13/10/2023
ဒါတွေလုပ်မိနေရင်… ဘယ်တော့မှ ဝိတ်မကျဘူး သေချာတယ်…. !!!
ဝိတ်ချနေတာကြာပြီ…… သိသိသာသာ ဝိတ်မကျလာဘူး…😞
ဒါဆို ဘာတွေမှားနေလဲ?? အခုပြောမယ့် အချက်တွေကို လုပ်မိနေလား?? ဆိုတာ ကြည့်ရအောင်နော်…. 👇👇
☑️ အချိုတွေ အရမ်းကြိုက်လို့ စားဖြစ်တယ်
အချိုတွေဟာ သကြားဓါတ်ပါဝင်မှုများပြီး ကယ်လိုရီ ပမာဏ များတာကြောင်း ဝိတ်ပိုတက်စေပါတယ်။ အထူးသဖြင့် 🥤 အချိုရည်၊ 🍬 သကြားလုံး၊ creamy များတဲ့ အစားအစာတွေနဲ့ အချိုဓါတ် လွန်ကဲတာတွေကို မကြာခဏ စားဖြစ်နေတယ်ဆိုရင်တော့ ဝိတ်ကျဖို့ ခက်ခဲပါလိမ့်မယ်။
☑️ ကယ်လိုရီကို မတွေးပဲ စားချင်တာ စားတယ်
တနေ့တာရဲ့ ကယ်လိုရီဟာ ဝိတ်အတက်အကျကို အများကြီး သက်ရောက်မှု ရှိနေပါတယ်။ ကိုယ်စားဖြစ်တဲ့ အစားအသောက်ရဲ့ ကယ်လိုရီ ပမာဏကို ကိုယ်တိုင် သိထားပြီး လိုအပ်တဲ့ အတိုင်းအတာအထိပဲ စားဖို့လိုပါတယ်။ ကယ်လိုရီကို မစဉ်းစားပဲ စားဖြစ်နေတယ်ဆိုရင်တော့ ကယ်လိုရီ ပိုများများစားဖြစ်ဖို့ သေချာသလောက်ပါပဲ။
☑️ တနေကုန် လှုပ်ရှားမှု မရှိဘူး
နေ့တိုင်း မိုးလင်းမိုးချုပ် အလုပ်စားပွဲမှာပဲ အချိန်ကုန်နေတယ်၊ လှုပ်ရှားမှုနည်းတယ်၊ ကိုယ်လက်လှုပ်ရှားဖို့အတွက် အချိန်သက်သက် မပေးဖြစ်ဘူးဆိုရင်တော့ ကယ်လိုရီ လောင်ကျွမ်းတာ နည်းနိုင်တဲ့အတွက် အဆီပိုတွေ စုလာပြီး အဝလွန်လာနိုင်ပါတယ်။
☑️ အိပ်ချိန် စားချိန် မမှန်ဘူး
တချို့ရက်တွေမှာ သန်းခေါင်ကျော်မှ ထစားဖြစ်တယ်။ အိပ်ချိန်လုံလုံလောက်လောက် မရှိဘူး။ စားချိန်နဲ့ အိပ်ချိန်မမှန်ဘူးဆိုရင်လည်း ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်စေလို့ ဝိတ်ချတဲ့ ဖြစ်စဉ်မှာ နှောင့်နှေးမှုတွေ ရှိနိုင်ပါတယ်။
☑️ အသင့်စား အစာတွေကို ပိုစားဖြစ်တယ်
အလွယ်တကူ ဝယ်စားလို့ရတဲ့ အသင့်စား အစားအစာ အများစုမှာ ဆားဓါတ်၊ သကြားနဲ့ အဆီဓါတ်ပါဝင်မှု ပိုများနိုင်တဲ့အပြင် ကယ်လိုရီပမာဏကလည်း ပိုများနိုင်ပါတယ်။ တကယ်လို့ ဒီလိုအစားအစာတွေကို မကြာခဏဆိုသလို ပိုစားဖြစ်နေပြီဆိုရင်တော့ ဝိတ်ချဖို့ ခက်ခဲနိုင်ပါတယ်။
နောက်ဆုံး အရေးကြီးဆုံး တစ်ခုကတော့ တကယ် ဝိတ်ကျချင်တဲ့ စိတ်ဆန္ဒ ရှိဖို့ပါပဲ။
Jollies လေးတွေရေ…. 🤗🤗
အခုပြောခဲ့တဲ့ အချက်တွေကို လုပ်ဖြစ်နေတယ်ဆိုရင်
ဝိတ်ကျရာမှာ အခက်အခဲရှိနိုင်တာကြောင့် သတိထားနိုင်ဖို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
𝑱𝒐𝒚 𝑪𝒂𝒍𝒍 𝑪𝒆𝒏𝒕𝒆𝒓 👇
☎️ 09797672233
𝑱𝒐𝒚 𝑴𝒆𝒔𝒔𝒆𝒏𝒈𝒆𝒓 👇
m.me/joydetoxandhealthymeal
𝑱𝒐𝒚 𝑾𝒆𝒃𝒔𝒊𝒕𝒆
www.joyweightmanagement.com