ဟိဏ်းထက်-24 နာရီ ဆေးခန်း Hein Htet -24hrs clinic

  • Home
  • Myanmar
  • Mandalay
  • ဟိဏ်းထက်-24 နာရီ ဆေးခန်း Hein Htet -24hrs clinic

ဟိဏ်းထက်-24 နာရီ ဆေးခန်း Hein Htet -24hrs clinic ၂၂ လမ်း ၈၈ - ၈၉ ကြား
အောင်မြေသာစံမြို့နယ်
မန္တလေးမြို့

03/07/2024

မန်းလေး မြို့သို့
ပြောင်းရွေ့လာသောမိဘပြည်သူများခင်ဗျား

မိမိတို့သောက်သုံးနေကျ ထိုးဆေး သောက်ဆေးများ
ရှာဖွေ ဝယ်ယူရန် အခက်အခဲ ရှိပါက

Page CB သို့ ဆက်သွယ်နိုင်ပါသည်

ဆေးဝါးများကို ဝယ်ယူများ
အိမ်အရောက် အခမဲ့ပို့ဆောင်ပေးပါမည်—-

ရေခဲသေတ္တာဖြင့် ထားသို သိမ်းဆည်းရန်လိုအပ်သော ဆေးဝါးများ ဤဆေးခန်းတွင် အခမဲ့ လာရောက်သိမ်းဆည်းထားနိုင်ပါသည်22 လမ်း လမ်း 90A...
29/04/2024

ရေခဲသေတ္တာဖြင့် ထားသို သိမ်းဆည်းရန်လိုအပ်သော
ဆေးဝါးများ ဤဆေးခန်းတွင် အခမဲ့ လာရောက်သိမ်းဆည်းထားနိုင်ပါသည်

22 လမ်း လမ်း 90A
ဟိဏ်းထက် ၂၄ နာရီဆေးခန်း

08/01/2023
 24 Hour Readiness For Health Care Service22   88_89ကြားMandalay
14/11/2022



24 Hour Readiness For Health Care Service

22 88_89ကြား
Mandalay

14/10/2022

ကိုယ်ဝန်ဆောင်နေချိန် ဗိုက်အပ်ခြင်းဟာ ဘယ်လောက်အရေးကြီးသလဲ???

📌ကိုယ်ဝန်ဆောင်မိခင်တွေ ဗိုက်အပ်တယ်ဆိုတာဘာလဲ??
ဗိုက်အပ်တယ်ဆိုတာ ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်ရောကလေးရော နှစ်ယောက်လုံးကျန်းကျန်းမာမာနဲ့ ရင်သွေးလေးမွေးဖွားလာနိုင်ဖို့ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးတာကို ဆိုလိုတာပါ.

📌ဘယ်အချိန်မှာ ဗိုက်အပ်သင့်တာလဲ?
အကောင်းဆုံးကတော့ ကိုယ်ဝန်ရှိပြီဆိုတာ သိတာနဲ့ စောစီးစွာ တတ်ကျွမ်းသူဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါ.
စောလေ ကောင်းလေ ပါပဲ...

📌ကိုယ်ဝန်ဆောင်နေစဉ် ဘယ်နှကြိမ် ဗိုက်အပ်သင့်တာလဲ?
အကယ်၍ သားဦးကိုယ်ဝန်ဆိုရင်တော့
ကိုယ်ဝန်ဆောင်နေချိန် အနဲဆုံး(၁၀)ကြိမ်ခန့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်
သားဦးမဟုတ်ဘူးဆိုရင်တော့ (၇)ငြိမ်ခန့် ဆိုလိုလောက်ပါတယ်
ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးချို,သွေးတိုး စတဲ့ရောဂါတွေ ရှိနေရင်တော့ ဗိုက်အပ်ရမဲ့ အရေအတွက် ပိုမို များတတ်ပါတယ်
ကိုယ်ဝန်ဆောင်နေချိန် (၂၄)ပတ်ထက်ကျော်သွားရင်တော့ ဗိုက်အပ်ရမဲ့ အရေအတွက်ဟာ ပိုမို စိတ်လာပါတယ်
မိခင်တစ်ယောက်နဲ့တစ်ယောက်တော့ မတူညီပါဘူး…

📌ဘာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဗိုက်သွားအပ်သင့်တာလဲ?ဘာလို့အရေးကြီးတာလဲ?
ဆရာဝန်နဲ့ တစ်ခါမှ ဗိုက်မအပ်လိုက်
ဘဲ မွေးတာထက်စာရင် ပုံမှန်ရက်ချိန်းအလိုက် ဂရုတစိုက် ဗိုက်အပ်ပြီး မွေးတဲ့ ကလေးဟာ ပိုမို ကျန်းမာတတ်ပါတယ်…
ဘာကြောင့်လဲဆိုရင်
ကိုယ်ဝန်ဆောင်နေချိန်မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်မှသာ မိမိမှာရောဂါရှိနေရင်တောင်မှ ကလေးကို မကူးစက်နိုင်အောင်တားဆီးနိုင်မှာဘဲဖြစ်ပါတယ်

ကိုယ်ဝန်အပ်ရင် လုပ်ဆောင်ဖို့လိုအပ်တဲ့ စစ်ဆေးမှုတွေကတော့
▪️သွေးစစ်ခြင်း(HIVပိုး ,Bပိုး,Cပိုး,ကာလသားရောဂါပိုးစစ်ဆေးခြင်း)
▪️ဆီးစစ်ခြင်း(ဆီးထဲတွင်proteinဓါတ်ကိုစစ်ဆေးခြင်း)
▪️ကိုယ်ဝန်ဆောင်နေချိန် သွေးအားနည်းရောဂါရှိမရှိ စစ်ဆေးခြင်း
▪️ကိုယ်ဝနိဆောင် အတက်ရောဂါကာကွယ်ဆေးထိုးခြင်း
▪️ကိုယ်ဝန်ဆောင်နေချိန် ဆီးချို တက်တတ်သဖြင့် ကိုယ်ဝန်ဆောင်ဆီးချို ရှိမရှိ သိရှိနိုင်ခြင်း
▪️သွေးပေါင်ပုံမှန် တိုင်းတာခြင်းဖြင့် ကိုယ်ဝန်ဆောင်သွေးတိုးရှိမရှိစစ်ဆေးနိုင်ခြင်း
▪️Ultrasound ရိုက်ခြင်းဖြင့် ကလေး အနေအထားမှန်မမှန် ရေမွှာရေအခြေအနေများ အစရှိသည်တို့ကို သိရှိနိုင်ခြင်း
▪️ဆရာဝန်နှင့် မျက်နှာချင်းဆိုင် စမ်းသပ်မှုခံယူရတဲ့အတွက် ကလေးအနေအထားမှန်မမှန် ကလေး နှလုံးခုန်သံမှန်မမှန် သိရှိနိုင်ခြင်း
▪️ကိုယ်ဝန်ဆောင်မိခင် အားတိုးဆေးများနှင့် စားသောက်ရမဲ့အစားအသောက်ပုံစံများ ,လေ့ကျင့်ခန်းများ အစရှိသည်တို့ကို တိုင်ပင်နိုင်ခြင်း
▪️အထူးသဖြင့် နှလုံးရောဂါ,ဆီးချို,သွေးတိုး ရောဂါအခံရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပိုမို ဆွေးနွေးဖို့လိုအပ်ပါတယ်

📌ဒီနေရာမှာအရေးကြီးဆုံးတစ်ခုကတော့
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိရဲ့ နောက်ဆုံးရာသီလာခဲ့တဲ့ ပထမဆုံးရက်ကို တိတိကျကျ ပြောသင့်ပါတယ်
မိမိရဲ့ ရှိရင်းစွဲရောဂါများ
ယခင်ကိုယ်ဝန်များတွင် ပျက်ကျခဲ့ခြင်း အသေမွေးခြင်း
မျိုးရိုးထဲမှာ အမွှာမွေးဖူးရင်
မိမိရဲ့ အလုပ်အကိုင်
ကိုယ်ဝန်ဆောင်နေစဉ်Depression ဖြစ်နေလား
စတဲ့ အခြေအနေတွေအားလုံးပွင့်ပွင့်လင်လင်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်

📌အချုပ်ပြောရရင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန် အမျိုးသမီးတွေထက် ပိုမို စိတ်ခံစားလွယ် ရောဂါဖြစ်လွယ်ပါတယ်
ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ တတ်ကျွမ်းရာ ဆရာဝန်များနဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ စနစ်တကျ ခံယူသင့်ပါတယ်
လက်တွဲဖော် အနေနဲ့လည်း မိမိရဲ့ အမျိုးသမီး မိခင်လောင်းကို ပိုပြီး စိတ်ပိုင်းဆိုင်ရာ တယုတယ ဆက်ဆံသင့်ပါတယ်

အားလုံးပဲ ကျန်းမာချမ်းသာသော မိသားစုဘဝလေးတွေ ပိုင်ဆိုင်ကြပါစေခင်ဗျာ

ဟိဏ်းထက် ၂၄ _ နာရီဆေးခန်း

ဆေးခန်း_{ ၁ }၂၂ လမ်း ၈၉ ဘီ
လမ်းထောင့်
အောင်မြေမန္တလာဘောလုံးကွင်း မြောက်ဘက်ပေါက်

ဆေးခန်း { ၂ } ၂၂ လမ်း ၈၈ ၈၉ ကြား

ဆေးခန်း ၃ ၈၇ လမ်း ၂၁ ၂၂ ကြား

09 767298872
ဒေါက်တာ သိုင်းမင်းထက်အောင်အောင်

17/05/2022

ဆေးခန်းအကူ တစ်ဦးအလိုရှိသည်

ဆေးခန်းတွင် လာရောက် လျောက်ထားနိုင်ပါသည်

20/03/2022

မေးခိုင်ရောဂါ
📌မေးခိုင်ရောဂါပိုးဟာ မြေကြီး နဲ့ နွား မြင်းစတဲ့ သတ္တဝါတွေရဲ့ မြေဩဇာတွေထဲမှာ အများဆုံးတွေ့ရပါတယ်

📌မေးခိုင်ပိုးဟာ bacteria ပိုးတစ်မျိုးဖြစ်ပါတယ်.
အဆိုပါပိုးဟာ ခန္တာကိုယ်ထဲသို့ အနာတွေ, ထိခိုက်ဒဏ်ရာတွေက တစ်ဆင့် ဝင်ရောက်လာနိုင်ပါတယ်
ပြီးရင် အနာထဲမှာ အလျင်အမြန်ပွားသွားကြပြီး အာရုံကြောစနစ်က်ု ထိခိုက်စေတဲ့ အဆိပ်ဓါတ်တစ်မျိုး ထုတ်လွှတ်ပါတယ်.
အဲ့တာကြောင့် လူနာဟာ ကြွက်သားတွေတောင့်တင်းလာတာမျိုး,ကြွက်တက်သလိုမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်

📌ကူးစက်နိုင်သည့်နည်းလမ်းများ
▪️ခြစ်ရာ ပွန်းပဲ့ဒဏ်ရာများ
▪️မီးလောင်ဒဏ်ရာများ
▪️တိရစ္ဆာန် အကိုက်ခံရသောဒဏ်ရာများ
▪️နားပေါက်ဖောက်ခြင်း,tattoo ထိုးခြင်း, ဆေးထိုးခြင်း
အစရှိသည့် နည်းလမ်းတွေကတစ်ဆင့်ကူးစက်နိုင်ပါတယ်
❌မေးခိုင်ရောဂါဟာ လူအချင်းချင်းတော့ မကူးစက်နိုင်ပါဘူး

📌ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ပြီး (၄)ရက်မှ (၂၁) ရက်အတွင်းရောဂါလက္ခဏာ များခံစားရတတ်ပါတယ်
▪️မေးခိုင်လို့ခေါ်တဲ့အတိုင်း မေးကြီးခိုင်ပြီး ပါးစပ်ဖွင့်လို့မရတော့တာမျိုး
▪️ကြွက်သားတွေတောင့်တင်းပြီး အသက်ရှူရခက်ခဲခြင်း
▪️အစာမျိုချရန်ခက်ခဲခြင်း
▪️အဖျားကြီးခြင်း
▪️နှလုံးခုန်နှုန်းမြန်ခြင်း
▪️ချွေးစေးများ ပျံခြင်း အစရှိတဲ့ လက္ခဏာတွေခံစားရတတ်ပြီး သေချာကုသမှုမခံယူရင် အ​ခြေအနေ ပိုမိုဆိုးရွားတတ်ပြီးICUထဲ အထိ ကုသရတတ်ပါတယ်
▪️အများစုကတော့ ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်တတ်ကြပါတယ်…

📌အကယ်၍ မိမိ ဒဏ်ရာကကြီးတယ် ,ဒဏ်ရာနက်တယ်,ဒဏ်ရာထဲ သဲတွေဖုန်မှုန့်တွေဝင်သွားတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မေးခိုင်ရောဂါကာကွယ်ဆေး (tetanus immunoglobulin) ထိုးသင့်ပါတယ်.
📌မေးခိုင်ရောဂါကာကွယ်ဆေးဟာ ဈေးလည်းမကြီးတဲ့အတွက် အလွယ်တကူ ဆေးရုံဆေးခန်းတွေမှာ ထိုးလိူ့ရပါတယ်

📌မြန်မာနိုင်ငံမှာဆိုရင်လဲ မေးခိုင်ရောဂါကာကွယ်ဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှ စတင်ပြီး ကလေး အသက်(၂)လ,(၄)လ,(၆)လ နဲ့ (၁)နှစ်ခွဲတွေမှာ ထိုးနှံပေးနေပါတယ်
📌မိမိဟာ ယခင်က မေးခိုင်ရောဂါကာကွယ်ဆေး full course ထိုးထားလား မထိုးထားဘူးလားဆိုတာ မသေချာရင်
အကောင်းဆုံးနည်းလမ်းကတော့ ဒဏ်ရာတစ်ခုခုရပြီးတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေးထိုးတာဟာ အကောင်းဆုံးဖြစ်ပါတယ်

အားလုံးပဲ ကျန်းမာချမ်းသာသော မိသားစုဘဝလေးတွေ ပိုင်ဆိုင်ကြပါစေခင်ဗျာ

ဟိဏ်းထက် ၂၄ _ နာရီဆေးခန်း

ဆေးခန်း_{ ၁ }၂၂ လမ်း ၈၉ ဘီ
လမ်းထောင့်
အောင်မြေမန္တလာဘောလုံးကွင်း မြောက်ဘက်ပေါက်

ဆေးခန်း { ၂ }၈၉ လမ်း ၂၁ _ ၂၂ ကြား
အောင်သမာဓိရွှေဆိုင်အနီး

09 767298872
ဒေါက်တာ သိုင်းမင်းထက်အောင်အောင်

27/02/2022

မိမိမှာ စိတ်ကျရောဂါရှိနေပြီလား?
ကျွန်တော်တို့တွေဟာ ဘဝမှာ မိမိချစ်သူနဲ့လမ်းခွဲလိုက်ရတာဖြစ်ဖြစ် အလုပ်ပြုတ်သွားပဲဖြစ်ဖြစ် စာမေးပွဲတစ်ခုကျလို့ဖြစ်ဖြစ် ဝမ်းနည်း နာကျင်ကြရပါတယ်
ဒီလို နာကျင်နေရတဲ့အခိုက်အတန့်တိုင်းမှာ ကျွန်တော်တို့တွေဟာ ဘဝကို စိတ်ပျက်လာကြတယ် အရှုံးပေးချင်လာကြပါတယ်...(ဒါလူတိုင်းဖြစ်ဖူးပါတယ်)
👉🏻ဒါကိုDepression ဝင်နေတယ်လို့ခေါ်လို့ရလား?
မရပါဘူး❌❌
Depression ဆိုဟာ ရက်ပိုင်းအနည်းငယ် ဝမ်းနည်းတာ စိတ်ပျက်လာတာကို မဆိုလိုပါဘူး❌
📌တကယ် De ဝင်တယ်ဆိုရင် ဝမ်းနည်းတာ စိတ်ပျက်တာတွေက ရက်ပိုင်းလေးပဲ မဟုတ်ပါဘူး.၂ပတ်လောက်ကနေ လပိုင်းအထိ တောက်လျှောက်အမြဲ ဝမ်းနည်းခံစားနေရတတ်ပါတယ်

ရောဂါလက္ခဏာတွေကတော့ လူတစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှုရှိနိုင်ပါတယ်

📌စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာများ
▪️အမြဲဝမ်းနည်းနေသလို ခံစားရမယ်
▪️ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ပဲ မြင်လာမယ်
▪️ကိုယ့်ကိုကိုယ် အမြဲအပြစ်တင်နေတယ်
▪️မျှော်လင့်ချက်တွေကင်းမဲ့လာတယ်
▪️ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ မရှိတော့ဘူး
▪️အမြဲ အပြစ်ရှိသလို ခံစားနေရတယ်
▪️ပုံမှန်ထက်ပိုပြီး စိတ်တို စိတ်ဆတ်လာတယ်
▪️ဆုံးဖြတ်ချက်တွေ ပြတ်ပြတ်သားသားမချနိုင်ဘူး
▪️အဆိုးပဲ မြင်လာတယ်
▪️ကိုယ်အရင်က အရမ်းကြိုက်ခဲ့ဖူးတဲ့ အရာတွေကိုလုံးဝ စိတ်ဝင်စားမှုမရှိတော့ဘူး
▪️ဘာကိုမှ အာရုံစူးစိုက်မှုမရှိတော့ဘူး
▪️ကိုယ့်ဘဝမှာနေရတာ မပျော်တော့ဘူးလို့ခံစားလာရမယ်
​▪️မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာ ▪️suicidal thoughts တွေဝင်လာမယ်
▪️နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် သတ်သေတဲ့အဆင့်ထိဖြစ်နိုင်ပါတယ်

📌ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
▪️ညဘက်မှာ အိပ်မပျော်ဘူး
▪️မနက်ဆိုလဲ အစောကြီးတွေပြန်နိုးနေတတ်တယ်
▪️တစ်ခါတစ်ရံ တနေကုန် အိပ်နေတတ်တယ်
▪️ကိုယ်အလေးချိန်တွေ ကျပြီး ပိန်သွားတာမျိုးတွေ အရမ်းဝလာတာမျိုးတွေဖြစ်လာမယ်
▪️ဝမ်းချုပ်မယ်
▪️အကြောင်းအရင်းမရှိဘဲ တစ်ကိုယ်လုံး နုံးချိပြီး နာကျင်ကိုက်ခဲနေမယ်
▪️အားအင်တွေ ကုန်ခမ်းသလိုခံစားရမယ်
▪️လိင်စိတ်ကုန်ခမ်းလာမယ်
▪️အမျိုးသမီးတွေဆိုလည်း ရာသီပုံမှန်မလာတော့တာတွေ ဖြစ်လာနိုင်ပါတယ်

📌လူမှုအသိုင်းအဝိုင်းဆိုင်ရာလက္ခဏာများ
တစ်ယောက်ထဲပဲနေချင်လာမယ်
▪️ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ချင်တော့ဘူး (သူငယ်ချင်းတွေ မိသားစုတွေ လူ့အသိုင်းအဝိုင်းနဲ့ တဖြည်းဖြည်းဝေးကွာလာလိမ့်မယ်
လုပ်ငန်းခွင်အထိပါ ထိခိုက်လာနိုင်တတ်ပါတယ်

‼️အကယ်၍ မိမိမှာ ဒီလို လက္ခဏာတွေခံစားနေရပြီဆိုရင်မကြောက်ပါနဲ့!
သင်တစ်ယောက်ထဲ မဟုတ်ဘူး
ကျွန်တော်တို့အားလုံး Depression ဝင်ဖူးကြပါတယ်…

မိမိကိုယ်ကို Depression ဝင်နေပြီလို့ခံစားရရင်
▪️မိမိရဲ့ lifestyleကိုပြောင်းလဲလိုက်ပါ
▪️မနက်စောစောထခြင်း
▪️တရားထိုင်ခြင်း
▪️သီချင်းနားထောင်ခြင်း
▪️လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ခြင်း
▪️ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးခြင်း
▪️သဘာဝပတ်ဝန်းကျင်ကြီးနဲ့ထိတွေ့ခြင်း
▪️မိမိနဲ့ အရင်းနှီးဆုံးသူတစ်ယောက်ကို ရင်ဖွင့်ခြင်း
▪️အခုဆိုရင် Facebook တွေမှာလည်း အချင်းချင်းတိုင်ပင်ဆွေးနွေူလို့ရတဲ့ group တွေရှိနေပြီဆိုတော့ အချင်းချင်း မျှဝေတိုင်ပင်သင့်ပါတယ်
အရမ်းဆိုးဝါးလာရင်တော့ ကျွမ်းကျင်သည့် ဆရာဝန် နဲ့ တိုက်ပင်ပြီးဆွေးနွေး သင့်ပါတယ်

ဟိဏ်းထက် ၂၄ _ နာရီဆေးခန်း

ဆေးခန်း_{ ၁ }၂၂ လမ်း ၈၉ ဘီ
လမ်းထောင့်
အောင်မြေမန္တလာဘောလုံးကွင်း မြောက်ဘက်ပေါက်

ဆေးခန်း { ၂ }၈၉ လမ်း ၂၁ _ ၂၂ ကြား
အောင်သမာဓိရွှေဆိုင်အနီး

09 767298872
ဒေါက်တာ သိုင်းမင်းထက်အောင်အောင်

Address

22 လမ်း 88_89 ကြား
Mandalay
05011

Telephone

+959767298872

Website

Alerts

Be the first to know and let us send you an email when ဟိဏ်းထက်-24 နာရီ ဆေးခန်း Hein Htet -24hrs clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share