22/03/2023
လူတိုင်းမှာငယ်စဥ်ကတည်းက ရှိလာခဲ့တဲ့ဝါသနာ သို့မဟုတ်အသက်အရွယ်ရောက်လာတဲ့အခါကျမှ ကိုယ့်ရဲ့ဝါသနာကိုရှာတွေ့ပြီး မှ စားဝတ်နေရေး၊ပတ်ဝန်းကျင်ရဲ့အတားအဆီး တွေ ကြောင့် ကိုယ့်ရဲ့ဝါသနာကို ဘေးဖယ်ထားလိုက်ရ၊ စွန့်လွှတ်လိုက်ရတဲ့ အခိုက်အတန့်အတွေရှိကျပါလိမ့်မယ်။
ကျွန်တော်ဆို ဝါသနာပါရာကို အသက်19နှစ်မှ ရှာတွေ့ခဲ့တယ်။
ဝါသနာနောက်ကို လိုက်ခဲ့တဲ့ အချိန်တွေတိုင်းမှာ အခက်အခဲ တွေက ဒုနဲ့ဒေး ပါပဲ။
ကိုယ်လက်ခံ နိုင်တဲ့ အတိုက်အခိုက်တွေ ထက် ကျော်လွန်ပြီးခံစားခဲ့ရတဲ့အချိန်တွေမှာကျနော်ဝါသနာပါတဲ့Tarot,ဗေဒင်တွေဒီလမ်းပေါ်မှာ ဆက်ပြီးမနေချင်တဲ့အချိန်တွေရှိလာခဲ့တယ်အဲ့ဒီအခါမှာကျနော်ပြန်တွေးမိတယ်
ဒီ spritiual patch ပေါ်ရောက်
ဖို့ကြိုးစားလာခဲ့တဲ့ အချိန်တွေဟာအတော်လေးခက်ခဲခဲ့တာကို ပြန်သတိရမိတယ်။
သင်တန်းတတ်ဖို့ ငွေမရှိတာတွေ၊self study လုပ်ဖို့ ဘာသာစကားအားနည်းတာ၊ စီးပွားရေးပဲ ဇောက်ချလုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့တဲ့ကျနော့်အတွက်အစိမ်းသက်သက်ကြီးဖြစ်နေတဲ့ spritiual ဘက်ကို ခြေလှမ်းစတဲ့အခါ
ဝေဖန်သံတွေ၊ရှုံ့ချသံတွေနဲ့ထိုးနှက်ချက်တွေက အတော်လေးများခဲ့တယ် အရာရာကို သိပ္ပံနည်းအတိုင်း တိုင်းထွာနေတဲ့ မြန်မာနယူတန် တွေ များတဲ့ အပေါင်းအသင်းတွေကြားမှာ အရူးလို့ သတ်မှတ်ခံခဲ့ရတာတွေ။ ပြောရရင် မဆုံးနိုင်တဲ့ မုဆိုးမလေးမဂင်္ဂါ ဇာတ်လမ်းတွဲလို ဖြစ်သွားနိုင်တယ်။ ပြောပြချင်တာကဝါသနာပါရာလုပ်တဲ့အခါ အမြဲ မလွယ်ကူနေဘူးဆိုတာပါပဲ ကိုယ်ဝါသနာပါတဲ့ အလုပ်က တစ်ခြားသူတွေ ဝါသနာမပါတဲ့ အရာ ဖြစ်နေတဲ့အခါ သူတို့ရဲ့ စကားသံတွေက တစ်လုံးတလေမှ ကိုယ့်အတွက် ခွန်အား မဖြစ်နိုင်ဘူးဒါပေမယ့် ကိုယ်ဝါသနာပါတဲ့အရာက သူတို့အတွက်တစ်ချိန်မှာ သူတို့ကိုပြန်အကျိုးပြုပေးနိုင်လိုက်ရင် ကိုယ့်ကို အရူးလို့ထင်ခဲ့တာတွေက သူတို့မှားသွားမှန်း သိလာမှာမလို့ ဝေဖန်သံတွေကိုနားထောင်ပြီး လိုအပ်တဲ့အားနည်းချက်တွေအမှားတွေကို ပြင်ပြီး အကောင်းဆုံးဆက်လုပ်သွားပြီး ရှေ့ကိုပဲ ဆက်သွားပါ။ဝါသနာနောက်ကိုလိုက်ရင် ထမင်းငတ်မယ်ဆိုတဲ့စကားတွေကိုလည်း မယုံနဲ့ မင်းစိတ်အားထက်သန်မှုနဲ့ညီမျှတဲ့ chance တွေ နောက်မှာ မင်းဝါသနာက မင်းကို ထမင်းကျွေးလိမ့်မယ်။
ပန်းချီဆွဲရတာဝါသနာပါတယ်ဆို အလှပဆုံးပုံတွေဖြစ်နေဖို့မလိုပါဘူး ပုံမလှလို့ဆိုပြီး ဝေဖန်မယ့်သူတွေရဲ့စကားကို ကြောက်နေဖို့မလိုဘူး ကိုယ့် ဝါသနာက စုတ်တံ တစ်ချက်တိုင်းမှာ အသက်ဝင်လာမယ့် ရုပ်ပုံလေးလို့ပါပဲ ပထမ တစ်ချက်မှာတော့ ရုပ်လုံးမပေါ်လာသေးလို့ ဝေဖန်ကြမယ် လှောင်ပြောင်ကြမယ် အဲ့တာတွေကြောင့်မရပ်လိုက်နဲ့ မင်းဝါသနာက စုတ်တံတစ်ချက်တိုင်းမှာ အသက်ဝင်လာမှာမလို့ မရပ်လိုက်ပါနဲ့။
စာရေးရတာဝါသနာပါတယ်၊စာရေးဆရာဖြစ်ချင်တယ် ဆို
ကိုယ့်ရဲ့နေ့စဉ်ကြုံနေရတဲ့ နေ့တဒူဝ ကိစ္စတွေကို diary ချရေးပါ။ ကိုယ့်ရဲ့အတွေးတွေကိုချရေးကြည့်ပါစကားပြေ အရေးအသားဖြစ်နေဖို့မလိုဘူး ရေးရင်းကနေ ဖတ်လို့ကောင်းတဲ့ စာတစ်ပိုဒ်ကနေ တစ်မျက်နှာ အထိရေးနိုင်လာလိမ့်မယ်။အဲ့ကနေစာအုပ်တစ်အုပ် ဖြစ်လာလိမ့်မယ်။
တစ်ချို့ဆို ပတ်ဝန်းကျင်ကြောင့်ဝါသနာတွေကို မြိုသိမ့်ရင်း ကိုယ်ဘာကိုဝါသနာပါလည်း သိရဲ့သားနဲ့ အကောင်အထည်မဖော် မထုတ်ပြရဲတဲ့အခိုက်အတန့်တွေရှိနေကြတယ်။
ကိုယ့်ရဲ့ဝါသနာတွေကို အချိန်ရတိုင်း လေ့လာရင်း ကြိုးစားရင်းနဲ့ ကိုယ်လျှောက်လှမ်းချင်တဲ့ career လမ်းပေါ် မှာအောင်မြင်လာနိုင်လာမှာ ဆက်သွားနေဖို့ပဲလိုတာပါ။
ကိုယ့်ရဲ့အိမ်မက်တွေနောက်ကို ဆက်တိုက်လိုက်သွားရင်း ပျော်ရွှင်ပါစေ ။