Medical Family Mandalay - MFM

Medical Family Mandalay - MFM A collective demonstration against military coup (Spring Revolution 2021)
(1)

Tealand Medical School လျှောက်လိုသူများ စတင်လက်ခံနေပါပြီ
11/02/2026

Tealand Medical School လျှောက်လိုသူများ စတင်လက်ခံနေပါပြီ

Medical Family Mandalay တည်ထောင်ခြင်း (၅) နှစ်ပြည့်သို့ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ တော်လှန်ရေးတပ်ဦး (UMMSU...
10/02/2026

Medical Family Mandalay တည်ထောင်ခြင်း (၅) နှစ်ပြည့်သို့ ဆေးတက္ကသိုလ်-မန္တလေး ကျောင်းသားများသမဂ္ဂ တော်လှန်ရေးတပ်ဦး (UMMSURF) မှ ပေးပို့သော သဝဏ်လွှာ

Ta’ang Land Health Council (T.H.C)College of Nursing and Health Science (Ta'ang Land)တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသ...
09/02/2026

Ta’ang Land Health Council (T.H.C)
College of Nursing and Health Science
(Ta'ang Land)
တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံ
ကောလိပ်

ရက်စွဲ ။ ။ ၉. ၂. ၂ဝ၂၆

အကြောင်းအရာ။ ။ ၂. ၂. ၂ဝ၂၆ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် Associate Degree in Nursing (ADN) Program (ဒုတိယအသုတ်) ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲ အောင်မြင်သူများစာရင်း ကြေညာခြင်း။

တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံ
ကောလိပ်၊ ADN Program ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲ (ဒုတိယအသုတ်) အောင်မြင်ပြီး ကောလိပ်တက်ရောက်ခွင့်ရရှိသူ ကျောင်းသား၊ ကျောင်းသူများစာရင်းကို အောက်ပါ ပူးတွဲအောင်စာရင်းပါ အချက်အလက်များအတိုင်း ကောလိပ် ကော်မတီမှ ဆုံးဖြတ်ကြေညာလိုက်ပါသည်။

ကောလိပ် ကော်မတီ နှင့် ဘုတ်အဖွဲ့ဝင်များ

“ကျန်းမာရေးမိသားစု မန္တလေး တည်ထောင်ခြင်း (၅)နှစ်ပြည့် ကတိပြုသစ္စာ”ရက်စွဲ။ ။ 09 February 2026 (Monday)ကျွန်ုပ်တို့ ကျန်းမ...
09/02/2026

“ကျန်းမာရေးမိသားစု မန္တလေး တည်ထောင်ခြင်း (၅)နှစ်ပြည့် ကတိပြုသစ္စာ”

ရက်စွဲ။ ။ 09 February 2026 (Monday)

ကျွန်ုပ်တို့ ကျန်းမာရေးမိသားစု မန္တလေး (Medical Family Mandalay - MFM) ကို စစ်အာဏာသိမ်းမှုအပြီး 2021 Feb 09 ရက်နေ့တွင် မတရားမှုကို ငုံ့မခံတုန့်ပြန်ကြမည့် ကဏ္ဍအသီးသီးမှ ကျန်းမာရေးမိသားစုဝင်များဖြင့် စတင် တည်ထောင်ခဲ့သည်မှာ 2026 Feb 09 နေ့တွင် (၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။

CDMer များ အများစုပါဝင်ဖွဲ့စည်းထားသော MFM သည် (၅)နှစ်တာ ကာလအတွင်း လူထုသပိတ်လှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့ခြင်း၊ နွေဦး clinics များ၊ ထိခိုက်ပြည်သူများတွက် ဆေးရုံဆေးခန်းများဖွင့်လှစ်၍ အရေးပေါ်ဆေးကုသမှုများပြုလုပ်ပေးခြင်း၊ နှစ်ပေါင်းများစွာ လစ်လျူရှုခံတိုင်းရင်းသားဒေသများတွင် ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်း၊ တော်လှန်ပြည်သူများနှင့် ရဲဘော်ရဲဘက်များအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးခြင်း၊ Continuous Medical Education-CME lectures များ Webinars များ သင်ကြားပို့ချပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးခဲ့ပါသည်။

မတရားမှုကို ငုံ့မခံတုန့်ပြန်နေသော မိမိတို့အနေဖြင့် ကျဆုံးသွားသော တော်လှန်ရေးဘက်တော်သားများ၊ ရဲဘော်များကို အလေးနီပြုရင်း အကျဉ်းကျခံ တော်လှန်ဘက်တော်သားများ၊ ရဲဘော်များ၏ လွတ်မြောက်မှုနှင့်အတူ ပြည်သူတရပ်လုံး၏လွတ်မြောက်မှု တစုံလုံးဆီသို့ ရောက်ရှိစေရန်အတွက် မိတ်ဖက်တော်လှန်အဖွဲ့စည်းများနှင့် လက်တွဲပူးပေါင်းကာ ရည်မှန်းချက်ပန်းတိုင် ရောက်သည်အထိ မမှိတ်မသုန်ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြု အပ်ပါသည်။

ခိုင်မြဲသောတော်လှန်သစ္စာဖြင့်

ကျန်းမားရေးမိသားစု မန္တလေး
Medical Family Mandalay – MFM
Mandalay, Myanmar

“Commemorative Statement: 5th Anniversary of Medical Family Mandalay - MFM”

Date: Monday, February 9, 2026
Medical Family Mandalay - MFM was established on February 9, 2021, in the immediate aftermath of the military coup. Born from the collective resolve of healthcare professionals across various sectors who refused to bow to injustice, today—February 9, 2026—marks the fifth anniversary of our founding.
Comprised predominantly of Civil Disobedience Movement (CDM) participants, MFM has remained steadfast in its mission over the past five years. Our operations have included supporting public movements, establishing "Spring Clinics" and field hospitals to provide emergency care for civilians affected by conflict, and delivering essential healthcare services to long-neglected ethnic regions. We have also provided medical support to revolutionary comrades while maintaining a continuous commitment to professional development through CME lectures and webinars.
As we continue our defiance against injustice, we salute the fallen heroes of the revolution with the deepest honor. We pledge our unwavering commitment to collaborate with allied revolutionary organizations until every political prisoner is released and the entire nation achieves total liberation.

In Steadfast Revolutionary Solidarity,
Medical Family Mandalay - MFM
Mandalay, Myanmar

06/02/2026

၂၀၂၆ မှာ တော်လှန်ရေး လက်တွေ့ကျလာနိုင်မလား။

‎(တော်လှန်ဒီရေမြင့်သစ် သို့ - စကားဝိုင်းအစီအစဉ်)

‎ငါးနှစ်ကျော်ကြာလာပြီဖြစ်တဲ့ တော်လှန်ရေးခရီးလမ်းတစ်လျှောက်မှာ
‎- ဘယ်လောက်ထိ တိုးတက်အောင်မြင်ခဲ့သလဲ။
‎- ဘယ်လို အားနည်းချက်တွေ၊ အခက်အခဲ စိန်ခေါ်မှုတွေ ရှိခဲ့သလဲ။
‎- ၂၀၂၆မှာ ဒီ့ထက်ပိုပီးလက်တွေ့ကျတဲ့ တော်လှန်ရေးအရွေ့ဖြစ်ဖို့ ဘာတွေပြင်ဆင်ကြမလဲ။

‎စတာတွေကို ဒီစကားဝိုင်းမှာ နားဆင်ကြရမှာဖြစ်ပါတယ်။

‎ #တော်လှန်ဒီရေမြင့်သစ်သို့

06/02/2026

တအာင်းပြည်မှာ မကြာမှီဖွင့် လှစ်တော့မဲ့Tealand Medical School ရဲ့ တရားဝင် page ပါ https://www.facebook.com/share/1ZfjDJikmn/?mibextid=wwXIfr

Bachelor of Medicine, Bachelor of Surgery Program

❗ နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) (၃၀-၁-၂၀၂၆)🔴 အဓိကအချက်များ🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) သည...
30/01/2026

❗ နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) (၃၀-၁-၂၀၂၆)

🔴 အဓိကအချက်များ

🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) သည် အလွန်ပြင်းထန်ပြီး တစ်ခါတစ်ရံ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။
🦠 နီပါ ဗိုင်းရပ်စ်ပိုးသည် သစ်သီးစားသော လင်းနို့များမှ ကူးစက်တတ်ပြီး လူနှင့် အခြားတိရစ္ဆာန်များကို နာမကျန်းဖြစ်စေနိုင်သည်။
🦠 နီပါ ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။
🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်မှုဖြစ်ပွားမှုများသည် အာရှတိုက်၏ အစိတ်အပိုင်းများတွင် နှစ်စဉ်နီးပါးဖြစ်ပွားလေ့ရှိပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၁၀ ယောက်တွင် ၄ ယောက်မှ ၇ ယောက် ခန့်အထိ အသက်သေဆုံးနိုင်သည်။

🔴 နီပါ ဗိုင်းရပ်စ်ရောဂါဆိုတာ ဘာလဲ။

နီပါ ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်နှင့် လူသားကြား ကူးစက်စေနိုင်သော ရောဂါကို ဖြစ်စေသည်။ နီပါ ဗိုင်းရပ်စ်ပိုးသည် သစ်သီးစားသော လင်းနို့ (Fruit bat) (genus Pteropus) (Flying foxes) များမှတစ်ဆင့် ကူးစက်နိုင်သည်။

၁၉၉၉ ခုနှစ်၌ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံရှိ လူနှင့် ဝက်တို့တွင် နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်ဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့သည်။ လူဦးရေ ၃၀၀ ရောဂါဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ၁၀၀ ကျော် သေဆုံးခဲ့သည်။ ထိုပထမဆုံး ကပ်ရောဂါဖြစ်ပွားမှု၌ နီပါ ဗိုင်းရပ်စ်ပိုးသည် လင်းနို့မှ ဝက်များသို့ ဦးစွာ ကူးစက်ခဲ့သည်။ ရောဂါဖြစ်ပွားနေသော ဝက်များနှင့် နီးကပ်စွာ အလုပ်လုပ်သူများလည်း နာမကျန်းဖြစ်ခဲ့ရသည်။

နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင်ကူးစက်ဖြစ်ပွားမှုများကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့ကသာ ဖြစ်ပွားကြောင်း တင်ပြခဲ့သည်။ သို့သော် နီပါ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သော လင်းနို့ကို အာရှ၊ တောင်ပစိဖိတ်နှင့် သြစတြေးလျတစ်လျှောက်တွင် တွေ့ရှိရသည်။

🔴 ရောဂါလက္ခဏာများ

နီပါ ဗိုင်းရပ်စ်ရောဂါသည် မပြင်းထန်သော ရောဂါလက္ခဏာများမှစ၍ ဦးနှောက်ရောင်ခြင်းနှင့်သေဆုံးခြင်းအပါအဝင် ပြင်းထန်သောရောဂါများအထိ ဖြစ်စေနိုင်သည်။

ရောဂါဖြစ်ပွားသူသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း နှင့် အသက်ရှူရန်ခက်ခဲခြင်းတို့ကို ၃ ရက်မှ ၁၄ ရက်အထိ ခံစားရလေ့ရှိသည်။ နောက်ပိုင်းတွင် အချို့လူများ၌ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်းနှင့် တက်ခြင်း စသည့် ပြင်းထန်သော လက္ခဏာများဖြစ်စေသည့် ဦးနှောက်ရောင်ခြင်းကို ခံစားရနိုင်ပါသည်။ ထိုလက္ခဏာခံစားရသူများသည် ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့ခြင်းအဆင့်သို့ ရောက်သွားနိုင်သည်။

🔴 ရောဂါလက္ခဏာပြရန် အချိန် ဘယ်လောက်ကြာသလဲ။

ရောဂါပိုး ကူးစက်ခံရပါက ၄ ရက်မှ ၁၄ ရက်အတွင်း စတင်၍ နာမကျန်းဖြစ်လေ့ရှိသည်။

🔴 မည်ကဲ့သို့ ကူးစက်သနည်း။

လူများတွင် နီပါ ဗိုင်းရပ်စ်ရောဂါကို အောက်ပါအချက်များမှတစ်ဆင့် ကူးစက်ခံရနိုင်သည်။

👉 ရောဂါဖြစ်ပွားနေသော ဝက်နှင့် လင်းနို့ကဲ့သို့ တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း။
👉 ရောဂါရှိသော တိရစ္ဆာန်နှင့် ထိတွေ့ညစ်ညမ်းမှုရှိသော သစ်သီး သို့မဟုတ် ပြုပြင်ထားခြင်းမရှိသော ထန်းရည်ကဲ့သို့ အစားအစာ၊ အရည်တို့ကို စားသုံးမိခြင်း။
👉 ရောဂါဖြစ်သူ၏ ခန္ဓာကိုယ်မှထွက်ရှိသော အရည်တစ်မျိုးမျိုးနှင့် ထိတွေ့မိခြင်း။

လူတစ်ဦးသည် ရောဂါပိုးရှိသော လင်းနို့နှင့် ထိတွေ့ညစ်ညမ်းထားသော အသီးစားခြင်း သို့မဟုတ် မပြုပြင်ထားသော ထန်းရည်သောက်ခြင်းမှ ရောဂါကူးစက်ခံရနိုင်သည်။ ထိုကဲ့သို့ တိရစ္ဆာန်မှ လူသို့ ဦးစွာ ကူးစက်ခြင်းကို ဖိတ်စဥ်ပျံ့နှံ့ခြင်းဖြစ်ရပ် (Spillover event) ဟု ခေါ်သည်။

လူတစ်ဦး ကူးစက်ခံရပါက ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှ နောက်တစ်ဦးသို့ ဆက်လက်ကူးစက်နိုင်သည်။

🔴 ကူးစက်နိုင်ခြေကို လျှော့ချခြင်း

ရောဂါရှိသူအား စောင့်ရှောက်ပေးသူနှင့် ကုသမှုပေးသူတို့သည် ရောဂါကူးစက်နိုင်ခြေ ပိုများသည်။

နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်မှုဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူ သို့မဟုတ် ထိုဒေသသို့ ခရီးသွားမည်ဆိုပါက

👉 ဆပ်ပြာနှင့် ရေ အသုံးပြု၍ ပုံမှန် လက်ဆေးပါ။
👉 လင်းနို့ သို့မဟုတ် နာမကျန်းဖြစ်နေသော ဝက်များကို ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။
👉 လင်းနို့များ အိပ်စက်နားနေရာ နေရာများကို မသွားပါနှင့် သို့မဟုတ်
👉 လင်းနို့များနှင့် ထိတွေ့ညစ်ညမ်းစေနိုင်သည့် မည်သည့်အရာမဆို ထိတွေ့ခြင်း မပြုပါနှင့်။
👉 လင်းနို့များနှင့် ထိတွေ့ညစ်ညမ်းနိုင်သော သစ်သီးများနှင့် ထန်းရည်ကို စားသောက်ခြင်းအား ရှောင်ကြဥ်ပါ။
👉 ရောဂါရှိသူ၏ သွေး သို့မဟုတ် ခန္ဓာကိုယ်မှ အရည်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဥ်ပါ။

🔴 ရောဂါရှာဖွေခြင်းနှင့် စစ်ဆေးခြင်း

ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံကဲ့သို့ ရောဂါဖြစ်ပွားလေ့ရှိသည့် နိုင်ငံများတွင် ‌နေထိုင်ရောက်ရှိခဲ့သူများ၌ ထင်ရှားသော ရောဂါလက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးစောင့်ရှောက်သူများအနေဖြင့် ထိုရောဂါဖြစ်ပွားနိုင်ခြေကို ထည့်သွင်းစဥ်းစားသင့်သည်။

ရောဂါဖြစ်ပွားချိန် သို့မဟုတ် ရောဂါမှ ပြန်လည်သက်သာလာချိန်တွင် ဓာတ်ခွဲစစ်ဆေးချက်များ ပြုလုပ်နိုင်သည်။

🔴 ကုသမှုနှင့် ပြန်လည်သက်သာကောင်းမွန်လာမှု

နီပါ ဗိုင်းရပ်စ်ရောဂါအတွက် သီးသန့်သတ်မှတ်ကုသခြင်းများ လတ်တလော မရှိသေးပါ။ အနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများကို ကုသခြင်း စသည့် ထောက်ကူစောင့်ရှောက်ကုသခြင်း (Supportive care) သာ ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: https://www. cdc. gov/nipah-virus/about/index.html

# Nipah #နီပါဗိုင်းရပ်စ်

❗ နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) (၃၀-၁-၂၀၂၆)

🔴 အဓိကအချက်များ

🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) သည် အလွန်ပြင်းထန်ပြီး တစ်ခါတစ်ရံ သေဆုံးသည်အထိ ဖြစ်စေနိုင်သည်။
🦠 နီပါ ဗိုင်းရပ်စ်ပိုးသည် သစ်သီးစားသော လင်းနို့များမှ ကူးစက်တတ်ပြီး လူနှင့် အခြားတိရစ္ဆာန်များကို နာမကျန်းဖြစ်စေနိုင်သည်။
🦠 နီပါ ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။
🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်မှုဖြစ်ပွားမှုများသည် အာရှတိုက်၏ အစိတ်အပိုင်းများတွင် နှစ်စဉ်နီးပါးဖြစ်ပွားလေ့ရှိပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၁၀ ယောက်တွင် ၄ ယောက်မှ ၇ ယောက် ခန့်အထိ အသက်သေဆုံးနိုင်သည်။

🔴 နီပါ ဗိုင်းရပ်စ်ရောဂါဆိုတာ ဘာလဲ။

နီပါ ဗိုင်းရပ်စ်ပိုးသည် တိရစ္ဆာန်နှင့် လူသားကြား ကူးစက်စေနိုင်သော ရောဂါကို ဖြစ်စေသည်။ နီပါ ဗိုင်းရပ်စ်ပိုးသည် သစ်သီးစားသော လင်းနို့ (Fruit bat) (genus Pteropus) (Flying foxes) များမှတစ်ဆင့် ကူးစက်နိုင်သည်။

၁၉၉၉ ခုနှစ်၌ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံရှိ လူနှင့် ဝက်တို့တွင် နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်ဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့သည်။ လူဦးရေ ၃၀၀ ရောဂါဖြစ်ပွားခဲ့ပြီး ၎င်းတို့အနက် ၁၀၀ ကျော် သေဆုံးခဲ့သည်။ ထိုပထမဆုံး ကပ်ရောဂါဖြစ်ပွားမှု၌ နီပါ ဗိုင်းရပ်စ်ပိုးသည် လင်းနို့မှ ဝက်များသို့ ဦးစွာ ကူးစက်ခဲ့သည်။ ရောဂါဖြစ်ပွားနေသော ဝက်များနှင့် နီးကပ်စွာ အလုပ်လုပ်သူများလည်း နာမကျန်းဖြစ်ခဲ့ရသည်။

နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင်ကူးစက်ဖြစ်ပွားမှုများကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့ကသာ ဖြစ်ပွားကြောင်း တင်ပြခဲ့သည်။ သို့သော် နီပါ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သော လင်းနို့ကို အာရှ၊ တောင်ပစိဖိတ်နှင့် သြစတြေးလျတစ်လျှောက်တွင် တွေ့ရှိရသည်။

🔴 ရောဂါလက္ခဏာများ

နီပါ ဗိုင်းရပ်စ်ရောဂါသည် မပြင်းထန်သော ရောဂါလက္ခဏာများမှစ၍ ဦးနှောက်ရောင်ခြင်းနှင့် သေဆုံးခြင်းအပါအဝင် ပြင်းထန်သောရောဂါများအထိ ဖြစ်စေနိုင်သည်။

ရောဂါဖြစ်ပွားသူသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူရန်ခက်ခဲခြင်းတို့ကို ၃ ရက်မှ ၁၄ ရက်အထိ ခံစားရလေ့ရှိသည်။ နောက်ပိုင်းတွင် အချို့လူများ၌ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်းနှင့် တက်ခြင်း စသည့် ပြင်းထန်သော လက္ခဏာများဖြစ်စေသည့် ဦးနှောက်ရောင်ခြင်းကို ခံစားရနိုင်ပါသည်။ ထိုလက္ခဏာခံစားရသူများသည် ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့ခြင်းအဆင့်သို့ ရောက်သွားနိုင်သည်။

🔴 ရောဂါလက္ခဏာပြရန် အချိန် ဘယ်လောက်ကြာသလဲ။

ရောဂါပိုး ကူးစက်ခံရပါက ၄ ရက်မှ ၁၄ ရက်အတွင်း စတင်၍ နာမကျန်းဖြစ်လေ့ရှိသည်။

🔴 မည်ကဲ့သို့ ကူးစက်သနည်း။

လူများတွင် နီပါ ဗိုင်းရပ်စ်ရောဂါကို အောက်ပါအချက်များမှတစ်ဆင့် ကူးစက်ခံရနိုင်သည်။

👉 ရောဂါဖြစ်ပွားနေသော ဝက်နှင့် လင်းနို့ကဲ့သို့ တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့ခြင်း။
👉 ရောဂါရှိသော တိရစ္ဆာန်နှင့် ထိတွေ့ညစ်ညမ်းမှုရှိသော သစ်သီး သို့မဟုတ် ပြုပြင်ထားခြင်းမရှိသော ထန်းရည်ကဲ့သို့ အစားအစာ၊ အရည်တို့ကို စားသုံးမိခြင်း။
👉 ရောဂါဖြစ်သူ၏ ခန္ဓာကိုယ်မှထွက်ရှိသော အရည်တစ်မျိုးမျိုးနှင့် ထိတွေ့မိခြင်း။

