YUMI Skin & Aesthetics

YUMI Skin & Aesthetics Your Journey to Timeless Beauty 💜✨

🌟 ၂၀၂၆ အတွက် သင့်ရဲ့ Skin Goal (အသားအရေ ပန်းတိုင်) က ဘာလဲ?✨မင်္ဂလာပါရှင့်! နှစ်သစ်ကူးပြီဆိုရင် ဘဝပန်းတိုင်အသစ်တွေ ချမှတ်...
12/12/2025

🌟 ၂၀၂၆ အတွက် သင့်ရဲ့ Skin Goal (အသားအရေ ပန်းတိုင်) က ဘာလဲ?✨

မင်္ဂလာပါရှင့်! နှစ်သစ်ကူးပြီဆိုရင် ဘဝပန်းတိုင်အသစ်တွေ ချမှတ်ရသလို... ကိုယ့်ရဲ့ အသားအရေအတွက် ပန်းတိုင် (Skin Goal) အသစ်တွေကိုလည်း သတ်မှတ်ဖို့ အချိန်ရောက်ပါပြီ! 💖

🤔ဘာလို့ Skin Goal ချမှတ်သင့်တာလဲ?
• ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်: ဘာကိုလိုချင်လဲ ဆိုတာ သိမှ မှန်ကန်တဲ့ ထိန်းသိမ်းနည်း (Skincare Routine) ကို စနစ်တကျ ပြုလုပ်နိုင်မှာပါ။

• ရလဒ် မြန်မြန်ရဖို့: အာရုံစိုက်ပြီး လုပ်ဆောင်တဲ့အခါ အသားအရေ ပြောင်းလဲမှုတွေကို ပိုမိုမြန်ဆန်စွာ ခံစားရနိုင်ပါတယ်။

• စိတ်ဓာတ်ခွန်အား: နေ့စဉ် အသားအရေ ပိုမိုကောင်းမွန်လာတာကို မြင်ရတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု (Confidence) ပိုတက်လာစေပါတယ်။

💡 ၂၀၂၆ အတွက် လူကြိုက်များတဲ့ Skin Goal (၃) မျိုး

ကိုယ်နဲ့ အကိုက်ညီဆုံး ဒါမှမဟုတ် ကိုယ်ပိုင် Goal ကို ကွန်မန့်မှာ ပြောပြခဲ့ပါဦးနော်!

1️⃣ "အမဲစက်/အမာရွတ် ကင်းစင်ပြီး ကြည်လင်တဲ့ အသားအရေ" Goal

•✅လုပ်ဆောင်ရမယ့် အဓိကအချက်များ: နေရောင်ခြည်ဒဏ်ကာကွယ်ဆေး (Sunscreen) ကို ပုံမှန်လိမ်းခြင်း၊ ဗီတာမင် C (Vitamin C) သို့မဟုတ် Niacinamide ပါဝင်တဲ့ Serum များကို ညဘက်အသုံးပြုခြင်း။
• Target အသားအရေ ညီညာချောမွေ့ပြီး အပြစ်အနာအဆာ ကင်းစင်စေဖို့။

2️⃣ "တင်းရင်း စိုပြေ အရေးအကြောင်း ကင်းစင်တဲ့ အသားအရေ" Goal

• ✅လုပ်ဆောင်ရမယ့် အဓိကအချက်များ: Retinol ပါဝင်တဲ့ skin careများကို ညဘက်သုံးခြင်း၊
Hydrating ဖြစ်စေတဲ့ Hyaluronic Acid ပါဝင်သော ပစ္စည်းများ သုံးစွဲခြင်း။
Target အသားအရေ တင်းရင်းပြီး ငယ်ရွယ်နုပျိုတဲ့ အသွင်ကို ထိန်းသိမ်းနိုင်ဖို့။

3️⃣ "အဆီပြန်/ဝက်ခြံ ကင်းဝေးသော အသားအရေ" Goal

•✅လုပ်ဆောင်ရမယ့် အဓိကအချက်များ: Salicylic Acid (BHA) သို့မဟုတ် Benzoyl Peroxide ပါဝင်တဲ့ Cleanser/Treatment များ အသုံးပြုခြင်း၊ မိတ်ကပ် မဖျက်ဘဲ မအိပ်ရန်။
• Target : ဝက်ခြံထွက်ခြင်းကို ထိန်းချုပ်ပြီး အဆီပြန်ခြင်းကို လျှော့ချနိုင်ဖို့။

👇 ကဲ... အလှပရေးရာချစ်သူတို့ရေ!
၂၀၂၆ မှာ သင် အရောက်လှမ်းချင်တဲ့ Skin Goal က ဘာလဲ? 🤔
ဒီ Goal ကို ရရှိဖို့ ဘယ်လို ထိန်းသိမ်းနည်း (Routine) တွေကို စလုပ်ဖို့ စီစဉ်ထားလဲဆိုတာကိုလည်း ကွန်မန့်မှာ မျှဝေပေးခဲ့ပါဦးနော်!
“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

တိုးတက်ပြောင်းလဲလာတဲ့ ရလာဒ်တွေနဲ့ စိတ်ချယုံကြည်ရတဲ့ Yumi Skin & Aesthetics Clinic 💜✨️“YUMI: YOUR JOURNEY TO TIMELESS BEA...
05/12/2025

တိုးတက်ပြောင်းလဲလာတဲ့ ရလာဒ်တွေနဲ့ စိတ်ချယုံကြည်ရတဲ့ Yumi Skin & Aesthetics Clinic 💜✨️

“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

❗️❗️ဒီဇင်ဘာလလယ်မရောက်ခင် ကြိုတင်ဝယ်ယူပြီး Booking လုပ်ထားရုံနဲ့𝗗𝗼𝗰𝘁𝗼𝗿 𝗙𝗿𝗲𝗲  𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻  (ဆရာဝန်နဲ့ အခမဲ့ဆွေးနွေးတိုင်ပ...
05/12/2025

❗️❗️ဒီဇင်ဘာလလယ်မရောက်ခင် ကြိုတင်ဝယ်ယူပြီး Booking လုပ်ထားရုံနဲ့
𝗗𝗼𝗰𝘁𝗼𝗿 𝗙𝗿𝗲𝗲 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻 (ဆရာဝန်နဲ့ အခမဲ့ဆွေးနွေးတိုင်ပင်ခွင့်အစီအစဉ်) နဲ့
𝗦𝗸𝗶𝗻 𝗧𝗲𝘀𝘁 𝗮𝗻𝗮𝗹𝘆𝘀𝗶𝘀 𝗙𝗿𝗲𝗲 (အခမဲ့ အရေပြားစစ်ဆေးခွင့် အစီအစဉ်) ❗️❗️
အသက် (30)ကျော်လာတာနဲ့ ဘယ်လို နုပျိုခြင်းနည်းလမ်းတွေကို ရွေးချယ်ပြုလုပ်သင့်တာလဲ❓❓

လူတစ်ယောက်က အသက် (30)ကျော်လာတာနဲ့အမျှ ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာရှိနေတဲ့ ကော်လဂျင်ထွက်နှုန်းတွေ တစ်ဖြည်းဖြည်းလျော့ကျလာပြီး ကိုယ့်ရဲ့အရေပြားအခြေအနေတွေက တစ်ဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာကို စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

💁🏻‍♀️ကော်လဂျင်ဆိုတာကတော့ ကိုယ့်ရဲ့အသားရေကို တင်းရင်းနုပျိုစေတဲ့ အဓိက ပရိုတင်းဓာတ်ဖြစ်ပြီး ကော်လဂျင်ဓာတ်လျော့နည်းလာပြီဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အိုမင်းရင့်ရော်မှု လက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

အဲ့တာတွေကတော့
⚠️မျက်နှာအသားရေနဲ့ လည်ပင်း အရေပြားများ လျော့တွဲလာခြင်း၊
⚠️မေးရိုး(Jawline)မှာ အဆီပိုတွေစုလာခြင်း၊
⚠️နှုတ်ခမ်းနားတစ်ဝိုက် အရေးအကြောင်း(Smile Line)၊ နဖူး၊ ⚠️မျက်လုံးနားတစ်ဝိုက်အရေးအကြောင်းနဲ့ မေးနှစ်ထပ်များ စတင်ဖြစ်ပေါ်လာခြင်း တို့ပဲ ဖြစ်ပါတယ်။

✅ HIFUလို့ လူသိများကြတဲ့- 𝗔𝗱𝘃𝗮𝗻𝗰𝗲 𝘀𝗸𝗶𝗻-𝘁𝗶𝗴𝗵𝘁𝗲𝗻𝗶𝗻𝗴 𝘁𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆( မျက်နှာပင့်တင်ကုထုံး )ကတော့ နာကျင်မှုမရှိ လျော့တွဲကျလာတဲ့ အဆီတွေကို ပြန်လည်ချေဖျက်ပေးတဲ့ ကုသမှုနည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။
ဘေးကင်းပြီး Downtime မရှိတဲ့အပြင် စိတ်ကျေနပ်မှုကို ရရှိစေပြီး သဘာဝကျကျ ဆယ်စုနှစ်တဖန် ပြန်လည်ငယ်ရွယ်တဲ့ အသွင်ကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။

💁🏻‍♀️ကဲ….ဒါဆိုရင်တော့ အရွယ်တင်နုပျိုပြီး တင်းရင်းသွယ်လျတဲ့အလှတရားကို ပိုင်ဆိုင်ဖို့အတွက် Yumi ရဲ့ ကမ္ဘာ့အဆင့်မှီ နောက်ဆုံးပေါ် 𝗔𝗱𝘃𝗮𝗻𝗰𝗲 𝘀𝗸𝗶𝗻-𝘁𝗶𝗴𝗵𝘁𝗲𝗻𝗶𝗻𝗴 𝘁𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 ( မျက်နှာပင့်တင်ကုထုံး )ကို အရေပြားနဲ့ အလှအပရေးရာဆိုင်ရာ အထူးကုဆရာဝန်တွေနဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူနိုင်တာဖြစ်လို့ ကျွန်မတို့ ဆေးခန်းကို အမြန်ဆုံး လှမ်းလာခဲ့လိုက်တော့နော်။
“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

ချမ်းအေးတဲ့ ဆောင်းရာသီမှာ အသားရေအစိုဓာတ်ပြည့်ဝပြီး ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့ ဒီအချက်တွေသိထားလို့ရအောင် မျှဝေပေးလို...
04/12/2025

ချမ်းအေးတဲ့ ဆောင်းရာသီမှာ အသားရေအစိုဓာတ်ပြည့်ဝပြီး ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့ ဒီအချက်တွေသိထားလို့ရအောင် မျှဝေပေးလိုက်ပါတယ်နော်💁🏻‍♀️

✅1.ရေဓာတ်ပြန်လည်ဖြည့်သွင်းပေးပါ။

-ရေဓာတ်ဆုံးရှုံးမှု အများဆုံးဖြစ်တဲ့ ဆောင်းရာသီမှာ ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေများများသောက်သုံးပေးသင့်ပါတယ်။
ဒါ့အပြင် ရေဓာတ်ဖြည့်တိုနာToner +ရေဓာတ်ဖြည့်စီရမ် Serum
(Hyaluronic acid) ပါဝင်တဲ့ Skin Care တွေအသုံးပြုခြင်းကလည်း အသားခြောက်တာတွေကို သက်သာလာစေပါတယ်။

✅2.အစိုဓာတ်အပြည့်အဝဖြည့်သွင်းပေးတဲ့ Moisturizer ကို အသုံးပြုပေးပါ။

-ပုံမှန်အဆီထုတ်လုပ်မှုများတဲ့ နွေရာသီမှာအသုံးပြုနေတဲ့ Gel Moisturizer လောက်နဲ့ မလုံလောက်တော့ပါဘူး။ အစိုဓာတ်အပြည့်အဝဖြည့်သွင်းပေးနိုင်တဲ့ Cream Type Moisturizer ကိုသာ အသုံးပြုပေးသင့်ပါတယ်။

ဒါ့အပြင် ရေဓာတ်ဖြည့်တိုနာToner +ရေဓာတ်ဖြည့် စီရမ် Serum(Hyaluronic acid) ပါဝင်တဲ့ Skin Care တွေအသုံးပြုခြင်းကလည်း အသားခြောက်တာတွေကို သက်သာစေပါတယ်။

✅3.Sunscreen ကို မဖြစ်မနေအသုံးပြုပေးပါ။

-နေပူသည်ဖြစ်စေ၊ မိုးအုံ့သည်ဖြစ်စေ နေရောင်ခြည်မှလာတဲ့ UV Rays တွေရှိနေတဲ့အတွက်ကြောင့် ဆောင်းရာသီမှာလည်း SPF 50 ပါဝင်တဲ့ နေလောင်ကာ ခရမ်ကို နေ့စဉ်မနက်တိုင်း အသုံးပြုပေးသင့်ပါတယ်။

✅4.Exfoliate(Scrub) မကြာခဏအသုံးပြုခြင်းကို ရှောင်ကြည်ပေးပါ။

-ဆဲလ် အဟောင်းတွေဖယ်ရှား ခြင်းက အရေပြားကို ပိုမိုခြောက်သွားစေတာမလို့ နှစ်ပတ် 1 ကြိမ် လောက်သာအသုံးပြုပေးသင့်ပါတယ်။
AHA/BHA ပါဝင်တဲ့ ရေချိုးဆပ်ပြာအသုံးပြုခြင်းများ ရှောင်ပေးသင့်ပါတယ်။

✅5.နှုတ်ခမ်းနဲ့ မျက်လုံးးတစ်ဝိုက်ရှိ အသားရေကို ထိန်းသိမ်းဂရုစိုက်ပေးပါ။

- ဆောင်းတွင်းမှာ နှုတ်ခမ်းအရမ်းခြောက်တတ်တာဖြစ်လို့ မဖြစ်မနေ Lip Balm )(နှုတ်ခမ်းလိမ်း)အဆီကို အသုံးပြုပေးပါ။
အသားခြောက်တတ်တဲ့ ရာသီဖြစ်တာကြောင့် မျက်လုံးနား တစ်ဝိုက် အရေးအကြောင်းတွေ မဖြစ်စေဖို့အတွက် Eye Cream ကို အသုံးပြုပေးသင့်ပါတယ်။

✅6.ညဘက် Skin Care ကို သေချာဂရုတစိုက်ပြုလုပ်ပေးပါ။

-မိတ်ကပ်သန့်စင် → မျက်နှာသစ်→ တိုနာ→ အစိုဓာတ်ဖြည့် essence →အစိုဓာတ်ဖြည့် Serum → အစိုဓာတ်ဖြည့် ခရင် →နှုတ်ခမ်းသား အစိုဓာတ်ဖြည့် အဆီ

✅7.ရေပုံမှန်သောက်သုံးပေးပါ။

-တစ်နေ့ကို ရေ (2) လီတာ အနည်းဆုံး သောက်သုံးပေးသင့်ပါတယ်။

✅8.ပူနေတဲ့ ရေနဲ့ မျက်နှာသစ်ခြင်းကို ရှောင်ကြည်ပေးပါ။

-ရေအပူနဲ့ မျက်နှာသစ်ခြင်းက မျက်နှာအရေပြား အတွင်းပိုင်းကို ပိုမိုထိခိုက်စေတတ်တာကြောင့် ဖြစ်ပါတယ်။

ဒါဆိုရင်တော့ မင်မင်အထက်မှာ ဖော်ပြထားတဲ့ အချက် (8)ချက်ကို ပြုလုပ်ပင်မဲ့လည်း အသားရေက ခြောက်သွေ့နေတုန်းပဲ ဆိုရင်တော့ အသားရေ အစိုဓာတ်အပြည့်အဝရရှိစေဖို့အတွက် အောက်မှာ ဖော်ပြထားတဲ့ ကုသမှုလေးတွေကို ပြုလုပ်ပေးသင့်ပါတယ်။

ဆောင်းရာသီနဲ့ သင့်တော်ပြီး အစိုဓာတ်ပြည့်ဝစေတဲ့ ကုသမှုလေးတွေကတော့

✅Hydra Facial -အသားရေကြမ်းတမ်းပြီး အစိုဓာတ်မပြည့်ဝတဲ့ အသားရေတွေအတွက် ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး အရေပြားအတွင်းပိုင်းထဲထိ ရေဓာတ်ဖြည့်တင်းပေးတာကြောင့် ဆောင်းတွင်းမှာ အပြုလုပ်သင့်ဆုံး ကုသမှု ပဲ ဖြစ်ပါတယ်။

✅ခြောက်သွေ့တဲ့ အရေပြားအတွက် အသားအရေအတွင်းပိုင်းထိ ရေဓာတ်ဖြည့်တင်းပေးပြီး အရေးအကြောင်းသက်သာစေပြီး မိတ်ကပ်သားတက်စေတဲ့ နောက်ဆုံးပေါ် ‌ရေဓာတ်ဖြည့်ကုထုံးများ

✅မျက်နှာအသားရေ တင်းရင်းချပ်ကပ်ပြီး ကျန်းမာနုပျိုလာစေတဲ့အပြင် ကြည်လင်စိုပြေတဲ့ ရလာဒ်ကို ပေးစွမ်းတဲ့ အတွက် 𝗦𝗸𝗶𝗻- 𝘁𝗶𝗴𝗵𝘁𝗲𝗻𝗶𝗻𝗴 𝗽𝗿𝗼𝗰𝗲𝗱𝘂𝗿𝗲 တွေကလည်း ဆောင်းရာသီမှာ ပြုလုပ်သင့်တဲ့ အကောင်းဆုံး ကုသမှုတွေ ပဲ ဖြစ်ပါတယ်။

မိမိနဲ့ ကိုက်ညီမယ့်ကုသမှုကို အရေပြားနဲ့ အလှအပရေးရာဆိုင်ရာ အထူးကုဆရာဝန်ကြီးများနဲ့အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီးကုသမှုပြုလုပ်နိုင်တာကြောင့် အသားခြောက်တဲ့ ပြဿနာတွေ ကြုံတွေ့နေရပြီဆိုရင်တော့ Yumi ကိုပဲ သတိရလိုက်တော့နော်။
“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

အသက် (30)ကျော်လာတာနဲ့  ဘယ်လို နုပျိုခြင်းနည်းလမ်းတွေကို ရွေးချယ်ပြုလုပ်သင့်တာလဲ❓❓လူတစ်ယောက်က အသက် (30)ကျော်လာတာနဲ့အမျှ ခ...
02/12/2025

အသက် (30)ကျော်လာတာနဲ့ ဘယ်လို နုပျိုခြင်းနည်းလမ်းတွေကို ရွေးချယ်ပြုလုပ်သင့်တာလဲ❓❓

လူတစ်ယောက်က အသက် (30)ကျော်လာတာနဲ့အမျှ ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာရှိနေတဲ့ ကော်လဂျင်ထွက်နှုန်းတွေ တစ်ဖြည်းဖြည်းလျော့ကျလာပြီး ကိုယ့်ရဲ့အရေပြားအခြေအနေတွေက တစ်ဖြည်းဖြည်းနဲ့ ပြောင်းလဲလာတာကို စတင်မြင်တွေ့ရမှာ ဖြစ်ပါတယ်။

💁🏻‍♀️ကော်လဂျင်ဆိုတာကတော့ ကိုယ့်ရဲ့အသားရေကို တင်းရင်းနုပျိုစေတဲ့ အဓိက ပရိုတင်းဓာတ်ဖြစ်ပြီး ကော်လဂျင်ဓာတ်လျော့နည်းလာပြီဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အိုမင်းရင့်ရော်မှု လက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

အဲ့တာတွေကတော့
⚠️မျက်နှာအသားရေနဲ့ လည်ပင်း အရေပြားများ လျော့တွဲလာခြင်း၊
⚠️မေးရိုး(Jawline)မှာ အဆီပိုတွေစုလာခြင်း၊
⚠️နှုတ်ခမ်းနားတစ်ဝိုက် အရေးအကြောင်း(Smile Line)၊ နဖူး၊ ⚠️မျက်လုံးနားတစ်ဝိုက်အရေးအကြောင်းနဲ့ မေးနှစ်ထပ်များ စတင်ဖြစ်ပေါ်လာခြင်း တို့ပဲ ဖြစ်ပါတယ်။

✅HIFU လို့ လူသိများကြတဲ့ 𝗔𝗱𝘃𝗮𝗻𝗰𝗲 𝘀𝗸𝗶𝗻-𝘁𝗶𝗴𝗵𝘁𝗲𝗻𝗶𝗻𝗴 𝘁𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆(မျက်နှာပင့်တင်ကုထုံး )ကတော့ နာကျင်မှုမရှိ လျော့တွဲကျလာတဲ့ အဆီတွေကို ပြန်လည်ချေဖျက်ပေးတဲ့ ကုသမှုနည်းလမ်း တစ်ခုပဲ ဖြစ်ပါတယ်။
ဘေးကင်းပြီး Downtime မရှိတဲ့အပြင် စိတ်ကျေနပ်မှုကို ရရှိစေပြီး သဘာဝကျကျ ဆယ်စုနှစ်တဖန် ပြန်လည်ငယ်ရွယ်တဲ့ အသွင်ကို ပေးစွမ်းစေမှာ ဖြစ်ပါတယ်။

💁🏻‍♀️ကဲ….ဒါဆိုရင်တော့ အရွယ်တင်နုပျိုပြီး တင်းရင်းသွယ်လျတဲ့အလှတရားကို ပိုင်ဆိုင်ဖို့အတွက် Yumi ရဲ့ ကမ္ဘာ့အဆင့်မှီ နောက်ဆုံးပေါ်𝗔𝗱𝘃𝗮𝗻𝗰𝗲 𝘀𝗸𝗶𝗻-𝘁𝗶𝗴𝗵𝘁𝗲𝗻𝗶𝗻𝗴 𝘁𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 ( မျက်နှာပင့်တင်ကုထုံး )ကို အရေပြားနဲ့ အလှအပရေးရာဆိုင်ရာ အထူးကုဆရာဝန်တွေနဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူနိုင်တာဖြစ်လို့ ကျွန်မတို့ ဆေးခန်းကို အမြန်ဆုံး လှမ်းလာခဲ့လိုက်တော့နော်။

❗️❗️ဒါ့အပြင် ဒီဇင်ဘာလ အလယ်မရောက်ခင် ကြိုတင်ဝယ်ယူပြီး Booking လုပ်ထားရုံနဲ့
𝗗𝗼𝗰𝘁𝗼𝗿 𝗙𝗿𝗲𝗲 𝗖𝗼𝗻𝘀𝘂𝗹𝘁𝗮𝘁𝗶𝗼𝗻 (ဆရာဝန်နဲ့ အခမဲ့ဆွေးနွေးတိုင်ပင်ခွင့်အစီအစဉ်) နဲ့
𝗦𝗸𝗶𝗻 𝗧𝗲𝘀𝘁 𝗮𝗻𝗮𝗹𝘆𝘀𝗶𝘀 𝗙𝗿𝗲𝗲 (အခမဲ့ အရေပြားစစ်ဆေးခွင့် အစီအစဉ်)
ကိုရယူနိုင်မှာဖြစ်ပါတယ်ရှင်

“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

😩နေ့စဉ်ပုံမှန် Skin Care သေချာပြုလုပ်နေပင်မဲ့ ဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာတယ်လို့ ခံစားနေရပြီလား။💁‍♀️ဘယ်လောက်ပဲ Ski...
09/11/2025

😩နေ့စဉ်ပုံမှန် Skin Care သေချာပြုလုပ်နေပင်မဲ့ ဝက်ခြံတွေက သက်သာမသွားဘဲ ပိုဆိုးလာတယ်လို့ ခံစားနေရပြီလား။

💁‍♀️ဘယ်လောက်ပဲ Skin Care တွေလုပ်လုပ် ဝက်ခြံကိုပိုဆိုးအောင်လုပ်မိနေတဲ့ အလေ့အကျင့် (3)ချက်ကို ပြုလုပ်နေတုန်းပဲဆိုရင်တော့ ဝက်ခြံ Breakouts တွေက ပိုမို ဆိုးလာစေတတ်ပါတယ်။

👇👇သင်မသိလိုက်ဘဲ ဝက်ခြံကို ပိုဆိုးအောင် လုပ်မိနေတဲ့ အလေ့အကျင့်တွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြရအောင်…

1.မျက်နှာကို မကြာခဏ ထိတွေ့ကိုင်တွယ်ခြင်း
ကိုယ့်ရဲ့ လက်တွေမှာ မမြင်ရတဲ့ ဖုန်တွေ ပိုးမွှားတွေ ရှိနေတတ်တာကြောင့် မျက်နှာကို လက်နဲ့ မကြာခဏ ကိုင်တွယ်ခြင်းများက ချွေးပေါက် ပိတ်စေပြီး ဝက်ခြံတွေကို ပိုဆိုးစေလာတတ်ပါတယ်။ ဒါကြောင့် မျက်နှာကို မကြာခဏထိခြင်း ကိုင်တွယ်ခြင်းများမှ ရှောင်ကြည်ပေးသင့်ပါတယ်။

2.ကိုယ့်ရဲ့ Phone Screen ကို သန့်ရှင်းမူ့မပြုလုပ်ခြင်း
ကိုယ်နေ့စဉ်အသုံးပြုနေတဲ့ Phone Screen တွေမှာလည်း မမြင်ရတဲ့ ဘတ်တီးရီးယား ပိုးမွှားတွေ ကပ်တွယ်နေတတ်ပြီး ကိုယ့်ရဲ့ အရေပြားနဲ့ ထိတွေ့တဲ့အခါမှာ ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ Phone Screen တွေကိုလည်းနေ့စဉ် သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။

3.မျက်နှာ အလွန်အကျွံသစ်ခြင်းနဲ့ Exfoliate အလွန်အကျွံပြုလုပ်ခြင်း
မျက်နှာကို ခနခန သစ်ခြင်းများနဲ့ နေ့တိုင်း Exfoliate ပြုလုပ်ခြင်းများက အရေပြားအတွင်းပိုင်းထဲမှာရှိတဲ့ သဘာဝအဆီများကို ခမ်းခြောက်စေပြီး မျက်နှာအသားရေကို ခြောက်သွေ့ကြမ်းတမ်းလာစေတတ်ပါတယ်။ ဒါကြောင့် မျက်နှာကို မျက်နှာသစ် Cleanser နဲ့ မနက် (1)ကြိမ် ည(1)ကြိမ်သာ သန့်စင်ပေးသင့်ပါတယ်။scrub တိုက်ခြင်း၊ Exfoliate ပြုလုပ်ခြင်းတင်ခြင်းများကို တစ်ပတ်လျှင် 1-2 ကြိမ်သာ အသုံးပြုပေးသင့်ပါတယ်။

👩‍⚕️Skin Care Product တွေကို သေချာအသုံးပြုပြီး အသားရေကို ဂရုစိုက်ထိန်းသိမ်းနေပင်မဲ့လည်း ဝက်ခြံ Breakoutsတွေ ထွက်နေတုန်းပဲ ဆိုရင်တော့ ကိုယ့်ရဲ့အရေပြားကို ပြန်လည်ကောင်းမွန်လာစေဖို့အတွက် အရေပြားအထူးကု ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်ကုသမူ့ ခံယူသင့်ပါတယ်။

💜ကျွန်မတို့ Yumi Skin & Aesthetics မှာ နိုင်ငံတကာအဆင့်မှီ နောက်ဆုံးပေါ် ဝက်ခြံကုထုံး Acne treatment တွေကို အရေပြားနဲ့ အလှအပရေးရာဆိုင်ရာ အထူးကုဆရာဝန်တွေနဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်ပြီး ကုသမူ့ ခံယူနိုင်တာဖြစ်လို့ ဝက်ခြံကင်းစင်တဲ့ ကြည်တောက်ရှင်းအသားရေကို ပိုင်ဆိုင်ဖို့အတွက် Yumi ကိုပဲ အမြန်ဆုံးလှမ်းလာဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။


“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

သတိပြုသင့်သော အရေပြားမှိုအန္တရာယ်💢   “အာရောဂျံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပါသည်တဲ့ ချစ်သောတို့ရေ💜💜။က...
06/11/2025

သတိပြုသင့်သော အရေပြားမှိုအန္တရာယ်💢

“အာရောဂျံ၊ ပရမံ၊ လာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပါသည်တဲ့ ချစ်သောတို့ရေ💜💜။

ကျန်းမာရေးကောင်းမှ သွားချင်တဲ့နေရာကို သွားနိုင်မယ်။စားချင်တာတွေကို စားနိုင်မယ်။ စိတ်လည်းချမ်းသာနိုင်ပြီး လှပပျော်ရွှင်သော လူမှုဘဝကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းမွန်ဖို့ဆိုရင် ရောဂါဘယတွေကို ကြိုတင်ကာကွယ်နိုင်ဖို့၊ အချိန်မှီကုသနိုင်ဖို့က အရေးကြီးလှပါတယ်။ ရောဂါဘယတွေအကြောင်းကို သိရှိထားလေ ကြိုတင်ကာကွယ်နိုင်လေဖြစ်ပြီး ကုသဖို့လည်းအချိန်မှီလေပဲ ဖြစ်ပါတယ်။ဒီနေ့တော့ ယူမီက💜 ချစ်သောတို့ကို မသိမသာနဲ့ အနားနားကိုရောက်လာပြီး သိသိသာသာ လူကိုဒုက္ခပေးနိုင်တဲ့ သတိပြုသင့်သော 🐛အရေပြားမှိုအန္တရာယ်အကြောင်းကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။

🍄 ပထမဦးစွာ အရေပြားမှိုကြောင့် ဖြစ်တတ်တဲ့ ရောဂါ အမျိုးအစား အများကြီးထဲကမှ အခုလိုပူနွေးစိုစွတ်တဲ့ ရာသီဥတုမှာ 🌧ဖြစ်များတဲ့ ရောဂါ(၂)မျိုးကို ပြောပြချင်ပါတယ်။အဲ့ဒီရောဂါအမျိုးအစား (၂)မျိုးကတော့…..

(၁)ပွေး (Tinea Corporis/ ringworm)

(၂)ဂျွတ်(tinea cruris/ jock itch) တို့ပဲဖြစ်ပါတယ်ရှင်။

🍄🍄🍄ဒီတော့ ယူမီကပွေး (Tinea Corporis/ ringworm)အကြောင်းကို ဦးစွာ ပြောပြပေးပါရစေ။

ပွေးကို “RINGWORM” လို့ခေါ်ကြပေမယ့် “worm” (သံကောင်) ကြောင့် ဖြစ်တဲ့ရောဂါမဟုတ်ဘဲ မှို(dermatophytes) ကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်ခုပဲဖြစ်ပါတယ် ။
ပွေးကွက်ထတယ်လို့လည်း ပြောကြလေ့ရှိပါတယ်။
ပွေးရဲ့ သွင်ပြင်လက္ခဏာတွေကတော့ ယားယံပြီး စက်ဝိုင်းလို အကွင်းလိုက် အကွက်လိုက်ပုံစံဖြင့် ဖြစ်ပေါ်လေ့ရှိကာ အရေခွံကွာခြင်း အဖက်လန်ခြင်းများလည်း ဖြစ်ပေါ်တတ်ပါတယ်။အလယ်မှာ အရောင် ဖျော့ပြီး အနားသတ်မှာကြွပြီး ရဲနေတတ်ပါတယ်။
အချိန်ကြာလာတာနဲ့ စက်ဝိုင်းပုံစံ အကွက်လေးတွေက တစ်ခုနဲ့တစ်ခု ဆက်သွာပြီး အပြင်လိုက် ပွားသွားတတ်ပါတယ်။
ကလေးငယ်နဲ့ လူငယ်တွေမှာ အဖြစ်များတယ်ဆိုပေမယ့် မွေးကင်းစကလေးကစပြီး အရွယ်စုံ လူစုံ ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူးနော်။ ခန္ဓာကိုယ်ရဲ့ မည်သည့်နေရာတွင်မဆို ဖြစ်ပွားတတ်ပြီး ပို၍အဖြစ်များသော နေရာများကတော့ လည်ပင်း၊ရင်ဘတ်၊ဂျိုင်း တို့ဖြစ်ပါတယ်ရှင်။

🍄🍄🍄🍄ဆက်လက်ပြီး ယူမီပြောပြပေးချင်တဲ့ နောက်ထပ်ရောဂါအမျိုးအစားလေးကတော့ “ဂျွတ် (Tinea Cruris/ JOCK ITCH)”အကြောင်းလေးပါ။

- ဂျွတ်ဆိုတာက Dermatophyte fungal infectionလို့ ခေါ်တဲ့ အရေပြားမှိုကူးစက်မှုကြောင့် ဖြစ်တဲ့ ရောဂါအမျိုးအစားတစ်မျိုးဖြစ်ပြီး ယောက်ျားလေး ၊ မိန်းကလေးမရွေးဖြစ်ပွားတတ်သော်လည်း ယောက်ျားလေး တွေမှာ ပိုပြီးဖြစ်တာကို တွေ့ရပါတယ်။
အားကစားသမားတွေမှာ ပိုပြီးအတွေ့ရများတတ်လို့ “ JOCK ITCH” လို့လည်း ခေါ်ကြပါသေးတယ်ရှင်။
ဂျွတ်ရဲ့သွင်ပြင်လက္ခဏာတွေကတော့ အကွက်လိုက်နီရဲ ယားယံတတ်ပြီး အဖက်လန်ခြင်း ၊အရေခွံကွာခြင်း အရေကြည်ဖုလေးတွေ ပြည်ဖုလေးတွေနဲ့ တွဲပြီးတွေ့ရတတ်ပြီးအနံ့အသက်ဆိုးတတ်ပါ သေးတယ်။
အဖြစ်များတဲ့ နေရာတွေကတော့ ပေါင်ခြံ ၊ပေါင်ကြားမှာ ဖြစ်ပြီး ဆီးခုံနေရာ ၊တင်ပါး၊ဗိုက်အောက်ပိုင်း ပျံ့ပွားသွားတတ်တာမို့ စောလျင်စွာ အချိန်မီ ကုသမှုခံဖို့အရေးကြီးလှပါတယ်။

🥹ဂျွတ်အရေပြားရောဂါ ဖြစ်ပွားတတ်သော အကြောင်းအရင်းများကတော့
(၁)ခြေသည်း လက်သည်း မှိုရောဂါကြာရှည်စွာ ခံစားနေရခြင်း
(၂)တင်းကျပ်တဲ့ အတွင်းခံ ၊အဝတ်အစားတွေ ဝတ်ဆင်ခြင်း
(၃)ချွေးထွက်များခြင်း
(၄)အဝလွန်ခြင်း
(၅)အဝတ်အစား အတွင်းခံများကို ခြောက်သွေ့အောင်မလုပ်ဘဲ ဝတ်ဆင်ခြင်း
(၆)ဆီးချိုရောဂါအခံရှိခြင်း
(၇)(Steroid) ပါသောလိမ်းဆေးများကို ကြာရှည်စွာ သုံးခြင်း တို့ပဲဖြစ်ပါတယ်ရှင်။

ဒါကတော့ အရေပြား မှိုရောဂါ အများကြီးထဲက မိုးရာသီဝင်လာတာနဲ့ ခပ်စိတ်စိတ်တွေ့လာရတဲ့ ရောဂါ (၂)မျိုးပဲဖြစ်ပါတယ်ချစ်သောတို့ရေ။

အရေပြားမှိုရောဂါကို ဖြစ်တဲ့နေရာပေါ်မူတည်ပြီး နာမည်အမျိုးမျိုး နဲ့ခေါ်ဝေါ်ကြတတ်တဲ့အပြင် ရောဂါဖြစ်စေတဲ့ မှိုပိုး အမျိုးအစားကလည်း အများကြီးရှိပါသေးတယ်။
အသက်အရွယ်၊ရောဂါလက္ခဏာ ၊ဖြစ်တဲ့နေရာပေါ်မူတည်၍ ကုသရတဲ့ ဆေးတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ဒီလို အရေပြားမှိုရောဂါအမျိုးအစားတွေက မြန်မာနိုင်ငံမှာ တွေ့ရအများဆုံး အရေပြားရောဂါတွေထဲက တစ်ခုအပါအဝင်ပါပဲ။တိကျသေချာတဲ့ ကုသမှုမျိုးကို ခံယူလျှင် အချိန်တိုအတွင်း ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုးမို့ ရှက်ရွံ့စရာ ၊ကြောက်စရာ မလိုပါဘူးနော်။

🙅🏻‍♀️🙅🏻ဒါပေမယ့် ဆေးမြီးတိုတွေ ၊နီးစပ်ရာ ဆေးညွှန်းတွေ၊ Steroidပါတဲ့လိမ်းဆေးတွေ လိမ်းမိရင်တော့ မှိုပိုးတွေကို မွေးထားသလို ဖြစ်ပြီး ပိုပို ဆိုးလာတတ်တာမို့ ချစ်သောတို့ရေ ကိုယ့်ရဲ့ အရေပြားပေါ်မှာ သံသယဖြစ်ဖွယ်အကွက်လေးတွေ ယားကွက်လေးတွေ စပြီးသတိထားမိတာနဲ့ နီးစပ်ရာ အရေပြားဆေးခန်းမှာ သေချာကုသမှု ခံယူကြရမယ်နော်။

နောက်ပြီး မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းကတော့ အကောင်းဆုံးနည်းလမ်းဖြစ်တာမို့ အရေပြားမှို မဖြစ်အောင် ကာကွယ်ဖို့နည်းလမ်းလေးအချို့ကိုလည်း ယူမီက ချစ်သောတို့အတွက်ဖော်ပြပေးလိုက်ပါတယ်။
❗️❗️❗️❗️❗️❗️❗️
(၁)တင်းကြပ်တဲ့အဝတ်အစား ၊အတွင်းခံ ၊ ခြေအိတ်၊ ဖိနပ်ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။
(၂) -သန့်ရှင်းခြောက်သွေ့သော အဝတ်အစားများကို ဝတ်ဆင်ပါ။
(၃)ချွေးစို ၊ မိုးစို လာသော အဝတ်အစားများကို ချက်ခြင်းလဲပစ်ပါ။
(၄)ရေပုံမှန် ချိုးပါ
(၅) ရေချိုးပြီးတိုင်း တဘက်နဲ့ သေချာသုတ်ပေးပါ။
(ဂျိုင်းကြား၊ ပေါင်ကြား၊ချွေးထွက်များသောနေရာများ)
(၆)တဘက်၊အခင်း၊ စောင်များကို ခြောက်သွေ့အောင်ထားပါ။၁ပတ်၁ခါလဲပေးပါ။၊နေလှန်းပေးပါ။
(၇)မိမိနေထိုင်ရာအခန်းကို လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ပေးပါ။
(၈)ခွေးလေးတွေ ကြောင်လေးတွေ တွေကို ကိုင်ပြီးရင် လက်သေချာဆေးပါ။
(၉)အနီကွက်လေးတွေ အယားကွက်လေးတွေ စပြီးပေါ်လာတာနဲ့ ရှက်ကြောက်မနေဘဲ အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ကုသပါ။
(၁၀)အပင်စိုက်သူများ မြေဆွေးတွေ အပင်တွေကိုင်လျှင် လက်အိတ်(အရှည် / အထူ)ဝတ်ပြီးမှ ကိုင်ပေးပါ။
အထက်ပါ အချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပြီး အရေပြားမှိုရောဂါကို ကြိုတင်ကာကွယ်ပါ။ အကယ်၍ မိမိကိုယ်ကို အရေပြားမှိုရောဂါဖြစ်နေပြီလို့ သံသယရှိပါက နီးစပ်ရာ အရေပြား ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပီး ကုသမှု ခံယူပါ။

🏥ယူမီဆေးခန်းမှာဆိုရင် အရေပြားရောဂါအမျိုးမျိုးကို ကျွမ်းကျင်ပြီး အတွေ့အကြုံရှိ အရေပြားဆရာဝန်များကိုယ်တိုင် ကုသပေးနေတာဖြစ်လို့ ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်ပြီး ကုသမှုခံယူနိုင်ပါတယ်ရှင်။

“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

"တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့"ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့လေးမှာ...ယူမီရဲ့ ချစ်ရတဲ့ Clien...
04/11/2025

"တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့"

ယနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့လေးမှာ...
ယူမီရဲ့ ချစ်ရတဲ့ Client မိတ်ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများပြည့်စုံနိုင်ကြပါစေကြောင်း YUMI မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင🙏

💜တန်ဆောင်တိုင် ပိတ်ရက်ကြေညာခြင်း💜ကျွန်မတို့ Yumi ဆေးခန်းကို တန်ဆောင်မုန်းလပြည့်နေ့ (Nov 4) နဲ့ ပုံမှန် အပတ်စဉ် ဆေးခန်းပိ...
03/11/2025

💜တန်ဆောင်တိုင် ပိတ်ရက်ကြေညာခြင်း💜
ကျွန်မတို့ Yumi ဆေးခန်းကို တန်ဆောင်မုန်းလပြည့်နေ့ (Nov 4) နဲ့
ပုံမှန် အပတ်စဉ် ဆေးခန်းပိတ်ရက်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့(Nov 5) တွင်ဆေးခန်း (2) ရက်ပိတ်မှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ (6)ရက်နေ့ ကြာသပတေးနေ့တွင် ပုံမှန်အတိုင်း မနက် 9နာရီမှ ညနေ 5နာရီအထိ ဆေးခန်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး
ပိတ်ရက်အတွင်း Page Reply, Viber Reply နဲ့ ဖုန်းပြန်လည်ဖြေကြားခြင်းများ နှောင့်နှေးကြန့်ကြာမှုများရှိပါက နားလည်ပေးပါရန် အသိပေးအကြောင်းကြား အပ်ပါတယ်ရှင် 🙏🏼

28/10/2025

“𝒀𝒖𝒎𝒊 မှာ 𝑺𝒑𝒊𝒏 𝑾𝒉𝒆𝒆𝒍 လှည့်ရင်း လက်ဆောင်ယူ”

🎉🎉Yumi မှာ Oct 28 - Nov 3 ရက်နေ့ထိ (5) သိန်းကျပ်နှင့် အထက် အားပေးတဲ့ မိတ်ဆွေများအတွက် ဗလာမပါ Spin Wheel လှည့်ရင်း ကံစမ်းနိုင်မဲ့ အစီအစဉ်ရှိပါတယ်

🎡Spin Wheel လှည့်ရင်း ရရှိနိုင်မဲ့ အပိုဆုလက်ဆောင်တွေကတော့
💸 ချက်ချင်းရမယ့် Cashbackလက်ဆောင်များ
တစ်သိန်းခွဲဝန်းကျင် တန်ဖိုးရှိတဲ့
💆‍♀️Hollywood Carbon Laser
💧Hydrafacial
⚡Laser Hair Removal
🌸Whitening Laser စတဲ့များစွာသော Treatment တွေကို လက်ဆောင်ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
💖အခုလိုမျိုး Spin Wheel လှည့်ရင်း ဗလာမပါ Cashback တွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ Treatment တွေကို ရရှိပိုင်ဆိုင်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် လုံးဝလက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။
✨✨Promotion ကာလကလည်း (6)ရက်သာဖြစ်လို့ အခုပဲ အမြန်ဆုံး Yumi Skin & Aesthetics မှာ Appointment ကြိုယူထားလိုက်တော့နော်။

“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

🤔အခုနောက်ပိုင်းမှာ  မိန်းကလေးအများစုက ဘာကြောင့် Bikini Laser Hair Removal ကို ပြုလုပ်လာကြတာလဲ???😧ပျိုမေတို့ရဲ့ နူးညံ့တဲ့...
27/10/2025

🤔အခုနောက်ပိုင်းမှာ မိန်းကလေးအများစုက ဘာကြောင့် Bikini Laser Hair Removal ကို ပြုလုပ်လာကြတာလဲ???
😧ပျိုမေတို့ရဲ့ နူးညံ့တဲ့ Private Area(Bikini area)မှာ Shaving တွေ Waxing တွေ ပြုလုပ်မယ်ဆိုရင် အရေပြားနာကျင်တာတွေ ထိခိုက်ဒဏ်ရာတွေ ခနခန ရရှိနိုင်ပြီး အမာရွတ်ကျန်တာတွေ ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါ့အပြင် ပြုလုပ်ပြီးနောက်မှာလည်း အချိန်ခဏလေး အတွင်းမှာတင် အမွှေးကြမ်းတွေ ပြန်ထွက်လာစေပါတယ်။
💁‍♀️ဒါကြောင့် အခုခေတ်မှာမိန်းကလေးအများစုက ကိုယ့်ရဲ့ Bikini Area ကို နာကျင်မူ့အနည်းဆုံးနဲ့ အမွှေးထွက်နှုန်းကို သိသိသာသာ လျော့နည်းစေတဲ့ “Laser Hair Removal” ကိုသာ ရွေးချယ်လာကြတာပဲ ဖြစ်ပါတယ်။
💜ကျွန်မတို့ Yumi မှာ အကောင်းဆုံး ရလာဒ်ကို ရရှိစေပြီး Budget လည်း အဆင်ပြေစေဖို့အတွက် Laser Hair Removal “Super Saver Package” တွေပြုလုပ်ပေးထားပါတယ်။

💜Yumi ရဲ့ Bikini area DIODE Laser Hair Removal က ပျိုမေတွေကြားဘာကြောင့် ရေပန်းစားနေရတာလဲဆိုတော့
✔️ နောက်ဆုံးပေါ် Diode Laser Technology ကိုအသုံးပြုပေးထားပြီး
✔️အမွှေးအမျှင်တွေကို 90% ထိပြန်မထွက်အောင် ဖယ်ရှားပေးနိုင်တယ်။
❌နာကျင်မူ့မရှိ၊
❌Side Effect မရှိဘဲ
✔️Ingrown Hairsများ လုံးဝမဖြစ်ခြင်း၊
✔️အောက်ခံအသားရောင်ကို ဖြူဖွေးဝင်းပလာစေခြင်း၊
✔️Sensitive Skin အပါအဝင် All Skin Type ပြုလုပ်လို့ရခြင်း စတဲ့ ကောင်းကျိုးတွေကြောင့်ပဲ ဖြစ်ပါတယ်။
🤩ကျွန်မတို့ရဲ့ Laser Hair Removal Package တွေကအကောင်းဆုံး ရလာဒ်တွေကို ရရှိစေမဲ့အပြင် ရေရှည်မှာ အချိန်ရယ် ငွေ ပါ အကုန်အကြေး သက်သာစေမှာပဲ ဖြစ်ပါတယ်။

💁ဈေးနှုန်းအားဖြင့်လည်း အတန်ဆုံးဖြစ်အောင် Super Saver (10) ကြိမ် Package ရှိပါတယ်.. ဒီ Package နဲ့ဆို BIKINI Diode Laser Hair Removal တစ်ကြိမ်ကို မြန်မာငွေ 80,000ks (ရှစ်သောင်းကျပ်)ပဲ ကျသင့်တော့မှာ ဖြစ်ပါတယ်။
💁Laser Hair Removal ကို ပထမဆုံး စပြီး ပြုလုပ်ကြည့်ချင်တဲ့ ပျိုမေတို့အတွက်လည်း (5)ကြိမ် Package တွေလည်းရရှိနိုင်ပါတယ်

🤩 Private Treatment Room ထဲမှာပဲ အမျိုးသမီး Therapists တွေကိုယ်တိုင် သီးသန့်ပြုလုပ်ပေးတာဖြစ်လို့ အေးအေးဆေးဆေးအနားယူရင်းနဲ့ ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်ရှင်

💜အသေးစိတ်သိရှိလိုပါက အောက်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီးပဲဖြစ်ဖြစ် chat box မှာပဲဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်ရှင်

💁🏻‍♀️ကိုယ့်ရဲ့ နေ့ရက်တိုင်းမှာ ပေါ့ပါးလန်းဆန်းပြီး ယုံကြည်မူ့အပြည့်ရှိနေစေဖို့အတွက်ကျွန်မတို့ Yumi Skin & Aesthetics မှာ Bikini Laser Hair Removal ပြုလုပ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်

“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

😮မြန်မာငွေ 𝟰𝟮,𝟬𝟬𝟬 ကျပ် တည်းနဲ့  မလိုချင်တဲ့ ဂျိုင်းကြားနေရာက အမွှေးအမျှင်တွေကို လေဆာနဲ့ အပြီးတိုင် ဖယ်ရှားပစ်နိုင်မယ့် အ...
25/10/2025

😮မြန်မာငွေ 𝟰𝟮,𝟬𝟬𝟬 ကျပ် တည်းနဲ့ မလိုချင်တဲ့ ဂျိုင်းကြားနေရာက အမွှေးအမျှင်တွေကို လေဆာနဲ့ အပြီးတိုင် ဖယ်ရှားပစ်နိုင်မယ့် အခွင့်အရေးကို သိပြီးသွားကြပြီလား???

💁🏻‍♀️မင်မင်တို့ Yumi မှာ Results ကောင်းကောင်းတွေ ရရှိစေပြီး Budget လည်း အဆင်ပြေစေဖို့အတွက် အရမ်းတန်လွန်းတဲ့ Laser Hair Removal “Super Saver Package” တွေ ပြုလုပ်ပေးထားပါတယ်။

💁🏻‍♀️ဂျိုင်းအတွက် (10)ကြိမ် Package ဝယ်ယူရုံနဲ့ (1)ကြိမ်ကို 𝟰𝟮,𝟬𝟬𝟬𝗞𝗦 ပဲ ကျသင့်တော့မှာဖြစ်ပါတယ်ရှင်။

Yumi ရဲ့ Laser Hair Removal က
💜နောက်ဆုံးပေါ် Diode Laser Technology ကို အသုံးပြုပေးထားပြီး အမွှေးအမျှင်တွေကို ဖယ်ရှားပေးသည့်အပြင် အရေပြားရဲ့ အောက်ခံအသားရေကိုလည်း ဖြူဖွေးဝင်းပလာစေပါတယ်။
💜 Shaving တွေ Waxing တွေလို ခနခန ပြုလုပ်နေစရာမလိုဘဲ Package တစ်ခုစာ ပြုလုပ်ပေးရုံနဲ့ ရေရှည်အမွှေးကင်စင်ပြီး ကြည်လင်ချောမွေ့တဲ့ ဂျိုင်းကြားအသားရေကို ရရှိစေမှာ ဖြစ်ပါတယ်။

ဒီလို အရမ်းတန်တဲ့ Laser Hair Removal Packageကို ဂျိုင်းကြားအသားရေတွက်သာမက တစ်ခြားသော နေရာတွေဖြစ်တဲ့
🎉ပါး
🎉မှုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး နဲ့ ပါးသိုင်းမွှေး
🎉ရင်ဘက်နဲ့ ကျော
🎉လက်နဲ့ ခြေထောက်
🎉Bikini Area(Lady Only) စတဲ့နေရာတွေမှာ ဈေးတန်တန်လေးနဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

📞 Yumi ရဲ့ Laser Hair Removal “Super Saver Package” တွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက မင်မင်တို့ရဲ့ Page Messenger , Viber သို့မဟုတ် အောက်မှာဖော်ပြထားတဲ့ဖုန်းနံပါတ်တွေကို ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။💜

🌟ကျွန်မတို့ရဲ့ Yumi Skin & Aestheticsမှာ Laser Hair Removal Service ကို နောက်ဆုံးပေါ် နည်းပညာတွေနဲ့အတူ အကောင်းဆုံး ဝန်ဆောင်မူ့တွေနဲ့ ပြုလုပ်ပေးနေတာဖြစ်လို့ စိတ်ရှုတ်စရာကောင်းတဲ့ အမွှေးအမျှင်တွေကို အပြီးတိုင်ဖယ်ရှားနိုင်ဖို့ မင်မင်တို့ရဲ့ Yumi ကိုလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ် 💁🏻‍♀️

“YUMI: YOUR JOURNEY TO TIMELESS BEAUTY “

Contact us:
☎ 09-789456762(viber), 09-786456764, 09-940006762
📌 No(731A), 28th Street, Bet:71st & 72nd Street, Mandalay
🕰 9:00AM - 5:00PM (Wednesday Off)

💜 Join our Viber Community for updates & special promotions !!
https://invite.viber.com/?g2=AQAnwxsJQYYsok6n6Cyb5WhWZTX3jV6C8bC%2FeCuabpE4hiOf5mvQf0gSKOG%2FMf4J

📍Our location link on Google Maps 👉🏻 https://maps.app.goo.gl/d97rGhKAdKHmDAaM6?g_st=ic

Address

No. 731(A), 28th Street, Between 71st And 72nd Street
Mandalay
05024

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959789456762

Website

Alerts

Be the first to know and let us send you an email when YUMI Skin & Aesthetics posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to YUMI Skin & Aesthetics:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category