ဆေးဝိဇ္ဇာ အာရုံကြောအားဆေး

  • Home
  • Myanmar
  • Mandalay
  • ဆေးဝိဇ္ဇာ အာရုံကြောအားဆေး

ဆေးဝိဇ္ဇာ အာရုံကြောအားဆေး အာရုံကြောမှာ ဆေးဝိဇ္ဇာ

10/08/2025

🔥🔥 အာရုံ​ကြော​ရောဂါ​များကြောင့် စိတ်ညစ်​ မနေပါနဲ့...

👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

💜💜 "ဆေးဝိဇ္ဇာ အာရုံ​ကြောအား​ဆေး" 💜💜▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

သုံးစွဲနိုင်သောရောဂါများကတော့အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်

**​သွေးပျစ်နှုန်းများပြီး ခန္ဓာကိုယ်​လေးလံထိုင်းမှိုင်း​နေသူများ

**သွေးတိုးရောဂါခံစားနေရသူများ

**သွေးတွင်းသကြားဓာတ်များနေသော ဆီးချိုရောဂါခံစားနေရသောသူများ

**သွေးတွင်းအဆီများခြင်းကြောင့်ဖြစ်သော နှလုံးသွေးကြောကျဉ်းရောဂါခံစား​နေရသူများ

**လေးဖက်နာပိုးများခြင်းကြောင့် ခန္ဓာကိုယ် အဆစ်များကိုက်ခဲခြင်း ခံစားနေရသောသူများ

**ဘီယာ၊အရက် စသည်တို့ကြောင့် uric acidများပြီးဂေါက်ရောဂါခံစားနေရသူများ

**ဇက်ကျီးပေါင်း၊ခါးကျီးပေါင်းတို့ကြောင့် အာရုံကြောညှပ်၍ ခြေလက်များ ထုံကျဉ်ကိုက်ခဲနေသူများ

**ဒူးနာ၊ ဖ​နောင့်နာ​ဝေဒနာ ခံစား​နေရသူများ

**လက်ကပ်ရောဂါကြောင့် လက်မောင်းအုံကိုက်ခဲခြင်း၊နာကျင်ခြင်း၊လက်မြှောက်မရဘဲကပ်နေခြင်း

**အာရုံကြောအားနည်းခြင်းကြောင့် ခန္ဓာကိုယ်လေးလံခြင်း၊စိတ်မကြည်ခြင်း၊အကြောများဆွဲခြင်း၊ညောင်းညာကိုက်ခဲခြင်း

**အရိုးသိပ်သည်းဆ အားနည်းခြင်းကြောင့် အရိုးပွခြင်း၊ အရိုးကျီးပေါင်းတက်သူများ

**အဝလွန်၍ ခန္ဓာကိုယ်လေးလံနေသူများ ၊ ဇက်ကြောတက်ခြင်း ခေါင်းအုံခေါင်းကိုက်ခြင်း လက္ခဏာခံစားနေရသူများ

စသည့်ရောဂါများအတွက် ဆေးဝိဇ္ဇာ အာရုံကြောအားဆေးကို နေ့စဉ် အစာစားပြီး ၅ ပြား တနေ့၃ကြိမ်သောက်ရုံဖြင့် ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ပြီးအမြဲတမ်းလန်းဆန်းတက်ကြွနေမည် ဖြစ်ပါသည်။

ထို့ပြင် အမျိုးသမီးများ ဓမ္မတာမမှန်၍ အသားရေညစ်နွမ်းနေသူများသည် ဆေးဝိဇ္ဇာဆေးကို သောက်သုံးခြင်းဖြင့် လစဉ်ဓမ္မတာမှန်ပြီး အသားရေလှပကာ ခန္ဓာကိုယ်ရှိ
မကောင်းသော အဆီများကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကျစ်လစ်လှပစေမည် ဖြစ်ပါသည်။

⛔⛔ အသည်းရောဂါနှင့် ကျောက်ကပ်ရောဂါ ခံစားနေရသူများ တိုင်းရင်းဆေးသမားတော်များ၏ လမ်းညွှန်မှုဖြင့် သောက်သုံးရပါမည်⛔⛔

❌❌ သတိပြုရန်။ ။ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးရန်မသင့်ပါ။ ❌❌

🔖🔖 တစ်ဘူး ၃၅၀၀ကျပ်ပါ🔖🔖

ကိုယ်စားလှယ်ယူလိုသူများနှင့်စီးပွားအကျိုးတူပြုလုပ်မည့် လူကြီးမင်းများအနေဖြင့် အောက်ပါပင်ရင်းဖုန်းနံပါတ်များကို ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။

☎☎ ၀၉-၄၀၀ ၄၅ ၉၇ ၉၈
၀၉-၇၇၁ ၃၂ ၆၂ ၇၉

17/10/2024
“ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ ”သင် နံနက်အိပ်ယာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား???ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ...
03/10/2024

“ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ ”

သင် နံနက်အိပ်ယာထတဲ့အခါ မျက်နှာသစ်ပြီးမှ သွားတိုက်ပါသလား???

ဒါမှမဟုတ် သွားကို သွားပွတ်တံနဲ့ အရင်တိုက်ပြီး ပလုတ်ကျင်း၊ ခံတွင်းသန့်စင်ပြီးမှ မျက်နှာသစ်လေ့ရှိသလား။ ဒီလို အကျင့်လုပ်ခဲ့တာကော နှစ်ပေါင်းကြာပြီလား???

ညအိပ်ပျော်သောအခါတွင် ၀မ်းတွင်းအစာခြေ အင်္ဂါစုများမှာ အနားရလေသည်။
ထိုအခါ အစာဟောင်းအိမ်မှ အပုပ်အခိုးများသည် အကြောများမှတဆင့် အထက်မျက်နှာ၊ မျက်စိ၊ ဦးခေါင်း အထိ တက်ကြလေသည်။ အစာသစ်အိမ်မှလည်း အစာခြေပြီး ကြွင်းကျန်သည့် အစာခြေဝမ်းမီးခေါ် အက်ဆစ်အခိုးအငွေ့များသည် လည်ချောင်းမှတဆင့် သွား၊ သွားဖုံး၊ အာခေါင်များသို ့ တက်နေကြလေသည်။

နံနက်ထ၍ မျက်နှာသစ်လိုက်သောအခါတွင် အောင်းနေသော အခိုးအငွေ့များသည် အအေးရှိရာ အပူလာသည်ဆိုသည့်အတိုင်း ရေအေးနှင့် ထိတွေ့ပွတ်သပ်ပေးရာ မျက်နှာပြင်သို့ အငွေ့ပျံပြီး ထွက်သွားကြလေသည်။ ထိုအခါ မျက်စိမှုန်စေ
မည့် အခိုးအငွေ့များ သွားနှင့် သွားဖုံးတို့တွင် အောင်းနေသော အခိုးအငွေ့များလည်း ပါသွားကြပြီး ရှင်းလင်းသွားလေသည်။

ထို့နောက်မှ သွားတိုက်သောအခါတွင် အခိုးကုန်ပြီးသော သွားနှင့် သွားဖုံးတို့မှာပို၍ သန့်ရှင်းစင်ကြယ်သွားရလေသည်။

မျက်နှာမသစ်ဘဲ သွားတိုက်လျှင် အာခေါင်မှတစ်ဆင့် အပုပ်အခိုးအငွေ့များသည် ဦးခေါင်းနောက်စေ့နှင့် မျက်စိအာရုံကြောများအထိ ရောက်သွားခြင်းကြောင့် မျက်စိဝေခြင်း၊ ကြည့်မကောင်းခြင်း၊ အရွယ်မတိုင်မီ မျက်စိမှုန်ခြင်း၊ မျက်မှန်စောစော တပ်ရခြင်းတို့ဖြစ်နိုင်လေသည်။

နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ သွား၊ သွားဖုံးနဲ့ ခံတွင်းမှာ အပုပ်အခိုးရှိရင် အဲဒီ အခိုးအငွေ့တွေဟာ အာခေါင်ကတဆင့် နှာရိုးရင်းနဲ့မျက်စိ အထိတက်ပြီးဒုက္ခပေးတယ်ဆိုတဲ့ တွေ့ရှိချက်ပါပဲ။ ဒါကြောင့် လူတစ်ယောက်ဟာ
သွားမကောင်းရင် မျက်စိလည်းမွဲတာတွဲပြီး ဖြစ်လေ့ရှိပါတယ်။

“ မဟာစည် ဆရာတော်ကြီးကလည်း မျက်နှာသစ်ပြီးမှ သွားတိုက်ရန် မိန့်ကြားခဲ့ဖူးပါသည် ”

မျက်နှာသစ်ပြီးမှ သွားတိုက်ကြပါ...........။

(ကြည်လွင်မြင့်(မုဒြာ)၏ မျက်နှာသစ်ပြီးမှ သွားတိုက်ပါ စာအုပ်မှထုတ်နုတ်ဖော်ပြပါသည်)

💗ကိုယ်ခံအားကို မြင့်တက်​စေသည့် ကြက်သွန်နီသံပုရာသီးဆမ်းစားခြင်း💗=================================ကိုယ်ခံအားကို မြင့်တက်စေ...
02/10/2024

💗ကိုယ်ခံအားကို မြင့်တက်​စေသည့် ကြက်သွန်နီသံပုရာသီးဆမ်းစားခြင်း💗
=================================

ကိုယ်ခံအားကို မြင့်တက်စေတဲ့အပြင် သွေးတိုး၊ဆီးချိုနှင့် အာရုံကြောအားနည်းပြီး ကိုယ်လက်ထုံကျဥ်တာတွေပါ သက်သာစေပြီး သွေးတွင်းအဆီများခြင်းကြောင့်ဖြစ်တဲ့ နှလုံးသွေးကြောကျဥ်းရောဂါ အတွက်ပါ ကောင်းမွန်စေပါတယ်

ကြက်သွန်နီသံပုရာဆမ်းနဲ့ပတ်သက်ပြီးကောင်းကျိုးလေးတွေကို ဖော်ပြပေးချင်ပါတယ်။ကြက်သွန်နီ သံပု ရာဆမ်း အချဉ်ကို ထမင်းနဲ့ စားစား ဘာနဲ့ စားစား များများစာပေးခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးများစေပါတယ်။ အလွန်ရိုးရှင် ပြီး လုပ် ရ လွယ်ကူတဲ့ မီးဖိုချောင်ထဲက ဆေးနည်း တမျိုးဖြစ်တဲ့ ကြက်သွန်နီ သံပုရာ ဆမ်း ပြုလုပ်ပုံလေးကတော့..

၁။ ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။

၂။ ပုံထဲက အတိုင်း အကွင်းလိုက် လှီးထားပါ။ ရေမဆေး ပါနဲ့။

၃။ ကြက်သွန်နီပေါ်ကို သံပုရာသီး ညှစ်ထည့် ပါ။

၄။ ချိုတဲ့ အရသာ ပေါ်လာပါမည် ။ မွန်တဲ့ အနံ့များ ပျောက် သွားမည်။

၅။ ၎င်းကြက်သွန်နီ သံပုရာ ဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့် သော် ၎င်း၊ အခြား အစားအစာများနှင့် သော်၎င်း တွဲစားနိုင် ပါသည်။ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပုရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကျန်းမာရေးကောင်းမွန်ပြီး ချမ်းသာသုခ ရရှိနိုင်ကြပါစေ။

#အာရုံကြောအားနည်းသူတွေအတွက်
#​ဆေးဝိဇ္ဇာအာရုံ​ကြောအား​ဆေး ရှိတယ်
#အာရုံ ​ကြောအား​ဆေး
#တိုင်းရင်း ​ဆေး
#မြန်မာ ​ဆေး

💜 ဗီတာမင်ကြွယ်ဝသော အစားအစာများ 💜___________________________________
01/10/2024

💜 ဗီတာမင်ကြွယ်ဝသော အစားအစာများ 💜
___________________________________

🛑🛑 တွဲဖက်မစားသင့်​သော အစားအစာများ 🛑🛑▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
01/10/2024

🛑🛑 တွဲဖက်မစားသင့်​သော အစားအစာများ 🛑🛑
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

💜💜 အထိုင်များပြီး ​လေနဲ့ဝမ်းချုပ်ကာ ဗိုက်​ခေါက်ထွက်​နေသူများအတွက်___ပါဝင်ပစ္စည်း========- ရှောက်ရွက် ၇ ရွက်- ကွမ်းရွက် ၃...
30/09/2024

💜💜 အထိုင်များပြီး ​လေနဲ့ဝမ်းချုပ်ကာ ဗိုက်​ခေါက်ထွက်​
နေသူများအတွက်___

ပါဝင်ပစ္စည်း
========

- ရှောက်ရွက် ၇ ရွက်
- ကွမ်းရွက် ၃ ရွက်
- သကြား ၂ဇွန်း
- ဆား ၁ဇွန်းလျော့လျော့
(ထမင်းစားဇွန်းနဲ့) ရေအပြည့်ဖြည့်ပြီး
၁၀ ရက်ထားပါ။

ပြီးရင် အရွက်တွေ ဖယ်ထားပြီး အစာမစားခင်
အကြမ်းပန်းကန်တစ်ခွက် သောက်ပေးယုံပါဘဲ
(အခန်းအပူချိန်ထဲဘဲထားရန်)၊

(အရွက်တွေမဖယ်ထားလဲ ဘာမှမဖြစ်ပါ ရာသီဥတုအရမ်းပူနေတော့ အရမ်းချဉ်စူးသွားမှာစိုးလို့ ကိုယ်သောက်နိုင်ရင်ရပါတယ်)
ရေခဲသေတ္တာထဲထည့်ထားရင်တော့ အချဉ်ဓါတ်က ထပ်မထွက်တော့ဘဲ ပိုသောက်ကောင်းပါတယ်

#ရှောက်ရွက်နုရင်ပုပ်သွားပါတယ်အရွက်ရင့်တာဘဲသုံးရတာပါ👌
_____________________________________
#အာရုံကြောအားနည်းသူတွေအတွက်
#​ဆေးဝိဇ္ဇာအာရုံ​ကြောအား​ဆေး ရှိတယ်
#အာရုံ ​ကြောအား​ဆေး
#တိုင်းရင်း ​ဆေး
#မြန်မာ ​ဆေး

ဆီးအ​ရောင်(၇)မျိုးက​ပြော​သော ကျန်းမာ​ရေး▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
30/09/2024

ဆီးအ​ရောင်(၇)မျိုးက​ပြော​သော ကျန်းမာ​ရေး
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

“ကိုယ်ဝန်ဆောင်နဲ့ ဖရဲသီး”ဖရဲသီးက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အလွန်တည့်တဲ့ အသီးပါ။ ဖရဲသီးမှာ ရေဓါတ် ၉၂ ရာခိုင်နှုန်းပါတယ်။ ရ...
29/09/2024

“ကိုယ်ဝန်ဆောင်နဲ့ ဖရဲသီး”

ဖရဲသီးက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အလွန်တည့်တဲ့ အသီးပါ။ ဖရဲသီးမှာ ရေဓါတ် ၉၂ ရာခိုင်နှုန်းပါတယ်။ ရာသီဥတုပူလို့ ရေဓါတ်ခမ်းခြောက်တာကို ကာကွယ်ပေးတယ်။ ဗီတာမင် A နဲ့ C ၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် စတဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ်တွေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်တွင်း ဖရဲသီးစားပေးခြင်း

(၁) ရေဓါတ်ရတယ်။

(၂) ဝမ်းချုပ်တာ သက်သာစေတယ်။

(၃) ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။

(၄) Morning Sickness ကိုယ်ဝန်ပထမသုံးလမှာ ကြုံရတဲ့ အော့အန်တဲ့ပြဿနာ သက်သာစေတယ်။

(၅) ကိုယ်ခံစွမ်းအားကောင်းစေတယ်။

(၆) သွေးဖိအားမြင့်တာကို ကာကွယ်ပေးတယ်။

(၇) ရင်ပူတာတွေ သက်သာစေတယ်။

(၈) ခြေလက်ဖောရောင်တာတွေ နည်းစေတယ်။



#အာရုံကြောအားနည်းသူတွေအတွက်
#​ဆေးဝိဇ္ဇာအာရုံ​ကြောအား​ဆေး ရှိတယ်
#အာရုံ ​ကြောအား​ဆေး
#တိုင်းရင်း ​ဆေး
#မြန်မာ ​ဆေး

ရင်သားကင်ဆာနှင့်ညဉ့်နက်စာ▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎အမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာသွားရည်စာစာ...
29/09/2024

ရင်သားကင်ဆာနှင့်ညဉ့်နက်စာ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

အမျိုးသမီးများ ညစာကိုနောက်ကျစားခြင်းနဲ့ ညဉ့်နက်မှာ
သွားရည်စာစားခြင်းများက ရင်သားကင်ဆာဖြစ်ဖို့
အခွင့်အရေးအန္တရာယ်ကို လက်ယပ်ခေါ်နေတာနဲ့တူတယ်လို့
San Diego School of Medicine မှလေ့လာသူ Catherine Marinac ကဆိုထားပါတယ်။

၎င်းရဲ့တွေ့ရှိချက်က ညစာစားပြီးချိန်မှ နောက်တနေ့ နံနက်ခင်းစာစားချိန်အထိ အချိန်ကြာကြာ အစာမစားလေ ဂလူးကို့စ်သကြားဓါတ် နှင့် ကင်ဆာရောဂါကိုဖြစ်စေတဲ့သွေးထဲရှိဓါတ် ပမာဏလျော့ကျလေဆိုတာပါပဲ။

ဒီလိုပြုမူနေထိုင်ခြင်းက အာဟာရ(သို့)ကယ်လိုရီကို ရှုပ်ထွေးနေအောင် တွက်ချက်စားသောက်နေရတာထက် ကျန်းမာရေးကို ပိုမိုအကျိုးရှိတယ်လို့ဆိုတယ်။

အခြားအချိန်တွေမှာဘယ်လောက်စားစား ညစာစားပြီးနောက်အစာမစားချိန် ၃ နာရီတိုးတိုင်း သွေးထဲရှိဂလူးကို့စ်သကြားဓါတ် ၄% လျော့ကျတယ်။

ကျွမ်းကျင်သူများရဲ့ယူဆချက်အရ သွေးထဲရှိသကြားဓါတ်တည်ငြိမ်မှုဟာရင်သားကင်ဖြစ်စေတတ်တဲ့ ဟော်မုန်းခွဲထွက်မှုအန္တရာယ်ကို လျော့ပါးစေတယ်လို့ဆိုတယ်။

အမျိုးသမီးတိုင်း အောက်ပါအချက်အလက်များကို ကိုယ်တိုင်စစ်ဆေးသင့်တယ်။

-Monthly self-exams(ရင်သားကို လစဉ်ကိုယ်တိုင်လက်ဖြင့်ပွတ်သပ်စစ်ဆေးပါ)
-Attention to breastchanges(ရင်သားပုံစံပြောင်းလဲမှုကို ဂရုပြုမိပါစေ)
-Medical exam(ဆေးမှန်မှန်စစ်ပါ)
-Annual mammograms at age 40(အသက် ၄၀ ကျော်ရင် နှစ်စဉ် mammogram ရိုက်ပါ)

ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘူယျအားဖြင့်မာကြောခြင်း၊နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိပါတယ်။

ရင်သားမှာအောက်ပါထူးခြားချက်များတွေ့ရှိလာပါက ဆရာဝန်ပြသစစ်ဆေးပါ။

#အာရုံကြောအားနည်းသူတွေအတွက်
#​ဆေးဝိဇ္ဇာအာရုံ​ကြောအား​ဆေး ရှိတယ်
#အာရုံ ​ကြောအား​ဆေး
#တိုင်းရင်း ​ဆေး
#မြန်မာ ​ဆေး

အရမ်းငန်တဲ့ ငါးရံ့ခြောက် (သို့) ငါးခြောက်တွေကို နာရီဝက်အတွင်း ဆားပေါ့သွားအောင် ပြုလုပ်နည်းခုနောက်ပိုင်း ငါးရံ့ခြောက်တွေ ...
28/09/2024

အရမ်းငန်တဲ့ ငါးရံ့ခြောက် (သို့) ငါးခြောက်တွေကို နာရီဝက်အတွင်း ဆားပေါ့သွားအောင် ပြုလုပ်နည်း

ခုနောက်ပိုင်း ငါးရံ့ခြောက်တွေ အတော်လေး ဆားငန်တာနဲ့ ကြုံနေရလို့ပါ။ ပုံထဲကအတိုင်း လုပ်ကြည့်ပါ။ အရမ်းငန်နေတဲ့ ငါးခြောက်တွေဆို အငန်သက်သာ သွားပါတယ်။ လုံးဝ မငန်တော့တာတော့ မဟုတ်ပါဘူး။ ပြီးရင် နေပြန်လှန်းပေးပါ။

ဆားရေလည်း စိမ်ဖူးတယ်။ ရေဆေးပြီး နေပြန်လှန်းတာလည်း လုပ်ဖူးတယ်။ အငန်မပျောက်လို့ ဒီနည်းလေးက အဒေါ်ပြောပြလို့ လုပ်ကြည့်တာပါ။ အရမ်း အဆင်ပြေပါတယ်။ မနေ့ကလုပ်ပြီး ဒီနေ့ဖုတ်စားလိုက်တယ် တကယ်ကို ပေါ့သွားတာ။ နာရီဝက် ၄၅ မိနစ်လောက် ထားရင် ရပါတယ်။ ငါးခြောက်ကို ရေမြုပ်အောင် စိမ်ပြီး ငှက်ပျောအူကိုအပေါ်က တင်ရတာပါ။ ရေထဲထားလို့လည်း ရပါတယ်။ ငှက်ပျောအူက အငန်တွေ စုပ်လိုက်တာပါ။

ဘယ်ငါးခြောက်မဆို ငှက်ပျောပင်အူ (သို့မဟုတ်) အကာ အနည်းငယ်နဲ့ စိမ်ပါက အငန်ဓါတ်တွေ ပျောက်သွားသလို၊ မီးဖုတ်လိုက်ရင်လည်း အရောင်ပိုလှလာပါတယ်။ တခုသတိထားရမှာက အကြာကြီး မစိမ်ဖို့ပါ။ အကြာကြီး စိမ်လိုက်ရင် ငါးခြောက်က လုံးဝအရသာမရှိအောင် ပေါ့ရွှတ်သွားပါတယ်။ ပျမ်းမျှ နာရီဝက်လောက်စိမ်ရင် လုံလောက်ပါတယ်။


#ငါးရံ့ခြောက်
#ဆားပေါ့

----ကိုယ်ခံအားကို  ၈၀%  တက်စေမဲ့  အကျိုးပြုပိုး( probiotic )   ကို    အိမ်မှာ အကုန်အကျ နဲနဲနဲ့   မွေးမြူနည်း    ဆရာမကြီး...
28/09/2024

----

ကိုယ်ခံအားကို ၈၀% တက်စေမဲ့ အကျိုးပြု

ပိုး( probiotic ) ကို

အိမ်မှာ အကုန်အကျ နဲနဲနဲ့ မွေးမြူနည်း

ဆရာမကြီးဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက ချဉ်ဖတ်မှာ probiotic ( အကျိုးပြုပိုး) တွေ အများကြီးပါ

တယ်ဆိုတော့ ချဉ်ဖတ် လုပ်ကြရတာပေါ့နော်

ပထမဦးဆုံး သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဟင်းဆေးစက် (ozone စက် ပုံပြထားတဲ့အတိုင်း )နဲ့ ၁၅ မိနစ်မှုတ်ပါတယ် ပြီးရင် ရေပြန်ဆေးပါတယ်ရှင်

ချဉ်ဖတ်လုပ်မဲ့ ပစ္စည်းကရိယာများနဲ့ လက်များအလွန်သန့်ရပါမယ် ဆေးပြီးသားအ

သီးအရွက်တွေနှစ်သက်ရာပုံစံလှီးပြီးပါက ဇကာနဲ့ရေစစ်ပြီး အရိပ်ထဲ
မှာဘဲ ရေဖန့်အောင် ထားပါတယ်

ရေကျက်အေး တလီတာဆိုရင် ဆားပန်းရောင်လ္ဘက်ရည်ဇွန်း သုံးဇွန်းအချိုးအစားနှုန်းနဲ့လိုသေလာက် ဆားရေဖျော်ပါ

ပြီးရင်ချဉ်ဖတ်တည်မဲ့ ပုလင်း , ဘူး , များကို ရေကျက်အေးနဲ့ ကျင်းဆေးပါ

ကျင်းပြီးသားဘူးထဲကို အသီးအရွက် ဆားရည်ထည့်ပါ ဆား ရေမြှုပ်အောင် ထည့်ပါ

ပြီးရင် probiotic တစ်လုံး , နှစ်လုံး , သုံးလုံး ပစ္စည်းအနဲအများပေါ်မူတည်ပြီး ဖေါက်ထည့်ပါ မမွှေပါနဲ့

ပြီးရင် အဖုံးလုံအောင်ပိတ်ပါ အခန်းအပူချိန်မှာထားပါ ဖွင့်မကြည့်ရ မလှုပ်ရပါ

ပလုံစီတက်လာရင် ရပါပြီ

ရေခဲသေတ္တာထဲထည့်ပြီး နှစ်သက်သလိုစားပါ.

ထမင်းစေ့ , ထမင်းရည် မပါလို့အချဉ်မလွန်ပါ , တအားမချဉ်ပါ , အနေတော်စားကောင်းပါတယ်

သခွါးသီးကတော့ တရက်နဲ့ချဉ်ပြီး မုန်လာဥဖြူ/နီတွေကတော့ နှစ်ရက် , သုံးရက်မှချဉ်ပါတယ်

ကျွန်မကတော့ ချဉ်ဖတ်အဖတ်ကို အရွက်ရည်နဲ့ရောကြိတ်ပြီး အရည်ကို ဖျော်ပြီးသားအရွက်ရည်နဲ့ ရောမွှေသောက်ပါတယ်

တချို့ ရေခဲရေ မတည့်သူများ ချဉ်ဖတ်ကိုကြိုထုတ်ပြီး အခန်းအပူချိန်ရောက်မှ အသုံးပြုပါ ကျွန်မကတော့
ရေခဲရေသောက်ရင်ဝမ်းချုပ်တတ်သူမို့ ပါ

alkaline ပိုဖြစ်ပါတယ် PH တက်ပါတယ်

ကိုယ်ခံအားတက်ပါတယ်

အကျိုးပြုပိုးပါတဲ့ချဉ်ဖတ်ရည်အနဲငယ်ကို နောက်တခါ ချဉ်ဖတ်တည်တဲ့အခါ ptobiotic

အစား သုံးနိုင်ပါတယ် ( ဒါကိုတော့ ကျွန်မကသိတ်မကြိုက်ပါ, တခါဆိုတခါ probiotic ထည့်လုပ်တာ ပိုကြိုက်ပါတယ်)

အကုန်အကျနဲနဲနဲ့ အကျိုးပြုပိုးများများ ရမဲ့နည်းဘယ်လောက်ကောင်းလဲ

လုပ်ရတာလဲ အလွန်လွယ်

ကျွန်မကတော့ အတော် သဘောကျပါတယ်

အရေးကြီးတာ ပြောဖို့မေ့တော့မလို့ !

အကျိုးပြုပိုးများများပါတဲ့ချဉ်ဖတ်ဟာ စားချင်စဖွယ် မွှေ း နေ ပါတယ်ရှင်

ဆရာမကြီးရဲ့ချဉ်ဖတ်တည်နည်းပြောပြတဲ့

ချစ်လှ စွာသော နိုင်ငံကျော်အဆိုတော် မမရီ (Mar Mar Yee)

ကို ကျေးဇူးတင်ပါတယ်ရှင်

ဆရာမကြီး နဲ့ မမရီ ကို ကျွန်မ မသန်းသန်းနွယ်က

ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပါတယ်ရှင်

ချစ်လှစွာသော ကျန်းမာရေးမိတ်ဆွေတွေလဲ မိမိ

ကျန်းမာရေး စောင့်ရှောက်နိုင်ပြီး ကျန်းမာချမ်းသာပါစေရှင်


#အာရုံကြောအားနည်းသူတွေအတွက်
#​ဆေးဝိဇ္ဇာအာရုံ​ကြောအား​ဆေး ရှိတယ်
#အာရုံ ​ကြောအား​ဆေး
#တိုင်းရင်း ​ဆေး
#မြန်မာ ​ဆေး

Address

Mandalay

Telephone

+959400459798

Website

Alerts

Be the first to know and let us send you an email when ဆေးဝိဇ္ဇာ အာရုံကြောအားဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆေးဝိဇ္ဇာ အာရုံကြောအားဆေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram