ဟိဏ်းထက်-24 နာရီ ဆေးခန်း Hein Htet -24hrs clinic

  • Home
  • Myanmar
  • Mandalay
  • ဟိဏ်းထက်-24 နာရီ ဆေးခန်း Hein Htet -24hrs clinic

ဟိဏ်းထက်-24 နာရီ ဆေးခန်း Hein Htet -24hrs clinic ၂၂ လမ်း ၈၈ - ၈၉ ကြား
အောင်မြေသာစံမြို့နယ်
မန္တလေးမြို့

03/07/2024

မန်းလေး မြို့သို့
ပြောင်းရွေ့လာသောမိဘပြည်သူများခင်ဗျား

မိမိတို့သောက်သုံးနေကျ ထိုးဆေး သောက်ဆေးများ
ရှာဖွေ ဝယ်ယူရန် အခက်အခဲ ရှိပါက

Page CB သို့ ဆက်သွယ်နိုင်ပါသည်

ဆေးဝါးများကို ဝယ်ယူများ
အိမ်အရောက် အခမဲ့ပို့ဆောင်ပေးပါမည်—-

ရေခဲသေတ္တာဖြင့် ထားသို သိမ်းဆည်းရန်လိုအပ်သော ဆေးဝါးများ ဤဆေးခန်းတွင် အခမဲ့ လာရောက်သိမ်းဆည်းထားနိုင်ပါသည်22 လမ်း လမ်း 90A...
29/04/2024

ရေခဲသေတ္တာဖြင့် ထားသို သိမ်းဆည်းရန်လိုအပ်သော
ဆေးဝါးများ ဤဆေးခန်းတွင် အခမဲ့ လာရောက်သိမ်းဆည်းထားနိုင်ပါသည်

22 လမ်း လမ်း 90A
ဟိဏ်းထက် ၂၄ နာရီဆေးခန်း

08/01/2023
 24 Hour Readiness For Health Care Service22   88_89ကြားMandalay
14/11/2022



24 Hour Readiness For Health Care Service

22 88_89ကြား
Mandalay

14/10/2022

ကိုယ်ဝန်ဆောင်နေချိန် ဗိုက်အပ်ခြင်းဟာ ဘယ်လောက်အရေးကြီးသလဲ???

📌ကိုယ်ဝန်ဆောင်မိခင်တွေ ဗိုက်အပ်တယ်ဆိုတာဘာလဲ??
ဗိုက်အပ်တယ်ဆိုတာ ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်ရောကလေးရော နှစ်ယောက်လုံးကျန်းကျန်းမာမာနဲ့ ရင်သွေးလေးမွေးဖွားလာနိုင်ဖို့ ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးတာကို ဆိုလိုတာပါ.

📌ဘယ်အချိန်မှာ ဗိုက်အပ်သင့်တာလဲ?
အကောင်းဆုံးကတော့ ကိုယ်ဝန်ရှိပြီဆိုတာ သိတာနဲ့ စောစီးစွာ တတ်ကျွမ်းသူဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါ.
စောလေ ကောင်းလေ ပါပဲ...

📌ကိုယ်ဝန်ဆောင်နေစဉ် ဘယ်နှကြိမ် ဗိုက်အပ်သင့်တာလဲ?
အကယ်၍ သားဦးကိုယ်ဝန်ဆိုရင်တော့
ကိုယ်ဝန်ဆောင်နေချိန် အနဲဆုံး(၁၀)ကြိမ်ခန့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်
သားဦးမဟုတ်ဘူးဆိုရင်တော့ (၇)ငြိမ်ခန့် ဆိုလိုလောက်ပါတယ်
ဒါပေမဲ့ ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးချို,သွေးတိုး စတဲ့ရောဂါတွေ ရှိနေရင်တော့ ဗိုက်အပ်ရမဲ့ အရေအတွက် ပိုမို များတတ်ပါတယ်
ကိုယ်ဝန်ဆောင်နေချိန် (၂၄)ပတ်ထက်ကျော်သွားရင်တော့ ဗိုက်အပ်ရမဲ့ အရေအတွက်ဟာ ပိုမို စိတ်လာပါတယ်
မိခင်တစ်ယောက်နဲ့တစ်ယောက်တော့ မတူညီပါဘူး…

📌ဘာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဗိုက်သွားအပ်သင့်တာလဲ?ဘာလို့အရေးကြီးတာလဲ?
ဆရာဝန်နဲ့ တစ်ခါမှ ဗိုက်မအပ်လိုက်
ဘဲ မွေးတာထက်စာရင် ပုံမှန်ရက်ချိန်းအလိုက် ဂရုတစိုက် ဗိုက်အပ်ပြီး မွေးတဲ့ ကလေးဟာ ပိုမို ကျန်းမာတတ်ပါတယ်…
ဘာကြောင့်လဲဆိုရင်
ကိုယ်ဝန်ဆောင်နေချိန်မှာ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်မှသာ မိမိမှာရောဂါရှိနေရင်တောင်မှ ကလေးကို မကူးစက်နိုင်အောင်တားဆီးနိုင်မှာဘဲဖြစ်ပါတယ်

ကိုယ်ဝန်အပ်ရင် လုပ်ဆောင်ဖို့လိုအပ်တဲ့ စစ်ဆေးမှုတွေကတော့
▪️သွေးစစ်ခြင်း(HIVပိုး ,Bပိုး,Cပိုး,ကာလသားရောဂါပိုးစစ်ဆေးခြင်း)
▪️ဆီးစစ်ခြင်း(ဆီးထဲတွင်proteinဓါတ်ကိုစစ်ဆေးခြင်း)
▪️ကိုယ်ဝန်ဆောင်နေချိန် သွေးအားနည်းရောဂါရှိမရှိ စစ်ဆေးခြင်း
▪️ကိုယ်ဝနိဆောင် အတက်ရောဂါကာကွယ်ဆေးထိုးခြင်း
▪️ကိုယ်ဝန်ဆောင်နေချိန် ဆီးချို တက်တတ်သဖြင့် ကိုယ်ဝန်ဆောင်ဆီးချို ရှိမရှိ သိရှိနိုင်ခြင်း
▪️သွေးပေါင်ပုံမှန် တိုင်းတာခြင်းဖြင့် ကိုယ်ဝန်ဆောင်သွေးတိုးရှိမရှိစစ်ဆေးနိုင်ခြင်း
▪️Ultrasound ရိုက်ခြင်းဖြင့် ကလေး အနေအထားမှန်မမှန် ရေမွှာရေအခြေအနေများ အစရှိသည်တို့ကို သိရှိနိုင်ခြင်း
▪️ဆရာဝန်နှင့် မျက်နှာချင်းဆိုင် စမ်းသပ်မှုခံယူရတဲ့အတွက် ကလေးအနေအထားမှန်မမှန် ကလေး နှလုံးခုန်သံမှန်မမှန် သိရှိနိုင်ခြင်း
▪️ကိုယ်ဝန်ဆောင်မိခင် အားတိုးဆေးများနှင့် စားသောက်ရမဲ့အစားအသောက်ပုံစံများ ,လေ့ကျင့်ခန်းများ အစရှိသည်တို့ကို တိုင်ပင်နိုင်ခြင်း
▪️အထူးသဖြင့် နှလုံးရောဂါ,ဆီးချို,သွေးတိုး ရောဂါအခံရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ပိုမို ဆွေးနွေးဖို့လိုအပ်ပါတယ်

📌ဒီနေရာမှာအရေးကြီးဆုံးတစ်ခုကတော့
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိရဲ့ နောက်ဆုံးရာသီလာခဲ့တဲ့ ပထမဆုံးရက်ကို တိတိကျကျ ပြောသင့်ပါတယ်
မိမိရဲ့ ရှိရင်းစွဲရောဂါများ
ယခင်ကိုယ်ဝန်များတွင် ပျက်ကျခဲ့ခြင်း အသေမွေးခြင်း
မျိုးရိုးထဲမှာ အမွှာမွေးဖူးရင်
မိမိရဲ့ အလုပ်အကိုင်
ကိုယ်ဝန်ဆောင်နေစဉ်Depression ဖြစ်နေလား
စတဲ့ အခြေအနေတွေအားလုံးပွင့်ပွင့်လင်လင်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်

📌အချုပ်ပြောရရင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန် အမျိုးသမီးတွေထက် ပိုမို စိတ်ခံစားလွယ် ရောဂါဖြစ်လွယ်ပါတယ်
ဒါကြောင့်ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ တတ်ကျွမ်းရာ ဆရာဝန်များနဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ စနစ်တကျ ခံယူသင့်ပါတယ်
လက်တွဲဖော် အနေနဲ့လည်း မိမိရဲ့ အမျိုးသမီး မိခင်လောင်းကို ပိုပြီး စိတ်ပိုင်းဆိုင်ရာ တယုတယ ဆက်ဆံသင့်ပါတယ်

အားလုံးပဲ ကျန်းမာချမ်းသာသော မိသားစုဘဝလေးတွေ ပိုင်ဆိုင်ကြပါစေခင်ဗျာ

ဟိဏ်းထက် ၂၄ _ နာရီဆေးခန်း

ဆေးခန်း_{ ၁ }၂၂ လမ်း ၈၉ ဘီ
လမ်းထောင့်
အောင်မြေမန္တလာဘောလုံးကွင်း မြောက်ဘက်ပေါက်

ဆေးခန်း { ၂ } ၂၂ လမ်း ၈၈ ၈၉ ကြား

ဆေးခန်း ၃ ၈၇ လမ်း ၂၁ ၂၂ ကြား

09 767298872
ဒေါက်တာ သိုင်းမင်းထက်အောင်အောင်

17/05/2022

ဆေးခန်းအကူ တစ်ဦးအလိုရှိသည်

ဆေးခန်းတွင် လာရောက် လျောက်ထားနိုင်ပါသည်

20/03/2022

မေးခိုင်ရောဂါ
📌မေးခိုင်ရောဂါပိုးဟာ မြေကြီး နဲ့ နွား မြင်းစတဲ့ သတ္တဝါတွေရဲ့ မြေဩဇာတွေထဲမှာ အများဆုံးတွေ့ရပါတယ်

📌မေးခိုင်ပိုးဟာ bacteria ပိုးတစ်မျိုးဖြစ်ပါတယ်.
အဆိုပါပိုးဟာ ခန္တာကိုယ်ထဲသို့ အနာတွေ, ထိခိုက်ဒဏ်ရာတွေက တစ်ဆင့် ဝင်ရောက်လာနိုင်ပါတယ်
ပြီးရင် အနာထဲမှာ အလျင်အမြန်ပွားသွားကြပြီး အာရုံကြောစနစ်က်ု ထိခိုက်စေတဲ့ အဆိပ်ဓါတ်တစ်မျိုး ထုတ်လွှတ်ပါတယ်.
အဲ့တာကြောင့် လူနာဟာ ကြွက်သားတွေတောင့်တင်းလာတာမျိုး,ကြွက်တက်သလိုမျိုးတွေ ဖြစ်ပေါ်လာတတ်ပါတယ်

📌ကူးစက်နိုင်သည့်နည်းလမ်းများ
▪️ခြစ်ရာ ပွန်းပဲ့ဒဏ်ရာများ
▪️မီးလောင်ဒဏ်ရာများ
▪️တိရစ္ဆာန် အကိုက်ခံရသောဒဏ်ရာများ
▪️နားပေါက်ဖောက်ခြင်း,tattoo ထိုးခြင်း, ဆေးထိုးခြင်း
အစရှိသည့် နည်းလမ်းတွေကတစ်ဆင့်ကူးစက်နိုင်ပါတယ်
❌မေးခိုင်ရောဂါဟာ လူအချင်းချင်းတော့ မကူးစက်နိုင်ပါဘူး

📌ရောဂါလက္ခဏာများ
ရောဂါပိုးဝင်ပြီး (၄)ရက်မှ (၂၁) ရက်အတွင်းရောဂါလက္ခဏာ များခံစားရတတ်ပါတယ်
▪️မေးခိုင်လို့ခေါ်တဲ့အတိုင်း မေးကြီးခိုင်ပြီး ပါးစပ်ဖွင့်လို့မရတော့တာမျိုး
▪️ကြွက်သားတွေတောင့်တင်းပြီး အသက်ရှူရခက်ခဲခြင်း
▪️အစာမျိုချရန်ခက်ခဲခြင်း
▪️အဖျားကြီးခြင်း
▪️နှလုံးခုန်နှုန်းမြန်ခြင်း
▪️ချွေးစေးများ ပျံခြင်း အစရှိတဲ့ လက္ခဏာတွေခံစားရတတ်ပြီး သေချာကုသမှုမခံယူရင် အ​ခြေအနေ ပိုမိုဆိုးရွားတတ်ပြီးICUထဲ အထိ ကုသရတတ်ပါတယ်
▪️အများစုကတော့ ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်းမွန်တတ်ကြပါတယ်…

📌အကယ်၍ မိမိ ဒဏ်ရာကကြီးတယ် ,ဒဏ်ရာနက်တယ်,ဒဏ်ရာထဲ သဲတွေဖုန်မှုန့်တွေဝင်သွားတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့တိုင်ပင်ပြီး မေးခိုင်ရောဂါကာကွယ်ဆေး (tetanus immunoglobulin) ထိုးသင့်ပါတယ်.
📌မေးခိုင်ရောဂါကာကွယ်ဆေးဟာ ဈေးလည်းမကြီးတဲ့အတွက် အလွယ်တကူ ဆေးရုံဆေးခန်းတွေမှာ ထိုးလိူ့ရပါတယ်

📌မြန်မာနိုင်ငံမှာဆိုရင်လဲ မေးခိုင်ရောဂါကာကွယ်ဆေးတွေကို ကိုယ်ဝန်ဆောင်ချိန်မှ စတင်ပြီး ကလေး အသက်(၂)လ,(၄)လ,(၆)လ နဲ့ (၁)နှစ်ခွဲတွေမှာ ထိုးနှံပေးနေပါတယ်
📌မိမိဟာ ယခင်က မေးခိုင်ရောဂါကာကွယ်ဆေး full course ထိုးထားလား မထိုးထားဘူးလားဆိုတာ မသေချာရင်
အကောင်းဆုံးနည်းလမ်းကတော့ ဒဏ်ရာတစ်ခုခုရပြီးတိုင်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေးထိုးတာဟာ အကောင်းဆုံးဖြစ်ပါတယ်

အားလုံးပဲ ကျန်းမာချမ်းသာသော မိသားစုဘဝလေးတွေ ပိုင်ဆိုင်ကြပါစေခင်ဗျာ

ဟိဏ်းထက် ၂၄ _ နာရီဆေးခန်း

ဆေးခန်း_{ ၁ }၂၂ လမ်း ၈၉ ဘီ
လမ်းထောင့်
အောင်မြေမန္တလာဘောလုံးကွင်း မြောက်ဘက်ပေါက်

ဆေးခန်း { ၂ }၈၉ လမ်း ၂၁ _ ၂၂ ကြား
အောင်သမာဓိရွှေဆိုင်အနီး

09 767298872
ဒေါက်တာ သိုင်းမင်းထက်အောင်အောင်

27/02/2022

မိမိမှာ စိတ်ကျရောဂါရှိနေပြီလား?
ကျွန်တော်တို့တွေဟာ ဘဝမှာ မိမိချစ်သူနဲ့လမ်းခွဲလိုက်ရတာဖြစ်ဖြစ် အလုပ်ပြုတ်သွားပဲဖြစ်ဖြစ် စာမေးပွဲတစ်ခုကျလို့ဖြစ်ဖြစ် ဝမ်းနည်း နာကျင်ကြရပါတယ်
ဒီလို နာကျင်နေရတဲ့အခိုက်အတန့်တိုင်းမှာ ကျွန်တော်တို့တွေဟာ ဘဝကို စိတ်ပျက်လာကြတယ် အရှုံးပေးချင်လာကြပါတယ်...(ဒါလူတိုင်းဖြစ်ဖူးပါတယ်)
👉🏻ဒါကိုDepression ဝင်နေတယ်လို့ခေါ်လို့ရလား?
မရပါဘူး❌❌
Depression ဆိုဟာ ရက်ပိုင်းအနည်းငယ် ဝမ်းနည်းတာ စိတ်ပျက်လာတာကို မဆိုလိုပါဘူး❌
📌တကယ် De ဝင်တယ်ဆိုရင် ဝမ်းနည်းတာ စိတ်ပျက်တာတွေက ရက်ပိုင်းလေးပဲ မဟုတ်ပါဘူး.၂ပတ်လောက်ကနေ လပိုင်းအထိ တောက်လျှောက်အမြဲ ဝမ်းနည်းခံစားနေရတတ်ပါတယ်

ရောဂါလက္ခဏာတွေကတော့ လူတစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှုရှိနိုင်ပါတယ်

📌စိတ်ပိုင်းဆိုင်ရာရောဂါလက္ခဏာများ
▪️အမြဲဝမ်းနည်းနေသလို ခံစားရမယ်
▪️ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ပဲ မြင်လာမယ်
▪️ကိုယ့်ကိုကိုယ် အမြဲအပြစ်တင်နေတယ်
▪️မျှော်လင့်ချက်တွေကင်းမဲ့လာတယ်
▪️ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ မရှိတော့ဘူး
▪️အမြဲ အပြစ်ရှိသလို ခံစားနေရတယ်
▪️ပုံမှန်ထက်ပိုပြီး စိတ်တို စိတ်ဆတ်လာတယ်
▪️ဆုံးဖြတ်ချက်တွေ ပြတ်ပြတ်သားသားမချနိုင်ဘူး
▪️အဆိုးပဲ မြင်လာတယ်
▪️ကိုယ်အရင်က အရမ်းကြိုက်ခဲ့ဖူးတဲ့ အရာတွေကိုလုံးဝ စိတ်ဝင်စားမှုမရှိတော့ဘူး
▪️ဘာကိုမှ အာရုံစူးစိုက်မှုမရှိတော့ဘူး
▪️ကိုယ့်ဘဝမှာနေရတာ မပျော်တော့ဘူးလို့ခံစားလာရမယ်
​▪️မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်တာ ▪️suicidal thoughts တွေဝင်လာမယ်
▪️နောက်ဆုံးမှာ ကိုယ့်ကိုကိုယ် သတ်သေတဲ့အဆင့်ထိဖြစ်နိုင်ပါတယ်

📌ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
▪️ညဘက်မှာ အိပ်မပျော်ဘူး
▪️မနက်ဆိုလဲ အစောကြီးတွေပြန်နိုးနေတတ်တယ်
▪️တစ်ခါတစ်ရံ တနေကုန် အိပ်နေတတ်တယ်
▪️ကိုယ်အလေးချိန်တွေ ကျပြီး ပိန်သွားတာမျိုးတွေ အရမ်းဝလာတာမျိုးတွေဖြစ်လာမယ်
▪️ဝမ်းချုပ်မယ်
▪️အကြောင်းအရင်းမရှိဘဲ တစ်ကိုယ်လုံး နုံးချိပြီး နာကျင်ကိုက်ခဲနေမယ်
▪️အားအင်တွေ ကုန်ခမ်းသလိုခံစားရမယ်
▪️လိင်စိတ်ကုန်ခမ်းလာမယ်
▪️အမျိုးသမီးတွေဆိုလည်း ရာသီပုံမှန်မလာတော့တာတွေ ဖြစ်လာနိုင်ပါတယ်

📌လူမှုအသိုင်းအဝိုင်းဆိုင်ရာလက္ခဏာများ
တစ်ယောက်ထဲပဲနေချင်လာမယ်
▪️ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ချင်တော့ဘူး (သူငယ်ချင်းတွေ မိသားစုတွေ လူ့အသိုင်းအဝိုင်းနဲ့ တဖြည်းဖြည်းဝေးကွာလာလိမ့်မယ်
လုပ်ငန်းခွင်အထိပါ ထိခိုက်လာနိုင်တတ်ပါတယ်

‼️အကယ်၍ မိမိမှာ ဒီလို လက္ခဏာတွေခံစားနေရပြီဆိုရင်မကြောက်ပါနဲ့!
သင်တစ်ယောက်ထဲ မဟုတ်ဘူး
ကျွန်တော်တို့အားလုံး Depression ဝင်ဖူးကြပါတယ်…

မိမိကိုယ်ကို Depression ဝင်နေပြီလို့ခံစားရရင်
▪️မိမိရဲ့ lifestyleကိုပြောင်းလဲလိုက်ပါ
▪️မနက်စောစောထခြင်း
▪️တရားထိုင်ခြင်း
▪️သီချင်းနားထောင်ခြင်း
▪️လေ့ကျင့်ခန်းတစ်ခုခု ပြုလုပ်ခြင်း
▪️ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးခြင်း
▪️သဘာဝပတ်ဝန်းကျင်ကြီးနဲ့ထိတွေ့ခြင်း
▪️မိမိနဲ့ အရင်းနှီးဆုံးသူတစ်ယောက်ကို ရင်ဖွင့်ခြင်း
▪️အခုဆိုရင် Facebook တွေမှာလည်း အချင်းချင်းတိုင်ပင်ဆွေးနွေူလို့ရတဲ့ group တွေရှိနေပြီဆိုတော့ အချင်းချင်း မျှဝေတိုင်ပင်သင့်ပါတယ်
အရမ်းဆိုးဝါးလာရင်တော့ ကျွမ်းကျင်သည့် ဆရာဝန် နဲ့ တိုက်ပင်ပြီးဆွေးနွေး သင့်ပါတယ်

ဟိဏ်းထက် ၂၄ _ နာရီဆေးခန်း

ဆေးခန်း_{ ၁ }၂၂ လမ်း ၈၉ ဘီ
လမ်းထောင့်
အောင်မြေမန္တလာဘောလုံးကွင်း မြောက်ဘက်ပေါက်

ဆေးခန်း { ၂ }၈၉ လမ်း ၂၁ _ ၂၂ ကြား
အောင်သမာဓိရွှေဆိုင်အနီး

09 767298872
ဒေါက်တာ သိုင်းမင်းထက်အောင်အောင်

Address

22 လမ်း 88_89 ကြား
Mandalay
05011

Telephone

+959767298872

Website

Alerts

Be the first to know and let us send you an email when ဟိဏ်းထက်-24 နာရီ ဆေးခန်း Hein Htet -24hrs clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram