Honey Pot

Honey Pot 100% Natural Honey and Bee Products

ပျားစခန်းမှာ မင်မင်ကိုယ်တိုင်Beekeeping လုပ်နေပါတယ်ရှင့်😁ဒီနှစ်ပျားရည်ဈေးကွက်ကတော့မယုံနိုင်စရာ တအားထိုးတက်သွားပါတယ်ကိုယ်...
08/11/2025

ပျားစခန်းမှာ မင်မင်ကိုယ်တိုင်
Beekeeping လုပ်နေပါတယ်ရှင့်😁

ဒီနှစ်ပျားရည်ဈေးကွက်ကတော့
မယုံနိုင်စရာ တအားထိုးတက်သွားပါတယ်
ကိုယ်တိုင်ပျားမွေးမြူပြီး ပျားရည်ထုတ်နေတာမို့
စားသုံးသူအတွက်ကိုကြည့်ပြီးတော့ အားနာရပါတယ်😔

ဒါကြောင့် ပျားရည်ဈေးကတော့ အားနာနာနဲ့တက်လိုက်ရပေမယ့် ပြန်ရမယ့်ပျားရည်အရည်အသွေးအတွက်ကိုတော့ မင်မင်တို့ဘက်က လုံး၀အာမခံပါတယ်ရှင်🍯

ပျားရည် 820ml 1ဘူး---20000ကျပ်
တစ်ဘူးမှာ 1000 g ပါပါတယ်ရှင်
ပိဿာဈေးနဲ့လက်ကားဈေး cbမှာစုံစမ်းပေးပါရှင်

Honey Pot
အနှောအနှောကင်း သဘာ၀ပျားရည်စစ်စစ်
09-440730414
09-681654474
Mdy

16/10/2025

ပျားရည်ထုတ်တဲ့နေရာ လိုက်ရှုပ်🤭😁

ပျားရည်မှာ quality စိတ်ချချင်တယ်ဆိုရင်Honey Pot မှာ၀ယ်ပါ မိတ်ဆွေ🥰ယုံကြည်စိတ်ချစွာအားပေးကြတဲ့ မိတ်ဆွေများအားလုံးကိုကျေးဇူ...
30/09/2025

ပျားရည်မှာ quality စိတ်ချချင်တယ်ဆိုရင်
Honey Pot မှာ၀ယ်ပါ မိတ်ဆွေ🥰

ယုံကြည်စိတ်ချစွာအားပေးကြတဲ့ မိတ်ဆွေများအားလုံးကို
ကျေးဇူးအထူးတင်ပါတယ်ရှင်

ဆက်သွယ်မှာယူလိုပါက-
Page chat box
Viber 09-440730414
09-681654474

Honey Pot
Mandalay

ဇီးပျားရည်ကိုမှ လိုချင်ပါတယ်ဆိုပြီးစောင့်မျှော်နေကြတဲ့ ချစ်မိတ်ဆွေများအတွက်ကိုယ်တိုင်မွေးမြူထုတ်ယူသောအရည်အသွေးပြည့်မီတဲ့...
18/09/2025

ဇီးပျားရည်ကိုမှ လိုချင်ပါတယ်ဆိုပြီး
စောင့်မျှော်နေကြတဲ့ ချစ်မိတ်ဆွေများအတွက်
ကိုယ်တိုင်မွေးမြူထုတ်ယူသော
အရည်အသွေးပြည့်မီတဲ့
လတ်ဆတ်သော ဇီးပျားရည်
ရပါပြီရှင်
Order တင်ထားကြသူများ ၃ရက်အတွင်း ပို့ပေးပါ့မယ်ရှင်
နောက်ထပ် မှာယူမည့် မိတ်ဆွေများလည်း
09-440730414 သို့ ဆက်သွယ်မှာယူနိုင်ပါတယ်

Honey Pot
Mandalay
နန်းတော်ရာစံပြကွက်သစ်

23/07/2025

ပျားရည်ထုတ်တာ နောက်ကျသွားတာကို
စောင့်ပေးပြီး အားပေးကြတဲ့ ၀ယ်ယူသူတယောက်ချင်းစီကိုအားလည်းနာသလို ကျေးဇူးလည်းတင်ပါတယ် 🥰
Honey Pot တွင် သဘာ၀ပျားရည်စစ်စစ်ကို လက်လီလက်ကား အားပေးနိုင်ပါပြီ
ပျားရည်ထုတ်ပြီးတာနဲ့ order လေးတွေ ချက်ချင်းပို့ဖို့ လုပ်ရတာ
မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး😁

09-440730414

ဒေါ်လာဈေးအတက်အကျမငြိမ်ပေမယ့်မင်မင့်ပျားရည်ဈေးကတော့ ငြိမ်အောင်မနည်းထိန်းထားရပါတယ်ရှင်သယ်ယူစရိတ်က ထက်၀က်မက တိုးလာပေမယ့်ဖော...
28/08/2024

ဒေါ်လာဈေးအတက်အကျမငြိမ်ပေမယ့်
မင်မင့်ပျားရည်ဈေးကတော့ ငြိမ်အောင်မနည်းထိန်းထားရပါတယ်ရှင်
သယ်ယူစရိတ်က ထက်၀က်မက တိုးလာပေမယ့်
ဖောက်သည်တွေအတွက် ကိုယ်နိုင်သလောက်လေး တောင့်ခံနေတာပါ
အမြဲမှာယူအားပေးကြတဲ့ ဖောက်သည်ကြီးတွေကိုလည်း
ကျေးဇူးတင်ပါတယ်

လက်ရှိ ပန်းပေါင်းစုံပျားရည် တသုတ်ကုန်ရင် ပျားရည်အသစ်ထပ်၀င်ရင်တော့ မဆိုစလောက်လေး တက်ပါ့မယ်ရှင်🥺
ဒါကြောင့် ပျားရည် မဖြစ်မနေသုံးဖို့လို‌အပ်နေသူများ
ဈေးမတက်ခင်အမြန်လာ၀ယ်ကြပါနော်
လောလောဆယ် ပန်းပေါင်းစုံပျားရည် ရပါမယ်ရှင်

Honey Pot
09440730414
MDY

ဘာပဲမေးမေး အကုန်တက်နေကြတဲ့ခေတ်ထဲမှာမင်မင်တို့ Honey Pot ပျားရည်ကတော့ မတက်သေးပါဘူးနော် စားသုံးသူများအတွက် နိုင်သလောက် တော...
02/08/2024

ဘာပဲမေးမေး အကုန်တက်နေကြတဲ့ခေတ်ထဲမှာ
မင်မင်တို့ Honey Pot ပျားရည်ကတော့ မတက်သေးပါဘူးနော်
စားသုံးသူများအတွက် နိုင်သလောက် တောင့်ခံနေပါတယ်
ကျန်းမာရေးအတွက် အရေးပါတဲ့ သက်စောင့်ဓာတ်မို့
လိုအပ်တယ်ဆိုလို့ကတော့ တခါတည်းသာ ၀ယ်ထားလိုက်တော့
နောက်ရက်ဆိုရင် ဈေးက မသေချာဘူးလေနော်🥴

ပျားရည်ဘူးအကိတ်ကြီးတဘူးလုံးမှ 10000 တည်းပါရှင်

** ပန်းပေါင်းစုံပျားရည်ပဲ ရပါဦးမယ်
အသစ်‌ရရင် update တင်ပေးပါ့မယ်ရှင်


Natural Honey

MDY
09440730414

ပဲချဉ်ပေါင် ပျားရည်ပါတဲ့ရှင်အရောင်လေးလှသလိုအရသာကလည်း ကောင်းမှကောင်း( ပဲချဉ်ပေါင်ဆိုတာ ပဲပင်တမျိုးပါ ပဲစားလီ လို့လဲ ခေါ်က...
13/06/2024

ပဲချဉ်ပေါင် ပျားရည်ပါတဲ့ရှင်
အရောင်လေးလှသလို
အရသာကလည်း ကောင်းမှကောင်း

( ပဲချဉ်ပေါင်ဆိုတာ ပဲပင်တမျိုးပါ
ပဲစားလီ လို့လဲ ခေါ်ကြပါတယ် အညွန့်လေးတွေကို သူပ်စားလေ့ရှိကြပါတယ်။)

မင်မင်တို့လည်း ပျားမွေးမြူပြီး ပျားရည်ထုတ်လာတာ နှစ်ပေါင်းကြာပြီ ဒီနှစ်မှ ဒီပျားရည် စထုတ်ဖူးတာပဲ😁

၁ပုလင်း ------10000 ကျပ်

မင်မင့်ဆီမှာ နည်းနည်းပဲကျန်ပါတော့တယ်နော်
လိုချင်သူများ အမြန်မှာထားကြပါရှင့်

MDY
09 440730414

ပျားများ နှင့် လူတို့၏ စိုက်ပျိုးရေး ဒီနှစ်အိမ်နားက သစ်ပင်ကြီးတွေမှာ ပျားလေးတွေ တကောင်တ‌လေမျှ မတွေ့ရတော့ဘူး  မနှစ်ကဒီအချ...
11/04/2024

ပျားများ နှင့် လူတို့၏ စိုက်ပျိုးရေး

ဒီနှစ်အိမ်နားက သစ်ပင်ကြီးတွေမှာ ပျားလေးတွေ တကောင်တ‌လေမျှ မတွေ့ရတော့ဘူး
မနှစ်ကဒီအချိန်ဆိုရင် နေပူပြင်းတဲ့ရက်တွေဆိုရင် ရေလာသောက်ကြတာအများကြီးဘဲ

ပျားတွေဟာ တောင်သူလယ်သမား‌များအတွက် အကျိုးပြုအင်းဆက်လေးများ ဖြစ်ပါတယ်
အပင်တွေ ၀တ်မှုန်ကူးတဲ့နေရာမှာ
ပျားတွေရဲ့ အကျိုးပြုမှုက အရမ်းကိုများလွန်းပါတယ်

အခု ပျားလေးကိုသိပ်မမြင်ရတော့သလို
သစ်ခေါင်းပျားလဲ ပေါ်မလာတော့ဘူး
မျက်မွေးလိမ်ဆိုရင် မတွေ့ရသလောက် ရှားသွားပြီ

ပျားဖွတ်သူတွေဘဲ များသလား ၊
ပိုးသတ်ဆေးဘဲ အာနိသင်ပြင်းရော့လေသလား ။

ဇီ၀ဗေဒဘာသာရပ်မှာ သင်ယူခဲ့ရတဲ့
ဂေဟစနစ်အကြောင်းကို လူတိုင်းသိသင့်ပါတယ်
ဂေဟစနစ်မှာ သက်ရှိတွေဟာ အပြန်အလှန်အကျိုးပြုနေကြတာပါ
သက်ရှိအားလုံးဟာ သဘာ၀တရားကြီးထဲမှာ ဟန်ချက်ညီညီ နေနိုင်ဖို့လိုပါတယ်
သက်ရှိတခုက ပျောက်ကွယ်သွားရင် ကျန်တဲ့သက်ရှိတွေလည်း ထိခိုက်ပျက်စီးလာကြမှာပါပဲ
နောက်ဆုံး လူသားတွေမှာပဲ ဆိုးကျိုးသက်ရောက်မှုများလာလိမ့်မယ်
ယခုလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုသိသာလာပါတယ်

အခုတော့...

ပျားရည်ရလိုတာနဲ့ပျားအုံဖွတ်တာက
ပျားသလက်ထဲက
ပျားကောင် အကုန်သေပေးရတာကိုး🥺

မွေးမြူရေးပျားစနစ်ကတော့
ပျားကောင်လေးတွေကိုသတ်စရာမလိုဘူး
ပျားမွေးမြူရေးဌာနမှ ချမှတ်ထားတဲ့ စည်းကမ်းချက်နဲ့အညီထုတ်တာမို့ ပျားရည်စစ်စစ်လည်းစားရမယ်

သဘာဝပျားရည်ဆိုတာမျိုး
ပြင်သလက်ပါပါတဲ့ပျားရည်ပုလင်းမျိုး ဝယ်မစားခင် စဉ်းစားကြည့်ပါ
ငါက သဘာ၀ရဲ့ သယံဇာတကို ဖြုန်းတီးမယ့်သူလား ထိန်းသိမ်းမယ့်သူလားဆိုတာကို တချက်လောက် ပြန်တွေးကြည့်ပါ

ဒါကြောင့် သဘာ၀ရဲ့ သယံဇာတများ ( ကျောက်မျက်ရတနာများကိုဆိုလိုခြင်းမဟုတ်ပါ)ကို အလွန်အကျွံမသုံးစွဲကြပါနဲ့နော်

Honey Pot မှ ပျားရည်ကို၀ယ်ယူသုံးစွဲခြင်းအားဖြင့်
သဘာ၀ပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ကြပါစို့


Natural Honey
MDY

I'm like a busy Bee🐝Busy bee လေးတွေ ထုတ်ထားတဲ့Sweet honey လေးတွေပို့ထားတာ ကြာပြီမင်မင် မအားလို့ကို ခုမှတင်ရတာပဲမင်မင်မအာ...
09/03/2024

I'm like a busy Bee🐝

Busy bee လေးတွေ ထုတ်ထားတဲ့
Sweet honey လေးတွေ
ပို့ထားတာ ကြာပြီ
မင်မင် မအားလို့ကို ခုမှတင်ရတာပဲ

မင်မင်မအားလို့ Page မှာ rp ချက်ချင်းမပြန်နိုင်ခဲ့ရင်
ဖုန်းလေးဆက်လိုက်နော်

09 440730414
MDY

Honey Pot

ဒီနေ့မှာတော့ Honey pot ရဲ့ အရည်အသွေး အကောင်းဆုံး ပျားရည်ကိုစဉ့်ကိုင်မြို့နယ် သင်တောင်းငယ် ကျေးရွာ ရဲ့ ပဌာန်းသိမ်း အောင်ပ...
19/02/2024

ဒီနေ့မှာတော့ Honey pot ရဲ့
အရည်အသွေး အကောင်းဆုံး ပျားရည်ကို
စဉ့်ကိုင်မြို့နယ် သင်တောင်းငယ် ကျေးရွာ ရဲ့
ပဌာန်းသိမ်း အောင်ပွဲမှာ
ရဟန်းသံဃာတော်တွေကို စေတနာ သုံးတန်ပြဌာန်း ပြီး လှူဒါန်း ခဲ့ပါတယ် နော်😊
Honey pot ကို အမြဲတမ်း အားပေးနေတဲ့
ဖောက်သည်ကြီးများနဲ့ ဝေနေယျ အားလုံးကို
အမျှ ပေးဝေပါတယ်🙏🙏🙏
သာဓုခေါ်တော်မူကြပါရှင်


Address

Mandalay

Telephone

+959440730414

Website

Alerts

Be the first to know and let us send you an email when Honey Pot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Honey Pot:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram