M.D.Y Volunteer Team

M.D.Y Volunteer Team Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M.D.Y Volunteer Team, Medical and health, Mandalay.

ကလေးလေးက ၀မ်းလျောလို့ဆိုပြီး  ပုံမာန်ဘဲထင်ခဲ့ကြတာတဲ့ မိဘတွေက နောက်ကျတော့ အနာတွေပေါက်လာပြီး အရိုးပေါ်အရေတင်ဖြစ်သွားတာ🥺 ကု...
09/01/2022

ကလေးလေးက ၀မ်းလျောလို့ဆိုပြီး ပုံမာန်ဘဲထင်ခဲ့ကြတာတဲ့ မိဘတွေက နောက်ကျတော့ အနာတွေပေါက်လာပြီး အရိုးပေါ်အရေတင်ဖြစ်သွားတာ🥺 ကုတင် ၅၅၀ပြတော့လည်း ဆရာ၀န်မရှိလို့ဆေးပေးလိုက်တာ
မိသားစုကလည်းအရမ်းအဆင်မပြေလို့ ဆေးကုခတတ်နိုင်ရင်ဘဲဖြစ်ဖြစ် ဆေးကုပေးချငိရင်ဘဲဖြစ်ဖြစ် ဆက်သွယ်‌ပေးကြပါဦး🥺ကူညီပေးကြပါအုံးဗျ🥺🙏

09793447742
09773022496

Omicron ကိုဗစ်မျိုးကွဲသစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကူးစက်မည့် အန္တရာယ် အလွန်မြင့်မား၍ နိုင်ငံများအားလုံး ပြင်ဆင်ကြရန် WHO...
29/11/2021

Omicron ကိုဗစ်မျိုးကွဲသစ်ကြောင့် ကမ္ဘာလုံးဆိုင်ရာ ကူးစက်မည့် အန္တရာယ် အလွန်မြင့်မား၍ နိုင်ငံများအားလုံး ပြင်ဆင်ကြရန် WHO သတိပေးချက်ထုတ်ပြန်

နိုဝင်ဘာ ၂၉

တောင်အာဖရိကနိုင်ငံတွင် စတင်ကူးစက်လာသည့် Omicron မျိုးကွဲသစ်သည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်နိုင်မှု အန္တရာယ်မြင့်မား၍ နိုင်ငံများအားလုံး ပြင်ဆင်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က သတိပေးချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။

Omicron COVID-19 မျိုးကွဲသည် ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ကို 'အလွန်မြင့်မား' စေသည်၊ နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ Omicron အမျိုးအစားသည် နိုင်ငံတကာတွင် ပျံ့နှံ့နိုင်ဖွယ်ရှိပြီး အချို့နေရာများတွင် COVID-19 မြင့်တက်မှုသည် ပြင်းထန်သောအကျိုးဆက်များရှိလာနိုင်သည့် ကမ္ဘာ့အန္တရာယ်တစ်ခုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္လာနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင် ပြောကြားည်။

WHO က အဖွဲ့ဝင် ၁၉၄ နိုင်ငံကို ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုအရှိန်မြှင့်ရန်နှင့် မရှိမဖြစ်လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းထားသည်။

"Omicron မှာ မကြုံစဖူး ဗီဇပြောင်းလဲမှုများ ရှိနေပါတယ်။ ဒါက နောက်ထပ် ကပ်ရောဂါလမ်းကြောင်းဆီသို့ သွားမယ့် စိုးရိမ်စရာတွေရှိနေပါတယ်။ မျိုးကွဲအသစ် Omicronရဲ့ ကမ္ဘာလုံးဆိုင်ရာအန္တရာယ်က အလွန်မြင့်မားပါတယ်" ဟု WHO က ဆိုသည်။

Omicron ကိုဗစ် မျိုးကွဲသစ်၏ အလားအလာကို ပိုမိုကောင်းမွန်စွာ နားလည်ရန် နောက်ထပ် သုတေသနပြုရန် လိုအပ်ပြီး လာမည့်ရက်သတ္တပတ်များအတွင်း အချက်အလက်များ ပိုမိုရရှိမည်ဟု မျှော်လင့်ထားကြောင်း WHO က ထုတ်ပြန်သည်။

07/09/2021

Internet မရတော့ရင်
ဖုန်း application တွေကနေ Radio နားထောင်ပါ
Internet မလိုပဲ ဖုန်းကနေပဲ Radio နားထောင်ချင်ရင် ဒီ application တွေကို iOS ရော Andriod မှာပါ download လုပ်ထားပါ
1. iHeartRadio
2. TuneIn Radio
3. Simple Radio
4. PCRADIO
5. NextRadio
6. FM Radio
နားထောင်သင့်တဲ့ သတင်းဌာနတွေရဲ့ radio ကိန်းညွှန်းတွေနဲ့ အချိန်တွေပါ
RFA မနက်(၇-၈) KHZ 7540 Meters 40 K7510 M40 K9510 M32
ည(၇-၈) K9350 M32 K11795 M25 K15120 M20
ည(၈-၉) K9955 M30 K11795 M25 K12055 M25 K13740 M22
K9380 M32
VOA မနက်(၆-၇) K9380 M32 K7480 M40 K6150 M48
VOA မနက်(၈-၉) K15110 M20 K11820 M25 K9335 M32
ည(၉-၁၀) K15450 M19 K11870 M25 K9335 M32
ည(၁၀-၁၁) K11870 M25 K9335 M32
BBC ည (၈-၈၁၅) K7465 M41 K9560 M31 K11995 M25

ဒါကကျတော့ radio ပစ္စည်းရှိတဲ့သူတွေအတွက်
Internet ပြန်ဖျက်ခဲ့ရင် Radio ကတဆင့်ဖမ်းယူနိုင်အောင် စုပေးလိုက်ပါတယ်။
လူတိုင်းအိမ်မှာ Radio မရှိနိုင်တဲ့အတွက် Psywar နဲ့ သတင်းအမှားတွေကို ရှောင်နိုင်ဖို့ အတွက် ပတ်၀န်းကျင်ကြားအောင်ဖွင့်ပေးကြပါ။
Radio channels
BBC BURMESE
FM 94.6 Mhz,99.0Mhz,101.7Mhz
RFA 7:00-8:00 am
7540Mhz SW 40,7510 Mhz Sw 40,9510Mhz Sw 32
RFA 7:00-8:00 pm
9350Mhz SW 32,11795Mhz Sw 25,15120Mhz Sw 20
RFA 8:00-9:00 pm
9955 Mhz Sw 30,11795 Mhz Sw 25,
12055 Mhz SW25,13740 Mhz Sw 22,9380 Mhz Sw32
RFA 8:30-9:00 pm
11795 Mhz Sw 25,12055 Mhz Sw 25
DVB 7:30-10:30 am
11880 Mhz Sw 25
DVB 6:00- 7:00 am
5955 Mhz Sw 49
DVB 9:00 pm
17495 Mhz Sw 16,9415Mhz Sw 31
.

အရေးပေါ်ဆေးအိတ်ထဲမှာ ဘယ်လို ဆေးဝါး တွေထည့်ရမလဲ ???1.) 2" ပတ်တီး 2.) 4" ပတ်တီး 3.) 6" ပတ်တီး 4.) 2" Elastic ပတ်တီး (ဆွဲဆန...
07/09/2021

အရေးပေါ်ဆေးအိတ်ထဲမှာ ဘယ်လို
ဆေးဝါး တွေထည့်ရမလဲ ???

1.) 2" ပတ်တီး

2.) 4" ပတ်တီး

3.) 6" ပတ်တီး

4.) 2" Elastic ပတ်တီး (ဆွဲဆန့်လို့ရတဲ့ ပတ်တီးအပျော့ပါ ၊ ခြေခေါက်တာ လက်ခေါက်တာ အရိုးကျိုးတာ တွေအတွက် စည်းရတဲ့ပတ်တီးမျိုးပါ ။ မှတ်ချက် * သွေးထွက် ဒဏ်ရာကို Elastic ပတ်တီးနဲ့မစီးပါဘူး ၊ Elastic ပတ်တီးကသွေးမစုပ်ပါ )

5.) 4" Elastic ပတ်တီး

6.) Gauze စ ( ဆေးပေါင်းပြီးသား ပိတ်ပါးစ ပါ ၊
သွေးထွက်ဒဏ်ရာတစ်ခုခု ဖြစ်တာမျိုးအတွက် အပေါ်ကနေအုပ်ပြီး ပတ်တီးစီးဖို့အတွက်ပါ ။ )

7.) သုံးထောင့်ပတ်တီး ( တြိဂံပုံစံ ပတ်တီးပါ ၊ First Aider တွေလောက်ပဲ အသုံးများတဲ့ပတ်တီးပါ )

8.) Paper tape ( ဒဏ်ရာကို ဆေးထည့် ၊အပေါ်ကနေ Gauze စအုပ်ပြီး ကပ်ဖို့အတွက်ပါ )

9.) Surgical Glove ( ခွဲစိတ်ခန်းသုံး လက်အိပ်ပါ ၊ ဘယ်လူနာကိုပဲဖြစ်ဖြစ် မပြုစုခင်မှာ လက်အိပ်ကိုမဖြစ်မနေ၀တ်ဆင်ရပါမယ် )

10.) Pad ထုပ် ( အမျိုးသမီးလစဉ်သုံးပစ္စည်းဖြစ်ပါတယ် ၊ သေနတ်ဒဏ်ရာ‌လိုမျိုး သွေးထွက်လွန်ဒဏ်ရာမျိုးတွေအတွက် အလွယ်တကူသွေးစုပ်လွယ်တာမျိုးဖြစ်တာကြောင့် တော်တော်အသုံး၀င်လှပါတယ် )

11.) Antiseptic Solution ( အနာပိုးသတ်ဆေးရည်ပါ ၊ Betadine လိုအရည်မျိုးတွေပါ ၊ ထိခိုက်ဒဏ်ရာ တစ်ခုခုဖြစ်ရင် ပိုးမ၀င်အောင် ပိုးသတ်ဆေးရည်အနေနဲ့အသုံးပြုတာပါ )

12.) Hansaplast ( အနာကပ် ပလာစတာ ၊ အသေးစားထိခိုက် ရှနာအတွက်သုံးဖို့ပါ )

13.) အရက်ပြန် ၊ ဂွမ်း ( အရက်ပြန် နဲ့ ဂွမ်း ကိုတော့ဖြစ်နိုင်ရင် ဒဏ်ရာရရင် မသုံးစေချင်ပါဘူး ၊ အရက်ပြန်က ဒဏ်ရာကိုစားစေပါတယ် ၊ ဂွမ်းက အမွှေးအရမ်းကပ်ပါတယ် ၊ အရက်ပြန်အစား အနာပိုးသတ်ဆေးရည်ကိုပဲအသုံးပြုစေချင်ပါတယ် )

14.) Bioplacenton ( ဒဏ်ရာတစ်ခုခု ဖြစ်ရင် အနာကျက်ဖို့အတွက် လိမ်းတဲ့ ဆေးပါ ၊ အနာကျက်ဖို့အပြင် အပူလောင်တာ ရေနွေးပူလောင်တာမျိုးအတွက်လဲ အပူသက်သာဖို့အတွက်လိမ်းလို့ရပါတယ် )

15.) ရှူဆေး

16.) Voltex ( ကြွက်သားနဲ့ အရိုးအဆစ် တွေနာကျင်ရင်လိမ်းရတဲ့ဆေးဖြစ်ပါတယ် ။ )

17.) ပရုပ်ဆီ

18.) Odomos ( ခြင်မကိုက်အောင်လူးတဲ့ cream ပါ ၊ ဆေးလူးပြီး ၆ နာရီ လောက်ထိ ခြင်မကိုက်ပါဘူး )

19.) Fungiderm ( ယားနာမျိုးစုံ အတွက်လိမ်းတဲ့ဆေးပါ )

20.) Hand Gel , Mask

21.) ဇာဂနာ ( သေနတ်ကျည်ဆံလိုဟာမျိုးကိုဆွဲထုတ်ဖို့အတွက်ပါ )
တွယ်ချိတ်
မီးခြစ်
ကတ်ကြေး
ခဲတံချွန်ဓါး
Permanent marker ( တစ်ခုခုကို မှတ်ဖို့အတွက်ပါ )

သောက်ဆေးတွေအနေနဲ့ -

22.) Paracetamol , Biogesic ( ခေါင်းကိုက် ၊ ဖျားနာ ၊ အကိုက်အခဲ ပျောက်ဖို့အတွက်သောက်ရတဲ့ဆေးပါ )

23.) Decolgen ( နှာစေး ၊ နှာရည်ယို နှာပိတ် ၊ ဖျားနာ ၊ တုပ်ကွေး ပျောက်ဖို့အတွက်သောက်ရတာပါ )

24.) ဓါတ်ဆား

25.) Enervon C or Limcee ( Vitamin C 500 mg ပါ ၊ ကိုယ်ခံအားကောင်းဖို့နဲ့ လူလန်းဆန်းစေဖို့သောက်ရတဲ့ဆေးပါ )

26.) Cetrin ( နှာစေး ၊ နှာရည်ယို ၊ နှာပိတ်တာတွေအတွက်သောက်ရတာပါ )

27.) Omeprazole ( အစာအိမ်နာတာအတွက်သောက်ရတဲ့ဆေးပါ )

28.) Solmux ( ချောင်းဆိုးပျောက်ဆေးပါ )

29.) Kremil S ( အစာမကြေ ရင်ပြည့်ရင်ကယ် လေထိုးလေအောင့် ရင်သောက်တဲ့ဆေးပါ )

30.) Air X ( လေထိုးလေအောင့်ရင်သောက်တဲ့ဆေးပါ )

31.) Domisan ( အော့အန်တာဖြစ်ရင် အအန်ရပ်ဖို့သောက်ရတဲ့ဆေးပါ )

32.) Dimenhydrinate ( အရပ်ခေါ် ဘီစစ် ၊ မူးဝေတာ ၊ ကားမူးတာတွေအတွက်သောက်ဖို့ပါ )

33.) Metro , Bioflor ( ၀မ်းလျှောရင်သောက်ဖို့ ၀မ်းပိတ်ဆေးတွေပါ )

34.) Amoxicillin (ပိုးသတ်ဆေးပါ)

35.) ကီးမိုး ( ဒဏ်ရာရဲ့ ယောင်ယမ်းမှုသက်သာစေဖို့အတွက်သောက်တဲ့ဆေးပါ )

36.) အစာကြေဆေး/လျက်ဆား

36.) အဖျားတိုင်းသာမိုမီတာ / အရေးပေါ်ဖုန်းနံပါတ်များကိုမှတ်သားထားသောမှတ်စုများ / အရေးပေါ်ရှေးဦးပြုစုနည်းများအကြောင်းရေးသားထားသောစာအုပ်တစ်အုပ်အုပ်

ဒီလောက်ဆိုရင် အရေးပေါ်ဆေးအိတ်ထဲမှာ ဘယ်လိုဆေးဝါးတွေထည့်ရမလဲဆိုတာကိုသိကြပြီထင်ပါတယ် ။ အားလုံးအဆင်ပြေကြပါစေ ...

Crd to

M.D.Y Volunteer Team နဲ့ Local Hero 2သင်း‌ေပါင်းပီးရေဘေးကြောင့်ခက်ခဲနေတဲ့မိဘပြည်သူများအားအိမ်တိုင်ရာရောက်အဝတ်စားနဲ့ကြက်ဥ...
06/09/2021

M.D.Y Volunteer Team နဲ့ Local Hero 2သင်း‌ေပါင်းပီးရေဘေးကြောင့်ခက်ခဲနေတဲ့မိဘပြည်သူများအားအိမ်တိုင်ရာရောက်အဝတ်စားနဲ့ကြက်ဥ၊ကြက်သွန်၊ဆားစအစားအ‌ေသာက်များသွားရောက်လှူခဲ့ပါတယ်ဗျ🙏လှူပေးတဲ့အလှူရှင်တစ်ယောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် ဒီထက်မကလဲလှူနိုင်ကြပါစေဗျ🙏🙏🙏
09773022496
09963670961

ကျွန်တော်တို့ M.D.Y Volunteer Teamမှရေဘေးသင့်နေသောနေရာများအားသွားရောက်ကြည့်ရှုကွင်းဆင်းခဲ့ကြခြင်းဖြစ်ပါတယ်ဗျ🥺ရေနက်ပိုင်း...
03/09/2021

ကျွန်တော်တို့ M.D.Y Volunteer Teamမှရေဘေးသင့်နေသောနေရာများအားသွားရောက်ကြည့်ရှုကွင်းဆင်းခဲ့ကြခြင်းဖြစ်ပါတယ်ဗျ🥺ရေနက်ပိုင်းအိမ်ခြေ 100 ကျော်လောက်ရှိပါတယ်ဗျ🙏စားဝတ်နေရေးအရမ်းခက်ခဲနေကြလို့ တတ်နိုင်သလောက်လေး 500,1000ကအစ ပါဝင်ကုသိုလ်ဖြည့်ပေးကြပါအုံးဗျ🥺

ငါမလဲကျမချင်း လဲကျနေသူတွေကိုထူရမယ်🙆✊
ငါ၏ခန္ဓာကျန်းမာနေသ၍ မကျန်းမာသူတွေကိုကူညီမယ်
ငါအသက်ရှူနေသ၍ သူများလည်းအသက်ဝဝရှူရမယ်🙆

အောက်စီဂျင်လိုအပ်လျှင်ဆက်သွယ်ပါ
သွေးလိုအပ်လျှင်ဆက်သွယ်ပါ
အလံဝါ/ဖြူ ထောင်ထားတဲ့အိမ်ရှိလျှင်
ဆက်သွယ်ပါ
‌ဆေးအဝယ်တော် လိုအပ်လျှင်ဆက်သွယ်ပါ
ဖုန်း-09 773022496
09 09 978039273

ကျွန်တော်တို့ MDY Volunteer Teamသို့ ယခုလို လှူဒါန်းပေးသည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ🙆🙏ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍နော...
31/08/2021

ကျွန်တော်တို့ MDY Volunteer Teamသို့ ယခုလို လှူဒါန်းပေးသည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ🙆🙏ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍နောင်လည်းဒီထက်မကသောအလှူများလှူဒါန်းနိုင်ပါစေဗျ🙆🙏

ငါမလဲကျမချင်း လဲကျနေသူတွေကိုထူရမယ်🙆✊
ငါ၏ခန္ဓာကျန်းမာနေသ၍ မကျန်းမာသူတွေကိုကူညီမယ်
ငါအသက်ရှူနေသ၍ သူများလည်းအသက်ဝဝရှူရမယ်🙆

အောက်စီဂျင်လိုအပ်လျှင်ဆက်သွယ်ပါ
သွေးလိုအပ်လျှင်ဆက်သွယ်ပါ
အလံဝါ/ဖြူ ထောင်ထားတဲ့အိမ်ရှိလျှင်
ဆက်သွယ်ပါ
‌ဆေးအဝယ်တော် လိုအပ်လျှင်ဆက်သွယ်ပါ
ဖုန်း-09 258885811
09 773022496
09 978039273

ကျွန်တော်တို့ M.D.Y Volunteer Teamမှသွေးလိုအပ်နေသူများသို့ သွေးသွားလှူခဲ့ခြင်းဖြစ်ပါတယ်ဗျ🙆‌လိုအပ်ချိန်တိုင်ဆက်သွယ်လိုက်ပ...
28/08/2021

ကျွန်တော်တို့ M.D.Y Volunteer Teamမှသွေးလိုအပ်နေသူများသို့ သွေးသွားလှူခဲ့ခြင်းဖြစ်ပါတယ်ဗျ🙆‌လိုအပ်ချိန်တိုင်ဆက်သွယ်လိုက်ပါ သင်တို့အတွက်အမြဲရှိနေပါတယ်🙆

ငါမလဲကျမချင်း လဲကျနေသူတွေကိုထူရမယ်🙆✊
ငါ၏ခန္ဓာကျန်းမာနေသ၍ မကျန်းမာသူတွေကိုကူညီမယ်❤️
ငါအသက်ရှူနေသ၍ သူများလည်းအသက်ဝဝရှူရမယ်🙆

အောက်စီဂျင်လိုအပ်ပါကအချိန်မရွေးဆက်သွယ်ပါ
သွေးလိုအပ်ပါကဆက်သွယ်ပါ
ကျန်းမာရေး၊စားဝတ်နေရေးအတွက်အခက်အခဲရှိပါက
ဆက်သွယ်ပါ🙆
လူနာနှင့်လူနာရှင်2ယောက်ထဲရှိသောအိမ်များအခက်အခဲများရှိပါကကူညီပေးပါ့မည်✊
ဖုန်း-09 773022496
09 978039273
09 258885811

ဦးလေးကြီးအတွက်အလှူခံပါတယ်ဗျ ဦးလေးကြီးကဆီကြိတ်တည်နေပြီး အခုဆိုခြေထောက်တွေရောင်နေလို့ ဆေးခန်းပြဖို့မတတ်နိုင်လို့အခက်အခဲလေး...
27/08/2021

ဦးလေးကြီးအတွက်အလှူခံပါတယ်ဗျ ဦးလေးကြီးကဆီကြိတ်တည်နေပြီး အခုဆိုခြေထောက်တွေရောင်နေလို့ ဆေးခန်းပြဖို့မတတ်နိုင်လို့အခက်အခဲလေးရှိနေလို့ကူညီပေးကြပါအုံးဗျ🥺🙏တတ်နိုင်သလောက်လေးကူညီပေးကြပါအုံးဗျ🙏🥺

စုံစမ်းရန်
09 773022496
09 978039273

ကျွန်တော်တို့ M.D.Y Volunteer Teamမှဆေးဝါးအခက်အခဲဖြစ်နေသောသူများကို သွားရောက်ကူညီပေးခြင်းဖြစ်ပါတယ်ဗျ😊 Covid-19ကာကွယ်ရေးအ...
23/08/2021

ကျွန်တော်တို့ M.D.Y Volunteer Teamမှဆေးဝါးအခက်အခဲဖြစ်နေသောသူများကို သွားရောက်ကူညီပေးခြင်းဖြစ်ပါတယ်ဗျ😊 Covid-19ကာကွယ်ရေးအတွက်‌ေငွ‌ေကြးမတတ်နိုင်‌ေသာလူနာများကိုTestKitစစ်ပေးနေခြင်းဖြစ်ပါတယ်ဗျ🙆

ငါမလဲကျမချင်း လဲကျနေသူတွေကိုထူရမယ်🙆✊
ငါ၏ခန္ဓာကျန်းမာနေသ၍ မကျန်းမာသူတွေကိုကူညီမယ်❤️
ငါအသက်ရှူနေသ၍ သူများလည်းအသက်ဝဝရှူရမယ်🙆

အောက်စီဂျင်လိုအပ်ပါကအချိန်မရွေးဆက်သွယ်ပါ
သွေးလိုအပ်ပါကဆက်သွယ်ပါ
ကျန်းမာရေး၊စားဝတ်နေရေးအတွက်အခက်အခဲရှိပါက
ဆက်သွယ်ပါ🙆
လူနာနှင့်လူနာရှင်2ယောက်ထဲရှိသောအိမ်များအခက်အခဲများရှိပါကကူညီပေးပါ့မည်✊
ဖုန်း-09 258885811
09 773022496
09 978039273

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when M.D.Y Volunteer Team posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram