31/12/2021
Hello! How R U?
မိတ်ဆွေ၊ နေကောင်း ကျန်းမာပါရဲ့လားခင်ဗျာ?
How R U ဆေးခန်းမှ အမြဲဆုတောင်းမေတ္တာပို့သပေးလျက်ရှိနေပါတယ်ဗျာ ... 🙏🙏🙏
ယခုတစ်ခါ မိတ်ဆွေတို့ ကျန်းမာရေးနဲ့ ပါတ်သတ်ပြီး ပြောပြပေးချင်တဲ့ အကြောင်းရာကတော့ - သမီးရည်းစား လူငယ် အမျိုးသား ၊ အမျိုးသမီးတွေ သိကို သိသင့်တဲ့ အကြောင်းရာဖြစ်သလို အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတို့ ပါ သိထားသင့်သော အကြောင်းရာပဲဖြစ်ပါတယ်။
အဲ့ဒါက ဘာလဲဆိုတော့ - ဘာကြောင့် "သားဆက်ခြားခြင်းနှင့် သားဆက်ခြားနည်းလမ်းတွေကို" လူပျို၊အပျိုဖော်ဝင်ပြီး တဲ့ အမျိုးသား အမျိုးသမီး၊ အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတိုင်း သိကို သိသင့် ရတာလဲ ??? ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။
မေးခွန်းကို လိုရင်းတိုရှင်းဖြေရရင် အောက်ပါအကြောင်းရာတွေ မဖြစ်စေချင်လို့ပါပဲ -
🌟🌟🌟 Unwanted Pregnancy 🚫( မရည်ရွယ်ပဲ ကိုယ်ဝန်ရသွားခြင်း) 🚫
သမီးရည်းစားများတွင် ၊ အိမ်ထောင်သည်များတွင်
အဖိုအမ သဘာဝအရ လိင်ဆက်ဆံ ခြင်းသည် ပြဿနာတစ်ရပ် မဟုတ်သော်ငြားလည်းပဲ ......
၁) သားဆက်ခြားနည်းလမ်းများကို မသိခြင်း
၂) သိသော်လည်း စနစ်တကျ နည်းမှန်လမ်းမှန် အသုံးမပြုခြင်း
၃) သားဆက်ခြားနည်းလမ်းများကို နေရာလွဲမှားစွာ အသုံးပြုနေခြင်းတို့ကြောင့် မရည်ရွယ်ပဲ ကိုယ်ဝန်ရသွားတတ်ပါသည်။
မရည်ရွယ်ပဲ ကိုယ်ဝန်ရရှိသော အခါ - အများစုသည် Abortion (ခေါ်) ကိုယ်ဝန်ဖျက်ချခြင်း ကို လက်သည်၊ ဗမာဆေး၊ တိုင်းရင်းဆေး၊ တုတ်ထိုးခြင်း တို့ ပြုလုပ်ခြင်းကြောင့်
ပိုးဝင်ခြင်း၊ သွေးဆိပ်တက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ရှော့ရခြင်း များဖြစ်စေကာ မိခင်ရော ကလေးပါ အသက်ဆုံးရှုံးရသည်အထိ ဖြစ်ပွားလျက်ရှိနေကြပါသည်။
- ဒါ့ပြင် မလိုလားအပ်သော 🚫ကျန်းမာရေး ပြဿနာများ🚫
(ရာသီထိန်ခြင်း၊ ရာသီသွေးဆင်းများခြင်း၊ ကလေးယူလိုသောအခါတွင် ကလေးယူရန်ခက်ခြင်း၊ ကလေးမရတတ်ခြင်း အမျိုးသမီး ကင်ဆာရောဂါ ဖြစ်ပွားမှု တိုးလာခြင်း)
-သမီးရည်းစားပြဿနာများ နှင့် အိမ်ထောင်သည်များတွင် မိမိ ပြုစုစောင့်ရှောက်ပျိုးထောင်ပေးနိုင်သော သားသမီး အရေအတွက် ပမာဏ ထက် ပိုမိုများပြားလာခြင်းကြောင့်
မလိုလားအပ်သော 🚫လူမှုရေး ပြဿနာများ🚫စီးပွားရေးပြဿနာများ🚫 တိုးလာခြင်း.... ဒါတွေကို မဖြစ်စေချင်လို့ပါပဲ။
သားဆက်ခြားခြင်း နည်းလမ်းနှင့် နည်းစနစ်တကျ အသုံးပြုခြင်းနည်းလမ်းတွေကို မိမိတို့ လက်လှမ်းမီတဲ့ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်နည်းယူဖို့ အရေးကြီးတာကြောင့် How R U ဆေးခန်းမှ ရေးသားဖော်ပြပေးလိုက်ရပါတော့တယ်။
---------------------- # # # # # #--------------------
ဒီလို 🚫သားဆက်ခြားခြင်းနည်းလမ်းတွေသာမက🚫၊
👫ကလေးယူလိုသော ကိုကို၊ မမ တို့အတွက်👪 -
🌟🌟🌟How R U ဆေးခန်းမှာ🌟🌟🌟
✔️နေ့စဉ် မနက်၉နာရီမှ - ညနေ ၇နာရီထိ ပိတ်ရက်မရှိ✔️
✔️အထွေထွေရောဂါကု အမျိုးသား၊ အမျိုးသမီး ဆရာဝန်✔️
✔️သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ✔️
နှင့် ပြသဆွေးနွေး နိုင်ပြီဖြစ်ပါတယ်။
🌟ခေတ်ပေါ် သားဆက်ခြားနည်းလမ်းများဖြစ်သော🌟
၁) သားအိမ်ထဲသို့ ပစ္စည်း ထည့်၍ ကလေးမရအောင်ပြုလုပ်ခြင်း ( IUCD - ၁၀နှစ်ခံ) - ၃၀၀၀၀ကျပ်
၂) လက်မောင်းထဲ သို့ ပစ္စည်းထည့်၍ ကလေးမရအောင် ပြုလုပ်ခြင်း ( Implant - ၃ နှစ်ခံ) - ၄၈၀၀၀ကျပ်
၃) ၃လခံ တားဆေး (တင်ပါးထိုးဆေး Depo) - ၅၀၀၀ ကျပ်
ဆရာဝန်နှင့် သေချာဆွေးနွေးတိုင်ပင်၍ အရေးပေါ်တားဆေး၊ တစ်နေ့တစ်လုံးသောက်ရသောဆေး၊ ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးခြင်း နှင့် အခြားသော အထွေထွေကျန်းမာရေးအတွက်
ECG, သွေးစစ်၊ ဆီးစစ်ခြင်း၊ အသားစပေးပို့၍ ရောဂါရှာဖွေခြင်း အမျိုးမျိုးလဲ How R U ဆေးခန်းတွင် ရရှိနေပြီဖြစ်ပါသည်။
အမှတ် (၁၀၉)၊ ၇၅ လမ်း ၃၁×၃၂ကြား၊
ချမ်းအေးသာဇံ မြို့နယ်၊
မန္တလေးမြို့။
☎️ 09791119451
☎️ 09791114952
💝 နှစ်ထောင်းအားရ ကျန်းမာခြင်းကိုယူ How R U 💝