ဗေဒသုတေသီ ဆရာအောင်ကျော်မိုး

  • Home
  • Myanmar
  • Mandalay
  • ဗေဒသုတေသီ ဆရာအောင်ကျော်မိုး

ဗေဒသုတေသီ ဆရာအောင်ကျော်မိုး (Your Action Is Your Destiny)
" သင့်ရဲ့လုပ်ဆောင်ချက်တွေက သင့်ရဲ့
ကံကြမ္မာဖြစ်ပါတယ် "

ဟုတ်ရှိပါတယ်09459045332 နံပါတ်ကို လွဲလိုက်ပါ Trand တောင် ဂျွိုင်းစရာမလိုတော့ဘူးကျေးဇူးပဲ ငါ့ Client တွေ 😏
30/04/2026

ဟုတ်ရှိပါတယ်
09459045332 နံပါတ်ကို လွဲလိုက်ပါ

Trand တောင် ဂျွိုင်းစရာမလိုတော့ဘူး
ကျေးဇူးပဲ ငါ့ Client တွေ 😏

လူတွေဟာ ရှင်းရှင်းလင်းလင်းဖြစ်တာကို သဘောကျတယ်၊ ရှုပ်ထွေးနေတာတွေကို သဘောမကျဘူးဒါကိုနားလည်ရင် ဗေဒင်ဟောရတာလွယ်ပါတယ်..ကျွန်တ...
30/04/2026

လူတွေဟာ ရှင်းရှင်းလင်းလင်းဖြစ်တာကို သဘောကျတယ်၊ ရှုပ်ထွေးနေတာတွေကို သဘောမကျဘူး

ဒါကိုနားလည်ရင် ဗေဒင်ဟောရတာလွယ်ပါတယ်..

ကျွန်တော် ဘယ်လိုမျိုး Follow-up လုပ်လဲဆိုတာ သိချင်ကြသူတွေရှိလို့ အခု ပြပေးလိုက်ပါပြီ ခင်ဗျာ..။

ကျွန်တော့်ဆီမှာ ဗေဒင်မေးရင် အခုလို Service တွေ ရရှိမှာဖြစ်ပါတယ်..။ ဟောချက်တွေက ရှင်းလင်းတယ်၊ မရှုပ်ထွေးဘူး၊ ​ဖြစ်နိုင်မယ့်အရာကိုသာ ဟောပေးပြီး မဖြစ်နိုင်တဲ့အရာတွေကို ဟောကြားပေးခြင်းမလုပ်ပါ။

မှတ်ချက်.. Follow up လုပ်တဲ့ message ဖြစ်ပြီး
ကျွန်တော် အသံဖိုင် / ဖုန်းခေါ်ဆိုမှု တို့ဖြင့်
အဓိက ဆွေးနွေးပေးတာ ဖြစ်ပါတယ်။

29/04/2026

ဗေဒင်မေးပြီးရင်လည်း
အကျိုးအကြောင်းလေးတော့ ပြောကြပါအုံး

အဟောမရခင်တော့ ဘယ်တော့အလှည့်ကျမလဲဆိုတာ Messenger တစ်တောင်တောင်နဲ့

အသံဖိုင်လဲ ပို့ပြီးရော
အဖတ်တောင်မလုပ်ကြတော့ဘူး

ဒီက Virgo နော်
အလုပ်လုပ်ရင် တိတိကျကျပဲ

အသံဖိုင်ပို့ပြီး အကျိုးအကြောင်း
ပြန်မလာရင် တစ်သက်လုံး

အပျိုကြီး လူပျိုကြီးဖြစ်ပါစေလို့
အဓိဋ္ဌာန် ပြု ဆုတောင်းပေးတော့မှာ.. 😏

အနုပညာလုပ်ငန်းကိုပြတဲ့ သောကြာကျွန်တော့်အနေနဲ့ ဇာတာမှာ သောကြာဂြိုဟ်က Career & Business ကိုပြသတဲ့ ဂြိုဟ်အနေနဲ့ ပါဝင်လာပြီဆ...
27/04/2026

အနုပညာလုပ်ငန်းကိုပြတဲ့ သောကြာ

ကျွန်တော့်အနေနဲ့ ဇာတာမှာ
သောကြာဂြိုဟ်က Career & Business ကို
ပြသတဲ့ ဂြိုဟ်အနေနဲ့ ပါဝင်လာပြီဆိုရင်
အချိန်ပေးပြီး သေချာ စစ်ဆေးဖြစ်ပါတယ်။

ဘာလို့လဲဆိုရင် သောကြာဂြိုဟ်က အနုပညာနဲ့ ဆက်စပ်သောအလုပ်၊ အခုခေတ်အရဆို Photography / Videography / ဓါတ်ပုံ Studio လုပ်ငန်းတွေကအစပါပြီး၊ လူကို လှပအောင် အဆင်တဆာတွေနဲ့ လုပ်ရတဲ့ လုပ်ငန်းတွေကို ပြသတဲ့ ဂြိုဟ်တစ်လုံးဖြစ်နေလို့ပါပဲ။

ဇာတာမှာ တနင်္ဂနွေ နဲ့ သောကြာဆက်စပ်ပြီဆိုရင်
ဘဝမှာ ရွှေပန်းထိမ်လုပ်ငန်း၊ Jewellery လုပ်ငန်းတွေကို ပြသ သလို ဗုဒ္ဓဟူး နဲ့ သောကြာဆက်စပ်ပြီဆိုရင် ဘဝမှာ ချည်ထည်လုပ်ငန်း နဲ့ ရိုက်ကူးရေး ကဏ္ဍ တွေကိုဖော်ပြ တာမို့ သောကြာဂြိုဟ်က အင်မတန်မှ အရေးကြီးပါတယ်။

စရ ရာသီမှာရပ်တည်တဲ့ သောကြာဂြိုဟ်က ယာဉ်၊ ကား တွေကို ကိုယ်စားပြုပြီး ထိရ ရာသီမှာ ရပ်တည်တဲ့ သောကြာဂြိုဟ်က ပရိဘောက၊ အိပ်ယာ၊ ကုတင် လိုမျိုး ဇိမ်ခံပစ္စည်းတွေကို ကိုယ်စားပြုတာဖြစ်သွားတတ်ပါတယ်။

လူတစ်ယောက်မှာ သောကြာဂြိုဟ် ကတော့ မပါမဖြစ်ပါ၊ ဘာလို့လဲဆိုတော့ ကားဝယ်မယ်၊ ဆိုင်ကယ်ဝယ်မယ် ဆိုရင် သောကြာဂြိုဟ်ရဲ့ အထောက်အပံ့က အရေးကြီးလို့ပါပဲ။

မိတ်ဆွေတို့ရဲ့ ဇာတာမှာရော သောကြာဂြိုဟ်က အားကောင်းသလား Comment မှာရေးခဲ့ပါဦးနော် 😉

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

ဟင်..  🫩crd..
27/04/2026

ဟင်.. 🫩

crd..

26/04/2026

သင်က ဒီအသက်အရွယ်တွေရောက်နေပြီလား?

#ဗေဒသုတေသီဆရာအောင်ကျော်မိုး



24/04/2026

ဗေဒင်မေး ရင်လည်း
သမီးသမီးနဲ့ကွယ်

သူတို့ရဲ့ အသက်ကျ ၄၀ နား ဖြစ်နေပြီ 🙄

ဘယ်လိုကြီးတုန်း
နားမလည်နိုင်ဘူး

မသိရင် ကိုယ်ကလဲ "အေ့သမီး"
လို့ ပြန်ပြောရမယ့် အတိုင်းပဲ

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

ဗေဒင်မေးလိုက်ရင်ကောင်းကျိုးကဘာလဲ ဆိုးကျိုးကဘာလဲလူဆိုတဲ့ သတ္တဝါဟာ ဘယ်လောက်ပဲတိကျစေ့စပ်ပြီး အနာဂါတ်ကို သိချင်စိတ်ပြင်းပြပါ...
23/04/2026

ဗေဒင်မေးလိုက်ရင်
ကောင်းကျိုးကဘာလဲ ဆိုးကျိုးကဘာလဲ

လူဆိုတဲ့ သတ္တဝါဟာ ဘယ်လောက်ပဲတိကျစေ့စပ်ပြီး အနာဂါတ်ကို သိချင်စိတ်ပြင်းပြပါစေ လက်တွေ့မှာတော့ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတာကို ပိုသဘောကျကြတယ်၊ လူတစ်ယောက်က သူဘယ်နေ့အိမ်ထောင်ကျမယ်၊ ဘယ်နေ့ခရီးထွက်ရမယ်၊ ဘယ်နေ့ လုပ်ငန်းစတင်ရမယ်၊ ဘယ်နေ့အရှုံးပေါ်မယ်၊ ဘယ်နေ့သေမယ်ဆိုတာ ကြိုသိနေရင် လောကကြီးမှာ နေချင်စိတ်တောင်မရှိတော့ဘူး။

သူငယ်ချင်းတစ်ယောက်က "မင်းမွေးနေ့မှာ ငါမင်းကို နောက်ဆုံးပေါ် အိုင်ဖုန်း လက်ဆောင်ပေးမယ်" လို့ခဏခဏပြောနေခဲ့ရင် သူ့အတွက် အဲ့လက်ဆောင်ရခဲ့ရင်တောင် သိပ်ပြီး ထူးထူးခြားခြားဖြစ်မနေပါဘူး။

ဘာလို့လဲ ဆိုတော့ ကြိုသိနေတာကိုး၊ ထင်သလောက်လဲ ပျော်ရွှင်မှုမဖြစ်ပဲ သာမာန်အခြေအနေတစ်ခုသာသာပဲ ဖြစ်စေမှာဖြစ်ပါတယ်.. ဒီတော့ အနာဂါတ်ကိုသာ လူတွေ သိချင်ကြတာ လက်တွေ့မှာ အနာဂါတ်ကိုသိပြီး ဘဝကြီးက ပြင်းစရာကြီးပါလို့ ကောက်ချက်ချလိုက်တာမျိုးလည်း ရှိစေတတ်သည့်အတွက် ဗေဒင်မေးတဲ့အခါ အကောင်း အဆိုး နှစ်မျိုးကို သေချာလေး ဖော်ပြထားပါတယ်။

===

ကောင်းကျိုး ၄ ချက်

၁။ အရာရာကို ကြိုတင်ပြင်ဆင်ချင်သူတွေ၊

၂။ ဘဝမှာ အောင်မြင်တာထက် ဘယ်လိုကျရှုံးမှု
အနည်းဆုံး​ဖြစ်မလဲ ဆိုတာကို သိချင်သူတွေ၊

၃။ ဘဝမှာ လမ်းပျောက်တာကို မလိုချင်ပဲ
အချိန်တိုတို ထိထိမိမိ ဘဝခရီးလမ်းကြောင်းကို
ဘယ်လိုဖြတ်သန်းရမလဲ သိချင်သူတွေ၊

၄။ ကံ၏ စီမံရာအတိုင်း ကို ကြည့်ပြီး
ဘဝမှာ မဟာဗျူဟာတွေ ချမှတ်ချင်သူတွေ

အတွက် ဗေဒင်မေးတာဟာ အကျိုးရှိတဲ့ ဆွေးနွေးချက်ဖြစ်သလို ဘဝရဲ့ မြေပုံတစ်ခုကိုကြိုကြည့်လိုက်သလိုမျိုး ဖြစ်စေပြီး ကြိုတင် ပြင်ဆင်မှု၊ ကာကွယ်မှု၊ အရှုံးတွေအတွက် ရင် ဆိုင်နိုင်ဖို့ မဟာဗျူဟာ၊ အောင်မြင်မှုတွေအတွက်
ဘယ်အရာကို ပိုကြိုးစားဖို့ လိုသလဲဆိုတာ တွေကို သိရှိနိုင်မှာမို့ စိတ်ချမ်းသာ ပျော်ရွင်မှုကိုရရှိစေပါတယ်။

===

ဆိုးကျိုး ၃ ချက်

၁။ ဘဝမှာ စိန်ခေါ်မှုတွေကို လက်တွေ့
ကျကျ ရင်ဆိုင် ကျော်ဖြတ်ချင်သူတွေ၊

၂။ ကျရှုံးမှုတွေကို အတွေ့အကြုံတစ်ခု
ရရှိခြင်း လို့သာ သတ်မှတ်ထားသူတွေ၊

၃။ အရာရာကို မသေချာမရေရာမှုနဲ့ပဲ
ဆန်းသစ်တွေးခေါ် ကြံဆချင်သူတွေ

တွေအတွက် ဗေဒင်မေးတာဟာ စိတ်ဓာတ်ကျခြင်း (သို့) လောကကြီးကိုပျင်းသွားစေဖို့ အကြောင်းပြချက် တစ်ခုကို
ရှာဖွေလိုက်သလိုမျိုးပဲ ဖြစ်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ အားနည်းချက်ထဲပါနေပြီဆိုရင် ဗေဒင်မမေးပါနဲ့၊ အားသာချက်ထဲ ပါနေပြီဆိုရင် ဗေဒင်မေးဖို့ သင့်တော်ပါတယ် မိတ်ဆွေအတွက် အကျိုးမယုတ်စေရပါ။

ကိုယ်က ဗေဒင်မေးရင် ကောင်းကျိုးဖြစ်စေမယ့် အုပ်စုထဲမှာ ပါနေမယ်ဆိုရင် Comment မှာ "Yes" လို့ရေးခဲ့ပါ။

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

23/04/2026

ဘာကိစ္စပဲ လုပ်လုပ်ဗေဒင်မေးဖို့လိုတယ်လို့ ထင်လား ?

#ဗေဒသုတေသီဆရာအောင်ကျော်မိုး



#ဗေဒင်မေးပါ

23/04/2026

ကျွန်တော့်ဆီမှာ စာရင်းပေးထားတဲ့
အခမဲ့ ၁၅ ဦးထဲမှာ ၈ ဦးကိုဟောပေးပြီဖြစ်လို့

ကျန်ရှိနေတဲ့ ၇ ဦးကို ဒီနေ့အပြတ်
ဟောပြောပေးသွားမှာဖြစ်ပါတယ်။

အချိန်လေးပေးရတာကိုတော့
သည်းခံပေးဖို့ ပြောချင်ပါတယ် 😊

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

ဗေဒင်ဆရာဆိုတာ Motivation လဲ ပေးတတ်ရတယ်Coaching လဲ လုပ်ပေးရတယ်Consultation လဲ လုပ်ပေးရတယ်ဗေဒင်ဆရာဆိုပြီး ဗေဒင်ပဲ ဟောနေရင်...
22/04/2026

ဗေဒင်ဆရာဆိုတာ
Motivation လဲ ပေးတတ်ရတယ်
Coaching လဲ လုပ်ပေးရတယ်
Consultation လဲ လုပ်ပေးရတယ်

ဗေဒင်ဆရာဆိုပြီး ဗေဒင်ပဲ ဟောနေရင်တော့
အခုခေတ်မှာ အနာနဲ့ ဆေးလွဲနေဦးမှာဖြစ်ပါတယ်။

ဖြစ်လာတဲ့အနာက စိတ်ဓာတ်ကျနေတာ
ဒါကို "မင်း ဒီဒသာကာလကို ကျော်ဖြတ်နိုင်မှ
အဆင်ပြေမှာ ဒီကြားထဲဘာမှလုပ်လို့မရဘူး"

ဆိုပြီး သွားပြောလို့မရပါဘူး၊ သူမှာ ဖြစ်နိုင်တဲ့
ပြဿနာကိုရှာပေးပြီး စကားလုံးတွေနဲ့
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ ဖြစ်အောင်

လုပ်ပေးကြရတာပဲ ဖြစ်ပါတယ်။

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

22/04/2026

မိတ်ဆွေတို့ရဲ့ ရည်မှန်းချက်တွေကို
ဗေဒင်ပညာရပ်နဲ့ Planning လုပ်ပါ 😊

#ဗေဒသုတေသီဆရာအောင်ကျော်မိုး
#ရည်မှန်းချက်

Address

35 St (56×57) 32C Street
Mandalay

Telephone

+959455846971

Website

Alerts

Be the first to know and let us send you an email when ဗေဒသုတေသီ ဆရာအောင်ကျော်မိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဗေဒသုတေသီ ဆရာအောင်ကျော်မိုး:

Share