White Rays - Divination

White Rays   -   Divination A Healer, Reader & Medium 🍀✨

🌟 (For No Contact/Silent Treatment)သူ့ဘက်က ဘာလို့အဆက်အသွယ်မလုပ်တာလဲ ❓🍀 General reading ဖြစ်တာမလို့ energy မကိုက်တာလေးတွေ...
21/04/2026

🌟 (For No Contact/Silent Treatment)
သူ့ဘက်က ဘာလို့အဆက်အသွယ်မလုပ်တာလဲ ❓

🍀 General reading ဖြစ်တာမလို့ energy မကိုက်တာလေးတွေလည်း ရှိတတ်ပါတယ်ရှင်

အသက်ကိုပြင်းပြင်းရှူ၊ ဖြေးဖြေးချင်းပြန်ထုတ်ပြီး ကိုယ်နဲ့ energy ကိုက်မယ့် ပုံလေးကိုသေချာရွေးပေးနော် 💓

Telegram Channel Link 🖇️
https://t.me/whiteraysdivination

Client Reviews from my lovelies 🍀✨ 💓 Situationship + General Reading 🌱✨Telegram Channel Link 🖇️https://t.me/whiteraysdiv...
20/04/2026

Client Reviews from my lovelies 🍀✨

💓 Situationship + General Reading 🌱✨

Telegram Channel Link 🖇️
https://t.me/whiteraysdivination

⚠️ အတာအိုးထိုးနည်း၊ထားနည်း၊စွန့်နည်းပြောပြမယ် 🍀❕ဒီနှစ်သင်္ကြန်က ကြာသပတေးသားသမီးတွေ အတာစားတဲ့နှစ်ဆိုတော့ ကြာသပတေးသားသမီးတ...
12/04/2026

⚠️ အတာအိုးထိုးနည်း၊ထားနည်း၊စွန့်နည်းပြောပြမယ် 🍀

❕ဒီနှစ်သင်္ကြန်က ကြာသပတေးသားသမီးတွေ အတာစားတဲ့နှစ်ဆိုတော့ ကြာသပတေးသားသမီးတွေအတွက် အတာအိုးထိုးတဲ့အခါ ကိုယ့်နေ့နံပန်းတွေဖြစ်တဲ့ မေမြို့ပန်း(သို့) ပေါက်ပန်းတို့ကို အတာအိုးထဲမှာ များများထည့်ပေးပါ။

🌀 အတာအိုးကို တော်တော်များများက သင်္ကြန်အကြိုနေ့ကတည်းက ထိုးကြတယ်။

🏺 အတာအိုးထဲမှာ ၈နေ့နံ/၇ရက်သားသမီးတွေကို ရည်မှန်းပြီး ၇နေ့နံပန်းအစုံထည့်ရပါမယ်။

💐 ဈေးထဲမှာ ၇နေ့နံယတြာပန်းတွေ စည်းပြီး ဈေးသည်တော်တော်များများ ရောင်းကြပါတယ်။ ရှာဝယ် မေးဝယ်လို့လည်း လွယ်ပါတယ်။

♻️ (ဒီနေရာမှာ အပေါ်ကပြောခဲ့သလို ကြာသပတေးသားသမီးတွေက ကိုယ့်နေ့နံပန်းကို များများပိုထည့်ပေးပါ)

🌿 ထိုးပြီးရင် အိမ်ရဲ့ ဧည့်ခန်း (သို့) ဘုရားစင်ရှေ့မှာ စားပွဲခုံလေးတခုထိုးပြီး တင်ကြတယ်။

🌱 အတက်နေ့ထိ အဲ့လိုလေး ထားပြီး ဒီကြားထဲမှာ ရေခမ်းရင် ရေလေးပြန်ဖြည့်ပေးနိုင်တယ်။

🍃 နှစ်ဆန်းတစ်ရက်နေ့မှာတော့ အတာအိုးကို အပ်ချည်ကြိုးလေးနဲ့ရစ်ပတ်ပြီး ဘုန်းဘုန်းတွေ တရားနာ၊ ပရိတ်ရွတ်ဖတ်တဲ့ရှေ့ထားထားရတယ်။

🍀 အားလုံးပြီးပြီဆိုရင်တော့ အတာအိုးစွန့်ကြရတာပေါ့။ စွန့်ပုံစွန့်နည်းကလည်း အတာအိုးထဲက ပရိတ်ရေတွေကို အိမ်အနှံ့ ပတ်ဖြန်းပေးတာမျိုးလုပ်ရပြီး အိုးထဲက ၇နေ့နံပန်းတွေကိုတော့ အနီးအနားက အပင်ကြီးတခုခုအောက်မှာ စွန့်ရပါတယ်။

🌱 ဒီလိုဆို အတာအိုးထိုးခြင်းကနေ စွန့်ခြင်းထိ လုပ်ငန်းစဉ်အောင်မြင်ပါပြီ 🪽✨

Telegram Channel Link 🔗🖇️
https://t.me/whiteraysdivination

💘 Tarot/ Oracle Reader တွေက မျက်လုံးထဲ မြင်အောင်ပြောရရင် ဆရာဝန်တွေနဲ့ တူပါတယ် ✨🍀 ယှဉ်ပြီး ပြောတာမဟုတ်ပါဘူး။နယ်ပယ်ချင်းလည...
09/04/2026

💘 Tarot/ Oracle Reader တွေက မျက်လုံးထဲ မြင်အောင်ပြောရရင် ဆရာဝန်တွေနဲ့ တူပါတယ် ✨

🍀 ယှဉ်ပြီး ပြောတာမဟုတ်ပါဘူး။နယ်ပယ်ချင်းလည်း မတူပါဘူး။

❗️ဆရာဝန်ဆီသွားပြီး ဆရာ သမီးဗိုက်နာလို့လို့ ပြောရင် ဆရာဝန်ဘက်က တိကျတဲ့ ကုသမှုနဲ့ လိုအပ်တဲ့ဆေးတွေပေးနိုင်ဖို့ ဘယ်နားက နာတာလဲ ဘယ်လိုနာတာလဲ အစရှိသဖြင့် ပြန်မေးပါလိမ့်မယ် 🔅

🌀 ထိုနည်းတူစွာပါပဲ ကျမတို့ဆီရောက်လာတဲ့ client တစ်ယောက်က အချစ်ရေးမေးချင်တာလို့ပြောရင် ကျမတို့ဘက်ကလည်း ဘယ်လိုအချစ်ရေးလဲ လက်ရှိတွဲနေသူနဲ့ပတ်သက်ပြီးလား၊ ex လား၊ crush လား၊ situationship လားစသဖြင့်မေးရပါတယ်။ ဒါမှ spiritual advice ကောင်းကောင်းပေးနိူင်မှာမို့ပါ ❕

🌈✨ ဒါကြောင့်မို့ ဘယ်သူ့ဆီမှာပဲမေးမေး ကိုယ်မေးချင်တဲ့မေးခွန်း၊ ဖြစ်နေတဲ့အကြောင်းအရာလေးတွေရဲ့ အကြမ်းဖျင်းလောက်တော့ ပြောပြပြီး မေးရင် ကိုယ့်အတွက် ပိုကောင်းတဲ့ လမ်းညွှန်မှုတွေ၊ တိကျတဲ့ အဖြေတွေရမယ်လို့ ယုံကြည်ပါတယ် ⚡️

🌟 ရင်လည်းဖွင့်ချင်တယ် tarot လည်းမေးချင်တယ်ဆိုရင် ကို သိချင်တာလေးတွေ လာမေးလို့ရပါတယ်ရှင်

🫧 သင်္ကြန်ကာလ discount fees တွေလည်းရှိလို့ Booking များတတ်ပါတယ်။ Waiting Time လေးတွေရှိပါတယ်။

🍓 Within 24hr to 48hr စောင့်နိုင်မှ လာမေးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ် 🫧

🙏 မြန်တာထက် မှန်တာပိုကြိုက်တဲ့သူမှ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကျမက မြန်မြန်ဟောရတာ မကြိုက်တဲ့သူမို့ပါရှင် 🍀✨

Telegram Channel Link 🖇️
https://t.me/whiteraysdivination

🪬အားလုံး သင်္ကြန်နှစ်ကူး အားလပ်ရက်လေးတွေမှာ ပျော်ရွှင်ကြပါစေနော် ❤️✨

Healer , Reader & Medium 🍀✨ Dm -

Client Reviews from my lovelies 🍀✨Love Reading ❤️❤️🍀 Telegram Channel Link 🖇️ https://t.me/whiteraysdivination
08/04/2026

Client Reviews from my lovelies 🍀✨

Love Reading ❤️❤️

🍀 Telegram Channel Link 🖇️
https://t.me/whiteraysdivination

♌ ဒီတစ်ခါတော့ Leo တွေရဲ့ ခပ်ဆိုးဆိုးအကျင့်လေးတွေကို Astrology ဘက်ကနေ နည်းနည်းလောက် ဖွပေးမယ်နော်။🦁 သူတို့က Fire Sign ဖြစ်...
08/04/2026

♌ ဒီတစ်ခါတော့ Leo တွေရဲ့ ခပ်ဆိုးဆိုးအကျင့်လေးတွေကို Astrology ဘက်ကနေ နည်းနည်းလောက် ဖွပေးမယ်နော်။

🦁 သူတို့က Fire Sign ဖြစ်တဲ့အတိုင်း အင်အားပြင်းသလိုပဲ၊ အတ္တလည်းကြီးတတ်တယ်။ တစ်ခါတလေကျရင် တော်တော်လေး လက်ပေါက်ကပ်တတ်တာ။

♌ သူတို့က အရာရာကို သိနေသလိုမျိုး နေတတ်တာ။ ကိုယ်မသိတာတောင် သိသလိုလိုနဲ့ ပညာရှင်ကြီးတွေလို ဟန်လုပ်ပြတတ်တာ သူတို့အကျင့်ပဲ။

🦁 နောက်ပြီး... သူတို့ဆီက တောင်းပန်ပါတယ် ဆိုတဲ့စကားကို အရင်ကြားရဖို့ဆိုတာ လကြတ်တာထက်တောင် ခဲယဉ်းသေးတယ်။ ကိုယ့်ဘက်က မှားနေရင်တောင် မာနက မိုးထိအောင် မြင့်နေတတ်တာလေ။

🌟 Leo တွေရဲ့ အရမ်းမိမိုက်တဲ့ bad habit တခုကိုပြပါဆိုရင် ဘယ်သူက ဘာဝေဖန်ဝေဖန်၊ ဂရုကိုမစိုက်တတ်တာပဲ။ သူတို့လုပ်တာမှ အမှန်လို့ ထင်တော့ တစ်ဖက်လူက စေတနာနဲ့ပြောရင် နားထဲကို မဝင်တတ်တာ‌လေးတော့ ရှိပါတယ်။

💸 Leo တွေလက်ထဲမှာ ပိုက်ဆံရှိရင်တော့ လိုချင်ရင် ဝယ်ရမယ် ဆိုတဲ့ စိတ်က အရင်ရောက်ပါတယ်။ မလိုအပ်ဘဲ ဈေးကြီးတာတွေကို စိတ်အလိုလိုက်ပြီး ဝယ်ပစ်လိုက်တာ သူတို့ရဲ့ အသုံးအဖြုန်းကြီးတဲ့ အားနည်းချက်ပေါ့။

💖 Leo တွေက main character အရမ်းကြိုက်ကြတယ်ဆိုပြီး လူသိများဝာာမို့ သူတို့က Spotlight ကို ကြိုက်ကြပါတယ်၊ သူတို့ထက် တစ်ယောက်ယောက်က သာသွားရင်ဖြစ်ဖြစ်၊ သူတို့ချစ်တဲ့သူက တခြားသူကို အာရုံစိုက်သွားရင်ဖြစ်ဖြစ် သဝန်တိုဖို့ကတော့ အသင့်ပဲ။

👻 ဒေါသထွက်လို့ဖြစ်ဖြစ်၊ စိတ်ကောက်လို့ဖြစ်ဖြစ် အခန်းထဲက ထွက်သွားပြီဆိုရင် ရိုးရိုးမထွက်ဘူးနော်။ တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်တာမျိုး၊ Dramatic ဆန်ဆန် လှည့်ထွက်သွားတာမျိုးနဲ့ ဇာတ်လမ်းဆင်သွားတတ်တာ။

♌ Leo တွေကရှေ့မှာတော့ အရာရာသိသလိုနဲ့ နေနေပေမဲ့ တကယ်တမ်းကျတော့ မာနလေးတင်းခံ‌ နေလို့ပါ။ တစ်ခုခုဆိုရင်လည်း အရင်လာတောင်းပန်ဖို့ဆိုတာ ဝေးရော... ကိုယ်တွေကပဲ အလျှော့ပေးလိုက်ရတာ အခါခါပဲမလား? 🙄

ကဲ... Leo တွေ ရှိရင်တော့ မငြင်းနဲ့တော့နော်။ မှန်တယ်ဆိုရင် Comment မှာ ဝန်ခံသွားကြဦး! 😂👇

🍀 Telegram Channel Link 🖇️
https://t.me/whiteraysdivination

08/04/2026

🍀 သင်္ကြန်မှာ အညစ်အကြေးတွေ ဆေးကြောရင်း နောင်နှစ်သစ်မှာ ကံကောင်းခြင်းတွေ ကြိုဆိုကြမယ် ✨

မင်္ဂလာပါရှင်... 🙏
အတာသင်္ကြန်အားလပ်ရက်မှာ စိတ်အပန်းဖြေရင်း ကိုယ့်ရဲ့ ရှေ့ဆက်မယ့် ကံကြမ္မာတွေကို သိရှိပြင်ဆင်နိုင်အောင် White Rays Divination ကနေ သင်္ကြန်အထူး Discount လေး ယူဆောင်လာပေးပါတယ် ✨

🌟 အမြဲတမ်း အားပေးကြတဲ့ client တွေအတွက်ရော၊ client အသစ်တွေအတွက်ပါ အမေးအများဆုံး Standard Packages တွေကို အထူးစျေးနှုန်းလေးတွေနဲ့ ဟောကြားပေးသွားမှာပါ။

💗 သင်္ကြန်တွင်းမှာ အဟောတွေကို အာရုံစိုက်ပြီး သေချာလေး ဟောပေးချင်တာကြောင့် တစ်နေ့ကို (၁၀) ဦးသာ ကန့်သတ်လက်ခံပေးသွားမှာ ဖြစ်ပါတယ်။

🌸 Promotion Fees (Special Discount)
အမေးအများဆုံး Standard Packages တွေကို အောက်ပါအတိုင်း လျှော့ပေးထားပါတယ် -

🩷 Standard Package (၁ ခု): ၁၂,၀၀၀ ကျပ် ➡️ ၉,၉၀၀ ကျပ်
(Right Person, Crush, Current Relationship, Ex Package စတဲ့ Standard Plan အားလုံး အကျုံးဝင်ပါတယ်)

🍀 General Reading (၁ နှစ်စာ): ၁၅,၀၀၀ ကျပ် ➡️ ၁၂,၀၀၀ ကျပ်

🎈 Quick Question (၁ မေးခွန်း): ၃,၀၀၀ ကျပ် ➡️ ၂,၅၀၀ ကျပ်

⏳ Duration (Discount ကာလ)
Booking စတင်လက်ခံမည့်ရက်: ဧပြီလ (၈) ရက်နေ့မှ စတင်၍
Discount ကုန်ဆုံးမည့်ရက်: ဧပြီလ (၁၆) ရက်နေ့အထိ

📝 Booking & Requirements
လူဦးရေ ကန့်သတ်ထားတာမို့လို့ လက်လွတ်မခံရအောင် ကြိုတင် Booking ယူပေးဖို့ လိုပါတယ်ရှင်။

🌱 မိမိမေးမြန်းလိုသည့် Package အလိုက် နာမည်၊ နေ့နံ၊ မွေးသက္ကရာဇ်များကို ပေးပို့ပေးရပါမည်။

🌟အချစ်ရေးအတွက်ဆိုလျှင် နှစ်ယောက်လုံး၏ အချက်အလက်များ လိုအပ်ပါသည်။

🌟 တစ်နေ့စာ လူပြည့်သွားပါက နောက်ရက်များအတွက် ကြိုတင်စာရင်းသွင်းလို့ရပါတယ်။

💰 Payment Method
KPay / Wave Pay (Payment Transfer SS လေးကို Requirements တွေနဲ့အတူ တစ်ခါတည်း ပို့ထားပေးပါနော်)

Telegram Channel Link 🖇️
https://t.me/whiteraysdivination

✨ နောင်နှစ်သစ်မှာ အားလုံးပဲ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း Booking လေးတွေအတွက် Telegram DM () မှာ စောင့်နေပါမယ်ရှင်။ 🤍

💅 Zodiac တွေ ရန်ဖြစ်ရင် ဘယ်လိုပြုမူသလဲသိလား။ မသိသေးရင် ပြောပြမယ်။1. Scorpio ♏သူတို့နဲ့တော့ သွားမယှဉ်နဲ့ဦး... အကွက်တွေက အ...
07/04/2026

💅 Zodiac တွေ ရန်ဖြစ်ရင် ဘယ်လိုပြုမူသလဲသိလား။ မသိသေးရင် ပြောပြမယ်။

1. Scorpio ♏
သူတို့နဲ့တော့ သွားမယှဉ်နဲ့ဦး... အကွက်တွေက အရမ်းများတာ။ ကိုယ့်ကို ဘယ်လိုလှည့်တိုက်ရမလဲဆိုတာ ခေါင်းထဲမှာ Plan တွေ အပြည့်ပဲ။ တကယ့် Mastermind တွေ!

2. Capricorn ♑
ဒီလူတွေကတော့ Logic ဆရာကြီးတွေပါ။ အေးအေးဆေးဆေးနဲ့ပဲ လက်တွေ့ကျကျ အချက်အလက်တွေနဲ့ ပိတ်ထုမှာ။ ကိုယ် ဘယ်လိုမှ ပြန်ငြင်းလို့မရအောင်ကို လုပ်နိုင်တဲ့သူတွေ။

3. Virgo ♍
သူတို့ရှေ့မှာ စကားမှားလို့ကို မရဘူး။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းချင်းစီကို အမှားလိုက်ရှာပြီး အချက်အလက်နဲ့ လာပိတ်ပေါက်မယ့်သူတွေ။ တကယ့် Fact-checker တွေပေါ့။

4. Gemini ♊
စကားပြောတာတော့ ရေပက်မဝင်ဘူးပဲ။ ကိုယ်က တစ်ခွန်းပဲ ပြောရသေးတယ်၊ သူက ဆယ်ခွန်းပြန်ပြောပြီး အသာစီးယူသွားလိမ့်မယ်။လိုက်တောင် မမှီနိုင်ဘူး။

5. Aquarius ♒
သူတို့ကတော့ တစ်မျိုးပဲ... ဘယ်သူမှမတွေးမိတဲ့ ထောင့်ကနေ လှည့်ပြောတတ်တာ။ ကိုယ်စဉ်းစားလို့တောင် မရတဲ့ Point တွေနဲ့ လာငြင်းမှာ။

6. Leo ♌
သူတို့ကတော့ Confidence နဲ့တင် အနိုင်ရသွားတာ။ ဘာပဲဖြစ်ဖြစ် ငါပြောတာ မှန်တယ်ဆိုတဲ့ ပုံစံနဲ့တင် ပွဲက ပြတ်သွားရော။

7. Aries ♈
ရန်ဖြစ်ပြီဆိုရင် သူတို့က မှန်ဖို့ထက် 'နိုင်ဖို့' ကိုပဲ ကြည့်တာ။ ရအောင်ကို တိုက်မှာ... အရှုံးပေးဖို့ဆိုတာ သူတို့အဘိဓာန်မှာ မရှိဘူး။

8. Ta**us ♉
ခေါင်းမာတာတော့ ပြောမနေနဲ့တော့... မှားနေတာသိရင်တောင် လုံးဝအလျှော့မပေးဘူး။ ကိုယ့်ဘက်က ဘယ်လောက်သက်သေပြပြ သူတို့ကတော့ တင်းခံနေမှာပဲ။

9. Libra ♎
အာ... သူတို့ကတော့ နှစ်ဖက်လုံး ကောင်းအောင် ညှိနေတာ။ ဒီဘက်ကပြောလည်း အင်း... ဟိုဘက်ကပြောလည်း အင်း... ဆိုတော့ ရန်ဖြစ်တာတောင် မပြတ်နိုင်တော့ဘူး။

10. Cancer ♋
သူတို့နဲ့ ရန်ဖြစ်ရင် နောက်ဆုံး ကိုယ်ပဲ အမှားဖြစ်သွားလိမ့်မယ်။ သူတို့က ငိုပြမယ်၊ စိတ်မကောင်းဖြစ်အောင်လုပ်မယ်... အဲ့တော့ ကိုယ်ပဲ အားနာပြီး ပြန်တောင်းပန်ရတာပေါ့။

11. Sagittarius ♐
ရန်ဖြစ်နေတုန်းပဲ ရှိသေးတယ်... သူတို့က ပျင်းသွားပြီ။ 'အေးပါ... ထားလိုက်တော့' ဆိုပြီး ကိုယ့်ကို ပစ်ထားခဲ့ပြီး လစ်သွားမှာ။

12. Pisces ♓
သူတို့ကတော့ အသည်းယားစရာလေး... ရန်ဖြစ်နေရင်းနဲ့ကို ငါတို့ ဘာဖြစ်နေတာလဲဆိုတာ မေ့သွားတတ်ကြတာ။ တကယ့်ကို အေးဆေးသမားလေးတွေပါပဲ။

💖 ကိုယ်တိုင်ကရော ဘယ် Sign လဲ? 😉

Telegram Channel Link 🔗🖇️
https://t.me/whiteraysdivination

#တားရော့ဗေဒင်

♈ Aries"ဘယ်တော့မှ မငြီးငွေ့စေရဘူး" တဲ့။ Aries တွေနဲ့ တွဲရင်တော့ စိတ်လှုပ်ရှားစရာတွေချည်းပဲ။ သူတို့က မင်းကို အမြဲတမ်း Cha...
04/04/2026

♈ Aries
"ဘယ်တော့မှ မငြီးငွေ့စေရဘူး" တဲ့။ Aries တွေနဲ့ တွဲရင်တော့ စိတ်လှုပ်ရှားစရာတွေချည်းပဲ။ သူတို့က မင်းကို အမြဲတမ်း Challenge တွေပေးပြီး အချစ်ကို အသက်ဝင်နေအောင် လုပ်ပေးမယ့်သူတွေ။

♉ Ta**us
ရိုလည်းရိုသလို၊ စိတ်ကစားတာမျိုးလည်း မရှိဘူး။ မင်းအတွက် လိုအပ်တဲ့ နွေးထွေးမှုနဲ့ လုံခြုံမှုကို အပြည့်အဝပေးနိုင်တဲ့ လူစားမျိုးတွေပေါ့။

♊ Gemini
ဉာဏ်ကောင်းပြီး ထက်မြက်တယ်။ Gemini တွေက မင်းရဲ့ စိတ်ကော ရုပ်ကောကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ အကွက်ကျကျ သိပြီးသား။ သူတို့နဲ့စကားပြောရင် ဘယ်တော့မှ မပျင်းရဘူး။

♋ Cancer
မင်းကို မင်းထက်တောင် ပိုနားလည်ပေးမယ့်သူ။ သူတို့က အရမ်းချစ်တတ်သလို၊ မင်းကိုလည်း ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး။

♌ Leo
ရှိန်ရလောက်တဲ့ ဆွဲဆောင်မှုရှိတယ်။ Leo တွေရဲ့ တည်ရှိမှုကတင် လူကို မူးယဉ်သွားစေလောက်တဲ့ အရှိန်အဝါမျိုး ရှိတာနော်။

♍ Virgo
အလိုလိုက်ရတာ လွယ်သလို၊ သစ္စာလည်း ရှိတယ်။ သူတို့ကို မချစ်ဘဲနေဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပဲ။

♎ Libra
စတိုင်ကျပြီး ကျော့ရှင်းတယ်။ သူတို့ရဲ့ နူးညံ့တဲ့ အပြုအမူတွေနဲ့ မင်းကို ဆွဲဆောင်သွားမှာဖြစ်သလို၊ စိတ်အားထက်သန်တဲ့ နှလုံးသားနဲ့ ဖမ်းစားထားဦးမှာ။

♏ Scorpio
သန်မာပြီး ဆွဲဆောင်မှုအပြည့်ပဲ။ Scorpio တွေကတော့ သိတဲ့အတိုင်းပဲ... မင်းသတိတောင်မထားမိခင်မှာပဲ သူတို့ကို အပိုင်ချစ်မိသွားအောင် လုပ်နိုင်တဲ့ အစွမ်းရှိတယ်။

♐ Sagittarius
နက်နဲသလို၊ ပျော်ပျော်နေတတ်တယ်။ တစ်ဖက်မှာ အတွေးအခေါ်တွေနဲ့ တည်ငြိမ်နေပေမယ့် နောက်တစ်ဖက်မှာတော့ အရမ်းဟားတိုက်ရယ်ရတဲ့ လူပျော်လေးတွေ။

♑ Capricorn
ကြိုးစားအားထုတ်မှု အပြည့်ပဲ။ မင်းရဲ့ အချစ်ကို ရဖို့အတွက်ဆိုရင် သူတို့က အချိန်ပိုတွေဆင်းပြီးကို အပတ်တကုတ် ကြိုးစားပေးမယ့်သူတွေ။

♒ Aquarius
လွတ်လပ်တယ်၊ ဒါပေမဲ့ သစ္စာရှိတယ်။ သူတို့ရဲ့ တစ်မူထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေကို မင်း သဘောကျသွားမှာ သေချာတယ်။

♓ Pisces
ကိုယ်ကျိုးမငဲ့တတ်ဘဲ အလိုလိုသိမြင်နိုင်တယ်၊ ခံစားနိုင်တယ်။ Pisces တွေကတော့ မင်းကို ပျော်ရွှင်အောင်ထားဖို့ဆိုရင် ဘာမဆို လုပ်ပေးမယ့် အချစ်တော်လေးတွေပေါ့။

Telegram Channel Link 🖇️
https://t.me/whiteraysdivination

🌟 Comment မှာ ကိုယ့် Sign ကို မန့်ခဲ့ဦးနော်! သူငယ်ချင်းတွေကိုလည်း Mention ခေါ်လိုက်ပါဦး! 👇

#တားရော့ဗေဒင်

📅 မွေးရက်ကိုကြည့်ပြီး ဘယ်အသက်အရွယ်မှာ အိမ်ထောင်ပြုမလဲဆိုတာ ကြည့်ရအောင် 💍ကိုယ့်ရဲ့ မွေးရက်က ကိုယ့်ရဲ့ အချစ်ရေးနဲ့ အိမ်ထော...
02/04/2026

📅 မွေးရက်ကိုကြည့်ပြီး ဘယ်အသက်အရွယ်မှာ အိမ်ထောင်ပြုမလဲဆိုတာ ကြည့်ရအောင် 💍

ကိုယ့်ရဲ့ မွေးရက်က ကိုယ့်ရဲ့ အချစ်ရေးနဲ့ အိမ်ထောင်ရေး ကံကြမ္မာအကြောင်း ဘာတွေပြောနေလဲ၊ ကိုယ်က ဘယ်အုပ်စုထဲမှာ ပါဝင်နေမလဲဆိုတာ ကြည့်ကြည့်ရအောင်နော်... 👇

၁၊ ၅၊ ၇၊ ၁၀၊ ၁၄၊ ၁၉၊ ၂၃၊ ၂၈ ဒီရက်တွေမှာ မွေးတဲ့သူတွေက‌တော့ စောစောစီးစီး အချစ်ကို ရှာဖွေတွေ့ရှိမယ့်သူတွေပါ။ အချစ်ကို မြန်မြန်ဆန်ဆန် တွေ့တတ်ပြီး သစ္စာရှိကြသူတွေပါ။ အသက် ၂၂ နှစ်ကနေ ၂၆ နှစ် အတွင်းမှာ အိမ်ထောင်ပြုဖို့ အခွင့်အလမ်း အများဆုံးပဲ ဖြစ်ပါတယ်။

🏡 ၂၊ ၄၊ ၆၊ ၁၁၊ ၁၅၊ ၂၀၊ ၂၄၊ ၂၉ မွေးသူတွေကတော့အေးအေးဆေးဆေးနဲ့ တည်ငြိမ်တဲ့ဘဝကို ပိုင်ဆိုင်မယ့်သူများဖြစ်ပါတယ်။ အိမ်ထောင်ပြုတာ နည်းနည်းလေး နောက်ကျတတ်ပါတယ်။ အသက် ၂၇ နှစ်ကနေ ၃၂ နှစ် ဝန်းကျင်မှ အိမ်ထောင်ကျတတ်ပေမယ့် အဲ့ဒီအချိန်မှာရတဲ့ အိမ်ထောင်ရေးက တည်ငြိမ်အေးချမ်းမှုအပြည့် ရှိနေမှာပါ။

💼 ၃၊ ၈၊ ၁၂၊ ၁၆၊ ၂၁၊ ၂၅၊ ၃၀ မွေးသူတွေကတော့ ရည်မှန်းချက်တွေ ပြီးမြောက်မှ အခြေချရမယ့်ကံပါတဲ့သူတွေပါ။ ကံကြမ္မာက အိမ်ထောင်ရေးကို နည်းနည်းလေး ဆွဲဆန့်ထားတတ်ပါတယ်။ အလုပ်ကိစ္စတွေ၊ ကြိုးစားအားထုတ်မှုတွေကြောင့် အသက် ၃၀ ကနေ ၃၅ နှစ် ကြားမှ အိမ်ထောင်ပြုဖြစ်ကြသူတွေပါ။

✨ ၉၊ ၁၃၊ ၁၇၊ ၁၈၊ ၂၂၊ ၂၆၊ ၂၇၊ ၃၁ မွေးသူတို့က မခန့်မှန်းနိုင်တဲ့ အချစ်လမ်းခရီး ပိုင်ရှင် တွေပါ။ သူတို့ရဲ့အချစ်ရေးက တကယ့်ကို ရင်ခုန်စရာကောင်းပြီး ခန့်မှန်းရ ခက်ပါတယ်။ တချို့ကလည်း စောစောကြီး အိမ်ထောင်ကျသလို တချို့ကလည်း တော်တော်နောက်ကျတတ်ပါတယ်။ ဒါပေမဲ့ အများစုကတော့ ၂၀ ကျော်နှောင်းပိုင်း (၂၇၊ ၂၈၊ ၂၉) လောက်မှာ ဖူးစာရှင်အစစ်ကို တွေ့ရတတ်ပါတယ်။

📢 ကဲ... သူငယ်ချင်းတို့ရော ဘယ်ရက်မှာ မွေးတာလဲ?
ကိုယ့်ရဲ့ မွေးရက်လေးကို Comment မှာ ရေးခဲ့ပြီး ဖူးစာရှင်လေးကို တူတူရှာကြရအောင်! 👇

🍀 Telegram Channel Link 🖇️
https://t.me/whiteraysdivination

Client Reviews 🍀 🤞 🌟 Education Reading 🌟🍀 Telegram Channel Link 🖇️ https://t.me/whiteraysdivination
31/03/2026

Client Reviews 🍀 🤞

🌟 Education Reading 🌟

🍀 Telegram Channel Link 🖇️
https://t.me/whiteraysdivination

31/03/2026

🌟 နက်ဖြန်ဆို ဧပြီလထဲစရောက်ပြီဆိုတော့ နှစ်သစ်အတွက် ဆောင်ရန်ရှောင်ရန်လေးတွေ၊ ကံကြမ္မာဟောစာတမ်းလေးတွေ အဓိကတင်ပေးဖြစ်ပါမယ်

🌼 ဘိုကင်တွေ များလို့ လူတော်တော်များများ မျှော်နေတဲ့ free reading တော့ မပေးနိုင်သေးပေမယ့် fees discount ‌လုပ်ပေးဖို့တော့ စီစဉ်ထားပါတယ်

🍀✨ သင်္ကြန်အကြိုနေ့ကစလို့ နှစ်ဆန်းတစ်ရက်နေ့ထိ မနက်ပိုင်းတွေမှာ သီလယူ၊ကုသိုလ်လုပ်၊အလှူဒါနတွေလုပ်ဖို့ စီစဉ်ထားပြီး ညနေနဲ့ညဘက်တွေမှာ တရားနာတာ၊ ပုတီးစိပ်တာ၊တရားထိုင်တာမျိုးပဲ လုပ်ဖို့စီစဉ်ထားတာမို့ urgent client တွေကလွဲရင် အဟောတွေကို limited လုပ်ထားပါမယ် 🪬

🍀 ဒီကြားထဲမှာတော့ post လေးတွေ ဆက်တင်ပေးပါမယ်

🍀 Telegram Channel Link 🖇️
https://t.me/whiteraysdivination

Address

Mandalay
X3CF+C3QMANDALAY

Alerts

Be the first to know and let us send you an email when White Rays - Divination posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to White Rays - Divination:

Share