White Rays - Divination

White Rays   -   Divination A Healer, Reader & Medium 🍀✨

Others: ဆရာမ ဟောတာ တစ်ခွန်းဆို တစ်ခွန်း ထိမိနေတာပဲနော် 😁ဆရာမဟောတဲ့ တစ်ခွန်း : 👇👇
28/11/2025

Others: ဆရာမ ဟောတာ တစ်ခွန်းဆို တစ်ခွန်း ထိမိနေတာပဲနော် 😁

ဆရာမဟောတဲ့ တစ်ခွန်း : 👇👇

26/11/2025

🍀 ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ငွေကြေးအတွက် အခက်အခဲဖြစ်နေသူ၊ ပူပန်နေရသူများ စေတနာကြေးနဲ့ dm မှာ လာမေးပါ ✨

💕 လူအရမ်းများရင် ရက်ခွဲ ဟောပါမယ်

✨ ဒီနေ့တစ်ရက်ပဲ booking ယူလို့ရပါမယ်။

💕 နာမည်၊နေ့နံ၊မေးခွန်း၊ စေတနာကြေး transfer ss လေးတွေ ပို့ထားပေးပါ

🍀 Payment 09-757188659(Su Latt Aung) 🍀

Dm

အဆောင်လက်ပတ် review လေး 🍀✨     #အဆောင်လက်ပတ်
15/11/2025

အဆောင်လက်ပတ် review လေး 🍀✨

#အဆောင်လက်ပတ်

🪐✨ လက်ရှိဝင်နေတဲ့ Mercury retrograde ထဲမှာ Sagittarius နဲ့ Scorpio တွေက တခြား signs တွေထက် ပိုခံရလိမ့်မယ်🪐 Mercury Plane...
15/11/2025

🪐✨ လက်ရှိဝင်နေတဲ့ Mercury retrograde ထဲမှာ Sagittarius နဲ့ Scorpio တွေက တခြား signs တွေထက် ပိုခံရလိမ့်မယ်

🪐 Mercury Planet က Sagi Season မှာ ပြန်စတဲ့အတွက် Mercury retrograde မပြီးခင်ကာလထိ Sagi တွေ ခရီးသွားလာတဲ့အခါ အနှောက်အယှက်ပေါ်တာ၊ နှောင့်‌နှေးတာ၊ အဆင်မပြေတာတွေဖြစ်တတ်တယ်။ လူမှုဆက်ဆံရေး၊ အချစ်ရေးတွေမှာလည်း မျှော်လင့်သလို မဖြစ်လာတတ်ပဲ ရှုပ်ထွေးပြီး ဗရမ်းဗတာတွေ ဖြစ်တတ်တယ်။

🪐 Mercury Retrograde က Scorpio season ကိုရောက်မှ ပြီးဆုံးမှာမို့ most effected ဖြစ်တဲ့ထဲ Scorpio တွေလည်း ပါပါတယ်။

🪐 စကော်တွေအနေနဲ့ retrograde ကာလထဲ အာဏာ‌ပျောက်ဆုံးပြီး လူတော်တော်များများ ကိုယ့်စကားနားမထောင်တာ ခံရတတ်တယ်။ ထိန်းချုပ်နိုင်မှု စွမ်းရည်ပျောက်ဆုံးတတ်တယ်၊ ငွေကြေးနဲ့ပတ်သက်ပြီး စိတ်ခံစားမှု ပြင်းထန်တတ်ပါတယ်။

🌸 ဆောင်းဝင်လာတာနဲ့ တချို့သောသူတွေမှာ let go လုပ်ကို လုပ်ရမယ့် energy မျိုးတွေ တွေ့ရတယ်🍄 ကိုယ့်အတွက် မထိုက်တန်တဲ့သူတွေ ပေ...
15/11/2025

🌸 ဆောင်းဝင်လာတာနဲ့ တချို့သောသူတွေမှာ let go လုပ်ကို လုပ်ရမယ့် energy မျိုးတွေ တွေ့ရတယ်

🍄 ကိုယ့်အတွက် မထိုက်တန်တဲ့သူတွေ ပေါ်လာလိမ့်မယ်

🍄 ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို ခွင့်လွှတ်ရမယ့်အချိန်တွေရှိလာလိမ့်မယ်

🍄 ကိုယ်ဘယ်လောက်ချစ်ချစ် ကိုယ့်အတွက်မဟုတ်တဲ့အရာတွေ၊ လူတွေကို စွန့်လွှတ်ရမယ့် energy မျိုးတွေ တွေ့ရတယ်

🌸 ကိုယ့်အတွက် ခက်ခဲလေးလံတဲ့ အရာတွေကို လွှတ်ချလိုက်တာနဲ့ ပေါ့ပါးပြီး စိတ်သစ်လူသစ် ဖြစ်လာပါလိမ့်မယ်

#တားရော့

Morning Dears 🍀🌸 မနက်ခင်းမှာ စိတ်ကြည်လင်ဖို့ ရှောင်ရမယ့်အရာတွေရှိတယ်🍃 ဆဲဆိုသောင်းကျန်းပြီး ထတာရှောင်ရမယ်🍃 မနက်ခင်းကို စိ...
11/11/2025

Morning Dears 🍀

🌸 မနက်ခင်းမှာ စိတ်ကြည်လင်ဖို့ ရှောင်ရမယ့်အရာတွေရှိတယ်

🍃 ဆဲဆိုသောင်းကျန်းပြီး ထတာရှောင်ရမယ်

🍃 မနက်ခင်းကို စိတ်ညစ်စေမယ့်အကြောင်းအရာတွေ တွေးတာရှောင်ရမယ်

🍃 အိပ်ရာထဖို့ ပျင်းရိပြီး အိပ်ရာထဲပဲ ဆက်လှဲနေတာမျိုး ရှောင်ရမယ်

🍃 မနက်နိုးလို့ ဖုန်းကြည့်တဲ့အခါ စိတ်ကြည်လင်မယ့်အကြောင်းတရား၊ video တွေကို‌ကြည့်သင့်ပြီး စိတ်ညစ်ရမယ့် vd တွေကို ကျော်ပါ

🍀 ဒါဆိုရင် တနေ့တာလုံး 100% မပျော်ရင်တောင် စိတ်ပေါ့ပါးပြီး လုပ်ရမယ့်အလုပ်မြန်မြန် ပြီးပါလိမ့်မယ်

31/10/2025

🍀 ဗုဒ္ဓဘာသာမှာ ကိုယ်ချစ်ရတဲ့သူနဲ့ ဘဝဆက်တိုင်း ဆုံစည်းရဖို့ အချက်လေးချက်လိုတယ် ✨

💕 ပထမအချက်အနေနဲ့ ကိုယ်‌နဲ့ ကိုယ်ချစ်ရသူနဲ့က ဘာသာတရားအပေါ် သက်ဝင်ယုံကြည်မှုခြင်း တူရမယ်

💕 နောက်ပြီး အကျင့်သီလခြင်း တူညီရမယ်

💕 ပေးကမ်းစွန့်ကြဲတဲ့အခါ သဒ္ဒါတူရမယ်။ ဥပမာပြောရရင် ကုသိုလ်တူတူလုပ်တာ၊ ဘုရားသွားကျောင်းတက်တာမျိုးပါ။

💕 နောက်ဆုံးတစ်ခုက ဒီဘဝမှာ နှစ်ယောက်က ပညာအရည်အချင်းခြင်း တူရပါမယ်။

✨ ဒီအချက်လေးချက်ပြည့်စုံတဲ့အခါ ဘဝဆက်တိုင်း ချစ်သူ၊လင်မယား ဖြစ်ခြင်း ပါရမီဖြည့်ဖက်ဖြစ်ချင်းတို့ ကြုံရပြီး ရေစက်ဖြစ်လာပါလိမ့်မယ်

31/10/2025

🌈✨ Hello.. Morning par 🌻 ဒီနေ့ မနက်ခင်းမှာ Guardian Message လေး ကြည့်ဖြစ်ပါတယ်

💫 တစ်နေ့တာအတွက် မင်းတို့မှာ လိုအပ်နေတဲ့ energy က ကိုယ့်ကိုကိုယ် ယုံကြည်ဖို့ပါ။

🍀 ကိုယ်က ကောင်းတာတွေလည်း လုပ်နေတယ်၊ အားစိုက်ထုတ်မှုလည်း ရှိပါလျက်နဲ့ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အခါ စိတ်ဓာတ်မကျပါနဲ့

🤍 ကိုယ့်ကိုကိုယ် ယုံပါ။ ကောင်းတဲ့အရာတွေကို အမြဲဆက်လုပ်သွားပြီး ကြိုးစားပါ။

အဲ့စိတ်က ကိုယ့်ရဲ့ တစ်နေ့တာကို အဆုံးအဖြတ်ပေးပြီး အပြောင်းအလဲဖြစ်စေပါလိမ့်မယ် 💕💕

🍀 Luckiest Zodiac Signs in November 2025🪐 လာမယ့် 2025 November လထဲမှာ ငွေကြေးအရရော ကံအရပါ ကောင်းဖို့ အလားအလာရှိတဲ့ zodia...
30/10/2025

🍀 Luckiest Zodiac Signs in November 2025

🪐 လာမယ့် 2025 November လထဲမှာ ငွေကြေးအရရော ကံအရပါ ကောင်းဖို့ အလားအလာရှိတဲ့ zodiac signs တွေရှိပါတယ်။

🪐 တစ်လပြီးတစ်လ ကုန်တဲ့အခါ ဂြိုလ်ပတ်လမ်းတွေလည်း ရွေ့လျား ပြောင်းလဲပါတယ်။ ဒီဂြိုလ်ပတ်‌လမ်းကြောင်းပြောင်းတဲ့အခါ zodiac တွေရဲ့ ကံအခြေအနေတွေလည်း လိုက်ပြောင်းတတ်တာမျိုးပါ။

❤️ Aries

နိုဝင်ဘာလက‌တော့ ဒေါ်အေးရီတို့ လပါပဲ။ နောက်လထဲမှာ ကိုယ့်ရဲ့စိတ်က motivated ဖြစ်‌‌ နေမယ်၊ energized ဖြစ်နေမယ်။ စိတ်ထဲမှာ ဘာမဆိုလုပ်နိုင်တယ်လို့ ခံစားရမယ် တကယ်လည်း လုပ်သမျှအရာအားလုံး အောင်မြင်မှုရရှိလိမ့်မယ်။ လုပ်ငန်းအသစ် သို့မဟုတ် အလုပ်သစ်တစ်ခုကို စတင်ချင်တယ်ဆိုရင် နိုဝင်ဘာလက ကိုယ့်အတွက် ကံကောင်းမယ့်လပဲ။ အောင်မြင်မှုနဲ့ ချမ်းသာကြွယ်ဝမှု တွေက ကိုယ့်ဆီလာနေ‌ ပေမယ့် အဲ့တာတွေကို လက်ခံရဖို့ အားထုတ်မှုလို နေသေးတယ်။ အလုပ်အကိုင် အခွင့်အလမ်းသစ် တွေ ပေါ်လာနိုင်တယ်။ ငွေကြေး အဆင်ပြေလာမယ်။ အဓိကကတော့ ဘာပဲလုပ်လုပ် နိုဝင်ဘာလမှာ မြန်မြန်ဆန်ဆန် လုပ် ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက်ချပါ။

🩵 Virgo

Virgo တွေက 2025 နိုဝင်ဘာလမှာ အလုပ်အကိုင်၊ငွေကြေး တည်ငြိမ်မှုရမယ်၊ ကိုယ့်ရဲ့ အားစိုက်ထုတ်မှုတွေ အသိအမှတ်ပြုခံရလိမ့်မယ်။ အရင်ကကြိုးစားအားထုတ်ခဲ့တဲ့ အရာတွေအတွက် အကျိုးဆုလဒ်ကို အပြည့်အဝပြန်ရမယ့် လပဲ။ ကိုယ်အရင်က အားစိုက်ခဲ့တဲ့ ကြိုးပမ်းမှုတွေက ဥစ္စာဓနနဲ့ ဇိမ်ခံပစ္စည်းတွေအဖြစ် ပြန်အကျိုးပေးမယ်။ ကိုယ်လက်လှုပ်ရှားလုပ်တာ၊ nature နဲ့ထိ တွေ့တာမျိုးလုပ်ပြီး ကိုယ့်ရဲ့ energy ကို မြှင့်တင်ပါ။ Virgo တွေ နောက်လထဲမှာ ဝင်ငွေကို တိုးပါမယ်။ ပိုကောင်းတဲ့အရာတွေရဖို့ ကျွမ်းကျင်တဲ့အရာကို ပိုကျွမ်းကျင်အောင်လုပ်ပါ။ မသိသေးတာကို လေ့လာပါ။

🩶 Scorpio

Scorpio တွေအတွက်တော့ နိုဝင်ဘာလက ရင်ဆိုင်နေရတဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေ၊အခက်အခဲတွေအားလုံးကို ဖယ်ရှားပေးမယ့်လပဲ။ Oct လကုန် နောက်ဆုံး နှစ်ရက်မှာ clue တွေ hints တွေကြိုရပြီး November လအစမှာ ကိုယ့်ရဲ့ energy တွေ တိုးလာမယ်၊ စိတ်အားထက်သန်လာပါလိမ့်မယ်။ စကော်တို့ရေ နောက်လ နိုဝင်ဘာထဲ Universe က မင်းတို့ကို အောင်မြင်မှုဆီ ရောက်အောင်အကူအညီပေးလိမ့်မယ်။ ဒီအချိန်က သတ္တိရှိရှိနဲ့ risk ယူပြီး idea အသစ်တွေ၊ creative ဖြစ်တဲ့ အရာတွေ၊ ဆုံးဖြတ်ချက်တွေချဖို့ အကောင်းဆုံးအချိန်ပါ။ အခွင့်အလမ်းအမျိုးမျိုးက ကိုယ့်ဆီ လာနေတာမို့ နောက်လထဲ ဝင်ငွေလမ်း ကြောင်းတွေ များများရှိပါလိမ့်မယ်။

🩷 Pisces

Pisces တွေအတွက် နိုဝင်ဘာလကချမ်းသာကြွယ်ဝမှု၊ ကံကောင်းခြင်းတို့ရမယ့် လဖြစ်တယ်။ နောက်လထဲ ကိုယ့်ဘဝမှာ အတားအဆီးမရှိ၊ အခက်အခဲမရှိသလောက်ဖြစ်မယ်။ Communication skill ကောင်းအောင် သေချာ လေ့ကျင့်ပါ။ အလုပ်အကိုင် ရာထူးတိုးပြီး ခေါင်းဆောင်ဖြစ်ပါလိမ့်မယ်။ နိုဝင်ဘာလထဲမှာ ကိုယ့်ရဲ့ပိတ်မိနေတဲ့ သို့မဟုတ် ဆိုင်ငံ့နေတဲ့ ငွေကြေး အမှန်တကယ်ပြန်ရရှိပါလိမ့်မယ်။ အပိုဝင်ငွေအတွက် ဘေးပြိုင်လုပ်ငန်းငယ်တစ်ခုကို စတင်ရန် အခွင့်အရေး‌ ပေါ်လာပါလိမ့်မယ်။ ကိုယ်စိတ်ကူးထားတာ၊ စီစဉ်ထားတာကို အကောင်အထည်ဖော်ဖို့ ယုံကြည်မှုရှိဖို့လိုတယ်။ Pisces များ ကိုယ့်မှာ crush ရှိရင် crush က first move စလာတာ၊ ကိုယ့်ကိုကြိုက်နေတဲ့သူက ဖွင့်‌ ပြောလာတာတွေ ကြုံရပါလိမ့်မယ်။

30/10/2025

🍀 Today's Message 🍀

အလုပ်အကိုင် ဝန်ထမ်းလုပ်နေသူများ ဒီနေ့ ဘာရယ်မဟူတ်ပဲ အလုပ်မှာ ခွဲခြားဆက်ဆံခံရတတ်တယ်။ သူဌေးကို ကြောက်ရမယ်။ ကိုယ့်ဘဝက တနေကုန် နောက်လိုက်ပဲ ဖြစ်နေမယ်။ ငွေကို စိတ်အလိုလိုက်ပြီး အများကြီး သုံးပစ်တတ်တယ်။ ငွေရဲ့ထိန်းချုပ်မှု၊ လူမှုရေးပိုင်းမှာ ထိန်းချုပ်မှုအောက်ကနေ မလွတ်နိုင်ဖြစ်တတ်တယ်။ အလုပ်အကိုင် အမှားနဲအောင် သံဗုဒ္ဓေ ၁၈ ခေါက်ရွတ်ပြီး အလုပ်သွားပါ။

ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့လေ 🤨🤪
28/10/2025

ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့လေ 🤨🤪

23/10/2025

Hello 👋 ဒီရက်ပိုင်း ဘာတွေလုပ်ပြီး ဘာတွေဖြစ်နေကြလဲကွယ်

🍀 ဒီနေ့ည ၈နာရီ အတန်းလေးပြီးရင် Any 3Q-5000 နဲ့ ငါးယောက်ဟောပေးပါမယ်

💕 Dm မှာ ဒီ post ss လေးနဲ့ လာမေး‌ပါ

🍀 ပညာကြေးက ကြိုလွှဲပေးရတာမို့ payment 09-757188659(Su Latt Aung) transfer ss လေးလည်း တစ်ခါတည်း ပြပေးဖို့ လိုပါတယ်

🍀 နာမည်၊နေ့နံ၊မေးခွန်း တိတိကျကျ လေးပို့ပေးဖို့ လိုပါမယ်ရှင် 🍀

Address

Mandalay
X3CF+C3QMANDALAY

Alerts

Be the first to know and let us send you an email when White Rays - Divination posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to White Rays - Divination:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram