We Care Specialist Clinic and Health Service

We Care Specialist Clinic and Health Service အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုတိုင်းအတွက် WE CARE

27/11/2022

အမျိုးသမီးများနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း❗️❗️

▪️ဆီးလမ်းကြောင်း ပိုးဝင်တယ်ဆိုတာ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ သာမန် မျက်စိဖြင့် မမြင်နိုင်တဲ့ ပိုးမွှားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဆီးလမ်းကြောင်းကနေတစ်ဆင့် ဝင်ရောက်သွားခြင်းကနေ စပါတယ်။

▪️ပိုးဝင်တယ်လို့ သံသယရှိရင်တော့ ပိုးတွေ များသထက် များလာပြီး ဆိုးရွားတဲ့အဆင့်ထိ ရောက်မသွားအောင် ကုသမှုတွေ စောလျင်စွာ လုပ်ဖို့ လိုအပ်ပါတယ်။

ဒါဆို ဆီးလမ်းကြောင်းပိုးဝင်ခြင်း ရှိ/မရှိ ကို ဘယ်လိုသိနိုင်မလဲ??

👉ဆီးကျင်၊ ဆီးအောင့် ၊ ဆီးပူမယ်။
👉ဆီးခဏခဏသွားမယ်။
👉ဆီးသွားနည်းမယ်။
👉ဝမ်းဗိုက်အောက်ပိုင်း နာကျင်မယ်။
👉ဆီးသွားရင်လည်း နာမယ်။
👉ဆီးနံ ပြင်းမယ် ၊ဆီးအရောင်ရင့်နေမယ် ။
အဲဒီလိုမျိုးတွေ ဖြစ်လာရင်တော့ ဆီးလမ်းကြောင်းပိုးဝင်နေတာဖြစ်ဖို့ များနေပါပြီ။

ဆီးလမ်းကြောင်း ပိုးမဝင်အောင် ဘယ်လို ကာကွယ်နိုင်မလဲ?
🌸ရေများများ တစ်နေ့ကို ၂-၃ လီတာ သောက်ပေးပါ။
🌸ချည်သား အတွင်းခံ ဝတ်ပါ။
🌸ဆီးအောင့် မထားပါနဲ့။
🌸ဒိန်ချဉ်၊ Cranberry အသီး၊ Cranberry ဖျော်ရည် သောက်ပါ။
🌸အာဟာရပြည့်ဝအောင် စားပြီး အိပ်ရေးဝပါစေ။
🌸တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။
အဲဒီအချက်တွေ လိုက်နာနေထိုင်မယ်ဆို ဆီးလမ်းပိုးဝင်ခြင်းကို ကြိုတင်ကာကွယ်ထားနိုင်မှာပါနော်။

အကြောင်းအမျိုးမျိုးကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခဲ့ရင်ကော ဘယ်လို ကုသနိုင်မလဲ?

▪️အထက်က ပိုးဝင်တဲ့ လက္ခဏာတွေထဲက တစ်ခုခုကို ခံစားနေရပြီဆိုတာနဲ့ အရင်ဆုံး ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
▪️ဆီးစစ်ရမှာ ဖြစ်ပြီး ထွက်လာတဲ့ ဓာတ်ခွဲရလဒ်ပေါ်မူတည်ကာ ဆရာဝန်က ပိုးသတ်ဆေးသောက်ဖို့ ညွှန်ကြားပါလိမ့်မယ်။ ကုသရလွယ်ကူတာမို့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာမယ်ဆိုရင် အချိန်တိုအတွင်း သက်သာလာမှာပါ။

▪️ဒါပေမယ့် မကုသဘဲ ထားမယ်ဆိုပါက ပိုးတွေက ကျောက်ကပ်အထိ ပျံ့နှံ့လာပြီး နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်ပါတယ်။

ကဲ…သင်ရော ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာတွေ ခံစားနေရပြီလား?

ဒါဆိုရင်တော့ ယုံကြည်စိတ်ချရတဲ့ ဆရာဝန်နဲ့ပြသပြီး စောစောကုသဖို့ We Care ကနေ အကြံပြုလိုက်ပါတယ်နော်👩‍⚕️💞

မန္တလေးမြို့က အမျိုးသမီးတွေအတွက်ကတော့ We Care အထူးကုဆေးခန်းရှိပါတယ်။

We Care မှာ ဆီးကျောက်ကပ်အထူးကု ရှိတာမို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးကျင် ဆီးအောင့်ခြင်း၊ ဆီးအိတ်ရောင်ခြင်း စတဲ့ ကျန်းမာရေးပြဿနာတွေကို လာရောက်တိုင်ပင်ကုသနိုင်ပါတယ်ရှင့် 👩‍⚕️🩺

📱09 5417170
📱09 985408899

🏩အမှတ် (၃၂၄ ) ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့

𝙍𝙚𝙛𝙚𝙧𝙚𝙣𝙘𝙚 𝙛𝙧𝙤𝙢 𝙞𝙣𝙩𝙚𝙧𝙣𝙚𝙩



#ဆီးလမ်းကြောင်းပိုးဝင်ခြင်း #အမျိုးသမီး
#ဆီးကျောက်ကပ်အထူးကု

26/11/2022

သိပြီးကြပြီလား❓❓

လာမယ့် တနင်္ဂနွေနေ့မှာ မန္တလေးကျုံးရဲ့ အလှနဲ့အတူ ကျုံးဘေးမှာ We Care ရဲ့ Road Show လေးလဲ မနက်ရော ညနေပါ ရှိနေမယ် ဆိုတာ…

အဲဒါကြောင့် မနက်စောစောအချိန်နဲ့ ညနေဘက်မှာ မန္တလေးကျုံးဘက် ရောက်ခဲ့ရင် We Care ရှိရာ လာခဲ့ဖို့ မမေ့ပါနဲ့နော်။

အဲဒီ Road Show Activity လေးမှာ ရောက်လာမယ့်သူတိုင်းကို ဆီးချိုနဲ့ သွေးပေါင်ချိန် အခမဲ့ စစ်ဆေးပေးမှာပါ🥰

ပြီးတော့ ကျန်းမာရေးစစ်ဆေးမှု Package တွေကိုလည်း အထူး စျေးနှုန်းများနဲ့ ရောင်းချပေးသွားဦးမှာပါ။

တနင်္ဂနွေနေ့

⏰ မနက်ခင်းမှာဆို ၅ နာရီခွဲ မှ မနက် ၈ နာရီခွဲအထိ ရှိနေမှာ ဖြစ်ပြီး

⏰ညနေမှာဆို ၃ နာရီခွဲမှ ၅ နာရီခွဲ အထိ

📍၆၆ လမ်းနှင့် ၂၆ လမ်းထောင့်၊ ကျုံးဘေး လူသွားစင်္ကြံ မှာ We Care ရှိနေမှာ ဖြစ်ပါတယ်နော်။

ဒါကြောင့် အားကစားလုပ် လာတာပဲဖြစ်ဖြစ်၊ ဒီတိုင်း လမ်းလျှောက်လာတာပဲဖြစ်ဖြစ် We Care ဆိုင်းဘုတ်ကို တွေ့ရင် အခမဲ့ ဆီးချို နဲ့သွေးပေါင်ချိန် ဝင်စစ်လို့ ရပါတယ်။

ဒါ့အ့ပြင် ပျော်စရာ Luck Draw အစီအစဉ်လေးမှာ မဲနှိုက်ကံစမ်းခွင့် ရဦးမှာပါနော် 😍

Lucky draw (ကံစမ်းမဲ) မှာ ပါဝင်ခဲ့တဲ့ ဆုမဲ တွေကတော့

✨Standard Medical Check up အခမဲ့ စစ်ဆေးနိုင်မယ့် အခွင့်အရေး

✨ဆရာဝန်နဲ့ အခမဲ့ ဆွေးနွေးခွင့်ရမယ့် အခွင့်အရေး

✨သွေးစစ်ဆေးမှုအတွက် 5% to 10% ရရှိနိုင်မယ့် အခွင့်အရေး

✨Covid Vaccine Booster အခမဲ့ ထိုးနှံခွင့်ရရှိမယ့် အခွင့်အရေး

✨ Gout ရောဂါရှိမရှိ အခမဲ့သွေးစစ်ခွင့်ရရှိနိုင်မည့်အခွင့်အရေး တို့ပဲဖြစ်ပါတယ်နော်။

အခမဲ့ ဆီးချို နဲ့ သွေးပေါင်ချိန်ကို စစ်နိုင်မယ့်အပြင် ကျန်းမာရေးစစ်ဆေးခွင့်တွေပါ ကံထူးနိုင်မှာဆိုတော့ ဒီအခွင့်အရေး လက်လွှတ်မခံဘဲ ဝီရိယရှိရှိနဲ့ ကျုံးဘေး အရောက်လာခဲ့ကြပါရှင့်။

အားလုံးအတွက် We Care…

▪️နေ့ရက်– နိုဝင်ဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့
▪️အချိန်–မနက် ၅ : ၃၀ နာရီ - ၈ : ၃၀ နာရီ
ညနေ ၃ : ၃၀ နာရီ - ၅ : ၃၀ နာရီ
▪️နေရာ –၆၆ လမ်းနှင့် ၂၆ လမ်းထောင့် လူသွားစင်္ကြံ


#ဆီးချို #သွေးပေါင်ချိန်
#မန္တလေးကျုံးဘေး

22/11/2022

🤗အမျိုးသမီးများအတွက် သတင်းကောင်း 🤗

သားအိမ်ခေါင်းကင်ဆာဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် 𝐆𝐚𝐫𝐝𝐚𝐬𝐢𝐥-𝟒 ဆေးကို 𝗪𝗲 𝗖𝗮𝗿𝗲 ဆေးခန်းတွင် ရက်ချိန်းစောင့်ဆိုင်းစရာမလိုဘဲ အဆင်သင့် လာရောက် ထိုးနှံနိုင်ပါပြီ။

🔺သားအိမ်ခေါင်းကင်ဆာဆိုတာ🔺

သားအိမ်ခေါင်းကင်ဆာဟာ 𝐇𝐮𝐦𝐚𝐧 𝐏𝐚𝐩𝐢𝐥𝐨𝐦𝐚 𝐕𝐢𝐫𝐮𝐬 ဟုခေါ်သော (𝐇𝐏𝐕 𝐕𝐢𝐫𝐮𝐬 ) ကြောင့် ဖြစ်ပွားတဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။

အမျိုးအစားပေါင်းရာချီရှိသည့်အနက် HPV 16 နှင့် 18 က အဖြစ်အများဆုံး ဖြစ်ပါတယ်။

𝐇𝐏𝐕 𝟑𝟏, 𝟑𝟑, 𝟒𝟓, 𝟓𝟐, 𝟓𝟖 တို့ကလည်း ဖြစ်စေတတ်ပါတယ်။

𝐇𝐏𝐕 𝟔, 𝟏𝟏 တို့ကတော့ ကြွက်နို့ ဖြစ်စေပါတယ်။

𝐇𝐏𝐕 ဗိုင်းရပ်စ်ပိုးဟာ လိင်မှ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။

🔺သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်သလဲ?🔺

အသက် ( ၉ )နှစ်မှ စ၍ထိုးနှံနိုင်ပါတယ်။ လိင်ဆက်ဆံခြင်းမရှိိသေးသော အချိန်တွင် ထိုးထားခြင်းဟာ အကောင်းဆုံး ဖြစ်တဲ့ အတွက် အသက် ( ၉ )နှစ် မှ ( ၁၄ ) နှစ်အတွင်းရှိ မိန်းကလေးများ အားလုံး ထိုးထားသင့်ပါတယ်။

၆ လ (သို့) တစ်နှစ်ခြား၍ စုစုပေါင်း ( ၂ )ကြိမ် ထိုးနှံနိုင်ပါတယ်။

🔺အိမ်ထောင်ရှိ အမျိုးသမီးများကော ထိုးလို့ရသလား?🔺

အိမ်ထောင်ရှိ အမျိုးသမီးများ ထိုးချင်ပါက ဆရာဝန်ဖြင့် (သားအိမ်ချွဲမြှေး) သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် ရှိမရှိ 𝗣𝗮𝗽 𝗦𝗺𝗲𝗮𝗿 ( 𝗣𝗮𝗽 𝗧𝗲𝘀𝘁 ) စစ်ဆေးပြီး ထိုးနှံနိုင်ပါတယ်။

၁၅ နှစ်အထက် မိန်းလေးများအနေဖြင့် ( 𝟬-𝟭-𝟲 ) ( 𝟬-𝟮-𝟲 ) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနိုင်ပါတယ်။

ကာကွယ်ဆေးများ
➖➖➖➖➖➖

💉𝐆𝐚𝐫𝐝𝐚𝐬𝐢𝐥-𝟒 ကာကွယ်ဆေး
HPV 6, 11, 16, 18 ကို ကာကွယ်ပေးပါတယ်။

We Care မှာ 𝐆𝐚𝐫𝐝𝐚𝐬𝐢𝐥-𝟒 လာထိုးမယ်ဆို ရက်ချိန်းစောင့်စရာမလိုဘဲ ထိုးနှံနိုင်ပါတယ်။

💉𝐆𝐚𝐫𝐝𝐚𝐬𝐢𝐥-𝟗 ကာကွယ်ဆေး

𝐇𝐏𝐕 𝟔, 𝟏𝟏, 𝟏𝟔, 𝟏𝟖, 𝟑𝟏, 𝟑𝟑, 𝟒𝟓, 𝟓𝟐, 𝟓𝟖 ကို ကာကွယ်ပေးပါတယ်။

𝐆𝐚𝐫𝐝𝐚𝐬𝐢𝐥-𝟗 ထိုးချင်သူများအတွက်ကတော့ ကြိုတင် 𝘽𝙤𝙤𝙠𝙞𝙣𝙜 ပေး၍ ထိုးနှံနိုင်ပါတယ်ရှင့်။

အမျိုးသမီးများအတွက် အသံတိတ်လူသတ်သမားလို့ တင်စားကြတဲ့ သားအိမ်ခေါင်းကင်ဆာဟာ ကြိုတင်ကွယ်၍ ရတာကြောင့်▪️▪️▪️

ကာကွယ်ဆေးကြိုတင်ထိုးထားခြင်းဖြင့် ကင်ဆာရောဂါဆိုးတစ်ခုကို စောစောစီးစီး ကာကွယ်လိုက်ကြရအောင်နော်💪💪💪

အားလုံးအတွက် We Care….

📱09 5417170
📱09 985408899

🏩အမှတ် (၃၂၄ ) ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့


#သားအိမ်ခေါင်းကင်ဆာ

အမျိုးသားနေ့တို့မမေ့၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် ၁၀၂ ကြိမ်မြောက်အမျိုးသားနေ့အား We Care မှ လှိုက်လှဲဂုဏ်...
17/11/2022

အမျိုးသားနေ့တို့မမေ့

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် ၁၀၂ ကြိမ်မြောက်အမျိုးသားနေ့အား We Care မှ လှိုက်လှဲဂုဏ်ယူစွာ ကြိုဆိုအပ်ပါသည်။


#အမျိုးသားနေ့

အမေရိကန်ထုတ် Moderna Spikevax ကာကွယ်ဆေးကို မန္တလေးမြို့က We Care အထူးကုဆေးခန်းမှာထိုးလို့ရပြီနော် 💉💉သင့်တင့်တဲ့စျေးနှုန်...
14/11/2022

အမေရိကန်ထုတ် Moderna Spikevax ကာကွယ်ဆေးကို မန္တလေးမြို့က We Care အထူးကုဆေးခန်းမှာထိုးလို့ရပြီနော် 💉💉

သင့်တင့်တဲ့စျေးနှုန်းနဲ့ ထိုးနှံပေးနေတာဖြစ်လို့ ကူးစက်မြန် ကိုဗစ်ရောဂါကို ကြိုတင် ကာကွယ်လိုသူတိုင်း မဖြစ်မနေ လာထိုးသင့်ပါတယ် 🛡️💉

အရင်က ထိုးပြီးသားပေမယ့် ကာကွယ်ဆေးဆိုတာ အချိန်အတိုင်းအတာ တစ်ခုအထိပဲ အာနိသင်ရှိတာဖြစ်ပါတယ်။

အချိန်အတိုင်းအတာတစ်ခုကို ရောက်သွားတာနဲ့ ဆေးရဲ့ အာနိသင်ပြယ် သွားတာမို့ နောက်တစ်ကြိမ် Booster ထပ်ထိုးဖို့ မမေ့သင့်ပါဘူးနော် 🙅‍♀️

ယခု We Care မှာ ထိုးနှံပေးနေတဲ့ Moderna Spikevax ကတော့ အမေရိကန် ဆေးကုမ္ပဏီထုတ် mRNA Vaccine အမျိုးအစားဖြစ်ပြီး ကိုဗစ်-၁၉ ကို ၉၅ ရာခိုင်နှုန်းခန့်အထိ ကာကွယ်ပေးနိုင်ပါတယ် 🛡️

အအေးခန်းမှာ ထိန်းသိမ်းသိုလှောင်ရတာ အဆင်ပြေတဲ့အပြင် အကျိုးအာနိသင် ထိရောက်ကောင်းမွန်တာကြောင့် လက်ရှိ အကောင်းဆုံး ကိုဗစ်ကာကွယ်ဆေးတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

WHO အပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးနီးပါးရဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ အစွမ်းထက် Moderna ကာကွယ်ဆေးကို သင့်တင့်တဲ့ စျေးနှုန်းနဲ့ ထိုးချင်ရင်တော့ ခုပဲ We Care ဆေးခန်းမှာ ကြိုတင်စာရင်းပေးသွင်းပြီးထိုးနှံလို့ရပါပြီရှင့် 👩‍⚕️

📱09 5417170
📱09 985408899





#ကာကွယ်ဆေး

ယနေ့ကျရောက်တဲ့တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) မှာ ၇ ရက်သားသမီးများအားလုံး အန္တရာယ်ကင်း၊ ဘေးရှင်းကြပါစေလို့ We ...
07/11/2022

ယနေ့ကျရောက်တဲ့တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) မှာ ၇ ရက်သားသမီးများအားလုံး အန္တရာယ်ကင်း၊ ဘေးရှင်းကြပါစေလို့ We Care အထူးကူဆေးခန်း မှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင် 🙏🙏

#တန်ဆောင်မုန်းလပြည့်နေ့

78 Central Point က Little Bollywood festival မှာ We Care ရောက်နေတယ်နော်...WE CAREအထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေး📱 09 ...
29/10/2022

78 Central Point က Little Bollywood festival မှာ
We Care ရောက်နေတယ်နော်...

WE CARE
အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေး

📱 09 5417170
📱 09 985408899



⚠️We Care ရဲ့ Customer များအား အသိပေးကြေညာခြင်း⚠️ယခုလက်ရှိ We Care Page သည် နည်းပညာပိုင်းဆိုင်ရာ Error များ ဖြစ်ပေါ်နေပါ...
26/10/2022

⚠️We Care ရဲ့ Customer များအား အသိပေးကြေညာခြင်း⚠️

ယခုလက်ရှိ We Care Page သည် နည်းပညာပိုင်းဆိုင်ရာ Error များ ဖြစ်ပေါ်နေပါသဖြင့် We Care ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုများကို မိဘပြည်သူများ သိရှိအောင် ဖြန့်ဝေရာမှာ အခက်အခဲရှိနေပါတယ်။

ဒါကြောင့် နောက်ထပ် Page အသစ်တစ်ခုဖွင့်လှစ်လိုက်ပြီး အောက်က Link လေးက တစ်ဆင့် ပြန်ပြီး Like လုပ်ပေးကြပါဦးနော်😍

👇👇👇

https://www.facebook.com/profile.php?id=100086732937205

Page အသစ်မှာ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ ကျန်းမာရေးဗဟုသုတတွေ၊ Promotion တွေနဲ့ အတူ ကျန်းမာရေးအတွက် We Care က အမြဲရှိနေမှာမို့ ခုပဲ Like & Share လုပ်လိုက်ကြစို့နော် 💖

အားလုံးအတွက် We Care…

📱09 5417170
📱09 985408899



📣 မန္တလေးက အမျိုးတွေအတွက်We Care ရဲ့ ကျန်းမာရေးစစ်ဆေးမှု Package တွေကို အထူးစျေးနှုန်းတွေနဲ့ ရနိုင်မယ့် အခွင့်အရေးကြီး လ...
25/10/2022

📣 မန္တလေးက အမျိုးတွေအတွက်

We Care ရဲ့ ကျန်းမာရေးစစ်ဆေးမှု Package တွေကို အထူးစျေးနှုန်းတွေနဲ့ ရနိုင်မယ့် အခွင့်အရေးကြီး လာပြီနော်…

သူ့ချည်းပဲလားဆိုတော့ No ပါ 🙅‍♀️

ဆီးချိုနဲ့ သွေးပေါင်ချိန်ပါ အခမဲ့ စစ်ဆေးပေးဦးမှာပါ 🤩

ဘယ်မှာ ရမှာ လဲဆိုရင်တော့ ပျော်ရွှင်စရာ ဘောလိဝုဒ် စျေးရောင်းပွဲတော်မှာပါ။

ဟုတ်ပါတယ်ရှင့်။

လာမယ့် အောက်တိုဘာလ ၂၉၊ ၃၀ ရက်တွေမှာ Little Bollywood Festival စျေးရောင်းပွဲတော်ကို မန္တလေးမြို့ လမ်း၇၈ ၊ ၃၂ လမ်းနှင့် ၃၃လမ်းကြား မှာရှိတဲ့ 78 Central Point Mall ပထမထပ်မှာပါ ကျင်းပမှာ ဖြစ်ပါတယ်။

အစားအသောက်၊ ပညာရေး၊ ကျန်းမာရေး၊ အဝတ်အထည်၊ အီလက်ထရောနစ်၊ စိန်ရွှေရတနာအစုံအလင် ပါဝင်မယ့် ပျော်ရွှင်စရာ ပွဲတော်ဖြစ်တာမို့ လာလည်ဖို့ မမေ့ကြပါနဲ့နော်။

အဲဒီ ဘောလိဝုဒ် စျေးရောင်းပွဲတော်မှာ We Care လည်း အတူရှိနေမှာဖြစ်ပြီး We Care ရှိရာသို့ ရောက်လာသူများကို ဆီးချိုနဲ့ သွေးပေါင်ချိန် အခမဲ့ စစ်ဆေးပေးမှာ ဖြစ်ပါတယ် 💖

ဒါတင်မကဘဲ We Care ရဲ့ ကျန်းမာရေးစစ်ဆေးမှု Package များကိုလည်း အထူးစျေးနှုန်းများနဲ့ ရောင်းချပေးဦးမှာပါ။

Blood Grouping ( သွေးအုပ်စုခွဲခြင်း) ကိုလည်း စျေးသက်သက်သာသာသာနဲ့ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး ဘာသွေးအမျိုးအစားလဲဆိုတာ ချက်ချင်း အဖြေသိရမှာပါနော်။

ပျော်စရာ အနေနဲ့ We Care ကနေ Luck Draw အစီအစဉ်လေးကိုပါ ဖန်တီးပေးထားမှာပါ။

Lucky draw (ကံစမ်းမဲ) မှာ ပါဝင်ခဲ့တဲ့ ဆုမဲ တွေကတော့

✨Standard Medical Check up အခမဲ့ စစ်ဆေးနိုင်မယ့် အခွင့်အရေး

✨ဆရာဝန်နဲ့ အခမဲ့ ဆွေးနွေးခွင့်ရမယ့် အခွင့်အရေး

✨သွေးစစ်ဆေးမှုအတွက် 5% to 10% ရရှိနိုင်မယ့် အခွင့်အရေး

✨Covid Vaccine Booster အခမဲ့ ထိုးနှံခွင့်ရရှိမယ့် အခွင့်အရေး

✨ Gout ရောဂါရှိမရှိ အခမဲ့သွေးစစ်ခွင့်ရရှိနိုင်မည့်အခွင့်အရေး တို့ပဲဖြစ်ပါတယ်နော်။

ဒါကြောင်မို့

ပွဲတော်ကို လာလည်ရင်း ပျော်စရာတွေလည်း ရမယ်။

ကျန်းမာရေး စစ်ဆေးမှု Package တွေကိုလည်း အထူးစျေးနှုန်းနဲ့ ဝယ်ယူနိုင်မယ်။

We Care ရဲ့ Lucky Draw မှာ ကံစမ်းရင်း ကျန်းမာရေးအခမဲ့ စစ်ဆေးနိုင်မယ့် အခွင့်အရေးတွေလည်း ရမယ်ဆိုတော့….

ရေမီးအစုံနဲ့ လေထီးခုန်ဖို့အတွက် ဆက်ဆက်လာခဲ့ဖို့သာ ဖိတ်ခေါ်လိုက်ပါတယ်နော်။

🗓️Date – October (29,30,)
⏰Time – 10:00 AM to 6:30 PM
📍Place – 78 Central Point (first floor )

အားလုံးအတွက် အမြဲအသင့်ရှိနေမယ့် We Care…

📱09 5417170
📱09 985408899


#ဆီးချို #သွေးပေါင်ချိန်

၂၄.၁၀.၂၂ ( တနင်္လာနေ့)တွင် ကျရောက်သော ဟိန္နူဘာသာဝင်များ၏ မွန်မြတ်ဖွယ်ရာ “ဒီပါဝလီ”နေ့တွင် အများသူငှာတို့ စိတ်ချမ်းသာကိုယ်...
24/10/2022

၂၄.၁၀.၂၂ ( တနင်္လာနေ့)တွင် ကျရောက်သော ဟိန္နူဘာသာဝင်များ၏ မွန်မြတ်ဖွယ်ရာ “ဒီပါဝလီ”နေ့တွင် အများသူငှာတို့ စိတ်ချမ်းသာကိုယ်ကျန်းမာ၍ စီးပွားဥစ္စာများ ဒီရေအလား တိုးပွားပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ် ရှင်။


"ရွှေအကြောင်း ဖယောင်းသက်သေ” တဲ့။ We Care အကြောင်းကတော့ ဒီ Review လေးတွေက သက်သေပါပဲနော် 💕 Comment နဲ့ message box မှာ We ...
13/10/2022

"ရွှေအကြောင်း ဖယောင်းသက်သေ” တဲ့။

We Care အကြောင်းကတော့ ဒီ Review လေးတွေက သက်သေပါပဲနော် 💕

Comment နဲ့ message box မှာ We Care ရဲ့ဝန်ဆောင်မှုတွေအပေါ် တကူးတက Review လာပေးကြသူတွေကိုလည်း We Care မှ အထူးကျေးဇူးတင်ပါတယ်ရှင့် 🥰

နောက်လဲပဲ ပိုကောင်းတဲ့ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့အတူ မန္တလေးမြို့မှာ We Care ရှိနေမှာမို့ ကျန်းမာရေးပြဿနာတိုင်းအတွက်ဆို We Care ကို ကြွလှမ်းခဲ့လိုက်ပါနော်…

အားလုံးအတွက် We Care….

📱09 5417170
📱09 985408899

🏩အမှတ် (၃၂၄ ) ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ မန္တလေးမြို့


ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့လေးမှာ စိတ်နှလုံးရွှင်လန်းကြပါစေကြောင်း We Care မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတ...
09/10/2022

ဝါလကင်းလွတ် သီတင်းကျွတ်လပြည့်နေ့လေးမှာ စိတ်နှလုံးရွှင်လန်းကြပါစေကြောင်း We Care မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင် 🙏🙏

#သီတင်းကျွတ်လပြည့်နေ့

Address

81 လမ်း 26 X 27 လမ်းကြား မန္တလေးမြို့
Mandalay

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959985408899

Website

Alerts

Be the first to know and let us send you an email when We Care Specialist Clinic and Health Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram