ကိုဗစ် - ဆေးခန်း

ကိုဗစ် - ဆေးခန်း COVID-19 ရောဂါခံစားနေရသော လူနာများအတွက် ?

💢”ကျေးဇူးတင်လွှာ”💢       🔺အားလုံးဘဲမင်္ဂလာပါ ဒီနေ့မှာတော့ ကိုဗစ်-ဆေးခန်း page စတင်ဖွင့်လှစ်ခဲ့တဲ့ တစ်လနဲ့တစ်ပတ်ပြည့်တဲ့န...
03/09/2021

💢”ကျေးဇူးတင်လွှာ”💢
🔺အားလုံးဘဲမင်္ဂလာပါ ဒီနေ့မှာတော့ ကိုဗစ်-ဆေးခန်း
page စတင်ဖွင့်လှစ်ခဲ့တဲ့ တစ်လနဲ့တစ်ပတ်ပြည့်တဲ့နေ့ဘဲ
ဖြစ်ပါတယ်။ ကိုဗစ်-ဆေးခန်းကိုစတင်ဖွင့်လှစ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ ကိုဗစ်ရောဂါခံစားနေရပြီး ဆေးရုံ/ဆေးခန်း သွားဖို့အဆင်မပြေသူများ နှင့်ရပ်ဝေး/နယ်ဝေး
ရောက်ရှိနေသူများကို တတ်နိုင်တဲ့ဘက်မှကြည့်ရှုစောင့်ရှောက်ပေးရန် ရည်ရွယ်ချက်များဖြင့် စတင်ဖွင့်လှစ်
ခဲ့ပါတယ်။

🔺ကိုဗစ်-ဆေးခန်း စတင်ဖွင့်လှစ်ခဲ့တဲ့ တစ်လကျော်
အတွင်းမှာ လူနာပေါင်းများစွာကိုကြည့်ရှုစောင့်ရှောက် ကုသပေးခဲ့ပါတယ်။ အဲ့ဒီထဲကမှ feedback ကောင်းများစွာကိုပြန်ရခဲ့တဲ့အတွက် ကြည့်ရှုပေးနေတဲ့ ဆရာ/ဆရာမ တစ်ယောက်ချင်းစီတိုင်းနှင့် Tokenစနစ်ကိုလုပ်ဆောင်ပေးနေတဲ့ IT team တစ်သင်းလုံးအတွက် အင်အားဖြစ်စေပါ
တယ်၊ ဝမ်းသာပီတိလဲဖြစ်မိပါတယ်။

🔺ညီမတို့ပြန်ကြားရပါတယ် ဆရာ/ဆရာမ တွေကသိရှိလိုတဲ့မေးခွန်းတွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပြ/ပြောပြ ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်၊ ဆရာတွေ
ညွှန်းပေးတဲ့ဆေးတွေသောက်ပြီး အခုဆိုအဖျားလဲမရှိတော့ဘူး၊ အစားလဲကောင်းကောင်းပြန်စားနိုင်ပြီး ပြန်လည်အားပြည့်လာပြီ၊ ဆရာတွေ/ဆရာမတွေ ကျန်းမာချမ်းသာကြပါစေဆိုတဲ့ နွေးထွေးတဲ့ စကားလုံးလေးတွေနဲ့ feedback ကောင်းတွေပြန်ကြားရတဲ့ အတွက် အလွန်ပင်အားတက်
ပီတိဖြစ်ရပါတယ်။ လူကြီးတွေသာမကဘဲနဲ့ ကိုဗစ် ခံစားခဲ့ရတဲ့ ၇နှစ်၊ ၈နှစ် ကလေးလေးတွေလဲပြန်လည်
ကောင်းမွန်လာတယ်လို့သိရတဲ့ အတွက်လဲအရမ်းကို
ဝမ်းသာမိပါတယ်။

🔺ကိုဗစ်-ဆေးခန်း အနေဖြင့်ပြန်လည်ကျေးဇူးတင်
ချင်တာကတော့ လူနာများက ကြည့်ရှုပေးတဲ့ဆရာဝန်
တစ်ယောက်ချင်းစီတိုင်းရဲ့ လမ်းညွှန်မှုတွေ၊ လုပ်ဆောင်ရန် နှင့်လိုက်နာရန် အချက်တွေကို သေချာလိုက်နာပေးကြတဲ့
အတွက် ဆရာတွေနှင့် Teamတစ်ခုလုံးကပါ ကျေးဇူးတင်ရှိပါတယ်။

🔺ဒီလိုမျိုး feedback ကောင်းတွေပြန်ကြားရတဲ့အတွက်
ကိုဗစ်-ဆေးခန်း teamတစ်ခုလုံးရဲ့ ရှေ့ဆက်ရမဲ့
လုပ်ငန်းစဉ်တွေအတွက်ခွန်အားတွေအများကြီးဖြစ်စေပါတယ်။ ကိုဗစ်-ဆေးခန်းအနေဖြင့်လဲ လူနာတွေကို
တက်နိုင်တဲ့ဘက်မှ ရှေ့ဆက်ပြီးတော့ ကြည့်ရှု
စောင့်ရှောက်ပေးသွားမှာဘဲဖြစ်ပါတယ်။ Token ယူရမဲ့
လုပ်ဆောင်ပုံအဆင့်ဆင့်ကို pageရဲ့pin post မှာvideo ဖြင့်ရှင်းပြပေးထားပါတယ်။ အားလုံးဘဲ အမြန်ဆုံး
ကျန်းမာကြပါစေ။ ။
#ကိုဗစ်ဆေးခန်း

 #ကိုဗစ်ကူးစက်ခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာအမေးအဖြေကဏ္ဍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာမေးခွန်းများနှင့်ပတ်သက်၍  ဗဟုသုတရရှိစေရန် ရ...
28/08/2021

#ကိုဗစ်ကူးစက်ခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာအမေးအဖြေကဏ္ဍ

ကိုဗစ်-၁၉ ရောဂါဆိုင်ရာမေးခွန်းများနှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် ရည်ရွယ်ကာ အမေးအဖြေကဏ္ဍလေးကို အပတ်စဥ် သောကြာနေ့တိုင်း တင်ဆက်ပေးသွားဖြစ်ပါတယ်။ မနေ့ကမေးခွန်းရဲ့ အဖြေမှန်ကို စဥ်းစားမိကြရဲ့လား?

အဖြေမှန်ကတော့ (က) မကူးစက်နိုင်ပါ ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးများသည် သွေးသွင်းခြင်းမှတစ်ဆင့် မကူးစက်တတ်ပါ။ ကိုဗစ်နှင့်ပတ်သက်၍ သွေးသွင်းခြင်းမှတစ်ဆင့် ကူးစက်သည့်ဖြစ်စဉ် #မရှိသေးပါဘူး။

သွေးလှူဒါန်းလိုသူများအတွက် European Center for Disease Prevention and Control ( ECDC )၏ အကြံပြုချက်များတွေကတော့
- #ကိုဗစ်ဖြစ်သူနှင့်ထိတွေ့မှုရှိခဲ့ဖူးသူသည် ထိတွေ့ခဲ့သည့်ရက်မှစ၍ #၂၁ ရက်အထိ သွေးလှူဒါန်းမှု မပြုရန်
- #ကိုဗစ်ဖြစ်ဖူးသူသည် ရောဂါသက်သာသည့်ရက်မှစ၍ အနည်းဆုံး #၂၈ ရက်အထိ သွေးလှူဒါန်းမှု မပြုရန် တို့ဖြစ်ပါသည်။

ကဲ ဒါဆိုရင်တော့ ဒီအပတ်အတွက် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ဗဟုသုတအသိတစ်ခုကို ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ် လာမယ့်အပတ်တွေမှာ ဘယ်လိုမေးခွန်းလေးတွေနဲ့ ဗဟုသုတရအောင် ပြောပြပေးမလဲဆိုတာ စောင့်ကြည့်ပေးကြပါအုံးနော်။

 #ကိုဗစ်ကူးစက်ခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာအမေးအဖြေကဏ္ဍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာမေးခွန်းများနှင့်ပတ်သက်၍  ဗဟုသုတရရှိစေရန် ရ...
27/08/2021

#ကိုဗစ်ကူးစက်ခြင်းနှင့်ကာကွယ်ခြင်းဆိုင်ရာအမေးအဖြေကဏ္ဍ

ကိုဗစ်-၁၉ ရောဂါဆိုင်ရာမေးခွန်းများနှင့်ပတ်သက်၍ ဗဟုသုတရရှိစေရန် ရည်ရွယ်ကာ အမေးအဖြေကဏ္ဍလေးကို အပတ်စဥ် သောကြာနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ ဒီအပတ်အတွက် ရွေးချယ်ထားတဲ့ မေးခွန်းလေးကတော့

မေးခွန်း (၁) ။ ကိုဗစ်-၁၉ ကူးစက်ရောဂါသည် သွေးမှတစ်ဆင့် ကူးစက်တတ်ပါသလား?

(က) မကူးစက်နိုင်ပါ။
(ခ) ကူးစက်နိုင်ပါသည်။
(ဂ) မသိပါ။

ကဲ စဥ်းစားပြီးဖြေကြည့်ကြရအောင်! နောက်ရက်ကျရင် ယခုဖော်ပြပါမေးခွန်းနဲ့ပတ်သက်ပြီး အဖြေပြောပြပေးသွားမှာဖြစ်ပါတယ်။ ယခုလိုကာလမှာ ကမ္ဘာ့ကပ်ရောဂါ တစ်မျိုးဖြစ်တဲ့ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး စည်းကမ်းတွေကို တိကျစွာလိုက်နာခြင်းဖြင့် အားလုံးအတူတူ လက်တွဲ
ကျော်ဖြတ်ကြပါစို့။


#ကိုဗစ်ဆေးခန်း

Covid-19 ကာကွယ်​ဆေးများနဲ့ပတ်သက်သည့် အ​​ထွေ​ထွေဗဟုသုတ​များ=====================================✅ Covid-19 ကာကွယ်​ဆေးများ...
24/08/2021

Covid-19 ကာကွယ်​ဆေးများနဲ့ပတ်သက်သည့် အ​​ထွေ​ထွေဗဟုသုတ​များ
=====================================
✅ Covid-19 ကာကွယ်​ဆေးများ (Covid -19 Vaccines) က ဘယ်လိုအလုပ်လုပ်လည်း။

💁 Covid-19 ကာကွယ်​ဆေး (Covid-19 Vaccines)များ က ကျွန်ုပ်တို့ ကို ပြင်းထန်တဲ့ ကိုဗစ် ရောဂါလက္ခဏာ များ ကို မခံစားရစေဘဲ ခန္ဓာကိုယ်မှ CoVID virus ကို တိုက်ထုတ်ဖို့ ခုခံအားကို မြင့်တင်ပေးပါတယ်။

✅ Covid-19 ကာကွယ်​ဆေး(Covid-19 Vaccine)အမျိုးအစား ဘယ်နှစ်မျိုးရှိလည်း။

💁အဓိကအားဖြင့်

1.mRNA Vaccine
2.Protein Subunit Vaccine
3.Vector Vaccines
ဆိုပြီးကာကွယ်​ဆေးအမျိုးအစား(၃)မျိုးရှိပါတယ်။​
နောက်ပိုင်းမှာ​တော့​နောက်ထပ်ကာကွယ်​ဆေးမျိုးကွဲးအသစ်​များကိုသု​တေတနများပြုလုပ်လျှက်ရှိပါတယ်။

✅ လက်ရှိ​စျေးကွက်ထဲးတွင် Covid-19 ကာကွယ်​ဆေး(Covid-19 Vaccine)တံဆိပ်ဘယ်နှစ်မျိုးသလည်း။

💁လက်လှမ်းမှီသ​လောက်အားဖြင့် Pfizer, Moderna, Astra Zeneca, Covidshield, Covaxin, Sputnik V, Sinovac(CoronaVac), Sinophram( BIBP Vaccine) , Johson & Johson's Janssen ဆိုပြီး အမျိုးအစား (၉မျိုး)​တွေ့ရနိုင်ပါတယ်။

✅ကိုဗစ်ကာကွယ်​ဆေး(COVID-19 Vaccine)ကတစ်ကြိမ်ထက်ပိုထိုးရန်လိုအပ်ပါလား။

💁 Two Shots: PfIzer -BioNTech ကို ပထမတစ်ကြိမ်ထိုးပြီး ၂ပတ်မှ ၃ပတ်အကြာ(ပထမအကြိမ်ကာကွယ်​ဆေးထိုးပြီး ၂၁ရက်​နောက်ပိုင်း) မှာ ဒုတိယတစ်ကြိမ်ထပ်ထိုးရန်လိုအပ်ပါတယ်။

Moderna Covid-19 Vaccine ကို ပထမတစ်ကြိမ်ထိုးပြီး ၄ပတ်အကြာ(ပထမအကြိမ်ကာကွယ်​ဆေးထိုးပြီး ၂၈ရက်​ ​နောက်ပိုင်း) မှာ ဒုတိယတစ်ကြိမ်ထပ်ထိုးရန်လိုအပ်ပါတယ်။

Astra Zeneca က​တော့ ပထမအကြိမ်ထိုးပြီး ၄-၁၂ပတ်အတွင်း ဒုတိယအကြိမ်ထပ်ထိုးရန်လိုအပ်ပါတယ်။
Covishield က​တော့ ပထမအကြိမ်ထိုးပြီး ၄ပတ်အကြာမှာ ဒုတိယအကြိမ်ထပ်ထိုးရန်လိုအပ်ပါတယ်။

Sputnik V, Sinovac နဲ့ Sinophram တို့ က​တော့ ပထမအကြိမ်ထိုးပြီး ၃ပတ် အကြာမှာ ဒုတိယအကြိမ်ထပ်ထိုးရန်လိုအပ်ပါတယ်။

💁 One Shot : Johonson & Johonson’s Janssen က​တော့ တစ်ကြိမ်သာထိုးရန်လိုအပ်ပါတယ်လို့ (CDC - Centers of Disease Control and Prevention) ရဲ့ articleတွင်း​ဖော်ပြထား​သောအချက်အလက်များအရသိရပါတယ်။

✅ ဘယ်အသက်အရွယ်ကစပြီး Covid-19ကာကွယ်​ဆေး( Covid-19 Vaccine)ကိုထိုးလိို့ရနိုင်မလည်း။

💁 Covid-19ကာကွယ်​ဆေး( Covid-19 Vaccine)ကာကွယ်​ဆေးကို​ထိုးမည့်လူဟာ အသက် ၁၈နှစ်အထက်ဖြစ်ရပါမယ်။
💁 Pifzer-BioNTech တံဆိပ်ဆိုရင် ကာကွယ်​ဆေးထိုးမည့်လူက အသက် ၁၂ နှင့် အထက်ဖြစ်ရပါမယ်။
💁 Sinovac (CoronaVac)နဲ့ Sinophramတံဆိပ်ဆိုရင်​တော့ ကာကွယ်​ဆေးထိုးလူက အသက် ၁၈နှစ်မှ ၆၀နှစ်အတွင်း ထိုးဖို့ဘဲ သု​တေသနအရ​တွေ့ရပါတယ်။
💁အသက်၆၀အထက်များတွင်​​တော့ သု​တေသနအရ ရလဒ်​ကောင်း/မ​ကောင်း ​သေချာမထွက်ဆိုရ​သေးပါဘူး။
💁Covidshield နဲ့ Covaxinတို့က​တော့အသက် ၆၀နှစ်နှင့်အထက် ပိုင်း​တွေမှာရလဒ်​ကောင်း​ကြောင်းသု​တေတန​တွေအရ​တွေ့ရပါတယ်။

✅ ဘယ်လိုလူမျိုး​တွေမှာ Covid 19 ကာကွယ်​ဆေး (Covid-19 Vaccine)မထိုးသင့်ဘူးလည်း။

💁ကိုယ်အပူချိန် 38.5°C နှင့်အထက်ရှိသူများ(ဖျား​နေသူများ)
💁အသက် ၁၈နှစ်​အောက်က​လေးများ၊ Pifzer-BioNTech Covid-19 Vaccine ဖြစ်ပါက ၁၂​​အောက်က​လေးများ။
💁Covid ကာကွယ်​ဆေး (သို့မဟုတ်) အခြားကာကွယ်​ဆေးများနှင့်ဓါတ်မတည့်သူများ
💁HIV သမား CD4 ၂၀၀​အောက်ကျ​နေတဲ့အခါမျိုး။
အခြားကာကွယ်​ဆေးတစ်မျိုးမျိုး (ဥပမာ: တုပ်​ကွေးကာကွယ်​ဆေး) ထိုးတားတာ ၂ပတ် မပြည့်​သေးတည့်အခါမျိုးမှာ Covid-19 ကာကွယ်​ဆေး ကိုမထိုးသင့်ပါဘူး။

✅ ကိုယ်ဝန်​ဆောင်မိခင်​တွေ၊ နို့တိုက်မိခင်​တွေနဲ့ က​လေးယူရန်ပြင်ဆင်​နေ​သောမိခင်​လောင်း​တွေက​ရော Covid-19 ကာကွယ်​ဆေး(Covid-19 Vaccine)ကိုထိုးလို့ရပါသလား။

💁ကိုယ်ဝန်​ဆောင်မိခင်​တွေ၊နို့တိုက်မိခင်​များနှင့် က​လေးယူရန်ပြင်ဆင်​နေ​သောမိခင်​လောင်းများကလည်း mRNA vaccine type အမျိုးအစားဖြစ်တည့် Covid-19 ကာကွယ်​ဆေး (Covid -19 Vaccine)တံဆိပ်များကိုထိုးလို့ရနှိုင်​ကြောင်း WHO (World Health Organization), The Academy of Breastfeeding Medicine, CDC(The Center of Disease Control and Prevention) နှင့် RCOG(The Royal College of Obstetricians and Gynaecoligists) စတည့် အဖွဲ့အစည်း​တွေက အကြံပြုထားပါတယ်။

💁AstraZeneca Vaccine ကိုလည်း ကိုယ်ဝန်​ဆောင်သည်များနှင့် နို့တိုက်မိခင်များ ထိုးလို့ရနိုင်​ကြောင်း The Therapeutic Goods Administration (TGA) ဆိုတည့်အဖွဲ့အစည်းရဲ့​ဖော်ပြချက်​တွေအရသိရပါတယ်။
💁Sinophram နဲ့ Coronavac (Sinovac)တို့အတွက်​တော့ လုံ​လောက်တည့် သု​တေတန​တွေရှိချက်​တွေမ​တွေ့ရှိရ​သေးပါဘူ။

💁ကိုယ်ဝန်​ဆောင်မိခင်​တွေသည်သာမန်လူ​တွေထက် အခြား risk factors ​လေး​တွေရှိတာမို့ ကာကွယ်​ဆေးမထိုးခင် မိမိ၏ သားဖွားဆရာဝန်နှင့်​သေချာ​စွာ​ဆွေး​နွေးတိုင်ပင်သင့်ပါတယ်။

💁နို့တိုက်မိခင်များအ​နေဖြင့်လည်း Covid-19 ကာကွယ်​​ဆေး(Covid-19 Vaccine)ထိုးပြီးချိန်မှာလည်း က​လေးငယ်အား breastfeeding ဆက်လက်တိုက်နိုင်​ကြောင်းကိုWHO, KK Human Milk Bankမှ ​ပြောကြားထားပါတယ်။

✅အမျိုးသမီးများဓမ္မတာလာ​နေစဥ်အတွင်း Covid-19 ကာကွယ်​ဆေး( Covid-19 Vaccine) ထိုးလို့ရပါသလား။

💁အမျိုးသမီးများဓမ္မတာလာ​နေစဥ်မည့်ရက်အပိုင်းအခြားတွင်းမဆို Covid-19 ကာကွယ်​ဆေး( Covid-19 Vaccine) ထိုးလို့ရပါတယ်။

✅ Covid-19 ကာကွယ်​ဆေး(Covid-19 Vaccine)ထိုးပြီးရင် side effect အ​နေနဲ့ဘာ​တွေဖြစ်နိုင်မလည်။

💁Covid-19 ကာကွယ်​ဆေး (Covid-19 Vaccine) ထိုးထား​သောလက်​မောင်းတစ်ဝိုက်တွင်
1.နာကျဥ်ခြင်း
2.နီမြန်းခြင်း
3.​ရောင်ယမ်းခြင် ဖြစ်​စေနိုင်ပါတယ်။

💁Covid-19 ကာကွယ်​ဆေး (Covid-19 Vaccine) ထိုးပြီးခန္ဓာကိုယ်တစ်ဝိုက်တွင်
1.​မောပန်းခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း
2.​ခေါင်းကိုက်မူး​ဝေခြင်း
3.ချမ်းတုန်ဖျားခြင်း
4.နုံးခြင်း
5.ပျို့အန်ခြင်း
6.ကိုယ်လက်များနာကျဥ်ကိုက်ခဲခြင်းတို့ဖြစ်​စေနိုင်ပါတယ်။

✅ Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)ထိုးပြီးဖြစ်​ပေါ်လာတည့် side effect ​တွေကို သက်သာ​အောင်ဘယ်လိုလုပ်လို့ရနိုင်မလည်း။

💁 Covid-19ကာကွယ်​ဆေး (Covid-19 Vaccine) ထိုးထား​သောလက်​မောင်းတစ်ဝိုက်တွင် နာကျဥ်ကိုက်ခဲမှူ့ဖြစ်​ပေါ်ပါက အဝတ်သန့်သန့်ဖြင့် ​ရေခဲးဝတ်ကပ်​ပေးနှိုင်ပါတယ်။

💁Covid-19ကာကွယ်​ဆေး (Covid-19 Vaccine) ထိုးပြီး ​ခေါင်းကိုက်မူး​ဝေခြင်း၊ ပျို့အန်ခြင်းခြင်းဖြစ်ပါက ​ရေများများ(သို့မဟုတ်) ဓါတ်ဆားရည် တစ်​နေ့ ၁-၂ ​သောက်သုံးနှိုင်ပါတယ်။ အအန်​ပျောက်​ဆေး Domperidone (သို့မဟုတ်) Maxalon တစ်လုံး ၁၂-၈ နာရီခြားပြီး​သောက်လို့ရပါတယ်။

💁ချမ်းတုန်ဖျားခြင်း၊ နုံးခြင်း၊​ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း တို့ဖြစ်​ပေါ်ပါက ​​ရေများများ​သောက်​ပေးပါ၊ ပြင်ထန်​သော​လေ့ကျင့်ခန်း​တွေလုပ်ခြင်းကို​​လျော့​​ပေးပါ၊​ရေပတ်တိုက်​ပေးပါ။

💁ဖျားတာ ၄၈နာရီ (၂ရက်) ​ကျော်လွန်ပါက ဆရာဝန်များဖြင့်တိုင်ပင်​ဆွေး​နွေး ကုသသင့်ပါတယ်။

✅ Covid-19ကာကွယ်​ဆေး(Covid-19 Vaccine) second shot တွင် side effect ရှိနိုင်လား။

💁Covid-19ကာကွယ်​ဆေး (Covid-19 Vaccine) ပထအကြိမ်ထိုးခြင်း​တွင် တစ်စုံတစ်ရာ ဆိုးကျိုးသက်​ရောက်မှု့ဖြစ်ပွားခဲ့ပါက ဒုတိယအကြိမ်ထိုးခြင်တွင် တစ်စုံတစ်ရာ အကျိုးသက်​ရောက်နှိုင်မှူ့ရှိ​ကြောင်း CDC (Center for Disease Control and Prevention) ၏ article တွင်​တွေ့ရှိရပါတယ်။

✅ Covid-19ကာကွယ်​ဆေး(Covid-19 Vaccine) ​ကြောင့် Allegric Reaction ဖြစ်ပွားမှု့မျိုးဖြစ်နိုင်လား။

💁Covid-19ကာကွယ်​ဆေး(Covid-19 Vaccine) ​ကြောင့် Allegric Reactionဖြစ်ပွားမှု့မျိုး နည်း​ပါး​ကြောင်း​တွေ့ရပါတယ်။ တစ်ခြား ကာကွယ်​ဆေးတစ်ခုခု (သို့မဟုတ်) ပထမအကြိမ် Covid-19 ကာကွယ်​ဆေးထိုးတည့်အခါ Anaphylaxisလို့​​ခေါ်တည့် allegric reactionမျိူး ဖြစ်ပွားဘူးတယ်ဆိုရင်​​တော့ Covid-19 ကာကွယ်​ဆေးမထိုးခင် (သို့မဟုတ်) ဒုတိယအကြိမ်မထိုးခင်မှာ ဆရာဝန်နှင့်​ဆွေး​နွေးတိုင်ပင်ရန်လိုအပ်ပါတယ်။

✅ Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)မထိုးခင် အကိုက်အခဲ​ပျောက်​ဆေးတစ်မျိုးမျိုး, ဥပမာ: Paracetamol ကဲ့သို့​သော အကိုက်ခဲ​ပျောက်​ဆေးမျာ​သောက်လို့ရပါလား။

💁Covid-19ကာကွယ်​ဆေး(Covid-19 Vaccine) မထိုးခင် Covid-19 Vaccine​ ကြောင့်ဖြစ်​ပေါ်လာမယ့် Side effectများကို တာဆီးသည့်အ​နေဖြင့် အကိုက်အခဲ​ပျောက်​ဆေးတစ်မျိုးမျိုး, ဥပမာ: Paracetamol ကဲ့သို့​သော အကိုက်ခဲ​ပျောက်​ဆေးမျာ​မ​သောက်သင့်ပါဘူး။
သို့​သော် Paracetamol (သို့မဟုတ်) အခြား​သောအကိုက်အခဲး​ပျောက်​ဆေးများကို Coivd-19ကာကွယ်​ဆေးထိုးပြီး​နောက်ပိုင်းတွင် side effect များ​ကြော့င်ဖြစ်​​​ပေါ်လာသည့် ဖျားခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်၊ ​ခေါင်းကိုက်ချင်းတို့ကို ကုသရန်အတွက်​သောက်သုံးနှိုင်ပါတယ်။

✅ Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)​တွေကဘယ်လိုအကျိုးသက်​ရောက်မှူ့ရှိနိုင်လည်း။

💁FDAအသိအမှတ်ပြု Covid-19ကာကွယ်​ဆေး(Covid-19 Vaccine) ​တွေက Delta နဲ့အခြားမျိုးကွဲး​တွေကို ကာကွယ်နိုင်​ကြောင်း CDC (Center for Disease Control and Prevention) ၏ article တွင်​ဖော်ပြထားသည်ကို​တွေ့ရှိရပါတယ်။ Vaccine​တွေက Covid-19​ရောဂါဖြစ်ပွားခြင်း၊ အလွန်အကျွံ​မကျန်မမာဖြစ်ခြင်းနှင့် ​သေဆုံးခြင်း​တွေကို ထိန်းထားနိုင်စွမ်းရှိပါတယ်။သို့ပင်မယ့် CoVID virus မျိုးကွဲး အသစ်များအတွက်​တော့ ယင်းကာကွယ်​ဆေးများသည် ထိ​ရောက်မှု့ရှိမရှိကို​တော့မသိန်ိုင်​သေးပါ။

✅ Covid-19 ကာကွယ်​ဆေး (Covid -19 Vaccine) ထိုးပြီးရင်​ရောCoVID virus, Covid-19​​ရောဂါကူးစက်ခံရမှူ့ဖြစ်နိုင်ပါသ​လား။

💁Covid-19ကာကွယ်​ဆေး(Covid -19 Vaccine) ​တွေက CoVID virusနဲ့ Covid-19​ရောဂါကူးစက်မှူ့တို့ကို ထိ​ရောက်စွာကားကွယ်​ပေးနိုင်​သော်လည်း 100%ပြည့်​တော့ကာကွယ်မှု့မ​ပေးနှိုင်ပါဘူး။Covid- 19 Vaccineထိုးထားတည့်လူ၁၀​ယောက်မှာ၁​ယောက်​လောက်ကလည်း Covid-19​ရောဂါဖြစ်ပွားနိုင်​​​ချေရှိပါတယ်။ ထို့အပြင် အသက်အရွယ်၊ ကျန်မာ​ရေးအ​ခြေအ​နေအရပ်ရပ်​ကြောင့်ခန္ဓာကိုယ်ခုခံအား​လျော့နည်း​နေသူများ၊ ​ရောဂါအခံ​တစ်ခု​ကြောင့် immunosuppressiveဖြစ်တည့် ဆေးဝါးတစ်ခုခု​သောက်​နေရသူများတွင် Covid-19ကာကွယ်​ဆေးထိုးထားပင်မယ့်အပြည့်အဝကာကွယ်နှိုင်ခြင်းမရှိ​သေးပါ။ထို့​ကြောင့်အပြင်ကိုထွက်တိုင်း maskကို (ပါးစပ်နှင့်နှာ​ခေါင်းတို့ကို ​သေချာစွာဖုံးအုပ်ရန်)​ သေချာဝတ်ဖို့နဲ့ ပြင်ပအရာဝတ္တုတစ်ခုခုတို့ကိုထိ​တွေ့ကိုင်တွယ်​ပြီးတိုင်း လက်ကို​သေချာစင်ကြယ်စွာ​ဆေးရန်လိုအပ်ပါတယ်။

✅ Covid-19​ရောဂါဖြစ်​နေစဥ် Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)ကိုထိုးလို့ရပါသလား။

💁Covid-19​ရောဂါဖြစ်​နေစဥ် Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)ကိုမထိုးသင့်ပါဘူး။

✅ Covid-19​ရောဂါဖြစ်ပြီးရင်​ရော Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)ကိုထိုးလို့ရပါသလား။

💁Covid-19​ရောဂါဖြစ်ပြီးရင်လည်း Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)ကိုထိုးလို့ရပါတယ်။ ဘာလို့လည်းဆို​တော့ Covid-19 ကာကွယ်​ဆေး​တွေက Covid-19​ရောဂါ​နောက်ထပ်တစ်ကြိမ်ဖြစ်ပွားချင်းကိုဖကာကွယ်​ပေးနိုင်စွမ်းရှိပါတယ်။ သို့​သော် Covidကုသချိန်အတွင်းတွင် Monoclonal Antibodiesများ(Casirivimab and imdevimab) သို့မဟုတ် Convalescent Plasma(​သွေးရည်ကြည်ကုထုံး)ကဲ့သို့သော​ဆေးများကိုထိုးထားလျှင် Covid-19ကာကွယ်​ဆေးထိုးဖို့အတွက် ရက်၉၀​​စောင့်ရန်လိုအပ်ပါတယ်။

✅ Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)​ကြောင့် Covid-19​ရောဂါဖြစ်နိုင်ပါသလား။

💁Covid-19ကာကွယ်​ဆေး(Covid-19 Vaccine)​ကြောင့် Covid-19​ရောဂါမဖြစ်နိုင်​ကြောင်းCDC (Center for Disease Control and Prevention) ၏ article တွင်​တွေ့ရှိရပါတယ်

ကိုဗစ်ဖြစ်ပြီး နေပြန်ကောင်လာသူများအတွက် နေ့စဉ်လူမှု့ပတ်ဝန်ကျင်မှာ ပုံမှန်လူများနဲ့ သွားလာနိုင်ပါသလား...ကိုဗစ်ဖြစ်ပြီး ပြ...
19/08/2021

ကိုဗစ်ဖြစ်ပြီး နေပြန်ကောင်လာသူများအတွက် နေ့စဉ်လူမှု့ပတ်ဝန်ကျင်မှာ ပုံမှန်လူများနဲ့ သွားလာနိုင်ပါသလား...
ကိုဗစ်ဖြစ်ပြီး ပြန်ကောင်သူများကနေတဆင့် တခြားလူကို ပိုးကူးစက်နိုင်ပါသလာ....
ကိုဗစ်ဖြစ်ပြီးသာ လူများကို ခွဲခြားဆက်ဆံဖို့ လိုပါသလာ....
ကိုဗစ်ဖြစ်ပြီးပြန်ကောင်လာသူများဘယ်လိုနေရမလဲ....
အထက်ပါမေးခွန်များ အမေးများလားသဖြင့် ပြန်ဖြေပေးထားပါတယ်...
 ကိုဗစ်ဖြစ်ပြီး နေပြန်ကောင်လာသူများအတွက် နေ့စဉ်လူမှု့ပတ်ဝန်ကျင်မှာ ပုံမှန်လူများနဲ့ သွားလာနိုင်ပါတယ်....
 ကိုဗစ်ဖြစ်ပြီး ပြန်ကောင်းတာ သေချာရင် တခြားလူကိုကူးစက်ခြင်းမရှိတော့ပါ ...
 ကိုဗစ်ဖြစ်ပြီးသာ လူများကို ခွဲခြာ မဆက်ဆံပါနဲ... တတ်နိုင်သလောက်သူတို့ကို စိတ်ခွန်အားများ ပေးနိုင်သလောက်ပေးပါ အားပေးပါ.. သူတို့ကို စိတ်ဓာတ်ကျစေမဲ့အရာတွေကို ရှောင်ပါ ....
 ကိုဗစ်ဖြစ်ပြီး ပြန်ကောင်လာသူများနေ့စဉ်ဘဝမှာ ဘလိုနေသင့်လဲဆိုတဲ့အရာတွေကို အကျဉ်ချုပ်ရေး ပေးထားပါတယ် ....
1 အစားအသောက်ကိုဝင်အောင်စားပါ...အဟာရပြည့်စုံအောင်တတ်နိုင်သလောက်စားသောက်ပေးပါ..
2 ကိုယ်လက်လှုပ်ရှာမှု့တွေ ၊ လေ့ကျင့်ခန်းတွေ လုပ်ပေးပါ...
3 ရေများများသောက်ပါ...
4 နေ့စဉ်နေပူစာလှုံပေးပါ..
5 မိမိစိတ်ကို ကြံခိုင်အောင်လုပ်ပါ... ကိုယ်ယုံကြည်ရာဘာသာတရားဖြင့် စိတ်ကိုကျန်မာအောင်နေထိုင်ပါ...
6 အိပ်ရေးဝဝအိပ်ပါ...
7 ဖြစ်နိုင်လျှင် ဆေးလိပ်ဖျက်ပါ...
8 မိမိခန္ဓာကိုယ်ကို အထူးသထိထားပါ ... ပြောင်းလဲမှူ့များရှိနေနိုင်ပါတယ်...
9 အသက်ရှူလေ့ကျင်းခန်းများများလုပ်ပါ...
10 မိမိကိုယ်ကိုမိမိယုံကြည်မှု့ထားပါ
အားလုံနဲ့အတူ ဒီ ကပ်ဆိုးကြီးကို ကျော်လွှာနိုင်ရပါမယ်.... အားလုံကျန်မာရေးကိုအထူးဂရုစိုက်ကြပါ...

#ကိုဗစ်ဆေးခန်း

20ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်
19/08/2021

20ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်

သြဂုတ်လ ၁၅ရက်နေ့အတွက် တုံကင်များကို အခုအချိန်မှ စတင်ပြီး တုံကင်များ ရယူနိုင်ပါပြီဖြစ်ပါတယ်။
(ညနေ ၆နာရီမှ နံနက် ၉နာရီအတွင်းသာ)

တုံကင်ယူပြီးပါက Post အောက်မှာ လို့ Commentရေးပေးပါပြီးမှသာ တုံကင်ယူခြင်းစနစ် အောင်မြင်မှာဖြစ်ပါတယ်

တုံကင်ယူရန်အတွက် အောက်ပါ link မှ ဝင်ရောက်ပြီး မေးထားသည့်မေးခွန်းများကို မှန်ကန်စွာဖြည့်စွက်၍ တုံကင် ရယူနိုင်ပါတယ်

ဖောင်တင်ရန် လင့်
https://bit.ly/Covid-Clinic-Token

နေ့စဉ် ညနေ 6 နာရီ မှ နံနက် 9 နာရီထိ ကိုဗစ်-ဆေးခန်းမှာ တုံကင် ယူနိုင်ပါပြီနော်...

19ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်
18/08/2021

19ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်

သြဂုတ်လ ၁၅ရက်နေ့အတွက် တုံကင်များကို အခုအချိန်မှ စတင်ပြီး တုံကင်များ ရယူနိုင်ပါပြီဖြစ်ပါတယ်။
(ညနေ ၆နာရီမှ နံနက် ၉နာရီအတွင်းသာ)

တုံကင်ယူပြီးပါက Post အောက်မှာ လို့ Commentရေးပေးပါပြီးမှသာ တုံကင်ယူခြင်းစနစ် အောင်မြင်မှာဖြစ်ပါတယ်

တုံကင်ယူရန်အတွက် အောက်ပါ link မှ ဝင်ရောက်ပြီး မေးထားသည့်မေးခွန်းများကို မှန်ကန်စွာဖြည့်စွက်၍ တုံကင် ရယူနိုင်ပါတယ်

ဖောင်တင်ရန် လင့်
https://bit.ly/Covid-Clinic-Token

နေ့စဉ် ညနေ 6 နာရီ မှ နံနက် 9 နာရီထိ ကိုဗစ်-ဆေးခန်းမှာ တုံကင် ယူနိုင်ပါပြီနော်...

18ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်
17/08/2021

18ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်

သြဂုတ်လ ၁၅ရက်နေ့အတွက် တုံကင်များကို အခုအချိန်မှ စတင်ပြီး တုံကင်များ ရယူနိုင်ပါပြီဖြစ်ပါတယ်။
(ညနေ ၆နာရီမှ နံနက် ၉နာရီအတွင်းသာ)

တုံကင်ယူပြီးပါက Post အောက်မှာ လို့ Commentရေးပေးပါပြီးမှသာ တုံကင်ယူခြင်းစနစ် အောင်မြင်မှာဖြစ်ပါတယ်

တုံကင်ယူရန်အတွက် အောက်ပါ link မှ ဝင်ရောက်ပြီး မေးထားသည့်မေးခွန်းများကို မှန်ကန်စွာဖြည့်စွက်၍ တုံကင် ရယူနိုင်ပါတယ်

ဖောင်တင်ရန် လင့်
https://bit.ly/Covid-Clinic-Token

နေ့စဉ် ညနေ 6 နာရီ မှ နံနက် 9 နာရီထိ ကိုဗစ်-ဆေးခန်းမှာ တုံကင် ယူနိုင်ပါပြီနော်...

17ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်
16/08/2021

17ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်

သြဂုတ်လ ၁၅ရက်နေ့အတွက် တုံကင်များကို အခုအချိန်မှ စတင်ပြီး တုံကင်များ ရယူနိုင်ပါပြီဖြစ်ပါတယ်။
(ညနေ ၆နာရီမှ နံနက် ၉နာရီအတွင်းသာ)

တုံကင်ယူပြီးပါက Post အောက်မှာ လို့ Commentရေးပေးပါပြီးမှသာ တုံကင်ယူခြင်းစနစ် အောင်မြင်မှာဖြစ်ပါတယ်

တုံကင်ယူရန်အတွက် အောက်ပါ link မှ ဝင်ရောက်ပြီး မေးထားသည့်မေးခွန်းများကို မှန်ကန်စွာဖြည့်စွက်၍ တုံကင် ရယူနိုင်ပါတယ်

ဖောင်တင်ရန် လင့်
https://bit.ly/Covid-Clinic-Token

နေ့စဉ် ညနေ 6 နာရီ မှ နံနက် 9 နာရီထိ ကိုဗစ်-ဆေးခန်းမှာ တုံကင် ယူနိုင်ပါပြီနော်...

16ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်
15/08/2021

16ရက်နေ့အတွက် တုံကင်ယူနိုင်ပါပြီနော်

သြဂုတ်လ ၁၅ရက်နေ့အတွက် တုံကင်များကို အခုအချိန်မှ စတင်ပြီး တုံကင်များ ရယူနိုင်ပါပြီဖြစ်ပါတယ်။
(ညနေ ၆နာရီမှ နံနက် ၉နာရီအတွင်းသာ)

တုံကင်ယူပြီးပါက Post အောက်မှာ လို့ Commentရေးပေးပါပြီးမှသာ တုံကင်ယူခြင်းစနစ် အောင်မြင်မှာဖြစ်ပါတယ်

တုံကင်ယူရန်အတွက် အောက်ပါ link မှ ဝင်ရောက်ပြီး မေးထားသည့်မေးခွန်းများကို မှန်ကန်စွာဖြည့်စွက်၍ တုံကင် ရယူနိုင်ပါတယ်

ဖောင်တင်ရန် လင့်
https://bit.ly/Covid-Clinic-Token

နေ့စဉ် ညနေ 6 နာရီ မှ နံနက် 9 နာရီထိ ကိုဗစ်-ဆေးခန်းမှာ တုံကင် ယူနိုင်ပါပြီနော်...

သြဂုတ်လ ၁၅ရက်နေ့အတွက် တုံကင်များကို အခုအချိန်မှ စတင်ပြီး တုံကင်များ ရယူနိုင်ပါပြီဖြစ်ပါတယ်။(ညနေ ၆နာရီမှ နံနက် ၉နာရီအတွင်...
14/08/2021

သြဂုတ်လ ၁၅ရက်နေ့အတွက် တုံကင်များကို အခုအချိန်မှ စတင်ပြီး တုံကင်များ ရယူနိုင်ပါပြီဖြစ်ပါတယ်။
(ညနေ ၆နာရီမှ နံနက် ၉နာရီအတွင်းသာ)

တုံကင်ယူပြီးပါက Post အောက်မှာ လို့ Commentရေးပေးပါပြီးမှသာ တုံကင်ယူခြင်းစနစ် အောင်မြင်မှာဖြစ်ပါတယ်

တုံကင်ယူရန်အတွက် အောက်ပါ link မှ ဝင်ရောက်ပြီး မေးထားသည့်မေးခွန်းများကို မှန်ကန်စွာဖြည့်စွက်၍ တုံကင် ရယူနိုင်ပါတယ်

ဖောင်တင်ရန် လင့်
https://bit.ly/Covid-Clinic-Token

နေ့စဉ် ညနေ 6 နာရီ မှ နံနက် 9 နာရီထိ ကိုဗစ်-ဆေးခန်းမှာ တုံကင် ယူနိုင်ပါပြီနော်...

Address

Mandalay

Alerts

Be the first to know and let us send you an email when ကိုဗစ် - ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကိုဗစ် - ဆေးခန်း:

Share