03/02/2023
"သေခါနီးတွင် ကျော်ဖြတ်ရမည့် စည်းသုံးတန်"
၁။ ပထမ စည်း
ဝေဒနာ ပြင်းထန်လာချိန် ဒီတောင်ကိုကျော်နိုင်ပါ့မလား ဆိုတဲ့စည်းဖြစ်ပါတယ်။
ဒီအချိန်မှာ ကိုယ်စောင့်ဘာဝနာတွေ ပွားမထားခဲ့ရင်
ငါသေတော့မယ်ဆိုတဲ့အတွေးဝင်မယ်။
ကြောက်စိတ်ဝင်တော့မယ်
အဲ့ဒီစိတ်နဲ့သေရင် နောက်ပြန်ရမယ်။
နောက်ပြန်တယ်ဆိုတာ
အပယ်လေးဘုံကို ပြောတာပါ။
၂။ဒုတိယ စည်း
ငါ့မိသားစုနဲ့ခွဲရတော့မယ် ဆိုတဲ့အသိတွေဖြစ်မယ်။
ဒီအသိ ဒီအတွေးနဲ့သေရင် မိသားစုကိုခင်တွယ် စိတ်ကြောင့် ပြိတ္တာဖြစ်သွားတတ်တယ်
ကိုယ်စောင့်ဘာဝနာကို ပွားထားသူသာ ဒီစည်းကိုကျော်နိုင်ပြီး ဘဝကောင်းဆီသို့ ရှေ့ဆက်နိုင်မယ်။
၃။ တတိယ စည်း
မီးစာကုန်ဆီခမ်းနေချိန် ကိုယ်တွင်းကဓာတ်ကြီးလေးပါး ပဋိပက္ခတွေဖြစ်တဲ့စည်း။
ကြားသတိမဝင်ရင် စွဲရာဘဝ သွားရတော့မှာနော်
လယ်တီဆရာတော်ကြီးဟောခဲ့တာက ဝိနိပါတိကဘေးတဲ့
ထန်းသီးခိုင်ကြီး ချိုင်ပြီး ပစ်ချလိုက်သလို
ဟိုတလုံး သည်တလုံး ဖွာလန်ကြဲပြီး ရောက်မိရောက်ရာရောက်တော့မှာနော်
ကိုယ်စောင့်ဘာဝနာတရားလေးပါး ပွားထားသူကတော့
ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ ချပေးသလို လိုရာရောက်ပါတယ်။
ဒါကြောင့် အပါယ်လေးဘုံကို နောက်ကြောင်းမပြန်ချင်ရင် လူ, နတ်, ဗြဟ္မာ, အရိယာ ဆိုတဲ့ဘဝကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင်
လူ့အသက်ကို စောင့်ရှောက်ရမယ်။ ဘာနဲ့စောင့်ရှောက်ရမလဲ
ဆိုတော့ ကိုယ်စောင့်ဘာဝနာတရား လေးပါးနဲ့ပါ။
ကိုယ်စောင့်ဘာဝနာလေးပါးကဘာတွေလဲဆိုရင်
၁။ ဗုဒ္ဓါနုသတိဘာဝနာ
အရဟံစသားဂုဏ်ကိုးပါးနှင့် ထင်ရှားစုံစွာတို့မြတ်စွာအား ဝပ်တွားရှိခိုးပါ၏ဘုရား။
၂။ မတ်ေတာဘာဝနာ
လုံးစုံများစွာ မျးသတ္တဝါ ကျန်းမာချမ်းသာကြပါစေသား
၃။ အသုဘ ဘာဝနာ
ငါ၏ကိုယ်မှာရှိနေတာ ရွံရှာဖွယ်ကြီးပါတကား
၄။ မရဏဿတိ ဘာဝနာ
ငါသည် မုချတစ်နေ့ကျ သေရမှာပါ တကား။
အာစိဏ္ဏကံ ဖြစ်အောင်ကြိုးစားပါ။
ထို့အပြင် ဝိပဿနာဖြင့် ဘဝကူးကောင်းအောင်လည်း
ကြိုတင်ပြင်ဆင်၍ ရှုမှတ်မှုကို အချိန်ရရင်ရသလို လေ့ကျင့်ထားနိုင်ရန် တင်ပြအပ်ပါသည်။
မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး