07/12/2025
အခုလက်ရှိ ကြုံတွေ့နေရတဲ့ ငွေရေးကြေးရေး အခက်ခဲနဲ့ ပက်သက်ပြီး ဘာတွေ သိဖို့လိုအပ်သလဲ။
What do you need to know about your financial struggle right now?
အခုလက်ရှိ ကြုံတွေ့နေရတဲ့ အခက်ခဲလေးတွေက အမှန်တကယ်တော့ ကိုယ့်ရဲ့ illusion သပ်သပ်ပါ။ ဝင်ငွေနည်းနေပါလား ၊ အလုပ်တွေပါးနေပါလား ၊ အလုပ်မရှိပါလား ၊ အရင်လိုမဟုတ်ပါလားဆိုတာတွေက အမှန်တော့ ကိုယ့်ရဲ့ စိုးရိမ်မှု သပ်သပ်တစ်ခုပါပဲ။ ကံကတော့ အရင်တိုင်းပုံမှန်တိုင်းပါပဲ အရမ်းကြီး ကံနိမ့်နေတာမျိုး မရှိပါဘူး။ နှစ်ကုန်ခါနီးဆိုတော့ ပုံမှန် အချိန်အရ အနားယူပြီး အေးအေးဆေးဆေး ဖြတ်သန်းတာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်လို့ အဆင်မပြေတဲ့ပုံ ပုံပေါက်နေတာပါ။ တစ်ချို့ကျတော့ နောက်နှစ်ထဲမှာ ကိုယ်က အရှိန်အဟုန်နဲ့ လုပ်ကိုင်ရမယ့် အရာတွေအတွက် အနားယူရင်းနဲ့ ကြိုတင်ပြင်ဆင်နေရတာမျိုး ရှိနိုင်ပါတယ်။ အခုလို အလုပ်ပါးနေတဲ့ အခိုက်တန့် ၊ အလုပ်မရှိတဲ့ အချိန်မျိုးမှာတော့ ကိုယ်ဟာ enjoy ပိုပြီး လုပ်သင့်ပါတယ်။ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းပါ။ ကိုယ် စိတ်ဝင်စားတဲ့အရာလေးတွေ ၊ ကိုယ့်ကို တိုးတက်စေမယ့်အရာလေးတွေ ပိုပြီး လိုက်စားပါ။ စာဖတ်တာတို့ ၊ လေ့လာတာတို့ စိတ်ပါဝင်စားရင် လုပ်နိုင်ပါတယ်။ အတင်းကြီး လုပ်စရာတော့ မလိုပါဘူး အဓိကက ဟာတာတာကြီးဖြစ်နေရင် လုပ်ကြည့်ဖို့ပဲ အကြံပြုတာပါ။
ဝင်ငွေမရှိတဲ့သူ ထိုင်နေရတဲ့သူတွေအတွက်လဲ အတူတူပါပဲ။ ဒီအချိန်မှာ အနားလေးရအောင် ယူကြည့်ပြီး အကျိုးရှိစေမယ့်အရာတွေ ဗဟုသုတတွေ စုဆောင်းပြီး နောက်လာမယ့် အရာတွေ အတွက် ပြင်ဆင်ပြီး စောင့်နေရုံပါပဲ။ အချို့ လမ်းပျောက်နေရင် ကိုယ် ဝါသနာပါတာလေးတွေကနေ တစ်ဆင့် ဝင်ငွေရအောင် ဖန်တီးနိုင်တာမျိုး ရှိတာမလို့ ကြိုးစားကြည့်ပါ။
ကိုယ့်အတွက် အသစ်ပြင်ဆင်ပေးမယ့် အရာတွေကို စောင့်နေရတော့ ဒီကာလက နည်းနည်းလေး frustrated ဖြစ်နိုင်ပါတယ်။ စိတ်ကျဉ်းကြပ်တာ စိတ်မရှည်တာတို့ ရှိနိုင်ပေမယ့် မလာသေးတဲ့အရာတွေအတွက် တွေးပူနေတာထပ် လက်ရှိ ကိုယ်လုပ်နိုင်တဲ့အရာ ၊ ကိုယ်လက်လှမ်းမှီတဲ့အရာ ၊ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာလေးတွေနဲ့ ဖြတ်သန်းပြီး စိတ်ကို ဖြေဖျောက်ပြီး enjoy လုပ်ပါ။ နှစ်ကုန်မှာ သက်သောင့်သက်သာနဲ့ တစ်နှစ်တာအတွင်း ကိုယ်အောင်မြင်ခဲ့တာတွေ ပိုင်ဆိုင်ခဲ့တာတွေ ပြန်ကြည့်ပြီး ကိုယ့်ကိုကိုယ် ချီးကျူးပေးပါ။