Herbal Charm

Herbal Charm Medical & Health

admin comments လေးတွေမှာနံပါတ်စဉ်တပ်ထားပေးပါတယ်ရှင် page ကို like & share လုပ်ထားပေးတဲ့ သူတွေထဲက ဖုန်းဘေလ် ကံထူးတဲ့နံပါတ...
12/09/2025

admin comments လေးတွေမှာ
နံပါတ်စဉ်တပ်ထားပေးပါတယ်ရှင်

page ကို like & share လုပ်ထားပေးတဲ့ သူတွေထဲက ဖုန်းဘေလ် ကံထူးတဲ့နံပါတ်လေးတွေ ရွေးပေးမယ်နော်

03/07/2025
Better Health With Charm🌱
25/04/2025

Better Health With Charm🌱

လက်ဖက်ရည် အဖန်သောက်ရင်ဖြင့်ကျက်သရေ အမှန်ရောက်စေမည့် ကြံသလောက် ပြီးတဲ့အရည် ….. 🌱🌱🌱မင်းလူ
21/05/2024

လက်ဖက်ရည် အဖန်သောက်ရင်ဖြင့်
ကျက်သရေ အမှန်ရောက်စေမည့်
ကြံသလောက် ပြီးတဲ့အရည် ….. 🌱🌱🌱

မင်းလူ

11/07/2022

How can you stay safe if someone from your household gets COVID-19 infection? 😷
Know your risk. Lower your risk.

23/03/2022

🌿 ပျားမြီးရွက်၏ ဆီးချိုကျစေသော အာနိသင်
--------------------------------------
အပင်များတွင် လေထဲရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် မြေကြီးထဲမှ စုပ်ယူရရှိသောရေတို့ ပေါင်းစပ်၍ နေရောင်ခြည်၏အကူအညီဖြင့် ဓာတ်ပြုပေါင်းစပ်ခြင်း (Photosynthesis) ပြုလုပ်ကာ ဂလူးကို့စ် မော်လီကျူးများကို ရရှိပါသည်။ ဘေးထွက်ပစ္စည်းဖြစ်သည့် အောက်ဆီဂျင်ကို လေထဲသို့ ပြန်လည်စွန့်ထုတ်ပေးသဖြင့် ကျွန်တော်တို့ အသက်ရှင်နေရခြင်းဖြစ်သည်။

ကာဗွန်ဒိုင်အောက်ဆိုဒ် + ရေ ----နေရောင်ခြည်----> ဂလူးကို့စ် + အောက်ဆီဂျင်
6CO2 + 6H2O ----Photosynthesis---> C6H12O6 + 6O2

အဆိုပါ ဂလူးကို့စ်များမှတစ်ဆင့် အခြားလိုအပ်သည့် မော်လီကျူးများကို အဆင့်ဆင့် ပြန်လည်တည်ဆောက်ရပါသည်။ အချို့အပင်များတွင် အဆိုပါဂလူးကို့စ်မှ ဗီတာမင်စီ (C6H8O6) အဖြစ်သို့ တည်ဆောက်ပေးပါသည်။ ဥပမာ သံပရာသီးတွင် ဗီတာမင်စီများကို ဂလူးကို့စ်မှတစ်ဆင့် တည်ဆောက်ရခြင်း ဖြစ်သည်။ ယင်းသို့ပြုလုပ်ရာတွင် အင်ဇိုင်းများ လိုအပ်ပါသည်။

လူတို့၏ ခန္ဓာကိုယ်တွင်း၌ အဆိုပါအင်ဇိုင်များ မရှိသဖြင့် ဂလူးကို့စ်မှ ဗီတာမင်စီ အဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိပေ။ သို့ရာတွင် ထူးခြားမှုအနေနှင့် ပျားမြီးရွက်တွင် ပါဝင်သော ဓာတ်ပစ္စည်းများသည် လူ၏သွေးတွင်းရှိ ဂလူးကို့စ်များကို ဗီတာမင်စီ အဖြစ်သို့ ပြောင်းလဲပေးနိုင်သဖြင့် သွေးတွင်းရှိ ဂလူးကို့စ်ပမာဏကို လျော့ကျစေသည့်အပြင် အကျိုးရှိသော ဗီတာမင်စီကိုလည်း များပြားလာစေသဖြင့် ဆီးချိုလူနာများအတွက် အထူးပင် အကျိုးရှိလှပါသည်။

ယင်းကို ဓာတ်ခွဲခန်းတွင် လွယ်ကူစွာ စမ်းသပ်နိုင်ပါသည်။ ဖန်ခွက်တစ်ခွက်ထဲတွင် ရေ ၁၀၀ မီလီလီတာ ဖြည့်၍ ယင်းထဲသို့ ဂလူးကို့စ် ၁၀ ဂရမ် ထည့်ပြီး ဖျော်လိုက်ပါ။ ပြီးနောက် ပျားမြီးရွက်ကို ညှစ်၍ရသောအရည် ၁၀ မီလီလီတာ ထည့်ပြီးဖျော်လိုက်ပါ။ အားလုံးပျော်ဝင်သွားပြီးလျှင် ဂလူးကို့စ်ပါဝင်မှု ပမာဏကို ပြန်တိုင်းကြည့်ပါ။ ပျားမြီးရွက် အရည်များ မထည့်မီက ဂလူးကို့စ် ပမာဏသည် ၁၀ ဂရမ်/၁၀၀ မီလီလီတာ ဖြစ်သော်လည်း ပျားမြီးရွက် ထည့်ပြီးသောအခါ အဆိုပါ ဂလူးကို့စ်များ မရှိတော့ကြောင်း တွေ့ရပါမည်။ ထို့နောက် အဆိုပါအရည်ကို ဗီတာမင်စီ ပါ/မပါ တိုင်းကြည့်ပါက ဗီတာမင်စီများ ကြွယ်ဝစွာ ပါဝင်နေကြောင်း တွေ့ရပါလိမ့်မည်။ ယင်းကို ကြည့်ခြင်းဖြင့် ပျားမြီးရွက်တွင် ပါဝင်သော ဓာတ်ပစ္စည်းများသည် ဂလူးကို့စ်များကို ဗီတာမင်စီ အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း ကောက်ချက်စွဲနိုင်ပါသည်။

ထို့ကြောင့် ပျားမြီးရွက်ကို ကြွက်များ၌ စမ်းသပ်ကြည့်ရာ ပျားမြီးရွက် တိုက်ကျွေးပြီးနောက် သွေးတွင်းရှိ ဂလူးကို့စ်များ ကျဆင်းသွားပြီး ဗီတာမင်စီ ပမာဏ တိုးတက်များပြားလာကြောင်း တွေ့ရပါသည်။ ၂၀၀၀ ခုနှစ်တွင် စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် (National University of Singapore) ရှိ ဆေးဝါးဗေဒဌာန (Department of Pharmacology) မှသုတေသီများက ကြွက်များကို ဆီးချိုဖြစ်အောင် ပြုလုပ်ပြီးနောက် ပျားမြီးရွက်အရည် တိုက်ကျွေးခဲ့ရာ ဆီးချိုကျစေရုံမက သွေးတွင်းရှိ ကိုလက်စထရောနှင့် ထရိုင်ဂရစ်စရိုက်များပါ ကျဆင်းစေကြောင်း တွေ့ခဲ့ရသည်။ ယင်းကို စင်ကာပူနိုင်ငံတွင် ထုတ်ဝေခဲ့သည့် Singapore Medical Journal, Vol 41, Issue 1, pp. 1-5 တွင် ဖော်ပြခဲ့ပါသည်။

ယင်းသို့ သုတေသန ပြုပြီးနောက်ပိုင်း ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် အင်္ဂလန်နိုင်ငံများတွင် လေ့လာချက်များအရ ပျားမြီးရွက်သည် ဆီးချိုရောဂါကို သက်သာစေကြောင်း ဆက်လက် သက်သေပြသခဲ့ကြပါသည်။

ပျားမြီးရွက်သည် ဆီးချိုရောဂါကို သက်သာစေရုံသာမက ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ဝေဒနာများထဲမှ တစ်ခုဖြစ်သည့် မျက်စိထိခိုက်ခြင်း (Diabetic retinopathy) ကိုလည်း သက်သာစေကြောင်း ၂၀၀၃ ခုနှစ်တွင် ယူကေနိုင်ငံ၌ လေ့လာချက်အရ သိခဲ့ရပါသည်။ လန်ဒန်မြို့ရှိ ဘုရင့်ကောလိပ် (King’s Collage) မှ သုတေသီများ၏ အဆိုအရ ပျားမြီးရွက်သည် ဆီးချိုရောဂါကြောင့် မျက်စိပျက်စီးခြင်းကို သက်သာစေသည်ဟု ဆိုသည်။ ၂၀၀၇ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံရှိ သုတေသီများ၏ အဆိုအရ ဆီးချိုရောဂါကြောင့် ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း (Diabetic nephropathy) ကိုလည်း သက်သာစေကြောင်း တွေ့ရသည်။ ထို့ကြောင့် ပျားမြီးရွက်သည် ဆီးချိုရောဂါကိုသာမက ယင်းရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်ကုသရာ၌ပါ အသုံးဝင်ကြောင်း တွေ့ရသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆီးချိုရောဂါ" စာအုပ်၊ အခန်း (၉) ဆီးချိုရောဂါကို ကုသရာ၌ အသုံးပြုသည့် သဘာဝ ဆေးဖက်ဝင်အပင်များ မှထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

23/02/2022
17/02/2022

🔹 ကိုဗစ်-၁၉ ရောဂါတွင် ပရိုဘိုင်အိုတစ်များ သုံးစွဲသင့်ကြောင်း ပထမဆုံး ထောက်ခံတင်ပြခဲ့သူများ 🔹

၂၀၂၀ ခုနှစ် မေလ (၈) ရက်နေ့တွင် ထုတ်ဝေခဲ့သည့် ''Frontiers in Public Health'' ဆေးပညာဂျာနယ်တွင် ကမ္ဘာကျော် တက္ကသိုလ်ကြီး (၃) ခုမှ ဆေးပညာရှင်ကြီး (၅) ဦးက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအတွက် ပရိုဘိုင်အိုတစ်များ အသုံးပြုခြင်းဖြင့် ရောဂါဖြစ်ပွားမှု အရှိန်အဟုန်ကို လျှော့ချပေးနိုင်ပါကြောင်း တင်ပြခဲ့ကြသည်။ အဆိုပါပညာရှင်များမှာ ဆွစ်ဇာလန်နိုင်ငံ လော်စိန်းမြို့ (Lausanne, Switzerland) ရှိ လော်စိန်းတက္ကသိုလ် ဆေးရုံမှ ဒေါက်တာ ဒေးဗစ် ဘတ် (Dr. David Baird) နှင့် ဒေါက်တာ ဗာဗာရာ ဒိုင်မိုပူလူ အက်ဂရီ (Dr. Varvara Dimopoulou Agri)၊ ယူကေနိုင်ငံ ရီးဒင်းတက္ကသိုလ် (University of Reading, United Kingdom) မှ ဒေါက်တာ ဂလင် အာ ဂစ်ဆမ် (Dr. Glenn R. Gibson)၊ ကနေဒါနိုင်ငံ အနောက်အွန်တာရီယိုတက္ကသိုလ် (University of Western Ontario, Canada) မှ ဒေါက်တာ ဂရီ ဂါရိ (Dr. Gregor Reid) နှင့် ဒေါက်တာ အဲရစ် ဂျီနာနိုနီ (Dr. Eric Giannoni) တို့ဖြစ်ကြပါသည်။

ယင်းတို့၏ တင်ပြချက်မှာ ယခင်က ပြုလုပ်ခဲ့ပြီးဖြစ်သည့် သုတေသနစာတမ်းများအရ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများတွင် ပရိုဘိုင်အိုတစ်ကိုပေးပါက ရောဂါသက်သာပျောက်ကင်းမှု ပိုကောင်းစေသည် ဆိုသည့်အချက်ကို ထောက်ပြထားသည်။ အဆင့်အတန်းမြင့်မြင့် ပြုလုပ်ထားသော သုတေသနစာတမ်း (RCTs) ၁၂ စောင်ကို ခြုံငုံ သုံးသပ်ချက်အရ (Meta-analysis) အကျိုးရှိကြောင်း ခိုင်ခိုင်မာမာ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ လူပေါင်း ၃၇၂၀ ကို လေ့လာချက်အရ ပရိုဘိုင်အိုတစ် မှီဝဲသူများသည် မမှီဝဲသူများထက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှု တစ်ဝက်ခန့် လျော့နည်းနေကြောင်း တွေ့ရပါသည်။ ထို့အပြင် အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေသူ ၄၇၉ ယောက်ကို လေ့လာမှုအရ ပရိုဘိုင်အိုတစ်ပေးပါက ရောဂါလက္ခဏာများကို သက်သာစေသည့်အပြင် ရောဂါဖြစ်ပွားသည့်ရက် ပို၍တိုကြောင်း တွေ့ခဲ့ရသည်။

ထိုသို့ သက်သာရခြင်းမှာ ပရိုဘိုင်အိုတစ်များသည် အသက်ရှူလမ်းကြောင်းကို ကာကွယ်ပေးရုံမက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း၊ ရောင်ရမ်းစေသော ဓာတ်ပစ္စည်းများ ဖြစ်သည့် တီအင်အက်ဖ်-အာဖာ (TNF-α)၊ အင်တာလူကင်-၆ (IL-6) ကဲ့သို့သော ဓာတ်ပစ္စည်းများ ထွက်ရှိမှုကို လျော့နည်းစေခြင်း တို့ကြောင့်ဖြစ်ကြောင်း တင်ပြခဲ့သည်။ ထို့အပြင် ဗိုင်းရပ်စ်ပိုးများကို နှိမ်နင်းရာ၌ အဓိကကျသည့် အင်တာဖရွန်-၁ (Type I interferon) ထွက်ရှိစေခြင်း၊ အင်တီဂျင်ကိုဖမ်းယူသည့် ဆဲလ်များကို တိုးပွားစေခြင်း (Increase the number and activity of antigen presenting cells)၊ ဗိုင်းရပ်စ်ပိုးများကို သတ်ဖြတ်ပေးသော သွေးဖြူဥများကို ပိုမိုများပြားလာစေခြင်း (Increase the number of Natural Killer cells)၊ အဆုတ်အတွင်း၌ အင်တီဘော်ဒီများ ပိုမိုထွက်စေကာ ဗိုင်းရပ်စ်များကို နှိမ်နင်းနိုင်စွမ်း တိုးတက်ကောင်းမွန်စေခြင်း (Increase levels of systemic and mucosal specific antibodies in the lungs) တို့ကြောင့်ဖြစ်ကြောင်း တင်ပြခဲ့သည်။

အထက်ပါ သိပ္ပံနည်းကျ အထောက်အထားများအရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရာ၌ ပရိုဘိုင်အိုတစ်များကို အသုံးပြုသင့်ပါကြောင်း သက်ဆိုင်ရာနိုင်ငံများ၏ အစိုးရများသို့ အကြံပြုတင်ပြခဲ့သည်။ ယင်းတို့၏ဖော်ပြချက်အရ အသုံးပြုသင့်သော ပရိုဘိုင်အိုတစ် မျိုးစိတ်များမှာ -
🔷 Lactobacillus acidophilus
🔷 Lactobacillus brevis
🔷 Lactobacillus plantarum
🔷 Lactobacillus gasseri
🔷 Bifidobacterium bifidum
🔷 Bifidobacterium longum တို့ ဖြစ်ပါသည်။

ထို့အပြင် အစိုးရများအနေနှင့် ပရိုဘိုင်အိုတစ်များ အသုံးပြုခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါအပေါ် မည်သို့မည်ပုံ အကျိုးပြုသည်ကို ယခုထက် ပိုမိုကျယ်ပြန့်သော သုတေသနလုပ်ငန်းများ ဆောင်ရွက်စေလိုကြောင်းလည်း တိုက်တွန်းပြောကြားထားပါသည်။

၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင် ကိုဗစ်ရောဂါ ဖြစ်ပွားသူများနှင့် ယင်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ပရိုဘိုင်အိုတစ်များပေး၍ စမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲခန်းအတွင်း စမ်းသပ်ခြင်းနှင့် တိရစ္ဆာန်များ၌ စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ရာ စုစုပေါင်း သုတေသန စာတမ်း (၁၅) စောင် ထွက်ရှိခဲ့ပါသည်။ အဆိုပါစာတမ်းများကို အင်တာနက် စာမျက်နှာတွင် မည်သူမဆို ဖတ်ရှူလေ့လာနိုင်ပါသည်။ အဆိုပါ သုတေသနစာတမ်းများကို အဖွဲ့အစည်းတစ်ခုတည်းက ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံပေါင်းများစွာရှိ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းနှင့် တက္ကသိုလ်များ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်၊ အမေရိကန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ စလိုဗေးနီးယား၊ အီရန်၊ အီတလီ၊ သြစတေးလျ၊ ထိုင်ဝမ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ ဂျာမနီ၊ နယ်သာလန်၊ ပြင်သစ် အစရှိသည့် နိုင်ငံများမှ ပညာရှင်များက ရေးသားတင်ပြခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်-၁၉ နှင့် ပတ်သက်သည့် တင်သွင်းခဲ့ပြီးဖြစ်သော သုတေသနစာတမ်း (၁၅) စောင်

1. Metaproteomics Analysis of SARS-CoV-2-Infected Patient Samples Reveals Presence of Potential Coinfecting Microorganisms
(https://dx.doi.org/10.1021/acs.jproteome.0c00822)

2. The Modulation of Mucosal Antiviral Immunity by Immunobiotics: Could They Offer Any Benefit in the SARS-CoV-2 Pandemic?
(https://doi.org/10.3389/fphys.2020.00699)

3. The potential application of probiotics and prebiotics for the prevention and treatment of COVID-19
(https://doi.org/10.1038/s41538-020-00078-9)

4. Using Probiotics to Flatten the Curve of Coronavirus Disease COVID-2019 Pandemic
(https://doi.org/10.3389/fpubh.2020.00186)

5. Randomised, double-blind, placebo-controlled trial of Probiotics To Eliminate COVID-19 Transmission in Exposed Household Contacts (PROTECT-EHC): a clinical trial protocol
(http://dx.doi.org/10.1136/bmjopen-2020-047069)

6. Probiotics for the Prevention of Acute Respiratory-Tract Infections in Older People: Systematic Review
(https://doi.org/10.3390/healthcare9060690)

7. The effect of probiotics on respiratory tract infection with special emphasis on COVID-19: Systemic review 2010–20
(https://doi.org/10.1016/j.ijid.2021.02.011)

8. Probiotics and Covid-19
(https://doi.org/10.1080/09637486.2020.1807475)

9. Modulation of Gut Microbiota for the Prevention and Treatment of COVID-19
(https://doi.org/10.3390/jcm10132903)

10. Gut probiotic Lactobacillus rhamnosus attenuates PDE4B-mediated interleukin-6 induced by SARS-CoV-2 membrane glycoprotein
(https://doi.org/10.1016/j.jnutbio.2021.108821)

11. Probiotics reduce self-reported symptoms of upper respiratory tract infection in overweight and obese adults: should we be considering probiotics during viral pandemics?
(https://doi.org/10.1080/19490976.2021.1900997)

12. The emerging role of probiotics as a mitigation strategy against coronavirus disease 2019 (COVID‑19)
(https://doi.org/10.1007/s00705-021-05036-8)

13. Nutraceuticals in the Prevention of Viral Infections, including COVID-19, among the Pediatric Population: A Review of the Literature (https://doi.org/10.3390/ijms22052465)

14. Probiotics: Helpful for the prevention of COVID-19?
(https://doi.org/10.15419/bmrat.v7i11.646)

15. Probiotics in Prevention and Treatment of COVID-19: Current Perspective and Future Prospects
(https://doi.org/10.1016/j.arcmed.2021.03.002)

ဒေါက်တာခင်မောင်လွင် (FAME)

17/02/2022

ချင်း (ဂျင်း) ၏ဘေးထွက်ဆိုးကျိုးများ
-------------------------------------
ဓာတ်ခွဲခန်းတွင် ချင်း၏ အန္တရာယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Pre-clinical safety data) နှင့် လူများတွင် အန္တာရယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Clinical safety data) အရ ချင်းသည် ပုံမှန်သုံးစွဲလျှင် ကြီးမားသော ဘေးထွက်ဆိုးကျိုး (Side effect) မရရှိနိုင်ပါ။ ထို့ကြောင့် ကျွန်တော်တို့ နေစဉ်စားနေကြသည့် ဟင်းရန်များတွင် အမြဲထည့်ချက်၍ ရခြင်းဖြစ်ပါသည်။ ယနေ့ အသုံးပြုနေသည့် အနောက်တိုင်းဆေးဝါးများထက်လည်း ဘေးထွက်ဆိုးကျိုး အလွန်နည်းပါသည်။ သို့သော် လိုအပ်သည့်ပမာဏထက် များသွားခဲ့လျှင် ရင်ပူတတ်ပါသည်။ LD50 ဟုခေါ်သည့် ကြွက်များတွင် ၅၀% သေစေနိုင်သည့် ပမာဏမှာ 5 g/kg body weight ဖြစ်ပါသည်။ လူနှင့်နှိုင်းယှဉ်လျှင် ပေါင် ၁၀၀ ရှိသော လူတစ်ယောက်သည် ၂၅၀ ဂရမ်ကို တစ်ခါတည်းစားခဲ့လျှင် သေစေနိုင်ကြောင်း ခန့်မှန်းရသည့် ပမာဏဖြစ်သည်။ လက်တွေ့၌လည်း ၂၅၀ ဂရမ် (၁၅ ကျပ်သား) ရှိသည့်ပမာဏကို တစ်ထိုင်တည်းစားသုံးရန် မဖြစ်နိုင်ပါ။

ဆေးဖက်ဝင်အာနိသင် အပြည့်အဝရရှိရန် စားသုံးနည်း
--------------------------------------------
ဆေးဖက်ဝင်အာနိသင်များ ပါဝင်မှုသည် ခြောက်နေသည့်ချင်းထက် အစိုဓာတ် အနည်းငယ်ရှိသော ချင်းတွင် ပိုမိုပါဝင်ပါသည်။ အပူနှင့်တွေ့လျှင် ဂျင်ဂျီရော (Gingerol) များသည် ဇင်ဂျီရုန်း (Zingerone) အဖြစ် ပြောင်းသွားသည့်အတွက် အာနိသင်လျော့သွားနိုင်သောကြောင့် ဟင်းချက်စားခြင်းထက် သန့်ရှင်းသောရေဖြင့် ချင်းကို ဆေးကြောပြီး ပါးပါးလှီးကာ အစိမ်းအတိုင်း ဝါးစားလျှင် ပို၍ကောင်းပါသည်။ မြန်မာနိုင်ငံတွင် အများစားသုံးလေ့ရှိသည့် ချင်းသုပ် သုပ်စားသည့် အလေ့အထမှာလည်း လွန်စွာကောင်းမွန်ပါသည်။ ချင်းဇီးပြားစသည့် သရေစာများမှာလည်း မှိုမတက်လျှင် အကျိုးရှိပါသည်။
အကောင်းဆုံးနည်းလမ်းမှာ ချင်းကို အဆီအနှစ် (Extract) ထုတ်ယူပြီး ပျားရည်နှင့်ရောကာ ချင်းပျားရည်အဖြစ် သောက်သုံးခြင်းဖြစ်ပါသည်။ ပျားရည်နှင့် ရောထားသည့်အတွက် အနံ့၊ အရသာနှင့် ပြည့်စုံကာ တာရှည်အထားခံပြီး အူနံရံကို ထိခိုက်စေသည့် ဘေးထွက်ဆိုးကျိုးလည်း လျော့နည်းစေပါသည်။ အအေးမိဖျားနာနေလျှင် ချင်းတစ်မျိုးတည်း သို့မဟုတ် ပျားရည်နှင့်ရောထားသည့် ချင်းပျားရည်ကို သောက်ပါက သွေးကြောလေးများ ကျယ်လာပြီး နွေးသွားစေပါသည်။
ထို့ကြောင့် ချင်းကို ယခုအခါတွင် သဘာဝနည်းဖြင့် ဖော်စပ်ပြုလုပ်ထားသည့် အအေးမိဖျားနာပျောက်ဆေး (Cold tablet) များ၌ ထည့်သွင်းအသုံးပြုလာကြသည်။ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်းနှင့် ဓမ္မတာလာစဉ် ကိုက်ခဲခြင်းတို့ကို ပျောက်ကင်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်အဆစ်အမျက် ကိုက်ခဲခြင်းတို့ကို သက်သာစေခြင်း၊ သွေးခဲခြင်းနှင့် သွေးကြောပိတ်ခြင်းများကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှု ကောင်းစေခြင်း အစရှိသည့် အကျိုးအာနိသင်များရှိသော ချင်းကို နည်းလမ်းမှန်မှန်ဖြင့် ပုံမှန်စားသုံးသင့်ကြောင်း အကြံပြုလိုပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "မီးဖိုချောင်သုံး အစားအစာများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၃) ချင်း (ဂျင်း) အကြောင်းမှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

08/02/2022

ကိုဗစ် အဖြစ်များလာကြပြီဆိုတော့ မကြာခင် ဘာတွေ တည့်တယ်၊ မတည့်ဘူး၊ စားရမယ်၊ မစားရဘူးဆိုပြီး ပေါ်လာတွေ ရှိလာပါတော့မယ်။ သတိထားပါ၊ တခါတလေ အသိပညာ မဟုတ်ပဲ အဆိပ်ပင်ရေလောင်းသလို ဖြစ်သွားနိုင်ပါတယ်။

တကယ်တော့ ကိုဗစ် အတွက် ဆိုပြီး special diet/ အစားအစာ ရယ်လို့ မရှိပါ။ သာမာန်စားနေကြကို ကျန်းမာရေးနှင့် ညီညွှတ်အောင်စားရင် ရပါပြီ။

(ချွင်းချက် - ICU patients တွေမှာတော့ medical nutrition guidelines သပ်သပ်ရှိပါတယ်)

တည့်သည့် အစားအစာများ
1. အသား၊ ငါး
2. ပဲ
3. ကွကျဥ၊ ဘဲဥ၊ ငုံဥ
4. နို့
5. ဆန်၊ ဂျုံ၊ ပြောင်း
6. အသီးအနှံ၊ ဟင်းသီးဟင်းရွက်
7. အစေ့အဆန်
8. အရိုးပြုတ်ရည် (အသားပါ ထည့်စားရပါမည်)

မတည့်သည့် အစားအစာများ
1. ချိုလွန်းသော၊ သဘာဝ အချိုမဟုတ်သော အစားအစာများ
2. ငန်လွန်းသောအစားအစာများ
3. လက်လုပ်ချဉ်များ

အစာစားချိန်
1. မနက်စာ
2. နေ့လည်စာ
3. အဆာပြေ
4. ညစာ
5. ည အဆာပြေ (လိုအပ်မှ) ဆိုပြီး စားပါ

​အားလုံးပဲ ဂရုစိုက်ကြပါ
Crd ,ဒေါက်တာ ညီညီကျော်

 #ပိုးက (၅)ရက်ဆို သူ့အလိုလို သေတယ်နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪🔰၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယ...
06/02/2022

#ပိုးက (၅)ရက်ဆို သူ့အလိုလို သေတယ်

နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪

🔰၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာရှိနေရင်အကုန်ကူးဖို့များတယ်။

🔸အထူးသဖြင့် ... အိမ်ကျဉ်းပြီး အခန်းနည်းရင်
အပြင် (open air) မှာ ကိုဗစ်က မအောင်းနိုင်ဘူး။

🔰၂။ air borne ဆိုပေမယ့် တစုံတယောက်က
နှာချေလိုက်မှ အမှုန် droplet လေးတွေက
လေထဲမှာကြာကြာနေတာပါ။

🔹.Mask တို့ Face Shield တို့တပ်ထားရင် လုံခြုံတယ်။

🔹.ကိုဗစ်ဟာ အတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

🔰.၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂-ပေါက်၊ ပါးစပ်၊ မျက်စိ၂-လုံးကဘဲ ဝင်နိုင်တယ်။

🔹.ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။

🔹.Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

🔰.၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာ
ရိုးရိုးမျက်မှန်သုံးပါ။

🔸.မျက်စိကိုအကာအကွယ်ရတဲ့အပြင်၊
မျက်လုံးထဲ လက်ထည့်စရာမလိုဘူး။

🔰.၅။အပြင်က ပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။.... 🤔 (လျှော်နိုင်ချိုးနိုင် ရင်... ပိုအဆင်ပြေ)

🔹.အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ထားလိုက်ပါ။

🔹.အားမှလျှော်။
မလျှော်လဲ (၅)ရက်ကြာရင် ပိုးကအလိုလို သေသွားလိမ့်မယ်။

🔰.၆။ အရေးကြီးတာက 👇👇

🔹.အော်ကျယ်ပြောနေတဲ့လူ..

🔹.ချောင်းဆိုးနေတဲ့ နှာချေနေတဲ့ လူ..တွေကို
ဝေးဝေးက ရှောင်ပါ။

🔰.၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်လဲ ကိစ္စမရှိဘူး။

🔸 ၅-ရက်ဆို ပိုးက သူ့အလိုလိုသေတယ်။

🔸.ရွရွလျှောက်ပြေးနေတာ မဟုတ်ဘူး။

🔸.သူ့ဖာသာသူ ကပ်နေတာ။

🔸.ကိုယ်က လက်နဲ့ယူပြီး နှာခေါင်းနိုက် .မျက်စိပွတ်..ပါးစပ်နိုက်မှ ..
ဝင်ကုန်တာ။

🔹.ဒါကြောင့် လက်ဆေးခိုင်းတာ။🔹

🔰၈။ လေဝင်လေထွက်ကောင်းဖို့ ပို အရေးကြီးတယ်။

🔹.ပြူတင်းပေါက်ဖွင့်ပြီး ပန်ကာဖွင့်ထားတာက
အလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာထက် ပိုကောင်းတယ်။

🔹.ပညာပေးဆောင်းပါးများကို မျက်ခြည်မပြတ် ဖတ်ရှုပြီး
နောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ ရေးသားပါသည်။

🔹.ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး
အားလုံး ကျန်းမာချမ်းသာကြပါစေ။🔹

( ဝင်ဖတ်ရုံဆို သင်ပဲသိမယ် ပြန်ကူးတင်ရင် လူများများသိမယ် အကူအညီပေးရာရောက်မယ် သင့်သဘောပါ )

Crd ပါမောက္ခဦးသိန်းဝင်း💪🤝👍

​​ပြန် မျှဝေခြင်းသာ...

Credit

Address

Mandalay

Telephone

+959761060527

Website

Alerts

Be the first to know and let us send you an email when Herbal Charm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram