Wah Wah online business

Wah Wah online business ဒူးနာ/ခါးနာ/အရိုးကျီးပေါင်း ဝေဒနာ အမျိုးမျိုးအတွက် ဟန်နုမာန်တိုင်းရင်းဆေး လက်လီလက်ကား 📱09962173085

" ရှူဆေး " လို့ပြောလိုက်ရင် ရိုးရိုးသာမန် အရာတစ်ခုပဲမြင်တတ်ကြတယ် ဒါပေမဲ့ " Vanara Breath In" ကတော့ လူတိုင်းရဲ့ စိတ်ချမ်း...
08/11/2025

" ရှူဆေး " လို့ပြောလိုက်ရင် ရိုးရိုးသာမန် အရာတစ်ခုပဲမြင်တတ်ကြတယ်

ဒါပေမဲ့ " Vanara Breath In" ကတော့ လူတိုင်းရဲ့ စိတ်ချမ်းသာမှုကို ပေးစွမ်းမဲ့ လက်စွဲလေးတစ်ခုဖြစ်ပါတယ် ✨

တစ်ခါ ရှူမိသူတိုင်းက
" ကြိုက်လိုက်တာ "
" အရမ်းကောင်းတယ် "
" မရှူရမနေနိုင်ဖြစ်နေပြီ "
" အနံ့လေးက အဆုတ်ထိရောက်တာ တအားကောင်းတယ် " ဆိုတာကြီးပဲ ပြန်ကြားနေရတယ် 🥰

Herbal Product တွေကိုမှ သုံးချင်တယ် မြတ်နိုးတယ်ဆိုတဲ့သူများတွက် ‼️  #သဘာဝသစ်ဥသစ်ဖုများနဲ့အဓိကထုတ်လုပ်ထားတဲ့  #ဟာနုမာန် 🍀...
26/10/2025

Herbal Product တွေကိုမှ သုံးချင်တယ် မြတ်နိုးတယ်ဆိုတဲ့သူများတွက် ‼️

#သဘာဝသစ်ဥသစ်ဖုများနဲ့အဓိကထုတ်လုပ်ထားတဲ့ #ဟာနုမာန် 🍀🍂🍃

ခန္ဓာကိုယ်ရဲ့ ကိုက်ခဲညောင်းညာမှုတွေ ၊ ကြွက်သားနာကျင်မှုတွေ ၊ အရိုးအဆစ်ရောင်ရမ်းမှုတွေ ၊ ထုံကျင်မှုတွေအတွက် #သဘာဝတိုင်းရင်းဆေးကပ်ခွာ နဲ့ #လိမ်းဆေးဆီ လေးရှိပါမယ်ရှင့် 🍃

သွားနဲ့ ခံတွင်းပြသနာဖြစ်တဲ့ #သွားဝါ #သွားကိုက် #သွားပိုးစား ခြင်းတွေအပြင် #ခံတွင်းနံ့ဆိုးခြင်း ပြသနာတွေကို ထိမိစွာဖြေရှင်းပေးမဲ့ #ဟာနုမာန်သွားတိုက်ဆေး လေးရှိပါမယ်ရှင့် 🍃

ဆေးကပ်ခွာထဲမှာ ဆေးဖက်ဝင် အပင် ၅ မျိုးနဲ့အဓိကထည့်သွင်းထုတ်လုပ်ထားပြီး လိမ်းဆေးဆီကို ဆေးဖက်ဝင်အပင်ရဲ့အဆီပေါင်း ၁၃ မျိုးနဲ့ အဓိကထည့်သွင်းထုတ်လုပ်ထားပါတယ်ရှင့် 🍂

သွားတိုက်ဆေးထဲတွင်လည်း ဆေးဖက်ဝင်အပင် ၁၀ မျိုးနဲ့သေချာ ဖော်စပ်ထုတ်လုပ်ထားပြီး တစ်ခြားသော သွားတိုက်ဆေးတွေထက် ထူးခြားမှုတစ်ခုဟာ သွားဖြူပြီး ခံတွင်းသန့်စေရုံမက သွားကြွေလွှာ ပျက်စီးမှုကို ၂ ဆကာကွယ်ပေးတဲ့ HAP ဆိုတဲ့ပါဝင်ပစ္စည်းကိုပါထည့်သွင်းထားခြင်းဖြစ်ပါတယ်ရှင့် 🍂

ယုံကြည်စိတ်ချစွာနဲ့ အသုံးပြုနိုင်တာ #တိုင်းရင်းဆေးဘက်ဝင်ဟာနုမာန်ထုတ်ကုန်ပါ 🍀



 #ခေါင်းလှည့်မရအောင်ကိုအကြောတင်းတောင့် #အိပ်မရအောင်ကိုဖြစ်တဲ့ဇက်ကျီးပေါင်းဝေဒနာကြီး 😥=============================== တို...
15/09/2025

#ခေါင်းလှည့်မရအောင်ကိုအကြောတင်းတောင့်
#အိပ်မရအောင်ကိုဖြစ်တဲ့ဇက်ကျီးပေါင်းဝေဒနာကြီး 😥

===============================

တိုးတက်လာတဲ့ခေတ်နဲ့အညီ လူငယ်လူလတ်ပိုင်းတွေဟာ phone ၊ computer တွေနဲ့ အလုပ်လုပ်လာကြတာမို့ ပုံစံတခုထဲမှာ ကြာကြာနေလာကြတယ်။
(ဒီနေထားဟာ ကျီးပေါင်းဖြစ်ဖို့ Risk အများဆုံးပါ)

အဖြစ်များတဲ့ လူအုပ်စုတွေပြောရရင်
📌 သက်ကြီးပိုင်းတွေ
📌 စက်ချုပ်သမားတွေ
📌 ကားသမားတွေ
📌 Online သမားတွေ
📌 လည်ပင်းဆစ်တဝိုက်ထိခိုက်ဖူးသူတွေ
📌 ခေါင်းငုံ့ပြီး ပုံစံတမျိုးထဲ ကြာကြာလုပ်ရသူတွေ တို့ဖြစ်ပါတယ်။

ဘယ်လိုလက္ခဏာတွေစပြလဲဆိုရင် မကြာခဏ
▪️ဇက်တောင့်တာ
▪️ဇက်လေးတာ
▪️ဂုတ်ကြောနာတာ
▪️ဂုတ်တင်းတာတွေ
▪️မကြာခနမူးမော်တာ ဖြစ်လာပါတယ် ။

ဝေဒနာမဆိုးရွားခင်မှာ
✅ stretching exercisesလုပ်တာ
✅ နာကျင်တဲ့ခါ ရေခဲဝတ်ကပ်တာ
✅ ကြွက်သားပြေလျော့လိမ်းဆေးလိမ်းတာ
✅ ဆေးပလာစတာတွေကပ်တာ
✅ ဆေးသောက်တာတွေ လုပ်နိုင်ပါတယ် ။

အစောပိုင်းမှာဂရုတစိုက်နဲ့ကုသမှုမယူခဲ့ရင်တော့
▪️ဇက်တွေ၊ဂုတ်တွေက ကြပ်ခဲကြီးလို တင်းတောင့်မာကျောပြီး နေမရထိုင်မရတွေဖြစ်လာပါမယ်

▪️ အခန့်မသင့်ရင် ပင်မအာရုံကြောကြီးပါထိမိပြီး ခန္ဓာကိုယ်အစွန်အဖျားနေရာတွေမှာ ထုံကျင်ပြီး အာရုံခံစားမှုမရှိတဲ့ထိဖြစ်လာပါမယ်

▪️ ဆီးဝမ်းတွေ မထိန်းနိုင်တော့တာတွေ ၊ ခြေလက်တွေကအားမရှိသလိုဖြစ်ပြီး နောက်ဆုံး အောက်ပိုင်းလှုပ်ရှားမရတော့တဲ့ထိဖြစ်လာနိုင်ပါတယ် ။

‼️ ကျီးပေါင်းဝေဒနာဟာ ဖြစ်ပြီဆို အရှင်းပျောက်ဖို့ မလွယ်တော့တဲ့နာတာရှည်ဝေဒနာမို့ ဖြစ်စမှာအထူးဂရုစိုက်ထသင့်ပါတယ် ‼️


#ဇက်ကျီးပေါင်း
#ဇက်ကြောတက်

 #ဇက်ကြောတက်၊ လည်ပင်းကြောနာတဲ့အကြောင်း‼️ #ဇက်ကြောတက်၊  #လည်ပင်းကြောနာတာက အရင် လူကြီးတွေမှာသာ အဖြစ်များရာကနေ၊ အခု လူငယ်တွ...
14/09/2025

#ဇက်ကြောတက်၊ လည်ပင်းကြောနာတဲ့အကြောင်း‼️

#ဇက်ကြောတက်၊ #လည်ပင်းကြောနာတာက အရင် လူကြီးတွေမှာသာ အဖြစ်များရာကနေ၊ အခု လူငယ်တွေမှာပါ အဖြစ်များလာကြတယ်။

အခုခေတ်မှာ အထူးသဖြင့် လူငယ်တွေအနေနဲ့ လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ မိုဘိုင်း လက်ကိုင်ဖုန်း၊ စမတ်ဖုန်းတွေ၊ ကွန်ပြူတာ Game ကစားတာတွေ၊ Tablet တွေ၊ ကွန်ပြူတာသုံးတာ စတာတွေကို၊ နာရီတွေနဲ့ချီ အချိန်ကြာကြာ ဆက်တိုက် ခေါင်းငုံပြီး သုံးစွဲတာ ပိုများလာတာကြောင့် အခုလို ပိုအဖြစ်များလာတာပါ။

ဇက်ကြောတက်၊ လည်ပင်းကြောနာတာနဲ့တွဲပြီး #ခေါင်းကိုက်တာ၊ ခေါင်းအုံတာနဲ့ တချို. #မျက်ရိုးကိုက်တာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေ စပြလာချိန်မှာ ချက်ချင်း ဆရာဝန်ပြသင့်ပါတယ်။ ဆရာဝန်မပြဘဲ၊ အခုလို ဖြစ်နေတာကို ရေရှည် ဆက်လုပ်မိပါက၊ လည်ပင်းအရိုးကိုပါထိခိုက်ကာ လည်ပင်းကြီးပေါင်းဖြစ်တတ်လာတယ်။

ဒီ #ဇက်ကြောတက်၊ #လည်ပင်းနာတာကို မဖြစ်အောင် အထူး ကာကွယ်သင့်ပါတယ်။ အဓိက အားဖြင့် ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ ခေါင်းအကြာကြီးငုံ့ တစ်ခုခုလုပ်တာကို ရှောင်ကျဉ်ဖို့ပါ။

ဒါကြောင့် စာဖတ်တာအပါအဝင်၊ မိုဘိုင်းလက်ကိုင်ဖုန်းတွေ၊ ကွန်ပြူတာ စတာတွေသုံးရာမှာ လည်ပင်းကြွက်သားတွေ ဒဏ်မပိအောင်၊ ခေါင်းကို မငုံဘဲ မျက်နှာနဲ့ အတည့်အနေအထားမျိုးမှာ လည်ပင်းမတ်မတ်ထားပြီး မျက်လုံးနဲ့ တတန်းတည်းမျိုး ထားသင့်ပါတယ်။✅

ဒါ့အပြင် ထိုင်ခုံမှာ ထိုင်သုံးလျှင် ခါးကို မတ်ထားဖို့ အရေးကြီးပါတယ်။ အကြာကြီးဆက်တိုက်သုံးတာ မဖြစ်ရအောင်လည်း၊ အများဆုံး တစ်နာရီ သုံးပြီးတိုင်းမှာ ခဏနားကာ၊ လမ်းလျှောက်ပေးတာ၊ အပြင်ကိုကြည့်တာ၊ လည်ပင်းလေ့ကျင့်ခန်းလုပ် ဖြေလျော့ပေးတာတွေ လုပ်ပေးသင့်ပါတယ်။✅

နောက်တနည်းလမ်း သက်သာမှုယူနိုက်တာကတော့ #သဘာဝသစ်ဥသစ်ဖုဖြင့်ထုတ်လုပ်ထားတဲ့ #ဟန်နုမာန်ဆေးကပ်ခွါ နှင့် #နှိပ်နှယ်လိမ်းဆီဖြင့်ပြေလျော့ပေးနိုင်ပါတယ်ရှင့်💁‍♀️




ဇက်ကြောတတ်တတ်သူများအတွက် ငွေမကုန်ပဲပျောက်မယ့် အိမ်တွင်းနည်းလမ်း_၅_နည်း ‼️ ==============================================...
12/09/2025

ဇက်ကြောတတ်တတ်သူများအတွက် ငွေမကုန်ပဲပျောက်မယ့် အိမ်တွင်းနည်းလမ်း_၅_နည်း ‼️
====================================================================

စစ်တမ်းများအရ လူတွေရဲ့၁၀ရာခိုင်နှုန်းမှာ ဇက်ကြောတက်ခြင်းဖြစ်ပေါ်နေတတ်ပြီး ၆၅ရာခိုင်နှုန်းကျော်လောက်က ဘဝမှာတစ်ခါတော့ခံစားဖူးကြတယ်လို့ဆိုပါတယ်။ဇက်ကြောတက်ခြင်းဖြစ်စေသော အခြေခံအကြောင်းရင်းတွေကတော့ လေ့ကျင့်ခန်းအလုပ်များခြင်း၊အိပ်စက်ပုံ ထိုင်ပုံ မမှန်ခြင်း၊ပုံစံတစ်ခုတည်းတွင်အထိုင်များခြင်း၊စိတ်ဖိစီးမှုများခြင်းတို့ ဖြစ်ပါတယ်။ဇက်ကြောတက်ခြင်းကိုသက်သာစေမယ့် အိမ်တွင်းနည်းလမ်းများကတော့ –

(၁)ရေခဲကပ်ခြင်း(လတ်တလောနာကျင်ခြင်းအတွက်)
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ရေခဲအိတ်ကို ဇက်ကြောပေါ်တွင် ၂၅မိနစ်ခန့်ကပ်ပေးပါ။လောလောလတ်လတ်နာကျင်ခြင်းကိုသက်သာစေတဲ့အပြင် သွေးကြောတွေကိုကျဉ်းစေတဲ့အတွက် အယောင်ကျစေပါတယ်။ဒါပေမယ့် ရေခဲကို တိုက်ရိုက်မကပ်ပဲ အိတ်တစ်ခုထဲထည့်ပြိးမှ ကပ်ဖို့မမေ့ပါနဲ့။

(၂)အပူကပ်ပါ (နာတာရှည်နာကျင်ခြင်းအတွက်)
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဆန် သို့ ဂျုံကို အိတ်အသေးထဲတွင်ထည့်ပြီးအပူပေးပါ။ရေနွေးအိတ်ကိုလဲသုံးနိုင်ပါတယ်။ထိုအိတ်ကိုဇက်ပေါ်သို့ ၁၅မိနစ်ကပ်ပေးပါ။မနက်အိပ်ရာထနဲ့ လေ့ကျင့်ခန်းမပြုလုပ်ခင်ကပ်ပေးပါက ပိုထိရောက်ပါတယ်။ရေနွေးနဲ့ရေချိူးခြင်းကိုလဲ ပြုလုပ်နိုင်ပါတယ်။ရေချိူးတဲ့အခါ ဆားခါးထည့်ချိူးပါ။ဆားခါးတွင်ပါသော မက်နီဆီယမ်က ကြွက်သားတွေကို ပြေလျော့စေပါတယ်။

(၃)ဗီတာမင် ဘီ၁၂ပါသောအစာများစားပါ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

သင့်အာရုံကြောတွေကို ကာကွယ်ထားသော အလွှာကိုအားကောင်းစေပြီး နာကျင်ခြင်းကိုသက်သာစေပါတယ်

(၄)နနွင်းစားပါ
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဟင်းထဲ နနွင်းထည့်ချက်ခြင်း၊ ရေနွေးထဲနနွင်းနဲ့ပျားရည်ခပ်သောက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

(၅)လည်ပင်းလေ့ကျင့်ခန်း
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

ဇက်ကြောနာကျင်ခြင်းကိုသက်သာစေတဲ့အပြင် လည်ပင်းကြွက်သားများကိုသန်မာစေပါတယ်လည်ပင်းကိုစက်ဝိုင်းပုံလှည့်ပါ။၃ကြိမ်ပြုလုပ်ပါ။လည်ပင်းကို ဘယ်ဘက်သို့တတ်န်ုင်သမျှလှည့်ပါ။ထို့နောက်ညာဘက်ကိုလှည့်ပါ။၃ကြိမ်စီပြုလုပ်ပါလည်ပင်းကို အပေါ် အောက် ၃ကြိမ်စီ လှည့်ပါ။


Credit to Owner

လက်ညောင်းလာရင် ဒီလိုလုပ်====t===h===u===r===a====အလုပ်တွေလုပ်နေရ၊ တွေရေး၊ ကွန်ပျူတာတွေသုံးရတာကြာလာလို့ရှိရင် လက်တွေညောင်...
09/09/2025

လက်ညောင်းလာရင် ဒီလိုလုပ်
====t===h===u===r===a====

အလုပ်တွေလုပ်နေရ၊ တွေရေး၊ ကွန်ပျူတာတွေသုံးရတာကြာလာလို့ရှိရင် လက်တွေညောင်းလာတတ်ပါတယ်။ လက်ညောင်းလာရင်တော့ အခုဖော်ပြမဲ့ လေ့ကျင့်ခန်းတွေကို လုပ်ကြည့်လိုက်ပါ။

🔸လေ့ကျင့်ခန်းတစ်ခုကို (၁၀)ကြိမ်ပြုလုပ်ပါ

🔸အစမှအဆုံးအထိ (၃) ကြိမ် ပြုလုပ်ပါ

ဇက်ကြော မကြာခဏ တက်တက်သူများတစ်နေ့ ၂ကြိမ် ပြုလုပ်သင့်တဲ့အကြောလျော့ လေ့ကျင့်ခန်းများ
07/09/2025

ဇက်ကြော မကြာခဏ တက်တက်သူများ

တစ်နေ့ ၂ကြိမ် ပြုလုပ်သင့်တဲ့

အကြောလျော့ လေ့ကျင့်ခန်းများ

ဇက်ကြောတက်တယ်ဆိုတာ လူတိုင်းဖြစ်ကြတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့အပြင် အကြောတက်ခြင်းကြောင့် တစ်နေ့တာလုပ်ဆောင်မှုများကို အဟန့်အတားတ...
05/09/2025

ဇက်ကြောတက်တယ်ဆိုတာ လူတိုင်းဖြစ်ကြတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့အပြင် အကြောတက်ခြင်းကြောင့် တစ်နေ့တာလုပ်ဆောင်မှုများကို အဟန့်အတားတစ်ခု လိုဖြစ်နေတတ်ပါတယ်

လူအများစု ဇက်ကြောတက်တာကို နှိပ်နယ်ပေးတာ ၊ အကို*က်ခဲပျောက်ဆေ:သောက်ပေးတာ စတဲ့နည်းလမ်း ဖြင့်ကုသနေကြပါတယ်။ ဇက်ကြောတက်ခြင်းက ပခုံးရှိြွကက်သား ၊ နောက်ကျော ၊ လက်ပြင် ၊ ဇက်ပိုး ရှိကြွက်သားများ တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။

✔️ဇက်ကြောတက်စေနိုင်တဲ့ အကြောင်းရင်းများ

ခန္ဓာကိုယ်ကို ကြာရှည်စွာ ကိုင်းထားပြီး စာဖတ်တာ ၊ ဖုန်း ၊ ကွန်ပျူတာကြည့်တာ ၊ ခေါင်းအုံးမြင့်တာ ၊ အရမ်းနိမ့်တာ ၊ ခါးကိုကုန်းပြီး ကြာရှည်အလုပ်လုပ်တာ ၊ ထိုင်နေချိန်တွင် ကိုယ်အနေအထားမမှန်တာ ၊ ဆေ:လိပ် ၊ အ*ရက် အလွန်အကျွံသောက်သုံးတာ ၊စိတ်ဖိစီးမှုများတာ ၊ သွေး:တက်စေတဲ့ အစားအစာများ စားခြင်းကလည်း ဇက်ကြောတတ်ခြင်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ဇက်ကြောတက်ခြင်းမှ လျော့ချနည်း
**********
မနက်အိပ်ယာထချိန်မှာ ခေါင်းလေ့ကျင့်ခန်းပြုလုပ်တာ ၊ ခေါင်းအုန်းကို ပခုံးနဲ့ တစ်တန်းတည်းထားပြီး အိပ်စက်တာ ၊ ဂုတ်ကြောကို နှိပ်နယ်ပေးတာ ၊ ဖုန်း ၊ ကွန်ပျူတာကို ကြည့်မယ်ဆိုရင် ခါးကို မတ်မတ်ထားပြီး ခေါင်းကို အနေတော်အခြေအနေမှာထားပြီး ကြည့်တာ၊ အကြောတက်စေနိုင်တဲ့ အစားအစာများစားတာ ရှောင်ကျဉ်တာ ၊အရ*က် ၊ဆေ:လိပ်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ဇက်ကြောတက်ခြင်းကို လျော့ချနိုင်ပါတယ်။

ဇက်ကြောတက်ခြင်းကို သာသက်အောင်ကုသနည်း
8888888888888
ဇက်ကြောမနေနိုင်အောင်တက်နေပြီဆိုရင် ဒီအချက်လေးတွေ လုပ်ဆောင်ပေးခြင်းဖြင့် သက်သာနိုင်ပါတယ်။ လည်ပင်းကို နှိပ်ပေးတာ ၊ ဇက်ကြောဆွဲပေးတာ ၊ ကျောရိုးကြွက်သားများကို လျော့ချပေးတာ၊ ခေါင်းလေ့ကျင့်ခန်းလုပ်ပေးတာ ၊ အိပ်ယာပေါ်တွင် ခေါင်းအုံးမပါဘဲ လည်ပင်းအောက်တွင် နူညံ့တဲ့ပုဝါကို အလိပ်ပုံစံ လိပ်ပြီးခုက ပေါ့ပါးသောကိုယ်ဟန်ဖြင့် ပလက်အိပ်တာများ ပြုလုပ်ပေးခြင်းဖြင့် ဇက်ကြောတက်ခြင်းကို သာသက်အောင်ကုသနိုင်ပါတယ်။

Address

Mandalay

Telephone

+959962173085

Website

Alerts

Be the first to know and let us send you an email when Wah Wah online business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Wah Wah online business:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram