိတိနဲ့ပျက်စီးတတ်ပါတယ်
ထိုမှတဆင့် သွေးကြောများ ကျဉ်းကျုံ့ကုန်တဲ့အတွက်..
သွေးချိုဆီးချို ရောဂါကိုစံနစ်တကျ ကုသမှုမပြုရင်..
သွေးပေါင်သွေးဖိအားတက်နေတတ်ပါတယ်..

သွေးအချိုဓါတ် လွန်ကဲများပြားနေတဲ့အခါ သွေးစီးလမ်းကြောင်းကို ပိတ်ဆို့ထားတဲ့အတွက် နှလုံးညှစ်လိုက်တိုင်း နှလုံးသွေးလက်ခံတိုင်း သွေးစီးလမ်းကြောင်းဟာ
ချောမွေ့မှုမရှိ ဆန့်ကျင်အားတွေ ဖြစ်ဖြစ်နေတာကြောင့်..
သွေးကြောနံရံရဲ့တင်းအားမြင့်ပြီး သွေးတက်တတ်ပါတယ်..

သွေးအဆီဓာတ်များပြားလာရင်လည်းညသွေးကြောနံရံများမှာဘသွေးခဲစုစည်းမှု Platelet aggregation
တွေဖြစ်ပေါ်စေပါတယ်..
ထိုမှတဆင့်ဘသွေးခဲပိတ်ဆို့မှုClot တွေဖြစ်စေပါတယ်..

*** သွေးတက်လို့တက်မှန်းမသိသူ..

*** သွေးတက်နေမှန်းသိလျက်နဲ့..
ဆေးမှန်မှန်မသောက်သူ..

*** သွေးကျဆေးမှန်မှန်သောက်ရင်..
ရှိနေတဲ့သွေးကုန်သွားမှာစိုးရိမ်တဲ့..
အယူအဆမှားသူ..

*** သွေးကျဆေး..
ကြာကြာသောက်ရင်..
ကျောက်ကပ်ပျက်တတ်တယ်ဆိုတဲ့..
အယူအဆမှားကြောင့်..
ဆေးမှန်မှန်မသောက်သူ..

🛑 ထိုသူများအားလုံး..

နှလုံးအရွယ်အစားကြီးမားလာကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
🔯 နှလုံးအရွယ်အစားကြီးမားတာ..
တာရှည်လာရင်..
မနိုင်ဝန်ထမ်းရတဲ့...နှလုံးညှစ်အား..
လျော့ကျသွားတဲ့အခါ..

🔯 Heart Failure..
နှလုံးအားနည်းရောဂါဝင်ပြီး..

ခြေထောက်ရောင်..
အဆုပ်ထဲရေဝင်..
မောပမ်းလွယ်..
လူဖြစ်ရှုံးတဲ့ဘဝရောက်ရပါတယ်..
°°°°°°°°°°°°°°°°°°°°°•°°°°°°°°°°

သွေးပေါင်ချိန်တိုင်းကိရိယာမှာ..
သတ်မှတ်ထားတဲ့..
Pressure..ဖိအားတင်းအားထက်များနေလို့..
သွေးတက်တယ်လို့..
လွယ်လွယ်ပြောကြရာကနေ..
သွေးများနေတယ်လို့..
သဘောပေါက်မှားယွင်းသွားကြပါတယ်..

သွေးကျဆေးသည်..

🔯 တင်းမာနေသော..
သွေးကြောနံရံများကို..
အလိုက်သင့်ပျော့ပြောင်းနူးညံ့စေပါတယ်..

🔯 ကျဉ်းကျုံ့နေသော..
သွေးကြောများကို..
အလိုက်သင့်..
ပွင့်ကျယ်လာစေပါတယ်..

သွေးကျဆေးသောက်လိုက်တဲ့အခါ..
သွေးကြောများပျော့ပြောင်းလာပြီး..
သွေးကြောများပွင့်ကျယ်လာတဲ့အတွက်..
သွေးဖိအားများပုံမှန်..
ရောက်ရှိသွားပါတယ်..

နှလုံးကလည်း..
တအားညှစ်ထုတ်စရာမလိုတော့ပဲ..
သက်သာရာရသွားပါတယ်..

သွေးစီးလမ်းကြောင်းလည်း..
ချောမွေ့သွားတဲ့အတွက်..
ခန္ဓာကိုယ်အစိပ်အပိုင်းများ..
လုံလောက်မျှတတဲ့သွေးများ..
ရရှိနေပါတယ်..
ကျန်းမာတဲ့ခန္ဓာကိုယ်ကို..
ဖြစ်ပေါ်စေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

🔯 ကျောက်ကပ်သည်..
သွေးကြောငယ်ကလေးများ..
မြောက်များစွာဖြင့်ဖွဲ့စည်းထားပါတယ်..

သွေးတိုးရောဂါရှိနေသူများ..

သွေးကျဆေးမသောက်ရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားများနေတဲ့အတွက်..
သွေးကြောငယ်များပျက်စီးလွယ်ပါတယ်..
ထိုမှတဆင့်.
ကျောက်ကပ်ပျက်စီးသွားပါမယ်..

သွေးတိုးရောဂါရှိသူ..

သွေးကျဆေးမှန်မှန်သောက်နေရင်..
ကျောက်ကပ်သွေးကြောငယ်များအတွင်း..
ဖိအားတင်းအားလျော့ကျစေတဲ့အတွက်..
ကျောက်ကပ်ပျက်စီးခြင်းမှ..
ကာကွယ်ပြီးသားဖြစ်သွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

📍📍 အားဆေးဆိုတာ..

ဗီတာမင်ဓာတ်..
သတ္ထု ဓာတ်..
အသားဓာတ်..
ခန္ဓာကိုယ်တည်ဆောက်ပြုပြင်ဖို့..
လိုအပ်တဲ့ဓာတ်..
စတဲ့ဓာတ်အစုအပေါင်းသာဖြစ်ပါတယ်..

ထမင်းဟင်းစားသောက်တဲ့အခါမှာလည်း..
ပါဝင်ပြီးသားဖြစ်ပါတယ်..

အားဆေးဆိုတာ..
ခန္ဓာကိုယ်အတွက်..
လိုအပ်မည့်..
အာဟာရဓာတ်ကို..
ဖြည့်စွက်ပေးတာပါ..

သွေးတိုးသွေးတက်တာနဲ့..
လားလားမှမဆိုင်ပါ..

အားဆေးသောက်ခြင်းဖြင့်..
သွေးမတက်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

✡အားဆေးသောက်ခြင်းသည်..
သွေးမတက်စေပါ..
ဘာမှမဆိုင်ပါ..

သို့သော်..
❗❗အဆီများသောအစာ..
အငန်များသောအစာ..
စားရင်တော့..
သွေးတက်စေပါတယ်..

အဆီဓာတ်...အငန်ဓာတ်များသည်..
သွေးကြောများကို..
ကျဉ်းကျုံ့စေပြီး..
ဖိအားတင်းအားတက်လာစေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမှားကင်းစင်၍..
အမှန်မြင်နိုင်ကြပါစေ..

ဒေါက်တာဦးစိုင်းဟန်ကျော်စိန် သွေးတိုးတတ်သူတွေသိသင့်တဲ့အချက်မှ လေစားစွာဖြင့် ကောက်နှုတ်ထားပါသည်။ 🙏

#သွေးတိုး

Blood Pressure (သွေးဖိအား)********************************အဓိပ္ပါယ်ဖွင့်ဆိုချက် - သွေးကြောများပေါ်တွင် သက်ရောက်သော ဖိအား...
22/01/2026

Blood Pressure (သွေးဖိအား)
********************************

အဓိပ္ပါယ်ဖွင့်ဆိုချက် -

သွေးကြောများပေါ်တွင် သက်ရောက်သော ဖိအားကို ခေါ်သည်။

ရည်ရွယ်ချက်-

(၁) ပြန်လည်ဆန်းစစ်ခြင်းအတွက် သွေးလွှတ်
ကြော ၊ သွေးဖိအားကို အခြေခံတိုင်းတာမှု
အဖြစ် တည်ဆောက်ရန်။

(၂) သွေးလှည့်ပတ်စီးဆင်းသည့် အဆင့်အခြေ
အနေကို စစ်ဆေးရန်။

(၃) ကုထုံးပေါ် လူနာ၏ တုံ့ပြန်မှုကို စောင့်
ကြည့်စစ်ဆေးရန်။

လိုအပ်သောအရာများ-

(၁) ပြဒါးပါသော သွေးပေါင်ချိန်ကိရိယာ
( Sphygmomanometer - Mercury)

(၂) နာရီဒိုင်ခွက်ကဲ့သို့ပါသော သွေးပေါင်ချိန်
ကိရိယာ (Aneroid)

(၃) ဓာတ်ခဲအားဖြင့် တိုင်းတာသော အလိုအ
လျောက်သွေးပေါင်ချိန်ကိရိယာ
(Electronic)

(၄) လူနာနှင့် သင့်လျော်သည့် လက်မောင်းပတ်
(Cuff)

(၅) နားကျပ် (Stethoscope)

(၆) အရက်ပြန်ဂွမ်း။

ပြုလုပ်ရေးအစီအစဥ် -

(၁) လူနာသည် သက်သောင့်သက်သာထားပါ။
လူနာသည် လဲလျောင်းသည့်အနေအထား
သို့မဟုတ် ကုလားထိုင်ပေါ်တွင် သက်
သောင့်သက်သာထိုင်နေရမည့် အနေ
အထားဖြစ်သည်။

(၂) လူနာ၏ လက်မောင်းအပေါ်ပိုင်းကို ဖွင့်
ဖေါ်၍ တင်းကြပ်နေသော အဝတ်များကို
ဖယ်ရှားပါ။

(၃) လူနာ၏ တံတောင်ဆစ်ကို ဆန့်ထားပါ။
လူနာ၏ လက်ဖဝါးဖြင့် တံတောင်ဆစ်ကို
ဖေးမထားပါ။တံတောင်ဆစ်၏ အတွင်း
ဘက်ရှိ (Brachial Artery) ကိုဖွင့်ဖေါ်ရန်
လက်မောင်းကို ပက်လက်လှန်အနေအထား
ဖြင့် အပြင်ဘက်သို့ အနည်းငယ်လှည့်ထား
ပါ။

(၄) အရက်ပြန်ဂွမ်းဖြင့် နားကျပ်၏ နားထောင်
သောအပိုင်း နှင့် လူနာပေါ်တင်မည့် အပြား
ဝိုင်းပေါ် သုတ်သင်ပါ။

(၅) လက်မောင်းပတ်ထဲရှိ လေများကုန်စင်
အောင် ၎င်းကို ဖိချလိုက်ပါ။

(၆) (Brachial artery) တံတောင်ဆစ်ကွေးနေ
ရာရှိ သွေးခုန်ခြင်းကို လက်ဖြင့်စမ်းသပ်ပါ
သွေးခုန်သောနေရာ၏ အထက် ၂.၅ စင်တီ
မီတာအကွာတွင် လက်မောင်းပတ်ကို ပတ်
ပါ။ သွေးခုန်သည့်နေရာအပေါ် တည့်တည့်
တွင် လက်မောင်းပတ်မှ မြှားအမှတ်အသား
ကိုထား၍ ပတ်ပါ။ လက်မောင်းပတ်ကို
ပတ်ပတ်လည် ညီညီညာညာနှင့် ခိုင်မြဲစွာ
ပတ်ပါ။

(၇) ပြဒါးပါသောသွေးပေါင်ချိန်သည် ကိရိယာ
ခွက်ကို လူနာ၏ နှလုံးနှင့် လက်မောင်း
တတန်းတည်းတည်ရှိရန် အနေအထားကို
ထားပါ။

(၈) လက်တစ်ဖက်မှ လက်ချောင်းဖြင့်
brachial artery သွေးခုန်နှုန်းကို စမ်းသပ်
ပါ။ အခြားလက်တစ်ဖက်ဖြင့် လက်မောင်း
ပတ်လေသွင်းသည့် လေသွင်းဘောလုံး
အဆို့ရှင်၏ ဝက်အူရစ်ကို ကျပ်လိုက်ပါ။
လက်မောင်းပတ်အတွင်းသို့ လေကိုခပ်မြန်
မြန် ညစ်သွင်းပါ။လေညစ်သွင်းစဥ် သွေး
ခုန်နှုန်းပျောက်သွားသောနေရာကို မှတ်
သားပါ။ ထိုသွေးခုန်နှုန်းပျောက်သွားသော
နေရာမှ (၂၀ - ၃၀) mmHg ခန့်ပိုပြီး လေ
ညစ်သွင်းရပါမည်။

(၉) နားကျပ်ကို နားတွင်တပ်ဆင်ပါ။

(၁၀) Brachial Artery ပေါ်သို့ နားကျပ်၏
အပြားဝိုင်းကို တင်ပါ။

(၁၁) ပြဒါးတစ်ဖြည်းဖြည်းကျလာစေရန်အ
တွက် လေညှစ်သွင်းသည့် ဘောလုံးတွင်း
ရှိ အဆို့ရှင်ဝက်အူရစ်ကို အသာအယာ
လျှော့ချပါ။ ပြဒါးကျဆင်းနှုန်းကို တစ်
စက္ကန့်လျှင် (၂ - ၃) mmHg ခန့်သာချပါ။

(၁၂) ပြဒါးတိုင်ကျဆင်းရာလမ်းကြောင်းကို
မျက်စိဖြင့် တတန်းတည်းထား၍ကြည့်
ပြီး ပထမဦးဆုံးကြည်လင်ပြတ်သားစွာ
ပေါ်လာသည့်အသံကြားရသည့်နေရာ
သည် (Systolic Pressure ) အပေါ်သွေး
ဖြစ်သည်။

(၁၃) ဆက်လက်၍ ကြားရသည့်အသံပျောက်
ကွယ်သွားခြင်း သို့မဟုတ် အသံတိုးသွား
သည်အထိ လက်မောင်းပတ်ရှိ လေဖိ
အားကို လျှော့ချမည်။ ကြားရသည့်အသံ
ပျောက်ကွယ်သွားခြင်း သို့မဟုတ် တိုး
သွားသည့် နေရာသည် အောက်သွေး
(Diastolic Pressure) အောက်သွေးဖြစ်
သည်။

(၁၄) လက်မောင်းပတ်တွင်ရှိ လေကိုဆက်၍
လျှော့ချပါ။ လက်မောင်းပတ်ကိုဖယ်၍
သပ်ယပ်စွာလိပ်ပြီး မူလနေရာတွင် ပြန်
ထားပါ။

(၁၅) လူနာအား သက်သောင့်သက်သာဖြစ်
သည့် အနေအထား၌ ထားပါ။

(၁၆) အဖြေကို မှတ်တမ်းတင်ပါ။

(၁၇) အရေးယူရလောက်သည့် သွေးဖိအား
ပြောင်းလဲမှုများရှိခဲ့လျှင် သက်ဆိုင်ရာကို
အစီရင်ခံပါ။

(၁၈) နားကြပ်၏ နားထောင်သောအပိုင်းနှင့်
လူနာပေါ်တင်၍ နားထောင်သည့်အပိုင်း
ကို အရက်ပြန်ဂွမ်းဖြင့် သုတ်ပါ။

မှတ်သားရန် -

အပေါ်သွေး အောက်သွေး

အရွယ်ရောက်သူ(၁၀၀-၁၂၅) (၆၀-၈၀)
အသက်ကြီးသူ (၁၃၀- ၁၅၀) ( ၈၀ - ၉၀)

(၁) ဆေးရည်သွင်းထားဆဲ လက်မောင်းပေါ်
သွေးဖိအားမတိုင်းရ။

(၂) ကျောက်ကပ်ဆေးရန်အတွက် သွေးပြန်
ကြောနှင့် သွေးလွှတ်ကြောဆက်သွယ်ထား
သည့် လက်ဘက်၌ မတိုင်းရ။

(၃) လက်တစ်ဘက်နှင့်တစ်ဘက် သွေးဖိအား
မတူခဲ့လျှင် မည်သည့်လက်ဘက်ကို
တိုင်းကြောင်း ရေးမှတ်ထားပါ။

(၄) လက်မောင်းပတ်အတွင်း ထပ်ခါထပ်ခါ
လေလျှော့ခြင်း၊ လေသွင်းခြင်း ပြုလုပ်ပါ
က သွေးကြောများ တောင့်တင်းစေသည်။

(၅) သွေးဖိအားတိုင်းတာရာတွင် မသေချာပါ
က ပြန်လည်တိုင်းတာလိုလျှင် လက်မောင်း
ပတ်တွင်းမှ လေများကို ကုန်စင်အောင်
ထုတ်ပြီးမှ ခေတ္တနားပြီး ပြန်တိုင်းရန်။

ဦးခေါင်းထိခိုက်မိရင် အရေးပေါ် ဘယ်လိုပြုစုရမလဲ?ဦးခေါင်းအရေပြား ထိခိုက်ဒဏ်ရာရပါက– မေးရိုးမေးစဉ် မေးခွန်းလေးများ (ဥပမာ နေ့...
30/07/2025

ဦးခေါင်းထိခိုက်မိရင် အရေးပေါ် ဘယ်လိုပြုစုရမလဲ?

ဦးခေါင်းအရေပြား ထိခိုက်ဒဏ်ရာရပါက
– မေးရိုးမေးစဉ် မေးခွန်းလေးများ (ဥပမာ နေ့လား၊ ည လား၊ စားပြီးပြီလား) ကို မေးကြည့်ပါ။ လူနာဇဝေဇဝါ ဖြစ်နေလျှင် (သို့) စကားပြောရာတွင် အခက်တွေ့ပုံ ပေါက်နေလျှင် မူမှန်ပုံမရလျှင်၊ အရေးပေါ် လူနာတင်ယာဉ်ကို ခေါ်ယူပါ။

– ဦးခေါင်းဒဏ်ရာ ပြင်းထန်သည်ဟု သံသယရှိပါက လူနာကိုငြိမ်အောင်ထိန်းထားပါ။ ။ အရေးပေါ် ကားမလာခင် သို့ ဆေးကုသမှုမခံယူသေးမီ အချိန်ထိ လဲလျောင်းပေးပြီး ဦးခေါင်းနှင့် ပုခုံးအား အနည်းငယ်မြှင့်ထားပေးခြင်းဖြင့် အတတ်နိုင် ဆုံး ငြိမ်သက်အောင်ထားပါ။

– လူနာကို မလိုအပ် ဘဲ မရွှေ့ပါနဲ့။ အထူးသဖြင့် လူနာရဲ့ လည်ပင်း ကို မရွှေ့ပါနဲ့။ လူနာက ဦးခေါင်းအကာအကွယ် (ဆိုင်ကယ်ဦးထုပ် ) ဆောင်းထားတယ်ဆိုရင် မချွတ်ပါနဲ့။

– သွေးထွက်နေတဲ့နေရာတွေ့ရင် တိတ်အောင် လုပ်ပေးပါ။ ပိုးသတ်ထားတဲ့ ဂွမ်း၊ သို့ အဝတ်သန့် တစ်ခုနဲ့ ဒဏ်ရာနေရာကို ဖိထား ပေးပါ။ပထမ အဝတ်သွေးရွှဲသွားရင် မဖယ်ပါ နဲ့ နောက်အဝတ်တခုကို အပေါ်က ထပ်တင်ပြီး ဆက် ဖိထားပေးပါ။

– ခေါင်းကွဲတယ်လို့ယူဆရင်တော့ သွေးထွက်တဲ့ နေရာတည့်တည့်ကို တိုက်ရိုက်မဖိပါနဲ့။ အဲ့နေရာက အမှိုက်စဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဘာမှ မဖယ်ပါနဲ့။ ဖြစ် နိုင်ရင် ပေါင်းထားတဲ့ ပတ်တီးစ ထူထူလေး ခံပြီး ခေါင်းကို ပတ်တီး စီးပေးထားပါ။

– ခေါင်းခွံကို အနည်းအကျဉ်း တန်သင့်ရုံသာ ထိခိုက်မိ ပြီး သွေးမထွက်ပါက အရောင်လျော့စေရန်နှင့် သွေးခြည် မဥစေရန် အဝတ်စခံပြီး ရေခဲ ကပ်နိုင်ပါတယ်။

– လူနာ အန်ရင် အန်ဖတ် မစို့အောင်၊ မသီးအောင် လူနာကို ဘေးစောင်းပေးပါ။

– လူနာသတိလစ်နေပါက အသက်ရှူပုံ၊ အသက်ရှူနည်း၊ လက်ကောက်ဝတ် သွေးခုန်းနှုန်း၊ တုံ့ပြန်နိုင်စွမ်း စသည် တို့ကို လူနာတင်ယာဉ်မရောက်လာမှီစပ်ကြား ပုံမှန်အကဲ ဖြတ်မှတ်သားပေးထားပါ။

– လူနာ သတိလစ်သည့်အပြင် အသက်ရှူပါ ရပ်သွားပါ က မေးရိုးကို သတိကြီးစွာ ထား၍ မ ကာ လေဝင် လေထွက် လမ်းကြောင်းပွင့်စေပြီး စီ၊ ပီ၊ အာရ် (CPR)ကိုစလုပ်ပါ။

♦♦အရေးကြီးတဲ့ လက္ခဏာတွေက ဘာတွေလဲ?

ထိခိုက်မိပြီးတဲ့နောက် လူနာက

(၁) မှိန်းနေ အိပ်ချင်နေရင်

(၂) ပုံမှန်မဟုတ်တာတွေပြုမူပြောဆို/ နားမလည်နိုင် တဲ့စကားတွေ ကယောင်ကတန်းပြောနေရင်

(၃) ခေါင်းအရမ်းထိုးကိုက်ပြီး လည်ပင်းက တောင့်
လာရင်

(၄) တက်ရင်

(၅) ခြေလက် တစ်ဖက်ဖက် မလှုပ်ရှားနိုင်တော့ရင်

(၆) ခိုက်မိပြီး ခဏသတိလစ်သွားရင်

(၇) တစ်ကြိမ်မက အန်ရင်

(၈) နှာခေါင်းတို့ နားတို့ကနေ သွေး (သို့) အရည်
ကြည်ထွက်လာရင်

(၉) မျက်စိသူငယ်အိမ် အရွယ်အစား မျက်လုံးတစ်ဖက်နှင့်တစ်ဖက် မတူလာရင်

(၁၀) လူနာနေ့ည မမှတ်မိ၊ ဇဝေဇဝါဖြစ်လာရင်

စသည့်လက္ခဏာ များ ဒဏ်ရာရပြီး နာရီပိုင်းနှင့် ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာတတ်သည်။ ထိုလက္ခဏာများအနက် လက္ခဏာတစ်စုံတစ်ရာ တွေ့ရပါက ချက်ချင်းကုသမှု ခံယူရပါမည်။
❗ဒါတွေထဲက တစ်ခုခုဖြစ်တယ်ဆိုရင် အရေးကြီးပါ တယ်။

❌❌ ခေါင်းခိုက်မိတဲ့လူနာတွေ့ရင် ဘာတွေ
သတိထားရှောင်ရမလဲ ?

– သွေးတအားထွက်သော ခေါင်းဒဏ်ရာ (သို့) နက်သောဒဏ်ရာတွေကို မိမိဘာသာ မဆေးပါနဲ့။

– ဒဏ်ရာမှာ ကပ်နေ စိုက်နေတဲ့ ဘယ်အရာကိုမှ မ ဖယ်ပါနဲ့။

– လူနာကို မလိုအပ်ပဲ ရွှေ့တာ လှုပ်တာ မပြုလုပ်ပါ
နဲ့။

– လူနာ ဇဝေဇဝါဖြစ်နေချိန်မှာ လူနာကို ကိုင်လှုပ်ခြင်း မပြုပါနဲ့။

– ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားရင် မချွတ်ပါနဲ့။

– အမြင့်ပေါ်က ပြုတ်ကျတဲ့ကလေးကို ကောက်မ
ချီပါနဲ့။

– ခေါင်းကို ပြင်းပြင်းထန်ထန်ခိုက်မိပြီး ၄၈နာရီ အတွင်း အရက်မသောက်ပါနဲ့။

ယခုအနေအထားလောက်ဆိုရင် ခေါင်းခိုက်မိရင် ဘာတွေလုပ်ရမယ်၊ မလုပ်ရဘူး။ ဘာတွေစောင့် ကြည့်ရမယ်။ ဘယ်အခါ ဆေးရုံသွားဖို့လိုတယ် ဆိုတာတွေကို သိရှိနားလည်လောက်မယ်လို့မျှော်လင့် ပါတယ်။

Reference
Encyclopedia, M. and aid, H., 2022. Head injury - first aid: MedlinePkus Medical Encyclopedia. [online] MedlinePkus.gov. Available at:

Healthcare.com.mm
ဒေါက်တာသန်းထွဋ် - အိမ်သားသမားစာအုပ်

CPR ဘယ်လိုလုပ်ရမလဲ?
https://m.facebook.com/story.php?story_fbid=130877486757132&id=100095046433561&mibextid=Nif5oz


ဝမ်းချုပ်တတ်လျှင်__- မနက်စောစောထ- လေရှူ၊ လမ်းလျှောက်- ရေအဝသောက်- နေ့စဉ်မှန်မှန်လုပ်ပါဝမ်းချုပ်သူများလမ်းမလျှောက်ရင်ဝမ်းခ...
30/01/2025

ဝမ်းချုပ်တတ်လျှင်__

- မနက်စောစောထ
- လေရှူ၊ လမ်းလျှောက်
- ရေအဝသောက်
- နေ့စဉ်မှန်မှန်လုပ်ပါ

ဝမ်းချုပ်သူများ

လမ်းမလျှောက်ရင်ဝမ်းချုပ်ပါတယ်။
မနက်စောစောထ၊ လမ်းလျှောက် - လေရှူ -ရေသောက်
ပြုလုပ်ပါ။ မှန်မှန်ပြုလုပ်ပေးရင်ဝမ်းမှန်လာပါတယ်။

အသီးအနှံကို အရင်ကထက်ပိုစားပေးပါ။

ရှေးစာဆိုအရတော့.. ." မနက်.သင်္ဘော၊ ည
ငှက်ပျော "လို့ဆိုပါတယ်။

အသားကိုလျှော့စားပါ။ အထူးသဖြင့် ခြေလေးချောင်းသားရှောင်စားပါ။

ညနေ သို့မဟုတ် ညအိပ်ခါနီး အစာနဲ့ဝေးချိန်မှာ.. မန်ကျည်းမှည့်ဖျော်ရည်သောက်ပါ။

ဝမ်းအလွန်ချူပ်ရင် ဆားခါးဝယ်ထားပါ။ နိုင်ငံခြားမှာနေသူများ.Apson salt. လို့မေးဝယ်ပါ။

ဆားခါးကို ဒယ်အိုးနဲ့လှော်ထားပါ။
ဖန်ပုလင်းနဲ့လေလုံအောင်သိမ်းထားပါ။

ဝမ်းအလွန်ချူပ်ရင် ဆားခါးဟင်းစားဇွန်း ၁ဇွန်းမှ ၂ဇွန်း ရေအေးနဲ့သောက်ပါ။

ဆားခါးကို မန်ကျည်းဖျော်ရည်နဲ့ရောဖျော်သောက်ရင်လည်းရပါတယ်။

ဆားခါးကသွေးမတိုးပါ။ လှော်ပြီးသောက်ရင် ဝမ်းမရစ်ပါ။

ကနခိုပါသော၊ပွေးကိုင်းပါသောဝမ်းနုတ်ဆေးများသည် အူထဲမှ ချွဲအမြှေးများကို ကွာကျစေသဖြင့် ရေရှည်
စွဲမသောက်သင့်ပါ။

သတိပြုပါ။ ဝမ်းသွားတိုင်း မကောင်းပါ။

 #ညဘက် အိပ်မပျော်ခဲ့လျှင်၁. ဖီးကြမ်းငှက်ပျောသီး မှည့်စားပါအိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။၂. နွားနို့သောက...
24/01/2025

#ညဘက် အိပ်မပျော်ခဲ့လျှင်

၁. ဖီးကြမ်းငှက်ပျောသီး မှည့်စားပါ
အိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။

၂. နွားနို့သောက်ခြင်းက အရိုးအဆစ်သန်မာသည့်အပြင် အိပ်စက်ခြင်းကို မြန်ဆန်စေပါသည် ။

၃. ကြက်သွန်ဖြူခေါင်းအုံးအောက်၃တက်ထားအိပ်ပါ ။ဦးနှောက်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အိပ်စက်မှုကို မြန်ဆန်စေသည် ။

၄. ကြက်သွန်နီထက်ခြက်ခွဲပြီး ညအိပ်ခါနီး ခြေဖဝါး အလည်တည့်တည့်ကပ်အိပ်ပါ ။ တစ်ကိုယ်လုံးမှ အဆိပ်အတောက်များကို စုပ်ယူပါလိမ့်မယ်။
အအေးမိနာစေးသူ ကလေး လူကြီးမရွေး လုပ်ပေးပါက သက်သာပျောက်ကင်းစေပါမည် ။

၅. ရေနွေးထဲကို ပူတီနာ(ပူစီနံ) အရွက် ၅ရွက် ၆ရွက်ကိုထည့်ပြီး ခပ်နွေးနွေးလေးအနေအထားရောက်ရင်သောက်ပြီး အိပ်ယာထဲဝင်လိုက်ပါ။ ခဏနေရင် အိပ်ပျော်သွားပါလိမ့်မည်။

Credit ပြန်လည်မျှဝေပါသည်။

ဦးခေါင်းထိခိုက်မိရင် အရေးပေါ် ဘယ်လိုပြုစုရမလဲ?ဦးခေါင်းအရေပြား ထိခိုက်ဒဏ်ရာရပါက– မေးရိုးမေးစဉ် မေးခွန်းလေးများ (ဥပမာ နေ့...
23/01/2025

ဦးခေါင်းထိခိုက်မိရင် အရေးပေါ် ဘယ်လိုပြုစုရမလဲ?

ဦးခေါင်းအရေပြား ထိခိုက်ဒဏ်ရာရပါက
– မေးရိုးမေးစဉ် မေးခွန်းလေးများ (ဥပမာ နေ့လား၊ ည လား၊ စားပြီးပြီလား) ကို မေးကြည့်ပါ။ လူနာဇဝေဇဝါ ဖြစ်နေလျှင် (သို့) စကားပြောရာတွင် အခက်တွေ့ပုံ ပေါက်နေလျှင် မူမှန်ပုံမရလျှင်၊ အရေးပေါ် လူနာတင်ယာဉ်ကို ခေါ်ယူပါ။

– ဦးခေါင်းဒဏ်ရာ ပြင်းထန်သည်ဟု သံသယရှိပါက လူနာကိုငြိမ်အောင်ထိန်းထားပါ။ ။ အရေးပေါ် ကားမလာခင် သို့ ဆေးကုသမှုမခံယူသေးမီ အချိန်ထိ လဲလျောင်းပေးပြီး ဦးခေါင်းနှင့် ပုခုံးအား အနည်းငယ်မြှင့်ထားပေးခြင်းဖြင့် အတတ်နိုင် ဆုံး ငြိမ်သက်အောင်ထားပါ။

– လူနာကို မလိုအပ် ဘဲ မရွှေ့ပါနဲ့။ အထူးသဖြင့် လူနာရဲ့ လည်ပင်း ကို မရွှေ့ပါနဲ့။ လူနာက ဦးခေါင်းအကာအကွယ် (ဆိုင်ကယ်ဦးထုပ် ) ဆောင်းထားတယ်ဆိုရင် မချွတ်ပါနဲ့။

– သွေးထွက်နေတဲ့နေရာတွေ့ရင် တိတ်အောင် လုပ်ပေးပါ။ ပိုးသတ်ထားတဲ့ ဂွမ်း၊ သို့ အဝတ်သန့် တစ်ခုနဲ့ ဒဏ်ရာနေရာကို ဖိထား ပေးပါ။ပထမ အဝတ်သွေးရွှဲသွားရင် မဖယ်ပါ နဲ့ နောက်အဝတ်တခုကို အပေါ်က ထပ်တင်ပြီး ဆက် ဖိထားပေးပါ။

– ခေါင်းကွဲတယ်လို့ယူဆရင်တော့ သွေးထွက်တဲ့ နေရာတည့်တည့်ကို တိုက်ရိုက်မဖိပါနဲ့။ အဲ့နေရာက အမှိုက်စဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဘာမှ မဖယ်ပါနဲ့။ ဖြစ် နိုင်ရင် ပေါင်းထားတဲ့ ပတ်တီးစ ထူထူလေး ခံပြီး ခေါင်းကို ပတ်တီး စီးပေးထားပါ။

– ခေါင်းခွံကို အနည်းအကျဉ်း တန်သင့်ရုံသာ ထိခိုက်မိ ပြီး သွေးမထွက်ပါက အရောင်လျော့စေရန်နှင့် သွေးခြည် မဥစေရန် အဝတ်စခံပြီး ရေခဲ ကပ်နိုင်ပါတယ်။

– လူနာ အန်ရင် အန်ဖတ် မစို့အောင်၊ မသီးအောင် လူနာကို ဘေးစောင်းပေးပါ။

– လူနာသတိလစ်နေပါက အသက်ရှူပုံ၊ အသက်ရှူနည်း၊ လက်ကောက်ဝတ် သွေးခုန်းနှုန်း၊ တုံ့ပြန်နိုင်စွမ်း စသည် တို့ကို လူနာတင်ယာဉ်မရောက်လာမှီစပ်ကြား ပုံမှန်အကဲ ဖြတ်မှတ်သားပေးထားပါ။

– လူနာ သတိလစ်သည့်အပြင် အသက်ရှူပါ ရပ်သွားပါ က မေးရိုးကို သတိကြီးစွာ ထား၍ မ ကာ လေဝင် လေထွက် လမ်းကြောင်းပွင့်စေပြီး စီ၊ ပီ၊ အာရ် (CPR)ကိုစလုပ်ပါ။

♦♦အရေးကြီးတဲ့ လက္ခဏာတွေက ဘာတွေလဲ?

ထိခိုက်မိပြီးတဲ့နောက် လူနာက

(၁) မှိန်းနေ အိပ်ချင်နေရင်

(၂) ပုံမှန်မဟုတ်တာတွေပြုမူပြောဆို/ နားမလည်နိုင် တဲ့စကားတွေ ကယောင်ကတန်းပြောနေရင်

(၃) ခေါင်းအရမ်းထိုးကိုက်ပြီး လည်ပင်းက တောင့်
လာရင်

(၄) တက်ရင်

(၅) ခြေလက် တစ်ဖက်ဖက် မလှုပ်ရှားနိုင်တော့ရင်

(၆) ခိုက်မိပြီး ခဏသတိလစ်သွားရင်

(၇) တစ်ကြိမ်မက အန်ရင်

(၈) နှာခေါင်းတို့ နားတို့ကနေ သွေး (သို့) အရည်
ကြည်ထွက်လာရင်

(၉) မျက်စိသူငယ်အိမ် အရွယ်အစား မျက်လုံးတစ်ဖက်နှင့်တစ်ဖက် မတူလာရင်

(၁၀) လူနာနေ့ည မမှတ်မိ၊ ဇဝေဇဝါဖြစ်လာရင်

စသည့်လက္ခဏာ များ ဒဏ်ရာရပြီး နာရီပိုင်းနှင့် ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာတတ်သည်။ ထိုလက္ခဏာများအနက် လက္ခဏာတစ်စုံတစ်ရာ တွေ့ရပါက ချက်ချင်းကုသမှု ခံယူရပါမည်။
❗ဒါတွေထဲက တစ်ခုခုဖြစ်တယ်ဆိုရင် အရေးကြီးပါ တယ်။

❌❌ ခေါင်းခိုက်မိတဲ့လူနာတွေ့ရင် ဘာတွေ
သတိထားရှောင်ရမလဲ ?

– သွေးတအားထွက်သော ခေါင်းဒဏ်ရာ (သို့) နက်သောဒဏ်ရာတွေကို မိမိဘာသာ မဆေးပါနဲ့။

– ဒဏ်ရာမှာ ကပ်နေ စိုက်နေတဲ့ ဘယ်အရာကိုမှ မ ဖယ်ပါနဲ့။

– လူနာကို မလိုအပ်ပဲ ရွှေ့တာ လှုပ်တာ မပြုလုပ်ပါ
နဲ့။

– လူနာ ဇဝေဇဝါဖြစ်နေချိန်မှာ လူနာကို ကိုင်လှုပ်ခြင်း မပြုပါနဲ့။

– ဆိုင်ကယ်စီး ဦးထုပ်ဆောင်းထားရင် မချွတ်ပါနဲ့။

– အမြင့်ပေါ်က ပြုတ်ကျတဲ့ကလေးကို ကောက်မ
ချီပါနဲ့။

– ခေါင်းကို ပြင်းပြင်းထန်ထန်ခိုက်မိပြီး ၄၈နာရီ အတွင်း အရက်မသောက်ပါနဲ့။

ယခုအနေအထားလောက်ဆိုရင် ခေါင်းခိုက်မိရင် ဘာတွေလုပ်ရမယ်၊ မလုပ်ရဘူး။ ဘာတွေစောင့် ကြည့်ရမယ်။ ဘယ်အခါ ဆေးရုံသွားဖို့လိုတယ် ဆိုတာတွေကို သိရှိနားလည်လောက်မယ်လို့မျှော်လင့် ပါတယ်။

Reference
Encyclopedia, M. and aid, H., 2022. Head injury - first aid: MedlinePkus Medical Encyclopedia. [online] MedlinePkus.gov. Available at:

Healthcare.com.mm
ဒေါက်တာသန်းထွဋ် - အိမ်သားသမားစာအုပ်


 #ဗိုက်နာခါးနာတယ်ဘာဖြစ်မှန်းမသိဘူးဆိုရင်ဝမ်းဗိုက်မှာရှိတဲ့အပိုင်း၉ပိုင်းကိုလေ့လာနိုင်ပါတယ် 9 Regions ကို လေ့လာခြင်းဖြင့်...
21/01/2025

#ဗိုက်နာခါးနာတယ်ဘာဖြစ်မှန်းမသိဘူးဆိုရင်ဝမ်းဗိုက်မှာရှိတဲ့အပိုင်း၉ပိုင်းကိုလေ့လာနိုင်ပါတယ်

9 Regions ကို လေ့လာခြင်းဖြင့် ဝမ်းဗိုက်ဘယ်နေရာမှာတော့ဘာဖြစ်တယ်ဆိုတာ အကြမ်းဖျဥ်းလေ့လာနိုင်ပါတယ်..

9 Regions of abdomen

✡ ဝမ်းဗိုက်အပေါ်ညာဘက်ပိုင်း
(Right Hypochondriac)

အသည်း၊ သည်းခြေအိတ်၊ ညာဘက်ကျောက်ကပ်နှင့် အူသိမ်၏ ညာဘက်အပိုင်းများ ပါဝင်သည်။

✡ ဝမ်းဗိုက်အပေါ်ဘယ်ဘက်ပိုင်း
(Left Hypochondriac)

သရက်ရွက်၊ ဘယ်ဘက်ကျောက်ကပ်၊ အစာအိမ်တစ်စိတ်တစ်ပိုင်း၊ ပန်ကရိယနှင့် အူမကြီး အစိတ်အပိုင်းများ ပါဝင်သည်။

✡ ဝမ်းဗိုက်အပေါ် အလည်ပိုင်း (Epigastric)

အစာအိမ်၊ အသည်းတစ်စိတ်တစ်ပိုင်း၊ ပန်ကရိယတစ်စိတ်တစ်ပိုင်း၊ duodenum တစ်စိတ်တစ်ပိုင်း၊ သရက်ရွက်တစ်စိတ်တစ်ပိုင်းနှင့် adrenal glands အများစုပါဝင်သည်။ အသက်ရှုနေစဉ်အတွင်း diaphragm ကျုံ့သွားသောအခါ ဤနေရာသည် တွန်းထုတ်သည်။

✡ ဝမ်းဗိုက်အလည် ညာဘက်ပိုင်း (Right Lumbar)

သည်းခြေအိတ်၊ ညာဘက်ကျောက်ကပ်၊ အသည်း၏ အစိတ်အပိုင်းနှင့် အူမကြီးပါဝင်သည်။

✡ ဝမ်းဗိုက်အလည်ဘယ်ဘက် (Left Lumbar)

ဆင်းလာသော အူမကြီးအစိတ်အပိုင်း၊ ဘယ်ဘက်ကျောက်ကပ်နှင့် သရက်ရွက်၏ အစိတ်အပိုင်းများ ပါဝင်သည်။

✡ ချက်တဝိုက်/ ဝမ်းဗိုက်အလည်ပိုင်း (Umbilicus)

duodenum အူသိမ် ၏ တစ်စိတ်တစ်ပိုင်း၊ jejunum နှင့် illeum ကဲ့သို့သော အူသိမ်၏ အစိတ်အပိုင်းများစွာ ပါဝင်ပါသည်။
၎င်းတွင် transverse colon (ကြီးတက်နေသော အူမကြီးကြား အပိုင်း) နှင့် ဘယ်ဘက်နှင့် ညာဘက် ကျောက်ကပ်နှစ်ခုလုံး၏ အောက်ခြေအပိုင်းများလည်း ပါရှိသည်။

✡ ဝမ်းဗိုက်အောက်ဆုံး ညာဘက်ပိုင်း
(Right Iliac Fossa)

နောက်ဆက်တွဲ cecum နှင့် ညာဘက် iliac fossa ပါရှိသည်။ ဤနေရာတွင် နာကျင်မှုသည် ယေဘုယျအားဖြင့် အူအတက်နှင့် ဆက်စပ်နေသည်။

✡ ဝမ်းဗိုက်အောက်ဆုံး ဘယ်ဘက်ပိုင်း
(Left Iliac Fossa)

ဆင်းသက်လာသော အူမကြီး၊ sigmoid အူမကြီးနှင့် ဘယ်ဘက် illiac fossa တို့ ပါဝင်ပါသည်။

✡ ဝမ်းဗိုက်အောက်ဆုံးပိုင်း (Hypogastric)

အစာအိမ်အောက်ပိုင်း၏ ဆီးခုံအရိုးတစ်ဝိုက်ရှိ အင်္ဂါများပါရှိသည်။
ဆီးအိမ်၊ sigmoid အူမကြီး၏ အစိတ်အပိုင်း၊ စအိုနှင့် မျိုးပွားမှုစနစ်၏ အင်္ဂါအစိတ်အပိုင်းများဖြစ်သည့် သားအိမ်၊ သားဥအိမ်နှင့်
အမျိုးသားများတွင် သုတ်အိတ်၊ သုတ်ပြွန်၊ ဆီးကျိတ်ကဲ့သို့သော မျိုးပွားအင်္ဂါများ ပါဝင်သည်။

ယေဘူယျအားဖြင့်ဆိုသော်
✅ဝမ်းဗိုက်အပေါ်ညာဘက် အပေါ်ပိုင်းတွင်

ညာဘက်အပေါ်ထောင့်တွင် အသည်း၏ညာဘက်အပိုင်း၊ သည်းခြေအိတ်၊ ညာဘက်ကျောက်ကပ်၊ အစာအိမ်၏သေးငယ်သောအပိုင်း၊ duodenum၊ ပန်ကရိယ၏ဦးခေါင်း၊ အူမကြီးအစိတ်အပိုင်းများနှင့် အူသိမ်အစိတ်အပိုင်းများပါရှိသည်။

❗ဤနေရာတွင် နာကျင်မှုသည် သည်းခြေအိတ်နှင့် အသည်း သို့မဟုတ် အစာအိမ်အတွင်းရှိ အူလမ်းကြောင်းအတွင်း ပိုးဝင်ခြင်းနှင့် ရောင်ရမ်းခြင်းနှင့် ဆက်စပ်နေတတ်သည်။

✅ ဝမ်းဗိုက်ဘယ်ဘက် အပေါ်ပိုင်းတွင်

အသည်း၏ဘယ်ဘက်အပိုင်း၊ အစာအိမ်၏တစ်စိတ်တစ်ပိုင်း၊ ပန်ကရိယ၊ ဘယ်ဘက်ကျောက်ကပ်၊ သရက်ရွက်၊ transverse နှင့် descending colon အပိုင်းများနှင့် အူသိမ်အစိတ်အပိုင်းများ၏တည်နေရာဖြစ်သည်။

❗ ဤနေရာရှိ နာကျင်မှုသည် အူလမ်းကြောင်းနှင့် အူမကြီး လည်ပတ်မှု ချို့ယွင်းခြင်းနှင့် ဆက်စပ်နေသည်။

✅ ဝမ်းဗိုက်ညာဘက် အောက်ပိုင်းတွင်

cecum၊ အူအတက်၊ အူသိမ်၏တစ်စိတ်တစ်ပိုင်း၊ အမျိုးသမီးမျိုးပွားမှုစနစ်၏ညာဘက်တစ်ဝက်နှင့ညာဘက် ဆီးပြွန်တည်ရှိသည်။

❗ဤနေရာတွင် နာကျင်မှုသည် အူအတက်နှင့် ဆက်စပ်မှု အများဆုံးဖြစ်သည်။

✅ ဝမ်းဗိုက်ဘယ်ဘက် အောက်ပိုင်းတွက်

အူသိမ်အများစု၊ အူမကြီးအချို့၊ အမျိုးသမီးမျိုးပွားစနစ်၏ ဘယ်ဘက်တစ်ခြမ်းနှင့် ဘယ်ဘက်ဆီးပြွန် တို့ဖြစ်သည်။

❗ဤနေရာရှိ နာကျင်မှုသည် ယေဘုယျအားဖြင့် colitis (အူမကြီးရောင်ခြင်း) နှင့် အမျိုးသမီးများတွင် တင်ပါးဆုံတွင်း ရောင်ရမ်းသောရောဂါနှင့် သားအိမ်အရည်ကြည်များ နှင့် ဆက်စပ်နေသည်။

ဝမ်းဗိုက်ရှိ ခန္ဓာဗေဒကို ဖော်ပြခြင်းသည် မည်သည့်နေရာ များတွင် နာကျင်ကိုက်ခဲမှု ခံစားရသည်ကို အခြေခံ၍ ရောဂါတစ်ခုတွင် မည်သည့် ကိုယ်တွင်းအင်္ဂါနှင့် တစ်ရှူးများ ပါဝင်နေသည်ကို ဆုံးဖြတ်နိုင်ရန် ကူညီပေးသည်။

ဗဟုသုတရစေရန် ဖော်ပြခြင်းဖြစ်သည်။

Ref;
https://med.libretexts.org/Bookshelves/Anatomy_and_Physiology/Anatomy_and_Physiology_(Boundless)/1%3A_Introduction_to_Anatomy_and_Physiology/1.4%3A_Mapping_the_Body/1.4F%3A_Abdominopelvic_Regions



သိပ်ကိုရက်စက်လွန်းတဲ့ ဆေးတွဲတွေပြည်သူတွေဟာ ကျပ်တည်းလာကြပါတယ် ကျပ်တည်းလာတာနဲ့အတူ အလုပ်ကြမ်းလုပ်ရတဲ့သူတွေဟာ ကိုက်ခဲ ညောင်း...
20/01/2025

သိပ်ကိုရက်စက်လွန်းတဲ့ ဆေးတွဲတွေ

ပြည်သူတွေဟာ ကျပ်တည်းလာကြပါတယ် ကျပ်တည်းလာတာနဲ့အတူ အလုပ်ကြမ်းလုပ်ရတဲ့သူတွေဟာ ကိုက်ခဲ ညောင်းညာတဲ့အခါ ဆေးမြီးတိုတွေရှာကြပါတော့တယ်။

ငွေကလည်း တတ်မနို်ငတော့ စျေးသက်သာတဲ့ဆေးတွဲတွေကို ရှာဝယ်ကြပါတော့တယ်။ အောက်ကပုံထဲက ဆေးတတွဲကိုသောက်ကြည့်လိုက်ပါ။ ညောင်းညာကိုက်ခဲနေတာတွေက ငါးမိနစ်အတွင်း ယူပစ်သလိုပျောက်သွားပါလိမ့်မယ်.... (တကယ် ငါးမိနစ်အတွင်းပါ။) နောက်ပြီး စားဝင်မယ်အိပ်ပျော်မယ် လူကလန်းဆန်းနေမယ် အလုပ်ပိုလုပ်နိုင်မယ်။

ဒါပေမယ့်

ရေတိုအကျိုးသက်ရောက်မှုအနေနဲံ

၁. မျက်နှာအမ်းတန်းတန်းဖြစ်မယ်။
၂. ခေါင်းထိုးမယ်
၃. တစ်ချို့ ဗိုက်အောင့်မယ်

ရေရှည်အကျိုးသက်ရောက်မှုအနေနဲ့

၁. ဗိုက်နာ ကြာရှည်ရာကနေ အစာအိပ်သေွးကြောပေါက် သွေးအန်မယ်။ ၂. ဆီးချို သွေးတိုးဝင်လာမယ်
၃. အရိုးပွမယ်
၄. လူဝလာမယ်
၅, ဆေးမသောက်ရရင် လူမလန်းဘူး သွေးပေါင်ကျလာမယ်။
၆. ကျောက်ကပ်ပျက်စီးမယ်
၇ အသည်းထိမယ်

ဘာလို့လဲ ဆိုတော့ ဒီဆေးထုတ်ထဲမှာ ဒီလိုဆိုးကျိုးမျိုးကိုဖြစ်စေနိုင်တဲ့

၁. Steroid လို့ခေါ်တဲ့ အရောင်ကျဆေး (ဆရာဝန်‌တောင် အရမ်းမပေးရတဲ့ဆေး) နဲ့
၂. အကိုက်အခဲပျောက်ဆေး သုံးလေးမျိုးကိုရောထည့်ထားလို့ပဲဖြစ်ပါတယ်။

ဒါ ကိုယ့်ပိုက်ဆံ ကိုယ်အကုန်ခံပြီး သတ်သေနေကြတာပါ။ ခဏတာသက်သာမှုကိုကြည့်ပြီး ရေရှည်မှာ ကုသရခက်တဲ့ ကုလို့မရနိုင်တဲ့ ရောဂါပေါင်းစုံစွဲကပ်လာနိုင်မယ့် ဒီလိုဆေးမျိုးကိုရှောင်ရှားနိုင်ကြပါစေလို့ မေတ္တာဖြင့်အကြံပြုအပ်ပါတယ်။

(တချို့သော မြန်မာဆေးမှုန့်များဟာလည်း အထက်ပါ ဆေးများကို ထောင်းထည့်ထားတာမျိုးရှိတတ်လို့ သတိနဲ့ယှဥ်သောက်သုံးစေလိုပါတယ်။)

ကျွန်တော်တို့ OSK online clinic တွင်လည်း အထွေထွေရောဂါအထူးကုသမားတော် အထွေထွေရောဂါကုဆရာဝန်များနှင့်တိုင်ပင်ဆွေးနွေးနိုင်ပြီဖြစ်ပါကြောင်အသိပေးအပ်ပါတယ်။

Credit - Dr. Kaung

OSK - Online Clinic

Address

Magway

Website

Alerts

Be the first to know and let us send you an email when General Knowledge for General Health - အထွေထွေကျန်းမာ သုတပဒေသာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share