Health Plus USA Products

Health Plus USA Products USAမှတိုက်ရိုက်တင်သွင်းသော vitamin supplement များ

💥ဆေးအလုံးရေ အများကြီး မသောက်ချင်တဲ့ လူကြီးတွေအတွက်အရမ်းအဆင်ပြေတယ် ၂လုံးသောက်ရင်၅မျိုးရတယ် 💥       လူငယ် ၁၅/၁၆ နှစ် ကိုယ်...
08/03/2026

💥ဆေးအလုံးရေ အများကြီး မသောက်ချင်တဲ့ လူကြီးတွေအတွက်အရမ်းအဆင်ပြေတယ် ၂လုံးသောက်ရင်၅မျိုးရတယ် 💥
လူငယ် ၁၅/၁၆ နှစ် ကိုယ်ခံအားကောင်းဖို့တိုက်မယ်ဆို တလုံး တိုက်ပါတယ်

☘️အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ် သောက်နေရတဲ့ ဆေးတွေကို အလှမ်းမမီနိုင်တော့ဘူးဆိုရင် —-

အဓိက အရေးကြီးတာ လောက်ကိုပဲ ဦးတည်ရမှာ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ရောဂါ ပိုးမျိုးစုံနဲ့ စခန်းသွားနေကြရတာ လူတိုင်းသိပါတယ်။ ပိုးမျိုးစုံကိစ္စ ကလဲ မပြီးသေးတဲ့ အခြေအနေမှာ ရှိနေပြန်ပါတယ်။ ပိုးတစ်မျိုးပြီးပြန်ရင်လဲ နောက်လာနိုင်တဲ့ပိုးမျိုးစုံကလဲ ရှိနေတော့ အရေးကြီးတာကိုပဲ ဦးစားပေးရမှာ ဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ ရှိနေတာတွေကို ပြန်ကြည့်လိုက်တဲ့အခါ အသင့်တော်ဆုံး တစ်မျိုးကို တွေ့မိပါတယ်။

🌟Vitamin D3 5000IU
🌟K2 80 mcg
🌟Magnesium 120mg
🌟Zinc 12mg
🌟Boron 3mg
အားလုံးပါတဲ့ “D3 plus” ဆိုတာ ရှိပါတယ်။
“၂ လုံး” သောက်ရင် လုံလောက်နိုင်ပါတယ်။
D3 အပြင် သူလိုအပ်တဲ့ cofactors တွေပါ ပါပြီးသားပါ။
( D receptor problem ) ရှိနေသူများအတွက်လဲ ကောင်းသွားပြီပေါ့။

ဒါကိုလဲ အလှမ်းမမီနိုင်သေးဘူးဆိုရင် ဈေးချိုတဲ့ D3 တစ်မျိုးတည်း ပဲပေါ့။

ကျန်တာတွေကတော့ တတ်နိုင်ရင် အစားအသောက်နဲ့ ကြိုးစားပြီး ထိန်းပါ။
Time restricted eating ကိုပါ ထည့်သွင်းလိုက်နိုင်မယ်ဆိုရင် အတော်လေးကို ခရီးတွင် နိုင်ပါတယ်။

စောဒက တက်စရာလေးကတော့ ရှိတာကြောင့် ရှင်းပြပါဦးမယ်။
Vitamin D ဆိုတာ အဓိက အားဖြင့် နေရောင်ခြည်က ရတာဆိုတော့ သောက်စရာ လိုသလားဆိုတဲ့အချက်ပါပဲ။
မှန်ပါတယ်။ မြန်မာပြည်မှာ နေရောင်ခြည် ဟာ ကောင်းမွန်စွာ ရပါတယ်။
သို့ပါသော်လည်း ——
၁.Vitamin D ဖြစ်ဖို့ လိုအပ်တဲ့ UV ray B ဟာ အဝတ်အစားကို မဖောက်နိုင်ပါ။
မြန်မာနိုင်ငံမှာ ကလည်း အနောက်နိုင်ငံမှာလို အဝတ်အစားမပါဘဲ နေပူလှမ်းတယ်ဆိုတာ မရှိသလောက်ပါပဲ။

၂.အရေပြားမှာရှိနေတဲ့ cholesterol နဲ့ နေရောင်ခြည်ထိပြီး ပါသော်လည်း ခန္ဓာကိုယ်ထဲမှာ ဓာတုဖြစ်စဉ် အမျိုးမျိုးကို ထပ်မံ ဖြစ်ရပါသေးတယ်။
အသည်း ဟာအရေးကြီးတဲ့ အခန်းကနေ ပါဝင်နေပါတယ်။
မြန်မာပြည်မှာက အသည်းရောဂါ သည်တွေ ဘယ်လောက်များတယ်ဆိုတာ လူတိုင်းသိပါတယ်နော်။
အသည်းကောင်းကောင်းအလုပ်မလုပ်နိုင်ပြန်ရင်လည်း ကိုယ်လိုချင်တဲ့ result ကို မရနိုင်ပါ။

၃.အသည်း တစ်မျိုးတည်းနဲ့လဲ မပြီး ပြန်ပါ။
ကျောက်ကပ်ကိုလဲ အသုံးချရပြန်ပါတယ်။
မြန်မာပြည်မှာ ကျောက်ကပ် ရောဂါသည်/ ကျောက်ကပ် ကောင်းကောင်း အလုပ်မလုပ်နိုင်သူတွေကလည်း အများကြီးပါ။

၄.အကုန်လုံးကောင်းတယ်ထားပါဦး Receptor problem က ရှိနေတတ်ပါသေးတယ်။

ရှင်းပြနေခြင်း/ ထောက်ပြနေခြင်း/ဗဟုသုတပေးနေခြင်းသာဖြစ်ပါတယ်။
ကိုယ်နဲ့ အဆင်ပြေရာကို ကိုယ်လုပ်ပါ။
ကိုယ့်အကြောင်းကိုယ် အသိဆုံးပါ။




#

07/03/2026

❤️ပန်းနာရင်ကြပ်ရောဂါအတွက် ပါ❤️
(D3/K2/Magnesium /NAC/Probiotic သောက်ရင်းနဲ့ သက်သာခဲ့တဲ့ မိတ်ဆွေ ထွေး ကိုယ်တိုင်ကြုံခဲ့ဖူးပါတယ်)

☘️☘️ ပန်းနာ ရင်ကြပ် ဆိုတာ အကြောင်းမျိုးစုံ ထွေလာရောနှော နေသော နာတာရှည် အသက်ရှူ လေလမ်းကြောင်း ယောင်ကိုင်းခြင်း ဖြစ်ပါတယ်။

သူ့ကို အစပျိုးပေးတဲ့ အကြောင်းတွေကတော့ မိမိနဲ့ မတည့် သောဓာတ် တစ်ခုခုနှင့် ထိတွေ့မိခြင်း သို့မဟုတ် အခြားသော နည်းများ autoimmune / autoreactive ဖြစ်ပါတယ်။

Autoimmune ကြောင့် ဖြစ်နိုင်တယ် ဆိုတာကလဲ immunosuppressive drugs (ခန္ဓာကိုယ် ခုခံအားတွေကို နှိပ်ကွပ်တဲ့ ဆေးတွေ) နဲ့ ခေတ္တ သက်သာရာ ရလို့ ဖြစ်ပါတယ်

ဥပမာ corticosteroids , prednisone စသည်ဖြင့် ဖြစ်ပါတယ်။ Asthma and autoimmunity: a complex but intriguing relation. - NCBI

ခန္ဓာကိုယ်နဲ့ မတည့်တာ၊ ခန္ဓာကိုယ်က မိမိ ကိုယ်ကို ပြန်ဖျက်ဆီးတာတွေဟာ ခန္ဓာကိုယ် ခုခံအားတွေ စည်းကမ်း ပျက်ပြားသွားခြင်း၊ ထိန်းသိမ်းမှု ပျက်စီးသွားခြင်းကြောင့် ဖြစ်ပါတယ်။

ဒီတော့ကာ ပန်းနာ ရင်ကြပ် ဖြစ်လာရင် အကောင်းဆုံး နည်းတွေကို စဉ်းစားကြည့်ကြရအောင်။

၁။ အရေးပေါ် ရင်ကြပ်ပြီး အသက်ရှူ ကြပ်လာရင်တော့ ခေတ်မီ ဆေးတွေနဲ့သာ လတ်တလော သက်သာအောင် ကုရမှာ ဖြစ်ပါတယ်။

သို့ပါသော်လည်း ရေရှည် သုံးဆောင် မှီဝဲဖို့ကတော့ ဘေးထွက် ဆိုးကျိုးတွေ များတဲ့အတွက် စဉ်းစားစရာ ဖြစ်လာပါ တယ်

အကျိုးကိုသာ ထိုင်ပြီး ကုနေမယ် ဆိုရင် ဒီရောဂါနဲ့ပဲ သံသရာ လည်နေတော့မှာ ဖြစ်ပါတယ်။

၂။ နာတာရှည် ပန်းနာ ရောဂါ ဖြစ်လာပြီ ဆိုရင် အကြောင်းကို ဦးတည်ပြီး ပြုပြင်ရမှာ ဖြစ်ပါတယ်။

ကျွန်မ ရေးထားတဲ့ autoimmune diseases အကြောင်း တွေ ပြန်ဖတ်ကြည့်စေလိုပါတယ်။

အဓိက အူ ကျန်းမာအောင် နေရမှာ ဖြစ်ပါတယ်။

အူ ကျန်းမာရေး အကြောင်း ရေးထားတာ ပြန် ဖတ်ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ရှောင်သင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

သဘာဝအားဖြင့် နေ့စဉ် မှီဝဲသင့်တာကတော့ ကျွန်မတို့ အားလုံး သိကြတဲ့ Vitamin D3 မိတ်ဆွေကြီးပဲ ဖြစ်ပါတယ်။

Vitamin D3 ဟာ ဗီတာမင် ဆိုပြီး နာမည် တပ်ထားသော်လည်း cholesterol မှ ထုတ်လုပ်ထားတဲ့ secosteroid ဖြစ်ပါတယ်။

ကျွန်မ ဒီအကြောင်းကိုလဲ ရေးထားပေးပြီးသား ဖြစ်ပါတယ်။

ရှေးဦးစွာ 25 hydroxy vitamin D ကို တိုင်းကြည့်ပါ။

ရတဲ့ အဖြေ အလိုက် Vitamin D3 5000 - 10,000IU နေ့စဉ် သောက်သင့်ပါတယ်။ (လူကြီးတွေအတွက် ပြောတာပါ)

2009 analysis of the Third National Health andNutrition Examination Survey

A 2009 study on vitamin D deficiency in newborns with acute lower respiratory infection (ALRI)

A 2007 study suggests higher vitamin D status enhances your immunity to microbial infections.

Another 2009 report in the journal Pediatric Research

များသောအားဖြင့် ပန်းနာ ရင်ကျပ် သမားတွေဟာ long term prednisone ကြောင့် အရိုးတွေလည်းပါးနေတတ်ပါတယ်

ရေရှည်မှာ သွေးပေါင်ချိန် တက်လာတတ်ပါတယ်။

ကလေးတွေမှာ ဆိုရင် ကြီးထွား သန်စွမ်းလာမှုရဲ့ အနှောက် အယှက် ဖြစ်ပါတယ်။

ကူးစက်တတ်သော ပိုးမွှားများနဲ့လဲ ပိုပြီး ​ကူးစက်တတ်ပါတယ်။ Infections, မျက်စိ တိမ်ဖြစ်ခြင်း၊ ဆီးချိုရောဂါ၊ ကိုယ်အလေးချိန် တက်ခြင်း။

ကျွန်မတို့ရဲ့ မိတ်ဆွေကြီး ဖြစ်တဲ့ Vitamin K2 ကိုပါ တွဲပြီး သောက်ရင် အရိုးတွေ အတွက်ရော၊ သွေးကြောတွေ၊ နှလုံး အတွက်ပါ ကောင်းပြီး ဖြစ်သွားပါလိမ့်မယ်။

☘️☘️Omega3 fish oil or Cod liver oil ကို မှီဝဲသင့်ပါတယ်။

လေကောင်းလေသန့် ရနိုင်မဲ့ နေရာမှာ နေပူ ခံတာလဲ ကောင်းပါတယ်။

☘️☘️လေ့ကျင့်ခန်း (လမ်းလျောက်ခြင်း) မှန်မှန် လုပ်သင့်ပါတယ်။

ကျွန်မလည်းပန်းနာ ရင်ကြပ် ရှိတဲ့ မိတ်ဆွေများကို အကြံပေးထားတာဟာလည်းအတော်လေး အဆင်ပြေနေကြပါတယ်။

ကျွန်မ ပြောနေကျ စကားလေးနဲ့ပဲ နိဂုံး ချုပ်ပါမယ်။

ကျွန်မ ပြောတိုင်း အကြွင်းမဲ့ ယုံရမယ်လို့ မဆိုလိုပါ။

အကြံကုန်လို့ တစ်ဖက် တလမ်းကနေ အခြားနည်းနဲ့ စမ်းသပ်ချင်တယ် ဆိုရင် စမ်းရအောင် ဗဟုသုတ ပေးနေခြင်းသာ ဖြစ်ပါတယ်

အဓိက ကတော့ မိမိ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်

မိတ်ဆွေများ အားလုံး ရောဂါဘေးမှ ကင်းလွတ်နိုင်ကြပါစေ။

ကိုယ်ဝန်ဆောင် မိခင် တစ်ဦး ပန်းနာ ရင်ကြပ် မသက်သာလို့ စင်ကာပူ ဆေးရုံ တက်ရသည့် အထိ ဖြစ်ပါတယ်။

အခုလည်းဆေးတွေ သောက် ရှူ လုပ်နေရပါတယ်။

ဒီ မိတ်ဆွေရဲ့ နောက်ဆက်တွဲ သတင်းလေးကို ဆက်ပြီး တင်ပြလိုက်ပါတယ်။

☘️☘️မင်္ဂလာပါ ဆရာမကြီးရှင့်

ဆရာမကြီး အကြံပေးတဲ့အတိုင်း အထူးကုကို vitamin level တိုင်းချင်ကြောင်း ပြောလို့ ခုresult ကို အထူးကု ကိုယ်တိုင်ပဲ ဖုံးဆက်ပြောပါတယ် vitamin D level 14micro gram/Lမို့ insufficient level ဖြစ်ကြောင်း ပြောပြီး သူနဲ့ ပြန်ပြဖို့ appointment date က တော်တော်ဝေးနေလို့ pharmacy တခုမှာ ၀ယ်သောက်ဖို့ ပြောပြီး ၀ယ်ရင် မိမိ pregnant ဖြစ်နေကြောင်း ပြောဖို့လဲ မှာပါတယ်။

ခုညနေပဲ pharmacy မှာ သွားဝယ်တာ အောက်ကပုံက vitamin D ပေးပါတယ်ရှင့် တနေ့တလုံး သောက်ဖို့ ပြောပါတယ်။

ဒါပေမယ့် ဆရာမကြီး post တွေမှာ ရေးလေ့ရှိတဲ့ 5000IU, 10000IU တွေ mentioned လုပ်တာမတွေ့ရဘဲ 1000IU သာတွေ့ပါတယ်ရှင့်

ကိုယ်၀န်လည်းရှိပြီး မှားမှာလည်းစိုးနေလို့ ခုပြထားတာပဲ သောက်သင့် မသောက်သင့် ကျေးဇူးပြု အကြံပေးပေးပါလားရှင့်။

ကျေးဇူး အများကြီး တင်ပါတယ်ရှင်။

ဆရာမကြီး တရားထူး တရားမြတ်များ လျှင်မြန်စွာ ရရှိပါစေ”

☘️ဖြေ

ကိုယ်ဝန်လဲ ရှိ၊ ပန်းနာ ရင်ကြပ်ကလဲ မသက်သာ ဆိုတော့ တော်တော်လေး အနေရ ခက်မှာ ဖြစ်ပါတယ်။

ပိုဆိုးတာက Vitamin D3 level က 14 ပါ တဲ့။

အင်မတန်ကို နည်းနေတာ ဖြစ်ပါတယ်။

အမှန်ဆိုရင် Vitamin D3 သောက်ဖို့ဟာ ဆရာဝန်ကို နောက်ထပ် သွားတွေ့စရာ အကြောင်း မရှိဖူးလို့ ထင်ပါတယ်။

ဒီလူနာဟာ တစ်နေ့ 10,000IU နဲ့ K2 တွဲသောက်ရမှာ ဖြစ်ပါတယ်။ သောက်ပြီး ၂ လ ၃ လ လောက် ကြာရင် သွေး ပြန်ဖောက်ကြည့်ရမှာ ဖြစ်ပါတယ်။

40ng/ml အထက် ရှိမယ် ဆိုရင်တော့ 5000IU ပြန် လျော့ချ လို့ ရပါတယ်။

1000IU သောက်နေရင် တော်ရုံနဲ့ ပြန်ပြည့်လာမယ် မထင်ပါ။

D3 level ကောင်းလာတာနဲ့ အမျှ ရင်ကြပ်တာ သက်သာလာတာကို သတိပြုမိပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ D3 ဟာ secosteroid ဖြစ်နေလို့ပါပဲ။

နောက် အရေးကြီးတဲ့ အချက် တစ်ခုကလည်းD3 အလွန် နည်းနေရင် သန္ဓေသား အတွက်လည်း မကောင်းပါ။

မွေးလာရင် ကလေးလဲ D3 level နည်းပြီး ချူချာနေမှာ ဖြစ်ပါတယ်။

ပန်းနာရင်ကြပ် ဖြစ်ဖို့ လမ်း ပိုများသွားနိုင်ပါတယ်။

Autism risk လည်းတက်သွားနိုင်ပါတယ် တဲ့ ။

အကောင်းဆုံးကတော့ ကျန်းမာရေး ဗဟုသုတတွေနဲ့ ပြည့်စုံအောင် လုပ်ထားပြီး မိမိကိုယ်ကို
စောင့်ရှောက်သွားကြရုံပဲ ဖြစ်ပါတယ်။
*လေးစားစွာဖြင့်-
To A Better Health
#ပန်းနာရင်ကြပ်ရောဂါ

🌟🌟Magnesium Malate      Magnesium malate မှာ မက်ဂနီဆီယမ် နှင့် malic acid ပါဝင်ပြီး ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်တ...
07/03/2026

🌟🌟Magnesium Malate

Magnesium malate မှာ မက်ဂနီဆီယမ် နှင့် malic acid ပါဝင်ပြီး ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်တယ် အရိုးအဆစ်နာကျင်ခြင်းတွေအတွက် သုံးကြတယ် အိပ်ယာထ ခြေဖဝါးနာကျင်တာ တော်ရုံ ဒူးနာတာတွေ အတွက်သုံးကြတယ်
လူကြိုက်များသော သတ္တုဓာတ်ဖြည့်စွက်ဆေးတစ်မျိုးဖြစ်ပြီး စုပ်ယူမှုမြင့်မားပြီး စွမ်းအင်ထုတ်လုပ်မှု၊ ကြွက်သားလုပ်ဆောင်ချက်ကို ပံ့ပိုးပေးခြင်း၊ မောပန်းနွမ်းနယ်မှုကို လျှော့ချခြင်း၊ ကြွက်တက်ခြင်းကို သက်သာစေခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ စိတ်ခံစားချက်နှင့် သွေးတွင်းသကြားဓာတ်တို့ကို အထောက်အကူပြုနိုင်သည်

စိတ်ခံစားချက်ကို ထောက်ပံ့ပေးနိုင်ပြီး စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်း၏ လက္ခဏာများကို လျှော့ချပေးနိုင်ပါတယ်
ပရိုတင်းထုတ်လုပ်မှု၊ သွေးပေါင်ချိန်ထိန်းညှိမှု၊ သွေးတွင်းဂလူးကို့စ်ထိန်းချုပ်မှုနှင့် အခြားအရာများအပါအဝင် ဇီဝဗေဒဆိုင်ရာတုံ့ပြန်မှု ၃၀၀ ကျော်ကို ပံ့ပိုးပေးသည့် မဂ္ဂနီဆီယမ်ဓာတ်ပါ၀င်သော ဖြည့်စွက်စာဖြစ်သည်။
Magnesium malate ကလာပ်စည်း စွမ်းအင်အတွက် အလွန်ကောင်းပါသည် ( energy )
အားကစားလုပ်သည့်လူများနှင့် အလွန်သင့်တော်ပါတယ်။

Magnesium သတ္တုဓာတ် နည်းနေရင် တွေ့ရလေ့ရှိသည့် လက္ခဏာများ

၁.ခြေသလုံး ကြွက်တက်/ ကြွက်သားတွေ တောင့်တင်းနေခြင်း
၂ နွမ်းလျပြီး ခွန်အားတွေ ဆုတ်ယုတ်နေခြင်း
၃.အရိုးတွေ ချိနဲ့နေခြင်း
၄.အိပ်ပျော်ဖို့ ခက်ခဲခြင်း
၅.ဝမ်းချုပ်ခြင်း
၆.ခေါင်းကိုက်ခြင်း
၇မျက်ခွန် လှုပ်ခြင်း
၈.စိတ်ပူ စိတ်စော စိတ်ဆတ်နေတတ်ခြင်း
၈.အချို့ဆေးများဟာလည်း Magnesium လျော့နည်းစေသည်။
ဥပမာအချို့ ——
Acid blockers/ Antacids
၉.နှလုံးခုန် မမှန်ခြင်း (Arrhythmias)
၁၀.ကိုယ်ဝန်ဆိပ်တက်ခြင်း/ လ မစေ့သေးဘဲ မွေးခြင်း နဲ့လဲ ဆက်စပ်နေတတ်ပါတယ်။

၁၁.အရေးကြီးနဲ့ နောက်တစ်ချက်ကတော့ Vitamin D3 မှန်မှန် သောက်ပြီး တွဲဖက် Magnesium ပါ မသောက်ရင် Magnesium ဓာတ် ချို့တဲ့နေတတ်ပါတယ်”
Vitamin D3 ဟာ အလုပ်လုပ်နိုင်ဖို့ Magnesiumကို အသုံးချရပါတယ်။ ပြန် ဖြည့်မပေးနိုင်ရင် Magnesiumဓာတ် လျော့နည်းလာတတ်ပါတယ်။

လိုအပ်နေတဲ့ Magnesium ကို ပြန်ဖြည့်ပေးဖို့ ကျတော့
အစားအသောက်ကဆိုရင် Magnesium rich food ကတော့ Almond ဖြစ်ပါတယ်။
1 oz of Almond= 71mg Magnesium
6 အောင်စ စားမှ လိုအပ်သည့် ပမာဏကို ရနိုင်မှာ ဖြစ်ပါ

Magnesium ဟာ ခန္ဓာကိုယ်ဇီဝဓာတုဖြစ်စဉ် အမျိုးပေါင်း ၃၀၀ ကျော်မှာ မရှိ မဖြစ်ပါ။

06/03/2026

📌Leaky Gut ( အူနံရံယိုစိမ့်ခြင်း)📌

ဥယျာဉ်မှူးတွေ လုပ်ကြရအောင် (အပိုင်း ၃)

အူလမ်းကြောင်း ကျန်းမာရေး အခြေအနေကို ဘယ်လို ချိန်ဆကြည့်လို့ ရနိုင်ပါသလဲ?

၁။ ဘဝ တလျှောက်မှာ ပိုးသတ်ဆေးတွေ သောက်ခဲ့ဘူးပါသလား?
လူတိုင်းလိုလိုပြေးမလွတ်ပါ။ အနည်းနှင့် အများသာ ကွာခြားပါလိမ့်မယ်။

၂။ စီးပွားဖြစ် မွေးမြူရေးခြံမှ အသားမျိုးစုံ / နွားနို့ စသည်ကို စားသောက်ခဲ့ပါသလား?
မွေးမြူရေးခြံတွေမှာ တိရစ္ဆာန်တွေကို ပိုးသတ်ဆေးတွေ ကျွေးလေ့ရှိပါတယ်။ ကြက်နာ ဝက်နာ စသည်ဖြင့် မကျအောင်ပါ။
လူအများစုအကြုံးဝင်နေပြန်ပါတယ်။

၃။ စိတ်ဖိစီးမှုတွေ များနေတတ်ပါသလား?
ခေတ်မီတိုးတက်နေတဲ့ခေတ်မှာ လူအများစုဟာ စိတ်ဖိစီးမှု မျိုးစုံနှင့်ပါနော်။
ဒါကလည်းပြေးလို့မလွတ်နိုင်ပြန်ပါ။

၄။ ကိုယ်အလေးချိန်များနေပြီး ဘယ်လိုပဲ ကြိုးစားနေစေကာမူ အောင်မြင်မှု မရှိ ဖြစ်နေပါသလား?
လူအတော်များများမှာ ကိုယ်အလေးချိန်များနေတဲ့ ပြဿနာ ရှိပါတယ်။
ကြိုးစားပေမဲ့ ခေတ္တသာရပြီး နောက်ဆုံးမှာ လက်မြှောက် အရှုံးပေးသွားသူတွေက များလာပါတယ်။

၅။ Junk Food or Unhealthy Food or သွားရေစာ မျိုးစုံ (အချိုမုန့်မျိုးစုံ) ကို စားချင်စိတ် အာသာ ထက်သန်နေတတ်ပါသလား?
ဘယ်သူက စားချင်အောင်တိုက်တွန်းနေသလဲဆိုရင် အူလမ်းကြောင်းမှာ ရှိတဲ့ ဥပါဒ်ပေးနိုင်တဲ့ ပိုးတွေပါပဲ။
သူတို့တွေက ဦးနှောက်ကိုအချက်ပေးတဲ့ Neuro-chemicals တွေ ထုတ်လုပ်နိုင်တယ်လေ။
ဆီကြော်တွေ/အချိုမျိုးစုံ/ပေါင်မုန့်/ခေါက်ဆွဲ
ဥပါဒ်ပေးမဲ့ပိုးတွေက သကြား/ကစီဓာတ် စသည်နှင့် ရှင်သန်ကြီးထွားကြရတယ်။
အကျိုးပြုပိုးတွေက ဟင်းရွက်ဟင်းသီးအမျှင်ဓာတ်တွေနှင့် ကြီးထွားကြတယ်။ အချိုတွေ စားချင်စိတ် ဖြစ်လာတယ်ဆိုတာ ဥပါဒ်ပိုးတွေက ဦးနှောက်ကနေတဆင့် သတင်းပို့ပြီး အချိုတွေ စားချင်လာအောင် တောင်းဆိုနေကြတာပါတဲ့။
ခန္ဓာကိုယ်ရဲ့ဆောင်ရွက်ချက်တွေကို သိလာကြတာပေါ့နော်။
အူလမ်းကြောင်းက ဥပါဒ်ပိုးတွေက ဦးနှောက်ကိုပေးသိနေတာ ဖြစ်ပါတယ်။
Gut Brain Connection ပါပဲ။

၆။ ဂျုံ/ ပြောင်းဖူး/ ထမင်း စားပါသလား?
လူတိုင်းစားပါတယ်။ အနည်းနှင့် အများပဲ ကွာပါတယ်။
GMO Grains တွေဟာများသောအားဖြင့် ပေါင်းသတ်ဆေးတွေနှင့် လိမ်းကျံ နေတတ်လို့ပါတဲ့။
ပေါင်းသတ်ဆေးဟာ အူလမ်းကြောင်းပိုးတွေရဲ့ ဟန်ချက် ပျက်ပြားစေတတ်တာမို့ပါ။
နောက်ပြဿနာတစ်မျိုးကတော့ အူလမ်းကြောင်းနံရံ သိပ်သိပ်သည်းသည်း ရှိမှု/အူလမ်းကြောင်း ကလာပ်စည်း ကွင်းဆက်နေရာတွေ အလုံပိတ်မှုကို ပေါင်းသတ်ဆေးက ပျက်စီးစေပါတယ်တဲ့။
အူနံရံယိုစိမ့်မှုကိစ္စ စတင်ပြီ ဖြစ်ပါတယ်။ Leaky Gut ပါ။
Autoimmune ရောဂါတွေရဲ့ရှေ့ပြေး ပါပဲ။

၇။ Artificial Sweeteners သကြားအတု တွေ သုံးနေပါသလား
အူလမ်းကြောင်းပိုးတွေအတွက် ပြဿနာတက်တတ်ပါတယ်။

မေးခွန်းတွေကို ဖတ်ကြည့်တဲ့အခါ ဘယ်သူမှ ပြေးမလွတ်ပါ။
သဘောကျမိပါတယ်။ ကျွန်မတို့တတွေ ကျင်လည်နေကြရတဲ့ခေတ်ပါ။
လူအများစုအကြုံးဝင်နေပါတယ်။

အစားအသောက်က အဓိက ဖြစ်ပါတယ်။
အစားအသောက်က မစားလို့လည်းမဖြစ်နိုင်ပါ။
စားတဲ့အခါမှာအတော်လေးကို ရွေးပြီး စားရမှာ ဖြစ်ပါတယ်။
တတ်နိုင်သမျှပေါ့။
ထောင့်စေ့တော့ရနိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။

ခေတ်နှင့်အညီ ဖြစ်နေကြတဲ့ ရောဂါတွေ လက်တွဲ လိုက်လာကြပြီ ဖြစ်ပါတယ်။
Autoimmune ရောဂါမျိုးစုံပါပဲ။
ကလေးလူကြီး မကျန်ပါ။
နာမည်အဆန်းမျိုးစုံနှင့်အတူရောဂါလက္ခဏာတွေဟာလည်း ဆန်းကျယ်လှပါတယ်။

Leaky Gut လို့ခေါ်တဲ့ အူနံရံ ယိုစိမ့်မှုကို ဆက်ပြီး တင်ပြပေးပါမယ်။
မကြာခဏလည်းပြောပြခဲ့ပြီးပါပြီ။ ခုထိ မေးနေကြတုန်းပါပဲ။

---

ဥယျာဉ်မှူးတွေ လုပ်ကြရအောင် (အပိုင်း ၄)

အူနံရံ ယိုစိမ့်မှုဆိုတာ ဘာပါလဲ?
အူလမ်းကြောင်းနံရံနှင့် အူနံရံကလာပ်စည်းတွေ ကွင်းဆက်နေရာ ကွာဟမှုကြောင့် လုံခြုံမှု မရှိတော့တဲ့ အခြေအနေတစ်ရပ်ကို ဆိုလိုပါတယ်။

အကာအရံ မလုံခြုံတော့ဘူး/ စေ့နေတဲ့ ကလာပ်စည်းတွေရဲ့ ကွင်းဆက် ကွာဟမှုတွေကြောင့် အူလမ်းကြောင်းမှာ ရှိနေတဲ့ မကြေမညက် သေးတဲ့ အစားအစာတွေ၊ အဆိပ်တွေ၊ ဥပါဒ်ပေးပိုးတွေဟာ ထွက်ပေါက်ရလာပြီ ဖြစ်ပါတယ်။

ထွက်လာတဲ့ အဆိပ်မျိုးစုံနှင့် အတူ ပိုးမွှားတွေဟာ သွေးထဲကနေ တဆင့် ခန္ဓာကိုယ် တစ်ကိုယ်လုံးမှာ အန္တရာယ် ပေးပါတော့တယ်။

အူနံရံယိုစိမ့်မှုဟာ ဘာကြောင့် သတိထားရမဲ့ အလွန် အရေးကြီးတဲ့ အခြင်းအရာ ဖြစ်တာပါလဲ?
ခန္ဓာကိုယ်ရောင်ရမ်းခြင်းရဲ့ အစ ဖြစ်နေလို့ပါ။
တစ်ကိုယ်လုံးအကြုံးဝင်နေပါတယ်။

အူလမ်းကြောင်း ရောင်ရမ်းပြီဆိုရင်လည်း အူလမ်းကြောင်းဆိုင်ရာ ရောဂါ မျိုးစုံ ဝင်လာပါပြီ။
နာမည်မျိုးစုံ တပ်ပြီး ခေါ်ကြတော့တာပါပဲ။
Ulcerative Colitis/ Crohn’s Disease IBS စသည်ဖြင့်ပေါ့။
ယခုခေတ်မှာအလွန်များပြားလာနေပါတယ်။
နေရာအလိုက်ပါပဲ။
Autoimmune ရောဂါတွေရဲ့အစ ဖြစ်နေလို့ပါ။

ကင်ဆာရောဂါ အပါအဝင် နာတာရှည်ရောဂါ အတော်များများရဲ့အခြေခံ ဖြစ်နေပါတယ်။
ကုစားလို့လည်းအတော်ခက်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။
ဆေးကုရင်သက်သာလာလိုက် ပြန်ဖြစ်လိုက်နဲ့ များသောအားဖြင့် ရောဂါ စက်ဝိုင်းထဲမှာ လည်နေကြပါတယ်။

ခန္ဓာကိုယ် ခုခံအားစစ်တပ်ကလည်း အူလမ်းကြောင်းထဲမှာ ရှိနေတယ်ဆိုတော့ ပြဿနာ တက်ပြီ ဖြစ်ပါတယ်။
မလိုအပ်တဲ့ပိုးတွေ မကျေညက်သေးတဲ့အစာတွေဟာ သွေးထဲရောက်ပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစစ်တပ်က ပြင်ပရန်သူထင်ပြီး စစ်ပွဲ စပါတော့တယ်။

ပြဿနာက အူလမ်းကြောင်းနှင့်တင် မရပ်တော့ဘဲ တစ်ကိုယ်လုံး နေရာအနှံ့ မှာ ရောင်ရမ်းပြီး ရောဂါမျိုးစုံရဲ့ အစ ဖြစ်ပါတော့တယ်။

အဆစ်တွေ ရောင်တာ
Thyroid Gland ကိုဖျက်စီးပစ်တာ
ကျောက်ကပ်/ အသည်း/ မုန့်ချိုအိပ် စသည်ဖြင့် နေရာမျိုးစုံမှာ ရောဂါမျိုးစုံ ဖြစ်ပါတော့တယ်။

အူနံရံ ယိုစိမ့်မှုကို ဘယ်လို သိနိုင်မှာပါလဲ?
အူလမ်းကြောင်းလုပ်ဆောင်မှုတွေ ဖောက်ပြန်တဲ့အခါ သိသာမြင်သာတဲ့ ရောဂါလက္ခဏာတွေ/ ခံစားချက်တွေ/ အခြေအနေ အရပ်တွေဟာ ရှိနေပါတယ်။

၁။ အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး အူရောင်နေတယ် စသည်ဖြင့် ရောဂါနာမည်မျိုးစုံ အတပ်ခံထားရပါသလား။

၂။ အင်အားတွေ ယုတ်လျော့ပြီး နွမ်းလျ မောပန်းနေတတ်ပါသလား?

၃။ အဆစ်တွေ/ ကြွက်သားတွေ ရောင်ရမ်းနာကျင် နေတတ်ပါသလား?

၄။ မကြာခဏ ဝမ်းချုပ်တတ်ပါသလား?
ပုံမှန်အားဖြင့်တစ်နေ့ကို အနည်းဆုံးတစ်ခါတော့ သွားသင့်ပါတယ်။

၅။ ဝမ်းလျော/ ဝမ်းချုပ်/လေတွေထ/ဗိုက်ကယ်နေ/လေချဉ်တွေတက်/လေအန် ဖြစ်နေတတ်ပါသလား?

၆။ ဦးခေါင်း မကြည်မလင်နဲ့ ထွေနေတတ်/ မေ့လျော့တတ်/အာရုံပေါ် စူးစိုက်မှု မရှိနိုင်/ ကာလ ရှည်ကြာစွာ ခေါင်းကိုက်/စိတ်ဓာတ်ကျဆင်း/စိတ်လှုပ်ရှားနေတတ်ပါသလား?

၇။ Autoimmune ရောဂါတွေ ရှိနေပါသလား
Thyroid နဲ့သက်ဆိုင်တဲ့Autoimmune ရောဂါ/ လေးဖက်နာ/သွေးလေးဖက်နာ/ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ Autoimmune ရောဂါများ
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဆီးချိုရောဂါ ဖြစ်နေပါသလား?

၈။ ကိုယ်နှင့် မတဲ့တဲ့ အစားအသောက်တွေ/ အဆင်မပြေတဲ့ အစားအစာတွေ အတော်များများ ရှိနေပါသလား?

၉။ အရေပြားပြဿနာတွေ ရှိနေပါသလား?
ဝဲနှင်းခူ/အဖုအပိန့်တွေ ထနေတတ်ပါသလား/ နီပြီးယားနေတတ်ပါသလား/ အရေခွံတွေ ကွာနေပါသလား

၁၀။ ကိုယ်အလေးချိန် များနေပါသလား?
Weight လျော့ဖို့အခက်အခဲ ဖြစ်နေပါသလား?

ဒီ အခြေအနေတွေ ရှိနေတယ် ဆိုရင် အစာလမ်းကြောင်းကို ပြန်လည်ပြုပြင် ထိန်းသိမ်းပေးဖို့ လိုအပ်လာပါပြီ။

ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာသော လူတွေဟာ အနည်းနှင့်အများ အစာလမ်းကြောင်း ပြဿနာ ရှိကြပါတယ်။

အူလမ်းကြောင်း နေမကောင်းဖြစ်နေရင် ကျန်းမာ ချမ်းသာခြင်းဟူသော လာဘ်လာဘနဲ့ ပြည့်စုံဖို့ ခဲယဉ်းပါလိမ့်မယ်။

ကျန်းမာချမ်းသာချင်တယ်ဆိုရင် အူလမ်းကြောင်းကို ကျန်းမာအောင် ကြိုးစားပါ။

Credit To A Better Health

05/03/2026

❤️ဆရာမကြီး ပြောပြသည့် အစာအိမ် အူလမ်းကြောင်း အကြောင်း သိကောင်းစရာ - အပိုင်း ၁ -၂

☘️ဥယျာဉ်မှူးတွေ လုပ်ကြရအောင် (အပိုင်း ၁)

ဥယျာဉ်နှင့် အူလမ်းကြောင်း တူပါတယ်။

ဥယျာဉ်ဟာ ယုယမှုတွေ လိုသလို အမြဲပြုပြင် ထိန်းသိမ်းဖို့လည်း လိုပါတယ်။
ဂရုတစိုက်နှင့်ပြုပြင်မှု မရှိဘူးဆိုရင် မြက်ရိုင်းတွေ/ ပေါင်းပင်တွေ ဖရိုဖရဲနဲ့ ပေါက်လာ/ ခြောက်သွေ့ပြီး လှပမှုတွေ ဆိတ်သုဉ်းကုန်နိုင်ပါတယ်။

အူလမ်းကြောင်းမှာ ရှိတဲ့ ပိုးမွှားတွေဟာ အလွန် အရေးကြီးပါတယ်။
ဒီပိုးမွှား အုပ်စုက ထိန်းထားပေးနေတာတွေကတော့ -
၁။စိတ်ခံစားချက်တွေ (Mood လို့ ခေါ်မယ် ထင်ပါတယ်)
၂။အစားအသောက်တွေကို တပ်မက်စွဲလမ်းနေခြင်း (Craving)
၃။ခန္ဓာကိုယ် ခုခံအား စစ်တပ် သန်စွမ်းနေရေး (Immunity)
၄။ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေ ဖြစ်ပါတယ်။ (Brain Function)

သုတေသန စာတမ်းတွေအရ ဆိုရင် အူလမ်းကြောင်းထဲမှာ ရှိနေတဲ့ ပိုးမွှားများရဲ့ ကျန်းမာနေရေးနဲ့ ပိုးမျိုးပေါင်းစုံအောင် ရှိနေရေး (Biodiversity) တို့ဟာ ခန္ဓာကိုယ်ကြီး ကျန်းမာနေစေဖို့အတွက် အရေးပါလှပါတယ်။

အူလမ်းကြောင်းတွင်းရှိ ပိုးများကို ဥယျာဉ်နှင့် တင်စားပြီး ပြောလေ့ ရှိပါတယ်။
သာယာလှပနေတဲ့ဥယျာဉ် တစ်ခု ဖြစ်လာဖို့ဆိုတာ Tender Loving Care (TLC) လိုပါတယ်။
ဥယျာဉ်ဆိုတာအရောင်မျိုးစုံနှင့် တောက်ပနေတဲ့ အသီးအနှံပင် တွေ စားပင် တွေ ပန်းပင်တွေနှင့် စုံလင် နေရပါတယ်။
လှပနေဖို့ဆိုတာဟာလည်း ကြိုးကြိုးစားစားနှင့် ပြုပြင်ပေးနေရတာ ဖြစ်ပါတယ်။
ပေါင်းပင်တွေ မြက်ရိုင်းတွေကို နှုတ်/ ရေမှန်မှန်လောင်းပေး/ နေအပူရှိန် ကောင်းမွန်စွာလဲရ/ အမှိုက်တွေ ကောက်ပစ် စသည်ဖြင့် အလုပ်မျိုးစုံကို ဂရုတစိုက် ကြည့်နေရပြီး ထိန်းသိမ်း စောင့်ရှောက်မှု လိုပါတယ်။

အူလမ်းကြောင်း ကျန်းမာရေးကလည်း ထိုနည်းတူစွာပါပဲ။
သတိထားပြီးဂရုတစိုက်နှင့် ပြုပြင်ပေးဖို့ လိုပါတယ်။

အူလမ်းကြောင်းမှာ Bacteria ပိုးတွေဟာ Trillion နှင့် ချီပြီး ရှိပါသတဲ့။
ဆေးပညာအခေါ်အဝေါ်နှင့်ဆိုရင် သူတို့ရဲ့ ကမ္ဘာလေးကို Microbiome လို့ ခေါ်ပါတယ်။
ဥယျာဉ်လိုပါပဲ၊ ဒီပိုးမွှား အစုအဝေး အုပ်စုကြီးကိုလည်း ဂရုတစိုက် ပြုပြင်ပေးနေဖို့ လိုပါတယ်။

၁။ ကောင်းသော အစားအစာကို ကျွေးပေးရပါတယ်။ Probiotics တွေပေါ့။
၂။ မြေဩဇာလည်း ထည့်ပေးရပါတယ်။ Probiotics တွေရဲ့ အစာဖြစ်တဲ့ Prebiotics
၃။ ပံ့ပိုးပေးရပါတယ် (ပေါင်းပင်တွေကို နှုတ်ပစ်ရသလို အူလမ်းကြောင်းရှိ အဆိပ်အတောက်တွေကို ရှင်းပေးရပါတယ်)

ဂရုတစိုက်နှင့် ပံ့ပိုးမှု မရှိရင် အူလမ်းကြောင်းမှာ ရှိနေတဲ့ ပိုးမွှားတွေရဲ့ ဟန်ချက်ပျက်ပြားမှု စတင်ပါတော့တယ်။
A process known as Dysbiosis.

အစာလမ်းကြောင်းဟာ အစာချေဖို့/ အာဟာရတွေကို စုတ်ယူဖို့ အညစ်အကြေးစွန့်ဖို့ အတွက်တင် မကပါဘူး။
တစ်ကိုယ်လုံး ကျန်းမာရေးနှင့်ပါ သက်ဆိုင်နေပါတယ်။

Processed Foods or Junk Foods တွေ များလာတာနှင့် အမျှ လူတွေရဲ့ စိတ်ခံစားချက်တွေကလည်း အတော်လေး သိသိသာသာ ပြောင်းလဲမှုတွေ ရှိလာတာကို တွေ့နေရပါတယ်။
Mood Swings တွေ သိပ်များလာတယ်။
စိတ်ခံစားချက်မျိုးစုံပါပဲ။ စိတ်တည်ငြိမ်မှု မရှိလှပါ။
Irritable ဖြစ်နေကြတယ်။ စိတ်ဆတ်/ စိတ်တို/ တော်ရုံကိုလည်း သည်းမခံနိုင်ကြတော့ပါဘူး။

အူနံရံ ယိုစိမ့်မှုတွေ/ သူ့နောက်ဆက်တွဲ ရောဂါမျိုးစုံလည်း များလာတယ်။
Autoimmune ရောဂါတွေဟာ နာမည်မျိုးစုံနှင့် ပိုများလာနေပါတယ်။
ကလေးတွေလည်း ချမ်းသာမပေးပါ။
ခုခံအားမကောင်းသူတွေလည်း များလာနေပါတယ်။
ကမ္ဘာကပ်ရောဂါကာလမှာ သိသာလှပါတယ်။

ဆက်ပါဦးမည်။

---

☘️ဥယျာဉ်မှူးတွေ လုပ်ကြရအောင် (အပိုင်း ၂)

"အူကျန်းမာမှ လူကျန်းမာမယ်"

အူလမ်းကြောင်းဟာ နာဗ်ကြောတွေ / သတင်းပို့ပေးတဲ့ ဌာနတွေ အလွန်များလှတာကြောင့် ဒုတိယ ဦးနှောက်လို့လည်း ခေါ်စမှတ် ပြုကြပါတယ်။
အူလမ်းကြောင်းမှာရှိတဲ့ Bacteria တွေဟာ Neurochemicals လို့ခေါ်တဲ့ နာဗ်ကြောတွေကနေတဆင့် သတင်းပို့ပေးတဲ့ ဓာတ်တွေလည်း ထုတ်ပါတယ်။
သတင်းပို့ပေးတဲ့ အချက်အလက်အတိုင်း ဦးနှောက်က အခြေခံ ဇီဝဖြစ်စဉ်မျိုးစုံ သာမက စိတ်ပိုင်းဆိုင်ရာ အတွက်ပါ ထိန်းချုပ် ညှိပေးနေတာ ဖြစ်ပါတယ်။
အမှတ်ရနေစေတဲ့ Memory
စိတ်ခံစားချက်များ Mood
သင်ယူလေ့လာခြင်း Learning

စိတ်ခံစားချက်များ နှင့် အူလမ်းကြောင်း လှုပ်ရှားမှုတွေရဲ့ သော့ချက်တစ်မျိုးဖြစ်တဲ့ ဟော်မုန်းဓာတ် တစ်မျိုး Serotonin ၉၅% ကို အူလမ်းကြောင်းမှ ထုတ်လုပ်ပါသတဲ့။
Serotonin ဓာတ်လျော့နည်းသွားတာနှင့် အမျှ ဝမ်းလည်း ချုပ်တတ်ပါတယ်။

စိတ်ရောဂါ ဖြစ်နေသူ အများစုဟာ ဝမ်းချုပ်လေ့ ရှိရုံမက စိတ်ခံစားချက် စိတ်လှုပ်ရှားမှုတွေဟာလည်း အမျိုးမျိုးအဖုံဖုံပါပဲ။
သဘောပေါက်ကြလိမ့်မယ်လို့ထင်ပါတယ်နော်။
ဒါကြောင့်ဥယျာဉ်မှူးလုပ်ကြပါလို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

အူလမ်းကြောင်း ကျန်းမာရေးဟာ -
စိတ်ခံစားချက်တွေ
အစားအသောက်ကိုမကြာခဏ တောင့်တနေတတ်တာတွေ
စိတ်တိုစိတ်ဆတ် စိတ်လှုပ်ရှားမှုတွေ
ဦးနှောက်ကျန်းမာရေး
ဟော်မုန်းဓာတ်ထိန်းချုပ်မှု
ခန္ဓာကိုယ်ခုခံအား စစ်တပ် စသည်ဖြင့်ပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေတယ်နော်။
၈၀% လောက်သော ခုခံအားစစ်တပ်ဟာ အူလမ်းကြောင်းမှာ ရှိနေပါတယ်။

အူကျန်းမာမှ လူကျန်းမာပါမယ်။
ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးတဲ့။
(မြန်မာစကားပုံတွေက မှန်တယ်နော်)

04/03/2026

☘️☘️CoQ10 အကြောင်း သိကောင်း စရာ

ခန္ဓာကိုယ် ကလာပ်စည်း တိုင်း တွင် ပါ ဝင် နေ ပါ သည်။
ခန္ဓာကိုယ် ထဲ တွင် လဲ ထုတ် လုပ် ပါ တယ်။

အစား အသောက် ထဲ မှာ လည်း ပါ ပါ တယ်။
သို့ ပါ သော် လည်း အစားအသောက် ထဲ မှာ ပါဝင် တဲ့ ပမာဏ က မလုံလောက် ပါ။
10 mg a day လောက်သာ ရ နိုင် တာ ဖြစ် ပါ တယ်။

CoQ10 အများဆုံး ပါတာ တွေ က တော့ အမဲအသည်း၊ ဝက်သား၊ ငါး သေတ္တာ၊ salmon, broccoli, spinach and nuts ဖြစ် ပါ တယ်။

ခန္ဓာကိုယ် ထဲ တွင်လဲ ထုတ် လုပ် ပါ တယ်။

ကုန်ကြမ်း က တော့ ပရိုတင်း ဓာတ် ဖြစ် တဲ့ amino acid Tyrosine
ဗီတာ မင် များ
အခြား သတ္တု ဓာတ် များ ဖြစ် ပါတယ်။

ဗီ တာ မင်ဓာတ် အား နည်း နေ သူ များ၊ ပရို တင်း ဓာတ် နည်း နေ သူ များ ဟာ ကုန်ကြမ်း ပြဿနာ ရှိ တာ မို့ CoQ10 ကို လုံလုံ လောက် လောက် မ ထုတ် နိုင် ပါ။

CoQ10 နည်း သွား တာ နှင့် အမျှ ကလာပ်စည်း တွေ အလုပ် မလုပ် နိုင် တော့ ပါ။

ကျန်းမာ ရေး ထိ ခိုက် ပြီ ဖြစ် ပါ တယ်။

အသုံးဝင် ပုံ များ မှာ

၁. ကလာပ်စည်း တွေ ထဲ မှာ စွမ်းအင် ထုတ် သည့် အခါ ၊ ကူ ဖော် လောက် ဖက် အနေ နဲ့ပါ ဝင် ပါ တယ်

၂. သူ ကိုယ် တိုင် က လဲ antioxidant ဖြစ် ပါ တယ်။

၃. ကလာပ်စည်း ၏ နံရံ ဖြစ် တဲ့ အဆီ ကို လည်း oxidation ဖြစ် ခြင်း မှ ကာ ကွယ် ပေး ပါ တယ်။

၄. LDL ကို လဲ၊ oxidized မ ဖြစ် သွား ရ အောင် ကာ ကွယ် ပေး ပါ တယ်။ ( VLDL မ ဖြစ် သွား ရ အောင်)

၅ စွမ်းအင် ထုတ် လုပ် သည့် စက်ရုံ mitochondria ကို လည်း ကာ ကွယ် ပေး ပါ တယ်။

၆. ကလာပ်စည်း စွမ်းအင် ထုတ် လုပ် ရာ မှာ အရေး ပါ တဲ့ ဓာတ် ဖြစ် ပါ တယ်။

CoQ10 ဟာ VitaminE ( Unique E ) နဲ့ တွဲ လိုက် မယ် ဆိုရင် သွေး ထဲ မှာ ရှိ တဲ့ LDL cholesterol ကို ဥပါဒ် ပေး တတ် တဲ့ VLDL ဖြစ် ခြင်း မှ ကာ ကွယ် ပေး တတ် ပါ တယ်။

နောက် တစ် မျိုး ပြော ပြ ရ မယ် ဆို ရင် LDL cholesterol ကို oxidized
မ ဖြစ် သွား ရ အောင် CoQ10 က ကာ ကွယ် ပေး ပါ တယ်။
ဒီ အချက် ဟာ LDL cholesterolများ နေ သူ များ အတွက် အလွန် အရေး
ကြီး သည့် အချက် ဖြစ် ပါ တယ်။

CoQ10 ဟာ နှလုံး ၊ ဥဏှောက်၊ ကြွက်သား များ အတွက် မရှိ မဖြစ်
သော ဓာတ် ဖြစ် ပါ တယ်။

သောက် သင့် သော ပမာဏ ——

❤️ နှလုံးရောဂါ ကာကွယ် ရေး ၊ သွားဖုန်း ရောဂါကာ ကွယ် ရေး၊ cholesterol ချ ဆေး သောက် နေ သူ များ အတွက် 90—120mg daily.

❤️ နှလုံး ရောဂါ ကြောင့် ရင် ဘတ် အောင့် ခြင်း၊ နှလုံးခုန် မမှန် ခြင်း၊ ေ
သွးတိုး ရောဂါ၊ သွား ဖုန်း ရောဂါ အတော် ဖြစ် နေ သူ များ အတွက် ——120. — 240 mg daily.

❤️ Congestive heart failure ၊ နှလုံး ကြီး ပြီး နှလုံး အား မ ကောင်း
သူ တွေ အတွက် ——240 — 450 mg daily

❤️ ခန္ဓာကိုယ် ခုခံ အား အလွန် ဆုတ်ယုတ် နေ သူ များ၊ ကင်ဆာ လူ နာ များ၊ ပမာဏ များများ သောက် ရင် သင့် တော် ပါ တယ်

ထွေးကိုယ်တိုင်သုံးစွဲနေပြီးနှလုံးအတွက်အရမ်းကောင်းတဲ့ဖြည့်စွက်ဆေးပါ နှလုံးခုန်မြန်တာ ရင်တုန်တာသက်သာပါတယ်ရှင့် ခေါင်းကိုက်တာအတွက်လဲ ကောင်းပါတယ်

💥💥COQ10

♥️ကျွန်မတို့ရဲ့ နှလုံးဟာ သေမှသာ ရပ်တဲ့ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပေးနေတဲ့ စွမ်းအင်ထုတ် စက်ရုံကြီးပါ

♥️နှလုံးအတွက်အရေးကြီးတဲ့မရှိမဖြစ်ကတော့ COQ10 ပါ
COQ10 နည်းရင် နှလုံးကိုအားနည်းစေပြီး စွမ်းအင်တွေ ကျလာမှာပါ
လူတွေအိုမင်းစေတဲ့အကြောင်းတစ်ခုပါ။

♥️နှလုံးအတွက်တင်သာမက
- ဦးနှောက်နဲ့အာရုံကြော
ကလပ်စည်းစွမ်းအင်အတွက်ပါ မရှိမဖြစ်ပါရှင့်

💊သောက်သင့်သူများ
============
- နုပျိုလန်းဆန်းချင်သူများ
-နာတာရှည်ရောဂါသည်များ( ကင်ဆာ၊ ဆီးချို၊ autoimmune ရောဂါသည်များ၊ အသည်းရောင် ဘီပိုးစီပိုး ရထားသူများ စသဖြင့်•••)
-နှလုံးရောဂါသည်များ
-ပါကင်ဆန်ရောဂါ( Parkinson)
- အယ်လ်ဇိုင်းမာရောဂါ( Alzheimer's multiple sclerosis)
- ဦးနှောက်ကျန်းမာရေး
-migraine headache
-နှလုံးခုန်မမှန်ခြင်း
-သွေးတိုး( အပေါ်သွေးတက်ခြင်း)
-Heart failer
-နှလုံးခုန်မမှန်ခြင်း
- နှလုံးအဆို့ရှင်တခုခု မလုံခြုံခြင်း
-နှလုံးကောင်းကောင်းအလုပ်မလုပ်နိုင်တော့ခြင်း
- ကိုလက်စထရောလ်( cholesterol) ချဆေးများသောက်ခြင်း
-ရင်ဘတ်အောင့်ခြင်း
- ကိုယ်ခံအားမြှင့်တင်လိုခြင်း
- ခန္ဓာကိုယ်ယောင်ကိုင်းခြင်းဓါတ်ဖယ်ရှားခြင်း
- အာရုံကြောစနစ်များကောင်းမွန်စေခြင်း
ဖြစ်စေလိုတဲ့အချိန်တွေမှာသောက်နိုင်ပါတယ်ရှင်

💊သောက်သုံးပုံ

CoQ10 ကို မနက် နေ့ အချိန် ခွဲသောက်ပြီး အဆီ၊ အစာတွေနဲ့တွဲသောက်ရင် အူကပိုစုတ်ယူနိုင်ပါတယ်ရှင့်

Crd-To A Better Health 🙏🙏


04/03/2026

🌟🌟Autoimmune diseases. အပိုင်း ၁ မှ ၉
(ဆောင်ရန် ရှောင်ရန်)

Immune System ဆို တာ ခန္ဓာကိုယ် ထဲ မှာ ရှိ နေ သော သဘာဝ
ခုခံ အား စစ်တပ် ဖြစ် ပါ တယ်။

အဓိက ၊ က တော့ သဘာဝ တရား ကြီး ဟာ ခန္ဓာကိုယ် ကို
ပိုးမွှား မျိုး စုံ ၏ ဘေး ရန် မှ သော် လည်း ကောင်း. ( bacteria, viruses, yeasts စ သည့် ဖြင့် )
ကင်ဆာ ကလာပ်စည်း များ ကို သုတ်သင် ရှင်း လင်း ပစ် ရန်
သော် လည်း ကောင်း ခန္ဓာကိုယ် ကြီး ကို ခုခံ ကာ ကွယ် နိုင် ဖို့ ရာ ၊
မွေး ရာ ပါ ဖွဲ့ စည်းပုံ တစ် မျိုး ဖြစ် ပါ တယ်။

ဒီ ခုခံ အား စစ် တပ် ဟာ ခန္ဓာကိုယ် ထဲ မှာ အလုပ် ကောင်း ကောင်း
လုပ် နိုင် ဖို့ ဟာ မျှတ နေ ရ မှာ ဖြစ် ပါတယ်။

ခုခံ အား ကောင်း နေ ရင် တော်ရုံ တန် ရုံ ရောဂါ တွေ လည်း မဝင်
ရောက် နိုင် ပါ။

သို့ ပါ သော် လည်း တစ်ခါတရံ အကြောင်း အမျိုးမျိုး ကြောင့် ခုခံ အား
စစ် တပ် ရဲ့ မျှတ မှု ဟန် ချက် ဟာ ပျက် စီး သွား တတ် ပါ တယ်။

ဒီ လို ဖြစ် လာ သည့် အခါ မှာ ခုခံ အား တွေ ဟာ ကစဉ့် ကလျား ဖြစ် ပြီး၊ ၇န် သူ တွင် မက၊
ခန္ဓာကိုယ် အစိတ် အပိုင်း တွေ ကို ပါ စ တင် တိုက် ခိုက် တာ ကြောင့် ၊
တိုက် ခိုက် ခံ ရ သည့် အစိတ် အပိုင်း အလိုက် ရောဂါ လက္ခဏာ
တွေ မျိုး စုံ ပေါ် လာ ကြ ပါ တော့ တယ်။

🌟အရေပြား ဆို ရင် လဲ အရေပြား ရောဂါ မျိုး စုံ

🌟အူ လမ်း ကြောင်း ဆို ရင် လည်း အစာလမ်းကြောင်း ပြဿနာ မျိုးစုံ

🌟အသက်ရှူ လမ်းကြောင်း ဆို ရင် လည်း ပြဿနာ မျိုးစုံ စ သည် ဖြင့်
ဖြစ် ပါ တယ်။

တစ်ယောက် နဲ့ တစ် ယောက် လည်း မတူ ကြ ပဲ၊ ရောဂါ လက္ခဏာ မျိုး စုံ ကို ခံ စား ရ ပါ တော့ တယ်။
များ သော အား ဖြင့် ကုရိုးကုစဉ် ဆေး ပညာ မှာ ဒီ ရောဂါ တွေ ကို
ပျောက် အောင် ကုသ နိုင် သည့် ဆေး မရှိ သေး ပါ။
ရောဂါ လက္ခဏာ တွေ ကို ခေတ္တ ထိန်း ထား နိုင် ရုံ လောက် သာ ရှိ ပါ တယ်။ကုရိုးကုစဉ် ဆေး ပညာ သုံး ကြ သည့် ဆေး များ
က တော့ ခန္ဓာကိုယ် ခုခံ အား ကို ဖိနှိပ် ထား ခြင်း သာ ဖြစ် ပါ တယ်။
ဆေး များ ၏ ဘေးတွက် ဆိုး ကျိုး ကြောင့် သော် လည်း ကောင်း
ခုခံ အား ကို ကြာ မြင့် စွာ ဖိနှိပ် ထား ခြင်း ကြောင့် သော် လည်း ကောင်း
ရေ ရှည် မှာ လူ နာ တွေ အတွက် မ ကောင်း ပါ။
ရောဂါ ကို ကုသ ဖို့ အရေး မှာ အယူ အဆ ကွဲ ပြား နေ
တာ ကို တွေ့ ရ ပါ လိမ့် မယ်။
၁. ကုရိုး ကုစဉ် ဆေး ပညာ က ဒီ လို ရောဂါ မျိုး ဆို ရင် ခုခံ အား တွေ
ကို လိုက် ပြီး နှိမ်နင်း နေ ကြ တယ်။
တစ် နည်း အား ဖြင့် ပြော ရ မယ် ဆို ရင် ခုခံ အား ကို ကျဆင်း အောင်
လုပ် တယ် ပေါ့။
၂. ကြောင်း ကျိုး ဆက် ဆေး ပညာ က တော့ ခုခံ အား စစ် တပ် ကြီး
ကစဉ့် ကလျား ဖြစ် နေ တာ ကို ရ အောင် ပြုပြင် ယူ တယ်။
အဓိက၊ က တော့ အစား အသောက်
လိုအပ် သော ဖြည့် စွက် ဓာတ်စာ များ
ဒုက္ခ ပေး နေ သော ဓာတ် များ မှ ရှောင်ကြဉ် ခြင်း
စ သည် ဖြင့် ဖြစ် ပါ တယ်။

ဆေး ပညာ တစ်ခု က သဘာဝ ခုခံ အား ကို ဖိနှိပ် ထား ပေး တယ်။

နောက် တစ် ခု က သဘာဝ ခုခံ အား လို တာ တွေ ကို လိုက် ပြီး
ဖြည့်ဆည်း ပေး ခြင်း ဖြင့် ကစဉ့် ကလျား မဖြစ် ရ တော့ အောင်
ဆောင် ရွက် ပေး တယ်။

ကျွန်မ တို့ တ တွေ ဟာ ဗဟုသုတ နဲ့ ပြည့်စုံ အောင် လုပ် ပြီး ၊ ခန္ဓာကိုယ် ကြီး ကို အတိုက် အခံ မ လုပ် ပဲ၊ တဖြေးဖြေး နဲ့ သူ့ လို အပ် ချက် များ ကို ဖြည့်ဆည်း ပေး၊ မသင့် တာ တွေ ကို ရှောင် ကြဉ် ပေး လိုက် မယ် ဆို ရင် ခန္ဓာကိုယ် ကြီး ဟာ ပုံ မှန် သူ့ သဘော သူ ဆောင် ပြီး သူ လုပ် နေ ကျ
အလုပ် တွေ ကို ကောင်း မွန် စွာ လုပ် နိုင် ကာ ကျန်းမာ လာ မှာ ဖြစ် ပါ တယ်။

🌟Autoimmune Diseases အပိုင်း ၂

ကျွန်မ တို့ ၏ ခန္ဓာကိုယ် ဟာ အပြင် မှ ပိုးမွှား မျိုးစုံ နဲ့ အစဉ် အမြဲ တွေ့ ထိ နေ ရ ပါ တယ်။

၁. အရေပြား

၂. အသက် ရှူ လမ်းကြောင်း

၃. အစား အစာ လမ်း ကြောင်း

အထူး သဖြင့် အစား အစာ လမ်း ကြောင်း ဟာ တစ် ချိန် လုံး ပြင်ပ မှ ဝင် လာ သည့်
အစား အသောက် မျိုးစုံ
ပိုးမွှား မျိုး စုံ ရဲ့ ဒဏ် ကို ခံ နေ ရ တာ ဖြစ် ပါ တယ်။

ဒါ ကြောင့် လဲ ခုခံ အား စစ်တပ် ရဲ့ ၈၀% ကို သဘာဝ တရား ကြီး က အစာလမ်းကြောင်း ထဲ မှာ ထား ပေး ထား တာ ဖြစ် ပါ တယ်။

အစာ လမ်းကြောင်း ကျန်း မာ နေ မှ ခုခံ အား စစ်တပ် က လည်း သူ တို့ အလုပ်
ကောင်း ကောင်းလုပ် နိုင် မှာ ဖြစ် ပါ တယ်။

အူနံရံ မှာ တန်းစီ ထား သည့် ကလာပ်စည်း နံရံ ပျက်စီး သွား မယ် ဆို ရင်
ချို့ယွင်း သွား မယ် ဆို ရင် ၊ မကျေ့ တကျေ အစာ များ ဟာ ခန္ဓာကိုယ် ထဲ စုတ် ယူ ခြင်း ခံ ရ ပြီး
ပြဿနာ တွေ ရဲ့ အစ လည်း ဖြစ် ပါ တယ်။

ထိတွေ့ နေ ကျ မဟုတ် သည့် မကျေညက် သော အစာ များ ဟာ ခန္ဓာကိုယ် ခုခံ အား တွေ
ကစဉ့် ကလျား ဖြစ် စေ ပြီး ၊ ရ လာဘ် က တော့ Autoimmune ရောဂါ မျိုး စုံ ပဲ ဖြစ် ပါ တယ်။

ဒါ ကြောင့် လဲ အစာ လမ်းကြောင်း ကျန်းမာ ရေး ဟာ ခုခံ အား တွေ ကျန်းမာနေ ရေး အတွက် အရေး အကြီး ဆုံး ကဏ္ဍ က နေ ပါ ဝင် နေ တာ ဖြစ် ပါ တယ်။

🌟Autoimmune Diseases အပိုင်း ၃

Autoimmune disease spectrum

ရောဂါ နယ်ပယ် တကြော တွေ က တော့ ————

American Autoimmune Related Diseases Association

aarda@aarda.org link မှာ Autoimmune disease မျိုးစုံ ကို စာရင်း နဲ့ တင် ပြ ထား ပေး ပါ တယ်။

ကိုယ် ဖြစ် နေ သည့် ရောဂါ ပါ၊ မပါ ဆို တာ သွား ကြည့် လို့ ရ ပါ တယ်။

ကိုယ် ဘာ ဖြစ် နေ တယ် ဆို တာ သိ ရင် ရောဂါ ပျောက်ကင်း ဖို့ သဲ လွန်စ ရ ပြီ ဖြစ် ပါ တယ်။

သိ သွား ပြီ ဆို ရင် ကျန် တာ က ကိုယ့် ဖာသာ ကိုယ် လုပ် ရ တော့ မဲ့ လုပ်ငန်း စ ပါ ပြီ။

အရင် ဆုံး သိ အောင် လုပ် ပါ။

သိသွား ပြီး ရင် လုပ် ရ မည့် အလုပ် ကို ဝီရိယ စိုက် ပြီး လုပ် ကြည့် ပါ။

ဖြစ်နိုင် စရာ အကြောင်း အများ ကြီး ရှိ ပါ တယ်။

🌟Autoimmune disease အပိုင်း ၅

Autoimmune Disease List

( From American Autoimmune Related Diseases Association )

Addison’s disease
Agammaglobulinemia
Alopecia areata
Amyloidosis
Ankylosing spondylitis
Anti-GBM/Anti-TBM nephritis
Antiphospholipid syndrome
Autoimmune angioedema
Autoimmune dysautonomia
Autoimmune encephalomyelitis
Autoimmune hepatitis
Autoimmune inner ear disease (AIED)
Autoimmune myocarditis
Autoimmune pancreatitis
Autoimmune retinopathy
Autoimmune urticaria
Axonal & neuronal neuropathy (AMAN)
Baló disease
Behcet’s disease
Benign mucosal pemphigoid
Bullous pemphigoid
Castleman disease (CD)
Celiac disease
Chagas disease
Chronic inflammatory demyelinating polyneuropathy (CIDP)
Chronic recurrent multifocal osteomyelitis (CRMO)
Churg-Strauss
Cicatricial pemphigoid
Cogan’s syndrome
Cold agglutinin disease
Congenital heart block
Coxsackie myocarditis
CREST syndrome
Crohn’s disease
Dermatitis herpetiformis
Dermatomyositis
Devic’s disease (neuromyelitis optica)
Discoid lupus
Dressler’s syndrome
Endometriosis
Eosinophilic esophagitis (EoE)
Eosinophilic fasciitis
Erythema nodosum
Essential mixed cryoglobulinemia
Evans syndrome
Fibromyalgia
Fibrosing alveolitis
Giant cell arteritis (temporal arteritis)
Giant cell myocarditis
Glomerulonephritis
Goodpasture’s syndrome
Granulomatosis with Polyangiitis
Graves’ disease
Guillain-Barre syndrome
Hashimoto’s thyroiditis
Hemolytic anemia
Henoch-Schonlein purpura (HSP)
Herpes gestationis or pemphigoid gestationis (PG)
Hypogammalglobulinemia
IgA Nephropathy
IgG4-related sclerosing disease
Immune thrombocytopenic purpura (ITP)
Inclusion body myositis (IBM)
Interstitial cystitis (IC)
Juvenile arthritis
Juvenile diabetes (Type 1 diabetes)
Juvenile myositis (JM)
Kawasaki disease
Lambert-Eaton syndrome
Leukocytoclastic vasculitis
Lichen planus
Lichen sclerosus
Ligneous conjunctivitis
Linear IgA disease (LAD)
Lupus
Lyme disease chronic
Meniere’s disease
Microscopic polyangiitis (MPA)
Mixed connective tissue disease (MCTD)
Mooren’s ulcer
Mucha-Habermann disease
Multiple sclerosis
Myasthenia gravis
Myositis
Narcolepsy
Neuromyelitis optica
Neutropenia
Ocular cicatricial pemphigoid
Optic neuritis
Palindromic rheumatism (PR)
PANDAS
Paraneoplastic cerebellar degeneration (PCD)
Paroxysmal nocturnal hemoglobinuria (PNH)
Parry Romberg syndrome
Pars planitis (peripheral uveitis)
Parsonnage-Turner syndrome,
Pemphigus
Peripheral neuropathy
Perivenous encephalomyelitis
Pernicious anemia (PA)
POEMS syndrome
Polyarteritis nodosa
Polyglandular syndromes type I, II, III
Polymyalgia rheumatica
Polymyositis
Postmyocardial infarction syndrome
Postpericardiotomy syndrome
Primary biliary cirrhosis
Primary sclerosing cholangitis
Progesterone dermatitis
Psoriasis
Psoriatic arthritis
Pure red cell aplasia (PRCA)
Pyoderma gangrenosum
Raynaud’s phenomenon
Reactive Arthritis
Reflex sympathetic dystrophy
Relapsing polychondritis
Restless legs syndrome (RLS)
Retroperitoneal fibrosis
Rheumatic fever
Rheumatoid arthritis
Sarcoidosis
Schmidt syndrome
Scleritis
Scleroderma
Sjogren’s syndrome
S***m & testicular autoimmunity
Stiff person syndrome (SPS)
Subacute bacterial endocarditis (SBE)
Susac’s syndrome
Sympathetic ophthalmia (SO)
Takayasu’s arteritis
Temporal arteritis/Giant cell arteritis
Thrombocytopenic purpura (TTP)
Tolosa-Hunt syndrome (THS)
Transverse myelitis
Type 1 diabetes
Ulcerative colitis (UC)
Undifferentiated connective tissue disease (UCTD)
Uveitis
Vasculitis
Vitiligo
Wegener’s granulomatosis (or Granulomatosis with Polyangiitis (GPA))

ဒီ ရောဂါ စာရင်း ထဲ မှာ ကိုယ့် ရောဂါ ပါ လား၊ မပါ လား ဆို တာ ရှေးဦး စွာ
ကြည့် လိုက် ပါ။

💥မြန်မာ ပြည် က လူ တွေ နဲ့ အများဆုံး အကြုံး ဝင် မှာ တွေ က တော့ ——
☘️ကျီးပေါင်း တက် ရောဂါ များ၊ အဆစ် များ ယောင် ကိုင်း ခြင်း
☘️သွေးလေးဖက်နာ
☘️အရေပြား လေး ဖက် နာ
☘️အရေပြား မှာ အကွက် တွေ ပေါ် ပြီး၊ ရေကြည်ဖု တွေ ထ လာ ခြင်း များ
☘️Bullous Pemphigoid, Dermatitis Herpetiformis
☘️Hyperthyroid ( Graves Disease )
☘️Hypothyroid ( Hashimoto’s Disease )
☘️အူမကြီး ယောင်ကိုင်း ခြင်း ( Ulcerative Colitis )
☘️အူသိမ် ယောင် ကိုင်း ခြင်း ( Crohn’s Disease )
Hemolytic anemia
Autoimmune inner ear disease
စ သည် ဖြင့် ဖြစ် ပါ တယ်။

ဒီ ရောဂါ တွေ ဟာ ဖြစ် သည့် နေ ရာ အလိုက် ခံစား ကြ ရ သောဝေဒနာ တွေ ကွဲ ပြား သွား ကြ ပေ မဲ့၊ အဓိက အခြေခံ အကြောင်းရင်း က
အတူတူ ပဲ ဖြစ် တာ မို့၊ ရှေ့ ဆက် ဖော် ပြ သွား မဲ့ ခန္ဓာကိုယ် ကို ပြန် လည် ပြု ပြင် နည်း ကို လိုက် နာ သွား မယ် ဆို ရင် သက်သာ လာ နိုင် မယ် လို့ ထင်
ပါ တယ်။
ဒီလို ရောဂါ မျိုး ဟာ ဖြစ် လာ ပြီ ဆို ရင်
စိတ် ရှည်ရှည် နဲ့ အချိန် ယူ ပြီး ကု သ ရ မှာ ဖြစ် ပါ တယ်။
ညတွင်း ချင်း၊ ချက် ချင်း ပျောက် စေ ချင် လို့ တော့ မဖြစ် နိုင် ပါ။
အကြောင်း ရင်း ကို ပြု ပြင် လိုက် မယ် ဆို ရင်
တဖြေးဖြေး ချင်း သက် သာ လာ လိမ့် မယ် လို့ ထင် ပါ တယ်။

🌟Autoimmune Diseases —— အပိုင်း ၆

အစာလမ်းကြောင်း ရဲ့ကျန်းမာရေး ကောင်း နေ မှ အူ မှာ ရှိ နေ သည့်
ခုခံအားတပ် က လဲ ကစဉ့် ကလျား မဖြစ် ပဲ၊ ကျန်းမာရေး ကောင်း နေ ပြီး
မျှမျှ တတ ရှိ နေ မှာ ဖြစ် ပါ တယ်။

💥ကျန်းမာနေ သည့် အစာလမ်းကြောင်း ရဲ့ လက္ခဏာ များ က တော့ -----

-အစာစား ပြီး ရင် ဗိုက် နေ လို့ ကောင်း နေ ရ မယ်။
-တစ်နေ့ ကို တစ်ခါ မှ သုံးခါ ဝမ်းကောင်းကောင်း သွား ရ မယ်။
-စား ပြီး ရင် လည်း ဗိုက်ကယ် နေ ခြင်း၊ လေပွ ခြင်း၊ လေထခြင်း ဗိုက် နာ ခြင်း
-ဗိုက် အောင့် ခြင်း မဖြစ် ရ ပါ။
-ဝမ်းသွား သည့် အခါ မကျေညက် သည့် အစာ များ ပါ လာခြင်း မရှိ ရ ပါ။
-အစာကျေဆေး များ သောက် စရာ မလိုရ ပါ။
-အစာအချဉ် ပေါက် ခြင်း ၊ မဖြစ် ရ ပါ။ acid reflux

💥မကျန်းမာ သည့် အစာ လမ်းကြောင်း ရဲ့ လက္ခဏာ များ က တော့ -----
-ဝက်ခြံ များ ပေါက် ခြင်း
-ADD/ ADHD
-စိုးရိမ်၊ ပူပန်၊ ကြောင့်ကြ၊ သောက များ နေ တတ် ခြင်း
-Arthritis ကျီးပေါင်း တက် ခြင်း
-ရင်ကြပ်၊ ပန်းနာ
-Autoimmune diseases
-လေချဉ်တက်ခြင်း၊ လေပွ ခြင်း
-ကင်ဆာ
-နာတာရှည် ချောင်းဆိုး နေ တတ် ခြင်း
-နှစ်ရှည် လ များ နွမ်းလျ ပင်ပန်း နေ တတ် ခြင်း
-ဝမ်းချုပ် ခြင်း
-စိတ်ဓာတ် ကျဆင်း နေ တတ် ခြင်း
-ဝမ်းလျော တတ် ခြင်း
-အာရုံ မစိုက် နိုင် ခြင်း
-အသား တွေ နာ ကျင် နေ တတ် ခြင်း
-မကြာခဏ ဖျားနာ တတ် ခြင်း
-ခေါင်းကိုက် တတ် ခြင်း
-ရင်ပူ တတ် ခြင်း
-အိပ် မပျော် ခြင်း
-ဗိုက် နာ တတ်ခြင်း
-အဆစ် တွေ နာ တတ် ခြင်း
—ပျို့ အန် တတ် ခြင်း
အရေပြား မှာ အနီ ကွက် တွေ ထခြင်း၊ နှင်းခူနာ၊ အယားဖု များ အစ ရှိ သော အရေ ပြား ရောဂါ မျိုးစုံ
-Thyroid hormone မညီ မမျှဖြစ် ခြင်း
-ကိုယ် အလေး ချိန် တက် ခြင်း၊ အလေး ချိန် ချ ရန် အလွန် ခက် ခဲ ခြင်း
တို့ ဖြစ် ပါ သည်။

ဖော် ပြ ပါ လက္ခဏာ တွေ ကို ကြည့် ပြီး မိမိ ၏ အစာလမ်းကြောင်း
အခြေ အနေ ကို အကြမ်းဖြင်း အား ဖြင့် ခန့် မှန်း လို့ ရ သွား ပြီ
ဖြစ် ပါ တယ်။

🌟Autoimmune Diseases. အပိုင်း ၇

ဒီ ရောဂါ တွေ ရဲ့ အဓိက အကြောင်း တစ် ခု ဖြစ် သည့် အူနံရံ
လုံ ခြုံ မှု ပျက်စီးခြင်း ( leaky gut ) ရှိ၊ မရှိ အကြမ်းဖြင်း အား ဖြင့်
ဘယ် လို သိ နိုင် ပါ သ လဲ ?

ခန္ဓာကိုယ် ကို အပိုင်း လိုက် ကြည့် ကြ ရ အောင် -----

၁. အရိုး ------
အရိုးထု ထည် လျော့ကျ လာ ခြင်း . Osteopenia၊
အရိုး ပါး လာ ခြင်း .Osteoporosis

၂. ဥဏှောက် --------
စိတ်ပူပန်သောက ( anxiety ),
စိတ်ဓာတ်ကျဆင်းခြင်း ( depression )၊
ခေါင်း မကြည်မလင် ဖြစ် နေ ခြင်း ( brain fog )

၃. အစာလမ်းကြောင်း ------
ဗိုက်ကယ်၊ ဝမ်းချုပ်၊ ဝမ်းလျှော
ကိုယ်ပေါင် ချိန် ကျ၊
အဆီ ကို အူ မှ စုတ်ယူ နိုင် မှု ကျ ဆင်း ခြင်း fat malabsorption

၄. ဟော်မုန်းဓာတ် များ -------
ရာသီ မမှန် ခြင်း၊ သွေးဆုံး ကိုင် သည့် လက္ခဏာ များ

၅. ခုခံအား စစ်တပ် ------------
နှာစေး ချောင်းဆိုး၊ လည်ချောင်းနာ မကြာခဏ ဖြစ် နေ တတ် ခြင်း၊
တုပ်ကွေး၊
အဆစ် တွေ နာကျင် ကိုက်ခဲခြင်း၊
အသား တွေ နာကျင် နေ တတ် ခြင်း
autoimmune ရောဂါ များ

၆. Infections -----------
small intestine bacterial overgrowth ( SIBO ),
yeast overgrowth,
parasites

၇. ဓာတု ဖြစ်စဉ် --------
ကိုယ်အလေးချိန် များ နေ ခြင်း၊
အလွန် အမင်း ဝ ခြင်း၊
ဆီး ချို ရောဂါ

၈. သြဇာဓာတ် ချို့ ယွင်း ခြင်း ------
သံဓာတ် နည်း ခြင်း ကြောင့် သွေးအား နည်း နေ တတ် ခြင်း၊
Omega3 fatty acid ဓာတ် နည်း နေ ခြင်း
ဗီတာမင်ဓာတ် များ နည်း နေ ခြင်း

၉ . အရေပြား ----- ဝက်ခြံ၊ နှင်းခူ၊ စ သည် ဖြင့် အရေ ပြား ရောဂါ မျိုး စုံ တို့ ဖြစ် ပါ တယ်။

🌟Autoimmune Diseases အပိုင်း ၈

အူနံရံ မလုံခြုံ ခြင်း ( leaky gut ) ဖြစ် စေ တတ် သည့် အကြောင်း များ ------

၁. အစာကျေရန် ခက်ခဲသော အစား အစာ များ နှင့် ခန္ဓာကိုယ် နှင့်
အဆင် မပြေ သောအစာ များ

-သေရည်သေရက်

-နွားနို့ နှင့် နွားနို့ ဖြင့် လုပ် ထား သော အစာ များ

-Gluten ပရိုတင်းဓာတ်

-အစေ့ အဆံ များ

-ပဲ မျိုးစုံ

-အချို့ ဟင်းသီးဟင်းရွက် များ
• Tomatoes. ခရမ်းချဉ်သီး
• White potatoes. အာလူး
• Eggplant. ခရမ်းသီး
• Okra. ရုံပတီသီး
• Peppers. ငရုပ်ပွ စ သည် ဖြင့်
-သကြား


၂. Chemotherapy
အူနံရံ ကလာပ်စည်း များ သေကြေ ပျက်စီး ခြင်း ကြောင့် ဖြစ် ပါ တယ်။

၃. အူ လမ်းကြောင်း ပိုးမွှား များ ဖြင့် ဖျက်စီး ခံ ရ ခြင်း

Parasites ,
small intestinal bacterial overgrowth,
yeast overgrowth

၄. ဓာတု ဆေး များ
အက်စစ်မထွက် အောင် ပိတ် သော ဆေး များ
ပိုးသတ်ဆေး မျိုးစုံ
သန္ဓေ တားဆေး များ
ယောင်ကိုင်း ခြင်း သက်သာ အောင် သောက် သော ဆေး များ
aspirin, ibuprofem etc

၅. အိမ်တွင်း ရှိ မှို များ Molds

၆. ဓာတ် ကင် ခံ ရ ခြင်း Radiation
အူနံရံ ကလာပ်စည်း များ ပျက်စီး ကုန် ပါ တယ်။

၇. ကိုယ်၊ စိတ် ဖိစီး မှုများ

ကိုယ်ဖိစီး မှု နေ ထိုင် မ ကောင်းဖြစ် ခြင်း၊ အိပ် မပျော် ခြင်း
စိတ် ဖိစီး မှု အိမ်တွင်းရေး၊ ကိုယ်ရေးကိုယ်တာ ကိစ္စ၊
အလုပ် မှ စိတ် ဖိစီး မှု များ

၈. ခွဲစိတ် ကုသ မှု ခံ ရ ခြင်း. တို့ ဖြစ် ပါ တယ်။

🌟Autoimmune Diseases အပိုင်း ၉

ဒီ ရောဂါ နယ်ပယ် ကြော ဟာ အင်မတန် များ ပြား ကျယ်ပြန့် လှ ပါ တယ်။

လူ တစ်ဦးစီ ရဲ့ ဗီဇ တွေ က လဲ မတူ ကြ ပါ။
( ဗီဇ ဆို တာ ကမ္မဇ ရုပ် တွေ ဖြစ် ပါ တယ် )

ပတ်ဝန်းကျင် ပြောင်းလဲ လာ တာ နဲ့ အမျှ ၊ လူ တွေ ဟာ ကံ အလိုက်
ခန္ဓာကိုယ် အစိတ် အပိုင်းမျိုးစုံ မှာ ပုံစံ အမျိုးမျိုး နဲ့ ရောဂါ လက္ခဏာ
မျိုးစုံ ကို ပြ နေ ကြ တာ ဖြစ် ပါ တယ်။

ပတ်ဝန်း ကျင် ပြောင်း လဲ မှု ဆို တာ အစား အသောက်၊ ရေ၊ လေ၊
မြေ အစ ရှိ သည့် အမျိုးမျိုး အဖုံ ဖုံ သော နေ ရာ များ မှ
အဆိပ် ပေါင်း များ စွာ နဲ့ ရင် ဆိုင် နေ ရ တာ ဖြစ် ပါ တယ်။

အဓိက၊ အချက်က တော့ ရောဂါ သက်သာ လာ ရ အောင်၊
တတ် နိုင် ရင် ပျောက် ကင်း ရ အောင် ဘယ် လို နည်း တွေ
ကို လိုက် နာ မယ် ဆို ရင် ကိုယ့် အတွက် အကောင်း ဆုံး ဖြစ်
နိုင် မလဲ ဆို တာ စဉ်းစား ရ တော့ မှာ ဖြစ် ပါ တယ်။

၁. အစာလမ်းကြောင်း ကျန်းမာ ရေး ကို ပြင် ကြ ရ မှာ ဖြစ် ပါ တယ်။

(က) အစာလမ်းကြောင်း ကို ဒုက္ခ ပေး နိုင် သော အစာ များ ကို
ရှောင် ကြဉ် ခြင်း (ရောဂါ ဖြစ် နေ သူ များ အတွက် ပြော နေ တာ နော် )

အစာကျေရန် ခက်ခဲသော အစား အစာ များ နှင့် ခန္ဓာကိုယ် နှင့်
အဆင် မပြေ သောအစာ များ

သေရည်သေရက်

နွားနို့ နှင့် နွားနို့ ဖြင့် လုပ် ထား သော အစာ များ

Gluten ပရိုတင်းဓာတ် ဂျုံ ဖြင့် ပြု လုပ် ထား သော အစားအစာ များ အား လုံး၊ ရွှေကြည်

အစေ့ အဆံ များ

ပဲ မျိုးစုံ

အချို့ ဟင်းသီးဟင်းရွက် များ
• Tomatoes. ခရမ်းချဉ်သီး
• White potatoes. အာလူး
• Eggplant. ခရမ်းသီး
• Okra. ရုံပတီသီး
• Peppers. ငရုပ်ပွ
• စ သည် ဖြင့်

သကြား

(ခ) လိုအပ် သော ဓာတ် များ နှင့် ပြန် လည် ဖြည့်စည်း ပေး ခြင်း

💥 အစာ ကျေညက် ရန် အထူး လို အပ် တာ ကြောင့်
💥ပန်းသီးရှာလကာရည် ကို အစာမစား ခင် နာရီဝက် လောက်
ကြိုတင် သောက် ခြင်း
( ထမင်းစားဇွန်း၁ ဇွန်း ကို ရေ ၈ အောင်စ နှင့် ရော ပြီး သောက် ပါ )

💥အစာကြေဆေး များ သောက် ပေး နိုင် လျှင် ပို ကောင်း ပါ တယ်။

💥မိမိ နှစ်သက် ရာ digestive enzyme သောက် လို့ ရ ပါ တယ်။

(ဂ) အကျိုးပြု ပိုး များ ဖြင့် ပြန် လည် ဖြည်စည်း ပေး လိုက် ပါ။

💥ချဉ်ဖတ်၊ ကင်ချီ၊ any fermented vegetables
💥Probiotics 20 billion count a day . မိမိ နှစ် သက် ရာ တံဆိပ် ဝယ် သောက် ပါ။

(ဃ) ပျက်စီး ယိုစိမ့် နေ သော အူနံရံ ကို ပြန် လည် ပြု ပြင် ပါ။

💥အရိုးပြုတ်ရေ ဟာ အကောင်း ဆုံး ဖြစ် ပါ တယ်။. သဘာဝ L Glutamineပါ နေ လို့ ဖြစ် ပါ တယ်။
💥Aloe vera တစောင်း လက် ပတ် က လဲ အယောင် ကျ စေ
နိုင် ပါ တယ်။

၂. ကျန် သည့် အချက် များ က တော့ မြန်မာ ပြည် အတွက် အတော် လေး ခက် ပါ လိမ့် မယ်။

ပတ်ဝန်းကျင် အဆိပ် များ ဟာ ရှောင် နိုင် ဖို့ ဆို တာ အတော် လေး ခက် ပါ တယ်။

💥 Teflon coated အိုး တွေ မသုံး စေ ချင် ပါ။

လေထု ကို သန့် ရှင်း စေ ဖို့ ဟာ က တော့ အိမ် ထဲ မှာ အပင် များ
စိုက် ပေး ပါ ။
Natural air freshener ဖြစ် ပါ တယ်။
အိမ် တွေ မှာလဲ ရာသီဥတု စို ထိုင်း တာ ကြောင့် မှို တွေ ရှိ တတ် ပါ တယ်။
နေပူ မကြာခဏ ထွက် လှမ်း ပေး စေ ချင် ပါ တယ်။
Heavy metal poisoning က တော့ မြန်မာ ပြည် မှာ စစ် လို့ မရ
နိုင် ဖူး ထင် ပါ တယ်။
💥ချွေး ထွက် ခြင်း ဟာ အဆိပ် တွေ ထုတ် နည်း တစ် မျိုး ဖြစ် တာ
ကြောင့် ချွေး ထွက် ရ အောင် လေ့ ကျင့် ခန်း လုပ် ပေး နိုင် မယ်
ဆို ရင် ကောင်း ပါ တယ်။

💥VitaminD level ကို သွေး ဖောက် ပြီး စစ် ကြည့် ပါ။ 70ng/mL
လောက် ရောက် အောင် လုပ် ပါ။

ပုံမှန် လို့ ခေါ် သည့် normal acceptable level နဲ့ အနေ အထား
အကောင်းဆုံး ဖြစ် သည့် optimal level က လဲ မတူ ပါ။

💥Thyroid hormone နည်း နေ ရင် လဲ ပြန် ဖြည့် ပေး လိုက် စေ ချင် ပါ တယ်။
လို အပ် သည့် ကလာပ်စည်း စွမ်းအင် ကောင်း စေ မည့် ဗီတာမင်
များ နှင့် ဖြည့်စွက်စာ များ ကို မှီ ဝဲ စေ ချင် ပါ တယ်။
ဒီ လောက် လုပ် နိုင် ရင် ကျန်းမာရေးအတော် လေး ပြန် ကောင်း လာ
နိုင် မယ် လို့ ထင်ပါ တယ်။
Autoimmune diseases ရောဂါ ကို အောင် နိုင် သူ များ ဖြစ် ကြ ပါ စေ။

Address

24st .83*84 Between Asahi Condo
Mandalay
05024

Telephone

+959954291444

Website

Alerts

Be the first to know and let us send you an email when Health Plus USA Products posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health Plus USA Products:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram