Prana Spa Training Academy

Prana Spa Training Academy Step inside to a private and exclusive sanctuary for a therapeutic experience.

🔑 𝙐𝙣𝙡𝙤𝙘𝙠 𝙎𝙥𝙖 𝙎𝙪𝙘𝙘𝙚𝙨𝙨 𝙬𝙞𝙩𝙝 𝙀𝙭𝙥𝙚𝙧𝙩 𝘾𝙤𝙪𝙣𝙨𝙚𝙡𝙞𝙣𝙜 !🌿 𝙎𝙥𝙖 ဖွင့်လှစ်ဖို့ ကြံရွယ်နေတဲ့ လုပ်ငန်းရှင်များအတွက် Prana Spa Training A...
28/08/2023

🔑 𝙐𝙣𝙡𝙤𝙘𝙠 𝙎𝙥𝙖 𝙎𝙪𝙘𝙘𝙚𝙨𝙨 𝙬𝙞𝙩𝙝 𝙀𝙭𝙥𝙚𝙧𝙩 𝘾𝙤𝙪𝙣𝙨𝙚𝙡𝙞𝙣𝙜 !

🌿 𝙎𝙥𝙖 ဖွင့်လှစ်ဖို့ ကြံရွယ်နေတဲ့ လုပ်ငန်းရှင်များအတွက် Prana Spa Training Academy ရဲ့ 𝘾𝙤𝙪𝙣𝙨𝙚𝙡𝙞𝙣𝙜 𝙎𝙚𝙨𝙨𝙞𝙤𝙣 ပြန်လည်စတင်ပါပြီရှင် 😊

အရင်းအနှီးများစွာစိုက်ထုတ်ရတဲ့ လုပ်ငန်းရပ်တွေမှာ ❌ မှားယွင်းတဲ့ ခြေတစ်လှမ်းဟာ ကြီးမားတဲ့ ဆုံးရှုံးမှုကို ဦးတည်စေတယ်မဟုတ်လားရှင် ?

ဒါကြောင့် ပြိုင်ဆိုင်မှုများလာတဲ့ ဒီလိုအချိန်များမှာ အခြေခံခိုင်ခိုင်မာမာနဲ့ ရပ်တည်နိုင်ဖို့အတွက်...

𝗦𝗽𝗮 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 နှင့်ပတ်သက်ပြီး အတွေ့အကြုံများပြားကာ
𝙄𝙣𝙩𝙚𝙧𝙣𝙖𝙩𝙞𝙤𝙣𝙖𝙡 𝘼𝙘𝙘𝙧𝙚𝙙𝙞𝙩𝙚𝙙 𝙎𝙥𝙖 𝙏𝙝𝙚𝙧𝙖𝙥𝙞𝙨𝙩 & 𝙃𝙚𝙖𝙡𝙩𝙝 𝙀𝙙𝙪𝙘𝙖𝙩𝙤𝙧 ကျွမ်းကျင်ပညာရှင်လည်းဖြစ်တဲ့ 𝙋𝙧𝙖𝙣𝙖 𝙁𝙤𝙪𝙣𝙙𝙚𝙧 များရဲ့ တိကျသေချာတဲ့ 🌟 𝘾𝙤𝙪𝙣𝙨𝙚𝙡𝙞𝙣𝙜 ကို ရယူလိုက်ပါရှင် 😊

လုပ်ငန်းရှင်မိတ်ဆွေတို့အတွက် လုပ်ငန်မစတင်မှီကတည်းက အောင်မြင်ဖို့ ၅၀% သေချာနေစေဖို့အတွက် ဖုန်းတစ်ချက်အရင် ဆက်သွယ်လိုက်ပါ 👍🏻

𝘾𝙖𝙡𝙡 𝙐𝙨 𝙏𝙤 𝙐𝙣𝙡𝙤𝙘𝙠 𝙎𝙪𝙘𝙘𝙚𝙨𝙨 𝙞𝙣 𝙩𝙝𝙚 𝙎𝙥𝙖 𝙄𝙣𝙙𝙪𝙨𝙩𝙧𝙮 ! 🌿
📞 𝟬𝟵 𝟮𝟬𝟰 𝟮𝟬𝟰 𝟮

Attention all spa business owners! Are you struggling to grow your spa, attract more clients, or increase profits? Our e...
11/06/2023

Attention all spa business owners! Are you struggling to grow your spa, attract more clients, or increase profits? Our expert business counselors are here to help! Join us for a special Spa Business counseling session where we'll share effective strategies and tips to help your spa succeed. Don't miss this opportunity to learn from the best in the industry and take your business to the next level. Register now to reserve your spot!
Call us 092042042

အားလုံးဘဲမင်္ဂလာပါခင်ဗျာPrana Spa Mandalay ကနေပီးတော့ “Relaxing Body Healing Massage” “Vocational training” First Batch သင...
28/05/2022

အားလုံးဘဲမင်္ဂလာပါခင်ဗျာ

Prana Spa Mandalay ကနေပီးတော့ “Relaxing Body Healing Massage” “Vocational training” First Batch သင်တန်းတခုကို "အခမဲ့"သင်ကြားပို့ချပေးသွားမည့်အစီစဉ်တခုဖြစ်ပါတယ်၊

သင်တန်းတည်နေရာ က "မန်းတလေးမြို့"ဖြစ်ပါတယ်၊

ဒီသင်တန်းရဲ့ရည်ရွယ်ကတော့ အလုပ်အကိုင်အခွင့်အလမ်းနဲပါးနေတဲ့အခုလိုအချိန်အတွက် motivation အားတခုဖြစ်စေဖို့ရည်ရွယ်တာဖြစ်ပါတယ်၊

သင်တန်းပီးရင်လည်း အောင်လက်မှတ်ကိုရဖို့ အတွက်စာမေးပွဲဖြေဆိုရပါမယ်၊

Vocational training ဆိုတာပြည်တွင်း/ပြည်ပ အလုပ်တခုအလွယ်တကူရအောင်ပန့်ပိုးပြင်ဆင်ပေးတဲ့သင်တန်းတခုဖြစ်တယ်၊

Spa လောကမှာ "မာဆတ်" လောက်ဘဲသိပီး ဘာမှသေချာမသိသေးတဲ့ သူတွေအတွက် အကြိုးပြုသင်တန်းတခုဖြစ်ပါတယ်၊

ဒီသင်တန်းရဲ့ရည်ရွယ်ချက်ကတော့ငွေကြေးမတပ်နိင်သူများအတွက်သာရည်ရွယ်ထားတာဖြစ်ပါတယ်၊

ငွေကြေးတပ်နိင်သူများအနေနဲ့ကတော့ ကျပ် 5 သိန်းပေးပီးတက်ရမှာဖြစ်ပေမဲ့ ဦးစားပေးမည်မဟုတ်ပါ၊

International Spa Industry တွင်အကြုံးဝင်မည့် certification ဘွဲ့လက်မှတ်ပေးသွားပါမှာဖြစ်ပါတယ်၊

လူဦးရေကန့်သပ်မှုရှိပါတယ်၊ လူတွေ့ သို့မဟုတ် online တွေ့ဆုံမှုမေးမြန်းမှုရှိပါမယ်၊ interview ပါမယ်၊

CV form ကိုယ်ရေးအကျဉ်း ကို Messenger တွင်ပို့ပီးလျောက်ထားနိင်ပါတယ်။

Prana Spa Mandalay

27/01/2022
05/09/2020

Skin (အရေပြား) အကြောင်း
(ဒုတိယပိုင်း)

📌 ဒီနေ့ဒုတိယပိုင်းဗဟုသုတ
အနေနဲ့skin ပေါ်မှာဘယ်လို ရောဂါမျိုးတွေဖြစ်ပေါ်နိုင်လဲ မိမိ skin ကဘယ်လိုတည်ဆောက်ထားတာလဲဆိုတာလေးမျှဝေပေးချင်ပါရှင် 😊
မိမိရဲ့skin လေးကို သေခြာဆန်းစစ် နိုင်ဖို့ရည်ရွယ်ပါတယ်နော်❤️

❇️ Skin ရဲ့အပေါ်မှာမတူညီတဲ့ ၇ မျိုးနဲ့
ရောဂါသက်ရောက်မှူဖြစ်ပေါ်နိုင်ပါတယ်

1; Congenital -မွေးရာပါဖြစ်သော
2; Bacterial -ယင်းကြောင့်ဖြစ်သော
3; Viral - ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော
4; Fungal- မှိုကြောင့်ဖြစ်စဉ်
5; Pigmentation disorders-အရောင်
ဓါတ်လွန်ကဲခြင်းကြောင့်ဖရိုဖရဲဖြစ်ခြင်း
6; Skin Cancers - အရေပြားကင်ဆာများ
ကြောင့်
7; General conditions - အထွေထွေအခြေအနေ များကြောင့်ဖြစ်ခြင်းတွေနဲ့ဖြစ်ပေါ်စေနိုင်ပါတယ်
🔑ဒါတွေကိုကြိုသိထားမယ်လို့ဆိုရင် ကြိုတင်ကာကွယ် ရှေင်ရှားနိုင်တာပေါ့နော်☺️
❇️ Skin ဟာဆိုရင် ကျွန်မတို့ရဲ့လူ့ခန္ဓာ
ကိုယ်တခုလုံးရဲ့အကြီးဆုံးကိုယ်အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်
ခန္ဓာကိုယ်တခုလုံးရဲ့အရေပြားများကိုဆွဲဆန့်ပြီးတိုင်းထွာကြည့်လိုက်မယ်ဆိုရင်
11 to 18 Square metersရှိနိုင်ပြီး ခန္ဓာ
ကိုယ်တခုလုံး Body weighs ရဲ့ 12% ရှိပါတယ်
🔑 ကိုယ့်skin ကိုသိထားရမဲ့အချက်လေးပါ
❇️ Skinရဲ့ အထူအနေအထားကိုပြောရမယ်ဆိုရင် အထူဆုံးဖြစ်တဲ့ ခြေဖဝါးဟာ
6 mm ရှိပြီး အပါးဆုံးဖြစ်တဲ့ မျက်ခွံလေးကတော့ 0.5 mmရှိပါတယ်
🔑သူ့နေရာနဲ့သူကာကွယ်ပေးထားတာပေါ့နော်💯
❇️ Skin ဟာချောမွေ့နေပေမဲ့လဲ သူ့ရဲ့မျက်နှာပြင်ကို ပုံကြီးချဲ့တဲ့ကိရိယာနဲ့ကြည့်မယ်ဆိုရင် အလွန်မှသေးငယ်တဲ့
dead cells အလွှာတွန့်လေးများနဲ့တည်ရှိနေတာကိုတွေ့ရပါတယ်
🔑 dead cells တွေကိုဖယ်ရှားပစ်မှ healthy skin ဖြစ်မှာပါ

ဒါတွေအားလုံးကတော့မိမိရဲ့Skin အကြောင်းလေးကိုသိသင့်တဲ့အချက်အလက်လေးတွေပါ
မိမိရဲ့ Skin လေးကိုချစ်ပါ စောင့်ရှောက်ပါ
အမြဲထိန်းသိမ်းပါနော် ❤️
Skin လေးကိုနားလည်တတ်ကျွမ်းသူများနဲ့
တိုင်ပင်ပါ ဆွေးနွေးပါ မလိုအပ်တာ
မလုပ်ပါနဲ့ လိုအပ်တာလုပ်ပါ လို့အကြံပေးပါရစေနော်
နောက်ရက်တွေမှာလဲဗဟုသုတအနေနဲ့တင်ပါအုံးမယ်နော်
ကျေးဇူးတင်ပါတယ်🙏
Nina

◦

04/09/2020

Skin (အရေပြား) အကြောင်း
(ပထမပိုင်း)

📌 Skin တည်ဆောက်ထားပုံနဲ့သူ့ရဲ့လုပ်ဆောင်ချက်ကလေးများကိုဗဟုသုတ
အနေနဲ့မျှဝေပေးချင်ပါရှင် 😊
မိမိရဲ့skin လေးကိုတယုတယဂရုစိုက်နိုင်ဖို့ရည်ရွယ်ပါတယ်နော်❤️

Skin (အရေပြား) ဆိုတာဘာလဲ?

✔️Skin ဆိုတာ မိမိတို့ရဲ့ခန္ဓာကိုယ်ကို
ကာကွယ်ပေးထားတဲ့ခန္ဓာကိုယ်ရဲ့အပြင်
ဘက်က အလွှာလေးတခုဖြစ်ပါတယ်
❇️ Skin ဟာ အလွှာလေး၂ခုနဲ့ဖွဲ့စည်းထား
ပါတယ်
1️⃣( Epidermis) အရေပြားအပေါ်ယံလွှာ 2️⃣(Dermis) အရေပြားအောက်မှသက်ရှိ
တစ်ရှူးအလွှာဆိုပြီး၂ ခုရှိပါတယ်နော်
❇️ Skin ဟာဆိုရင်သူ့ရဲ့တာဝန် ၈ ခုကိုထမ်းဆောင်ပါတယ်
🔑 Secretion လျို့ဝှက်ခြင်း,🔑 Heat regulation အပူအအေးကာကွယ်နိုင်ခြင်း,
🔑 Absorption စုပ်ယူခြင်းနဲ့ဆီးတားဒဏ်ခံပေးခြင်း, 🔑 Protection အကာအကွယ်ပေးနိုင်ခြင်း,
🔑Elimination သုတ်သင်ဖယ်ရှားနိုင်ခြင်း, 🔑Sensation အတွေ့အထိခံစားနိုင်စွမ်း, 🔑 Vitamin-D နဲ့ 🔑 Melanin ဒြပ်ကိုထုပ်လုပ်နိုင်တဲ့အစွမ်းရှိပါတယ်
(Vitamin D ကတော့ အရိုး ,သွားနဲ့ ကြွက်သားများကို ကျန်းမာစေပြီး
Melanin ကတော့ UV Rays တွေရဲ့ဒဏ်ကနေအကာအကွယ်ပေးနိုင်ပါတယ်)

နောက်နေ့တွေမှာဒုတိယပိုင်းဆက်ရေးပြီးတင်ပေးပါမယ် ကျေးဇူးတင်ပါတယ် 🙏

Nina

ကိုယ်လိုချင်တဲ့အရာ ကိုပြတ်သားစွာသိဖို့တော့လိုအပ်ပါတယ်။  ပြတ်သားတဲ့ရည်ရွယ်ချက် ရှိတဲ့လူတစ်ယောက်ဟာ အကြမ်းတမ်းဆုံး လမ်းပေါ်မ...
20/08/2020

ကိုယ်လိုချင်တဲ့အရာ ကိုပြတ်သားစွာသိဖို့တော့လိုအပ်ပါတယ်။

ပြတ်သားတဲ့ရည်ရွယ်ချက် ရှိတဲ့လူတစ်ယောက်ဟာ အကြမ်းတမ်းဆုံး လမ်းပေါ်မှာလျှောက်နေစေပေမယ့်လည်း ရည်ရွယ်ချက် ထမြောက်အောင် လုပ်နိုင်တယ်။

ရည်ရွယ်ချက် မရှိတဲ့သူတစ်ယောက်ဟာ အချောမွေ့ဆုံးလမ်းပေါ်မှာ လျှောက်လှမ်းနေပေမယ့်လည်း ဘာကိုမွ ထမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူးလို့
ကလည်းပြောတယ်။

ွ"အောင်မြင်မှု" အစိတ်အပိုင်းဖြစ်တဲ့ ပြတ်သားတဲ့ရည်ရွယ်ချက်နဲ့ ရှေ့ဆက် ကြိုးစားကြရအောင်။

Credit SoeHein

Prana Spa Training Academy မှ နိင်ငံတကာအဆင့်မှီသင်တန်းများကိုတဦးချင်းသင်ကြားစနစ်ဖြင့်သင်ကြားပေးနေပါတယ်၊သင်တန်းပေးသူကိုယ...
10/08/2020

Prana Spa Training Academy မှ နိင်ငံတကာအဆင့်မှီသင်တန်းများကိုတဦးချင်းသင်ကြားစနစ်ဖြင့်သင်ကြားပေးနေပါတယ်၊

သင်တန်းပေးသူကိုယ်တိုင်...

University of Irvine California (UCI) မှ ဘွဲ့ရရှိပီး California ပြည်နယ်ရဲ့လုပ်ငန်းလိုင်စင်ကိုင်ထားတဲ့သူဖြစ်ပါတယ်၊

အထူးသဖြင့် ဒီမှာ leadership သင်တန်း ခနနားပြီး supportership သင်တန်းဖွင့်ရမယ်Supporter မရှိပဲနဲ့ leader ဆိုတာ မရှိနိုင်ပါ...
08/08/2020

အထူးသဖြင့် ဒီမှာ leadership သင်တန်း ခနနားပြီး supportership သင်တန်းဖွင့်ရမယ်
Supporter မရှိပဲနဲ့ leader ဆိုတာ မရှိနိုင်ပါဘူး

Supporter role ဟာ Leader ထက်ညံ့တယ် ဆိုတဲ့ အတွေးမျိုးက ဘောင်ကျဉ်းလွန်းတယ်

အထူးသဖြင့် ဒီမှာက
Good Supporter တွေကို မထောက်ခံတဲ့ အပြင် နှိမ်တာ လှောင်တာ ဆိုးလွန်းတယ်

တကိုယ်ကောင်းဆန်တဲ့ သူတော်တော် များများဟာ သူတို့ ကိုယ်တိုင် supporter ကောင်း မဟုတ်သလို
သူများကိုလဲ နားမလည်ပေးနိုင် ...
လူ့သဘာဝက သူတို့ နားမလည်တဲ့ ကိစ္စဆို မနှစ်မြို့..
မနှစ်မျို့ တော့ မကောင်းပြော...

Supporter ဆိုတာ
dependent မဟုတ်ပါဘူးနော်
Supporter ဆိုတာ နောက်က ကျားကန်ပြီးထောက်ထားတဲ့ဒေါက်ပါ
Dependent က အပုံလိုက်ကြီးထိုင်နေတဲ့ မှီခိုပါ

အထူးသဖြင့် အိမ်ရှင်မတွေဟာ
လခစားမှ လုပ်မနေရင် မှီခိုလို့ထည့်နေရတာမျိုးဟာ အရမ်း unfair ဖြစ်လွန်းတယ်
အဲ့လို ဖြည့်ဖို့ စခဲ့တဲ့ စနစ်ဟာ ကြာလှပြီမို့အရှည်ကြီးလဲ မပြောချင်တော့ဘူး
အဓိကက စာရွက်ပေါ်က စာလုံးထက်
အပြင်က မျက်လုံးတွေကို ပြင်ဖို့
အမြင်တွေကို ပြင်ဖို့ပါ

အဲ့ဒါက ထားပါတော့ဆို

သူငယ်ချင်း အချင်းချင်းလုပ်ပေးနေရင်
ဘာလို့ အဲ့လောက် ကြောက်နေရတာ ဆိုတဲ့မေးခွန်း

ချစ်သူအချင်းချင်းလုပ်ပေးနေရင်လဲ
အမ်းနေတာလား ဆိုတဲ့မေးခွန်း

စီးပွါးမိတ်ဆွေ တယောက်ယောက်ကို ကူညီနေရင်တောင်
ဘာပြန်ရလဲ ဆိုတဲ့မေး ခွန်း

မိဘနဲ့သားသမီးတောင်
နင်သိပ်အလိုမလိုက်နဲ့ဆိုတာမျိုး

ဆွေမျိုးမောင်နှမတွေ မှာတောင်
သူ့အလှည့် ကိုယ့်အလှည့်ဆိုတာမျိုး

ဝန်ထမ်း အချင်းချင်းဆို
ကျောနေတာ မခံနဲ့ ဆိုတာမျိုး

အရာရာကို သာတာ နာတာ တွက်လွန်းတယ်
ချစ်ခြင်းမေတ္တာ ရဲ့ ကဏ္ဍက ပျောက်လွန်းတယ်
ဘေးကနေ judge လုပ်လွန်းတယ်

သိဖို့က Supporter လုပ်နေတဲ့ သူတွေဆိုတာ ထုံလို့ အလို့ အသုံးမကျလို့မဟုတ်ဘူး
မွေးထဲကိုက နှလုံးသား အကြီးကြီးနဲ့ မွေးလာလို့ပါ

မနက်ဖြန် သေမယ်ဆို ကိုယ်ကူပေးခဲ့သူ
ကိုယ်ကောင်းပေးခဲ့တဲ့သူ ဘယ်နှယောက်
ရှိလဲ ဆိုတာမျိုးကို သာယာသလို့

ပေးဆပ်သူတို့နှလုံးသားဆိုတာကို
Fame, money, s*x ပဲ ခေါင်းထဲ ပြည့်နေတဲ့ ခေတ်ကြီးမှာ နားလည်အောင်ရှင်းပြရခက်တယိ

ဟုတ်ကဲ့
ကျွန်မကတော့ Proud Supporter ပါ။
စိတ်ပါသလ်ု စိတ်ပါတဲ့သူကို စိတ်ပါသလောက်
ရှယ် Support ပါ တယ်။

မသိဘူး support မယ်။
Credit Wutyi Phyu

တခါက အဖေဟာ သူ့သားကို မီးဖိုချာင်ထဲခေါ်သွားပြီး ချက်ခါစရှိတဲ့ကြက်သားဟင်းအိုးကို မြည်းခိုင်းတယ် သားကမြည်းတဲ့အချိန်မှာ ဟင်းအ...
22/04/2020

တခါက အဖေဟာ သူ့သားကို မီးဖိုချာင်ထဲခေါ်သွားပြီး ချက်ခါစရှိတဲ့ကြက်သားဟင်းအိုးကို မြည်းခိုင်းတယ် သားကမြည်းတဲ့အချိန်မှာ ဟင်းအရသာပေါ့နေတာကိုသိတော့ လိုအပ်သလောက် ဆားလေးထည့်ခိုင်းထားတာပေါ့

ခနကြာတော့ သားက အဖေ့ကို ပြန်မြည်းကြည့်ရမလားမေးလေတယ် အဲ့အခါ အဖေက သားကို င်္ဒဟင်းအိုးထဲမှာ သားဘာတွေမြင်လဲလို့ ပြန်မေးသတဲ့

သားကလည်း ကြက်သားတုံးတွေ ဆီတွေ အရောင်တွေစုံအောင်ဖြေတာပေါ့ အဲ့ချိန်မှာ အဖေက သားခုနကထညါ့လိုက်တဲ့ ဆားရော လို့ ထောက်ပြလိုက်သတဲ့

ကျတော်တို့နေ့စဉ်ဘဝကြီးမှာ နေရာတကာမှာ ရှေ့ထွက်ပြနေမှ အောင်မြင်မှုရရှိနေတာမဟုတ်ပါဖူး တခါတရံမှာ ဇာတ်စင်အနောက်ကနေ နှိမ့်ချစွာ တိတ်ဆိတ်စွာ ဂုဏ်ယူကြည်နူးဝမ်းသာစွာနဲ့ လက်ခုပ်တီးအားပေးနေတတ်ခြင်းဟာလည်း တကယ့်စစ်မှန်တဲ့အောင်မြင်မှုတခုပါပဲ

Story reference from ဆရာကိုကိုမောင် GEM

Address

No. (417), Corner Of 22nd & 63rd Street, Aung Myae Thazan Township
Mandalay
00952

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00
Sunday 10:00 - 22:00

Telephone

092042042

Alerts

Be the first to know and let us send you an email when Prana Spa Training Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Prana Spa Training Academy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Prana Spa Training Academy ဟာ

Spa လောကမှာ Professional တစ်ဦးအဖြစ် ရပ်တည်လိုသူတွေ

ကိုယ်ပိုင် Spa ဖွင့်လိုသူတွေ အတွက်

✨ Body အပိုင်း၊ Foot အပိုင်း၊ Facial အပိုင်းတွေနဲ့