Bay Thit Za Pharmacy

Bay Thit Za Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bay Thit Za Pharmacy, Pharmacy / Drugstore, Mandalay.

05/03/2024
02/03/2023

Hiruscar ဘူးခွံလေးတွေ သိမ်းထားရုံနဲ့ လက်ဆောင်တစ်ခုခု ပြန်ရမယ့်အပြင် Lucky Draw Program မှာပါ ပါဝင်ကံစမ်းနိုင်မယ့် ထူးထူးခြားခြား အစီအစဉ်မျိုးလေးတွေကို စောင့်မျှော်ဖူးကြတယ်ဟုတ်?

သိပ်မကြာခင်မှာ Hiruscar ချစ်သူတွေအတွက် အထူးအစီအစဉ်လေးတစ်ခု လုပ်တော့မယ့်အကြောင်း သတင်းကောင်းလေး ပေးချင်ပါတယ်။

Hiruscar ဘူးခွံလေးတွေကို သိမ်းထားတဲ့သူတွေပဲ အခွင့်အရေးရမယ့် အစီအစဉ်မို့လို့ Hiruscar ရဲ့ အထူးအစီအစဉ်လေးမှာ ပါဝင်ကံစမ်းလက်ဆောင်တွေ ရယူနိုင်ဖို့ Hiruscar ဘူးခွံလေးတွေကို အခုချိန်ကစပြီး စုထားလိုက်တော့နော်။

12/01/2023

ခြေဖနောင့်နာခြင်း
==========
ယခုတလော ကျွန်တော်တို့ရဲ့ Customer service ဌာနကို ခြေဖနောင့်အတက်ထွက်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်တွေ လာလာမေးကြလို့ ကျွန်တော် ဒီ Post လေးကို ရေးသားလိုက်ပါတယ်။

ခြေဖနောင့်နာတယ်ဆိုတာ အများအားဖြင့် ခြေဖဝါးအတွင်းရှိ အရွတ်မြှေးရောင်ရမ်းခြင်း (𝗣𝗹𝗮𝗻𝘁𝗮𝗿 𝗳𝗮𝘀𝗰𝗶𝘁𝗶𝘀) ကြောင့်ဖြစ်ရပါတယ်။ အဲ့ဒီလို ခြေဖဝါးအတွင်း အရွတ်မြှေးရောင်ရမ်းမှု ခံစားနေရတဲ့ သူတွေမှာ ၅၀% ခန့်ဟာ ခြေဖနောင့်ရိုးမှာ အရိုးအတက် (Bone spur) ထွက်နေလေ့ရှိပါတယ်။ ခြေဖနောင့်အရိုးတက် ကိုယ်၌က နာကျင်မှုကို သိပ်မဖြစ်စေဘဲ အရွတ်မြှေး ရောင်ရမ်းမှုကသာ နာကျင်မှုကို အဓိကဖြစ်စေပါတယ်။

ခြေဖဝါးအရွတ်မြှေးကို ဒဏ်ဖြစ်ခြင်းက ရောင်ရမ်းမှုရဲ့ အဓိကအကြောင်းရင်းပါ။ လမ်းလျှောက်ခြင်း၊ ပြေးခြင်းနှင့် မတ်တပ်အကြာကြီး ရပ်ရခြင်းတို့က အရွတ်မြှေးကို ဒဏ်ဖြစ်စေပါတယ်။ ကူရှင်မကောင်းတဲ့ဖိနပ်၊ မာတဲ့ဖိနပ်နဲ့ ခြေခွက်ပုံစံအတိုင်း အလိုက်သင့်တဲ့ ဒီဇိုင်းမရှိတဲ့ ဖိနပ်တွေက ခြေဖဝါးအရွတ်မြှေး ဒဏ်ဖြစ်ခြင်းကို ပိုဆိုးစေပါတယ်။ အဲ့ဒီအခါမှာ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းလာပြီး နာကျင်မှုကို ခံစားရစေပါတယ်။

ဆောင်ရန်/ရှောင်ရန်များ
=============
✔️ ခြေထောက်ကို အနားပေးပါ။ ကိုယ်အလေးချိန် လျှော့ချပါ။ ဆိုးပြား ပျော့အိသောဖိနပ်၊ ခြေထောက်ပုံစံအတိုင်း အလိုက်သင့်ဖြစ်အောင် ဒီဇိုင်းထုတ်ထားသော ဖိနပ်များကို စီးပါ။ ဖိနပ်အတွင်း Insole ခေါ် ခြေနင်းပြားလေးများ ခုခံပြီးလည်း စီးနိုင်ပါတယ်။
✔️ မျက်နှာပြင်အမာများပေါ်တွင် ဖိနပ်မပါဘဲ ခြေဗလာနှင့် လမ်းလျှောက်ခြင်း၊ မာသောဖိနပ်စီးခြင်းတို့ကို ရှောင်ပါ။
✔️ ခြေထောက်နာနေစဉ် လမ်းလျှောက်ခြင်း၊ ပြေးခြင်းစသော ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းများကို လျှော့လုပ်ပါ။ ခတ္တခဏ နားထားပါ။ လေ့ကျင့်ခန်း မလုပ်မီနှင့် လုပ်ပြီးချိန်များတွင် အကြောလျှော့ပေးပါ။
✔️ ခြေထောက်ကို ပိုမိုနာကျင်စေတဲ့ မည်သည့်အပြုအမူမဆို ရှောင်ကြဉ်ပါ။
✔️ စိတ်ရှည်ပါ။ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းခြင်းသည် တမဟုတ်ချင်း သက်သာသွားမည့် ရောဂါမဟုတ်ပါ။ အချိန်ယူ ကုသရပါမယ်။
✔️ လိုအပ်ပါက အရိုးအထူးကုဆရာဝန်များ၊ အကြောဘက်ဆိုင်ရာ ဆေးဘက်ကျွမ်းကျင် (Physiotherapist) တို့နှင့် သွားရောက်ပြသသင့်ပါတယ်။

ကုသခြင်း
======
ကုသမှုအနေနဲ့ အကိုက်အခဲပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး အများစုဟာ အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အစာနှင့်တွဲပြီး သောက်သုံးသင့်ပါတယ်။ ညအိပ်ရာဝင်ခြေကျပ်စည်း (Night splint) ကိုလည်း စီးပေးနိုင်ပါတယ်။ မသက်သာရင် ဖနောင့်ကို စတီးရွိုက်အရောင်ကျဆေးများ ထိုးတာ၊ ကျောက်ပတ်တီးစီးတာ စတဲ့ကုသမှုတွေ ခံယူရနိုင်သလို ခွဲစိတ်ကုသမှုတွေအထိ ပြုလုပ်ရနိုင်ပါတယ်။

သဘာဝဆေးဝါးတွေထဲကနေ မိုးမခပင်ရဲ့ အခေါက်ကနေရရှိတဲ့ ဆယ်လီစင် (𝗦𝗮𝗹𝗶𝗰𝗶𝗻) ဒြပ်ပေါင်း၊ နနွင်း (𝗧𝘂𝗿𝗺𝗲𝗿𝗶𝗰)၊ နာနတ်သီးကနေရရှိတဲ့ ဘရိုမယ်လိန်း (𝗕𝗿𝗼𝗺𝗲𝗹𝗮𝗶𝗻) ဒြပ်ပေါင်းနဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ် (𝗢𝗺𝗲𝗴𝗮 𝟯 𝗳𝗮𝘁𝘁𝘆 𝗮𝗰𝗶𝗱) တို့ကို ခြေဖဝါးအတွင်း အရွတ်မြှေး ရောင်ရမ်းမှုအတွက် အသုံးပြုနိုင်တာကို တွေ့ရပါတယ်။

မိုးမခပင်ကနေရရှိတဲ့ ဆယ်လီစင်ဒြပ်ပေါင်းနဲ့ နနွင်းမှာပါဝင်တဲ့ ကာကူမင် (𝗖𝘂𝗿𝗰𝘂𝗺𝗶𝗻) ဒြပ်ပေါင်းတို့ဟာ နာကျင်မှုနှင့်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ ဘရိုမယ်လိန်း ဒြပ်ပေါင်းနဲ့ အိုမီဂါ-၃ တို့ဟာလည်း ရောင်ရမ်းမှုကို ကျဆင်းစေတယ်။ နိုင်ငံတကာသုတေသနတွေအရ ကာကူမင်နှင့် ဘရိုမယ်လိန်းတို့ရဲ့ ခြေဖဝါးအရွတ်မြှေး ရောင်ရမ်းမှုကို ကျဆင်းစေတဲ့ အာနိသင်ဟာ အခြား ဈေးကွက်အတွင်း လက်ရှိအသုံးပြုနေတဲ့ အရောင်ကျဆေးတွေနည်းတူ အစွမ်းထက်ကြောင်း တွေ့ရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

30/11/2022
04/11/2022

#သားသားမီးမီးတိုင်း Smart ကျစေဖို့ Nutrikidကိုတိုက်ကျစို့

လက်ဆောင်လေးတွေက 6.6.2022 အထိပဲနော်😁😁
24/05/2022

လက်ဆောင်လေးတွေက 6.6.2022 အထိပဲနော်😁😁

  အခမဲ့တိုင်းတာတဲ့ အစီအစဉ်လေး 19.4.2022  အဂ်ါနေ့  မနက် 9:00 နာရီကနေ .12:00 နာရီအထိ  BMI အခမဲ့ တိုင်းတာပေးခြင်း အစီအစဉ်ကိ...
19/04/2022

အခမဲ့တိုင်းတာတဲ့ အစီအစဉ်လေး

19.4.2022 အဂ်ါနေ့ မနက် 9:00 နာရီကနေ .12:00 နာရီအထိ BMI အခမဲ့ တိုင်းတာပေးခြင်း အစီအစဉ်ကို ပြုလုပ်ပေးသွားမည့်အပြင် မဲနှိုက်ပြီး လက်ဆောင်ရမည့် အစီအစဉ်များလဲပါဝင်ပါတယ်။

BMI ဆိုတာ လူတစ်ယောက် ပိန်လား၊ဝလား၊ပုံမှန်ပဲလားဆိုတာကို ကျန်းမာရေးရှုထောင့်ကနေ တွက်ချက်သိရှိနိုင်တဲ့ ကိုယ်ခန္ဓာအလေးချိန်ညွှန်းကိန်းတစ်ခုပါ ။

ကျန်းမာတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ ကိုယ့်ရဲ့ BMIဘယ်လောက်ရှိလဲဆိုတာ သိထားသင့်ပါတယ်။

BMIဟာ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ချေအတွက် ယေဘုယျအားဖြင့် အသုံးတည့်တဲ့ ညွှန်းကိန်းဖြစ်ပါတယ် ကိုယ်ထဲမှာ အဆီတွေဘယ်လောက်ရှိသလဲဆိုတာ သိနိုင်တဲ့ ညွှန်းကိန်းတစ်ခုပါ ။

ချစ်တို့ရဲ့ BMI ဘယ်လောက်ရှိလဲဆိုတာကို အခမဲ့တိုင်းတာပေးမှာဖြစ်လို့ လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

ဘေသဇ္ဇ(ဆေးဆိုင်) သင်္ကြန်အကြိုနေ့ မှ နှစ်ဆန်း(၁)ရက်နေ့ ထိ (၅)ရက်ပိတ်ပါသည်ရှင့်။🙏🙏နှစ်သစ်မှာလိုရာဆန္ဒပြည့်ဝကြပါစေရှင့်။🙏🙏...
07/04/2022

ဘေသဇ္ဇ(ဆေးဆိုင်) သင်္ကြန်အကြိုနေ့ မှ
နှစ်ဆန်း(၁)ရက်နေ့ ထိ (၅)ရက်ပိတ်ပါသည်ရှင့်။🙏🙏

နှစ်သစ်မှာလိုရာဆန္ဒပြည့်ဝကြပါစေရှင့်။🙏🙏🙏

ဒီနေ့....Ensureအကြီးတစ်ဘူးဝယ်ရင် မျက်နှာသုတ်စောင်တစ်ထည်Ensureအသေးတစ်ဘူးဝယ်ရင် တီရှပ်တစ်ထည်နဲ့ hand balတစ်ခု lလက်ဆောင်ပေး...
31/03/2022

ဒီနေ့....
Ensureအကြီးတစ်ဘူးဝယ်ရင် မျက်နှာသုတ်စောင်တစ်ထည်
Ensureအသေးတစ်ဘူးဝယ်ရင် တီရှပ်တစ်ထည်နဲ့ hand balတစ်ခု
lလက်ဆောင်ပေးနေပြီနော်.😄

15/03/2022

Address

Mandalay

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+9592014223

Website

Alerts

Be the first to know and let us send you an email when Bay Thit Za Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram