Yin Nyein Thu

Yin Nyein Thu 🍀🍀🍀ငြိမ်းချမ်းသာယာရှိပါစေ
🙏🙏🙏

Hello October 🍁မင်းရဲ့ နံနက်ခင်းအလင်းနဲ့အတူကံကောင်း ကျန်းမာခြင်းများ ရောက်ရှိပါစေ 🍀ဒီနံနက်ခင်းမှာ အမှောင်ခွင်း၍ အလင်းမြင...
01/10/2025

Hello October 🍁
မင်းရဲ့ နံနက်ခင်းအလင်းနဲ့အတူ
ကံကောင်း ကျန်းမာခြင်းများ ရောက်ရှိပါစေ 🍀

ဒီနံနက်ခင်းမှာ
အမှောင်ခွင်း၍ အလင်းမြင်ရသကဲ့သို့
အဆိုးများလည်း ကင်းစင်ပါရစေ 🌹

ဒီနေ့သာမက
ရှင်သန်နေမယ့် မနက်ဖြန်တိုင်းပါ
ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါရစေ 🪻

ဘဝရဲ့ မမေ့နိုင်တဲ့
ကံကောင်းခြင်းတွေ စုဝေးရာလအဖြစ်
မင်းကို အမြဲ အမှတ်ရခွင့် ရှိပါရစေ
October လေးရေ… 🌲

Good luck 🍀
31/08/2025

Good luck 🍀

စက်တင်ဘာလမှာ ကံကောင်းချင်သောသူများသာ ရှယ်ပါလေ ဩဂုတ်မှ ကံဆိုးခြင်းတွေကို မေ့ထားပြီး စက်တင်ဘာကို ကံကောင်းခြင်း ၊ ချမ်းသာခြင်း ၊ ငွေဝင်ခြင်း ၊ အခက်အခဲတွေ ကင်းပျောက်ခြင်းတွေကိုပဲ ရွေးပြီးသယ်သွားရအောင်ဗျာ ၊ အနှောင့်အယှက်အစုံဆိုတာက ကိုယ်က လူသားပေမို့ လောကဓံရဲ့ပြယုဂ်တွေပဲ ဖြစ်ပါတယ် ၊ ကဲ အားလုံး စက်တင်ဘာမှာ လာဘ်အကြီးကြီး ပွင့်ကြမယ် ငွေတွေ ဒလဟောဝင်ကြမယ် စိတ်တွေ လွန်စွာချမ်းသာကြမယ် အစစအရာရာ အဆင်ပြေကြမယ်မလားဗျို့ဆုတောင်း ရှယ်သွားကြပါဗျို့

လင်းညှို့တာရာ

🙏🙏🙏 ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏၁။...
09/07/2025

🙏🙏🙏 ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏

၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။
....................................................................

🙏🙏🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏🙏🙏

🙏🙏🙏စိပ်ရမယ့်နေ့ရက်များ🙏🙏🙏
_________________________________
(၉) ပါးစလုံးကို ( ၉ . ၇ . ၂၀၂၅) မှ ( ၁၇ . ၇ . ၂၀၂၅ ) အထိနေ့တိုင်းတစ်ပတ်စီစိပ်ပါ။

အရဟံ (၁)ပတ်

သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်

ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်

သုဂတော (၁)ပတ်

လောကဝိဒူ (၁)ပတ်

အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်

သတ္ထာဒေဝမနုဿာနံ (၁)ပတ်

ဗုဒ္ဓေါ (၁)ပတ်

ဘဂဝါ (၁)ပတ်
________________________________

🙏အရဟံ သိဒ္ဓိ (၉)ပတ်🙏

(၁၈ . ၇ . ၂၀၂၅) မှ
(၂၆ . ၇ . ၂၀၂၅) အထိ
________________________________

🙏သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

(၂၇ . ၇ . ၂၀၂၅) မှ
(၄ . ၈ . ၂၀၂၅) အထိ
________________________________

🙏ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်🙏

(၅ . ၈ . ၂၀၂၅) မှ
(၁၃ . ၈ . ၂၀၂၅) အထိ
________________________________

🙏သုဂတော သိဒ္ဓိ (၉)ပတ်🙏

(၁၄ . ၈ . ၂၀၂၅) မှ
(၂၂ . ၈ . ၂၀၂၅) အထိ
_______________________________

🙏လောကဝိဒူ သိဒ္ဓိ (၉)ပတ်🙏

(၂၃ . ၈ . ၂၀၂၅) မှ
(၃၁ . ၈ . ၂၀၂၅) အထိ
________________________________

🙏အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်🙏

(၁ . ၉ . ၂၀၂၅) မှ
(၉ . ၉ . ၂၀၂၅) အထိ
________________________________

🙏သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်🙏

(၁၀. ၉ . ၂၀၂၅) မှ
(၁၈ . ၉ . ၂၀၂၅) အထိ
________________________________

🙏ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

(၁၉ . ၉ . ၂၀၂၅) မှ
(၂၇ . ၉ . ၂၀၂၅) အထိ

_______________________________

🙏ဘဂဝါ သိဒ္ဓိ (၉)ပတ်🙏

(၂၈ . ၉ . ၂၀၂၅) မှ
(၆ . ၁၀ . ၂၀၂၅) အထိ
________________________________

- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါမယ်

🙏🙏🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏🙏🙏

Crd from original writer

09/07/2025

ဒီကနေ့ ဓမ္မစကြာအခါတော်နေ့ပါ ၊ ဝါတွင်းကာလကို ဝင်ရောက်တဲ့နေ့မြတ်လည်းဖြစ်ပါသည်။ ရှယ်သွားပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါပြီ။

ဒီနေ့မှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ပျားရည်ဆမ်းသော ထမင်းဖြူ ၊ ငှက်ပျောသီးမှည့်မှည့် သကြားဖြူး ၊ နွားနို့ပူပူလေးတစ်ခွက်အဖြစ် ပူဇော်ပေးပြီး လိုရာဆုတောင်းကြပါလေ။ အဓိဌာန်ဝင်ချင်သောသူများအနေနဲ့ ဝါတွင်းသုံးလ ၊ နှစ်လ ၊ တစ်လ ၊ ၁၅ ရက် ၊ ၇ ရက် စသဖြင့် အဓိဌာန်ဖြင့် အဓိိဌာန်ဝင်နိုင်ပါသည်။ လာဘ်ပွင့်မီးတိုင် ၊ ကံပွင့်မီးတိုင်များလည်း ဒီညမှာ ထွန်းညှိပေးဖို့ရှိတာကြောင့် ထွန်းပေးစေချင်သောသူများ ညမရောက်မီ Chat Box မှာ လာရောက် ပြောဆိုပေးစေချင်ပါသည်။

ဝါတွင်းသုံးလ သုဂတောတစ်သိန်းဝင်ခြင်း

ပထမအဆင့် - ၉.၇.၂၀၂၅ မှ ၁၈.၇.၂၀၂၅ အထိ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ်ပတ်စိပ်ပါ။

ဒုတိယအဆင့် - ၁၉.၇.၂၀၂၅ မှ ၂၈.၇.၂၀၂၅ အထိ ၊ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ်ပတ်စိပ်ပါ။

တတိယအဆင့် - ၂၉.၇.၂၀၂၅ မှ ၇.၈.၂၀၂၅ အထိ ၊ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ်ပတ်စိပ်ပါ။

စတုတ္ထအဆင့် - ၈.၈.၂၀၂၅ မှ ၁၇.၈.၂၀၂၅ အထိ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ့်တစ်ပတ်စိပ်ပါ။

ပဉ္စမအဆင့် - ၁၈.၈.၂၀၂၅ မှ ၂၇.၈.၂၀၂၅ အထိ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ်ပတ်စိပ်ပါ။

ဆဌမအဆင့် - ၂၈.၈.၂၀၂၅ မှ ၆.၉.၂၀၂၅ အထိ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ့်တစ်ပတ်စိပ်ပါ။

သတ္တမအဆင့် - ၇.၉.၂၀၂၅ မှ ၁၆.၉.၂၀၂၅ အထိ ၊ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ်ပတ်စိပ်ပါ။

အဌမအဆင့် - ၁၇.၉.၂၀၂၅ မှ ၂၆.၉.၂၀၂၅ အထိ ၊ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ်ပတ်စိပ်ပါ။

နဝမအဆင့် - ၂၇.၉.၂၀၂၅ မှ ၆.၁၀.၂၀၂၅ အထိ ၊ ၊ သုဂတော ဟူ၍ ပုတီးတစ်လုံးချ၍ ပုတီးဆယ့်တစ်ပတ်စိပ်ပါ။

သုဂတောတစ်သိန်းကို (၇)ရက်အတွင်း တစ်သိန်းပြည့်အောင် စိပ်ပါမည်တို့ (၁၅)ရက်အတွင်း တစ်သိန်းပြည့်အောင် စိပ်ပါမည်ဟု အဓိဌာန်ပြီးလည်း ရက်တိုတို နဲ့လည်း စိပ်ဝင်နိုင်ပါသည်။ သက်သတ်လွတ်စားနိုင်သူများစားကြပြီး ငါးပါးသီလလုံကြပါစေ။

လင်းညှို့တာရာ

Wishing you all a peaceful night's rest and sweet dreams! Sleep well 💗💤
16/05/2025

Wishing you all a peaceful night's rest and sweet dreams! Sleep well 💗💤

နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်တွေပြုပြီးရင် မြေစောင့်နတ်ကိုလဲ သာဓုခေါ်ခွင့်ရအောင် မေတ္တာပို့ အမျှကုသိုလ်ပေးဝေခြင်း ပြုကြပါ...
16/04/2025

နှစ်ဆန်းတစ်ရက်နေ့မှာ ကုသိုလ်တွေပြုပြီးရင် မြေစောင့်နတ်ကိုလဲ သာဓုခေါ်ခွင့်ရအောင် မေတ္တာပို့ အမျှကုသိုလ်ပေးဝေခြင်း ပြုကြပါမယ်
🙏🙏🙏

နှစ်ဆန်းတစ်ရက်နေ့မှာ ...
ကျနော်တို့ ကုသိုလ်တွေပြုကြတဲ့အခါ
မြေစောင့်နတ်ကိုလည်း အမျှအတန်းပေးဝေကြရအောင် ...။

ကျနော်တို့ လောကီပညာရှင်တွေကတော့
အဲ့ဒီနေ့မှာ ...
မြေစောင့်နတ်ပူဇော်ပွဲကို သီးသန့်ပြုလုပ်မှာဖြစ်ပါတယ်။

16/04/2025
 #သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ     " မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေပြုလုပ်ရင...
13/04/2025

#သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့ထိ
" မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် "

နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေ
ပြုလုပ်ရင်း မေတ္တသုတ် အဓိဋ္ဌာန်ဝင်ကြရအောင်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၉)ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ
လျှောက်ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး
နတ်ဗြဟ္မာတို့အား ပရိတ္တရားနာ
ကြွပါရန် ဖိတ်ကြားပါ။

၅။ မေတ္တသုတ်ပရိတ်တော်ကို
စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက္နာ ဆောင်ရွက်ရန်
***************************
နေ့စဉ် (၉) ခေါက်နှုန်းဖြင့်
သင်္ကြန်ပိတ်ရက်(၅)ရက်
အဓိဋ္ဌာန် ဝင်ရပါမယ်

နေ့စဉ် (၉)ခေါက် အဓိဋ္ဌာန်
အောင်မြင်သွားတိုင်း မေတ္တာပို့ရပါမယ်

မေတ္တာပို့နည်း
******************
(၁) ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမူကံစေတနာ အဖို့ဘာဂတို့အား အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနတ္တလူနတ်ဗြဟ္မာ၊အနတ္တသတ္တဝါများအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ်မျက်နှာ၌ ရှိကြကုန်သော အနန္တ နတ်၊ လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။

(၂) သာသနာတော်အား စောင့်ရှောက်
လျက်ရှိသော ဘိုးတော်သိကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး
အားလည်းကောင်း။

(၃) တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက္ခစိုး၊ဘုမ်းမစိုး၊သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကျွန်ု၏ကိုယ်စောင့်နတ်တို့အားလည်းကောင်း၊
သာသနာတော်အားစောင့်ရှောက်လျက်ရှိကြကုန်သော နတ်မင်းအပေါင်းတို့အားလည်းကောင်း။

(၄) ဝိရူပက္ခမြွေနတ်နဂါးမင်း၊
ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ
နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။

(၅) ဘုရားသိုက်၊နဂါးသိုက်၊ကုလားသိုက်၊
ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊ သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ
နဂါး ဂဠုန် ကု မ်ဘဏ် ယက္ခ၊ဂန္ဓဗ္ဗ
နတ်အပေါင်းတို့အားလည်းကောင်း။

(၆) ဘုရားတပည့်တော်ဘဝအဆက်ဆက်
သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊
ယခုဘဝတော်စပ်ကြကုန်သော မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်ဆွေတော်အပေါင်း မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း၊၊

(၇) ပထဝီ၊တေဇော၊အာဘော၊ဝါယော
ဓာတ်အကြီးလေးပါးကို မှီ၍ ဖြစ်ပေါ်
ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ
အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊
သြကာသလောက၊သင်္ခါရလောက၊သတ္တလောကလောကသုံးပါး ကိုမှီ၍ ဖြစ်ပေါ်ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ အနန်တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊ ယမမင်းနှင့်တကွ ငရဲသူ ငရဲသားတို့အားလည်းကောင်း။

ဘေးရန်ခပ်သိမ်းကင်းငြိမ်း ချမ်းသာကြပါစေ၊
ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာကြပါစေ၊
ဆင်းရဲ ခပ်သိမ်းကင်းငြိမ်း ချမ်းသာ ကြပါစေ၊
နှလုံးစိတ်ဝမ်းကင်းငြိမ်းချမ်းသာယာ ကြပါစေ ကုန်သတည်း။

တပည့်တော်-
ပြုခဲ့သော ကုသိုလ် ကောင်းမူကံ
စေတနာ ၊ ဒါနကုသိုလ် ၊ သီလ ကုသိုလ်၊
ဘာဝနာကုသိုလ်၊ သစ္စာကုသိုလ်
မေတ္တာ ကုသိုလ် အစုစုတို့အား
ဝသုန္ဓရေ မြေနတ်သားအား
သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါ၏။

တပည့်တော်နှင့် ထပ်တူထပ်မျှရ၍
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ။

အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏🙏🙏

သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကျွန်ုပ်မှဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ်တူထပ်မျှ ရ ရပါလို၏။

သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။

၆။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌
မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို
တောင်းရမည်။
( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော
ဆုကိုသာ တောင်းရမည်)

အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများ
မေတ္တသုတ်ပရိတ်တော်ကို နေ့စဉ်
(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်
ပူဇော်နိုင်ပါက အကျိုးထူးများ
ရစေနိုင်မည် ဖြစ်ပါတယ်ရှင့်🙏🙏🙏

နှစ်သစ်မှာလိုအင်ဆန္ဒတွေပြည့်စုံကြပါစေ🙏🙏🙏

မနက်ဖြန် တန်ခူးလပြည့်နေ့ ဖြစ်ပါတယ်🍀12-4-2025  စနေနေ့ဟာ တန်ခူးလပြည့် နေ့လေးဖြစ်ပါတယ်..🌕မြန်မာနှစ်ရဲ့ ပထမဆုံးသော လပြည့်ဖြစ...
11/04/2025

မနက်ဖြန် တန်ခူးလပြည့်နေ့ ဖြစ်ပါတယ်

🍀12-4-2025 စနေနေ့ဟာ တန်ခူးလပြည့် နေ့လေးဖြစ်ပါတယ်..🌕

မြန်မာနှစ်ရဲ့ ပထမဆုံးသော လပြည့်ဖြစ်တဲ့အပြင်
ကြုံတောင့်ကြုံခဲ နက္ခတ်လဲကောင်းမွန်သောကြောင့်

လပြည့်နေ့ မနက် 5 နာရီက နေ မနက် 9 နာရီအတွင်း
မြတ်စွာဘုရားရှင်အား သောက်တော်ရေတစ်ခွက် ကပ်လှူပေးပါ..🍀

ပန်း 9 ပွင့် ဆက်ကပ်လှူဒါန်းပေးပါ..🪷
မည်သည့်ပန်းမဆို ကပ်လှူလို့ရပါတယ်။

ဖယောင်းတိုင် 5 တိုင် အမွှေးတိုင် 5 တိုင်
မြန်စွာဘုရားရှင်အား ကပ်လှူပူဇော်ပေးပါ..🙏

မိမိ နှစ်သက်ရာ ဂါထာတော်ဖြစ် ပုတီး 1 ပတ်စိပ်ပေးပါ..📿
15 မီနစ် တရားထိုင်ပေးပါ..🧘

🍀မနက်ပိုင်းလုပ်ဖို့ အဆင်မပြေတဲ့သူများက
ညဘက် 7 နာရီမှ 11 နာရီအတွင်းပြုလုပ်လို့ရပါတယ်…🍀

ဆီမီး ပူဇော်ဖို့ အမွှေးတိုင်ထွန်းဖို့အဆင်မပြေသူတွေ အနံ့မခံနိုင်သူတွေက ဆီမီး နဲ့ အမွှေးတိုင်မထွန်းလဲရပါတယ်..❌

မိမိတတ်နိုင်သလောက် ဒါနလေးတွေပြုပေးကြပါ...🍀
ပံ့သကူလေးတွေ ပြစ်ပေးကြပါ…🍀
မိမိတတ်နိုင်သလောက် ပေးကမ်းစွန့်ကြဲကြပါ…🍀

တန်ခူးလပြည့်နေ့မှာ
ဓမ္မစကြာ ကိုရွတ်နိုင်သူကရွတ်ကြပါ...🍀
မနက်အိပ်ယာနိုး (သို့မဟုတ်) ညအိပ်ရာဝင်ဖွင့်ပေးပါ...🍀

ဒီလပြည့်ရဲ့စွမ်းအင်ဟာ မိမိတို့ရဲ့ ဆုတောင်းတွေ
အမြန်ဆုံးပြည့်ပါလိမ့်မယ်...🍀

အခါထူး ရက်ကောင်း ရက်မြတ် တစ်ရက်ဖြစ်တာကြောင့်
စိတ်ကို ကြည်လင်အောင်ထားပြီး တစ်နေ့တာကိုဖြတ်သန်းခြင်းဖြင့်
ကောင်းခြင်းတွေကို ဖန်တီးကြပါမယ်..🧘

နှစ်သစ်ကစပြီး ဘေးအန္ဒရာယ် ကင်းရှင်း၍
ကျန်းမာ ချမ်းသာ လိုရာဆန္ဒများ ပြည့်ဝကြပါစေရှင်..🙏

#ချစ်ခြင်းမေတ္တာဖြစ်

08/04/2025

ရေဘေးတွင် အစပြု၍
ငလျင်ဘေးတွင် ဇာတ်ပေါင်းသော ...
_________________

ရှေ့နှစ် စက်တင်ဘာတုန်းက
ရေဘေးကြုံတုန်းက ...

ကျနော် 'ရေဘေးအလှူတားရော့သင်တန်း' ဆိုပြီး
ပညာဒါန သင်တန်းတစ်ခု ဖွင့်ခဲ့ပါတယ်။
ကြိုက်သလောက်လှူ၊ လှူသမျှ ပြန်ကူမယ်ပေါ့

အဲ့ဒီ သင်တန်းကနေ ...
သိန်းရာကျော် လှူဒါန်းနိုင်ခဲ့ပါတယ်။
အခု ငလျင်ဘေးကြုံရတဲ့အခါ
အဲ့ဒီသင်တန်းသားတွေကို ကျနော်တိုင်ပင်ဖြစ်တယ်။

တို့တိုင်းပြည်အတွက် တို့တွေ
လုပ်နိုင်သမျှ အားလုံး လုပ်ရအောင်ပေါ့။

အခုက လောကီယောင်ယောင်
ဗေဒင်ယောင်ယောင်
တားရော့ယောင်ယောင်တွေက
သူတို့ကိုယ်သူတို့ လူသိစေ့ချင်တာနဲ့
အတိတ်ဆိုးနိမိတ်ဆိုးတွေချည်းလျှောက်ပြောပြီး
လူတွေကို လျှောက်လှန့်နေတယ်။
(ကျနော်တွက်ချက်ရသလောက်တော့
ဒီ့ထက် ပိုဆိုးတာ မလာတော့ဘူး)

ဒါပေမဲ့ မြန်မာစကားမှာက
ဥပါယ်ဒါန်ကြောင့် ဥပါဒ်ရောက် ... သတဲ့။
ပြီးတော့ ၀စီဗေဒ ထိတိုင်းရှ ... တဲ့။

ဒီတော့ နိမိတ်မရှိ နမာမရှိ ပြောနေသမျှတွေကိုလည်း
လွှင့်ပျောက်အောင်
တိုင်းပြည်အတွက်ကောင်းတန်သမျှကောင်းအောင်

နိုင်ငံအတွက်ယတြာ ကို ကျနော်စီရင်ဖြစ်ခဲ့တယ်။

မနေ့က ကျနော်နဲ့ ကျနော့်တပည့်များ
အဲ့ဒီအစီအရင်ကို အတူတူလုပ်ကြပါတယ်။
အခုပုံတွေက ကျနော်တို့ တချိန်တည်း
တပြိုင်တည်း အတူစီရင်ကြပုံတွေပေါ့။

စီရင်ပုံ အသေးစိတ်ကို
https://www.facebook.com/photo?fbid=122163696836331947&set=a.122163621026331947
ဟော့ဒီမှာ တင်ထားပါတယ်။

ရေဘေးမှာ အစပြုဆုံဆည်းခဲ့ရတဲ့
ကျနော်နဲ့ ကျနော့်လောကီပညာတပည့်များဟာ
ငွေကြေးကိုလည်း လှူကြသလို
ပညာနဲ့လည်း ကူကြတာလေး အများသိစေ့ချင်ပြီး

စိတ်နှလုံးသားများအတန်အသင့်အေးချမ်းစေ့ချင်တာပါ။

The Rite of Stellar Harmony and Earth Purification
လို့နာမည်ပေးထားတဲ့ 'နိုင်ငံကောင်းဖို့ယတြာ'
အစီအရင်ကို အများပြည်သူအနေနဲ့
တနင်္လာနေ့တိုင်းဆက်လက်ပြုလုပ်ကြခြင်းဖြင့်
ဘေးဆိုးဥပါဒ်ဆိုးများမှ ကင်းဝေးကံမြင့်ပါစေကြောင်း
ဆုတောင်းလိုက်ရပါတယ်။

P.S

ကျနော်တို့ လောကီပညာရှင်အဖွဲ့အစည်းရဲ့
မကောင်းသော အတိတ်နိမိတ်များပပျောက်အောင်
စီရင်ရခြင်းကလည်း ဒါနောက်ဆုံးဖြစ်ပါစေတော့။
ဒီ့နောက်များမှာ ကောင်းခြင်းပွားဖို့ အစီအရင်များသာ
ဆက်လက်စီရင်ရပါစေတော့ ....

တိုင်းပြည်ကောင်းဖို့ အစီအရင်========လူတိုင်းကိုယ်စီ ...လုပ်နိုင်သလောက်လုပ်ကြရင်ဖြင့်ကျနော်တို့ရင်ဆိုင်နေရတဲ့ ဘေးဆိုး၊ ကံ...
06/04/2025

တိုင်းပြည်ကောင်းဖို့ အစီအရင်
========

လူတိုင်းကိုယ်စီ ...
လုပ်နိုင်သလောက်လုပ်ကြရင်ဖြင့်
ကျနော်တို့ရင်ဆိုင်နေရတဲ့ ဘေးဆိုး၊ ကံဆိုးကို
ကျော်လွှားနိုင်ကြမှာ။

❤ နိုင်ငံသားတယောက်အနေနဲ့ ...
ကျနော် အခုကြုံရတဲ့ငလျင်အတွက်
တတ်အားသရွှေ့ ကယ်ဆယ်ရေးအလုပ်တွေကို
ထောက်ပံ့စီမံနိုင်ဖို့ အားထုတ်ပါတယ်။

မကြာခင် မြေပြင်က ကျနော်တို့ရဲ့အလှူတွေကို တင်ပြမှာပါ။

❤ လောကီပညာရှင်တယောက်အနေနဲ့ ...
ကျနော်တတ်တဲ့ပညာနဲ့ လက်ရှိကြုံနေရတဲ့
ဘေးဆိုး၊ ပယောဂဆိုး၊ အတိတ်ဆိုး နိမိတ်ဆိုးတွေက
ကင်းဝေးလွတ်မြောက် ချမ်းသာဖို့
ဟော့ဒီ ယတြာအစီအရင်ကို ဖန်တီးထားပါတယ်။
-------------

⏰ လုပ်ဆောင်ရမည့် နေ့ရက်
Apr 7, 2025 (တနင်္လာနေ့)

⏰ လုပ်ဆောင်ရမည့် အချိန်
နံနက် ၉နာရီတိတိ

• လိုအပ်သည့် ပစ္စည်းများ •

🪬ဘုရားပူဇော်ရန် ပန်းများ
ကံ့ကော် ၁၅ ညွှန့်၊ အင်ကြင်း ၂၁ ညွှန့်
🪬ဖယောင်းတိုင် ၉ တိုင်
🪬ရေ ခွက်ငယ် ၉ ခွက်
🪬မြန်မာ့မြေပြင်မှ ကျောက်ခဲငယ်တစ်လုံး

• စီရင်ပုံ အဆင့်ဆင့် •

⏰ နံနက် ၉နာရီတိတိတွင် -
ကံ့ကော် ၁၅ညွှန့် အား
ရေဆေးသန့်စင်ကာ ဘုရားလှူပါ။

အင်ကြင်း ၂၁ ညွှန့်အား
ရေဆေးသန့်စင်ကာ ဘုရားပန်းအိုးထိုး၍
မြင့်သော နေရာတစ်ခုတွင် တင်ထားပါ။

ထို့နောက် ဘုရားရှိခိုးဝတ်ပြုပါ။

⏰ နံနက် ၉နာရီ၁၅မိနစ်တိတိတွင် -
ဘုရားစင်ရှေ့၌ အရှေ့အရပ်ကို မျက်နှာပြု၍
ကောင်းမွန်သန့်ပြန့်စွာ ခင်းကျင်းထားသော
စားပွဲတစ်လုံးအပေါ်တွင် ...

ရေဆေးထားသော ကျောက်ခဲအားအလယ်တွင်ထားတာ
ရေခွက်ငယ် ၉ခွက်ဖြင့် ဝန်းရံပါ။
ထို့နောက် ဖယောင်းတိုင် ၉တိုင်ကို အပြင်မှ
ထပ်မံဝန်းရံ စိုက်ထူလိုက်ပါ။

⏰ နံနက် ၉နာရီခွဲ တိတိတွင် -
အောက်ဆုံးတွင် ဖော်ပြထားသော Page တစ်ခုခုအား
ဖွင့်ကာ ထို Page တွင် တင်ပေးထားသော
ယတြာနောက်ခံ အသံ Video အားဖွင့်လှစ်ကာ
အောက်ပါတို့အား အဆင့်ဆင့်လုပ်ဆောင်ပါ။

🧙 စားပွဲပေါ်ရှိ ကျောက်ခဲကို လက်တွင်ကောက်ယူ
ကိုင်ဆောင်လိုက်ကာ ...
မြန်မာ့မြေဓာတ်အား ကုစားစီရင်ပါ၏ဟု
စိတ်တွင် နှလုံးသွင်းကာ

မြန်မာ့မြေပြင်
ပြန်လည်သန်စွမ်းလာကြည်လင်လာသည်ကို
စိတ်အာရုံတွင် မြင်ယောင်ပါ။
ထို့နောက် ... ကျောက်ခဲငယ်အား မူလနေရာပြန်ချကာ

🧙 ဖယောင်းတိုင် ၉ တိုင်ကို မီးညှိပါ။
ထိုသို့ မီးညှိစဉ်တွင် ...
မင်္ဂလသုတ်တော်လာ ဂါထာကို
ပါဠိလို ၉ကြိမ်တိတိ ရွတ်ဖတ်ရန်ဖြစ်သည်။

'ဗဟူ ဒေဝါ မနုဿာ စ၊

မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလ မုတ္တမံ'

Many devas and humans have pondered over blessings,
Desiring well-being; proclaim the highest blessing.
(ဗုဒ္ဓဘာသာမဟုတ်သူများပါဝင်လိုပါက
အင်္ဂလိပ်လို အဓိပ္ပါယ်ကို ရွတ်ဖတ်နိုင်ပါသည်)

အဓိပ္ပါယ်မှာ ...
လူတို့ရော နတ်တို့ပါ များစွာသော သူတို့သည် မင်္ဂလာတရားတို့ကို ကြံစည်ခဲ့ကြသည်။ ဘေးကင်းခြင်းကို တောင့်တလျက် အကောင်းဆုံး မင်္ဂလာကို ဟောကြား ညွှန့်ပြပါဘုရား။

ထို့နောက် ...

🧙 စားပွဲပေါ်ရှိ ရေခွက်ငယ်လေးများပေါ်တွင်
လက်ဖြင့် ညင်သာစွာ ဝှေ့ယမ်းပြီး
မြန်မာ့မြေတစ်ဝှမ်းသို့ ခွန်အားစွမ်းအင်များထောက်ပံ့ ဖြန့်ဝေသည်ဟု ခံစားပါ။

ထို့နောက် အောက်ပါ ဂါထာကို ရွတ်ဆိုပြီး

'သောတ္ထိ ဟောတု သဗ္ဗဒါ'
May there be well-being at all times

အဓိပ္ပါယ်မှာ ...
အခါခပ်သိမ်း ဘေးကင်းပါစေ

ရေခွက်ငယ်လေး တစ်ခွက်စီမှ ရေအနည်းငယ်ကို
(စတိသဘော) အလယ်မှ ကျောက်ခဲလေးပေါ်
သွန်းလောင်းပေးပါ။

တခါသွန်းလောင်းစဉ်တိုင်း
သောတ္ထိ ဟောတု သဗ္ဗဒါ ... ဟု
တကြိမ်ရွတ်ရမည်ဖြစ်သည်။

ရေမှာ စတိသဘောမျှသာ သွန်းလောင်းရန်ဖြစ်ပြီး
စားပွဲပေါ် အရမ်းမရွှဲစိုသွားစေရန် သတိပြုပါ။

ထို့နောက် ...

🧙 ဖယောင်းတိုင် ၉ တိုင်အား လက်မ လက်ညှိုးတို့ဖြင့်
ဖိပိတ်ကာ တတိုင်စီ ငြှိမ်းသတ်ရမည်ဖြစ်သည်။

ထိုသို့ ငြှိမ်းသတ်စဉ်တွင် ...
အောက်ပါအတိုင်းရွတ်ဖတ်ပါ။

'သဗ်ဗဒုက်ခဝိနာသန်တု၊ မင်ျဂလံ ဘဝတု သဗ်ဗံ'
May all suffering cease, may all blessings arise.

အဓိပ္ပါယ်မှာ ...
ဒုက္ခအလုံး ချုပ်ငြိမ်းပါစေ၊ မင်္ဂလာအရပ်ရပ် ဖြစ်ပွားပါစေ။

ဖယောင်းတိုင် တတိုင်ကို မီးငြှိမ်းစဉ်တိုင်း
တကြိမ်စီ ရွတ်ဆိုရမည်ဖြစ်သည်။

❤ ပြီးဆုံးအောင်မြင်ပါပြီ ❤

ကံကော်ညွှန့်များအား အနောက်အရပ်ရှိ
သစ်ပင်ကြီးကြီးတပင်တွင် စွန့်ပါ။

ကျောက်ခဲငယ်အား အိမ်ခြံဝင်းသို့မဟုတ်
အိမ်အနီးအနားတွင် စွန့်ပါ။

ရေခွက်ငယ်များအတွင်း ကျန်သမျှအား
ထိုကျောက်ခဲငယ်အပေါ် သွန်းလောင်းလိုက်ပါ။

• အင်ကြင်းညွှန့်များထိုးထားသော
ပန်းအိုးအား ... ထိုနေ့မှ စကာ ၉ရက်တိတိ
ဘုရားစင်တွင် ထားရှိပူဇော်ထားရန်ဖြစ်သည်။

• ထို ဘုရားပန်းအိုးရှေ့တွင် ဖယောင်းတိုင်တတိုင်ထွန်းကာ
နေ့စဉ် မြန်မာ့မြေ ပြန်လည် သန်စွမ်းကျန်းမာလာရန်
ဆုတောင်းမှု ပြုနိုင်ပါသည်။
_______________

ယတြာနောက်ခံ အသံ Video တင်ပေးထားမည့် Page များ

🔗 www.facebook.com/ThornNaySoul
🔗 www.facebook.com/MyanmarFortuneTeller
🔗 www.facebook.com/TheRevolutionaryMagician
🔗 www.facebook.com/MaskedTarot

တိုင်းပြည်ကောင်းဖို့ အစီအရင်
========

လူတိုင်းကိုယ်စီ ...
လုပ်နိုင်သလောက်လုပ်ကြရင်ဖြင့်
ကျနော်တို့ရင်ဆိုင်နေရတဲ့ ဘေးဆိုး၊ ကံဆိုးကို
ကျော်လွှားနိုင်ကြမှာ။

❤ နိုင်ငံသားတယောက်အနေနဲ့ ...
ကျနော် အခုကြုံရတဲ့ငလျင်အတွက်
တတ်အားသရွှေ့ ကယ်ဆယ်ရေးအလုပ်တွေကို
ထောက်ပံ့စီမံနိုင်ဖို့ အားထုတ်ပါတယ်။

မကြာခင် မြေပြင်က ကျနော်တို့ရဲ့အလှူတွေကို တင်ပြမှာပါ။

❤ လောကီပညာရှင်တယောက်အနေနဲ့ ...
ကျနော်တတ်တဲ့ပညာနဲ့ လက်ရှိကြုံနေရတဲ့
ဘေးဆိုး၊ ပယောဂဆိုး၊ အတိတ်ဆိုး နိမိတ်ဆိုးတွေက
ကင်းဝေးလွတ်မြောက် ချမ်းသာဖို့
ဟော့ဒီ ယတြာအစီအရင်ကို ဖန်တီးထားပါတယ်။
-------------

⏰ လုပ်ဆောင်ရမည့် နေ့ရက်
Apr 7, 2025 (တနင်္လာနေ့)

⏰ လုပ်ဆောင်ရမည့် အချိန်
နံနက် ၉နာရီတိတိ

• လိုအပ်သည့် ပစ္စည်းများ •

🪬ဘုရားပူဇော်ရန် ပန်းများ
ကံ့ကော် ၁၅ ညွှန့်၊ အင်ကြင်း ၂၁ ညွှန့်
🪬ဖယောင်းတိုင် ၉ တိုင်
🪬ရေ ခွက်ငယ် ၉ ခွက်
🪬မြန်မာ့မြေပြင်မှ ကျောက်ခဲငယ်တစ်လုံး

• စီရင်ပုံ အဆင့်ဆင့် •

⏰ နံနက် ၉နာရီတိတိတွင် -
ကံ့ကော် ၁၅ညွှန့် အား
ရေဆေးသန့်စင်ကာ ဘုရားလှူပါ။

အင်ကြင်း ၂၁ ညွှန့်အား
ရေဆေးသန့်စင်ကာ ဘုရားပန်းအိုးထိုး၍
မြင့်သော နေရာတစ်ခုတွင် တင်ထားပါ။

ထို့နောက် ဘုရားရှိခိုးဝတ်ပြုပါ။

⏰ နံနက် ၉နာရီ၁၅မိနစ်တိတိတွင် -
ဘုရားစင်ရှေ့၌ အရှေ့အရပ်ကို မျက်နှာပြု၍
ကောင်းမွန်သန့်ပြန့်စွာ ခင်းကျင်းထားသော
စားပွဲတစ်လုံးအပေါ်တွင် ...

ရေဆေးထားသော ကျောက်ခဲအားအလယ်တွင်ထားတာ
ရေခွက်ငယ် ၉ခွက်ဖြင့် ဝန်းရံပါ။
ထို့နောက် ဖယောင်းတိုင် ၉တိုင်ကို အပြင်မှ
ထပ်မံဝန်းရံ စိုက်ထူလိုက်ပါ။

⏰ နံနက် ၉နာရီခွဲ တိတိတွင် -
အောက်ဆုံးတွင် ဖော်ပြထားသော Page တစ်ခုခုအား
ဖွင့်ကာ ထို Page တွင် တင်ပေးထားသော
ယတြာနောက်ခံ အသံ Video အားဖွင့်လှစ်ကာ
အောက်ပါတို့အား အဆင့်ဆင့်လုပ်ဆောင်ပါ။

🧙 စားပွဲပေါ်ရှိ ကျောက်ခဲကို လက်တွင်ကောက်ယူ
ကိုင်ဆောင်လိုက်ကာ ...
မြန်မာ့မြေဓာတ်အား ကုစားစီရင်ပါ၏ဟု
စိတ်တွင် နှလုံးသွင်းကာ

မြန်မာ့မြေပြင်
ပြန်လည်သန်စွမ်းလာကြည်လင်လာသည်ကို
စိတ်အာရုံတွင် မြင်ယောင်ပါ။
ထို့နောက် ... ကျောက်ခဲငယ်အား မူလနေရာပြန်ချကာ

🧙 ဖယောင်းတိုင် ၉ တိုင်ကို မီးညှိပါ။
ထိုသို့ မီးညှိစဉ်တွင် ...
မင်္ဂလသုတ်တော်လာ ဂါထာကို
ပါဠိလို ၉ကြိမ်တိတိ ရွတ်ဖတ်ရန်ဖြစ်သည်။

'ဗဟူ ဒေဝါ မနုဿာ စ၊

မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလ မုတ္တမံ'

Many devas and humans have pondered over blessings,
Desiring well-being; proclaim the highest blessing.
(ဗုဒ္ဓဘာသာမဟုတ်သူများပါဝင်လိုပါက
အင်္ဂလိပ်လို အဓိပ္ပါယ်ကို ရွတ်ဖတ်နိုင်ပါသည်)

အဓိပ္ပါယ်မှာ ...
လူတို့ရော နတ်တို့ပါ များစွာသော သူတို့သည် မင်္ဂလာတရားတို့ကို ကြံစည်ခဲ့ကြသည်။ ဘေးကင်းခြင်းကို တောင့်တလျက် အကောင်းဆုံး မင်္ဂလာကို ဟောကြား ညွှန့်ပြပါဘုရား။

ထို့နောက် ...

🧙 စားပွဲပေါ်ရှိ ရေခွက်ငယ်လေးများပေါ်တွင်
လက်ဖြင့် ညင်သာစွာ ဝှေ့ယမ်းပြီး
မြန်မာ့မြေတစ်ဝှမ်းသို့ ခွန်အားစွမ်းအင်များထောက်ပံ့ ဖြန့်ဝေသည်ဟု ခံစားပါ။

ထို့နောက် အောက်ပါ ဂါထာကို ရွတ်ဆိုပြီး

'သောတ္ထိ ဟောတု သဗ္ဗဒါ'
May there be well-being at all times

အဓိပ္ပါယ်မှာ ...
အခါခပ်သိမ်း ဘေးကင်းပါစေ

ရေခွက်ငယ်လေး တစ်ခွက်စီမှ ရေအနည်းငယ်ကို
(စတိသဘော) အလယ်မှ ကျောက်ခဲလေးပေါ်
သွန်းလောင်းပေးပါ။

တခါသွန်းလောင်းစဉ်တိုင်း
သောတ္ထိ ဟောတု သဗ္ဗဒါ ... ဟု
တကြိမ်ရွတ်ရမည်ဖြစ်သည်။

ရေမှာ စတိသဘောမျှသာ သွန်းလောင်းရန်ဖြစ်ပြီး
စားပွဲပေါ် အရမ်းမရွှဲစိုသွားစေရန် သတိပြုပါ။

ထို့နောက် ...

🧙 ဖယောင်းတိုင် ၉ တိုင်အား လက်မ လက်ညှိုးတို့ဖြင့်
ဖိပိတ်ကာ တတိုင်စီ ငြှိမ်းသတ်ရမည်ဖြစ်သည်။

ထိုသို့ ငြှိမ်းသတ်စဉ်တွင် ...
အောက်ပါအတိုင်းရွတ်ဖတ်ပါ။

'သဗ္ဗဒုက္ခဝိနာသန္တု၊ မင်္ဂလံ ဘဝတု သဗ္ဗံ'
May all suffering cease, may all blessings arise.

အဓိပ္ပါယ်မှာ ...
ဒုက္ခအလုံး ချုပ်ငြိမ်းပါစေ၊ မင်္ဂလာအရပ်ရပ် ဖြစ်ပွားပါစေ။

ဖယောင်းတိုင် တတိုင်ကို မီးငြှိမ်းစဉ်တိုင်း
တကြိမ်စီ ရွတ်ဆိုရမည်ဖြစ်သည်။

❤ ပြီးဆုံးအောင်မြင်ပါပြီ ❤

ကံကော်ညွှန့်များအား အနောက်အရပ်ရှိ
သစ်ပင်ကြီးကြီးတပင်တွင် စွန့်ပါ။

ကျောက်ခဲငယ်အား အိမ်ခြံဝင်းသို့မဟုတ်
အိမ်အနီးအနားတွင် စွန့်ပါ။

ရေခွက်ငယ်များအတွင်း ကျန်သမျှအား
ထိုကျောက်ခဲငယ်အပေါ် သွန်းလောင်းလိုက်ပါ။

• အင်ကြင်းညွှန့်များထိုးထားသော
ပန်းအိုးအား ... ထိုနေ့မှ စကာ ၉ရက်တိတိ
ဘုရားစင်တွင် ထားရှိပူဇော်ထားရန်ဖြစ်သည်။

• ထို ဘုရားပန်းအိုးရှေ့တွင် ဖယောင်းတိုင်တတိုင်ထွန်းကာ
နေ့စဉ် မြန်မာ့မြေ ပြန်လည် သန်စွမ်းကျန်းမာလာရန်
ဆုတောင်းမှု ပြုနိုင်ပါသည်။
_______________

ယတြာနောက်ခံ အသံ Video တင်ပေးထားမည့် Page များ

🔗 www.facebook.com/ThornNaySoul
🔗 www.facebook.com/MyanmarFortuneTeller
🔗 www.facebook.com/TheRevolutionaryMagician
🔗 www.facebook.com/MaskedTarot

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Yin Nyein Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram