Myittar Goon Shain Family Pharmacy

Myittar Goon Shain Family Pharmacy Fame ထုတ်ဆေးမျိုးစုံနဲ့ တိုင်းရင်းဆေးတို့ကို တစ်နေရာတည်းမှာစုံလင်စွာအားပေးနိုင်ပါပြီ။

10/11/2025

Daily Vlog

10/11/2025

မဂ်လာအပေါင်းနဲ့ပြည့်စုံသောနေ့တစ်နေ့ဖြစ်ကြပါစေ🙏🙏🙏
အောင် အရဟံ လာဘံ သိဒ္ဓိ
အောင် အရဟံ ပီယံ သိဒ္ဓိ
အောင် အရဟံ ဓနံ သိဒ္ဓိ
ငွေတွေအဖက်ဖက်မှဝင်လာပါစေ🙏🙏🙏
ဤစာဖတ်နေသောသူသည်လည်း ဤနေ့ဤအချိန်မှစ၍ ဘေးအန္တာရာယ်ကင်းဝေးပါစေ။
စိတ်ဆင်းရဲလဲ ကင်းပါစေ။
ကိုယ်ဆင်းရဲလဲကင်းပါစေ။
ကိုယ်ရောစိတ်ပါနှစ်ဖြာစလုံးကျန်းမာချမ်းသာကြပါစေ🙏🙏🙏

Morning 🥰🥰🥰
10/11/2025

Morning 🥰🥰🥰

Fame products များဝယ်ယူရရှိနိုင်ပါပြီ လိုအုပ်သည့်ဆေးများလာရောက်အားပေးနိုင်ပါပြီရှင်။
20/10/2025

Fame products များဝယ်ယူရရှိနိုင်ပါပြီ လိုအုပ်သည့်ဆေးများလာရောက်အားပေးနိုင်ပါပြီရှင်။

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများကျောက်ကွဲပင် ……………………… ၁၀၀ မီလီဂရမ်အလိုကျူအဆီအနှစ် …………….. ၁၀၀ မီလီဂရမ်နတ်ဆ...
20/10/2025

ဆေးတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
ကျောက်ကွဲပင် ……………………… ၁၀၀ မီလီဂရမ်
အလိုကျူအဆီအနှစ် …………….. ၁၀၀ မီလီဂရမ်
နတ်ဆေးဂမုန်းအဆီအနှစ်………… ၈၀ မီလီဂရမ်
သံမနိုင်ကျောက်မနိုင် ……………… ၂၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်များ
ဆီးကျောက်ပျော်ဆေး တွင်ပါဝင်သော ဆေးဖက်ဝင်အပင်များတွင် Glycosaminoglycans ဟုခေါ်သည့် ဒြပ်ပေါင်းများ ပါဝင်ပါသည်။ ယင်းဒြပ်ပေါင်းများသည် ကယ်လ်စီယမ်အောက်စလိတ်များ ဆီးတွင်း အနည်ကျခြင်းကို ဟန့်တားပေးနိုင်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများသည် ဆီးတွင်းအနည်ကျပြီး ဖြစ်ပေါ်လာသေ အစိုင်အခဲလေးများကြောင့် ကျောက်ကပ်ရှိ ကလာပ်စည်းများ ထိခိုက်ပျက်စီးခြင်းကို လျော့နည်းစေသည်။ ဆီးကောင်းစွာ သွားစေခြင်း၊ ဆီးတွင်းအနည်ကျမှုကို တားဆီးပေးခြင်းနှင့် ဓာတ်တိုးဆန့်ကျင်ပေးနိုင်ခြင်း စသည့် အာနိသင်တို့ကြောင့် ဆီးကျောက်တည်ခြင်းကို ဟန့်တားပေးနိုင်ခြင်း ဖြစ်ပါသည်။

ယင်းအပင်များတွင် သဘာဝဒြပ်ပေါင်းများစွာ ပါဝင်ပါသည်။ ထိုဒြပ်ပေါင်းများသည် ဆီးကျောက်တည်ခြင်းကို နည်းလမ်းအသွယ်သွယ်ဖြင့် တားဆီးပေးနိုင်သည်။

ဆီးတွင်း အစိုင်အခဲလေးများ ဖြစ်ပေါ်ခြင်း၊ စုဝေးပြီး ကြီးထွားလာခြင်းတို့ကိုလည်း ဟန့်တားနိုင်စွမ်း ရှိပါသည်။

အောက်စလိတ်အစိုင်အခဲလေးများ ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို ထိန်းညှိဆောင်ရွက်ပေးခြင်းနှင့် ကျောက်ကပ်၏ လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေသောကြောင့်
ဆီးလမ်းကြောင်းတွင် ထပ်မံကျောက်တည်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။

သုံးစွဲနိုင်သောရောဂါများ
ဆီးကျဉ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်းကို ကာကွယ်ရန်အတွက် လည်းကောင်း၊ ကုသရန်အတွက် လည်းကောင်း အသုံးပြုနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ
လူကြီး – ကြိုတင်ကာကွယ်လိုသူများ တစ်နေ့လျှင် ဆေးတစ်တောင့်၊ ဆီးကျောက်ဝေဒနာရှင်များ တစ်ခါသောက် ဆေးတစ်တောင့်မှ နှစ်တောင့်၊ တစ်နေ့ သုံးကြိမ် အစားမစားမီ ရေများများနှင့် သောက်ပါ။

ဘေးထွက်ဆိုးကျိုး
အချို့သောလူများတွင် သွေးပေါင်ချိန် အနည်းငယ် ကျတတ်ပါသည်။

အခြားသောဆေးများနှင့် တွဲဖက်သုံးစွဲမှု
Probiotics supplement ဖြစ်သော ဒိန်ချဉ်ဆေး နှင့် တွဲဖက်သောက်သုံးပါက အာနိသင် ပိုမိုထက်မြက်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးတောင့် (၆၀) ပါဝင်ပါသည်။

ဆေးပြားတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများတမာရွက်အဆီအနှစ် …………….. ၆၀ မီလီဂရမ်လင်းနေအဆီအနှစ် ……………….. ၅၀ မီလီဂရမ်ပ...
20/10/2025

ဆေးပြားတောင့်တစ်တောင့်တွင် ပါဝင်သောဆေးပစ္စည်းများ
တမာရွက်အဆီအနှစ် …………….. ၆၀ မီလီဂရမ်
လင်းနေအဆီအနှစ် ……………….. ၅၀ မီလီဂရမ်
ပဒဲကောအဆီအနှစ် ………………. ၃၀ မီလီဂရမ်
လောက်သေအဆီအနှစ် ………… ၂၅ မီလီဂရမ်
ဆီးဖြူသီးအမှုန့် ……………………. ၄၅ မီလီဂရမ်
ဂျင်ဆင်းအမှုန့် ……………………… ၄၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်
Alkaloid, flavonoid, tannin ဒြပ်ပေါင်းများ ပါဝင်သဖြင့် Gram ဆေးဆိုးလျှင် ဆေးရောင်စွဲသော ပိုးများဖြစ်သည့် Streptococcus နှင့် Staphylococcus တို့ကိုလည်းကောင်း၊ ဆေးရောင်မစွဲသော ပိုးများဖြစ်သည့် Neisseria, Coliform, Haemophilus influenzae နှင့် အက်စစ်စွဲသော Mycobacterium ပိုးတို့ကို နိုင်နင်းသော အစွမ်းသတ္တိရှိပါသည်။

သုံးစွဲနိုင်သောရောဂါများ
အသက်ရှူလမ်းကြောင်း၌ စွဲကပ်တတ်သော ဘက်တီးရီးယားများကို နှိမ်နင်းရာတွင် အသုံးပြုနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ
၂ နှစ် မှ ၁၂ နှစ် – ဆေးပြားတောင့် တစ်တောင့်၊ တစ်နေ့ နှစ်ကြိမ်
၁၂ နှစ် အထက် – ဆေးပြားတောင့် နှစ်တောင့်၊ တစ်နေ့ နှစ်ကြိမ် အစာမစားမီ သောက်ပါ။
◆ လတ်တလော အသက်ရှူလမ်းကြောင်းပိုးဝင်ရောဂါအတွက် (၇) ရက် သောက်ပါ။
◆ နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါအတွက် (၆) လ သောက်ပါ။

ဘေးထွက်ဆိုးကျိုး
အချို့သောသူများတွင် ပျို့အန်ခြင်း ဖြစ်နိုင်ပါသည်။

အသုံးမပြုသင့်သော အခြေအနေများ
အသက် (၂) နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နိုတိုက်မိခင်များ မသောက်သုံးရပါ။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးတွင် ဆေးပြားတောင့် (၆၀) ပါဝင်ပါသည်။

Fame ရဲ့အနာကျက်ပျောက်ဆေးလေးလဲရှိပါတယ်နော် ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်းများနနွင်းအဆီအနှစ် …………………………….. ၁၅၀ မီလီ...
12/10/2025

Fame ရဲ့အနာကျက်ပျောက်ဆေးလေးလဲရှိပါတယ်နော်

ဆေးပြားတစ်ပြားတွင် ပါဝင်သောဆေးပစ္စည်းများ
နနွင်းအဆီအနှစ် …………………………….. ၁၅၀ မီလီဂရမ်
ရှားစောင်းလက်ပပ် အဆီအနှစ် ……… ၁၀၀ မီလီဂရမ်
ဒန်းကြီးအဆီအနှစ် …………………………… ၅၀ မီလီဂရမ်
ဆီးဖြူသီးအမှုန့် ……………………………….. ၅၀ မီလီဂရမ်

ဆေးဖက်ဝင်အာနိသင်
နနွင်း တွင် ပါဝင်သော curcumin ဒြပ်ပေါင်းသည် သဘာဝတွင် တွေ့ရသည့် အစွမ်းအထက်မြက်ဆုံးသော အနာကျက်စေသည့် ဓာတ်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ သွေးကြောတွင်း သွေးခဲပိတ်ဆို့မှုကို ဟန့်တားစေခြင်းဖြင့် ရောင်ရမ်းခြင်းအမျိုးမျိုးကို လျော့နည်းသက်သာစေပါသည်။ ဘက်တီးရီးယား ဆဲလ်နံရံထုတ်လုပ်မှုကို ရပ်တန့်စေခြင်းဖြင့် ပိုးပေါက်ပွားမှုကို တားဆီးပေးသည်။ ထို့အပြင် အရေပြားပေါ်၌ စွဲကပ်နေသော မှိုများကို သေစေပြီး ပွေး၊ ဝဲ၊ နှင်းခူ နှင့် အချို့သော အရေပြားရောဂါများကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါသည်။

ရှားစောင်းလက်ပပ် တွင် အနာကျက်မြန်စေသော ဆေးဖက်ဝင်ဒြပ်ပေါင်းများ ပါရှိသည်။ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကို သေစေနိုင်ပြီး အရောင်ကျစေသော အာနိသင်လည်း ရှိပါသည်။ အနာဆွေးများကို ဖယ်ရှားပြီး အသားနုတက်ခြင်းကို လျင်မြန်စေပါသည်။

ဒန်းကြီး သည် အရေပြားတွင်ဖြစ်သော အနာစိမ်းရောဂါကို အလွန်နိုင်နင်းသော ဆေးဖက်ဝင်အပင်ဖြစ်၍ ရှေးယခင်ကတည်းက သုံးစွဲခဲ့ကြပါသည်။ အရေပြားပွန်းပဲ့ရှနာကိုလည်း လျင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်။

ဆီးဖြူသီး တွင် သဘာဝဗီတာမင်စီနှင့် SOD အင်ဇိုင်းများ ပေါများစွာ တွေ့ရှိရပါသည်။ ထိုဒြပ်ပေါင်းများသည် အရေပြားအပြင်လွှာ တစ်သျှူးကို ဖြစ်စေသော ပရိုတင်းတစ်မျိုးဖြစ်သည့် collagen ထုတ်လုပ်ခြင်းတွင် မရှိမဖြစ် လိုအပ်ပါသည်။ collagen သည် အရွတ်နှင့် သွေးကြောများ ဖြစ်ပေါ်မှုတွင် များစွာ အရေးပါသည်။ သဘာဝဗီတာမင်စီနှင့် SOD အင်ဇိုင်းသည် အရေပြားတွင် အနာများဖြစ်ပွားမှုကို ကာကွယ်ရန်နှင့် ဒဏ်ရာများ အနာကျက်မြန်စေရန် များစွာအထောက်အကူပြုသည်။

သုံးစွဲနိုင်သောရောဂါများ
◆ အပူလောင်ဒဏ်ရာ
◆ ခွဲစိတ်ဒဏ်ရာ
◆ အရေပြား ထိခိုက်ရှနာဒဏ်ရာတို့တွင် အနာကျက်မြန်စေရန် သောက်သုံးနိုင်ပါသည်။

သုံးစွဲရန်ဆေးပမာဏ
တစ်ခါသောက် ဆေးပြား တစ်ပြား၊ တစ်နေ့ နှစ်ကြိမ် အစာစားပြီး သောက်ပါ။

ဘေးထွက်ဆိုးကျိုးများ
ဆေးသောက်နေစဉ်အတွင်း အချို့သောသူများတွင် ဝမ်းချုပ်ခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ ဖြစ်နိုင်ပါသည်။

သတိပြုရန်
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သည်းခြေကျောက်ရှိသူများ၊ သွေးအားနည်းသူများ ကျွမ်းကျင်သော သမားတော်နှင့် ပြသပြီးမှ အသုံးပြုပါ။
မည်သို့သော ခွဲစိတ်မှုမျိုးတွင်မဆို မခွဲစိတ်မီ နှစ်ပတ်ကြိုတင်၍ ဆေးသောက်သုံးမှုကို ရပ်တန့်သင့်ပါသည်။

ထုပ်ပိုးပုံ
ဆေးတစ်ဘူးလျှင် ဆေးပြား (၆၀) ပါဝင်ပါသည်။

မေတ္တာဂုဏ်ရှိန်ဆေးဆိုင်မှ နွေးထွေးစွာကြိုဆိုပါတယ်ရှင်။ ကာကာတို့ လိုအပ်တဲ့ အိမ်သုံးဆေးနဲ့ လူသုံးကုန် လိုအပ်သည်များရှိကလာရ...
07/10/2025

မေတ္တာဂုဏ်ရှိန်ဆေးဆိုင်မှ နွေးထွေးစွာကြိုဆိုပါတယ်ရှင်။
ကာကာတို့ လိုအပ်တဲ့ အိမ်သုံးဆေးနဲ့ လူသုံးကုန် လိုအပ်သည်များရှိကလာရောက် ဝယ်ယူအားပေးနိုင်ပါသည်။ 😍🥰

အိတ်အလှလေးတွေအတွက် ၃၊ ၄ ချိတ်လောက်တော့ရှိထားသင့်တယ်နော်☺
22/11/2024

အိတ်အလှလေးတွေအတွက် ၃၊ ၄ ချိတ်လောက်တော့ရှိထားသင့်တယ်နော်☺

Address

No(16), Awayar Road, Yankyaw Qtr, Magway
Magway

Website

Alerts

Be the first to know and let us send you an email when Myittar Goon Shain Family Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share