11/09/2025
🦷 ပါးစပ်နှင့် နှလုံးဆက်သွယ်မှု - ပါးစပ်အတွင်းက ဘက်တီးရီးယားများ နှလုံးဆီသို့ ရောက်ရှိပုံ
သိပ္ပံသုတေသနများက ပါးစပ် ကျန်းမာရေးနှင့် နှလုံး ကျန်းမာရေးကြားက အံ့ဩစရာ အရေးပါတဲ့ ဆက်သွယ်မှုကို တွေ့ရှိထားပါတယ်။ တွေ့ရှိချက်ကတော့ ချောက်ချားဖွယ်ကောင်းပြီး သတိပေးနေတာက သွားချေး(Dental Plaque)မှာ အများဆုံးတွေ့ရတဲ့ ဘက်တီးရီးယားတွေဟာ နှလုံးဖောက်ပြန်ခဲ့ဖူးသူ (Heart Attack)လူနာတွေရဲ့ သွေးလွှတ်ကြောထဲက အဆီခဲကျောက်တွေနှင့် နှလုံးတစ်ရှူးထဲမှာတောင် အတွေ့များနေပါပြီ။
ဒီလိုဘယ်လိုဖြစ်နိုင်သလဲ?
ပါးစပ်ကနေ နှလုံးဆီကို ရောက်ရှိသွားတဲ့ ခရီးကြောင်းက ရှင်းနေပါတယ်-
၁။ သွားဖုံးရောဂါ စတင်ခြင်း- သွားချေးကို မှန်မှန်မဖယ်ရှားရင် ခံတွင်းကျောက်တည်ပြီး သွားဖုံးတွေကို ရောင်ရမ်းစေတဲ့ Gingivitis ဖြစ်လာနိုင်ပါတယ်။ ဒါကို မကုသရင် Periodonitisလို့ခေါ်တဲ့ သွားဖုံးပြင်းထန်ရောဂါပိုးဝင်ပြီး သွားကိုထိန်းထားတဲ့ အရိုးပါပျက်စီးစေနိုင်ပါတယ်။
၂။ဘက်တီးရီးယားများ သွေးထဲသို့ ဝင်ရောက်လာခြင်း-
ရောင်ရမ်းနာကျင်နေတဲ့ သွားဖုံးတစ်ရှူးတွေဟာ နုနယ်ပြီး သွေးထွက်လွယ်ပါတယ်။ ဒီသွေးထွက်တဲ့ နေရာလေးတွေကနေတဆင့် ဝါးတာ၊ သွားတိုက်တာ၊ သွားကြားထိုးတာလို နေ့စဉ်လုပ်ဆောင်ချက်တွေကနေ ဘက်တီးရီးယားတွေ သွေးလှည့်ပတ်မှုစနစ်ထဲကို တိုက်ရိုက်ဝင်ရောက်သွားနိုင်ပါတယ်။
၃။တစ်ကိုယ်လုံး ရောင်ရမ်းမှု ဖြစ်စေခြင်း-
သွေးထဲရောက်သွားတဲ့ ဒီဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရောင်ရမ်းမှုကို စတင်ဖြစ်ပွားစေပါတယ်။ ကိုယ်ခံအားစနစ်က ခုခံတိုက်ခိုက်ပေမယ့် ဒီနာတာရှည် ရောင်ရမ်းမှုက သွေးကြောတွေရဲ့ အတွင်းနံရံတွေကို ပျက်စီးစေနိုင်ပါတယ်။
၄။နှလုံးသွေးကြောဆိုင်ရာ ပျက်စီးမှုကို ဖြစ်စေခြင်း-
ဒီပျက်စီးမှုက နှလုံးသွေးကြောကျဥ်းခြင်း(Atherosclerosis) ရဲ့ အဓိက တွန်းအားဖြစ်ပါတယ်။ ပါးစပ်က ဘက်တီးရီးယားတွေဟာ ဒီသွေးကြောထဲက အဆီခဲကျောက်တွေ ဖြစ်ပေါ်လာဖို့ တိုက်ရိုက် ပံ့ပိုးပေးနိုင်ပြီး သွေးခဲဖြစ်စေနိုင်ကာ နှလုံးဖောက်ခြင်း သို့မဟုတ် လေဖြတ်ခြင်းဖြစ်စေနိုင်တဲ့ အန္တရာယ်ကို မြင့်တက်စေပါတယ်။
ဒါက သင့်အတွက် ဘာကိုဆိုလိုတာလဲ
ပါးစပ်က ဘက်တီးရီးယားတွေကို နှလုံးရောဂါဖြစ်ရတဲ့ တစ်ခုတည်းသော တိုက်ရိုက်အကြောင်းရင်း အဖြစ် မမှတ်ယူဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ၎င်းတို့ဟာ အရေးပါတဲ့ အန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်းနှင့် ပံ့ပိုးပေးသူ တစ်ဦးတော့ ဖြစ်နေပါပြီ။ ခန္ဓာကိုယ်ရဲ့ တစ်နေရာ (ပါးစပ်) က ပြဿနာက အခြားတစ်နေရာ (နှလုံး) မှာ ကြီးမားတဲ့ နာတာရှည် ဆိုးကျိုးတွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ သာဓကပါပဲ။
သွားဖုံး ကျန်းမာရေးကို လျစ်လျူရှူထားတာဟာ ခံတွင်းနံ့ဆိုးခြင်း ဒါမှမဟုတ် သွားဆုံးရှုံးခြင်းထက် ပိုပါတယ်။ ဒါဟာ သင့်ရဲ့ နှလုံးသွေးကြောဆိုင်ရာ အန္တရာယ်ကို တိတိမ်မော မီးမွှေးပေးနေတာပါ။
ကောက်ချက် - ကြိုတင်ကာကွယ်ခြင်းသည် အဓိကသော့ချက်ပါ
အရေးအကြီးဆုံး သိထားရမှာက သွားဖုံးရောဂါဟာ ကာကွယ်လို့ရပြီး ကုသလို့ရနိုင်တယ် ဆိုတာပါပဲ။ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်တာဟာ သင့်ရဲ့ ပြုံးရှင်မှုအတွက်တင်မကဘဲ သင့်နှလုံးကိုပါ ကာကွယ်ပေးနိုင်တဲ့ စွမ်းအားပြင်းတဲ့ လက်နက်တစ်မျိုးပါ။
ဒီအန္တရာယ်ကို လျှော့ချဖို့-
· တစ်နေ့ကို နှစ်ကြိမ်၊ နှစ်မိနစ်ကြာ သွားတိုက်ပါ။
· သွားကြားထဲက သွားချေးတွေကို ဖယ်ရှားဖို့ သွားကြားထိုးပါ။
· သွားဆရာဝန်နဲ့ မှန်မှန်ပြသပြီး ခံတွင်းသန့်စင်မှု ခံယူပါ။
· Gingivitisနဲ့ Periodonitis ရောဂါတွေကို စောစောစီးစီး ကုသမှုခံယူပါ။
ဒါဟာ သွားတိုင်းကျန်းမာရေး စောင့်ရှောက်မှုတင်မကဘဲ သင့်ခန္ဓာကိုယ် တစ်ခုလုံးရဲ့ ကျန်းမာရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါပဲ။
---
🧠 ကိုးကားချက်များ-
1. Lockhart PB, et al. (2012). Periodontal Disease and Atherosclerotic Vascular Disease: Does the Evidence Support an Independent Association? Circulation.
2. Tonetti MS & Van Dyke TE (2013). Periodontitis and Atherosclerotic Cardiovascular Disease: Consensus Report. Journal of Clinical Periodontology.
#သွားဆေးခန်း