OnHealth

OnHealth Be Healthy Be Happy

ဝမ်းပျက်ဝမ်းလျှော ရောဂါ နဲ့ ပတ်သတ်ပြီး အကူအညီ တောင်းလိုပါက page messenger ကို လာရောက် အကူအညီ တောင်း နိုင်ပါသည်။လူနာ များ...
08/07/2024

ဝမ်းပျက်ဝမ်းလျှော ရောဂါ နဲ့ ပတ်သတ်ပြီး
အကူအညီ တောင်းလိုပါက page messenger ကို လာရောက် အကူအညီ တောင်း နိုင်ပါသည်။

လူနာ များ အတွက် page messenger လေးကို actively အခမဲ့ပြန်လည် ဖြေဆို ပေးသွားမည် ဖြစ်ပါသည်။

အခု လို ကာလ မှာ ကျန်းမာရေးကို ဂရုစိုက်ကြပါ။

စိတ်​၏ကျန်းမာခြင်း ကိုယ်​၏ ကျန်းမာခြင်းနဲ့ ပြည့်စုံ ကြပါစေလို့ OnHealth မှ ဆုတောင်းပေးလိုက်ပါတယ်။

Caring for COVID-19 Symptoms at Home အိမ်မှာ ဘယ်လိုကုသမလဲဆရာရှင့် ကျမအသက် ၄၇ နှစ်ပါဆရာ၊ လက်ရှိကိုဗစ်ပေါ့စတစ်နဲ့ အိမ်မှာန...
10/02/2022

Caring for COVID-19 Symptoms at Home အိမ်မှာ ဘယ်လိုကုသမလဲ

ဆရာရှင့် ကျမအသက် ၄၇ နှစ်ပါဆရာ၊ လက်ရှိကိုဗစ်ပေါ့စတစ်နဲ့ အိမ်မှာနေနေပါတယ်ဆရာ၊(ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ) ရောဂါလက္ခဏာက ခါးနဲနဲနာတာနဲ့ ချောင်းဆိုးတာကလွဲရင် ဘာမှမဖြစ်ပါဘူးဆရာ၊ ပါရာရယ် စီဗစ်ရယ် ဒီသရီးရယ်ပဲသောက်ပါတယ်ဆရာ၊ ဘယ်လိုနေထိုင်စားသောက်ရမလဲ၊ ဘာဆေးတွေသောက်ဖို့လိုသေးလဲ ညွှန်ကြားပေးပါဆရာရှင့်၊ ကျေးဇူးတင်ပါတယ်ဆရာရှင့်။

အိမ်မှာ ဘယ်လိုကုသမလဲ
၁။ Hand hygiene လက်ကိုမကြာခဏဆေးပါ။ ဆပ်ပြာနဲ့ ရေ။ အရေးပေါ်အဖြစ် လက်ဆေး ဆေးရည်သုံးပါ။
၂။ Rest နားနေပါ။
၃။ Social distancing သီးခြားနေထိုင်ပါ။
၄။ Use fever-reducing medicine ကိုယ်ပူ-အဖျားကျဆေး တခုခု Paracetamol/Ibuprofen သောက်ပါ
၅။ Drink plenty of fluids ရေ၊ အရည် များများသောက်ပါ။
၆။ Clean/disinfect surfaces regularly အနီးအနား မျက်နှာပြင်များကို ပုံမှန် ပိုးသန့်ပါ။
၇။ Anti-diarrhea ဝမ်းပျက်လျှင် Imodium/ loperamide သောက်ပါ။
၈။ ORS ဝမ်းပျက်လျှင်နှင့် ချွေးထွက်များလျှင် ဓါတ်ဆားရေ သောက်ပါ။
၉။ Oxygen အောက်စီဂျင် တိုင်းပါ။
၁၀။ Facebook fake remedies ဖေ့စ်ဘွတ်ဆေးနည်းမှားတွေ ရှောင်ပါ။
၁၁။ Foods စားလိုတာ စားချင်တာ စားနိုင်တာ အကုန်စားပါ။

COVID-19 Patients ကိုဗစ် အပြင်လူနာ အတွင်းလူနာများ
ကိုဗစ် ကူးစက်ခံရသူ ၂၀% လောက်သာ ဆေးရုံတင်ရန်လိုတယ်။ ကူးစက်ခံရသူတွေ Quarantine and Isolation ခေါ် သီးခြားခွဲထားခြင်းနဲ့ နေစေခြင်းလုပ်ရတယ်။ ရောဂါလက္ခဏာတွေဆိုးလာခြင်းနဲ့ လက်ချောင်းကနေ တိုင်းလို့သိတဲ့ အောက်စီဂျင် နည်းလာရင် ဆေးရုံတက်ရမယ်။

ဆေးရုံတင်ရန်လိုသူတွေ အများစုမှာ အခံရောဂါရှိကြသူတွေဖြစ်တယ်။
1. Old age အသက်ကြီးသူတွေ
2. Hypertension သွေးတိုး
3. Obesity အဝလွန်ခြင်း
4. Diabetes mellitus ဆီးချို
5. Asthma ပန်းနာ
6. Chronic obstructive pulmonary disease နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါ
7. Coronary artery disease နှလုံးသွေးကြောရောဂါ
8. Congestive heart failure နှလုံးရောဂါ
9. Neurologic disease အာရုံကြောရောဂါ
10. Renal disease ကျောက်ကပ်ရောဂါ
11. Immunosuppressive condition ခုခံအားကျရောဂါ
12. Gastrointestinal/Liver disease အသဲရောဂါ
13. Blood disorder သွေးရောဂါ
14. Rheumatologic/Autoimmune disease အော်တိုအင်မျူးရောဂါ
15. Pregnancy ကိုယ်ဝန်

ဆေးရုံမှာ -
1. အောက်စီဂျင်
2. ဗိုင်းရပ်စ်ဆေး
3. ဒက်ဆာမီသဇုန်းဆေး
4. ပဋိဇီဝဆေး (တချို့သာ)
5. သွေးမခဲဆေး(တချို့သာ)
6. အသက်ရှူစက် စတဲ့ကုသမှုတွေ ပေးတယ်။

စီဗစ်၊ ဒီသရီး၊ မလိုအပ်ပါ။ တမာရွက် မလိုအပ်ပါ။ ငှက်သိုက် မလိုအပ်ပါ။ ကြက်သွန်ဖြူ မလိုအပ်ပါ။ ဖေ့စ်ဘွတ်ဆေးနည်းမှန်သမျှ မလိုအပ်ပါ
ဖေ့စ်ဘွတ် သတင်းတွေ ဆေးနည်းတွေ ဆေးရောင်းတာတွေကို ဖတ်ရန် ဝယ်ရန် လိုက်နာရန် မလို (မလို)။

ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။

Crd #ဒေါက်တာတင့်ဆွေ

10/02/2022
စတုတ္ထလှိုင်းOmicron Covid====================✔️အဖြစ်များသောလက္ခဏာများ--------------------------------👉နှာစေး နှာမွှန်မယ...
09/02/2022

စတုတ္ထလှိုင်းOmicron Covid
====================

✔️အဖြစ်များသောလက္ခဏာများ
--------------------------------
👉နှာစေး နှာမွှန်မယ်
👉အဖျားငွေ့ငွေ့နဲ့လည်းလာသလိုကိုယ်ပူချိန်မြင့်ပြီးလည်းလာတတ်ပါတယ်၊
👉မျက်လုံးတွေ ပူစပ်နေမယ်
👉ခေါင်းခဲအုံပြီးကိုက်မယ်
👉ကိုယ်လက်နာမယ်
👉နုံးနေမယ်
👉ချမ်းတုန်မယ်၊မနက်ပိုင်းတွေမှာပိုချမ်းမယ်၊ချွေးထွက်ပြီးချမ်းစိမ့်စိမ့်ခံစားရမယ်၊
👉အများအားဖြင့် ဝမ်းပျော့မယ်၊တခါတလေ ပုံမှန်ပါပဲ၊
👉အဓိကလည်ချောင်းနာမယ်၊ယားမယ်၊ချောင်းဆိုးမယ်၊သလိပ်ထွက်မယ်၊
👉လှုပ်လှုပ်ရှားရှားလုပ်ရင် မောလာမယ်၊နှလုံးခုန်မြန်မယ်၊
(ကိုဗစ်ဖြစ်ပြီဆိုတာနဲ့ ၂ရက်ကနေ ၅ရက်အတွင်းမှာ အထက်ပါလက္ခဏာများ အနည်းနဲ့အများတခုထက်မကခံစားမှာ ဖြစ်ပါတယ်)

✔️အိုမီခရွန်ကိုဗစ် မှာ
✅အပျော့စားလက္ခဏာ (mild symptom)
✅အနည်းငယ်အပြင်းစားလက္ခဏာ(moderate symptom )
✅ပြင်းထန်လက္ခဏာ (severe symptom )ဆိုပြီး ၃မျိုးရှိပါတယ်

✔️ကိုဗစ် လက္ခဏာတွေခံစားနေရရင် RDT နှာခေါင်းတို့ဖတ်စစ်ပါ၊ အိုမီခရွန် ကူးစက်သူတချို့ မှာ rapid test kit နဲ့စစ်ရင် ပိုးတွေ့❌မပြတတ်ပါဘူး၊ PCR testစစ်လို့ရတဲ့နေရာမှာ ရှိရင် PCR testစစ်တာက အသေချာဆုံးပါ၊ဂရုတစိုက်နဲ့့ သီးခြားနေပေးရင်တော့ တအိမ်တည်းလည်း ❌မကူးစက်နိုင်ပါဘူး၊rapid test kit နဲ့စစ်ပြီး Negative ပြနေရင်တောင် သီးခြားဘဲနေစေချင်ပါတယ်၊

✔️Omicron သည် Delta နဲ့ ယှဉ်ရင် ပျော့တယ်လို့ပြောလို့ရပါတယ်၊ဒါပေမယ့် Omicron ကူးစက်နှုံးက Deltaကူးစက်နှုံးထက် အလွန်မြန်ပါတယ်
မိမိက ခံနိုင်ရည်ရှိတယ်ဆိုပေမယ့် မိမိရဲ့မိသားစုကခံနိုင်ရည်ရှိချင်မှရှိမှာပါ၊
✅ဒါကြောင့်. လုံးဝလုံးဝပေါ့ဆလို့တော့မရပါ(Covid is not a joke)

✔️Omicron ကူးစက်သူအများစုဟာ
👉ကာကွယ်ဆေးလည်းထိုးထားတယ်၊
👉ကိုဗစ်လက္ခဏာမပြင်းထန်ဘူး၊
👉တခြားရောဂါအခံမရှိတဲ့သူဆိုရင်
တပါတ်အတွင်းမှာ မိမိကိုယ်ခံအားနဲ့ပဲ ပြန်ကောင်းသွားကြတာများပါတယ်👍

✔️ကိုဗစ်လက္ခဏာပြင်းထန်ခြင်း၊တခြားရောဂါအခံ၊အသက်အရွယ်ပေါ်မူတည်ပြီး Omicron စတင်ကူးစက်မှုကို သိသိချင်းမှာ
👉ကနဦးသွေးဖောက်စစ်ဆေးခြင်းနဲ့အဆုတ်ဓါတ်မှန်ရိုက်ခြင်းများအရင်လုပ်တာအကောင်းဆုံးပါ၊ကုသမှုအပိုင်းအနေဖြင့်

✅ကိုဗစ်ဗိုင်းရပ်ပိုးသတ်ဆေး
👉အိုမီခရွန်သည် virus ဖြစ်တာကြောင့် ကိုဗစ်ဗိုင်းရပ်ပိုးသတ်ဆေးကို လိုအပ်ရင်သောက်ရပါမယ်၊
👉သောက်ဆေး 💊Molnupiravir (သို့မဟုတ်)ထိုးဆေး 💉Remdesivir ကိုသုံးသင့်ပါတယ်၊
👉လိုအပ်လျှင် ကိုဗစ်ပိုးသတ်ဆေး အမြန်သောက်သုံးခြင်းဖြင့် ဗိုင်းရပ်အကောင်ပွားချိန်ကို အချိန်မီ တားဆီးနိုင်ပါတယ်၊ virus အကောင်ပွားတဲ့အဆင့်ကျော်သွားပြီးမှ သောက်ခြင်းထိုးခြင်း ပြုလုပ်ရင် ဆေးရဲ့ အသုံးဝင်မှုထက် ဘေးထွက်ဆိုးကျိုး ပိုရနိုင်ချေရှိလို့ ကိုဗစ်ဗိုင်းရပ်ပိုးသတ်ဆေးတွေကို ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးမှ သောက်သုံးသင့်ပါတယ်၊

✅ပဋိဇီဝပိုးသတ်ဆေး

✅အဖျားကျဆေး၊ချောင်းဆိုးပျောက်ဆေး၊ချွဲပျော်ဆေးများ လိုအပ်ရင်သောက်လို့ရပါတယ်

✅အစားအသောက် စားနိုင်သမျှစားပါ၊အစားမဝင်တာနဲ့ဆရာဝန်နဲ့ချက်ချင်းတိုင်ပင်ပါ၊

✅ရေများများသောက်ပါ၊ကိုဗစ်ဖြစ်တာနဲ့ ရေဓါတ်ခမ်းခြောက်တတ်ပါတယ်၊တနေ့ ရေ၂ လီတာလောက်ဝင်အောင်သောက်ပါ၊လိုအပ်ရင်ဓါတ်ဆားရည်သောက်ရပါမယ်၊

✅အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ၊

✅SPO2အောက်စီဂျင်ကျနှုံး၊နှလုံးခုန်နှုံးများတိုင်းပါ၊(Omicron အပျော့စား၌ SPO2မကျတာများပါတယ်)

✔️အခုအခါကိုဗစ်လူနာတွေမှာ စတုတ္ထလှိုင်းသစ် Omicron နဲ့ တတိယလှိုင်းလက်ကျန်Deltaမျိုးကွဲတွေပါရောတွေ့နေရပါတယ်၊Delta ဖြစ်ရင် အထက်ဖေါ်ပြပါ ကိုဗစ်လက္ခဏာတွေဟာ ပိုမိုပြင်းထန်ပြီး SPO2ကျတာတွေ တွေ့ရပါတယ်၊

‼️ကာကွယ်ဆေးထိုးထားလည်း ကိုဗစ်ဖြစ်နိုင်ပါတယ်၊
ဒါပေမယ့် ကာကွယ်ဆေးထိုးထားခြင်းဟာ ကိုဗစ်ဖြစ်တဲ့အခါ ပြင်းထန်မှု၊သေနှုန်း၊ဆေးရုံတက်နှုန်း၊အထူးကြပ်မတ်ကုသမှု (ICU)ရောက်နှုန်း၊အသက်ရှုကူစက်(Ventilator)တပ်ရနှုန်းတွေကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်၊

✳️✴️❇️ဒါကြောင့်..ကာကွယ်ဆေးကို ထိုးဖြစ်အောင်ထိုးကြပါ၊မထိုးရသေးရင်ပုံမှန်၁လခြားအရင်ထိုးရပါမယ်၊ထိုးပြီးလျှင် ၃လခြားBooster ထပ်ထိုးရင် ကောင်းပါတယ်❇️✴️✳️

မြန်မာပြည်မှာလည်း ကိုဗစ်လှိုင်းတွေရဲ့ အတွေ့အကြုံတွေက အတော်အသင့်ရပြီး ဖြစ်နေတဲ့အတွက်လည်း အိုမီခရွန်နဲ့ ပတ်သက်ပြီး အရမ်းလည်း မကြောက်ကြပါနဲ့၊ဒါပေမယ့်ပေါ့ဆနေလို့လည်းမရပါဘူး၊မိမိအသိဉာဏ်နဲ့ သတိထားကာကွယ်နေရမှာဖြစ်ပါတယ်

(Crd to original writer)

OnHealth တွင် Online Medical Teleconsultatin
ပြုလုပ်နိုင်ပါသည်။

အိမ်တိုင်ရာရောက် သွေး၊ဆီး စစ်ဆေးပေးခြင်းများလည်း ပြု လုပ်ပေးနေပါသည်။

Home Visit Medical Service အတွက် ဆက်သွယ်လိုပါက 09-449440618 ကို ဆက်သွယ်နိုင်ပါသည်။

Zoom cloud meetings application အသုံးပြုနည်း✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍မိမိအသုံးပြုမည့် mobile, laptop တို့တွင်သက်ဆိုင်ရာ storeမျ...
09/02/2022

Zoom cloud meetings application အသုံးပြုနည်း
✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍✍

✍မိမိအသုံးပြုမည့် mobile, laptop တို့တွင်သက်ဆိုင်ရာ storeများကနေ ကြိုတင် download ဆွဲယူပြီး install ပြုလုပ်ထားရပါမည်။
✍zoom cloud meetings အသုံးပြုနည်းနှစ်မျိုးရှိပါသည်။
❤(1)တစ်ခြားသူစီစဉ်ထားသော meeting ကိုတက်ရောက်ချိတ်ဆက် အသုံးပြုနည်း။
# # # # # # # # # # # # # # # # # # # # # # # # # # # # # #
&တစ်ခြားသူစီစဉ်ထားသော meeting ကို ဝင်ရောက်ချိတ်ဆက်အသုံးပြုလိုလျှင် zoom account ရှိထားဖို့မလိုပါ။
&meeting စီစဉ်သူထံမှ Gmail, Messenger,Viberတို့ကနေ meeting ID(ဂဏန်းဆယ်လုံး)နှင့် password ကိုပေးပို့ပါလိမ့်မည်။ meeting ID & Password ကိုသိလျှင် ချိတ်ဆက်ပြီးmeeting သို့ တက်ရောက်နိုင်ပါသည်။
(a)Start Zoomကိုဖွင့်ပါ။Join a meeting ကိုနှိပ်ရပါမည်။
(b)Enter meeting ID or personal link nameနေရာမှာ meeting ID ကိုရိုက်ထည့်ပါ။
Meeting တက်ရောက်သူနေရာမှာ မိမိတက်ရောက်သူနာမည်ကို ထည့်ပြီး Join ကိုနှိပ်ပါ။
(c)Meeting password ထည့်ပြီး join meeting ကိုနှိပ်ရပါမည်။သင်တန်းတက်ရောက်သူက မိမိအရုပ်ကိုမြင်စေလိုလျှင် join with video ကိုနှိပ်ပါ။
မိမိအရုပ်ကိုမမြင်စေလိုလျှင် join without video ကိုရွေးပြီးနှိပ်ရမည်။meeting စီစဉ်သူ host ကလက်ခံ လိုက်ရင် meeting ကိုဝင်ရောက်ချိတ်ဆက်သွားပြီ။
တက်ရောက်သူက ကိုယ့်အသံကြားရအောင် Join with Computer Audio ကိုနှိပ်ပါ။
အရေးကြီးပြောစရာ၊မေးစရာ၊ဆွေးနွေးစရာများမရှိလျှင်
အသံကို Mute လုပ်ထားရင် ပို၍အဆင်ပြေသည်။

❤Meeting စီစဉ်သူ host အနေဖြင့် zoom application ကို အသုံးပြုနည်း

✍Meeting စီစဉ်သူအနေဖြင့် zoom account ရှိရမည်။
(a) zoom app ကိုဖွင့်ပြီး sign in ကိုနှိပ်ရမည်။
Zoom account မရှိလျှင် sign in with google ကိုနှိပ်ပြီး Gmail (or) Facebook account ဖြင့်ဝင်ရောက်ရမည်။
(b) Zoom launcher ကိုနှိပ်ပြီး ခဏစောင့်နေရမည်။

(c) တက်ရောက်သူများကို meeting ID နှင့် passcode ပေးနိုင်ရန် schedule ကိုနှိပ်ပါ။Use personal meeting ID (PMI)ကိုတွေ့ရမည်။passcode ပြင်လိုလျှင် ပြင်ပြီး အပေါ်ညာဘက်ထောင့်မှာရှိတဲ့ Done ကိုနှိပ်ပြီး gmail(or) ph message ဖြင့် တက်ရောက်သူများထံ ပေးပို့ရမည်။

(d) meeting စလျှင် new meeting နှိပ်ပြီး start a meeting ကိုနှိပ်ရမည်။တက်ရောက်သူများက join လျှင်လက်ခံပေးရမည်။မိမိအသံကြားရအောင် Join with computer Audio ကိုနှိပ်ပေးရမည်။

(e)အသံပိတ်ဖွင့်ခြင်း၊Video ပိတ်ဖွင့်ခြင်း၊screen share ခြင်းများလည်းပြုလုပ်နိုင်ပါသည်။

(d) meeting ပြီးဆုံးလျှင် end ကိုနှိပ်၍ end meeting for all ကိုနှိပ်၍ ပိတ်နိုင်ပါသည်။

Crd (Education)

ကလေးများOmicron ဖြစ်လျှင် စောင့်ကြည့်ရမည့်နီ၊ဝါ၊စိမ်း လက္ခဏာများ
09/02/2022

ကလေးများ
Omicron ဖြစ်လျှင် စောင့်ကြည့်ရမည့်
နီ၊ဝါ၊စိမ်း လက္ခဏာများ

သားသား မီးမီး တို့၏ ဖေဖေ မေမေ တို့ အထူး သတိပြု စေလိုပါတယ် ကလေး ငယ် များ နှင့် အစား အသောက် အန္တ ရာယ်!!!!!အခု ရက်ပိုင်း အတ...
09/02/2022

သားသား မီးမီး တို့၏ ဖေဖေ မေမေ တို့ အထူး သတိပြု စေလိုပါတယ်

ကလေး ငယ် များ နှင့် အစား အသောက် အန္တ ရာယ်!!!!!

အခု ရက်ပိုင်း အတွင်း ကလေး တွေ မှာ အသက်အန္တရာယ်ထိ ကျရောက် နိုင်တဲ့ အစားအသောက်နဲ့ ဆက်စပ် နေတဲ့ ရောဂါ တစ်မျိုး ကို တွေ့လာ ရပါတယ်!
(ယခုတစ်ပတ်အတွင်းလေးယောက် တွေ့ရှိပြီးဖြစ်ပါသည်)

၁) ဘာရောဂါလဲ??
ဒီရောဂါ ကို Acquired methemoglobinaemia လို့ခေါ်ပါတယ်!!
၂) ဘယ်လို ကလေး တွေ မှာ ဖြစ်တာ လဲ??

ဒီရောဂါဟာ Fast food တွေ မှာ ကြာရှည်ခံအောင် အသုံး ပြုတဲ့ Nitrate ပါဝင်မှုများ တဲ့ အစား အစာ များကို စား သုံး မိတဲ့ ကလေး တွေ မှာ တွေ့ရပါတယ်! ဆေး တချို့ ကြောင့်လည်း ဖြစ်နိုင်ပါတယ်၊
အခုတလော နိုင်ငံခြား က တင်သွင်း ထား တဲ့ ကြက်အူ ချောင်း| ဝက်အူ ချောင်း အကင်စား မိတဲ့ ကလေး တွေ မှာ အတွေ့မျာ:လာ ပါတယ်!!

၃) ရောဂါ လက္ခဏာ တွေက ဘာတွေလဲ??

နေကောင်းကျန်းမာ နေတဲ့ ကလေး တစ်ယောက် အထက်ပါ အစား အစာ စား မိပြီး ရုတ်တရက် ပြာ လာရင် ဒီရောဂါ ဖြစ်ဖို့ များ ပါတယ်!
ပြင်းထန်ရင် ကလေး ရုတ်တရက် မော တာ၊ တက်တာ၊ မှိန်း လွန်း တာ သတိလစ်တာ၊ နှလုံး ခုန်နှုန်း မမှန်တာ အဆိုး ဆုံး က သေတဲ့ အထိဖြစ်နိုင်ပါတယ်!!

၄) ဘာ ကြောင့် အခုလို လက္ခဏာ တွေ ပြရတာလဲ!

လူတိုင်း အတွက်အောက်စီဂျင်ဟာ အလွန် အရေး ကြီး ပါတယ်! လေထုထဲက အောက်စီဂျင်ကို အဆုတ်က ရှူ သွင်း ပြီး သွေးထဲကို ပို့ ဆောင်ပါတယ်! ပြီး မှ လိုအပ်တဲ့ နေရာတွေကို သွေး ဥနီ မှာပါတဲ့ ဟီမိုဂလိုဘင် (Hb) က ပို့ဆောင်ပေးရပါတယ်! အစား အသောက်တွေမှာ ကြာရှည်ခံအောင် သုံး တဲ့ Nitrate ကြောင့် Hb ကို metHb ပုံစံသို့ ပြောင်းသွား စေ ပါတယ်!

metHb ဟာ ပုံမှန်လုပ်ရမဲ့ သွေး ထဲက Oxygen ကို လိုအပ်တဲ့ နေရာ ကို မပို့ပေး နိုင်တဲ့ အတွက် သွေးထဲမှာ oxygen များ နေပေမဲ့ အသုံး မချနိုင်တဲ့ အတွက် ခန္ဓာကိုယ်မှာ အောက်စီဂျင် ပြတ်တောက် သွား တဲ့ အတိုင်း ( Hypoxia ) ခံစား ရတာ ဖြစ်ပါတယ်။ တနည်း အား ဖြင့် oxygen delivery system shut down ဖြစ်သွား ခြင်း ပင်ဖြစ်ပါတယ်!
မိမိကလေး မှာ အပေါ် မှာ ဖေါ်ပြထားတဲ့ လက္ခဏာ တစုံ တခုရှိရင် နီးစပ်ရာ ဆေး ခန်း မှာ ဆရာ ဝန်နှင့်အမြန်ဆုံး ပြသ စေလိုပါတယ်!

မိမိတို့ ကလေးတွေ အန္တရာယ် မဖြစ်ရအောင် လတ်တလော အခြေအနေအရ နိုင်ငံခြား မှ လာသော ကြက်အူချောင်း ၊ ဝက်အူချောင်း အကင်စား သုံး ခြင်း ကို ရှောင်ရှား သင့်ပါကြောင်း အကြံပြုအပ်ပါတယ်။


အရည်အသွေးညံ့သော Hot dog များစားသုံးခြင်း

အနောက်နိုင်ငံတွေမှာ Hot dog sausage တွေဟာ တန်ဖိုးအတော်အသင့်ရှိကြတယ်..

ဥပမာ..Hebrew National 97% Fat Free Beef Franks တံဆိပ်ဆိုရင် အဆီဆိုတာ မပါသလောက်ပဲ..
Just Fresh Direct 100% Grass-Fed Organic Uncured Beef Hot dog ဆိုရင် မြက်ကိုသာ ကျွေးပြီး မွေးမြူ ထားတာကြောင့် 100% organic beef အဖြစ် နာမည်ကြီးတယ်..

ကျနော်တို့ မြန်မာ နိုင်ငံမှာ Supermarketတွေကအစ..အိမ်ဆိုင်လေးတွေ..စတိုးဆိုင်တွေ..ကျောင်းရှေ့တွေမှာ Hot dog အကင်စက်လေးတွေနဲ့ ရောင်းနေတဲ့ Thai ကလာတာဖြစ်ဖြစ်၊ မြန်မာပြည်တွင်းဖြစ်ပဲဖြစ်ဖြစ်၊ တရုတ်ကလာတာဖြစ်ဖြစ်
တစ်ချောင်းကို ၂၀၀ မှ ၅၀၀ ကျပ်ဝန်းကျင်လောက်..တရုတ်ကဝင်တဲ့ တံဆိပ်တွေ နဲ့ မိမိယုံကြည်လို့မရတဲ့ ပါဝင်ပ္စည်းတံဆိပ်တွေကို တော်တော်များများ စားသုံးနေကြတာပါ..

ကလေးတစ်ယောက်ကို ၂ရက်/၃ရက်မှ တစ်ချောင်းကျွေးဖြစ်တာပါ ဆိုရင်..တစ်ပတ်ကို ၃ ချောင်းလောက်...တစ်လကို ၁၂ ချောင်းလောက် ကျွေးဖြစ်လိမ့်မယ်..
၎င်းကလေးဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၉ % လောက်ရှိနေပါပြီ..

American Institute For Cancer Research (AICR) ရဲ့ လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို ၅၀ ဂရမ် Hot Dog တစ်ချောင်းသာနေ့တိုင်း စားရင် အစာဟောင်းအိမ် နဲ့ အူလမ်းကြောင်းကင်ဆာ ဖြစ်နိုင်တယ်လို့ဆိုပါတယ်..

ကျန်းမာရေးကိုထိခိုက်ရတဲ့ အကြောင်းအရင်းကို ကလေးငယ်တွေအတွက် မိဘတိုင်းသိထားသင့်ပါတယ်...

၁) မည့်သည့်အသားပါဝင်နေသလဲ?

စျေးသက်သာတဲ့ Hot Dog မှာ တန်ဖိုးကြီးအသားပါဝင်ဖို့ လုံးဝ မဖြစ်နိုင်ပါ။ အတိအကျ အမည်မဖော်ပြနိုင်တဲ့ *အသေကောင်ရဲ့ တန်ဖိုးအနည်းဆုံး အသားအစအနတွေ၊ အဆီတွေ၊ အရေခွံတွေ၊ ကလီစာတွေ၊ အရွတ်တွေ၊ ခြေထောက်၊ခေါင်း၊ အရိုးစများကို ကြိတ်ထားခြင်းဖြစ်ပိါယ်...
ဒါ့ကြောင့် (ကြက်၊ ဝက်၊ အမဲသား တွေ ကိုသာ အသုံးပြုလိမ့်မယ်လို့ မထင်ပါနဲ့).. ကြက်ကြော်ဆိုင်တွေမှာလည်း အသုံးပြုနေတဲ့ hot dog ကို အသားအစစ်လို့ ထင်နေရင် ကျနော့်ရှုထောင့်အနေနဲ့ကနေ No ပါပဲ..အဆီ နဲ့ အသားတိုး အကောင်များလို့ ကျနော်လက်ခံယုံကြည်တယ်..စာဖတ်မိတ်ဆွေအားလုံးကြိုက်သလို ယူဆနိုင်ပါတယ်..

၇၆ ဂရမ် Hot Dog တစ်ချောင်းမှာ

*စုစုပေါင်း အဆီပါဝင်မှု ၁၈ ဂရမ် (တနေ့တာ အဆီလိုအပ်ချက်ရဲ့ ၂၃% ရှိနေပါပြီ)
*ပြည့်ဝဆီ ပါဝင်မှု ၇ ဂရမ် (တနေ့တာ လိုအပ်ချက်ရဲ့ ၄၄%)
*ဆား နဲ့ MSG ဟင်းခတ်မှုန့်၊ အချိုမှုန့် ပါဝင်မှု ၆၂၀ မီလီဂရမ် နှင့်အထက် (တနေ့တာ လိုအပ်ချက်ရဲ့ ၄၁%)

၂) ကင်ဆာဖြစ်စေသော တာရှည်ခံပစ္စည်းများ

Potassium lactate, Sodium Phosphate, Sodium diacetate, Sodium erythorbate, Sodium Nitrate, Sodium Nitrite တို့ပါဝင်နေတယ်..
၎င်းတို့အနက် Nitrite နဲ့ Nitate တွေဟာ လူလုပ်ထားတဲ့ တာရှည်ခံပစ္စည်းတွေဖြစ်တာကြောင့် Hot dog ကို ပန်းရောင် သန်းစေတယ်...အပူနဲ့ ထိတွေ့လိုက်တဲ့အခါ..အသားထဲက amine နဲ့ပေါင်းပြီး ကင်ဆာဖြစ်စေတဲ့ Nitrosamines အဖြစ်ပြောင်းလဲသွားတယ်..

US ကထုတ်တဲ့ အသင့်ချက် အသားတံဆိပ်တိုင်းမှာ ascorbic acid (Vitamin C) 550ppm ပါဝင်ရတယ်..ဘာလို့လဲဆိုတော့ Nitrosamines ရဲ့ ဆဲလ်ပျက်စီးစေမှုကို တားမြစ်ပေးနိုင်ဖို့ပါပဲ...

ကျနော်တို့ စားနေတဲ့ Hot dog မှာတော့ Ascorbic acid လည်း မပါရှိနိုင်ပါ..ဒါ့ကြောင့် မိမိဘာသာ သံပုရာရည်သောက်တာပဲဖြစ်ဖြစ်..သံပုရာသီးညှစ်စားပေးတာမျိုးဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်..

၃) Fillers ဖြည့်စွက်ပစ္စည်း

High Fructose Corn Syrup (HFCS) ဆိုတာ ပြောင်းဖူးကစီဓာတ်ကနေထုတ်ပြီး Fructose သကြားအဖြစ်သို့ ပြောင်းလဲထားတဲ့ စက်ရုံထုတ် ပြောင်းဖူးသကြားဆီ ပါ.
*HFCS ထည့်ထားရင် Hot dog ပိုကြာရှည်ခံတယ်.
Hot dog ရဲ့မျက်နှာပြင်တင်းတင်းလေးနဲ့ စားလိုက်ရင် ဇက်တောက်ဇက်တောက် ဖြစ်စေတယ်..နောက်ပြီး စိတ်ကိုလည်း စွဲလမ်းစေတယ်...Mercury level ပါဝင်မှုကလည်း ၅၀% အထက်ဖြစ်တာမို့ အထူးသဖြင့် ကလေးငယ်တွေရဲ့ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်စေပါတယ်..

*HFCS ကြောင့် အဝလွန်ခြင်း၊ ဆီးချိုအမျိုးအစား ၂ ဖြစ်စေခြင်း၊မကောင်းတဲ့ ကိုလက်စထရောများတက်ခြင်း၊ သွေးတိုး နဲ့ အခြား အသည်း၊ကျောက်ကပ်၊ဆီးအိမ်တို့ကို ပျက်စီးစေပါတယ်...

၄) အရမ်းငယ်လွန်းတဲ့ ကလေးငယ်တွေမှာ Hot dog ကြောင့် သီးပြီးတစ်ဆို့ သေဆုံးမှု လည်း တစ်နှစ်ကို အယောက် ၈၀ လောက်အထိ တွေ့ရပါတယ်...

ဒါ့ကြောင့် အတတ်နိုင်ဆုံး ရှောင်စားကြပါ..စားဖြစ်ရင်လည်း သုံရာရည်သောက်တာမျိုးလုပ်ပေးပါ...MSG ပါဝင်မှုများလို့ ရေများများပြန်သောက်ပေးကြပါ..တံဆိပ်အကောင်းစားတွေ စားဖို့ကတော့ ငွေကြေးတတ်နိုင်သော်လည်း မြန်မာပြည်မှာ တင်သွင်းထားခြင်းမရှိသေးပါဘူး...မိဘအားလုံး Hot dog အကြောင်းတစေ့တစောင်းသိသွားရင် ဒီဆောင်းပါးရေးရကျိုးနပ်ပါပြီ

Credit to original writer

မိမ်ိ ခန္ဓာကိုယ် ရဲ့ ကိုဗစ် ရောဂါပိုး ကာကွယ် နိုင်စွမ်း အား ပမာဏ ကို  OnHealt ရဲ့ ဓာတ်ခွဲ ခန်းတွင် နေ့ခြင်း တိကျစွာ စစ်ဆ...
09/02/2022

မိမ်ိ ခန္ဓာကိုယ် ရဲ့ ကိုဗစ် ရောဂါပိုး ကာကွယ် နိုင်စွမ်း အား ပမာဏ ကို OnHealt ရဲ့ ဓာတ်ခွဲ ခန်းတွင် နေ့ခြင်း တိကျစွာ စစ်ဆေး လို့ရပါပီ ။

အခုလို Covid ကူးစက်မှု ပြန်လည် အဖြစ် များလာတဲ့ ကာလ မှာ ကိုယ်ခံအား ပမာဏ ကို စစ်ထား ပြီး မဖြစ်ခင် ကာကွယ် သင့်တာကို ကာကွယ်ထားသင့်ပါတယ်

📞📞📞 09-449440618

ယခင် အတိုင်း OnHealth Page ကို ပြန်လည် ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်🤗🤗🤗ဆရာဝန် များအနေနဲ့လည်း Team (General Physician, Fam...
09/02/2022

ယခင် အတိုင်း OnHealth Page ကို ပြန်လည် ဖြေကြား ပေးသွားမှာ ဖြစ်ပါတယ်
🤗🤗🤗

ဆရာဝန် များအနေနဲ့လည်း Team (General Physician, Family Physician, Nurses) တခု ဖွဲ့စည်းပြီး သင့်တော် သော နှုန်း ထား တခုနဲ့ လူနာများကို Home Service လိုက်လံ ကြည့်ရှုပေးသွားမှာ ဖြစ်ပါတယ်။

အိမ်တိုင်ရာရောက် Covid test စစ်ခြင်း အပြင်၊ ဆီးသွေး စစ်ဆေး ခြင်း များကို လည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Teleconsultation (အခပေး) ကို လည်း physician, general practioner ဆရာ များမှ ပြန်လည် ပြုလုပ်ပေးသွား မှာ ဖြစ်ပါတယ်။ [zoom application နှင့် လူနာများကို တိုက်ရိုက်ကြည့်ရှု ပေးမှာ ဖြစ်ပါတယ်]

Home Service hotline📞📞 09-449440618
Clinic Address- No(544/22) 35th st bet 82nd* 83rd street, MaharAungMyawe Township, Mandalay

Address

Chan Aye TharzanTownship
Mandalay

Telephone

+959449440618

Website

Alerts

Be the first to know and let us send you an email when OnHealth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram