ဆောင်တော်မူ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

  • Home
  • Myanmar
  • Mandalay
  • ဆောင်တော်မူ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး

ဆောင်တော်မူ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး Myanmar Traditional Medicine, မြန်မာ့တိုင်းရင်းဆေး

19/12/2024

#စပါးလင်နံ့လေး မွှေးနေလို့ ခေါင်းကြည်ပြီး စိတ်ကိုလဲ Relax ဖြစ်စေပါလိမ့်မယ်။

ပွင့်တဲ့ဓာတ်ပါလို့ နှာစေးရင် ပွတ်ရှူ
ချောင်းဆိုးရင် လည်ပင်းလိမ်း
ဗိုက်နာရင် ဗိုက်ပေါ်လိမ်း
အအေးမိရင် ခြေ လက်တွေ အကုန်လိမ်းပြီးနွေးနွေးဝတ် ရေနွေးလေး သောက်ထားလိုက်
ရင် ဆေးသောက်စရာမလိုဘဲ ချွေးထွက်လာလိမ့်မယ်။

အသုံးပြုနိုင်တဲ့ ရောဂါတွေကို အတိုချုပ်ပြောရရင်🌿
အကြော အာရုံကြော အဆစ် ကြွက်သားတွေ နာကျင်ကိုက်ခဲ တောင့်တင်းတဲ့အခါ ဆေးအဆီလေးကို စိမ့်ဝင်အောင် ပွတ်လိမ်းပြီး အဝတ်ပါးလေး အုပ်ထားပါလိုက်ရင် မကြာခင်မှာပဲ သက်သာပျောက်ကင်းပါလိမ့်မယ်။
လေငန်းသမားတွေ ထုံကျဥ်တတ်သူတွေ ဆောင်းတွင်းမှာ မဖြစ်မနေ လိမ်းသင့်တဲ့ ဆေး 💚
ပါဝင်ပစ္စည်းတွေက🌿
မုန့်ညင်းဆီ၊ နှမ်းဆီ၊ ထင်းရှုးဆီ၊ စပါးလင်ဆီ၊
ပရုတ်၊ methyl, menthol, pepperment စတဲ့ ဆေးပစ္စည်း ၈မျိုးပါဝင်ပါမယ်ရှင်

ဆေးအဆီ 50ml ပါတစ်ဘူးကို ၄၀၀၀ ပါရှင့်။

#ဆောင်တော်မူတိုင်းရင်းဆေးခန်း
#တိုင်းရင်းဆေး #သဘာဝဆေးနည်း #ဗဟုသုတ #မုံရွာမြို့
#ဆောင်တော်မူလိမ်းဆေး

Rosemary ကို စူပါအစားအစာအဖြစ် အမြဲတမ်းမယူဆပေမယ့် အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။စူပါအစားအစာ RosemaryRosemary...
22/11/2024

Rosemary ကို စူပါအစားအစာအဖြစ် အမြဲတမ်းမယူဆပေမယ့် အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေရှိပါတယ်။

စူပါအစားအစာ Rosemary
Rosemary က သင့်အူလမ်းကြောင်းက ဘက်တီးရီးယားများကို ထိန်းညှိပေးတယ်။
ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့ ကူညီပေးတဲ့အပြင် အရေးကြီးသော အခန်းကဏ္ဍဖြစ်တဲ့ အစာချေဖျက်ခြင်းနဲ့ အစာများမှ အာဟာရဓာတ်များ ထွက်လာစေရန်အတွက်လည်းကူညီပေးပါတယ်။

Rosemary သည် အထူးသဖြင့် အဝလွန်လူနာများတွင် ကိုယ်အလေးချိန်တိုးခြင်းကို လျှော့ချပေးနိုင်သည့်အပြင် သည်းခြေရည်စီးဆင်းမှုနှင့် သည်းခြေအိတ်လုပ်ဆောင်မှုကိုလည်း အားပေးပါတယ်။

#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

ပူစီနံရွက်ကို အရိပ်ထဲမှာ အခြောက်ခံပြီး လေလုံအောင်ထည့်ထား လက်ဖက်ခြောက်လိုရေနွေးထဲ ခပ်သောက်ဘယ်လိုလူတွေ သောက်ရမလဲ???🍃🌱 အထူး...
21/11/2024

ပူစီနံရွက်ကို အရိပ်ထဲမှာ အခြောက်ခံပြီး လေလုံအောင်ထည့်ထား
လက်ဖက်ခြောက်လိုရေနွေးထဲ ခပ်သောက်

ဘယ်လိုလူတွေ သောက်ရမလဲ???

🍃🌱 အထူးသဖြင့် လက်ဖက်ခြောက်အဖြစ် စားသုံးတဲ့အခါ နာကျင်သော အူမငြိမ်ရောဂါသမားများ ( IBS လက္ခဏာများ) ကို လျှော့ချနိုင်ပြီး အူမကြီးကြွက်သားများကို ပြေလျော့စေခြင်းဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေပါလိမ့်မယ်။
🌱 ဝမ်းဖောဝမ်းရောင်၊ ဝမ်းသွားခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြသနာတွေကို လျော့ပါးစေပါတယ်။
🌱 သင့်အူအတွင်းရှိ မလိုလားအပ်သော
ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပါလိမ့်မယ်။

#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

21/11/2024
Some Cute Reviews on tt😊
27/10/2024

Some Cute Reviews on tt😊

Check out ဆောင်တော်မူ တိုင်းရင်းဆေး🌿’s video.

တခြားအသီးများနှင့်မတူဘဲ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အဆီများပြီး သကြားပါဝင်မှုနည်းတာကြောင့် ထူးခြားပြီး အာဟာရပြည့်ဝတယ်။ ထောပ...
17/10/2024

တခြားအသီးများနှင့်မတူဘဲ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အဆီများပြီး သကြားပါဝင်မှုနည်းတာကြောင့် ထူးခြားပြီး အာဟာရပြည့်ဝတယ်။

ထောပတ်သီးမှာ
#အစာခြေအင်ဇိုင်း lipase ပါဝင်တယ်။
ဒီအင်ဇိုင်းက အဆီမော်လီကျူးတွေကို ချေဖျက်ပြီး ခန္ဓာကိုယ်မှ လွယ်လွယ်စုပ်ယူရန် ဖက်တီးအက်ဆစ်နှင့် glycerol ကဲ့သို့သော သေးငယ်သော မော်လီကျူးများဖြစ်အောင် ကူညီပေးသည်။

ပုံမှန်ဆို Lipase ကို သင့်ပန်ကရိယက ထုတ်ပေးတာကြောင့် အစားအစာကနေ ရယူဖို့ သိပ်မလိုအပ်ပါ။ သို့သော် အဆီများသော အစာစားပြီးနောက် lipase enzyme ကိုအားဖြည့်ခြင်းဖြင့် အစာခြေဖျက်မှုကို သက်သာစေနိုင်သည်။ နောက် ပန်ကရိယမှာ ရောဂါတစ်ခုခုရှိနေတဲ့အခါမှာလဲ ဒီ Enzyme လိုလာပါတယ်။

ထောပတ်သီးမှာ polyphenol oxidase အပါအဝင် အခြားသော အင်ဇိုင်းတွေလည်း ပါဝင်ပါတယ်။

#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

အစာအိမ်ပိုးကူးစက်ခံထားရသူလေးတွေများလို့👇👇ဒီမှာ H. pylori ကူးစက်မှုနှင့်ဆက်စပ်နေသော အစာအိမ်ရောဂါကို အထောက်အကူဖြစ်စေဖို့ အ...
13/10/2024

အစာအိမ်ပိုးကူးစက်ခံထားရသူလေးတွေများလို့👇👇

ဒီမှာ H. pylori ကူးစက်မှုနှင့်ဆက်စပ်နေသော အစာအိမ်ရောဂါကို အထောက်အကူဖြစ်စေဖို့ အိမ်တွင်းကုထုံး ၉ မျိုး

⚜⚜⚜⚜⚜⚜

၁. ပျားရည်-
ပျားရည်အစိမ်းသည် ဘက်တီးရီးယားပိုးမွှားများကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများရှိပြီး အစာအိမ်အတွင်းသားကို သက်သာစေနိုင်သည်။ တစ်နေ့တစ်ဇွန်းသောက်ပါ။

၂. ကြက်သွန်ဖြူ -
ကြက်သွန်ဖြူစိမ်းက H. pylori ကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ၎င်းကို သင့်အစားအစာများတွင် ထည့်ပါ သို့မဟုတ် ဖြည့်စွက်ပုံစံဖြင့် စားသုံးကြည့်ပါ။ ( GERD + သမားတွေ မစားသင့်)

၃. Apple Cider Vinegar :
စားပွဲတင်ဇွန်းတစ်ဇွန်းကို ရေတစ်ဖန်ခွက်ထဲ ဖျော်ပြီး အစာမကြေခင် သောက်ပေးပါ။

၄. အစားအသောက်ပြောင်းလဲမှု-
အစပ်၊ အက်စစ်ဓာတ် သို့မဟုတ် ကြော်ထားသော အစားအစာများကို ရှောင်ပါ။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များနှင့် ပိန်သောပရိုတင်းဓာတ်များ ကြွယ်ဝသော အစားအစာကို အာရုံစိုက်ပါ။

၅. ရေဓာတ်ရှိနေပါ -
အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ ရေများများသောက်ပါ။

၆. စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်း-
စိတ်ဖိစီးခြင်းသည် ရောဂါလက္ခဏာများကို ပိုဆိုးရွားစေသည်။ ယောဂနှင့် တရားထိုင်ခြင်းကဲ့သို့သော အလေ့အကျင့်များသည် စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်သည်။

၇. Ginger Tea -
ဂျင်းက အစာအိမ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပါတယ်။

၈. ရှားစောင်းလက်ပတ်ဖျော်ရည် -
အစာအိမ်အတွင်းသားကို သက်သာစေပြီး လှုံ့ဆော်မှုကို လျှော့ချပေးနိုင်ပါတယ်။ အစာမစားမီ အနည်းငယ်သောက်ပါ။

၉. Chamomile Tea -
စိတ်ကို တည်ငြိမ်စေသော အာနိသင်ကြောင့် လူသိများသော chamomile သည် အစာအိမ်ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။

🍀🍀 အထူးသဖြင့် H. pylori ကူးစက်ထားသူများ ကုသမှုအသစ်မစတင်မီ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် အမြဲတိုင်ပင်ပါ။

#အစာအိမ်ရောဂါ #အစာအိမ်ပိုး
#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

11/10/2024
11/10/2024
06/10/2024

ရောဂါဖြစ်ရတဲ့ အကြောင်းက ကျန်းမာတဲ့ Cells တွေနေရာမှာ မကျန်းမာ မပြည့်စုံ/ပိုလွန်နေတဲ့ Cells တွေက ဝင်ရောက်လာလို့ဖြစ်စေ/ ပြောင်းလဲသွားလို့ဖြစ်စေ...ဒီကနေစပြီး မကျန်းမာတဲ့အ​ခြေအနေဖြစ်လာပါတယ်...

အဲ့လိုစဖြစ်လာတာနဲ့.. 👇👇
၁. သွေးမှာ Oxygen အားနည်းလာမယ်
၂. မှိုပိုး/ Bacteria ပိုး/ Virus ပိုးတွေ ဝင်ရောက်လာမယ် (အမျိုးမျိုးသော ရောဂါတွေဖြစ်မယ်)
၃. Thyroid မူမမှန်ဖြစ်မယ်
၄. Hormone မူမမှန်ဖြစ်မယ်
၅. အသည်းအားနည်းခြင်း
၆. ကျောက်ကပ်အားနည်းခြင်း
၇. ဆီးချို ရောဂါဖြစ်
၈. အစာမကြေ
၉. အူနံရံယိုစိမ့်မယ်
၁၀. အာဟာရချို့တဲ့
၁၁. ကင်ဆာဖြစ် စတဲ့ နာမကျန်းမှုတွေ ဖြစ်လာပါတယ်။

မကျန်းမာတဲ့ Cells တွေက ကျန်းမာတဲ့ cells တွေကို ဖျက်စီး နေရာယူ တိုက်ခိုက်တဲ့အခါ ပိုလို့ မကျန်းမမာဖြစ်ပါတယ်။

👉 အဲ့ဒီတော့ ကျန်းမာတဲ့ cells တွေအားကောင်းပွားများဖို့ ဘာလုပ်ရမလဲ????

💚 ရှေးတုန်းက ရသာယန
အသက်ရှည်ဆေး ဆိုပြီး အလွယ်ခေါ်ကြပါတယ်။
👉 အဲ့ဒီဆေး/ အစာ တွေမှာ သိပ္ပံနည်းကျ စစ်ဆေးကြည့်ရက် အဓိက Antioxidant ကြွယ်ဝခြင်းပါ။

⏩ Antioxidant က မကျန်းမာတဲ့ Cells ဖြစ်လာမယ့် Free radicals တွေကို တိုက်ဖျက်ပါတယ်။

👉👉 Antioxidant ဘယ်ကရမလဲ???

လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံ အသီးအရွက်တွေ ဆီကပဲပေါ့...🍌🍌🍍🍎🍐🍊🍋🍉🍇🍓🍈🍒🥝🍑🥑🍅🍆🥒🥕🌽

Antioxidant ဖြည့်စွက်ဆေးတွေလဲ ရှိပါတယ်။ 100 % Vegetarian Supplement တွေကို ဆရာဝန် ညွှန်ကြားချက်မလိုဘဲ ကိုယ့်ဘာသာ သောက်သုံးနိုင်သလို
လတ်ဆတ်သန့်ရှင်းတဲ့ အသီးအနှံ အသီးအရွက်အစုံနဲ့ သဘာဝ ဆေးနည်းတွေကနေ ရရှိပါလိမ့်မယ်။

Healthy Habits တွေလိုက်နာရင်
Healthy body and mind ကိုရရှိပါမယ်။ Maintain လုပ်ရပါမယ်..

ကျန်းမာသုခနဲ့ ပြည့်စုံကြပါစေ...💜💜💜


Dr.သိဂ်ါအောင်-နာတာရှည်ရောဂါများအားအာဟာရဖြင့်ကုသခြင်း

#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

🍃 အစာအိမ်ရောင်ခြင်း၊ အက်ဆစ်ပိုလျှံခြင်း နှင့် အစာအိမ်နဲ့ အူသိမ်ဦးအနာသမားတွေက သဘာဝဆေးစွမ်းကောင်းကို ရှာတွေ့ပါပြီ  🍃 အစာအ...
02/10/2024

🍃 အစာအိမ်ရောင်ခြင်း၊ အက်ဆစ်ပိုလျှံခြင်း နှင့် အစာအိမ်နဲ့ အူသိမ်ဦးအနာသမားတွေက သဘာဝဆေးစွမ်းကောင်းကို ရှာတွေ့ပါပြီ 🍃

အစာအိမ်ပြဿနာတွေအတွက် ဓာတု​ဆေးဝါး ကုထုံးတွေကို အားကိုးရတာ ငြီးငွေ့နေပြီမလား?
🍓သဘာဝတရားမှာ အဖြေရှိတယ်။
ကျွန်တော်တို့ရဲ့ ရိုးရာတိုင်းရင်းဆေးတွင် ယုံကြည်စိတ်ချရသော ဆေးဖက်ဝင် ဆေးပစ္စည်းတွေနဲ့အတူ ငှက်ပျောသီးရဲ့ အံ့မခမ်း အစွမ်းတွေကို တွေ့ကြုံခံစားနိုင်စေရန် ထုတ်လုပ်ထားပါတယ်။
🍌 အစာအိမ်ရောင်ရမ်းနေလား??- ရောင်ရမ်းမှုကို ဖယ်ထုတ်ပေးပြီး အစာအိမ်အတွင်းပိုင်းကို ကာကွယ်ပေးတယ်။
🍌 GERD (Acid Reflux) လက္ခဏာတွေ ခံစားနေရလား?? -
အက်ဆစ်ပိုလျှံခြင်းကို သဘာဝအတိုင်း ချေဖျက်ပေးပြီး ရင်ပူခြင်း၊ ရင်ကြပ်၊ ရင်တောင့်ခြင်း၊ အသက်ရှုမဝ၊ လေတက်.. စတာတွေ ကို သက်သာစေပြီး နည်းနည်းစားလိုက်တာနဲ့ ဗိုက်တင်းနေတာတွေကို ထားခဲ့လိုက်တော့။
🍌 Peptic/Duodenal Ulcer အစာအိမ်၊ အူသိမ်ဦးတွေ အနာဖြစ်နေတာလား??? - အနာများကိုပါ သက်သာပျောက်ကင်းစေတဲ့အပြင် စိတ်ဖိစီးမှုများတဲ့ နာတာရှည် အစာအိမ်ရောဂါရှင်တွေအတွက်လည်း အထူးသင့်လျော်တဲ့ ဆေးပါ။

🌿 ကျွန်တော်တို့၏ ရိုးရာဖော်မြူလာ 🌿 🌿

100% သဘာဝအတိုင်း ဂရုတစိုက်ရွေးချယ်ထားသော မမှည့်ထားသော ငှက်ပျောသီး 🌿 🌿 အစာအိမ်အား အားကောင်းစေပြီး ဘေးထွက်ဆိုးကျိုးမရှိသော ဆေးဖက်ဝင် သဘာဝဒြပ်ပေါင်းများ 🌿 အစာခြေလမ်းကြောင်းတစ်လျှောက်ကို အားဖြည့်ပေးပြီး သက်သာပျောက်ကင်းစေတဲ့ ဆေးအာနိသင်များစွာတို့ ပါဝင်ပါတယ်။
✨ သဘာဝနည်းနဲ့ ပိုကောင်းတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့ရဲ့ ထိရောက်ပြီး ဘေးကင်းသော တိုင်းရင်းဆေးဖြင့် ကျန်းမာသော အစာအိမ်ဆီသို့ သင်၏ခရီးကို စတင်လိုက်ပါ။ ✨

ဆောင်တော်မူ အစာအိမ်ဆေး🍌🍌🍌
ဆေးပုံသဏ္ဍန်... အမှုန့် ဖြစ်ပြီး ဆေးအရသာ... ချို(ခါး)ဖြစ်ပါမယ်။
ပါဝင်ပစ္စည်းများ...
ဖီးကြမ်းငှက်ပျောသီးစိမ်းမှုန့် ၂၅%၊
နနွင်း၊ နွယ်ချို၊ တပင်တိုင်မြနန်း၊ ဆီးဖြူ တို့ 15%စီ... စတဲ့ ဆေးဘက်ဝင် သဘာဝဆေးပစ္စည်းစစ်စစ်တွေ ပါဝင်ပါတယ်။

👉 ဆေးစျေး?? -
ဟုတ်ကဲ့ 1.10.2024 ရက်နေ့ကနေ စပြီး
တလစာ- ၃ဘူးတစ်ကဒ်ကို - ၁၉၀၀၀ ကျပ်နဲ့
ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်...
(တစ်ဘူးကို ၆၅၀၀ (၁၀ရက်စာ))

📦 ပစ္စည်းရောက်ငွေချေစနစ်ဖြင့် အမြန်ပို့ဆောင်မှုရရှိနိုင်ပါပြီ။

📲 ပိုမိုသိရှိနိုင်စေရန်အတွက် "Cb" ကို / 09 454 686 587 ရဲ့ Viber ကို မက်ဆေ့ခ်ျပို့ပါ သို့မဟုတ် မှတ်ချက်ပေးလိုက်ပါရှင်။

🌿 သဘာဝတရားသည် အကောင်းဆုံးဖြစ်သည်။

မှတ်ချက် - အစာကြေဆေး၊ အစာဖျက်ဆေးမဟုတ်ပါ။ ✌အစာအိမ်နဲ့အူလမ်းကြောင်းကို ကုသ ကာကွယ်ပေးတဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။

✌ဆေးသောက်ရမယ့်ပုံစံကတော့
တစ်နေ့ကို ၃ကြိမ် အစာမစားခင် နာရီဝက်/ ၁နာရီလောက်မှာ သောက်ပေးနိုင်ရင် အကောင်းဆုံးပါ။
တစ်ကြိမ်သောက်လျှင် ဆေးမှုန့် လက်ဖက်စားဇွန်းတစ်ဇွန်းစာကို ရေနွေး သို့မဟုတ် ပျားရည်စစ်စစ်နဲ့ သောက်ပေးပါ။

ပင်ရင်းက မုံရွာမှာပါ။

#ဗဟုသုတ
#တိုင်းရင်းဆေး #သဘာဝဆေးနည်း
#ဆောင်တော်မူအစာအိမ်ဆေး
#ဆောင်တော်မူတိုင်းရင်းဆေးခန်း လမ်းသွယ်(၈)ဇောတိကလမ်းနှင့်ရန်ကင်းလမ်းကြား
#မုံရွာမြို့

Address

Mandalay
05051

Telephone

+959454686587

Website

Alerts

Be the first to know and let us send you an email when ဆောင်တော်မူ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆောင်တော်မူ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး:

Share