လူတစ်ဦးသည် ရောဂါပိုးရှိသော လင်းနို့နှင့် ထိတွေ့ညစ်ညမ်းထားသော အသီးစားခြင်း သို့မဟုတ် မပြုပြင်ထားသော ထန်းရည်သောက်ခြင်းမှ ရောဂါကူးစက်ခံရနိုင်သည်။ ထိုကဲ့သို့ တိရစ္ဆာန်မှ လူသို့ ဦးစွာ ကူးစက်ခြင်းကို ဖိတ်စဥ်ပျံ့နှံ့ခြင်းဖြစ်ရပ် (Spillover event) ဟု ခေါ်သည်။

လူတစ်ဦး ကူးစက်ခံရပါက ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှ နောက်တစ်ဦးသို့ ဆက်လက်ကူးစက်နိုင်သည်။

🔴 ကူးစက်နိုင်ခြေကို လျှော့ချခြင်း

ရောဂါရှိသူအား စောင့်ရှောက်ပေးသူနှင့် ကုသမှုပေးသူတို့သည် ရောဂါကူးစက်နိုင်ခြေ ပိုများသည်။

နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်မှုဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူ သို့မဟုတ် ထိုဒေသသို့ ခရီးသွားမည်ဆိုပါက

👉 ဆပ်ပြာနှင့် ရေ အသုံးပြု၍ ပုံမှန် လက်ဆေးပါ။
👉 လင်းနို့ သို့မဟုတ် နာမကျန်းဖြစ်နေသော ဝက်များကို ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။
👉 လင်းနို့များ အိပ်စက်နားနေရာ နေရာများကို မသွားပါနှင့် သို့မဟုတ်
👉 လင်းနို့များနှင့် ထိတွေ့ညစ်ညမ်းစေနိုင်သည့် မည်သည့်အရာမဆို ထိတွေ့ခြင်း မပြုပါနှင့်။
👉 လင်းနို့များနှင့် ထိတွေ့ညစ်ညမ်းနိုင်သော သစ်သီးများနှင့် ထန်းရည်ကို စားသောက်ခြင်းအား ရှောင်ကြဥ်ပါ။
👉 ရောဂါရှိသူ၏ သွေး သို့မဟုတ် ခန္ဓာကိုယ်မှ အရည်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဥ်ပါ။

🔴 ရောဂါရှာဖွေခြင်းနှင့် စစ်ဆေးခြင်း

ဘင်္ဂလားဒေ့ရှ် သို့မဟုတ် အိန္ဒိယနိုင်ငံကဲ့သို့ ရောဂါဖြစ်ပွားလေ့ရှိသည့် နိုင်ငံများတွင် ‌နေထိုင်ရောက်ရှိခဲ့သူများ၌ ထင်ရှားသော ရောဂါလက္ခဏာများ တွေ့ရှိပါက ကျန်းမာရေးစောင့်ရှောက်သူများအနေဖြင့် ထိုရောဂါဖြစ်ပွားနိုင်ခြေကို ထည့်သွင်းစဥ်းစားသင့်သည်။

ရောဂါဖြစ်ပွားချိန် သို့မဟုတ် ရောဂါမှ ပြန်လည်သက်သာလာချိန်တွင် ဓာတ်ခွဲစစ်ဆေးချက်များ ပြုလုပ်နိုင်သည်။

🔴 ကုသမှုနှင့် ပြန်လည်သက်သာကောင်းမွန်လာမှု

နီပါ ဗိုင်းရပ်စ်ရောဂါအတွက် သီးသန့်သတ်မှတ်ကုသခြင်းများ လတ်တလော မရှိသေးပါ။ အနားယူခြင်း၊ ရေဓာတ်ဖြည့်တင်းခြင်းနှင့် ပေါ်ပေါက်လာသော ရောဂါလက္ခဏာများကို ကုသခြင်း စသည့် ထောက်ကူစောင့်ရှောက်ကုသခြင်း (Supportive care) သာ ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: USCDC

#နီပါဗိုင်းရပ်စ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.orgကြေညာချက်အမှတ် (၃/၂၀၂...
28/01/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၃/၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၀) ရက်နေ့
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်
၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့် အခြေခံပညာ ပြီးမြောက်ထားသည့် စီဒီအမ် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့အချိန်အထိ ရှေ့ဆက်ပညာသင်ယူခြင်းမပြုကြဘဲ တရားမဝင် စစ်ကောင်စီ ၏ ယန္တရားကို အကြမ်းမဖက် အာဏာဖီဆန်လျက်ရှိနေကြသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာ အစဉ်တစိုက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၃။ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ပထမအကြိမ် ညီလာခံက ပေါ်ထွက်လာခဲ့သည့် ရလဒ် အမှတ်စဉ် (၁၀) အရ အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးရည်မှန်းချက်များအလိုက် အဆင့်မြင့်ပညာ ဆက်လက်တက်ရောက် သင်ယူနိုင်ရန် ပြည်သူ့ဘက်တော်သား များအတွက် ရည်ရွယ်ဖွင့်လှစ်ထားရှိသော အဆင့်မြင့်တက္ကသိုလ်များက တက္ကသိုလ်ဝင်ခွင့်များ စုပေါင်းခေါ်ယူခဲ့ရာတွင် ပထမ အကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ ဒုတိယအကြိမ် တက္ကသိုလ် ဝင်ခွင့်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင်လည်းကောင်း၊ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလတွင် လည်းကောင်း အသီးသီးခေါ်ယူခဲ့ပြီးဖြစ်သည်။
၄။ စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် ပါဝင်ခေါ်ယူ ခဲ့ကြသော တက္ကသိုလ်များအနက် ဝင်ခွင့်ခေါ်ယူမည့်တက္ကသိုလ်များနှင့် ဝင်ခွင့်လက်ခံရေးမူ အပြောင်းအလဲ ရှိလာသော ကြောင့် “ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန် - စတုတ္ထအကြိမ်” ကို ထပ်မံထုတ်ပြန်ခြင်း ဖြစ်ပါသည်။
၅။ အောက်ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများသည် “ပြည်သူ့ဘက်တော်သားများအတွက် ရည်ရွယ် ဖွင့်လှစ်ထားသည့် ကြားကာလတက္ကသိုလ်များ” ၏ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို ဝင်ရောက် လျှောက်ထား နိုင်ကြ ပါသည်။
(က) ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ခ) နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ (ဉပမာ- IGCSE, GED, SAT, …)
(ဂ) တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ဃ) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက် ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း “Basic Education Completion Assessment (BECA)” (G-11 old & G-12 new) လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ
(င) နယ်စပ်ဒေသအခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများ (ရိုဟင်ဂျာပညာရေး အဖွဲ့အစည်းများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယနှင့် မြန်မာ-ထိုင်းနယ်စပ် စခန်းများရှိ ပညာရေးအဖွဲ့အစည်းများ) မှ အခြေခံပညာ အထက်တန်း အဆင့် ပြီးမြောက်ကြောင်း အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူ များ (သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြ နိုင်ရမည်)
(စ) သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ

၆။ ဤ စတုတ္ထအကြိမ် ကြားကာလတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ပထမနှစ်ဝင်ခွင့် လက်ခံဆောင်ရွက်မည့် တက္ကသိုလ် (၁၉) ခုတို့၏ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ပေးအပ်မည့် ဘွဲ့ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ် တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေး သတ်မှတ်ချက်များနှင့် ဝင်ခွင့်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ် ဖော်ပြထားပါသည်။
၇။ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စတုတ္ထအကြိမ်၊ ကြားကာလ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါရှိသော တက္ကသိုလ်များ၏ အကြောင်းအရာ၊ အချက်အလက် အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များအတိုင်း တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်း လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ကို ဒေါင်းလုတ်ရယူရန် >>>
https://moe.nugmyanmar.org/he/uni-ent-26/

တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်ADN Program (Batch – 2) သို့ တက်ရောက်နိုင်ရန် ဝင်ခွင့်ရေးဖြေစာမေးပွဲ ဖြေဆ...
28/01/2026

တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံ
ကောလိပ်

ADN Program (Batch – 2) သို့ တက်ရောက်နိုင်ရန် ဝင်ခွင့်ရေးဖြေစာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသား၊ ကျောင်းသူများအတွက် ဆက်လက် ဖြေဆိုရမည့် ဝင်ခွင့် နှုတ်ဖြေစာမေးပွဲရက် သတိပေးကြေညာခြင်း

📢 📢 📢 📢 📢 📢

👉 ဖြေဆိုရမည့်ရက် - ၂ ၊ ၂ ၊ ၂ဝ၂၆ (တနင်္လာနေ့)

👉 ဖြေဆိုရမည့် အချိန် - မနက် ၉ နာရီ

👉 စာဖြေဌာနသို့ အရောက်လာရမည့် အချိန် -
မနက် ၈ နာရီခွဲ

👉 ဖြေဆိုရမည့် နေရာ - တအာင်းပြည်အတွင်းရှိ
သတ်မှတ်နေရာများ

မှတ်ချက်။ ။

(၁) ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများသည် သတ်မှတ်ထားသော နေ့ရက်၊ အချိန်နှင့် နေရာတို့တွင် ADN Program (Batch – 2) အတွက် ဝင်ခွင့်နှုတ်ဖြေစာမေးပွဲကို မဖြစ်မနေ လူကိုယ်တိုင်
လာရောက်ဖြေဆိုရမည် ဖြစ်သည်။

(၂) ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သိလိုသော အကြောင်းအရာများကို ယခု Page Messenger တွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။

ADN Program (Batch – 2) ဖြစ်မြောက်ရေး
ကော်မတီ

Ta’ang Land Health Council (T.H.C)တအာင်းပြည် ကျန်းမာရေးကောင်စီCollege of Nursing and Health Science(Ta'ang Land)တအာင်းပြ...
19/01/2026

Ta’ang Land Health Council (T.H.C)
တအာင်းပြည် ကျန်းမာရေးကောင်စီ
College of Nursing and Health Science
(Ta'ang Land)
တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံ
ကောလိပ်

ရက်စွဲ ။ ။ ၁၉. ၁. ၂ဝ၂၆

အကြောင်းအရာ။ ။ ၅. ၁. ၂ဝ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည့် Associate Degree in Nursing (ADN) Program (Batch – 2) ဝင်ခွင့်ရေး‌ဖြေစာမေးပွဲဖြေဆိုအောင်မြင်ပြီး ၂.၂.၂ဝ၂၆ တွင် ကျင်းပမည့် ADN (Batch – 2) ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲ ဖြေဆိုခွင့်ရသူများစာရင်း ကြေညာခြင်း။

တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၊ ADN Program (Batch – 2) ဝင်ခွင့်နှုတ်ဖြေ စာမေးပွဲ ဖြေဆိုခွင့်ရ ကျောင်းသူ၊ ကျောင်းသားများစာရင်းကို အောက်ပါ ပူးတွဲ စာပါ အချက်အလက်များအတိုင်း တအာင်းပြည် သူနာပြုနှင့် ကျန်းမာရေးသိပ္ပံကောလိပ် ကော်မတီမှ စိစစ် ဆုံးဖြတ် ကြေညာလိုက်ပါသည်။

ကောလိပ် ကော်မတီ နှင့် ဘုတ်အဖွဲ့ဝင်များ

ကျန်းမာရေးဝန်ကြီးဌာနနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံ●─── ๑۩۩๑ ───●၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်အမျ...
12/01/2026

ကျန်းမာရေးဝန်ကြီးဌာနနှင့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံ

●─── ๑۩۩๑ ───●

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီတို့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာရွှေပုံ၊ ဒုတိယပြည်ထောင်စုဝန်ကြီး ဒေါက်တာ ခင်မောင်လွင်၊ မန္တလေးဒေသ တိုင်းကျန်းမာရေး တာဝန်ခံများ၊ ရုံးအဖွဲ့များ တက်ရောက်ကြပြီး မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဋ္ဌ ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မျိုးလတ်၊ ကျန်းမာရေးဌာနကြီးမှူး ဒေါက်တာအောင်ကျော်ဦး၊ အတွင်းရေးမှူး ကိုဌေးတို့ တက်ရောက် ဆွေးနွေးကြပါသည်။

ယင်းအစည်းအဝေးတွင် မန္တလေးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေမှု များ၊ စိန်ခေါ်ချက်များ၊ ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

Address

30th Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Medical Family Mandalay - MFM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Medical Family Mandalay - MFM:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram