Sein Lann Phyu Pharmacy

Sein Lann Phyu Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sein Lann Phyu Pharmacy, Pharmacy / Drugstore, Mandalay.

07/09/2022

နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome )

Chronic Fatigue Syndrome ဆိုတာ နာတာရှည်ရောဂါ တစ်ခုဖြစ်ပြီး ခြောက်လ အထက် အလွန်အမင်း မောပန်းနွမ်းနယ်နေခြင်းဖြစ်ပါတယ်။ နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome )ဖြစ်နေပြီလို့ နာမည်တပ်ဖို့ ခက်ပါတယ်။

ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) က တစ်ချိန်လုံးဖျားနေသလို ခံစားနေရတတ်တယ်။ အချိန်အကြာကြီးမလုပ်နိုင်မကိုင်နိုင် ပင်ပန်းနေတတ်တယ်။ မှတ်ဉာဏ်တွေလျော့လာတတ်တယ်။ တစ်ခါတစ်ရံ အဆစ်တွေ၊ ကြွက်သားတွေ နာတတ်တယ်။ အကျိတ်လေးတွေ ထွက်လာတတ်တယ်။ ခေါင်းကိုက်တတ်တယ်။ ညဘက်ချွေးထွက်တယ်။ အူလမ်းကြောင်းမူမမှန်တာတွေဖြစ်တတ်တယ်။ စိတ်ဓာတ်လည်းကျနေတတ်တယ်။

ဟိုမုန်း မူမမှန်မခြင်း၊ ကိုယ်ခံအားစနစ် ချို့ယွင်းချက်ရှိခြင်း၊ နာတာရှည်သွေးအားနည်းနေခြင်း နှင့် အစာအဟာရာမပြည့်စုံခြင်းတို့က ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) ရောဂါကိုပိုဆိုးစေပါတယ်။ Celiac disease ရောဂါ၊ oxidative stress ဖြစ်ခြင်း၊ အစာနှင့် ဓာတ်မတည့်မှုတွေ နှင့် နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) အဆက်အစပ်ရှိတယ်ဆိုပါတယ်။ ဗိုင်းရပ်တွေကလည်း နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) ကို ဖြစ်စေနိုင်ပါတယ်။

နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) ကို ဆေးရုံတွေမှာတော့ ရောဂါဇစ်မြစ်ကိုရှာလို့မရတာကြောင့် ဖြစ်လာတဲ့ ဝေဒနာကိုပဲ သက်သာအောင် ကုပါတယ်။ ကုရတာလည်း သိပ်ကြာပြီး ဓာတုဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးလည်း ခံစားရပါတယ်။ Alternative and Complementary Medicine ဂျာနယ်အဆိုအရ အပ်စိုက်ကုခြင်း၊တရားထိုင်ခြင်းတို့က နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) ကို သက်သာစေတယ် ရေးပါတယ်။

အကြံပြုချက်တွေက

✅ အစာနဲ့ ဓာတ်မတည့်ခြင်း နှင့် နာတာရှည် နွမ်းနယ်နေမှု တို့က အဆက်အစပ်ရှိတယ်လို့ သုသေတနအများစုက ပြောပါတယ်။ Scandinavian Journal of Gastroenterology မှာရေးတာက အူလမ်းကြောင်းမူမမှန် လှုပ်ရှားမှုကြောင့် ဖြစ်သောရောဂါ (IBS ) ၊ နာတာရှည် ကြွက်သားနာကျင်တောင့်တင်းသောရောဂါ (fibromyalgia) နှင့် နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) တို့က အဆက်အစပ်ရှိနေပါတယ်။

အစာမကြေခြင်း နှင့် ဂလူတန်နဲ့ မတည့်ခြင်း၊ နို့ နဲ့မတည့်ခြင်း လို အစာနဲ့ ဓာတ်မတည့်ခြင်းက အဓိက အကြောင်းဖြစ်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။ ဓာတ်မတည့်ခြင်းအတွက် IgG (Immunoglobulin G) စစ်ဆေးမှုလုပ်ပြီး မတည့်တဲ့အစားအစာကို ရှောင်လိုက်လျှင် အူလမ်းကြောင်းမူမမှန် လှုပ်ရှားမှုကြောင့် ဖြစ်သောရောဂါ (IBS ) နှင့် နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) တို့ သက်သာ သွားတတ်ပါတယ်။ Orthomolecular Medicine ဂျာနယ် အဆိုအရ အစာလမ်းကြောင်းကို အကျိုးပြုတဲ့ ပရိုဘိုင်အိုတစ် အများကြီးပါတဲ့ အစားအစာတွေက Chronic Fatigue Syndrome ကုသမှုအတွက် အထောက်အကူပြုပါတယ်။

ကမ္ဘာ့လူဦးရေရဲ့ ၂/၃ လောက်မှာ H. pylori က ဘက်တီးရီး ကူးစက်မှုရှိပါတယ်။ H. pylori ပိုးက အစာအိမ်နံရံကို ဖျက်စီးတတ်တယ်၊ မကုပဲထားလျှင် အစာအိမ်အနာဖြစ်တတ်တယ်။ H. pylori ပိုးကလည်း နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) နဲ့ ဆက်စပ်နေပါတယ်။ Chronic Fatigue Syndrome နှင့် candida မှိုတွေက ဆက်စပ်နေတယ်ရေးပါတယ်။ ဒါကြောင့် candida မှိုတွေကြိုက်တဲ့ သကြား၊ အသီးချို၊ အရက် နဲ့ ပြောင်းဖူးလို အစေ့အဆန်တွေ ရှောင်ပါ။ IgG စစ်ရင်း မှိုရှိ၊ မရှိ Candida albicans test လုပ်ကြည့်နိုင်ပါတယ်။

✅ ဗိုက်တာမင် B အုပ်စုတွေဖြစ်တဲ့ B1,B12,B 6,B 2,folate နဲ့ နာတာရှည်နွမ်းနယ်မှု တိုက်ရိုက်ပတ်သတ်နေတယ်လို့ တော်ဝင်ဆေးပညာအဖွဲရဲ့ ဂျာနယ်မှာရေးသားဖော်ပြခဲ့ပါတယ်။ ဗိုက်တာမင် B-6 က မောပန်းမှုကို မဖြစ်အောင်ကာကွယ်တယ်။ မောပန်းနေလျှင်လည်း သက်သာပျောက်ကင်းစေတယ်။သွေးဖြူဥတစ်မျိုးဖြစ်တဲ့ T cell ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပြီး ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ပေးတယ်။နာတာရှည် နွမ်းနယ်တတ်သူတွေ ဗိုက်တာမင် B-6 ကြွယ်ဝတဲ့ ဆာလမွန်ငါး၊တူနာငါး၊ဌက်ပျောသီး၊အမဲသား၊ကန်စွန်းဥ၊ကြက်သွန်ဖြူ၊ဟင်းနုနွယ်တွေ များများစားပေးသင့်ပါတယ်။

ဗိုက်တာမင် B6, folate, B12 သုံးခုပေါင်းပြီး မီသိုင်းလေးရှင်း (Methylation) ဆိုတဲ့ ဖြစ်စဉ်ကို ဆောင်ရွက်ပြီး ကိုယ်ခန္ဓာရဲ့ ခုခံအား၊ စွမ်းအင်ထုတ်လုပ်မှု၊ စိတ်အခြေအနေ၊ အာရုံကြောကျန်းမာရေး၊ ကိုယ်တွင်း အဆိပ်ထုတ်သန့်စင်ခြင်းတို့ကို တိုးတက်ကောင်းမွန်စေပါတယ်။နှစ်ခြိုက်စွာ အိပ်ပျော်စေတဲ့ မယ်လတိုနင် ဟိုမုန်းထုတ်လုပ်မှုလည်း တိုးတက်စေတယ်။

မီသိုင်းလေးရှင်း (Methylation) ကောင်းကောင်းမဖြစ်လျှင် နာတာရှည် နွမ်းနယ်ပင်ပန်း နေတတ်တဲ့အပြင် နာတာရှည်ရောဂါတွေဖြစ်တဲ့ ကင်ဆာ၊ဆီးချို၊နှလုံးရောဂါ၊ဓာတ်မတည့်ခြင်းများနဲ့ စိတ်ရောဂါတွေ ဖြစ်တတ်ပါတယ်။

✅ ပိုတက်ဆီယမ် နဲ့ မက်ဂနီဆီယမ် က နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) ကို သက်သာစေပါတယ်။ သုသေတနတွေမှာတွေ့တာက မက်ဂနီဆီယမ် ကြွယ်ဝတဲ့အစာတွေကို ခြောက်ပတ်လောက်စားပေးလျှင် နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) ကို သက်သာစေတယ်ဆိုပါတယ်။ ပိုတက်ဆီယမ် က ကိုယ်ခန္ဓာရဲ့ ဓာတ်သတ္ထုတွေကို မှန်ကန်စေပါတယ်။ ပိုတက်ဆီယမ်များတဲ့ အစာတွေ စားပေးလျှင် နာတာရှည် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်။

✅ နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) ဟာ စိတ်သာမက ကိုယ်ခန္ဓာပါ ပင်ပန်းစေပါတယ်။ ဒါကြောင့် အနားယူပါ။ တစ်ပတ် တစ်ရက် ဘာမှ မလုပ်ပဲနားပါ။ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ပါ။ ယောဂကျင့်ပါ။ ဆီဖြင့် အနှိပ်ခံပါ။ တရားထိုင်ပါ။ ဒီအချက်တွေကို သေချာလိုက်နာလျှင် နာတာရှည် ပင်ပန်းနွမ်းနယ်မှု ( Chronic Fatigue Syndrome ) သက်သာသွားတတ်ပါတယ်။

ဒေါက်တာဖြိုးမောင်မောင်

15/07/2022

ခု B5 ရဲ့ လက္ခဏာတွေ လေ့လာမိသလောက်..
လူနာဟာ....


ရင်ခေါင်းရောင် ခြင်း
အပူနာဖြစ်၍
ညပိုင်းမှာ ဗိုက်အောင့်ဗိုက်ရစ်ဖြစ်ပြီး ဝမ်းစသွားပါ့မယ်

သိုင်းရွိုက်ရောင်မယ်..

လည်ပင်းစနာလာတယ်၊ ရင်ခေါင်းထဲမှာ တစ်ဆို့ကြီး ဖြစ်နေမယ်၊ အဓိက ချွဲတွေစပိတ်လာမယ်၊ အဲဒီအချိန် တချို့မှာ အသက်ရှူကြပ်တဲ့ လက္ခဏာတွေ စပြလာမယ်၊ SpO2 တိုင်းပြီး အောက်စီဂျင် သွေးတွင်းပမာဏကို စောင့်ကြည့်နေရမယ်၊
ထိုင်းမှိုင်းနေမယ်၊ အစာမဝင်တော့ဘူး၊ ညဖက်တွေ အိပ်မပျော်တော့ဘူး၊ လည်ပင်းထဲ နေလို့မကောင်းတော့ဘူးတွေ စဖြစ်လာပါမယ်

ငယ်ထိပ်ခဲ လာပြီး ဦးဏှောက်အမြှေးပါးရောင်ခြင်း

- နှာခေါင်းထဲ အနံ့အာရုံ၊ ပါးစပ်ထဲက အရသာတွေ ပျောက်သွားမယ်၊ ခါးသက်သက်နဲ့ အစပ်အရသာတွေလောက်ပဲ အီလည်လည်ရမယ်၊ အစာလုံးဝမစားချင်ဘူး၊ မစားရင်လည်း အားပြတ်မယ်၊ ကြိတ်မှိတ်ပြီးစားရသလို အအေးမမိအောင်လည်း နေရတယ်၊ ညပိုင်းမှာ နှာခေါင်းထဲ မီးခိုး‌နံ့ကြီးပဲ ကျန်ခဲ့မယ်၊ ဆား‌ရည်နဲ့ နှာခေါင်းတွင်းကို ဆေးပေးရမယ်
တင်ပါး ခဲမယ်

ဦး​​ေခါင်း နာဗ်ကြောများ ရောင်ခြင်း

ချမ်းစိမ့်ပြီး ကိုယ်လက်တွေ မအီမသာစဖြစ်မယ်၊ ခေါင်းတွေ အုံလာမယ်၊ သိသိသာသာကြီးအားနည်းလာမယ်

တစ်ဝက်လောက်က စဖျားမယ်၊ ချမ်းတုန်နေမယ်၊ အများစုက မခံနိုင်လောက်အောင် ခေါင်းစကိုက်မယ်၊ ကိုယ်တွေလက်တွေ ရိုက်ထားသလိုနာမယ်၊

ဂုတ်ဆက် ခဲခြင်း

- နှာစစီးလာမယ်၊ နှာရည်ယိုမယ်၊ နှာခေါင်းပိတ်မယ်၊ ခေါင်းပြင်းထန်စွာကိုက်တာနဲ့ ရင်ဘတ်ထဲ နေမသိထိုင်မသာဖြစ်တာနဲ့ တွဲမယ်၊

လက်ပြင်ရောင်ခြင်း

တချို့လူတွေမှာ chest painလို့ ခေါ်တဲ့ ရင်ဘတ်အောင့်တာပါဖြစ်မယ်၊ ချွဲတွေ ပိုပျစ်ပြီး အရောင်ပြောင်းလာမယ်၊ ညဖက်တွေမှာ ချွေးတွေနစ်နေအောင် ထွက်တတ်တယ်၊ အဆုတ်ကို အအေးထပ်မမိအောင် သတိထားပါ


အာရုံကြောတော်တော်များများ အကုန်နီးပါးကို ဖျက်ဆီး ပစ်လိုက်တာပါပဲ... Omicron အစနဲ့ BA.2ထက် သုံးလေးဆပိုထိတယ်၊ အဓိကအ‌နေနဲ့ တစ်ယောက်ကနေ တစ်ယောက်ကူးစက်တာ အရမ်းမြန်တယ်၊ အခုစကားလေးငါးခွန်းပြောလိုက်၊ ချက်ချင်းကူးသွားနိုင်ပြီး နောက်ရက် လက္ခဏာ စပြတော့တာပဲ၊ ပြဿနာက ကလေးတွေကိုပါ ကူးစက်ပြီး ကိုဗစ်လက္ခဏာတွေ ခံစားရတာပဲ

ုပ်ပြီးအိမ်မှာပဲနေမည့်လူအများစု
လိုအပ်မည့်ဆေးတွေကတော့
Paracetamol လိုမျိုးအဖျားကျဆေး၊
Ibuprofenလိုမျိုး အကိုက်အခဲပျောက်ဆေး၊
Acetylcysteine - ACCလိုမျိုး ချွဲပျော်ဆေး၊
ဝမ်းလျောဝမ်းပျက်တာနဲ့ စသောက်ဖို့ Probiotics၊

တို့ဆောင်ထားသင့်ပါသည်..
Credit

17/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိလေးတွေ အစရှိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမထွက်တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာဖြစ်တဲ့ နှာစေး၊ နှာခေါင်းပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာတတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မသေမပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ်အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲကဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်းကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အတိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုးပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ်အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberationတွေနဲ့ ပြောချင်တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီနေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက်ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုးရောက်ချိန် ကာကွယ်ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကိုဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ အားနည်းတာလောက်ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆိုတော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်ယူတော့မှ တွေ့ရတာတွေ ရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံနာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်းနေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊ လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန်က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တခြားDecongestantလိုမျိုးတွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကတော့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသွားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံးကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည်ပြောနိုင်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

:Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

Research paperတွေ စုပေးထားတဲ့ Articleပါ Not Ref

ပစ္စည်းမ​ရောက်​သေးဘူးလား လာလာ​မေး​နေတဲ့ အမျိုး​တွေNusal face wash လေး ပြန်​ရောက်ပါပီရှင့်ဝက်ခြံ ဆားဝက်ခြံ အဆီဖု အမဲစက်ရှ...
11/12/2021

ပစ္စည်းမ​ရောက်​သေးဘူးလား
လာလာ​မေး​နေတဲ့ အမျိုး​တွေ
Nusal face wash လေး ပြန်​ရောက်ပါပီရှင့်

ဝက်ခြံ ဆားဝက်ခြံ အဆီဖု အမဲစက်ရှိတဲ့သူလေးတွေအတွက် အရေပြားဆရာဝန်တွေညွှန်းပေးတဲ့
Face wash လေးပါနော်

Nusal ကတော့ Salicylic Acid ပါဝင်တဲ့ Face Wash Cleansing တွေထဲမှာစျေးနှုန်းအသက်သာဆုံးနဲ့ Quality လည်းကောင်းတဲ့ Product တစ်မျိုးဖြစ်ပါတယ်

NuSal Face Wash - 50g - 4000
NuSal Acne Bar - 100g - 6500
Mdy မြို့တွင်း ပစ္စည်း​ရောက်​ငွေ​ချေ ပို့ပေးပါတယ်ရှင့်

100% Authentic
USA Formula
India Made
FDA approve

04/12/2021

🔴 ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ
~~~~~~~~~~~~~~~~
ထိုင်းနိုင်ငံတွင် ကူးစက်ပျံ့ပွားနေသည့် ဗြိတိသျှမျိုးစိတ်အသစ် ကိုဗစ်ရောဂါသည် စိုးရိမ်ဖွယ်ကောင်းသည့် ကူးစက်မြန်၊ ပျံ့နှံ့လွယ်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

မျိုးဗီဇပြောင်းဖြစ်ကြောင်းကိုလည်း စစ်ဆေးအတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ကူးစက်မှုသည် ယခင်ကထက် ၃၀ မှ ၅၀ ရာနှုန်းအထိ ပိုမိုပြင်းထန် အားကောင်းပါသည်။

ထို့ကြောင့် လူတိုင်း သတိရှိရန် လိုအပ်ပါသည်။

🔴 ဗီဇပြောင်း Covid 19 လက္ခဏာများ

🔴 ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရ။ှိ
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

🔴 ၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5°C ဖြစ်သည်။ သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

🔴 ၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5°-36.7°C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

🔴 ၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37° C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ၀မ်းလျှော၍ အော့အန်မည်။

🔴 ၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4°-37.8°C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေမည်။
၄။ အပြင်းအထန် ၀မ်းလျှောမည်။
၅။ အော့အန်မည်။

🔴 ၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38°C +++ အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

🔴 ၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။

ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

-----
Info from the hospital. Chulalongkorn
* The outbreak that is coming from yesterday and today is breed B. 1.1.7 or British variant that has gone viral.
(Genome check confirmed)
The outbreak will be 30 to 50 % stronger. should be careful.
Covid-19 signal. Summary from Sathorn.
Face will help each other.
#อาการวันต่อวัน
Day 1-3
1. looks like a cold.
2. little sore in neck
3. No fever, no tiredness.
4. eat / drink normally
…………
Day 4
1. little sore throat
2. talk starts hurting in the neck
3. Fever looks normal 36.5°C
Lol disturbing with eating
Lol little headache lol
6. light belly.
Lol feel like getting drunk
…………
Day 5
1. pain in the neck. Talk _ hurt
Lol little bit tired
3. mercury fever 36.5°-36.7°C
3. Tired, joint pain.
……………
Day 6
1. Mercury. Fever 37° C+
2. dry cough.
3. neck pain while eating / talking
4. tired, nauseous
5. occasional difficulty breathing
6. inches feels pain
7. diarrhea, vomit.
…………
Day 7
1. fever 37.4°-37.8°C
2. consecutively coughing with phlegm.
3. body / head ache
4. very diarrhea
5. vomit
……………
Day 8
1. fever 38°C +++
2. difficult to breathe.
3. consecutive coughing
4. Headache, joints, muscles
5. limb and bottom pain
……………
Day 9
1. no better and worse
2. very high fever
3. symptoms have collapsed.
4. fighting to breathe
Symptoms on the 9th. Need blood test CT Scan chest.

For mutual benefit, you can share or pass on information.
Thank you.

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ
ထုတ်ပြန်သည်။

  ပစ္စည်း instock​ရောက်ပါပြီရှင့်
27/09/2021

ပစ္စည်း instock
​ရောက်ပါပြီရှင့်


Afrin နှာ​ခေါင်း အစက်ချတဲ့ ​ဆေးရည် နဲ့Inhaler ​တွေ ပြန်​ရောက်ပါပြီ...
05/08/2021

Afrin နှာ​ခေါင်း အစက်ချတဲ့ ​ဆေးရည် နဲ့
Inhaler ​တွေ ပြန်​ရောက်ပါပြီ...

Strepsils ငုံ​ဆေး​တွေOramin C ​တွေ Spektrum EnergySpektrum 50+ ​လိုသ​လောက် ရပါပြီရှင့် 🙏
28/07/2021

Strepsils ငုံ​ဆေး​တွေ
Oramin C ​တွေ
Spektrum Energy
Spektrum 50+ ​
လိုသ​လောက် ရပါပြီရှင့် 🙏

Covid ​ရောဂါကာကွယ်ဖို့ လိုအပ်တဲ့ဆေး​​လေး​တွေပြန်​ရောက်ပါပြီရှင့် 🙏
27/07/2021

Covid ​ရောဂါကာကွယ်ဖို့ လိုအပ်တဲ့ဆေး​​လေး​တွေပြန်​ရောက်ပါပြီရှင့် 🙏

Sritrang Gloves ​​ရောက်ပါပြီGood Quality Made in Thailand ( Instock )
19/07/2021

Sritrang Gloves ​​ရောက်ပါပြီ
Good Quality
Made in Thailand ( Instock )

   Oximeter India Made ( Instock 50 pcs )
19/07/2021



Oximeter
India Made ( Instock 50 pcs )

Address

Mandalay

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959402592621

Website

Alerts

Be the first to know and let us send you an email when Sein Lann Phyu Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram