ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း

  • Home
  • Myanmar
  • Mandalay
  • ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း

ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း ညောင်းညာကိုက်ခဲကင်းဝေးအောင် ဦးချစ်

ဆောင်းတွင်းမို့ ရေသောက်နည်းလို့မရသလိုသောက်ရင်လည်း ပမာဏထက်ကျော်လွန်ပြီးမသောက်မိစေဖို့ မျှဝေပေးလိုက်ရပါတယ်..✨✨✨✨✨✨✨✨✨✨✨✨✨✨...
11/02/2022

ဆောင်းတွင်းမို့ ရေသောက်နည်းလို့မရသလို
သောက်ရင်လည်း ပမာဏထက်ကျော်လွန်ပြီး
မသောက်မိစေဖို့ မျှဝေပေးလိုက်ရပါတယ်..
✨✨✨✨✨✨✨✨✨✨✨✨✨✨✨

ရေသောက်နည်းမှန်ရင် တော်ရုံတန်ရုံ ရောဂါတွေဖြစ်ဖို့ မလွယ်တာကို သတိထားမိကြမှာပါ။

လူ့ကိုယ်ခန္ဓာရဲ့ ၇၂.၈% ဟာ ရေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ရေလုံလောက်အောင် သောက်ပေးဖို့လိုပါတယ်။ ပုံထဲမှာ မိမိကိုယ်ခန္ဓာ အလေးချိန်အလိုက် လိုအပ်တဲ့ရေပမာဏကို ဖေါ်ပြထားပါတယ်။

လိုတာထက် လျှော့မသောက်နဲ့ လိုတာထက် ပိုမသောက်နဲ့။ တန်ဆေးလွန်ဘေးပါ။ "ရေများများသောက်ရင် ဝိတ်ကျတယ်" ဆိုပြီး နင်းကန်မသောက်ပါနဲ့။ လိုအပ်တာထက်ပိုရင် ရေဆိပ်တက်တတ်ပါတယ်။ ...............

ရေကို လိုအပ်တာထက် ပိုသောက်လျှင်..

၁။ သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းပြီး ပျို့အန်၊ နုံးချိ၊ ဆီးသွား၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

၂။ နှလုံးနှင့်သွေးကြောဖိအားများစေပြီး နှလုံးအလုပ်ပိစေပါတယ်။

၃။ ကျောက်ကပ်က စစ်ထုတ်နိုင်သော ပမာဏကျော်လွန်သွားတဲ့အတွက် မစစ်ထုတ်နိုင်တဲ့အခါ ကိုယ်တွင်းဆိုးရွားသော ကျန်းမာရေးအခြေအနေကို ရောက်ရှိစေနိုင်ပါတယ်။

၄။ ဆဲလ်များတွင်း ရေဓာတ်များဖောင်းပွကာ သွေးတွင်းဓာတ်များ မညီမျှမှုဖြစ်ပြီး ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေတတ်ပါတယ်။

၅။ သွေးကြောအတွင်း ရေများကာ သွေးကျဲစေတဲ့အတွက် သွေးရဲ့ အလုပ်လုပ်တဲ့ကဏ္ဍကို ထိခိုက်စေပါတယ်။

၆။ သွေးကြောမှရေများဟာ ဦးနှောက်ဆဲလ်များသို့ လျှံထွက်ပြီး ဦးနှောက်ဆဲလ်များဖောင်းခြင်း (brain edema) အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ပြင်းထန်ပါက ဦးနှောက်သေခြင်း၊ ဦးနှောက်ကျွံခြင်းနှင့် အသက်ရှူလမ်းကြောင်း ပြဿနာများ ရင်ဆိုင်ရနိုင်ပါတယ်။

၇။ ပိုတက်ဆီယမ်လျော့ပြီး ရင်ဘတ်အောင့်ခြင်းနှင့် ခြေသလုံးနာခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

၈။ ရေများပြီး အခြားအာဟာရဓာတ်‌ လျှော့နည်းကာ ဓာတ်များမညီမျှမှုကြောင့် အစာအိမ်ပြဿနာဖြစ်တတ်ပါတယ်။

၉။ * အချို့ရေများတွင် ထုံးဓာတ်များ ပါဝင်သောကြောင့် ကျောက်ကပ်ကျောက်တည်ခြင်း၊ သည်းခြေကျောက်တည်ခြင်းများ ဖြစ်စေနိုင်ပါတယ်။

၁၀။ ဆီးပိုသွားကာ ကိုယ်ခန္ဓာအတွက် လိုအပ်သော စုပ်ယူမူမရှိဘဲ စုပ်ယူမူဖြစ်စဉ် ပျက်စီးယိုယွင်းမှုဖြစ်စဉ်ကို ဖြစ်စေပါတယ်။.......
Crd. ဒေါက်တာ ပြည့်ရှင်း
Via; Anney Sullivan
#အောင်နိုင်ထွန်း_မြန်မာစာ
ပြန်လည်မျှဝေပါသည်။

 #တနေ့နေ့ 36နာရီ အစာဖြတ်မယ် #ခုတလော အရမ်းနာမည်ကြီးနေတဲ့၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများ  # #လွန်ခဲ့သော နှစ်ပေါင်းခြေ...
06/02/2022

#တနေ့နေ့ 36နာရီ အစာဖြတ်မယ်
#ခုတလော အရမ်းနာမည်ကြီးနေတဲ့
၃၆နာရီအစာဖြတ်ခြင်း အကျိုးကျေးဇူးများ # #

လွန်ခဲ့သော နှစ်ပေါင်းခြောက်ထောင်လောက်က ကမ္ဘာပေါ်မှာ အသိပညာရှင်တွေ အများကြီးရှိခဲ့တဲ့သမိုင်းအထောက်အထားတွေရှိခဲ့ပါတယ်။အဲ့တုန်းက နာရီရှည်အစာဖြတ်တဲ့ လေ့ကျင့်ခန်းလုပ်ပြီးလူတွေ ကျန်းမာအသက်ရှည်ခဲ့ကြတယ်လို့ သိရပါတယ်။အခုလည်းအဲဒီနည်းကို ကျနော်တို့ လုပ်လို့ရပါတယ်။လုပ်သင့့်တဲ့၃၆နာရီfastingနည်းလမ်းကို ပြောပြသွားပါမယ်။လူတိုင်းလည်း အလွယ်တကူ လုပ်နိုင်ကြပါတယ်။

၃၆နာရီ fastingလုပ်ဖို့ ပိတ်ရက်တွေကိုရွေးချယ်တာ ကောင်းတယ်။ဒါကြောင့် သောကြာနေ့ညက စလိုက်မယ်။သောကြာနေ့ည၇နာရီမှာ ညစာစားပြီးတာနဲ့၃၆နာရီတိတိ ဘာအစာမှ မစားရဘဲ ရေတစ်မျိုးထဲသာ သောက်ဖို့ဖြစ်ပါတယ်။မည်သည့်ကယ်လိုရီမှ မထည့်ရတော့ပါဘူး။အချိုရည်တောင် မသောက်ရပါဘူး။ zero calorie အတိုင်း ထားရမှာဖြစ်ပါတယ်။သောကြာည၇နာရီမှစတင်ပြီး တနင်္ဂနွေ မနက်၇နာရီအထိ ဖြစ်ပါတယ်။ရေကိုကြိုက်သလောက် သောက်နိုင်တယ်။ကြိုက်သလောက် အိပ်နိုင်တယ်။

အဲဒီအစာဖြတ်လေ့ကျင့်ခန်းကနေ ရရှိလာမယ့်ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့ အများကြီးဖြစ်ပါတယ်။အစာဖြတ်လိုက်တော့Bodyကenergyရဖို့အတွက် ကိုယ်တွင်းမှာအာဟာရတွေကို လိုက်ရှာပါတယ်။အာဟာရကိုမတွေ့တော့ ကိုယ်တွင်းကအဆီတွေကို လိုက်စားပါတယ်။အဆီတွေထဲမှာ အောင်းနေတဲ့အဆိပ်တွေဟာ လောင်ကျွမ်းခံရတဲ့အတွက် အဆီလည်းကျပြီးအဆိပ်တွေလည်း ဖယ်ရှားခံရပါတယ်။အဲဒီအဆိပ်တွေကို ရေကbodyအပြင်ဘက်ကို စွန့်ထုတ်ပေးလိုက်ပါတယ်။

Body မှာ အလိုအလျောက် ပြုပြင်တဲ့စနစ်ဆိုတာရှိပါတယ်။အဲဒီစနစ်က အစာဖြတ်ပေးလိုက်တာနဲ့ပိုပြီး အလုပ်လုပ်လာနိုင်တယ်။ရောဂါတွေကို ဆေးသောက်စရာမလိုဘဲနဲ့ အလိုအလျောက်ပြုပြင်တဲ့ စနစ်ကautoကု ပေးသွားတာဖြစ်ပါတယ်။ရောဂါတွေသူ့ဟာသူ ပျောက်သွားပါတယ်။မကျန်းမာသူတွေတောင်မှ တဖြည်းဖြည်း ကျန်းမာလာကြပါတယ်။

Body က အင်နာဂျီလိုအပ်လို့ လိုက်ရှာရာမှာတစ်ကိုယ်လုံးက ကလာပ်စီးတွေဆီကိုလည်း ရောက်ပါတယ်။မကောင်းတဲ့cellအဟောင်းတွေနဲ့ ရောဂါဖြစ်နေတဲ့cellတွေကို ပါစားသွားပါတယ်။junk cellတွေကို ဖယ်ရှားပေးပါတယ်။ကင်ဆာcellတွေကိုပါ ရှင်းလင်းပေးသွားပါတယ်။

အစာဖြတ်လိုက်တဲ့အခါမှာ စိတ်ပါပြောင်းသွားပါတယ်။အူတွေမှာအစာမရှိတော့ စိတ်ကြည်လာတယ်။နေရထိုင်ရတာ ပေါ့ပါးလာတယ်။ဦးနှောက်က စိတ်ကူးစိတ်သန်းကောင်းတွေ ထွက်ပေါ်လာတယ်။ဆုံးဖြတ်ချက်ချတာတွေ သိပ်ကောင်းတယ်။တရားအားထုတ်လို့ ကောင်းတယ်။ဒါကြောင့်ဗုဒ္ဓက ညစာရှောင်ခိုင်းတာ ဖြစ်တယ်။

Fasting လုပ်ပေးလေ့ရှိသူတွေဟာ သွေးတိုးရောဂါပါ ပျောက်ကင်းသက်သာ လာကြပါတယ်။အရင်က200/125အထိတက်တဲ့သူဟာfastingပုံမှန် လုပ်ပေးလာရင်းနဲ့130/90 လောက် ပြန်ဖြစ်လာပါတယ်။

အစာဖြတ်လေ့ကျင့်ပေးရင် လူတွေက အားယုတ်တယ်လို့ ထင်နေကြလေ့ရှိပါတယ်။တကယ်ကအားမယုတ်တဲ့အပြင် အားပိုရှိသလိုတောင် ခံစားရပါတယ်။ဘာကြောင့်လဲဆိုတော့ ပေါ့ပါးလို့ပါ။ပေါ့ပါးတော့ သွက်လက်တယ်။

အခြားသော အကျိုးကျေးဇူးတွေလည်း တစ်ပုံကြီးရသေးတယ်ဗျ။အဲဒါတွေကတော့ -
ကိုယ်တွင်း ရောင်ကိုင်းမှုများကို လျှော့ချပေးခြင်း
အူလမ်းကြောင်း ကျန်းမာခြင်း
တစ်ကိုယ်လုံး ငြိမ်းအေးခြင်း
ဖြစ်ဆဲရောဂါများ တန့်သွားခြင်း
သွေးတွင်းအင်ဆူလင် ပုံမှန်ဖြစ်လာခြင်း
ဆီးချို သွေးချို ထိန်းလာနိုင်ခြင်း
အစာခြေစနစ် ကောင်းလာခြင်း
ကြွက်သားများ သန်မာလာခြင်း
လည်ချောင်း ချွဲသလိပ်ရှင်းခြင်း
အရိုး ကျစ်လျစ်ခြင်း
စိတ်ထား နူးညံ့လာခြင်း
အသားရေ လှပလာခြင်း
ကိုယ်လုံးကိုယ်ထည် အချိုးကျလာခြင်း
ခံတွင်း အနံ့အသက် ကင်းခြင်း အစရှိတဲ့ အကျိူးကျေးဇူးတွေ များစွာရရှိလာမှာ ဖြစ်ပါတယ်။၃၆နာရီလောက်Fastingလုပ်ရတာဟာ အခက်အခဲမရှိဘဲလူတိုင်းလိုလို လုပ်နိုင်ကြတဲ့အတွက် ကျန်းမာပြီးအသက်ရှည်ရှည်နေရဖို့ မကြာခဏလုပ်ပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ချစ်ခင်လေးစားလျှက်..
PS : (ဆီးချိုကျရောဂါရှိသူများမလုပ်ရပါ)
Credit 🤓
Via - Si Thu Lwin Pyin

😊😊😊စာရေး‌ဆရာကြီး ရွှေဥဒေါင်းတို့...(ဆယ်ရက်) သို့မဟုတ်ရက်များစွာနဲ့ချီပြီး..အစာဖြတ်ပြစ်တဲ့အပြင်...ဝမ်းပါချူပစ်တာ...ရုပ်ပါနုပျိုလာလို့...မင်းကွန်းတိပိဋကဆရာတော်ကြီးကနှစ်ပေါင်းများစွာကွာဝေးခဲ့ပြီး..ပြန်တွေ့တဲ့အခါမှာ.."ဒကာကြီးအရင်တုန်းကလို နုပျိုနေတာပါလား"လို့..မိန့်တော်မူတာမှတ်သားဘူးတယ်...ဒီ Fasting ကို လက်ခံတယ်..ဒီ Fasting နဲ့ပတ်သက်ပြီး..ဆရာကြီးရွှေဥဒေါင်းအကျယ်‌ရေးသား‌တဲ့စာအုပ်ရှိပါတယ်..စာအုပ်တိုက်တွေမှာစုံစမ်းမေးဝယ်နိုင်ပါ..တယ်..ဆရာကြီးကတော့.ရက်ရှည် Fasting လုပ်ရင် အဟာရဆရာဝန်နဲ့ တိုင်ပင်ဘို့..အကြံပြုထားပါတယ်..😊😊😊
Original Writer

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား***************************************** ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြ...
03/02/2022

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား
*****************************************

ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးက ညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက်တတ်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ် ခံနိုင်တာက တစ်ကြောင်း၊ ခြေအိတ်စွပ်လေ့မရှိတာက
တစ်ကြောင်း အထူးတလည်ရှောင်စရာ မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး ဆိုတဲ့သတိပေးစကားကို အမှတ် အသား ပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် ...

ဆောင်းရာသီ ရောက်လည်း အနွေးထည် ထူထူဝတ် စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ တစ်ယောက် ခြေကျင်းဝတ် ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့ ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့ ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ -

ခြေအိတ် စွပ်ခြင်းနဲ့ ပတ်သက်တဲ့ ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက် လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက် အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့ စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။

အင်တာနက်က ကျန်းမာရေး ဆိုက်တွေထဲ လိုက်ရှာကြည့်
တော့ တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ ကောင်းကျိုး တွေ ဖော်ပြတာပဲ တွေ့ရပါတယ်။

● မြန်မြန် အိပ်ပျော်စေတယ်

● လေ့လာမူများအရ ခြေအိတ်စွပ်လျှက် အိပ်ခြင်းက အိပ်ပျော်ဖို့ အထောက်အကူပြုတာ တွေ့ရပါတယ်။

●အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင် ပူလှောင် နေလိမ့်မည်ဟု ထင်စရာရှိပါသည်။

● အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို အထောက်အကူ ပြုတာ တွေ့ရပါသည်။

●၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် , အပူပေးထားတဲ့ခြေအိတ် စွပ်ထားသည်ဖြစ်စေ လျှင်မြန်စွာအိပ်ပျော်စေတာကိုတွေ့ရှိခဲ့ပါတယ်။

■ရှင်းပြချက် •••

●ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ ကျဆင်းသွားပါတယ်
မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံးကို ရောက်ရှိပါတယ်။

●ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက် ဖြစ်ပါတယ်
၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ အပြောင်းအလဲရှိပါတယ်။

●ခြေအိတ်စွပ်ထားလို့ ခြေထောက် နွေးလာခြင်းက သွေးကြော များ ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် - အရေပြား ပူနွေး လာပါတယ်။

● ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..
core body temperature ကျဆင်းစေပါတယ်

●အပူချိန် ကျဆင်းခြင်းက ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း ပို့ပါတယ်။
အရေပြား ပူနွေး လာခြင်းက မြန်မြန် အိပ်စေပါတယ်။

●လူ ခန္ဓာမှာ ဇီဝနာရီ biological clock ရှိပါတယ်

ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ လုပ်ဆောင်မူကို circadian rhythm လို့ခေါ်ပါတယ်။

circadian rhythm က အိပ်ချိန်ကို သတ်မှတ်ပါတယ်။
သူ့ကြောင့် လူဟာ ညရောက်လျှင် အိပ်ချင်ပြီး , မနက်ကျနိုးလာတာ ဖြစ်ပါတယ်။

● ကိုယ်အပူချိန်က မနက်ကစပြီး တဖြည့်ဖြည်းတက်လာတာနေ့လည် နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး ရောက်လာပါတယ် -

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး ဖျတ်လတ်နေပါတယ်။

● လူ အိပ်သွားပြီ ဆိုလျှင် ကိုယ်အပူချိန် ၁.၂ ဒီဂရီ လောက်ကျဆင်းသွားပါပြီ ..
ဒါဟာ ကိုယ်တွင်းအင်္ဂါတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

● ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ အပူ ထိန်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။

■ ရေးနော့လက္ခဏာ လျော့ပါးစေတယ်
( Reducing Raynaud's Symptoms )

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျားမှာ သွေးကြောတွေ ကျဉ်းကုန်ပြီး သွေးလျှောက် နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင် ဒီလို ရေနော လက္ခဏာ ခံစား ရမူ လျော့စေမှာ ဖြစ်ပါတယ်။

■ အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )

●သွေးဆုံးချိန်မှာအမျိုးသမီးများက ချွေးထွက်လွန်ခြင်း ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာ အပူတွေထွက်နေတတ်ပါတယ် ၊ ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

● လိင်အတွက်ကောင်းတယ်
better s*x popular news story from 2005 အရ အိပ်ချိန်မှာ ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း တွေ့ခဲ့ရပါတယ်။

ခြေအိတ်စွပ် အိပ်ခြင်းကြောင့် ခြေဖနောင့်ကွဲတာကို သက်သာစေတယ် ။

• ခြေအိတ်က ချောင်ချောင်လည်လည် ဖြစ်ဖို့ လိုပါတယ်။
ချောင်လည်တာ ရွေးချယ် ဝယ်သင့်ပါတယ်။

ခြေအိတ်က တင်းကျပ်နေရင် သွေးလျောက်ခြင်းကိုအနှောက်အရှက် ဖြစ်စေပါတယ်
ထူထဲ နွေးထွေးတဲ့ ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

credit-​ဒေါက်တာမြင့်သိန်း

ဆောင်းတွင်းမှာတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှာရည်ယို၊နှာပိတ်ခြင်းအကြောင်းကို ကူးယူမျှဝေပေးလိုက်ပါတယ်။"နှာရည်ယို၊ ...
30/12/2021

ဆောင်းတွင်းမှာတော်တော်များများ ဖြစ်လေ့ဖြစ်ထရှိတဲ့ နှာရည်ယို၊နှာပိတ်ခြင်းအကြောင်းကို ကူးယူမျှဝေပေးလိုက်ပါတယ်။

"နှာရည်ယို၊ နှာပိတ်ခြင်း - ​ဒေါက်တာစိမ့်"

ရာသီဥတုအေးတဲ့အခါဖြစ်​စေ၊ ရာသီအကူးအပြောင်းမှာဖြစ်​စေ၊ Covid19 အပါအဝင် တုပ်​ကွေးမိတဲ့အခါဖြစ်​စေ နှာပိတ်တဲ့ပြဿနာဟာ လူတိုင်းလိုလို ကြုံတွေ့နေရပါတယ်။ နှာပိတ်တာဟာ နှာခေါင်းတွင်းက တစ်ရှူးနဲ့ သွေးကြောတွေက အရည်တွေနဲ့ဖောင်းလာပြီး ပိတ်ဆို့လာတာပဲ ဖြစ်ပါတယ်။ နှာပိတ်တာဟာ တချို့တွေမှာလည်း နှာစေးတာ၊ နှာရည်ယိုတာနဲ့တွဲလေ့ရှိတယ်။ တချို့လည်း မဖြစ်ပါဘူး။ နှာပိတ်တာဟာ အသက်ရှူရခက်ခဲစေတဲ့အတွက် စိတ်အနှောင့်ယှက်ဖြစ်ရပါတယ်။ အထူးသဖြင့် အိပ်နေတုန်း အသက်ရှူပိတ်တဲ့အတွက် လန့်နိုးရတာဟာ ပိုဆိုးပါတယ်။ ကလေးငယ်လေးတွေမှာဆိုရင် အစာကျွေးရခက်ခဲနိုင်ပါတယ်။

🤔 ဘာ​ကြောင့် ဖြစ်ရတာလဲ ❓❓

နှာခေါင်းတွင်းတစ်ရှူးတွေကို ရောင်ရမ်းစေတဲ့၊ သွားဆွစေတဲ့အရာတွေကြောင့် နှာပိတ်နိုင်ပါတယ်။ အအေးမိတာ၊ တုပ်ကွေး၊ ဦးခေါင်းခွံအခန်းငယ်လေးတွေ ရောင်ရမ်းတာ၊ အလက်ဂျစ်ဖြစ်တာတွေကြောင့် နှာရည်ယို၊ နှာပိတ်စေပါတယ်။ တခါတလေလည်း ဆေးရွက်ကြီးအငွေ့တွေ၊ ကားမီးခိုးတွေ ရှူရှိုက်မိတာကြောင့် ဖြစ်တတ်ပါတယ်။ ဒါကို non-allergic rhinitis or vasomotor rhinitis လို့ ခေါ်ပါတယ်။ ရှားရှားပါးပါး အလုံးအကျိတ်တွေကြောင့် နှာပိတ်တာလည်း ရှိပါတယ်။

ဖြစ်နိုင်ခြေရှိတဲ့အကြောင်းတွေကတော့ -
အရိုးခေါင်းပွတွေရောင်ရမ်းတာ၊ အရက်၊ ဓာတ်မတည့်တာ၊ အအေးမိတာ၊ နှာပွင့်ဆေးတွေ အလွန်အကျွံသုံးတာ၊ နှာနုရိုးစောင်းတာ၊ လေအေးအေးရှူရတာ၊ အစပ်စားတာ၊ အရာဝတ္ထု၊ တုပ်ကွေးဖြစ်တာ၊ ကိုယ်ဝန်ဆောင် (ဟော်မုန်းအပြေင်းအလဲကြောင့်)၊ တချို့သွေးကျဆေးတွေ၊ စိတ်ကျဆေးတွေ၊ နှာခေါင်းတွင်းအလုံးကျိတ်တွေ၊ ပန်းနာရင်ကြပ်ဖြစ်တာ။

💊 ဘယ်လိုပျောက်ကင်းသက်သာနိုင်မလဲ ❓
နှာပွင့်ဆေးတွေက နှာခေါင်းတွင်းတစ်ရှူးတွေ ဖောင်းတင်းနေတာကို လျော့ပါးသက်သာစေပြီး နှာခေါင်းအရိုးခေါင်းပွအတွင်းက ဖိအားကိုကျစေပါတယ်။ naphazoline (Privine), oxymetazoline (Afrin, Dristan, Nostrilla, Vicks Sinus Nasal Spray), phenylephrine (Neo-Synephrine, Sinex, Rhinall) ဆိုပြီး နှာခေါင်းတွင်းဖြန်းတဲ့ စပရေးတွေအနေနဲ့ ထုတ်ထားတာရှိသလို သောက်ဆေးအနေနဲ့ phenylephrine (Sudafed PE, and others) and pseudoephedrine (Sudafed) ဆိုပြီးလည်း လာပါတယ်။

nasal spray ခေါ် နှာခေါင်းတွင်းဖြန်းဆေးတွေကို ၃ ပတ်ထက် ပိုမသုံးသင့်ပါဘူး။ ဒီဆေးတွေကို အသက် ၄ နှစ်အောက်ကလေးတွေမှာ မသုံးရပါဘူး။

ဓာတ်မတည့်တာကြောင့် နှာပိတ်တာဆိုရင်တော့ antihistamines ဆေးအမျိုးစားတွေက နှာချေတာ၊ နှာစေးတာ၊ နှာပိတ်တာတွေကို သက်သာစေပါတယ်။ ဒီဆေးတွေက နှာခေါင်းအရိုးတွင်း ဖိအားကိုကျစေ တဲ့အပြင် လူကို အိပ်စေတဲ့အာနိသင်ရှိတာကြောင့် အအေးမိတဲ့သူတွေကို ညဘက်ဆေးအဖြစ်နဲ့လည်း ပေးလေ့ရှိပါတယ်။

acetaminophen, ibuprofen, and naproxen လို အကိုက်ခဲပျောက်ဆေးတွေက နှာပိတ်တာကို လုံးဝ မပျောက်စေပေမယ့် အရိုးခေါင်းပွတွေ နာကျင်တာကို သက်သာစေပြီး ဖိအားကျစေပါတယ်။

🏨 ဘယ်အခါမှာ ဆေးခန်းပြဖို့လိုလဲ ❓

• နှာပိတ်တာတွေဟာ ၁၀ ရက်ကျော်လို့မှ မသက်သာရင်၊

• အဖျားအရမ်းကြီးရင်

• အစိမ်းရောင် (သို့) အဝါရောင် နှာရည်တွေကျနေရင် (အမြဲတော့မဟုတ်ပါ။ များသောအားဖြင့်ကတော့ ဗိုင်းရပ်စ်ပိုးတွေကို ခန္ဓာကိုယ်ခံအားစနစ်က တိုက်ထုတ်တဲ့အခါ ဆဲလ်သေတွေ၊ ပိုးမွှားအသေတွေ၊ တခြားအညစ်ကြေးတွေကြောင့် ဒီလိုအရောင်တွေ ဖြစ်ရတာပါ။ ဒီလို အစိမ်းရောင်နှပ်ရည်တွေကျတာအပြင် အအေးမိနှာစေးတာ ၁၀ ရက်ကျော်နေမှ ဆေးခန်းသွားပြဖို့လိုတာပါ။ ပုံမှန်အားဖြင့်တော့ အကြည်ရောင်နှာရည်က ကျန်းမာတဲ့လက္ခဏာပါ။ အဖြူရောင်နှပ်တွေကတော့ အအေးမိတာရဲ့လက္ခဏာ ဖြစ်ပါတယ်။)

• နှဖူးတွေ၊ နှာရိုးတွေပါ အရမ်းနာနေရင်

• ခေါင်းကိုခိုက်မိပြီးနောက် နှာရည်မှာ သွေးစတွေပါလာတာ ၊ ဒါမှမဟုတ် အရည်ကြည်ကြည်တွေကျဆင်းနေတာ

• ကလေးတွေမှာဆိုရင် အသက် ၂ လအောက်နဲ့ အဖျားရှိနေရင်၊

• ကလေးအသက်ရှူရခက်နေရင်

ကိုယ့်ဘာသာ ဆေးသောက်မနေနေတာ့ဘဲ ဆေးခန်းသွားပြီး သေချာကုသမှုခံယူဖို့လိုပါတယ်။

✅ နှာပိတ်တာဟာ လေအေးအေးခြောက်ခြောက်​တွေကို ရှူရတာကြောင့်လည်း ဖြစ်တတ်တာမို့ ဆေးဝါးတွေအပြင် အသက်ရှူလမ်းကြောင်းကို စိုစွတ်နေအောင် လုပ်ပေးရင်လည်း သက်သာစေပါတယ်။ နှာရည်ယို နှာပိတ်တာကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းစိုစွတ်နေစေတဲ့ အိမ်တွင်းနည်းလေးတွေကတော့ -
အခန်းတွင်း ရေနွေးငွေ့ပေးစက် (သို့) ရေငွေ့ပေးစက်တပ်ဆင်ပါ။ အသက်ရှူရတဲ့ လေထုကို ရေဓာတ်ဖြည့်ပေးတဲ့အတွက် နှာပိတ်တာသက်သာစေပါတယ်။

✅ ရေနွေးနွေးလေးနဲ့ ကြာကြာချိုးပါ။ 🚿🛁

✅ ရေများများသောက်ပါ။ ဒီလိုသောက်ပေးခြင်းက ပိတ်ဆို့နေတဲ့ နှာရည်ပျစ်ပျစ်တွေကို ကျဲစေပြီး နှာပိတ်တာ သက်သာစေပါတယ်။

✅ စလိုင်းရည်ကို နှာခေါင်းတွင်း အစက်ချပါ။

✅ ရေနွေးစိမ်ထားတဲ့ သဘက်နွေးနွေးကို ရေညှစ်ပြီး မျက်နှာတွင် အုပ်ထားပါ။

✅ ရေနွေးပူပူတည်ပြီး ထွက်လာတဲ့ ရေနွေးငွေ့တွေကို ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ရှူပေးပါ။ ပိတ်ဆို့နေတဲ့ နှပ်တွေအရည်ပျော်ပြီး အအေးမိတာကြောင့် နဖူး၊ နှာရိုးနာကျင်တာတွေပါ သက်သာစေပါတယ်။

✅ အိပ်စက်တဲ့အခါ ဦးခေါင်းပိုင်းကို ပိုမြင့်အောင်ထားပြီး အိပ်ပါ။ ခေါင်းအုံးထပ်ပြီး မြှင့်မယ်ဆိုရင် အသက်ရှူရတာ လည်း ပိုပြီးအဆင်ပြေစေပါတယ်။

🚫 ကလိုရင်းခပ်ထားတဲ့ရေကန်တွေမှာ မကူးပါနဲ့။ နှာခေါင်းတွင်းတစ်သျှူးတွေကို သွားဆွပေးသလိုဖြစ်စေပါတယ်။


#လေးစားစွာဖြင့်

ပယင်း # # #--------------ပယင်းက မြန်မာပြည်မှာ​ပေါ်တာ အချိန်ကာလတစ်ခုကြာမြင့်ခဲ့ပါပြီ... ​ပေါ်ခါစက​တော့ လူ​တွေက ပယင်းမှပယင...
28/12/2021

ပယင်း # # #
--------------
ပယင်းက မြန်မာပြည်မှာ​ပေါ်တာ အချိန်ကာလတစ်ခုကြာ
မြင့်ခဲ့ပါပြီ... ​ပေါ်ခါစက​တော့ လူ​တွေက ပယင်းမှပယင်းဖြစ်ကြပြီးစိတ်ဝင်စားမှုလည်းအ​တော်များကြပါတယ်...ပယင်း​​စျေးကလည်း များပြီးအလျဥ်းသင့်ရင် သင့်သလိုပစ္စည်း​ကောင်းရင်​ကောင်းသလို ​ကြိုက်​​​စျေး ​ပေးဝယ်ကြပါတယ်...
ခု​နောက်ပိုင်း​တော့ စိတ်ဝင်စားမှု​လျော့လာကြပါတယ်..မြန်မာပြည်မှာစီးပွား​ရေးကြပ်တာကလည်းအဓိကအ​ကြောင်းရင်းဖြစ်ပါလိမ့်မယ်...ဒါ​ပေမယ့် ပယင်း ဟာလူ​တွေအတွက် ဘယ်​လောက် ​တောင်​ကောင်းကျိုးရှိတယ် ..အသုံးတည့်တယ်ဆိုတာကို​ပြောပြပါ့မယ်..
ပယင်းဟာ​လော​လောဆယ်ထိ ကမ္ဘာမှာ ၅ နိုင်ငံသာထွက်ရှိပါတယ်..အာ့တာက​တော့ မြန်မာ..ပိုလန်..အ​မေရိကန်..
က​နေဒါ..ရို​မေးနီးယား နိုင်ငံတို့ဖြစ်ကြပါတယ်...မြန်မာမှာ​တော့ ဟူး​ကောင်းချိုင့်ဝှမ်း​ဒေသ..တနိုင်း​ဒေသ..စစ်ကိုင်းတိုင်း ခန္တီးနယ်ဘက်​တွေမှာ တူး​ဖော်ရရှိကြပါတယ်..
ပယင်းက တကယ်​တော့ ​ကျောက်မဟုတ်ပါဘူး..အဆီထွက်တဲ့အပင်တစ်မျိုးသာဖြစ်ပါတယ်...​ယေဘုယျအားဖြင့်အနည်းဆုံး နှစ်သန်း​ပေါင်း ၂၅ သန်းက​နေ သန်း၅၀ အတွင်း ကြာခဲ့ပြီးမှာ ဖြစ်တည်လာခြင်းဖြစ်ပါတယ်...တကယ်တူး​ဖော်ရာမှာလည်း ပယင်းကို​မြေ​အောက်​ပေ ၅၀၀....၆၀၀ ..၇၀၀..အနက်မှာသာတူး​ဖော်ရရှိခြင်းဖြစ်ပါတယ်..
ပယင်းဟာ မူလဇီဝ ​ကျောက်မျက်အမျိုးအစားဖြစ်ပါတယ်..
ဟိုက်ဒရို-ကာဗွန်နိတ် ဒြပ်​ပေါင်းများဖြစ်ပြီး မာခြင်းအဆင့်
၂.၅ သာရှိပါတယ်...လူသားတို့အသုံးပြု​သော​ကျောက်မျက်ရတနာတန်းဝင်များထဲမှာမှရှေးအကျဆုံးရတနာထဲတွင် ပါဝင်ပါတယ်..ဘီစီ(၈၀၀၀) ​လောက်ကတည်းက ဥ​ရောပ​ေမြာက်ဘက်မှာအသုံးပြုခဲ့ကြပါတယ်..
ပယင်းအစစ်သည်​ပေါ့ပါးပြီးဆားငံရည်တွင် ​ရေ​ပေါ်​ပေါ်​နေပါတယ်.. ဝါ​ရွှေ​​ရွှေအ​ရောင်ကိုပယင်း​ရောင်အဖြစ်တင်စားကြပြီး နီညို​ရောင် ..လိ​မ္မော​ရောင်..အစိမ်း​ရောင်..နှင်းဆီ​ရောင်..အဝါ​ရောင်..ခရမ်း​ရောင်..အဖြူ​ရောင်..ခရမ်းပြာ​ရောင်တို့ကိုလည်း​တွေ့ရှိရပါတယ်...
ပယင်းကို ​သွေးလည်ပတ်မှု ​ကောင်း​စေရန်နှင့်ကံ​ကောင်း​စေရန်အတွက်ဝတ်ဆင်သုံးဆွဲကြပြီးပွဲလမ်းသဘင်များတွင်ချမ်းသာသြွယ်ဝသူတို့၏ဂုဏ်သိက္ခါတစ်ရပ်အဖြစ် ပယင်းကို မီးရှို့
သုံးစွဲကြပါတယ်..
​ရောမ​ခေတ်တွင်ပင် ပယင်းလည်ဆွဲ ခပ်​သေး​သေးကိုပင်
ကျွန်တစ်ယောက်ထက်​စျေးပို​ပေးပြီးဝတ်ဆင်ကြသလို
​ဆေး​ဖော်စပ်ခြင်း..​ရေ​မွှေး​ဖော်စပ်ခြင်းတို့တွင်လည်း အသုံးပြုခဲ့ကြပါသည်..
ပယင်းသည် ​ကျောက်ဖြစ်ရုပ်ကြွင်းသဖွယ်ဖြစ်ပြီး​​​ေခတ်ကာလတစ်ရပ်နှင့်ဆက်စပ်​နေ​ပေရာ အသက်ရှည်ခြင်းကို​ပေး​ဆောင်​ကြောင်းမှတ်ယူနိုင်ပါသည်.. အလားတူပင်
သက်ရှိသတ္တဝါများ၏ရုပ်ကြွင်းများကိန်း​အောင်း​နေပြီးအာကာသဓါတ်နှင့်ဆက်စပ်​နေ​ကြောင်းလက်ခံထားရှိကြပါသည်.. ယင်းဓါတ်ကို ဓါတ်ကြီး ၄ ပါအပြင် ပဥမမြောက်
ဓါတ်သဘာဝအဖြစ်သတ်မှတ်ထားပြီး အသက်..ဘဝ(အပင်.သတ္တဝါ..လူ)တို့နဲ့ပတ်သက်​ကြောင်းလက်ခံထားရှိကြပါတယ်..
ဒါဟာ ပယင်း အ​ကြောင်းကို သိသ​လောက် မျှ​ဝေ​ပေးခြင်းဖြစ်ပါတယ်.....ဒိထက်မကနက်နဲတဲ့အ​ကြောင်းတရား​တွေက ပယင်း ရတနာ မှာရှိ​နေပါ​သေးတယ်...
ဒီလို ပယင်းရတနာနဲ့ ပြုလုပ်ထားတဲ့ ​ဆေး​တွေကို သုံးစွဲရာမှာလည်း သာမန်​ဆေး​တွေထက်ကို ပိုပြီးထူးခြားတဲ့ ဂုဏ်သတ္တိ​တွေရှိ​နေတာအမှန်ပါပဲ....​အပြောမဟုတ်လက်​တွေ့သုံးပြီးမှ​ပြောခြင်းဖြစ်ပြီး လက်​တွေ့ သုံးကြည့်ပြီးမှယုံကြည်နိုင်ပါတယ်...
ပယင်းပရုပ်ဆီ. # # # #.................. ..........သာမန်ပရုပ်ဆီထက် ၂ဆ ပိုအသုံးခံပါတယ်....မီး​ပူလောင်..​ရေ​နွေးပူ​လောင် ဒဏ်ရာ​တွေကိုလိမ်းနိုင်ပါ
တယ်.....​ပွေး..ဝဲ..ညင်း စတာ​တွေကိုလိမ်းနိုင်သလို​ခြေဖ​နောက်ကွဲ
တာ​တွေကိုလည်း ထိထိ​ရောက်​ရောက်အသုံးပြု​ပျောက်
ကင်း​​စေပါတယ်....​တော်တန်ရုံ​သွေးထွက်တာ​လောက်ကို​လည်းသွေးတိတ်​စေ
ပါတယ်....စိမ့်ဝင်အား​ကောင်းပြီး သာမန်ပရုပ်ဆီထက်အစွမ်း ၂ဆ ပို
ပါတယ်....လိမ်းရာမှာအရမ်းမပူပဲ လိမ်းပြီးပါက ချမ်းတုန်​အေးတာ
မျိုးကိုလည်း မဖြစ်​စေပါဘူး....အသုံးမပြုဖြစ်ပဲ လချီ ထားရှိပြီးမှပြန်လည်သုံးစွဲရာတွင်
အခြားပရုပ်ဆီများကဲ့သို့ မာမ​နေပဲ ​ပျော့​ပြောင်းစွာနဲ့ပဲ
သုံးစွဲနိုင်မှာဖြစ်ပါတယ်.............................................................................

ပယင်းဒူးနာလိမ်း​ဆေးရည်. # # # # #........................ ... ..... ..သက်ကြီးရွယ်အိုနှင့် ကိုယ်အ​လေးချိန်များ၍​သော်လည်း
​​ေကာင်း..အခြားအ​ကြောင်း​​ကြောင်းကြောင့်ဒူးနာပါက
၂ခါ ၃ခါ လိမ်းယုံဖြစ် အမြန်သက်သာ​စေပါသည်..(ကျွန်​
​တော်၏အ​မေကိုယ်​တွေ့ဖြစ်ပါသည်)..ဒူးနာအရမ်းမပြင်းထန်ပါက ​ဆေးတစ်ဘူးမကုန်ခင်သက်
သာရန်အာမခံပါသည်....ထုံတာကျင်တာ လက်​တွေ့​ပျောက်သလို ​လေးဘက်နာ..
​ရောင်ရမ်းတာ​တွေကိုလည်းလိမ်းနိုင်ပါသည်.....စိမ့်ဝင်အားကောင်းပြီး အ​ရေပြား​လောင်မှာ လုံးဝ စိုးရိမ်
စရာမလိုပါ....အသုံးပြုရာတွင် ​ဆေးပုလင်းရှိ ပယင်းအနည်များကို​သေ
ချာစွာနှံ့​အောင်​မွှေပြီးမှအသုံးပြုလိမ်းကျံပါ...လိမ်းကျံပြီး
ခပ်ထန့်ထန့်​ခြောက်ပါက ပတ်တီးစည်း​ပေးပါ..ပတ်တီး
မစည်းပါကထိ​​​ရောက်မှု အားနည်းပါမည်..........................................................................

ပယင်းရူ​ဆေး # # #.................... ပွတ်..ရူ...လိမ်း အဖြစ်အသုံးပြုနိုင်ပါသည်....အဆစ် အမြစ် နာခြင်း...​ခြေဆစ်လက်စစ်ကိုက်ခြင်းတို့
ကို တိုက်ရိုက်လိမ်းနိုင်ပါသည်....​ချောလဲ..ပွန်းပဲ့..ပွန်းနာရှနာ​တွေကိုလည်းလိမ်းနိုင်ပါသည်..ဇက်​ကြောတက်...ခါးနာ..တာ​တွေကိုလည်းထိ​​ရောက်စွာ
အသုံးပြုနိုင်ပါသည်....ပုလင်းကို rollonစနစ်ဖြစ်သုံးစွဲနိုင်မှာဖြစ်ပြီး ပုလင်းထဲ
တွင်ပယင်းအ​စေ့​လေးများကိုပါထည့်သွင်း​ပေးထား​သော
​ကြောင့်ပယင်းအာနိသင်ကိုအပြည့်အဝရရှိ​​စေမှာဖြစ်
ပါတယ်....စိမ့်ဝင်အားကောင်းပြီး အနံ့မှာ စိတ်ကိုရွှင်လန်းတက်ကြွ
​စေမည့်ယူကလစ်နံ့ကိုအသုံးပြုထားပါတယ်..........................................................................

ပယင်း​ဆေး​ပေါင်းဆီ # # #...............................
..၆လအထက်က​လေးမှစ၍ သက်ကြီးရွယ်အို အဖိုးအဖွား
အရွယ်​တွေအထိအသုံးပြုနိုင်ပါတယ်....​ချောင်းဆိုးတာ..ရင်ကြပ်တာ​တွေကိုသက်သာ​စေနိုင်သလို
မီးပူ​လောင်တာ..​ရေ​နွေးပူ​လောင်တာ​တွေကိုပါလိမ်းကျံ
နိုင်ပါတယ်....သူငယ်နာ..​ကျောပူ..​ခေါင်းပူစတာ​တွေကိုလည်းအသုံးပြု
နိုင်သလို အသားပတ်တာ ကွဲတာ​တွေကိုလည်းလိမ်းနိုင်
ပါတယ်....​ပွေးဝဲယားနာ​တွေကိုလည်းလိမ်းနိုင်သလို သစ်ဂျပိုးဆီပါ
လို့​ယောင်းရမ်းတာ​တွေကိုပါလိမ်းနိုင်ပါတယ်....အာရုံ​ကြောများကိုလည်း ​ပျော့​ပြောင်း​စေ​သောအာနိသင်
ရှိပါတယ်....တစ်ရက်ထဲကို လိုအပ်ပါက အကြိမ်ကြိမ် အသုံးပြုနိုင်ပါ
ပါတယ်..အပူ​လောင်မှာမပူရပါ..........................................................................

သို့ပါ၍
ဝယ်ယူအား​ပေးကြမယ်ဆိုရင်ဖြင့်..

ပယင်းပရုပ်ဆီ တစ်ဘူး ၁၅၀၀ိ/
ပယင်းရူ​ဆေး တစ်ဘူး ၁၅၀၀ိ/
ပယင်းဒူးနာလိမ်း​ဆေးတစ်ဘူး ၂၀၀၀ိ/
ပယင်း​ဆေး​ပေါင်းဆီ တစ်ဘူး ၂၀၀၀ိ/

ကျပ်နှုန်းဖြင့် ဝယ်ယူအား​ပေးနိုင်ပါတယ်ခင်ဗျာ...
နယ်​ဝေးများကိုလည်း တတ်နိုင်သ၍ ပို့​ဆောင်​ပေးသွားပါမယ်...

မိတ်​ဆွေတို့၏ ကျန်းမာ​ရေးအတွက် ပယင်း​ဆေးနဲ့ ပယင်း
ပစ္စည်းများကို သုံးစွဲခြင်းဖြစ် အသက်ရှည်စွာ အနာမဲ့​ကြောင်း အကျိုးတရားများဖြင့် ဘဝကို​​ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါ​စေ...
ဆက်သွယ်ရန်..
09259466933
💙💙💙💙💙

23/12/2021

သင် (သို့) သင့်ရဲ့မိသားစု သင့်ရဲ့ ပတ်ဝန်းကျင်မှာ ဒူးနာတဲ့သူရှိပါသလား ⁉

ဒူးနာခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာနိုင်ပါတယ်

📌 အသက်အရွယ်ကြောင့်
📌 ထိခိုက်မှုကြောင့်
📌 မျိုးရိုးကြောင့်
📌 နေထိုင်မှုပုံစံကြောင့်
📌 ရောဂါကြောင့်

ဘာကြောင့်ပဲ နာနာ ဝေဒနါခံစားရတာဖြစ်တဲ့အတွက် ပိုပြီးမနာကျင်ဖို့ ဆောင်ရန် ရှောင်ရန်လေး သိပြီးလိုက်နာဖို့လိုပါမယ်နော်

💠 ရှောင်ရန် အချက်များ 💠
- တတ်နိုင်သလောက် လှေကားအတက်အဆင်းမရှိအောင် ရှောင်ပါ
- တနေရာထဲတွင် ဆော့ကြောင့်ထိုင်ခြင်း ကြာကြာမလုပ်ပါနဲ့ (အဓိက toilet ထဲ ကြာကြာထိုင်တာမျိုး)
- မြေပြင်ပေါ်အလွတ်ထိုင်ချတာမျိုးမလုပ်ပါနဲ့
- နာကျင်နေစဥ် ပြေးတာ ခုန်တာ ပြင်းထန်တဲ့အားကစားလုပ်တာ ရှောင်ပါ
- တနေကုန် အိပ်နေခြင်းကိုရှောင်ပါ

💠 ဆောင်ရန်အချက်များ 💠
- ပေါ့ပေါ့ပါးပါး လမ်းလျှောက်ပေးပါ (ဒူးစွတ်ဝတ်ပြီး လျှောက်ပါ)
- တနေရာမှာကြာကြာထိုင်းပါက ထိုင်ခုံကို အသုံးပြုပါ
- ဖြစ်နိုင်ရင် ဘိုထိုင်အိမ်သာအသုံးပြုပါ
- ဒူးစွတ်အဝတ်များ အသုံးပြုပါ
- ရေခဲ (သို့) ရေနွေးဝတ်ကပ်ပေးပါ
- အရိုးအရွတ်အားဆေးမှီဝဲပါ



#ဒူးနာခြင်းတွက်ဆောင်ရန်ရှောင်ရန်များ❗🙂

ပယင်းရှူဆေးလေးရဲ့အနံ့ကိုပြန်ရနေကြပြီဆိုတော့မင်မင်ကတော့အရမ်းဝမ်းသာနေပါပြီချစ်တို့အားလုံးကျန်းမာကြပါစေလို့ဉီးချစ်မှဆုမွန်က...
12/08/2021

ပယင်းရှူဆေးလေးရဲ့

အနံ့ကိုပြန်ရနေကြပြီဆိုတော့

မင်မင်ကတော့အရမ်းဝမ်းသာနေပါပြီ

ချစ်တို့အားလုံးကျန်းမာကြပါစေလို့

ဉီးချစ်မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

09/07/2021

ရိုးရိုး နှာစေးချောင်းဆိုးတာနဲ့COVID-19 နဲ့ဘယ်လိုခွဲကြမလဲ

၁) ချောင်းဆိုး( ချွဲသလိပ်မပါ) + နှာစေး = လေထုညစ်ညမ်းမှု

၂) ချောင်းဆိုး + ချွဲသလိပ်ပါ + နှာစေး + နှာရည်ယို = အအေးမိခြင်း

၃) ချောင်းဆိုး + ချွဲသလိပ်ပါ + နှာစေး + နှာရည်ယို + ကိုယ်ခန္ဓာကိုက်ခဲ + အားနည်း + အဖျားငွေ့ငွေ့ = တုပ်ကွေး

၄) ချောင်းဆိုး (ချွဲ သလိပ္မပါ) + နှာစေး + နှာရည်ယို + ကိုယ်ခန္ဓာကိုက်ခဲ + အားနည်း + အဖျားကြီး + အသက်ရှူရခက်ခဲ = COVID -19

ဆိုပြီးတော့ ဒေလီက ရောဂါဗေဒ ဌာန တစ်ခုကနေထုတ်ပြန်ထားပါတယ်

အခုချိန်မှာ
နှာစေး ချောင်းဆိုး ဖြစ်တာနဲ့ အစိုးရိမ်မလွန်ကြဖို့လိုပါတယ်
လက်ရှိဖြစ်ပေါ်နေတဲ့ symptom တွေနဲ့ အပေါ်က ၄ချက်ကိုတိုက်ကြည့်ပီး မိမိဟာ ဘယ်အချက်တွေနဲ့ တူနေပြီဆိုတာ သိရှိနိုင်စေဖို့ပါ

COVID -19 မှာဆိုရင် ချောင်းဆိုးပေမယ့် သလိပ္မထြက္တာ ဖျားရင်လည်း အဖျားကြီးတာ အသက်ရှူကြပ်တာတွေက တခြားနဲ့ မတူဘဲ ထူးခြားချက်တွေပါ။

ထပ်မံမျှဝေပါတယ်

09/07/2021

မသိသေးတဲ့ သူတေ ခုထိ ရှိနေသေးလို့ပါ။

( 1 ) မနေ့က မနက် တစ်ယောက် အောက်စီဂျင် ရှာပေးဖို့ ဖုန်းဆက်လာတယ် ok ရှာပေးမယ်ပေါ့ ခု spo2 ဘယ်လောက်ရှိလဲ မေးတော့ 33 တဲ့ မရနိုင်တော့ဘူးလို့ ထင်ပေမဲ့ မပြောရက်ပါဘူး ရှာပေးတော့ ရပါတယ် လာယူမယ်တဲ့ လာယူတဲ့သူ ကျနော့ဆီရောက်တော့ ဖုန်းလာတယ် မယူခဲ့နဲ့တော့ ဆုံးသွားပီတဲ့ 😢😢
* spo2 90 လောက်ကတည်းက oxygen ပေးနိုင်ခဲ့ရင် အသက်ကိုကယ်နိုင်ခဲ့မှာ သူတို့မသိရှာဘူး *

( 2 ) သူငယ်ချင်း ၁ယောက်က သူ့အဒေါ် နေမကောင်းဘူး ပြောလို့ oxygen အိုးရှာပီး ပေးထားတယ် spo2 တိုင်းစက် ဝယ်ပေးထားတယ်နေ့လည်က ဖုန်းဆက်လိုက်တယ် မင့်အဒေါ် ဘယ်လိုနေလဲပေါ့ ကောင်းတယ်တဲ့ (ပေါ့ပေါ့ပါးပါးဘဲ )အစားလဲစားတယ်တဲ့ spo2 ဘယ်လောက်ရှိလဲ မေးတော့ 80 တဲ့ oxygen ပေးထားလား မေးတော့ မပေးဘူးတဲ့ မမောလို့တဲ့
* တကယ်ဆို spo2 80က စိုးရိမ်ရမဲ့ အခြေနေရောက်နေပါဘီ သူတို့က မသိရှာဘူး*

( 3 ) ညနေက သူငယ်ချင်း ၁ယောက်နဲ့ လမ်းမှာ တွေ့လို့ နှုတ်ဆက်တာ ဆေးသွား၀ယ်ပေးတာတဲ့ ဘယ်သူဘာဖြစ်တာလဲ မေးတော့ သူ့အစ်ကို နေမကောင်း တာတဲ့ ကိုလဲ ကိုသိသလောက် spo2 တိုင်း လား oxygen ရှာထားပီးလား မေးတော့ တိုင်းတယ် ကောင်းတယ် 89/90 တဲ့ oxygen က အိုးကြီး၀ယ်ထားတယ်တဲ့ အာ့ဆွင် oxygen ရှူခိုင်းတော့ 90 ဆိုရင် နဲတယ် ပြောလိုက်တာ ခုနက ဖုန်းဆက်ပီး အခြေနေ ဘယ်လိုလဲ မေးတော့ spo2 70 တဲ့ oxygen မပေးထားဘူးတဲ့ ဘာလို့လဲဆိုတော့ မောမှမမောတာလို့ ပြောတယ်တဲ့ လူနာက
* သူ့အသက် အန္တရာယ် စိုးရိမ်နေရပီဆိုတာ သူမသိရှာဘူး *

ပေးထားလိုက်တော့ လို့ ပြောပီး ဖုန်းချ
ပီမှ သတိရလို့ ချက်ခြင်း ဖုန်းပြန်ခေါ်
oxygen ပေးထားပီလား ဆိုတော့ ပေးထားပီတဲ့
ဘောလုံးလေး နံပါတ် ဘယ်လောက်မှာ ထားလဲဆိုတော့ ၂ တဲ့ ၄/ ၅လောက်ထားဖို့ ပြောလိုက်ရတယ်

(ဘောလုံးလေးကို ၄/၅ လောက်မှာ ထားပီးပေးရင် 'ရှူး......' ဆိုတဲ့ အသံမြည်နေပါမည် လူတိုင်းနီးပါက အဲ့လိုဆို များတယ်ထင်ပီး လျော့တတ်ပါတယ် spo2 85 အောက်ဆိုရင် လျော့လို့မရပါ အနည်းဆုံး ၄ ထိတော့ ပေးရပါမည်)

ကိစ္စ သေးသေး လေးတေမို့ အရေးတယူ မပြောပြကြဘူး အာ့ကြောင့် ကျန်းမာရေး ဗဟုသုတ နဲတဲ့ ကျနော်တို့လို လူတေက မသိကြဘူး အသက်တေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး နေကြရတယ်😢😢

နောက်ထပ်အသက်များစွာ မဆုံးရှုံးစေလိုသော စေတနာဖြင့်

ကိုမျိုးမျိုး

ပြည့်ဖြိုးကြွယ် မှန်ဆိုင်

08/07/2021

အာရှတော်၀င်က
ဆရာ၀န်ကြီးဒေါက်တာမြတ်သူရဲ့post

❤️ ကြောက်နေ ဖို့ - မ လို ပါ ။

❤️💕

COVID 3rd wave ဟာ

ကာကွယ်လို့ ရတဲ့အထဲမှာ

မပါတော့ဘူးလို့ မြင်မိပါတယ် ။

လူတိုင်း ကူးစက်ခံရမှာပါ ။

ကိုယ်ခံအားကောင်းမွန်အောင်

နေထိုင်ပြုမူခြင်းကပဲ ကယ်နိုင်မှာပါ ။

ကိုယ်ခံအားကောင်းစေတဲ့

ဘယ်လိုဟာမဆို

ပါစပ်ထဲ ထည့်ဖို့နဲ့

အိပ်ရေးဝအောင်အိပ်ဖို့ပါပဲ ။

ပိန်မှာတွေ ဝမှာတွေ

ဒီအချိန် မလိုအပ်ပါဘူး ။

အနံပျောက်တာလောက်ကို

စာဖွဲ့စရာ မလိုလောက် တော့ပါဘူး ။

လူတိုင်းရင်ဆိုင်ကြရမှာပါ ။

အားလုံးထံမှာတောင်

ပိုးကရှိနေလောက်ပါပြီ ။

ကိုယ်ခံအားနည်းတဲ့အချိန်ပေါ်မယ် ။

ခုခံအားကောင်းနေရင်

ဘာမှ မဖြစ်ဘူးဆိုတဲ့

အနေထားရောက်နေပြီထင်ပါတယ် ။

ကလေးသူငယ်တွေ

လူကြီးသူမတွေကို

ဂရုစိုက်ကြရပါမယ် ။

ကြောက်နေလို့အပိုပါပဲ။

mask တပ်ပါ ။

လက်ဆေးပါ ။

ကိုယ်ခံအားကောင်းအောင်နေဖို့ပါပဲ ။

ကျန်တာ ဘာမှ လုပ်လို့မရတော့ပါဘူး ။

သေခြင်းတရားကတော့

ရက်စေ့ရင် ခေါ်မှာပါပဲ ။

ကိုဗစ်နဲ့မှ မဟုတ်ပါဘူး ။

သေဖို့ ကြောင်းရာ များတဲ့နယ်မြေမှာ

နေရတော့လည်း

ကို့ကိုယ်ကိုပဲ မသေခင်

ဂရုစိုက်ကြတာ အကောင်းဆုံးပါပဲ ။

❤️။ စိတ်ချမ်းသာအောင်နေကြပါ ။

❤️ ကောင်းတာတွေး ၊

ကောင်းတာလုပ်ကြပါ ။

❤️ ကူညီရိုင်းပင်းကြပါ ။

❤️ စည်းလုံးကြပါ ။

❤️ အထူးဂရုစိုက်ကြပါ ။❤️❤️💕

ကိုယ့်ဆီဘယ်တော့ရောက်မလဲ မခန့်မှန်းနိုင်တဲ့ရောဂါဆိုးကြီးအတွက်  လူတစ်ယောက်စာ ကြိုတင်စုဆောင်းထားဖို့ဆိုရင် ♦️ဓာတ်ဆား ဆယ်ထုပ...
07/07/2021

ကိုယ့်ဆီဘယ်တော့ရောက်မလဲ
မခန့်မှန်းနိုင်တဲ့ရောဂါဆိုးကြီးအတွက်
လူတစ်ယောက်စာ ကြိုတင်စုဆောင်းထားဖို့ဆိုရင်

♦️ဓာတ်ဆား ဆယ်ထုပ်
♦️ဘိုင်အိုဂျက်စစ် သုံးကပ်
♦️Vitacee သုံးကပ်
♦️ပြဒါးအဖျားတိုင်း တစ်ခု
♦️အောက်စီဂျင်တိုင်းတဲ့ စက်ကလေး
♦️တစ်ရှူးတစ်လိပ်
♦️ထွန်းရွှေဝါတစ်ဗူးဒါမှမဟုတ်ကျားဘမ်းပရုပ်ဆီ
♦️ရှုဆေးတစ်မျိုးမျိုး
♦️အဖျားကြီးရင်ထည့်သောက်ရန် ဂိုးလ်ဖန်တစ်ကဒ်
ဆိုရင် လုံလောက်ပါပြီ.....

ကိုဗစ်ကို ကုသတဲ့ဆေးမရှိပဲ ကိုယ်ခံအားနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ရတယ်ဆိုတာ လူတိုင်း သိထားပြီးသားပါ ဒါကြောင့် ပထမဆုံးနှစ်ရက် သုံးရက်မှာ အစာ စားချင်စိတ်မရှိပဲ အော့အန်ချင်နေတာမျိုးဖြစ်လာခဲ့ရင် ဓာတ်ဆားကို ဝင်အောင်သောက်ရပါမယ်....
အဖျားကြီးရင် ရေအေးဝတ်အုပ်ပေးရပါတယ်
ဒါကြောင့်ရေခဲသေတ္တာထဲ ရေခဲတုံးလေးတွေ ကြိုတင်ထည့်ထားသင့်ပါတယ်...

အဖျားကြီးတဲ့အတွက် ...
ဆေးတွေသောက်ရတဲ့အတွက် အစာမစားချင်ဖြစ်နေမှာပါပဲ...
စွပ်ပြုတ်ပူပူနွေးနွေးတစ်ပန်းကန်လောက်တော့ ကြိုးစားပြီး သောက်သင့်ပါတယ်ရှင့်
အဖျားကြီးခြင်းနဲ့ တွဲပြီး ခေါင်းအုံခေါင်းခဲခြင်းကို ပြင်းပြင်းထန်ထန်ခံစားရတဲ့အခါ မကြောက်ကြပါနဲ့....
ကိုဗစ်ကြောင့်ခေါင်းခဲခြင်းအတွက် ထန်းလျက်စစ်စစ်က နိုင်ပါတယ်
တစ်ရက်အတွင်း သုံးလေးခဲခန့် ဝင်အောင်စားပေးရင် သက်သာပါတယ်ရှင့်.......

လူငယ်တွေအနေနဲ့ အဖျားရက်ရှည်တဲ့ ဒီကိုဗစ်နဲ့ကြုံတဲ့အခါ စိတ်မရှည်တတ်ကြပါဘူး....
လူမမာစာလည်း စားဖို့ အကြောက်အကန်ငြင်းကြပါလိမ့်မယ်....
သူတို့အတွက်ကြိုကြိုတင်တင် ခေါက်ဆွဲခြောက် အသားခြောက် သီးစုံဓာတ်ဆားတို့ကို ကြိုတင်စုထားသင့်ပါတယ်.......

ကိုဗစ် ဖျားပုံဖျားနည်းကြီးက တစ်မျိုးကြီးပါ..
တငွေ့ငွေ့နဲ့ ချွေးလည်း အများကြီးထွက်နေတာမျိုးပါ....ချွေးထွက်လေ.... နှာမွှန်လေ.....
နှာမွှန်လေ....အသက်ရှုခက်လေပါပဲ....

အဖျားကျဖို့ ဘိုင်အိုဂျက်ဆစ်သောက်ရပါတယ်..
ဘိုင်အိုဂျက်ဆစ်သောက်ပြန်ရင်လည်း ချွေးတွေက အလွန်အမင်း ထွက်လာပါတယ်...
အဲဒါဆိုရင် အသက်ရှုရတာ နည်းနည်း အဆင်မပြေပါဘူး.....
လိုအပ်သည်ထက်ပိုထွက်နေတဲ့ ချွေးကို နည်းသွားစေဖို့ ဆိမ့်တာ တစ်ခုခု စားပေးရပါတယ်
ကြက်ဥပြုတ် နွားနို့ အစေ့အဆံ တစ်ခုခုပေါ့

အဖျားငါးရက်ကျော်လာတဲ့အခါ ညောင်းပြီး နုံးနေတာမျိုး ဖြစ်နိုင်ပါတယ်.....အစားကို ဝင်အောင်များများစားတာမျိုးဖြစ်ဖြစ် စွပ်ပြုတ်သောက်တာမျိုးပဲဖြစ်ဖြစ် ပြန်လည် အားဖြစ်စေနိုင်ပါတယ်........
သံပရာရည်သောက်ခြင်းဖြင့်လည်း နေရတာသက်သာပြီး အစာစားချင်စိတ်ကို ပြန်ရစေနိုင်ပါတယ်.....

နှာမွှန်ပြီ ဆိုတာနဲ့ တစ်ရှူးကို နှစ်ခေါက် ခေါက်ပြီး ထွန်းရွှေဝါဆေး တို့လိုက်ပါ...ထပ်ခေါက်လိုက်တဲ့အခါ လေးခေါက်ချိုးပေါ့..
ဆေးတို့ထားတဲ့ လေးခေါက်ချိုးတစ်ရှူးစလေးကို နှာခေါင်းပေါ်မှာ မကြာမကြာအုပ်ပြီး ရှုပေးပါ...
အိပ်တဲ့အခါလည်း နှာခေါင်းပေါ်တင်ပြီး အိပ်ရင် အိပ်ရတာ အသက်ရှု မကြပ်ပဲ လွယ်ကူစေပါတယ်...

ဒီနေရာမှာ ထပ်ပြီး ပြောပြချင်တာရှိပါတယ်....
ထွန်းရွှေဝါပဲဖြစ်ဖြစ် ရှုဆေးတစ်မျိုးမျိုးကိုပဲဖြစ်ဖြစ် ရှုပေးနေခြင်းဟာ နှာခေါင်းရဲ့နှာမွှန်နေခြင်းကို သက်သာစေသလို လိုအပ်တဲ့ဆေးပေးနေရခြင်းလို့လည်း သိစေချင်ပါတယ်....
နှာခေါင်းမှာ ထူးဆန်းတဲ့ အနံ့တစ်မျိုး ရနေပါလိမ့်မယ်
ရလည်း ရနေပါတယ်
အဲဒီအနံ့အပျောက်မခြင်း ရှူဆေးနဲ့ နှာခေါင်းရဲ့အနံ့ခံအာ
ရုံကို ကုသပေးသင့်ပါတယ်.....

မိမိကျန်းမာရေးအတက်အကျကိုသိဖို့ အဖျားတိုင်းခြင်းနဲ့ အောက်စီဂျင်တိုင်းခြင်းကို တစ်နေ့ နှစ်ကြိမ်ခန့် တိုင်းသင့်ပါတယ်......
တကယ့်တကယ် ရင်ဆိုင်ကြုံတွေ့လာတဲ့အခါ စိတ်ပျက် အားလျော့ မနေပဲနဲ့ ဘယ်လို အကောင်းဆုံးကျော်ဖြတ်မလဲ ဆိုတဲ့ အတွေးနဲ့ ပြင်ဆင်ပြီး ကျော်ဖြတ် ကြပါ.,.....လို့.....

နောက်ဆုံးအနေနဲ့.......
ကိုဗစ်ဖြစ်လာပြီးတဲ့နောက် သတ်မှတ်ရက်က နှစ်ပတ်ပါ....
နှစ်ပါတ်မပြည့်မခြင်း အိမ်အပြင်သို့ လုံးဝ မထွက်ခြင်းဖြင့် မိမိမှ သူတစ်ပါးသို့ ကူးစက်ခြင်းအန္တရာယ်မှ ကင်းဝေးကြပါစေ......
ကိုယ်တိုင်ဂရုစိုက်ခြင်းဖြင့် ကျော်လွှားနိုင်ကြပါစေ..,.

Cr ပေးပါတယ်ရှင်

လိုအပ်ပါကဉီးချစ်ရှိပါတယ်နော်

Address

58 Street, Bet 104 St & 105 St, Chanmyatharzi Tsp
Mandalay
05041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959959888666

Website

Alerts

Be the first to know and let us send you an email when ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဦးချစ် တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

ဦးချစ်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း


  • မြန်မာ့တိုင်းရင်းဆေးစွမ်းများကို ကမ္ဘာကသိအောင် ဆောင်ရွက်ရန်။

  • နိုင်ငံတကာဆေးဝါးဈေးကွက်တွင် မြန့်မာ့တိုင်းရင်းဆေးဝါးများ ပွဲလယ်တင့်စေရန်။