Mandala Yoga

Mandala Yoga ကျန်းမာပျော်ရွှင်သော ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။

သင်တန်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးချက်Madala Yoga သင်တန်းလေးကို ခေတ္တပိတ်ထားပါမယ်ရှင်။​တီချယ့်အနေနဲ့  အသိပညာသစ်တွေ...
11/02/2026

သင်တန်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေးချက်

Madala Yoga သင်တန်းလေးကို ခေတ္တပိတ်ထားပါမယ်ရှင်။

​တီချယ့်အနေနဲ့ အသိပညာသစ်တွေနဲ့ အကောင်းဆုံး ပြန်လည်မျှဝေပေးနိုင်ဖို့အတွက် သင်တန်းလေးသွားတက်ဖို့ ရှိပါတယ်။ 🧘‍♀️

ဒါကြောင့် သင်တန်းလေးကို Feb 12thမှ Feb 17 th ခေတ္တ ပိတ်ထားမည်
ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။🥰

လူတွေ သိပ်မသိကြတဲ့ ယောဂကျင့်စဉ်ရဲ့ အကျိုးကျေးဇူးတွေကို သိကြလား? 🤔💭​လူတော်တော်များများက ယောဂကို သာမန် လေ့ကျင့်ခန်းတစ်ခုလိ...
10/02/2026

လူတွေ သိပ်မသိကြတဲ့ ယောဂကျင့်စဉ်ရဲ့ အကျိုးကျေးဇူးတွေကို သိကြလား? 🤔💭

​လူတော်တော်များများက ယောဂကို သာမန် လေ့ကျင့်ခန်းတစ်ခုလို့ပဲ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ လေ့ကျင့်ခန်းတစ်ခုထက်ပိုတဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။ 🌈✨

​ဒါဆိုရင် ယောဂကျင့်စဉ်ကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။ 👇

​🌸 စိတ်ဖိစီးမှုတွေကို သိသိသာသာလျော့ ချပေးတဲ့အတွက် နေ့စဉ် ပင်ပန်း နွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးပြီး စိတ်ကို အေးချမ်းစေပါတယ်။

​🌸 ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးတဲ့အတွက် အာရုံစူးစိုက်မှု (Focus) ပိုကောင်းလာစေပြီး အလုပ်လုပ်ရာမှာ ပိုမိုထိရောက်လာစေပါတယ်။

​🌸 မိမိကိုယ်ကိုလည်း ယုံကြည်မှု တိုးလာတာကြောင့်ကိုယ့်ရဲ့အတွေးတွေကို အပြစ်မမြင်ဘဲ လက်ခံတတ်လာပြီး အကောင်းမြင်စိတ်တွေ တိုးပွားလာမှာပါ။

​🌸 စိတ်ဒဏ်ရာတွေ နဲ့ စိတ်မလုံခြုံမှုတွေကနေလည်း ကာကွယ်ပေးတဲ့အတွက် အတိတ်က စိတ်ဒဏ်ရာတွေကနေ လွတ်မြောက်ပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေတဲ့အတွက် ယောဂကျင့်စဥ်က နေစဥ်ဘဝအတွက် များစွာ အထောက်အကူပြုနေမှာပါ။🧘‍♂️

​ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ Mandala Yoga နဲ့က အမြဲအသင့်ရှိနေပါတယ်။




#ကျောက်ဝိုင်းအနီး
Mandala

အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက စိတ်ရော၊ ကိုယ်ပါ ထိခိုက်မှုတွေ ရှိနေတတ်ပါတယ်။​ဒါကို မကုစားဘဲ အချိန...
08/02/2026

အမျိုးသမီးတွေရဲ့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေက စိတ်ရော၊ ကိုယ်ပါ ထိခိုက်မှုတွေ ရှိနေတတ်ပါတယ်။

​ဒါကို မကုစားဘဲ အချိန်ကြာကြာ ထားမယ်ဆိုရင် အသက်ကြီးလာတာနဲ့အမျှ အရိုးအဆစ် ကိုက်ခဲတာတွေ၊ စိတ်မအေးချမ်းမှုတွေကို ကြုံတွေ့လာရနိုင်ပါတယ်။ 😔

​ဒီပြဿနာတွေအတွက်ဆိုရင် စိတ်နဲ့ ခန္ဓာကိုယ်ကို တစ်သားတည်း ချိတ်ဆက်ပေးပြီး စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်မယ့် Mandala Yoga က အမျိုးသမီးတို့အတွက် အသင့်ရှိနေပါတယ်။ ✨🧘‍♀️

​✨ ဘယ်လိုလူတွေ တက်ရောက်သင့်လဲဆိုတော့
​✅ စိတ်ရောကိုယ်ပါ ကျန်းမာစွာ နေထိုင်လိုသူများ
✅ ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှု ခံစားနေရသူများ
✅ စိတ်ဖိစီးမှုတွေကို ထိရောက်စွာ ဖြေလျှော့ချင်သူများ အတွက်ဖြစ်ပါတယ်။

​မန္တလေးမှာ တီချယ်နဲ့ တိုက်ရိုက်သင်ယူချင်တဲ့သူတွေအတွက် တစ်ယောက်ချင်းစီကိုလည်း အနီးကပ် ဆွေးနွေးသင်ကြားပေးမှာ ဖြစ်တဲ့အတွက် မလေ့ကျင့်နိုင်မှာကို လုံးဝပူစရာ မလိုပါဘူးနော်။ 🤗

​📅 သင်တန်းအချိန်နဲ့ စျေးနှုန်းလေးတွေကတော့

​📍 Offline Yoga Class (Mandalay)
ရက်: အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (Tue, Wed, Thu)
အချိန်များ:
​6:15 AM - 7:15 AM ☀️
​7:30 AM - 8:45 AM ☀️
​9:15 AM - 10:30 AM ☀️
​4:30 PM - 5:30 PM 🌅

သင်တန်းကြေး: ၈၀,၀၀၀ ကျပ် (တစ်လ ၁၂ ကြိမ်)

​💻 Online Yoga Class (Zoom)
ရက်: စနေ၊ တနင်္ဂနွေ၊ တနင်္လာ (Sat, Sun, Mon)
အချိန်များ
:
​6:15 AM - 7:15 AM ☀️
​7:30 PM - 8:30 PM 🌙 သင်တန်းကြေး: ၇၀,၀၀၀ ကျပ် (တစ်လ ၁၂ ကြိမ်) သင်ကြားပေးသွားမှာဖြစ်ပါတယ်။

Offline နဲ့ Online နှစ်ခုပေါင်း ၁၀ ဦးစီသာ လက်ခံပေးသွားမှာ ဖြစ်လို့ အမြန်ဆုံး လာအပ်ထားဖို့တော့ လိုမယ်နော်။

​ဒါကြောင့် စိတ်ချမ်းသာမှုတွေနဲ့ ကျန်းမာစွာ ဖြတ်သန်းလိုတဲ့ အမျိုးသမီးတွေကို Mandala Yoga မှ နွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🌸💌‌

Address :41*87*88st ,Mdy.
📞09966225790 အသေးစိတ်ကိုမေးမြန်းနိုင်ပါတယ်ရှင်။


ယောဂဆိုတာ ဘယ်ကနေစတင် ပေါ်ပေါက်လာခဲ့တာလဲ။ 🤔💭​ယောဂ ဆိုတာ အိန္ဒိယနိုင်ငံ ကနေစတင်ပေါ်ပေါက်လာတဲ့ ရှေးဟောင်းပညာရပ် တစ်ခုပဲဲဖြစ...
04/02/2026

ယောဂဆိုတာ ဘယ်ကနေစတင် ပေါ်ပေါက်လာခဲ့တာလဲ။ 🤔💭

​ယောဂ ဆိုတာ အိန္ဒိယနိုင်ငံ ကနေစတင်ပေါ်ပေါက်လာတဲ့ ရှေးဟောင်းပညာရပ် တစ်ခုပဲဲဖြစ်ပါတယ် 🇮🇳📜

​ဘီစီ ၁၅၀၀ ခန့်မှာ ဝိညာဥ်ရေးရာ အခြေခံ ယောဂရဲ့ အစောအဆုံး ခြေရာလိုဆိုလို့ရတဲ့ အိန္ဒိယနိုင်ငံရဲ့ ရှေးဟောင်း Rig Veda ကျမ်းစာမှာ စတင်တွေ့ရှိခဲ့ရတာပါ။ 📖🕉️

​ဘီစီ ၂၀၀နဲ့ အေဒီ ၄၀၀ ကြားမှာတော့ ပညာရှိ Patanjali ကကျော်ကြားလှတဲ့ Yoga Sutras ကျမ်းကို စတင်ရေးသားခဲ့ပြီးတော့ ယောဂရဲ့စောင့်ထိန်းရမယ့် အင်္ဂါ (၈)ပါး ဖော်ပြခဲ့ပြီး ကိုယ်ကျင့်တရားနဲ့ တရားထိုင်ခြင်းကို အဓိက အလေးပေးဖော်ပြခဲ့ပါတယ်။ 🧘‍♂️✨

​၁၉ ရာစုနှောင်းပိုင်းကနေ ယနေ့ခေတ်မှာတော့ ⏳
Swami Vivekananda လို ဆရာကြီးများက ယောဂကို အနောက်နိုင်ငံတွေအထိ မိတ်ဆက်ပေးခဲ့နိုင်ခဲ့ပါတယ်။ 🌎🤝

​ယခုအချိန်မှာတော့ အရှေ့တောင်အာရှနိုင်ငံတွေထိပါ ပျံ့နှံလာပြီး Yoga ဆိုတာကိုလည်း လူသိများလာကြပါတယ်။ 🌏🧘‍♀️

​ယောဂဆိုတာ ခန္ဓာကိုယ် ကျန်းမာစေရုံပဲ မဟုတ်ဘဲ စိတ်အတွင်းထဲက မကောင်းတဲ့အရာတွေကိုပါ လျှော့ချပေးနိုင်တဲ့ ပညာရပ်တစ်ခုဖြစ်တာကြောင့် နေစဥ်ဘဝအတွက် လိုအပ်တဲ့ ကျင့်စဥ်တစ်ခုပါပဲ။🧘‍♀️🌿✨

Fb မှာ ဗီဒီယိုတင်တာအဆင်မပြေလို့ လပြည့်နေ့အတွက်လေ့ကျင့်လို့ရတဲ့ ယောဂကျင့်စဉ်လေး tiktokမှာ တင်ထားတယ်ရှင်🫶
01/02/2026

Fb မှာ ဗီဒီယိုတင်တာအဆင်မပြေလို့

လပြည့်နေ့အတွက်လေ့ကျင့်လို့ရတဲ့ ယောဂကျင့်စဉ်လေး tiktokမှာ တင်ထားတယ်ရှင်🫶

Check out Mandala Yoga’s video.

ကိုယ်ခန္ဓာကျန်းမာမှု + စိတ်အေးချမ်းမှု = Yoga 🧘‍♀️🌸 feb လအတွက် အတန်းအချိန်လေးတွေပါ 🌸🧘‍♀️Online Class (Zoom Platform) 🧘‍♀...
30/01/2026

ကိုယ်ခန္ဓာကျန်းမာမှု + စိတ်အေးချမ်းမှု = Yoga 🧘‍♀️

🌸 feb လအတွက် အတန်းအချိန်လေးတွေပါ 🌸

🧘‍♀️Online Class (Zoom Platform) 🧘‍♀️

Sat , Sun , Mon (31.1.2026 - 23.2.2026 )
* 6:15 Am to 7:15 Am
* 7:30 Pm to 8:30 Pm

🧘‍♀️Offline Class 🧘‍♀️

Tue , Wed , Thur (3.2.2026 - 26.2.2026)
* 6:15 Am to 7:15 Am
* 7:30 Am to 8:45 Am
* 9:15 Am to 10:30 Am
* 4:30 Pm to 5:30 Pm

⏳ရုံးချိန်လွတ်လေ့ကျင့်ချင်သူများ နှင့် တစ်ယောက်ထဲသီးသန့်သင်ချင်သူများအတွက်
အသေးစိတ်ကို cb or 09966225790 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ ⏳

ဒီနေ့က ယောဂဆရာမလမ်းကြောင်းကို လျှောက်လာခဲ့တာ ၂ နှစ်ပြည့်တဲ့နေ့ လေး🧘‍♀️✨ပထမတစ်နှစ်ကျော်မှာ ကိုယ်ချစ်တဲ့ ယောဂကို အေးချမ်းစ...
08/01/2026

ဒီနေ့က ယောဂဆရာမလမ်းကြောင်းကို လျှောက်လာခဲ့တာ ၂ နှစ်ပြည့်တဲ့နေ့ လေး🧘‍♀️✨

ပထမတစ်နှစ်ကျော်မှာ ကိုယ်ချစ်တဲ့ ယောဂကို အေးချမ်းစွာ သင်ကြားနိုင်ခဲ့ပြီး

ကျန်တဲ့ အချိန်ကာလမှာတော့ ကိုယ့်စိတ်ကို ပြန်လည်ကြည့်ဖို့ နဲ့ သင်ခန်းစာတွေယူဖို့ Universe ကနေ အနားပေးခဲ့တဲ့အချိန် ကာလတစ်ခုဖြစ်ခဲ့တယ် 🌿

“အခက်အခဲတွေ၊ သင်ယူမှုတွေ အားလုံးက
ကိုယ့်ကို ပိုကောင်းလာအောင် သင်ကြားပေးခဲ့တာမို့ ကျေးဇူးတင်စိတ်နဲ့ ဒီလမ်းကြောင်းပေါ်မှာ
ပိုမိုကောင်းမွန်စွာ ဆက်လက် လျှောက်သွားမယ်လို့

ကိုယ့်ကိုကိုယ် ကတိပြုရင်း 💫

ကိုယ့်ဆီမှာ ယောဂ လာလေ့ကျင့်လိုက်တဲ့အခါ သေချာစွာပေးနိုင်တဲ့ အာမခံချက်တစ်ခုရှိတယ်။ အဲဒါကတော့ စိတ်နှလုံးအေးချမ်းငြိမ်းချမ်း...
05/01/2026

ကိုယ့်ဆီမှာ ယောဂ လာလေ့ကျင့်လိုက်တဲ့အခါ

သေချာစွာပေးနိုင်တဲ့ အာမခံချက်တစ်ခုရှိတယ်။

အဲဒါကတော့ စိတ်နှလုံးအေးချမ်းငြိမ်းချမ်းမှုကို

အပြည့်အဝ ရရှိလာနိုင်ခြင်းပဲ။

ကိုယ်ကိုတိုင်လည်း ယောဂကို လေ့ကျင့်ပြီး

နေ့စဉ်ဘဝထဲမှာ အသက်သွင်းနေထိုင်နေတာကြောင့်

အဲဒီအေးချမ်းမှုရဲ့ အကျိုးကျေးဇူးကို ခံစားရတယ်။

ဒါကြောင့် စိတ်နှလုံးအေးချမ်းခြင်းကို ရှာဖွေနေသူတိုင်းကို

ယောဂ လေ့ကျင့်ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်။


နေ့စဉ်ဘဝအလုပ်များ၊ မိသားစုတာဝန်များကြောင့်စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေကို ခံစားနေရပါသလား?ယောဂလေ့ကျင့်ခြင်းက💗 စိတ်ဖိစီ...
04/01/2026

နေ့စဉ်ဘဝအလုပ်များ၊ မိသားစုတာဝန်များကြောင့်
စိတ်ပင်ပန်းမှု၊ စိတ်ဖိစီးမှုတွေကို ခံစားနေရပါသလား?

ယောဂလေ့ကျင့်ခြင်းက
💗 စိတ်ဖိစီးမှုကို လျော့နည်းစေပြီး
💗 စိတ်အေးချမ်းမှုကို တိုးတက်စေကာ
💗 အိပ်ရေးကောင်းမွန်လာစေပြီး
💗 ကိုယ်ကိုယ်တန်ဖိုးကို ပိုမိုချစ်ခင်လာစေပါတယ် 🌿

📅 ၆ ရက်နေ့တွင် Offline Yoga အတန်း စတင်ဖွင့်လှစ်ပါမည်။

Offline class ဖြစ်တဲ့အတွက်
ဆရာမနဲ့ တိုက်ရိုက် လေ့ကျင့်နိုင်ပြီး
Hands-on Adjustment ထိထိလုပ်နိုင်မာဖြစ်လို့
Pose များကို မှန်ကန်စွာ လုပ်နိုင်ကာ
ခန္ဓာကိုယ်အတွက် ပိုမိုထိရောက်ပြီး ပိုမိုအကျိုးထူးစေပါတယ် ✨

တီချယ်နဲ့ တိုက်ရိုက်သင်ကြားရတာဖြစ်လို့
Beginner များအတွက်ပါ ယုံကြည်စိတ်ချစွာ စတင်လေ့ကျင့်နိုင်ပါတယ် 🧘‍♀️

🌼 ကိုယ်လည်းကျန်းမာ၊ စိတ်လည်းအေးချမ်းလှပစေချင်သူတိုင်းအတွက် အထူးသင့်တော်တဲ့ Offline Yoga Class ပါ🌼

Tue , Wed , Thur (6.1.2026 - 29.1.2026)
* 6:15 Am to 7:15 Am
* 7:30 Am to 8:45 Am
* 9:15 Am to 10:30 Am
* 4:30 Pm to 5:30 Pm
(12times per month - 80000ks)

Address - 41st , btw 87*88st ,Mdy.
09966225790.

🫶ရုံးချိန်လွတ် နဲ့ ကိုယ်ပိုင်သီးသန့်အချိန် နဲ့ ယောဂကျင့်လိုသူများအတွက် ဒီလမှာ (2) ချိန်သာ ရတော့မယ်ရှင်။🫶

26/12/2025

✨ နှစ်ကုန်ခါနီး… ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေဖို့ အချိန်ရောက်ပြီလား? ✨

နှစ်သစ်မှာ
🌱 စိတ်သစ်
🌱 လူသစ်
🌱 ကျန်းမာတဲ့ကိုယ်ခန္ဓာနဲ့
ကိုယ့်ကိုယ်ကို ပိုပြီးချစ်တတ်လာချင်တယ်ဆိုရင်
Yoga နဲ့ စတင်လိုက်ပါ 💚

🎁 New Year Promotion အနေနဲ့
📌 သင်တန်း ၂ လကို တပြိုင်တည်းအပ်ရင် ၁၀% Off ကို 2.1.2026နေ့အထိ ရရှိမှာပဲဖြစ်ပါတယ်။📌

😱 တပတ်မှာ (3)ရက် လေ့ကျင့်ရတာ အားမရတဲ့ ယောဂီများလဲ တပတ်(၆)ရက် လေ့ကျင့်လို့ရအောင် စီစဉ်ပေးထားပါတယ်ရှင်။ အတန်း(၂)တန်း တပြိုင်တည်းအပ်ရင်ဖြင့် 10% off လေး အကျုံးဝင်ပါတယ်ရှင်။😱

✨ နှစ်သစ်မှာ ကိုယ့်ကိုယ်ကို ပြန်လည်တည်ဆောက်ချင်သူ
✨ စိတ်ဖိစီးမှုတွေကို လျော့ချချင်သူ
✨ ကိုယ်ရော စိတ်ရော ကျန်းမာချင်သူများအတွက်
ဒီအချိန်က စတင်ဖို့ အကောင်းဆုံးအချိန်ပါ 💚

🧘‍♀️ Yoga နဲ့အတူ နှစ်သစ်ကို အလှဆုံးကြိုဆိုလိုက်ပါ 🧘‍♀️

In person Class

Sat , Sun , Mon (3.1.2026 - 26.1.2026 )
* 9:15 Am to 10:30 Am
* 4:30 Pm to 5:30 Pm
(12times per month - 80000ks)

Tue , Wed , Thur (6.1.2026 - 29.1.2026)
* 6:15 Am to 7:15 Am
* 7:30 Am to 8:45 Am
* 9:15 Am to 10:30 Am
* 4:30 Pm to 5:30 Pm
(12times per month - 80000ks)

Address : 41st ,btw 87*88st ,Mdy .
Phone : 09966225790

Online Class (Zoom Platform)

Sat , Sun , Mon (3.1.2026 - 26.1.2026 )
* 6:15 Am to 7:15 Am
* 7:30 Pm to 8:30 Pm
(12times per month - 70000ks)

⏳ရုံးချိန်လွတ်လေ့ကျင့်ချင်သူများ နှင့် တစ်ယောက်ထဲသီးသန့်သင်ချင်သူများအတွက် အသေးစိတ်ကို cb or 09966225790 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ ⏳



Merry Christmas 🎄Love . Peace . Balance. See you on the mat in the New Year ✨🧘‍♀️
25/12/2025

Merry Christmas 🎄
Love . Peace . Balance.
See you on the mat in the New Year ✨🧘‍♀️

အရင်နစ်ကတင်ထားတဲ့Chakra အကြောင်း သိချင်တဲ့လူတွေများရှိကြမလားလို့
24/12/2025

အရင်နစ်ကတင်ထားတဲ့Chakra အကြောင်း သိချင်တဲ့လူတွေများရှိကြမလားလို့

🔆Chakra (ချက္ကရ) ဆိုတာဘာလဲ ?🔆

Chakraအကြောင်းကို စပြောရမယ်ဆိုရင် အရင်သိထားရမယ့် အရာကတော့ Nadis ပါ ။ Nadis ဆိုတာ ခန္ဓာကိုယ်တလျှောက် လှည့်ပတ်စီးဆင်းနေတဲ့ စွမ်းအင်လမ်းကြောင်းလေးတွေဖြစ်ပါတယ်။ စွမ်းအင်လမ်းကြောင်းပေါင်း 72000ကျော်ရှိသည့်အနက် အဓိကပင်မ စွမ်းအင်လမ်းကြောင်းဖြစ်တဲ့ Nadis (3)ခုရှိပါတယ်။

(1) Sushumana Nadi (Spine)

ကျောရိုးရဲ့အလည်တည့်တည့်မှာ ရှိပီး ခန္ဓာကိုယ်ရဲ့ စွမ်းအင် စီးဆင်းရာ အဓိက ဗဟို လမ်းကြောင်းဖြစ်ပါတယ်။

(2) Ida Nadi (Left nostril)

Feminie energy , Moon , Cool , အအေးဓာတ်(water)(အာပေါဓာတ်) ကို ကိုယ်စားပြုတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

(3) Pingala Nadi (Right nostril)

Masculine energy , Sun , Heat , အပူဓာတ် (fire)(တေဇောဓာတ်)ကို ကိုယ်စားပြုတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ သဘာဝအလျောက် စွမ်းအင်လမ်းကြောင်းတွေဟာ ညီညွှတ်မျှတပြီးသားဖြစ်ပါတယ်။ဘာကြောင့်မညီညွှတ်မမျှတ ဖြစ်ရတာလဲဆိုရင် Pingala Nadi (အပူဓာတ်) & Ida Nadi (အအေးဓာတ်) ဆန့်ကျင်ဘက်အရာ(2)ခု မညီညွှတ်မမျှတခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုတွေဖြစ်လာပါတယ်။(eg.ခန္ဓာကိုယ်ဟာ အပူအအေးမမျှရင် မကျန်းမာခြင်းတွေဖြစ်လာပါတယ်)

🔆 Chakra (wheel = လည်ပတ်နေတာ) 🔆

Nadis ကို ဘာကြောင့်သိဖို့လိုအပ်တာလဲဆိုရင် Chakraဆိုတာက nadis လမ်းကြောင်းပေါ်မှာ ဘယ်ညာလည်ပတ်စီးဆင်းနေတဲ့ဆုံချက်လေးတွေဖြစ်လို့ပါ။ခန္ဓာကိုယ်တစ်လျှောက် လည်ပတ်စီးဆင်းနေတဲ့ ဆုံချက်ပေါင်း114 နေရာရှိပါတယ် ။ အဲထဲကမှ 2နေရာက ကိုယ်ထိန်းချုပ်လို့မရတဲ့ အရာဖြစ်ပြီး 112ခုကတော့ကိုယ်ထိန်းချုပ်လို့ရတဲ့အရာဖြစ်ပါတယ်။ အဲထဲကမှ အဓိကဖြစ်တဲ့ Chakra (7)ခုရှိပါတယ်။

(1)Root Chakra (ကျောရိုးတည့်တည့်ရဲ့အောက် မြီးညှောင့်ရိုး နေရာ)

(2)Sacral Chakra (လိင်အင်္ဂါရဲ့အထက် လက်လေးလုံးနေရာ or ချက်ရဲ့အောက် လက်လေးလုံးနေရာ)

(3)Solar Plexus Chakra (ချက်ရဲ့အထက် လက်လေးလုံးနေရာ)

(4)Heart Chakra (နှလုံးနေရာ)

(5)Throat Chakra (လည်ပင်းနေရာ)

(6)Third Eye Chakra (မျက်ခုံးနှစ်ခုကြား နှာခေါင်းအလယ်တည့်တည့််နေရာ or နဖူးအလယ်တည့်တည့်နေရာ)

(7)Crown Chakra (ဦးခေါင်းထိပ်တည့်တည့် နယ်ထိပ်နေရာ)

Chakra (7)ခု နေရာလေးတွေဖြစ်ပါတယ်ရှင်။(ဆရာတယောက်ချင်းဆီမတူညီတဲ့အတွက် ယူဆချက်လေးတွေအနဲငယ်ကွဲလွဲနိုင်ပါတယ်ရှင်)

နောက်ရက်တွေမှာ Chakraတခုချင်းရဲ့အရောင် ကိုယ်စားပြုအရာ Chakraအားနည်းရင် ဘာတွေဖြစ်တတ်လဲ။Balance အောင် ဘယ်လိုလေ့ကျင့်မလဲ မျှဝေပေးပါမယ်ရှင်။

အချိန်ပေးဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင်။🙏

သင်ဆရာ၊ကြားဆရာ၊မြင်ဆရာ ၊ဆရာသခင်များအားလုံးကို လေးစားဂါရဝပြုကန်တော့ပါတယ်ရှင်။

6.5.2024 မှာ ဖွင့်မယ် Yoga သင်တန်းလေးတွေလဲဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။
အိမ်အရောက်ယောဂသင်ချင်သူများလဲ အချိန်နှင့်ရက်လေးတွေညှိပေးပါတယ်ရှင်။

Address

41st Btw 87*88st
Mandalay

Telephone

+959966225790

Website

Alerts

Be the first to know and let us send you an email when Mandala Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mandala Yoga:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category