BMM Pharmacy Store

BMM Pharmacy Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BMM Pharmacy Store, Medical and health, Mandalay.

မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ကြပါစေ❤️❤️❤️❤️
02/01/2024

မင်္ဂလာရှိသောနံနက်ခင်းလေးဖြစ်ကြပါစေ❤️❤️❤️❤️

ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြ...
01/01/2024

ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။
ဆောင်းတွင်းက တခြားရာသီနဲ့ ယှဥ်ရင် ချောင်းဆိုးတာ ပိုအဖြစ်များပါတယ်။ ညဦးပိုင်းလောက် ရောက်လာပြီဆိုရင် အိမ်နီးချင်းတွေဆီကနေ ချောင်းသံလေး တဟွတ်ဟွတ်ကို မကြာခဏ ကြားရမှာပါ။ ကိုယ်ကိုယ်တိုင်လည်း တခြားအချိန်တွေထက် ချောင်းဆိုးတာမျိုးတွေ ပိုဖြစ်တတ်ပါတယ်။ ဒီလိုမျိုး ဆောင်းရာသီ ချောင်းဆိုးခြင်းကို သက်သာစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ဆောင်းရာသီမှာ မကြာခဏ ချောင်းဆိုးရတဲ့ အကြောင်းရင်း
ဗိုင်းရပ်စ်ပိုးတွေကြောင့်
အေးမြတဲ့ရာသီဖြစ်တာကြောင့် ဗိုင်းရပ်စ်ပိုးတွေက ရှင်သန်လွယ်ပါတယ်။ အများစုက အိမ်ထဲမှာပဲ အလုံပိတ်နေကြတာကြောင့် တစ်ယောက်နဲ့ တစ်ယောက်လည်း ကူးစက်လွယ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ တုပ်ကွေးအပါအဝင် ဗိုင်းရပ်စ်တော်တော်များများက ခေါင်းထောင်တတ်ပါတယ်။ ဒီလို ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ချောင်းဆိုးခြင်းတွေက ချောင်းခြောက်ဖြစ်တာ များပါတယ်။

လေထုခြောက်သွေ့တာကြောင့်
ခြောက်သွေ့တဲ့ လေထုကိုပဲ အမြဲတစေ ရှူနေရတာကြောင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်က အမြှေးပါးတွေ ခြောက်သွေ့လာပါတယ်။ ဒါကြောင့် နေရတာ ကသိကအောက် ဖြစ်လာပါတယ်။ ဒါကို သက်သာစေဖို့ လည်ချောင်းရှင်းတဲ့ အနေနဲ့ မကြာခဏ ချောင်းဆိုးရပါတယ်။

အလာဂျီကြောင့်
ဆောင်းတွင်းမှာ ပန်းပွင့်တဲ့အတွက် ထွက်လာတဲ့ ဝတ်မှုန်တွေ၊ အိမ်ထဲက ဖုန်တွေ၊ မှိုတွေ စတာတွေက ဓာတ်မတည့် ရောဂါရှိသူတွေကို အလာဂျီထစေပါတယ်။ ဒါကြောင့် နေမကောင်း မဖြစ်ပါဘဲနဲ့ နေ့စဉ်နဲ့အမျှ ချောင်းဆိုးတာ၊ နှာချောတာ ဖြစ်တတ်ပါတယ်။

ပန်းနာရင်ကျပ်ထတာ
အေးမြတဲ့ ရာသီဥတုက တချို့ပန်းနာရင်ကျပ်လူနာတွေအတွက် ရောဂါဟောင်းကို ပြန်ထစေပါတယ်။ ပြနေကျ လက္ခဏာတွေအတိုင်း တရွှီရွှီမြည်ပြီး ကျပ်တာလည်း ရှိနိုင်သလို ချောင်းတဟွတ်ဟွတ်ဆိုးတာလည်း ရှိနိုင်ပါတယ်။ အများအားဖြင့် အအေးပိုတဲ့ ညဦးပိုင်းနဲ့ အရုဏ်တက်ချိန်မှာ ဖြစ်တတ်ပါတယ်။

ကြောက်စရာကောင်းတဲ့ ဆောင်းရာသီ ချောင်းဆိုးခြင်းကို ဒီလိုအနိုင်ယူပါ။
ဆောင်းရာသီ မှာ ချောင်းဆိုးတာ က ရောဂါကြီးကြီးမားမားကြောင့် ဆိုတာထက် ပတ်ဝန်းကျင်အခြေအနေကြောင့် ဖြစ်တာများပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် အခြေအနေကို ပြုပြင်လိုက်ရင် အများစုက သက်သာသွားကြပါတယ်။

ချောင်းဆိုးတာသက်သာဖို့ဆိုရင်တော့
ချောင်းခြောက်ဆိုးနေရင် Chlorpheniramine၊ Dextromethorphan တို့လိုမျိုး ချောင်းဆိုးတာကို သက်သာစေနိုင်တဲ့ အရာတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေးမျိုးကို သောက်တာကတော့ အကောင်းဆုံးပါ။ ဒီလို သောက်သုံးပေးတာက လက္ခဏာတွေကို သက်သာစေတာကြောင့် ဘာကြောင့်ဆိုးဆိုး သောက်လို့ရပါတယ်။
အလာဂျီပါ ရှိနေရင်တော့ အလာဂျီပျောက်ဆေးပါ သောက်နိုင်ပါတယ်။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် နေ့စဉ်ချောင်းဆိုးနေတာက အလုပ်ပျက်၊ အိပ်ရေးပျက်ပြီး ရင်ဘတ်တွေ အောင့်လာတတ်လို့ပါ။
ဗိုင်းရပ်စ်ပိုးတွေကြောင့် ချောင်းမဆိုးစေဖို့
မကြာခဏ လက်ဆေးပါ။
နေမကောင်းတဲ့ သူနဲ့ ဝေးဝေး နေပါ။
အာဟာရပြည့်အောင် စားပါ။
လှုပ်လှုပ်ရှားရှားနေပါ။
များများအနားယူပါ။
လေထုခြောက်သွေ့တာကြောင့် ချောင်းမဆိုးစေဖို့
ရေများများသောက်ပါ။ လေထုခြောက်သွေ့တာကြောင့် လည်ချောင်းခြောက်သွေ့တာကို သက်သာစေပါတယ်။
ဒါ့ပြင် လည်ချောင်းခြောက်သွေ့ ယားယံတာကို သက်သာစေဖို့ ပျားသံပုရာ ရေနွေးကြမ်း၊ စွပ်ပြုတ်ပူပူ သောက်ပေးနိုင်ပါတယ်။
ဆားရည်နွေးနွေးနဲ့ အာလုပ်ကျင်းပေးတာကလည်း လည်ချောင်းနာတာကို သက်သာစေပါတယ်။
လေထုခြောက်သွေ့တာကို ကာကွယ်ဖို့ အိမ်ထဲမှာ ရေငွေ့လွှတ်စက် ဖွင့်ထားနိုင်ပါတယ်။ ရေချိုးရင် ရေကျက်သီးနွေးနဲ့ ချိုးနိုင်ပါတယ်။

အလာဂျီကြောင့် ချောင်းမဆိုးစေဖို့
မိမိနဲ့ မတည့်တာကို ရှောင်ပါ။
အိမ်သန့်ရှင်းရေး ပုံမှန်လုပ်ပါ။
ပန်းနာရင်ကျပ်ထတာကြောင့် ချောင်းမဆိုးစေဖို့
နွေးနွေးထွေးထွေးနေပါ။ အထူးသဖြင့် ညအိပ်ရင် လုံလုံခြုံခြုံ အိပ်ပါ။
မနက်အစောပိုင်းတွေမှာ အိမ်ပြင်ထွက်ပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်း လုပ်တာကို ရှောင်ပါ။ နေပွင့်မှ အပြင်ထွက်ပါ။
ပန်းနာရင်ကျပ် ရှူဆေးကို အနီးအနားမှာ အမြဲဆောင်ထားပါ။
ဒီလိုနည်းလမ်းတွေနဲ့ ဆိုရင်တော့ ဆောင်းရာသီကို ချောင်းသံကင်းကင်းနဲ့ ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။

Khin Myo Aye  အကောင့်ပိုင်ရှင်လေး congratulations 👏👏👏👏ပါ
01/01/2024

Khin Myo Aye အကောင့်ပိုင်ရှင်လေး congratulations 👏👏👏👏ပါ

နှစ်သစ်ကူး လက်ဆောင်လေးပါPh bill (or) K pay 5000 ဝင်ယူပါနော့...နောက်ဆုံးဂဏန်း(2)လုံး မန့်ပေးပါ။တစ်ယောက်ကို 5 ကြိမ်ပါဗျ။ ပ...
31/12/2023

နှစ်သစ်ကူး လက်ဆောင်လေးပါ
Ph bill (or) K pay 5000 ဝင်ယူပါနော့...

နောက်ဆုံးဂဏန်း(2)လုံး မန့်ပေးပါ။တစ်ယောက်ကို 5 ကြိမ်ပါဗျ။ ပထမဆုံးမှန်သူပေးပါ့မယ်ဗျာ့
share screenshot လေးနဲ့မန့်‌ပေးပါနော့

Page လေးကို Like & Follow နဲ့ Share လုပ်ပေးကြပါအုံး သူငယ်ချင်းအသဲလေးတို့ရေ 😘😘😘

အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေဗျ။

May Be Happy New Year 🎊🎊🎊ထွက်ပြေးသွားတာလဲမဟုတ်ဖမ်းယူဆုပ်ကိုင်ထားလို့လဲမရကိုယ်နဲ့ခဏတော့အတူရှိခဲ့ဖူးတယ်💞💞သူ့ရဲ့အမှတ်တရတွေက...
31/12/2023

May Be Happy New Year 🎊🎊🎊
ထွက်ပြေးသွားတာလဲမဟုတ်
ဖမ်းယူဆုပ်ကိုင်ထားလို့လဲမရ
ကိုယ်နဲ့ခဏတော့အတူရှိခဲ့ဖူးတယ်💞💞
သူ့ရဲ့အမှတ်တရတွေကို
အသိဉာဏ်တွေထဲခေါက်သိမ်းရင်း
သူကျောခိုင်းတာကို
ငေးကြည့်နေမိတယ် ....
" သူ " ဆိုတာ " 2023 " *** ပေါ့
ဟော....ပြောရင်းနဲ့
သူ့နေရာနောက်တခုလာပြီ လေ..
အို ... " 2024 "****
ကမ္ဘာမြေကို ပျော်စရာတွေ ယူလာစေ ...
လူတွေအကုန်လုံး ပြုံးပျော်စေ ...
လိုအင်ဆန္ဒတွေ ပြည့်ကြစေဖို့ ...
သူရောက်ရှိလာတာပဲဖြစ်ပါစေလေ ...
အို ... " 2024 "****....

ကဲ မိတ်ဆွေတို့ရေ ဒါလေးတွေလည်း မှတ်ထားအုံးနော် ......အနာအမျိုးမျိုးအတွက်ဆေးများ💊💊ဆေးလေးတွေက ဘာရောဂါ အတွက်ဆိုတာသိရုံသက်သက်...
29/09/2023

ကဲ မိတ်ဆွေတို့ရေ ဒါလေးတွေလည်း မှတ်ထားအုံးနော် ......
အနာအမျိုးမျိုးအတွက်ဆေးများ💊💊

ဆေးလေးတွေက ဘာရောဂါ အတွက်ဆိုတာသိရုံသက်သက်ပါနော်။

ဆေးတွေရဲ့အသုံးကအများကြီးကျယ်ပြန့်ပါတယ်။
မည်သည့်ဆေးမဆို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်တာ သုံးစွဲတာသာအကောင်းဆုံးပါ။
ချစ်ခြင်းအားဖြင့်......

Montelukast (မွန်တီလူးကတ်စ်)အခုလို နှာဆီး၊ချောင်းဆိုး၊ ရင်ကျပ်ရောဂါတွေ ပျံနှံ့လာတဲ့ အခါမျိုးမှာ Montelukast ဒီဆေးလေးကို ...
20/09/2023

Montelukast (မွန်တီလူးကတ်စ်)

အခုလို နှာဆီး၊ချောင်းဆိုး၊ ရင်ကျပ်ရောဂါတွေ ပျံနှံ့လာတဲ့ အခါမျိုးမှာ Montelukast ဒီဆေးလေးကို ဆောင်ထားသင့်ပါတယ်နော်။

အသုံးပြုခြင်း

ပန်းနာရင်ကျပ်ရောဂါ ကာကွယ်ရန် အသုံးပြုသည်။

ဆေးအညွှန်း

စားဆေး ၁၀ မိလီဂရမ် နှင့် စားဆေး 5 မီလီဂရမ်
တစ်နေ့ ၁ ကြိမ် ညဘက်သောက်ရန်။

သတိပြုရန်❗❗❗

ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။

ကိုယ်ဝန်သည်များ၊

နို့တိုက်မိခင်များ၊

ေဘးထွက်ဆိုးကျိုးမ​ျား❓❓❓

ဗိုက်နာခြင်း၊

ရေငတ်ခြင်း၊

ခေါင်းကိုက်ခြင်း၊

အာခြောက်ခြင်း၊

ပျို့ခြင်း၊

အန်ခြင်း၊

ဖောရောင်ခြင်း၊

အသည်ထိခိုက်ခြင်း၊

ရင်တုန်ခြင်း၊

ရှောင်ရန်

အသည်မကောင်းသူများ၊

နို့တိုက်မိခင်များရှောင်သင့်သည်။

ကင်ဆာဖြစ်နေသော (ဖ)ရင်သားကင်ဆာဖစ်တဲ့သူများဘယ်လိုလက်ခဏာတွေစပြတာလဲရှင်ဖြေပေးပါအုံးနော်ဆရာဝန်ကို မေးတာ မဟုတ်ပါ။ Breast Cance...
16/08/2023

ကင်ဆာဖြစ်နေသော (ဖ)
ရင်သားကင်ဆာဖစ်တဲ့သူများဘယ်လိုလက်ခဏာတွေစပြတာလဲရှင်ဖြေပေးပါအုံးနော်
ဆရာဝန်ကို မေးတာ မဟုတ်ပါ။
Breast Cancer writings ရင်သားကင်ဆာ စာများ https://dr-tint-swe.blogspot.com/2021/11/breast-cancer-writings.html
1. ကျွန်မအမေက ရင်သားကင်ဆာပါ ကီမိုသွင်းပီး(ပြီး) ဓာတ်ကင်ပီးပါပီ(ပြီးပါပြီ) ဓာတ်ကင်နေတုန်း ၁၅ကြိမ်လုံးဘာမှမဖစ်(ဖြစ်)ပါ နောက်၃ရက်လောက်နေမှလည်ပင်းမှာမဲ အသားတွေလန်လာပီး(ပြီး)အနာဖစ်(ဖြစ်)နေလို့ပါ
2. ကင်ဆာဖစ်(ဖြစ်)တိုင်းမကင်ရပါ
3. ကင်ဆာဖစ်(ဖြစ်)သူတိုင်းကသေရမှာကုသနည်းမရှိဘူးလားပြောပြကြပါအုံးရှင့်
4. ကျန်းမာရေး ကြောင့်လား ဝေခွဲမရဖစ်(ဖြစ်)နေလို့ပါ
5. ကျွန်မ ဆီးခဏခဏသွားတာကလွဲလို့ ချမ်းတုန်ဖျား ဗိုက်အောင့်တွေ မဖစ်(ဖြစ်)ပါဘူးဆရာ
6. ဆရာ ဖြင့် / ဖြစ် အသုံး ရှင်းပြပေးပါ။
7. ဆရာ အမှန်က ဖြစ် ဆိုတာပဲကျွန်တော်သိတယ် ဖစ် နဲ့ ဖြစ် ဖြစ် ကအမှန် လားဆရာ
8. ဆရာခင်ဗျာ ကျနော်လက်နှစ်ဖက်စလုံး လက်သန်းထိပ်ပဲကျဉ်နေလို့ခင်ဗျာ ဘာရောဂါဖစ်(ဖြစ်)လည်းသိချင်လို့ပါ
9. ဇဝေဇဝါဖစ်(ဖြစ်)နေတာတွေ ရှင်းလင်းပေးခဲ့လို့ ကျေးဇူးအထူးတင်ပါတယ်ရှင်
10. နေမကောင်းဖစ်ပီ(ဖြစ်ပြီး) သွေးမဟုတ်ပဲ နှာခေါင်းထဲက ပြည်လိုမျိုးအနံ့ထွက်နေတာ ဘာဖစ်(ဖြစ်)တာလဲဟင်ဆရာ
11. ပထမ တခါဖစ်(ဖြစ်)တုန်းက တိုက်တဲ့ဆေးမမှတ်မိတော့လို့ပါဆရာ
12. ပြန်ဖစ်(ဖြစ်)ချင်သလိုဖစ်(ဖြစ်)နေလို့ပါ ကျွန်တော်ညီမ (AMLအမျိုးအစား)
13. ဖစ်(ဖြစ်)တာတာတူမလေးပါ အသက်၂၀ဝန်းကျင် အပျိုပါ biopsy တင်ထားပါတယ် ကျန်ခဲ့လလောက်ကမှ ရင်ဘတ်မှာအကျိတ်စမ်းမိတာပါ မိဘတွေက မအားတာနဲ့ မပြဖစ်(ဖြစ်)ဘူး ကျန်ခဲ့ရက်ကမှ ပြဖစ်(ဖြစ်)တော့ minor case ဆိုပီး(ပြီး) တခါထဲ ခွဲထုတ်လိုက်ပါတယ် ခွဲကာမှ အကျိတ်ကထင်တာထက် ကြီးနေပါတယ် ထုတ်ရတာ နဲနဲခက်တယ်ပြောတယ် ခွဲတဲ့ dr တွေက နောက်ထပ် အကျိတ်လဲရှိသေးတယ် ပြောပါတယ်
14. ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။ ဖစ် ဆိုတာ မြန်မာစာမှာ မရှိပါ။ ဘာသာခြားစာလုံးကို အသံထွက်ယူတာမှာသာ သုံးပါတယ်။ ဖြင့်နဲ့ ဖြစ်က အတော်ကိုကွာခြားတယ်။
15. ဖြစ် နှင့် ဖြင့် ရဲ့ကွဲပြားမှုလေး၊ သုံးပြုပုံလေးကို သိချင်ပါတယ်ခင်ဗျား။ စသည်ဖြစ် စသည်ဖြင့်
16. ယောက်ကျားလေးပါ နို့မှာအခဲပုံစံဖစ်(ဖြစ်)နေလို့ပါ နာပါတယ် မရွေ့ပါပြီး ခဲပြီးနာနေပါတယ် ၂ နှစ်လောက်ပဲ ရှိသေးတာပါ နာပြီး ၂ ရက်လောက်နေရင် ပြန်ပျောက်သွားပါတယ် အရင်က ပိန်တုန်းက မသိပါဘူး အခုဝလာမှာ ဖြစ်လာတာပါ စိုးရိမ်ရလားဗျ
17. ရင်သားကင်ဆာအဆင့် ၁ပါ ဖြတ်ထုတ်လိုက်တာနှစ်လကျော်ပီ(ပြီ) အနာကျက်မှ အနာရွတ်ပေါ်ကနေ အရည်ပျော့လေးတေ(တွေ) ပြန်ဖစ်ပီး(ဖြစ်ပြီး) အနာပြန်ဖစ်(ဖြစ်)လို့ ဘယ်လိုဖစ်(ဖြစ်)တာလဲ ဘာလုပ်ရမလဲသိတဲ့လူများပြောပြပေးပါရှင်
18. ရင်သားဖြတ်ထားသောဖက်မှလက်မောင်းက အောင့်ပြီးကိုက်နေတာဘာဖစ်(ဖြစ်)တက်(တတ်)ပါသလဲရှင့် ကင်ဆာဆေးနဲ့ဓာတ်လဲကင်ပြီးသားပါရှင့်
19. လည်ချောင်းကင်ဆာက ချောင်းတအားဆိုးတယ် တံတွေးလဲ ခနခန(ခဏခဏ)ထွေးရတယ် အစာလဲ စားမဝင်ဘူး အဲ့လိုဖစ်(ဖြစ်)တာလားဗျာ
20. သားအိမ်ကင်ဆာဖစ်(ဖြစ်)နေတာကိုကလေးယူလို့ရလားသိတဲ့သူများဖြေပေးကြပါအုံး
21. ဟုတ်တယ်ဆရာ ကျနော့်မှာဆို နှုတ်ခမ်းမှာပဲ ဖစ်(ဖြစ်)တာ အပူနာလိုပဲ သုံးနှစ်ရှိပီ(ပြီ) ဆောင်းတွင်းရောက်တိုင်း ဖစ်(ဖြစ်)နေတယ်ဆရာ
22. အကျိတ်ကလေဖစ်(ဖြစ်)ခါစနဲ့ခွဲတဲ့အချိန်၁လလောက်မှာတင်အကြီးမြန်လာတာပါ တခြား ရင်သားပုံစံ ပြောင်းလဲတာတော့ မရှိပါဘူး ကင်ဆာဖစ်နိုင်ရှိလားသိချင်တာပါ အဖြေက ၂၆ ရက်နေ့မှရမှာမို့ပါ အကျိတ်ကကြီးလာတော့ နာပါတယ်
23. အသက် ၂၂ ကျား ဖစ်(ဖြစ်)တာက ရက်ပိုင်းပဲရှိသေးတာပါ ဆီးပူနာဖစ်(ဖြစ်)နေလို့ပါ
ရေးထာတာ တနှစ်တိတိ။ တနှစ်အတွင်း အသင်းဝင်ဦးရ ထပ်တိုးပါတယ်။ ဖြစ် ကို ဖစ်လို့ရေးနေသူတိုင်း ကျားဖြစ်စေ မ ဖြစ်စေ ကင်ဆာကို စောစောသိအောင် စစ်သင့်ကြပါကြောင်း သတိပေးအပ်ပါသည်။
ဒေါက်တာတင့်ဆွေ
Credit..

13/09/2022

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း…
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

📍၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။
📍၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါ
ယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေက
ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ ခန္ဓာကိုယ်
ယောင်ကိုင်းခြင်းကို သက်သာစေနိုင်ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

📍၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

📍၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

📍၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

📍၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစားပါ။

📍၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

📍၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

📍၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

📍၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

📍၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

📍၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

📍၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

📍၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်သီး၊
ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

📍၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊ ကညွတ်၊
ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊ ဟင်းနုနယ်၊
ပြောင်းဖူးစသောဟင်းသီးအရွက်များနှင့်ကွာစေ့၊
ဖရုံစေ့ ကဲ့သို့သော အစေ့အဆန်များ စားသုံးပါ။

📍၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံးပေး၍
ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

အလှပျက်စေတဲ့ ဟော်မုန်း ၆ မျိုး ♥အက်စထရိုဂျင်(Estrogen)ဟော်မုန်းအမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊ဒ...
11/09/2022

အလှပျက်စေတဲ့ ဟော်မုန်း ၆ မျိုး

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း
အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်
ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊
ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

♥Growth ဟော်မုန်း
သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့
ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥DEHA
အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

♥Melatonine
အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမးချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥Cortisol
Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ၊

♥Insulin
သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

ကျမတို့ဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊

စေတနာဖြင့်
Copyယူပီး မျှဝေပေးခြင်းဖြစ်ပါသည်။

😮‍💨 တီဘီရောဂါ သိကောင်းစရာ 😮‍💨တီဘီရောဂါဆိုတာဘာလဲ?♦ တီဘီရောဂါသည် လေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည်။♦ တီဘီရောဂါရှိသူမှ ...
24/08/2022

😮‍💨 တီဘီရောဂါ သိကောင်းစရာ 😮‍💨

တီဘီရောဂါဆိုတာဘာလဲ?

♦ တီဘီရောဂါသည် လေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်သည်။
♦ တီဘီရောဂါရှိသူမှ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ စကားပြောခြင်းနှင့် သီချင်းဆိုခြင်းတို့မှတစ်ဆင့် တီဘီရောဂါပိုးများသည် လေမှုန်များအဖြစ် လေထုထဲသို့ ပျံ့နှံ့သွားကာ အခြားသူများထံသို့ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် ရှူရှိုက်မိခြင်းဖြင့် အဆုတ်ထဲရှိ လေအိတ်ကလေးများသို့ ဝင်ရောက်သွားပြီး ရောဂါကူးစက်ခြင်းဖြစ်သည်။
♦ တီဘီရောဂါပိုးများသည် ပတ်ဝန်းကျင်ကိုလိုက်၍ လေထဲတွင် နာရီပေါင်းများစွာ အသက်ရှင်နေနိုင်သည်။
♦ တီဘီရောဂါရှိသူ ကိုင်တွယ်အသုံးပြုထားသော ပစ္စည်းများ၊ မျက်နှာပြင်များကို ထိတွေ့ကိုင်တွယ်ခြင်းဖြင့် ရောဂါမကူးစက်တတ်ပါ။
♦ တီဘီရောဂါပိုးသည် အဆုတ်တွင် ပွားများလေ့ရှိသော်လည်း တီဘီရောဂါလက္ခဏာများသည် ခန္ဓာကိုယ်တွင် တီဘီပွားများသော နေရာအလိုက် ကွာခြားလေ့ရှိသည်။

အဆုတ်တီဘီရောဂါ၏ လက္ခဏာများ

♦ (၃) ပတ်နှင့်အထက် ချောင်းဆိုးနေခြင်း၊
♦ ရင်ဘတ်အောင့်ခြင်း၊
♦ ချောင်းဆိုးလျှင် သွေးနှင့် ချွဲသလိပ်များ ပါခြင်း၊
♦ အားအင်ကုန်ခမ်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊
♦ ကိုယ်အလေးချိန် ကျဆင်းခြင်း၊
♦ အစားအသောက် ပျက်ခြင်း၊
♦ ချမ်းတုန်ခြင်း၊
♦ ဖျားခြင်း၊
♦ ညအခါ အလွန်အမင်း ချွေးထွက်ခြင်း။

အထက်ပါ လက္ခဏာများ ခံစားနေရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံ၊ ဆေးခန်းများတွင်

 သလိပ်ကို တီဘီရောဂါပိုး ရှိ/မရှိ (၂) ကြိမ် (မနက်စောစော သလိပ် တစ်ကြိမ် အပါအဝင်) စစ်ဆေးပါ။
 အကယ်၍ သလိပ်ထဲတွင် တီဘီရောဂါပိုးတွေ့လျှင် ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားသည့်အတိုင်း ကုသမှုခံယူပါ။

တီဘီရောဂါ ကုသမှုဆိုတာဘာလဲ?

♦ တီဘီရောဂါပျောက်ကင်းအောင် အစွမ်းထက်သော တီဘီဆေးများဖြင့် (၆) လမှ (၈) လအထိ ကုသမှုပေးခြင်း ဖြစ်သည်။
♦ တီဘီဆေးများကို အနည်းဆုံး (၆) လမှ (၈) လအထိ နေ့စဉ်ပုံမှန် ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားထားသည့်အတိုင်း အစာမစားမီ (၁)နာရီအလို (သို့မဟုတ်) အစာစားပြီး (၃) နာရီအကြာတွင် စနစ်တကျသောက်ရန် ဖြစ်သည်။
♦ တီဘီရောဂါသည် ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားသည့်အတိုင်း စနစ်တကျနှင့် ပြီးဆုံးအောင် ကုသမှုခံယူမည်ဆိုလျှင် ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါဖြစ်သည်။
♦ တီဘီဆေးများကို မှန်မှန်နှင့် ပြီးဆုံးအောင် သောက်ရန် အရေးကြီးပါသည်။

တိုက်ရိုက်ကြည့်ရှု အချိန်တိုကုသမှု (Directly Observed Treatment/ DOT) ဆိုတာဘာလဲ?

♦ သင်တန်းရထားသော စေတနာ့ဝန်ထမ်း (သို့မဟုတ်) မိသားစုဝင်တစ်ဦးဦးက လူနာဆေးမှန်မှန်သောက်ရန် နေ့စဉ် စောင့်ကြပ်ကြည့်ရှု အားပေးကူညီ၍ ဆေးတိုက်ကျွေးခြင်းဖြစ်ပါတယ်။

♦ နေ့စဉ် စောင့်ကြပ်ကြည့်ရှု ကုသမှုဖြစ်တဲ့အတွက်
✅ ရောဂါလက္ခဏာ သက်သာလာသဖြင့် ဆေးဆက်သောက်ရန် မလိုတော့ဟု ထင်တဲ့အခါ၊
✅ ဆေးသောက်ရန် ငြီးငွေ့လာတဲ့အခါ (သို့မဟုတ်) မေ့လျော့တဲ့အခါ၊
✅ ဆေးသောက်ပြီး မအီမသာဖြစ်တဲ့အခါတိုင်း
စေတနာဝန်ထမ်း (သို့မဟုတ်) မိသားစုဝင် တစ်ဦးဦးက ဆေးမှန်မှန်သောက်ရန် အားပေးကူညီပါလိမ့်မယ်။

ဆေးကုသနေစဉ် သလိပ်ပြန်လည်စစ်ဆေးခြင်း

♦ လူနာသစ်များ ဆေးကုသမှုစတင်ပြီး ၂ လ၊ ၅ လနှင့် ၆ လအကြာတို့တွင် သလိပ်ပြန်လည် စစ်ဆေးရပါမည်။
♦ ပြန်ကုလူနာများ ၃ လ၊ ၅ လနှင့် ၈ လ အကြာတို့တွင် သလိပ်ပြန်လည်စစ်ဆေးရပါမည်။

သတိပြုရန်

👉 ဆေးကုသမှုခံယူနေစဉ် (၂) လမှ (၃) လအတွင်း ပြန်လည်နေကောင်းလာပြီး သလိပ်ပြန်လည် စစ်ဆေးသည့်အခါ တီဘီရောဂါပိုး မတွေ့ရုံဖြင့် တီဘီရောဂါပျောက်ကင်းပြီဟု မယူဆနိုင်ပါ။
👉 ဆေးကို သတ်မှတ်ညွှန်ကြားထားသည့် ဆေးသောက်ကာလ ပြည့်အောင်သောက်မှသာ ရောဂါပျောက်ကင်းမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက ရောဂါပြန်လည်ဖြစ်ပွား၍ အသက်သေဆုံးနိုင်ပါသည်။

ထို့ကြောင့် ဆေးကုသမှုမပြီးခင် တီဘီဆေးကို မိမိသဘောဖြင့် မရပ်တန့်ရန် လွန်စွာအရေးကြီးပါသည်။

ဆေးကို မှန်မှန် မသောက်ရင်/ ကုသမှုပြီးအောင် မသောက်ရင် ဘာအန္တရာယ်တွေရှိလာနိုင်လဲ?

♦ အဆုတ်တစ်ခုလုံး ပျက်စီးသွားနိုင်ပြီး တီဘီရောဂါပိုးဟာ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့သွားနိုင်ပါတယ်။
♦ ဆေးပတ် မပြည့်သေးတဲ့အတွက် ကျန်ရှိနေသေးတဲ့ တီဘီရောဂါပိုးများမှာလည်း ဆေးယဉ်ပါး သွားနိုင်ပါတယ်။
♦ မိသားစုဝင်များကိုလည်း ဆေးယဉ်ပါးတီဘီရောဂါ ကူးစက်သွားနိုင်ပါတယ်။
♦ ဆေးယဉ်ပါးသော တီဘီရောဂါဟာ ပျောက်ကင်းအောင်ကုသရန် ခက်ခဲပြီး အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ပါတယ်။
♦ မိသားစုဝင်များတွင် တီဘီရောဂါလက္ခဏာများ ပြလာပါက ရောဂါ ရှိ/မရှိ ချက်ချင်း စစ်ဆေးပြီး ကုသမှုခံယူရန် လိုအပ်ပါသည်။

ထို့ကြောင့် ဆေးကို အချိန်မှန် မပျက်မကွက် သောက်သုံးပြီး ကုသမှု ပြီးဆုံးသည်အထိ ခံယူပါ။

ကုသမှုခံယူစဉ် ကြုံတွေ့ရနိုင်သော ဆေး၏ဘေးထွက်ဆိုးကျိုးလက္ခဏာများ _

♦ ခြေ၊ လက်များ ထုံကျင်ခြင်း၊ ပူခြင်း
♦ မျက်လုံး၊ အသားများ ဝါလာခြင်း
♦ အရေပြား ယားယံပြီး အနီကွက် အဖုအပိန့်များ ထွက်လာခြင်း

အထက်ပါ လက္ခဏာများ ကြုံတွေ့ရပါက ကျန်းမာရေးဝန်ထမ်းများဆီ ချက်ချင်းသွားရောက်ပြီး ကုသမှု ခံယူပါ။

တီဘီရောဂါဝေဒနာရှင်များလိုက်နာရန်

👉 ချောင်းဆိုး/နှာချေလျှင် ပါးစပ်နှင့်နှာခေါင်းကို လက်ကိုင်ပုဝါ (သို့) နှာခေါင်းစည်းဖြင့် ဖုံးအုပ်ထားပါ။
👉 အသုံးပြုပြီးသော လက်ကိုင်ပဝါနှင့် အဝတ်နှာခေါင်းစည်းများကို နေ့စဉ် လျှော်ဖွတ်၍ ရေနွေးဆူဆူတွင် (၁၀) မိနစ်ခန့်ပြုတ်ပြီးမှ ပြန်လည်အသုံးပြုပါ။
👉 တစ်ခါသုံး နှာခေါင်းစည်းများကို အဖုံးပါသော အမှိုက်ပုံး သီးသန့်တစ်ခုထား၍ သေချာစွာစွန့်ပစ်ပါ။
👉 တံတွေးနှင့် ချွဲသလိပ်များကို အဖုံးပါသော ခွက် (သို့) ထွေးခံတွင် ထွေးပါ။ ဟိုနေရာ သည်နေရာ အလွယ်တကူမထွေးရပါ။
👉 စွန့်ပစ်ပစ္စည်းများ (တစ်ခါသုံး နှာခေါင်းစည်းများ)နှင့်၊ ချွဲသလိပ်များကို အများသုံး အမှိုက်ပုံးများတွင် အလွယ်တကူ မစွန့်ပစ်ရ။ ထိုစွန့်ပစ်ပစ္စည်းများကို (၂)ရက် (၃)ရက်လျှင် တစ်ကြိမ် မီးရှို့ပါ။
👉 သလိပ်ပြန်စစ်သည့်အခါတိုင်း အဆုပ်ထဲမှ သလိပ်များထွက်အောင် သေချာအားထည့်၍ သလိပ်ကို ဟပ်ထုတ်ပါ။
👉 ညွှန်ကြားထားသော တီဘီဆေးများကို ပုံမှန်သောက်ပါ။
👉 လေကောင်းလေသန့် ရရှိစေရန် ပြတင်းတံခါးများကို ဖွင့်ထားပါ၊ ခြံထဲသို့ဆင်း၍ အပင်အရိပ်များအောက်တွင်လည်း နားနေနိုင်ပါသည်။ လေဝင်လေထွက် မရှိသည့် အလုံပိတ် အခန်းကျဉ်းများတွင် နေထိုင်ခြင်းကို တက်နိုင်သမျှ ရှောင်ကြဉ်ပါ။
👉 အာဟာရရှိအောင် အစာအုပ်စု စုံလင်စွာပါဝင်အောင် စားသုံးပါ။ (ဥပမာ-နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ရှိသော အရွက်များ၊ ပဲအမျိုးမျိုး၊ ကြက်ဥနှင့် လတ်ဆတ်သော ရာသီပေါ်သစ်သီးများ အစရှိသည့် ဒေသထွက် အစားအသောက်များကို စားပါ)။ တာရှည်ခံအောင် ပြုလုပ်ထားသော အသင့်စား အစားအသောက်များ၊ စည်သွတ်ဘူးများကို ရှောင်ကြဉ်ပါ။
👉 တစ်နေ့ (၂) ကြိမ် ကိုယ်အပူချိန်တိုင်း၍ အပူချိန်ပြဇယားဖြင့် စနစ်တကျမှတ်သားပါ။
👉 ကိုယ်အလေးချိန်ကို တစ်ပတ်လျှင် (၂) ကြိမ်တိုင်း၍ ကိုယ်အလေးချိန်ပြဇယားဖြင့် မိမိကိုယ်အလေးချိန် အတက်အကျကို စနစ်တကျ မှတ်သားပါ။

တီဘီရောဂါဝေဒနာရှင်များသတိပြုရှောင်ကြဉ်ရန်

❌ ကုသမှု မပြီးဆုံးခင် မိမိသဘောဖြင့် ဆေးကိုရပ်တန့်မပစ်ရပါ။
❌ ကုသမှု မပြီးဆုံးခင် ဆေးကိုရပ်လိုက်ခြင်းဖြင့် “ဆေးယဉ်ပါးသော တီဘီ” ဖြစ်လာနိုင်သည်။
❌ ဆေးယဉ်ပါးတီဘီသည် ပျောက်ကင်းအောင် ကုသရန် ခက်ခဲပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါသည်။
❌ တီဘီကုသမှုကို မိမိသဘောဖြင့် စတင်ခြင်း၊ ရမ်းကုများ ညွှန်ကြားချက်ဖြင့် သောက်သုံးခြင်း မပြုလုပ်ရပါ။ ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းဖြင့် တိုင်ပင်ပြီးမှသာ ညွှန်ကြားချက်အတိုင်း သောက်ရမည်။
❌ ကုသမှုစတင်ပါက ဆေးကြိမ်ရေ တစ်ကြိမ်မျှ မလွတ်သွားစေရ၊ ဆေးသောက်ရန် မမေ့ရပါ။
❌ သက်တမ်းလွန်နေသော၊ အရည်အသွေးမပြည့်မီသော ဆေးဝါးများကို မသောက်သုံးရပါ။
❌ ကုသမှုမပြီးဆုံးခင် မကြာခဏ ဆရာဝန်ပြောင်း၍ ပြခြင်း၊ ဆေးကုထုံးများအား ပြောင်းလဲခြင်း မပြုလုပ်ရ။
❌ ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ကွမ်းယာနှင့် ဆေးရွက်ကြီးဝါးခြင်း၊ မူးယစ်စေတတ်သော ဆေးများအသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။
❌ သလိပ်ပုံမှန်စစ်ရန်၊ ကိုယ်အလေးချိန် ပုံမှန်ချိန်ရန် မတွန့်ဆုတ်ပါနှင့်။
❌ သလိပ်ထဲတွင် ရောဂါပိုးစစ်ဆေးတွေ့ရှိနေသ၍ ကလေးငယ်များအား ပွေ့ချီခြင်း၊ နမ်းရှုံ့ခြင်းများ မပြုလုပ်ရ။ ကလေးငယ်များနှင့် တစ်ခန်းတည်း အတူမအိပ်ရ။ ကလေးငယ်များနှင့် တတ်နိုင်သမျှ ဝေးရာတွင်နေရမည်။

တီဘီရောဂါ ကူးစက်ခံရရန် အန္တရာယ်ရှိသူတွေက ဘယ်သူတွေလဲ?

 ယေဘုယျအားဖြင့် လတ်တလော တီဘီရောဂါပိုးဝင်ရောက်နိုင်သော အုပ်စုနှင့် ကိုယ်ခံအားကျဆင်းသော အုပ်စု ဟူ၍ (၂) မျိုး ခွဲနိုင်သည်။

👉 လတ်တလော တီဘီရောဂါ ဝင်ရောက်နိုင်သည့် အန္တရာယ်ရှိသူများမှာ

♦ တီဘီရောဂါသည်နှင့် အနီးကပ်နေရသော မိသားစုဝင်များ
♦ တီဘီရောဂါအဖြစ်များသော မြို့နယ်၊ အရပ်ဒေသမှ ပြောင်းရွှေ့လာသူများ
♦ တီဘီစစ်ဆေးတွေ့ရှိထားသော အသက် (၅) နှစ်အောက်ကလေးများ
♦ အိမ်ယာမဲ့များ၊ မူးယစ်ဆေးသုံးစွဲသူများနှင့် HIV/AIDS ရောဂါခံစားနေရသူများ
♦ တီဘီရောဂါ ကူးစက်ရန် အန္တရာယ်များသော နေရာများတွင် အလုပ်လုပ်သူများ၊ နေထိုင်သူများ (ဥပမာ - ဆေးရုံများ၊ အိမ်ယာမဲ့များ နေထိုင်သော အဆောက်အအုံ၊ သက်ကြီးဂေဟာများ စသဖြင့်)

👉 ကိုယ်ခံအားကျဆင်းသော ရောဂါခံစားနေရသူများ

♦ HIV/AIDS လူနာများ
♦ မူးယစ်ဆေးစွဲနေသော လူနာများ
♦ ဆီးချိုရောဂါ ခံစားနေရသူများ
♦ ကျောက်ကပ်ရောဂါရှိသူများ
♦ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူများ
♦ ကင်ဆာရောဂါသည်များ
♦ စတီးရွိုက်ဆေး သောက်သုံးနေရသူများ
♦ ပိန်လှီသူများ
♦ Rheumatoid Arthritis, Crohn’s disease, Silicosis လူနာများ

♦ တီဘီရောဂါသည် ကုသလျှင် ပျောက်ကင်းနိုင်သော ရောဂါဖြစ်သော်လည်း
✅ အလွယ်တကူ ရောဂါကူးစက်နိုင်ခြင်း၊
✅ ကုသမှုအချိန် ရှည်ကြာခြင်း (ဆေးကို ပုံမှန်သောက်ရန် ပျက်ကွက်ခြင်း) တို့ကြောင့် ကမ္ဘာပေါ်တွင် သေဆုံးမှု အများဆုံး ရောဂါတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။

Crd: Tele Health

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when BMM Pharmacy Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram