Aye Thiri Hospital

Aye Thiri Hospital Our best gift to your family is your health

17/08/2025

ဝန်ထမ်း အလိုရှိသည်
၁။ သွေးဖောက်ကျွမ်းကျင် (မ) - ၂ ဦး

ပညာအရည်အချင်း -
- အထက်တန်းအောင်/ ကွန်ပျူတာ သုံးတတ်ရမည်
- ကလေးလူနာများကို ကျွမ်းကျင်စွာ သွေးဖောက်တတ်ရမည်
- ဓါတ်ခွဲခန်းတွင် ကူညီပေးရမည်
- လူနာ/ ဆရာဝန်များနှင့် ပြောဆိုဆက်ဆံရေး ကောင်းမွန်ရမည်
- ဆေးရုံလုပ်ငန်း အတွေ့အကြုံရှိသူကို ဦးစားပေးမည်

တာဝန်ချိန် -
- နေ့/ ည အလှည့်ကျ

လိုအပ်သော စာရွက်စာတမ်းများ
၁။ ကိုယ်ရေးအချက်အလက်နှင့် လိုင်စင်ဓါတ်ပုံ ၁ ပုံ (ဆက်သွယ်ရမည့် ဖုန်းနံပါတ်နှင့် မျှော်မှန်းလစာ သေချာထည့်ရေးပေးရန်)
၂။ မှတ်ပုံတင်မိတ္တူ ၁ စုံ
၃။ အိမ်ထာင်စုဇယား မိတ္တူ ၁ စုံ
၄။ နေထိုင်ရာ ရပ်ကွက်ထောက်ခံစာ မိတ္တူ ၁ စုံ
၅။ ပညာအရည်အချင်း စာရွက်စာတမ်းနှင့် သင်တန်းဆင်းအောင်လက်မှတ်မိတ္တူ ၁ စုံ

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက
နေ့စဉ် မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း
လာရောက်လျှောက်ထားနိုင်သည်။


14/08/2025

Medical Officer 1 post

- M.B.,B.S ဘွဲ့လက်မှတ်ရထားပြီးသူ ဖြစ်ရမည်
- နေ့/ည အလှည့်ကျ တာဝန်ထမ်းဆောင်နိုင်ရမည်
- Duty Hours - Total 240 hours / month

လိုအပ်သော စာရွက်စာတမ်းများ
- ကိုယ်ရေးရာဇဝင် CV
- မှတ်ပုံတင် မိတ္တူ
- အိမ်ထောင်စုဇယား မိတ္တူ
- ဘွဲ့လက်မှတ် မိတ္တူ

လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါက
နေ့စဉ် မနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း
လာရောက်လျှောက်ထားနိုင်သည်။


တစ်ခါခွဲမွေးပြီးပေမယ့် နောက်ကိုယ်ဝန်ကို ရိုးရိုးမွေးလို့ရမလား-----------------------------------------------------တစ်ခါ ...
10/11/2022

တစ်ခါခွဲမွေးပြီးပေမယ့် နောက်ကိုယ်ဝန်ကို ရိုးရိုးမွေးလို့ရမလား
-----------------------------------------------------

တစ်ခါ ခွဲမွေးထားဖူးလျှင် နောက်‌ထပ်လည်း ခွဲမွေးရပါတယ်။ သုံးခါထက် ပိုမခွဲရပါဘူးဆိုတာ ဗိုက်ခွဲမွေးဖူးသူတိုင်း သိပါတယ်။

ဘာကြောင့်လည်းဆိုတော့...
(ပုံနှင့်တကွ သေချာ‌ရှင်းပြပေးထားပါတယ်။ ပုံလေးတွေကို နှိပ်ကြည့်ပေးပါ။ )

တစ်ခါခွဲလိုက်လျှင် သားအိမ်မှာ အမာရွတ်တစ်ခု ဖြစ်သွားပါတယ်။ သားအိမ်ဆိုတာ သာမန်အချိန်မှာ လက်သီးဆုပ်သာသာ ကြွက်သားတခုပါ။ သူ့ထဲ ကလေးရှိလာတဲ့အခါ ပူဖောင်းလို ဖောင်းကားလာပါတယ်။

ပေါက်ထားလို့ ဖာထားတဲ့ ပူဖောင်းတစ်ခုကို မြင်‌ယောင်ကြည့်ပါ။ ပူဖောင်းဖောင်းလာလေလေ ဖာထားတဲ့နေရာကနေ ပေါက်ထွက်နိုင်လေလေပါပဲ။ ဒါကြောင့် ဗိုက်မနာခင် သားအိမ်မညှစ်ခင် ခွဲရပါတယ်။ ဓားနဲ့ သပ်သပ်ရပ်ရပ် ခွဲထားတဲ့ ပူဖောင်းလေးဟာ အနားစတွေ သပ်ရပ်တာမို့ ပြန်ချုပ်ရင် သပ်သပ်ရပ်ရပ်လေး ချုပ်လို့ရသလိုပါပဲ။ သေချာခွဲထားတဲ့ ‌သားအိမ်ဟာလည်း သပ်သပ်ရပ်ရပ်ပြန်ချုပ်ထားရင် အနာကျတ်မြန်ပါတယ်။

သားအိမ်တအားညှစ်လျှင် ကွဲထွက်နိုင်ပါတယ်။ ကွဲထွက်သွားတဲ့ ပူဖောင်းလေးဟာ အနားစတွေ ဖွာလန်ကြဲနေသလိုမျိုးပဲ ကွဲထွက်သွားတဲ့ သားအိမ်ဟာလည်း အနားစတွေ ဖွာလန်ကြဲပြီး သွေးထွက်လည်း များတတ်ပါတယ်။ သားအိမ်ကို ပြန်ချုပ်ရင်လည်း သပ်သပ်ရပ်ရပ်ပြန်ချုပ်ဖို့ ခက်ခဲပါတယ်။ အနာကျတ်တာ နှေးတတ်ပါတယ်။

နောက်တခါထပ်မွေးတဲ့အခါ အမာရွတ်က နှစ်ခုဖြစ်လာပါတယ်။ သုံးခါလောက်မွေးပြီးလျှင် လက်သီးဆုပ်အရွယ်သားအိမ်မှာ အမာရွတ်တွေ ပြည့်နေပါပြီ။ နောက်ထပ် မခွဲသင့်တော့ပါဘူး။ ဒါကြောင့် သားကြောပါ တခါတည်းဖြတ်ကြရပါတယ်။

ကိုယ်ဝန်ရှိလာတဲ့အခါ ကလေးရဲ့အချင်းဟာ သားအိမ်ထဲမှာ တွယ်ချင်တဲ့နေရာ တွယ်တာပါ။ အမာရွတ်တွေများလာလျှင် ကလေးမွေးဖူးတာများလာလျှင် အချင်းက အမာရွတ်တွေပေါ်သွားတွယ်နေတတ်ပါတယ်။ ဒါကြောင့်မို့ အချင်းမကျဘဲသွေးသွန်တာကနေ သားအိမ်ပါထုတ်လိုက်ရတဲ့အထိဖြစ်နိုင်ပါတယ်။

နယ်ဆေးရုံလေးတစ်ခုက OG တစ်ယောက်ပြောပြတဲ့ အတွေ့အကြုံလေးတစ်ခုကို မျှဝေပါရစေ။

ကလေးအမေတ​ယောက် ပထမဆုံးကလေးကို ခွဲမွေးထားတယ်။ ဒုတိယနဲ့ တတိယကိုယ်ဝန်ကို ဘယ်လိုပြောပြော စကားနားမထောင်ပဲ အိမ်မှာ ရိုးရိုးမွေးထားတယ်။ ကလေးသေးတော့ ဘာပြသနာမှ မဖြစ်လိုက်ပါဘူး။ နောက် စတုတ္ထကိုယ်ဝန်ရှိလာတော့လည်း ဗိုက်ကို ကြိုမအပ်ထားဘူး။ လမစေ့သေးဘဲ ညကြီးအချိန်မတော်ကျမှ ဗိုက်နာပြီး မွေးချင်လာတော့မှ ဆေးရုံရောက်လာတယ်။ လမစေ့ပေါင်မပြည့်ကလေးကို ရိုးရိုးထွက်သွားတယ်။ မွေးပြီးတဲ့အခါ အချင်းလုံးဝမကျဘဲသွေးသွန်တယ်။ ကလေးအများကြီး မွေးထားတဲ့ သားအိမ်က ကြွက်သားတွေ လျော့ရဲနေပြီး ကလေးထွက်တာနဲ့ ချက်ချင်း သားအိမ်ကြွက်သားတွေ ပြန်ကျုံ့ရမှာ မကျုံ့နိုင်ဘဲ အရင်အမာရွတ်နေရာမှာ အချင်းက အသေတွယ်နေပုံရပါတယ်။ ဆရာဝန်ဆရာမတွေကြိုးစားပေမယ့် ဗိုက်ခွဲသားအိမ်ထုတ်မှ ရတော့မယ့်အခြေနေမှာ ကိုယ်ဝန်ဆောင်မိခင်ဟာ သွေးထွက်လွန်ပြီး ဆုံးသွားပါတယ်။ စိတ်‌မကောင်းစရာပါ။

ဒါကြောင့်
တစ်ခါ ခွဲမွေးထားဖူးလျှင် နောက်‌ထပ်လည်း ခွဲမွေးရပါတယ်။

Credit to Original Writer

🤰ရိုးရိုးမွေးသူများ သိထားရမည့်အချက်များ🤰----------------------------------------------------------🤰ရိုးရိုးမွေးတဲ့အခါ ကိ...
21/10/2022

🤰ရိုးရိုးမွေးသူများ သိထားရမည့်အချက်များ🤰
----------------------------------------------------------

🤰ရိုးရိုးမွေးတဲ့အခါ ကိုယ်ဝန်လစေ့လို့ ဗိုက်နာပြီးအလိုလိုမွေးချင်လာမှ မွေးရတာများပါတယ်။

🤰အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်လမစေ့သေးခင် ဗိုက်နာလာလျင်လည်း စစ်ဆေးစမ်းသပ်လို့ ကလေးအခြေနေကောင်းပါက ရိုးရိုးမွေးလို့ရပါတယ်။ ကိုယ်ဝန်လမစေ့သေးပါက ကလေးကသေးသေးလေးမို့ မွေးရမခက်ပေမယ့် ကလေးကအရမ်းနုလို့ အသက်ရှင်ဖို့ခက်ခဲစွာ ရုန်းကန်ရနိုင်ပါတယ်။

🤰ဗိုက်ခွဲမွေးလျှင် သားအိမ်မှာ အမာရွတ်ကျန်ခဲ့တတ်တာမို့ ရိုးရိုးမွေးတာက သားအိမ်အမာရွတ်တခုဖြစ်ကျန်ခဲ့မှာကိုရှောင်လွှဲနိုင်ပါတယ်။

🤰ကိုယ်ဝန်လစေ့ချိန်မှာ ဗိုက်နာလာတယ်ဆိုတာသားအိမ်က မွေးချိန်တန်လို့ သူ့ထဲက ကလေးကိုညှစ်ထုတ်လာတာပါ။ စစချင်း မသိမသာ အချိန်ခြားခြားပြီး ညှစ်ပါတယ်။ ဆီးစပ်ကိုက်တယ်။ ခါးကိုက်တယ်လို့ မိခင်တွေထင်ကြပါတယ်။ အိမ်မှာပဲ အရပ်လက်သည်နဲ့ မွေးတဲ့အခါ မလိုအပ်ဘဲ မကြာခဏလက်နှိုက်မစမ်းရပါဘူး။ ကလေးဆီကို ပိုးတွေအလုံးရင်းနဲ့ ထည့်သလို ဖြစ်သွားပါတယ်။

🤰သားအိမ်ညှစ်တာက ရာသီသွေးဆင်းတဲ့အခါ နာတဲ့အနာပုံစံပါ။ မွေးခါနီးလေ ပိုပိုနာလာပြီး စိပ်စိပ်လာပါမယ်။ နာချိန် တခါထက်တခါ တိုးလာပါမယ်။ဗိုက်ထဲမှာနာတာကနေ ခါးနာတာဘက်ကို ရွှေ့နာလာပါမယ်။ ကလေးမွေးချင်လို့နာတာက တခြားအနာသက်သာဆေး၊ ညှစ်တာလျော့စေတဲ့ ဆေးတွေပေးလဲ မသက်သာပါဘူး။ အစမှာ သွေးနဲ့အကျိအချွဲရောပြီး အနည်းငယ်ဆင်းပါတယ်။

🤰သားအိမ်အဝက ပိတ်နေတာကနေ ကလေးဦးခေါင်းထွက်နိုင်တဲ့ ပမာဏရောက်ဖို့ ကြာချိန်ဟာ သားဦးတွေမှာဆို ၁၀နာရီ မှ ၁၄နာရီ ကြာပါတယ်။ကလေးမွေးဖူးပြီးသား မိခင်တွေကတော့ ၆နာရီ မှ ၈နာရီ ကြာတတ်ပါတယ်။ ကလေးခေါင်းက ဆံပင်လေးတွေ မြင်နေပြီဆိုရင် မွေးခန်းထဲထည့်၊ မွေးကုတင်ပေါ်တင်ပါတယ်။

🤰မိန်းမကိုယ်အဝမှာ ကလေးခေါင်းလေး ပြူထွက်လာနိုင်အောင် အရေပြားပါးလာပြီဆိုမှ ထုံဆေးထိုးပြီးသတ်မှတ်ထားတဲ့နေရာ အရေပြားကို ကတ်ကြေးနဲ့ ကိုက်ညှပ်ရပါတယ်။ သားအိမ်နာတဲ့အရှိန်နဲ့ အားစိုက်ညှစ်နေရတာမို့ ထုံဆေးထိုးပြီးညှပ်လိုက်တာကို မသိလိုက်ကြပါဘူး။ အစိမ်းခွဲတာ ညှပ်တာလို့ အများစုထင်နေတာ မှားပါတယ်။

🤰ကလေးတကိုယ်လုံးထွက်ပြီး အချင်းဖြတ်ပေးပြီးတဲ့အခါ မိခင်သားအိမ်ထဲက အချင်းကွာအောင်ခဏစောင့်ရပါတယ်။ ဖြေးဖြေးချင်း သားအိမ်ညှစ်အားသန်လာအောင် ဆေးချိတ်ထားရင်း စောင့်ပါတယ်။

🤰အချင်းကို အားနဲ့မဆွဲရပါဘူး။ forcep ​နဲ့အချင်းကို မိမိရရကိုင်ပြီး ဖြေးဖြေးချော့ဆွဲရပါတယ်။ အချင်းမချတတ်လျှင်၊ အားနဲ့ဆွဲချမိလျှင် အချင်းအပိုင်းအစတွေမကုန်ဘဲ သားအိမ်မှာကပ်ကျန်နေပြီး သွေးထွက်လွန်တတ်ပါတယ်။ မွေးပြီးသွေးသွန်တယ်လို့ခေါ်ပါတယ်။

🤰အချင်းမကျတာကို အတင်းချပါက သားအိမ် ပြောင်းပြန်လန်ပြီး ထွက်လာတတ်ပါတယ်။ အရပ်လက်သည်နဲ့ အိမ်မှာ ကိရိယာမစုံမလင်မွေးပါက သတိပြုရမှာပါ။

🤰အချင်းပါချပြီးတဲ့အခါ ညှပ်ထားတဲ့နေရာကို ပြန်ချုပ်ပေးကြပါတယ်။ ပြန်ချုပ်ဖို့ ထုံဆေးထပ်မထိုးကြပါ။ ထိုးထားတဲ့ ထုံဆေးအရှိန်ကျန်နေလို့ ထပ်ထိုးဖို့မလိုပါ။ အိမ်မှာမွေးလျှင် ပြန်မချုပ်ပေးတာကြောင့် မိန်းမကိုယ်ပိုးဝင်နိုင်ပါတယ်။ ပြီးတော့ မကြာခဏကလေးမွေးသူတွေမှာ သားအိမ်ကျတာတွေဖြစ်ပါတယ်။

🤰ကလေးကိုယ်က အညစ်ကြေးတွေကို ရေမဆေးရပါ။ လျှော်ဖွတ်ထားတဲ့ အနှီးသန့်သန့်နဲ့ သုတ်ပေးရပါတယ်။ ပြီးတာနဲ့ မိခင်နို့ ကပ်တိုက်ပေးရပါမယ်။

🤰အိမ်မှာမွေးပါက ကလေးကို Vitamin K မထိုးရတာကြောင့် Vitamin K ချို့တဲ့လို့ ဦးနှောက်သွေးယိုတာတွေ ဖြစ်တတ်ပါသေးတယ်။

🤰မိခင်ဖြစ်သူဟာ နောက်တနေ့ကစလို့ နေ့စဥ်ရေချိုးနိုင်ပါတယ်။ ရေမထိရ၊ ဆပ်ပြာမကိုင်ရဆိုတာတွေ မဟုတ်ပါဘူး။ နနွင်းလိမ်းတာ၊ အုတ်ပူကပ်တာ၊ မီးနေသည်ချွေးအောင်းတာတွေ မလုပ်ရပါဘူး။ မလုပ်လို့ မီးယပ်ရောဂါဖြစ်မယ်ဆို တကမ္ဘာလုံးကမိခင်တွေ သွေးဆုံးကိုင်ကြမ်းလို့ နေစရာတောင်ရှိမှာမဟုတ်ပါ။

🤰မိခင်ဖြစ်သူ နနွင်းလိမ်းတာကြောင့် မိမိဆနွင်းအရောင်တွေ ကလေးကိုစွန်းပြီး ကလေးအသားဝါနေမှန်းမသိ ဖြစ်တတ်ပါတယ်။ ထိုအတူပဲ ချွေးအောင်းလို့ နံစော်နေတဲ့မိခင်ဟာ မိမိကလေးချက်က ပိုးဝင်ပြီး နံနေမှန်း မသိဖြစ်တတ်ပါတယ်။ ဝါနေမှန်းမသိ၊ ပိုးဝင်နေမှန်းမသိဘဲ အသိနောက်ကျသွားရင် အဝါဓာတ်များပြီး ဦးနှောက်ကိုထိခိုက်သွားနိုင်ပါတယ်။ ထို့အပြင် နောက်ကျမှ ဆေးရုံရောက်တာကြောင့် အသက်မမှီတာ ဖြစ်သွားနိုင်ပါတယ်။ အသက်ကယ်လိုက်နိုင်သော်လည်း ဦးနှောက်ထိခိုက်သွားလို့ ဉာဏ်ရည်မမှီတော့တာ၊ အာရုံကြောတွေမလှုပ်ရှားနိုင်တော့တာတွေက အိမ်မှာမွေးတဲ့မိခင်တွေမှာအဖြစ်များတာမို့ အထူးသိထား ရှောင်ရှားရမည့်အရာများ ဖြစ်ပါကြောင်း သတိပေး ရေးသားလိုက်ရပါတယ်။

Credit to Original Writer

Oximeter တိုင်းတာနည်း :credit WHO Myanmar
10/08/2021

Oximeter တိုင်းတာနည်း :credit WHO Myanmar

Credit: ပါမောက္ခဒေါက်တာစောဝင်း🦠ကလေး Covid 19 ​ရောဂါသားသားမီးမီးလေးတွေအတွက် ကိုဗစ်နဲ့ပက်သက်ပီး ကျန်းမာရေး ဗဟုသုတရအောင် မျ...
21/07/2021

Credit: ပါမောက္ခဒေါက်တာစောဝင်း

🦠ကလေး Covid 19 ​ရောဂါ
သားသားမီးမီးလေးတွေအတွက် ကိုဗစ်နဲ့ပက်သက်ပီး ကျန်းမာရေး ဗဟုသုတရအောင် မျှဝေလိုက်ပါတယ်။

✳️အခုတလော ကိုဗစ်ဖြစ်တဲ့ကလေးတွေ များလာပါတယ် တအိမ်ထဲက ဖြစ်နေတဲ့ လူကြီးတွေဆီကကူးတာပါ

ကလေးမှာ ကိုဗစ်ကပြင်းထန်လေ့မရှိပါ သာမာန် တုပ်ကွေးလိုပဲပြီးသွားပါမယ်
( ရှားရှားပါးပါး ပြင်းထန်တာရှိပါတယ် တော်တော်ရှားပါတယ် အဖျားကြီးပြီးရက်ကြာရင် စဉ်းစားရပါမယ်)

➡️ဖျားရင်/ ကိုက်ခဲရင် ( ငိုနေ / ဂျီကျနေ ) ရင်ပါရာစီတမောတိုက်ပါ
ယေဘူယျအားဖြင့် ၁၅ မီလီဂရမ် / ကီလိုဂရမ် ကိုယ်အလေးချိန်နဲ့ ၄-၆ နာရီ တခါ တိုက်လို့ရပါတယ် ပုံမှန်တိုက်ဖို့မလိုပါဘူး တိုက်ပြီး ချွေးထွက်လါရင် ပြောင်အေါင် မသုတ်ပါနဲ့ အင်္ကျီမလဲပါနဲ့ ချွေးကအငွေ့ပျံဖို့လိုတဲ့အပူ ကို ခန္ဓာကိုယ်ကစုပ်ယူ ခြင်းဖြင့် အပူချိန်ကိုကျစေတာပါ

➡️၁နှစ်အောက် ( အစက်ချဆေး Drop )
Biogesic drop / Babygesic drop / Napa drop / အလားတူတွေရှိပါတယ်
100 mg / ml ပါပါတယ်
၆ နာရီ တခါလိုရင်တိုက်နိုင်ပါတယ်

➡️၁နှစ်က ၅ နှစ်
အရည် (Syrup or suspension) တွေရှိပါတယ်
120/ 5ml နဲ့ 250 / 5 ml ဆိုပြီး၂ မျိုးရှိပါတယ်
၄-၆ နာရီ တခါ တိုက်နိုင်ပါတယ်
Biogesic / Progesic / Sara / Napa စသည်ဖြင့်တံဆိပ်မျိုးစုံ ရှိပါတယ် အကုန်အတူတူပါပဲ

➡️၅ နှစ် အထက်
ဆေးပြားသောက်တာ ပိုဈေးသက်သာပါတယ်
တပြား ၅၀၀ မီလီဂရမ်ပါတယ်
တံဆိပ်မျိုးစုံရှိပါတယ် အကုန်အတူတူပါပဲ
ကိုယ်အလေးချိန်နဲ့ ၁၀-၁၅ မီလီဂရမ် / ကေဂျီ တွက် ပြီးတိုက်ပါ
ကိုယ်အလေးချိန် ဘယ်လောက်ရှိရှိ အများဆုံးတခါသောက် ၂ ပြားထက်ပိုမသောက်သင့်ပါ

😤နှာစေး နှာခေါင်းပိတ်ရင်
Cetrizine syrup ( Cetrine/ Adezio/ Ormist /
အလားတူတွေရှိပါတယ်
5 mg / 5 ml. 1ml မှာ 1 mg ပါပါတယ်
၂နှစ်အောက်အတွက် ကလေးပမာဏ မဖေါ်ပြထားပါ

➡️မိမိအနေနဲ့ ပေးလေ့ရှိတာကတော့
၆ လအေါက် - 1 ml ၂ ကြိမ်
၆လ နဲ့ ၁နှစ်ကြား - 1.5 ml ၂ ကြိမ်
၁နှစ် နဲ့ ၅ နှစ် ကြား - 2.5 ml ၂ ကြိမ်
ဆေးပြား 10 mg /tab ဆိုရင်
၁-၃ နှစ်ကြား တစိတ် ၁/၄ ၂ ကြိမ်
၃-၅ နှစ်ကြား ၁/၃ ၂ကြိမ်
၅ နှစ် အထက် ၁/၂ ၂ ကြိမ် ပေးပါတယ်

✳️နှာခေါင်းအခြောက်ပိတ်ရင်
ဆားရည် (Physiodose or Seawater spray ) တွေကို မကြာခဏ ထည့်ပေးနိုင်ပါတယ်

ဝယ်မရရင် - ရေသန့်၁ဖန်ခွက် မှာ ဆားသန့်သန့် လဖက်စားဇွန်းတဝက်နဲ့ ထည့်ဖျော် လို့ရပါတယ်

🩺ဝမ်းသွားရင်
အရေးအကြီးဆုံးက ဓါတ်ဆားရည်ပါ
ရိုးရိုး အရသာမပါ - MPF
လိမ္မော်အရသာ - Pharolit / Peditral/ Electral / Electrorush ( ဖျော်ပြီးသား) မျိုးစုံရှိပါတယ်
အညွှန်းအတိုင်းဖျော်ပါ
ဆေးလိုမ​သောက်ရပါ ရေဆာ တိုင်းရေအစားသေါက်ရပါမယ်
ဓါတ်ဆားရည် မသောက်ပါက အုန်းစိမ်းရည် / ဆန်ပြုတ်ကျဲကျဲ ဆားခတ် သောက်နိုင်ပါတယ်

🤮အန်ရင်
Domperidone အအံပျောက်ဆေး တကြိမ် သေါက်လို့ရပါတယ်
အစက်ချဆေးဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / 5 ကေဂျီ နဲ့ တွက်လို့ရပါတယ်
( Voneta/ Deflux / စသည်ဖြင့် )
အရည် ဆိုရင်
၀.၀၂ -၀.၀၄ မီလီဂရမ် / ကေဂျီ နဲ့တွက်လို့ရတယ်
( Motilium syrup/ Cosy စသည်ဖြင့် )
ဆက်တိုက်အံ ဘာ မှမဝင်ရင်ဆေးရုံတက်ရပါမယ်

👩🏻‍🦰👶မိခင် ကိုဗစ်ဖြစ်ရင်လည်း နို့စို့ကလေးငယ်ကို မိခင်နို့ဆက်တိုက်လို့ရပါတယ်
ကလေးနို့မတိုက်မီ လက်ဆေးပါ မိခင် Maskတပ်ပါ မျက်နှာအုပ် (face shield ) ပါတတ်ပါ

👶ကလေး ကိုဗစ်ဖြစ်ရင် လူကြီးတွေကိုကူးနိုင်ပါတယ် အထူးသဖြင့် အဖိုးအဖွားတွေကိုကူးရင် သူတို့မှာ အသက်အန္တရာယ်ရှိပါတယ် သတိ အရမ်းထားဖို့လိုပါတယ်

Credit: ပါမောက္ခဒေါက်တာစောဝင်း (ကလေးကျန်းမာရေး) 🙏

အေးသီရိဆေးရုံပြင်ပလူနာဌာနမနက် ၇နာရီမှ ညနေ ၆နာရီအတွင်း နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။အတွင်းလူနာဆောင်ကိုလည်း24/7 အစ...
30/03/2021

အေးသီရိဆေးရုံ

ပြင်ပလူနာဌာန
မနက် ၇နာရီမှ ညနေ ၆နာရီအတွင်း နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါသည်။

အတွင်းလူနာဆောင်ကိုလည်း
24/7 အစဉ်အမြဲ ဖွင့်လှစ်ထားပါသည်။

စိတ်ပူပေးကြတဲ့ ဆွေမျိုးမိတ်သင်္ဂဟများကိုလည်း ယနေ့မှစ၍ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်

မင်္ဂလာရှိသော နှစ်သစ်ကူးအခါသမယမှာ မွေးဖွားသော အမွှာစုံတွဲ သုံးတွဲ------------------++++++++++++++++++မင်္ဂလာရှိသောနှစ်သစ...
01/01/2021

မင်္ဂလာရှိသော နှစ်သစ်ကူးအခါသမယမှာ မွေးဖွားသော အမွှာစုံတွဲ သုံးတွဲ
------------------++++++++++++++++++

မင်္ဂလာရှိသောနှစ်သစ်ကူးအချိန်အခါမှာ အေးသီရိဆေးရုံတွင် မင်္ဂလာရှိစွာ မွေးဖွားလာသော အမွှာ ၃ တွဲအတွက် အေးသီရိဆေးရုံမှ မိခင်ရော ကလေးပါ ကျန်းမာပျော်ရွှင်စေကြောင်း ဆုမွန်ကောင်းများတောင်းရင်း မင်္ဂလာလက်ဆောင်အန်ပေါင်း(hóngbāo) များ ပေးအပ်ခဲ့ပါသည်။

(ကျန်ကလေးမိဘနှစ်ဦးရဲ့ ခွင့်ပြုချက်မရ၍ ဓာတ်ပုံဖေါ်ပြနိုင်ခြင်း မရှိကြောင်းပါ)

ကလေးမွေးဖွားပြီး မိခင်တွေဟာ အစားအစာ အစုံစားသင့်/ မစားသင့်***********************************👦🏻 ဟေ့ကောင်၊ ငါ့မိန်းမ ကလေးမ...
19/11/2020

ကလေးမွေးဖွားပြီး မိခင်တွေဟာ အစားအစာ အစုံစားသင့်/ မစားသင့်
***********************************

👦🏻 ဟေ့ကောင်၊ ငါ့မိန်းမ ကလေးမွေးပြီးကတည်းက ပိန်လိုက်လာတာကွာ၊ ကလေးကလည်း နို့ဆွဲချက်က လန်ထွက်နေတာပဲ၊ အမေကတော့ ပိန်သွားတာ တအားပဲ။

👨🏾‍⚕️ မင်းမိန်းမ အစုံစားခိုင်းလေကွာ။

👦🏻 ဟ ငါ့အမေနဲ့ အဒေါ်တွေက အကုန်ရှောင်ခိုင်းတာကွာ။ ဆီဆမ်း ဆားဖြူးနဲ့ အကြော်အလှော် နည်းနည်းလောက်ပဲ စားခိုင်းတာကွ။

👨🏽‍⚕️ မင်းမိန်းမကလည်း စားနိုင်လား။

👦🏻 မစားနိုင်လို့ပေါ့ကွ။ စားနိုင်နေရင် အခုလိုပိန်မလားဟ။

👨🏽‍⚕️ မင်းတို့က အိမ်မှာ ကိုယ့်အခန်းနဲ့ကိုယ် အေးဆေးမဟုတ်လား။

👦🏻 အေး။

👨🏽‍⚕️ အဲဒါဆို မင်းမိန်းမ စားချင်တာမှန်သမျှ ပါဆယ်ဝယ်သွားကွာ။ အခန်းထဲမှာ ‌စားကြပေါ့။ အိမ်ကမေးရင် ကျွန်တော်စားဖို့ ဝယ်လာတာပြောပေါ့။ ခိုးကျွေးကွာ။ စားချင်တာမှန်သမျှ အစုံစား၊ အကုန်စား၊ တရားလွန်တော့ မလုပ်နဲ့ပေါ့။

👦🏻 အေးကွာ။ ချမယ်။ 📱တီ....တီ.... ချစ် ကိုယ့်သူငယ်ချင်းက စားလို့ရတယ်တဲ့။ ချစ် ဘာစားမလဲ တခါတည်း ပါဆယ်ဝယ်ခဲ့လိုက်မယ်.....................
-----------------------------------------------------

နောက်တစ်လခန့်ကြာသော်

‌👦🏻 ဟေ့ကောင် ငါ့မိန်းမ ပြန်ဝလာပြီ၊ အစုံစား အကုန်စားလွန်လို့ မနည်းတောင် ပြန်တားယူနေရသေးတယ်၊ ‌ကလေးလည် အိုကေပဲ။

👨🏽‍⚕️ အိုကေတယ်ပေါ့။ အလွန်အကျူးတော့ မစားစေနဲ့ပေါ့။ ပုံမှန်အတိုင်း အကုန်စား အစုံစားလို့ရတယ်။ စားမှလည်း ရမှာ။

👦🏻 အခုတောင် ဝိုင်သောက်ချင်လို့တဲ့ ရလား???

👨🏽‍⚕️ ဟေ့ကောင် 😡😡😡

#ကလေးမွေးဖွားပြီးအချိန်များမှာမိခင်‌တွေဟာအာဟာရပြည့်ဝအောင်အစာအစားမျိုးစုံစားသုံးသင့်ပါတယ်

အောက်ဖေါ်ပြပါ ပုံလေးမှာ
၁။ စားသုံးသင့်သည့် အစားအစာများ
၂။ ရှောင်ရမည့် အစားအစားများကို ဖေါ်ပြထားပါတယ်




Photo credit to pinterest.com

ခန္ဓာကိုယ်တွင်Cholesterol level လျှော့ချရန်အောက်ပါအစားအစာများကိုယ်ရွှေးချယ်စားသုံးသင်ံ့ပါသည်။
17/11/2020

ခန္ဓာကိုယ်တွင်Cholesterol level လျှော့ချရန်အောက်ပါအစားအစာများကိုယ်ရွှေးချယ်စားသုံးသင်ံ့ပါသည်။



16/11/2020

အကြံပိုင်သော ကလေးအမေ
------------------------------------

🤱 ဒီနေ့ နေ့ကောင်းရက်သာကျတာနဲ့ ကလေးကို ရေချိုးပေးခဲ့တယ် ဆရာမ။
👩🏻‍⚕️ ဟင်၊ နင့်ကလေးက ချက်တောင်မကြွေသေးဘူး။ ချက်မကြွေသေးရင် ရေမချိုးရဘူး မှာထားတယ်လေ။ ချက်ထဲရေဝင်သွားရင် ဘယ်နှယ့်လုပ်မလဲ။
🤱 မဝင်ပါဘူး ဆရာမ။ ချက်ကလေးကို ပလပ်စတစ်အိတ်လေးနဲ့ လုံအောင်ထုပ်ပြီးမှ ချိုးပေးတာပါ ဆရာမ။

#ကလေးချက်ကြွေပြီးမှသာရေချိုးပေးပါ

Address

At The Corner Of 26th Street And 72nd Street, Chanayetharzan Township
Mandalay

Telephone

+959751777730

Website

Alerts

Be the first to know and let us send you an email when Aye Thiri Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category