ဗေဒသုတေသီ ဆရာအောင်ကျော်မိုး

  • Home
  • Myanmar
  • Mandalay
  • ဗေဒသုတေသီ ဆရာအောင်ကျော်မိုး

ဗေဒသုတေသီ ဆရာအောင်ကျော်မိုး (Your Action Is Your Destiny)
" သင့်ရဲ့လုပ်ဆောင်ချက်တွေက သင့်ရဲ့
ကံကြမ္မာဖြစ်ပါတယ် "

တနေ့ ကောင်းကင်ပြင်မှာ အမှန်တစ်ကယ်ရှိနေတဲ့ ဂြိုဟ်တွေ၊ နက္ခတ်တွေ၊ ကြယ်တွေကို လေ့လာဖို့ ကြိုးစားရဦးမယ်၊ နက္ခတ်ဗေဒင်ဆိုတာ ဗ...
04/12/2025

တနေ့ ကောင်းကင်ပြင်မှာ အမှန်တစ်ကယ်ရှိနေတဲ့ ဂြိုဟ်တွေ၊ နက္ခတ်တွေ၊ ကြယ်တွေကို လေ့လာဖို့ ကြိုးစားရဦးမယ်၊ နက္ခတ်ဗေဒင်ဆိုတာ ဗေဒင်နဲ့တင် မကျန်စေချင်၊ နက္ခတ် နဲ့ သိပ္ပံဟာ ဆက်စပ်ကြောင်းကိုလည်း လေ့လာသုတေသနပြုချင် Sharing လုပ်ပေးချင်သေးတယ်ဗျ။

ပုံ - ရောဟဏီနက္ခတ်ကို စန်းယှဉ်နေသော တနင်္လာဂြိုဟ် (ခေါ်) လကို Night Mode ဖြင့် ကြည်လင်အောင် အတတ်နိုင်ဆုံး ရိုက်ထားသော ပုံ။

လပြည့်နေ့မှာ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ 😊😊

ကျွန်တော် မင်္ဂလာဆေးရုံ ခဏရောက်နေပါတယ်။ဗေဒင်အဟောများ ညပိုင်းမှာ ဖြတ်ပေးပါမယ်။ဘာမှမဖြစ်ပါ ခင်ဗျ( အမေ့ကို ဒေါက်တာနဲ့ ရက်ချ...
03/12/2025

ကျွန်တော် မင်္ဂလာဆေးရုံ ခဏရောက်နေပါတယ်။

ဗေဒင်အဟောများ ညပိုင်းမှာ ဖြတ်ပေးပါမယ်။

ဘာမှမဖြစ်ပါ ခင်ဗျ
( အမေ့ကို ဒေါက်တာနဲ့ ရက်ချိန်းလာပြတာပါ )

ဖုန်းခေါ်ဆိုရမယ့် သူတွေကိုလည်း ညပိုင်း ၆ - ၈ နာရီအကြား ကျွန်တော် ဆက်သွယ်ပေးပါမယ် ခင်ဗျ

"ဘဝနေထိုင်နည်း အရေးကြီး"ကျွန်တော်တို့ဆီမှာ ဗေဒင်လာမေးကြတဲ့ လူတန်းစားပေါင်းစုံ နေရာဌာနအသီးသီး အဖွဲ့အစည်းအသီးသီးကနေ ဖြစ်ပါ...
03/12/2025

"ဘဝနေထိုင်နည်း အရေးကြီး"

ကျွန်တော်တို့ဆီမှာ ဗေဒင်လာမေးကြတဲ့ လူတန်းစားပေါင်းစုံ နေရာဌာနအသီးသီး အဖွဲ့အစည်းအသီးသီးကနေ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ မွေးရင်တောင် နေရဌာန အပြောင်းအလဲ၊ ဘဝနေထိုင်နည်းပုံစံအမျိုးအမျိုး ရှိကြတော့ ကံတွေ ဆင်တူနေရင်တောင် ဘဝနေထိုင်နည်းက လူနှစ်ဦးကို ပြောင်းလဲ စေတာမျိုး ဖြစ်ပါတယ်။

ဥပမာအရ ကြည့်ရမယ်ဆိုရင် သားဖွားဆေးရုံမှာ နာရီပိုင်း မိနစ်ပိုင်းအတွင်း ကလေးတွေ မွေးနေကြတဲ့အခါ အမွာတောင်မဟုတ်၊ မိဘမတူပဲ တစ်ချိန်တည်း တစ်မိနစ်တည်း မွေးတဲ့သူတွေ ရှိကြပါတယ်။ ဒါကို Kp စနစ်အရ ဝေဖန်ဆန်းစစ်တဲ့အခါ နက္ခတ်ဘုတ္ထိ တွေ တူညီကြတော့ တော်တော်များများ ဘဝအဖြစ်အပျက်၊ အိမ်ထောင်ဖက်၊ စီးပွားရေးတွေက တူညီကောင်းတူညီလိမ့်မယ်။

မတူညီတာဟာ မိဘတွေရဲ့ သွင်သင်ဆုံးမမှု၊ မျိုးရိုးအလိုက် ထိန်းသိမ်းလာတဲ့ နည်းစနစ်တွေ၊ ထိတွေ့ရတဲ့ ပါတ်ဝန်းကျင်တွေ၊ နေရာဒေသအလိုက် နိုင်ငံတော် အစိုးရတွေရဲ့ သက်ရောက်မှုတွေကလည်း ပါဝင်ပါတယ်။

ဒါပေမယ့် အတိုချုံ့လိုက်ရရင် ဘဝနေထိုင်နည်း မတူတဲ့အချက်က ချမ်းသာမယ့်ကံတွေပါထားချင်းအတူတူ စနစ်တကျ ချမ်းသာတာနဲ့၊ ဝုန်းဒိုင်း ချမ်းသာတာနဲ့ ကွာခြားနိုင်တယ်။ အိမ်ထောင်ကျရခြင်းကံရှိတာနဲ့ အတူတူ အိမ်ထောင်ဖက်အပေါ် Train ပေးတဲ့ ပုံစံတွေ ပြောင်းလဲ သွားနိုင်တယ်။ သူတို့ကိုယ်တိုင် မိဘအနေနဲ့ ဖြစ်လာတဲ့အခါ သားသမီးမွေးဖွားတဲ့ ကံတွေဆင်တူနေရင်တောင် မွေးလာတဲ့ သားသမီး တွေဟာ မတူညီတော့ပါ။

အရာရာကို ၁၀၀% ပုံသေ တွက်ထားလို့မရပါဘူး။
ကျွန်တော်တို့ မမြင်ရတဲ့ ပြောင်းလဲမှု သေးသေးလေးဟာ အသက်အရွယ်တစ်ခုရလာရင် Generation အလိုက် ပြောင်းလဲ သွားနိုင်တယ်ဆိုတာ မွေးချိန်တူ တစ်နေရာတည်းမွေးတဲ့သူတွေကို Research ထားတဲ့ အတိုင်း ကို စစ်ဆေးကြည့်ရရင် သိရှိနိုင်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားက ဘဝနေထိုင်နည်းကိုသေသေချာချာလေး လမ်းပြပေးခဲ့တာပါ၊ ဘဝနေထိုင်နည်း ဆိုတာ စနစ်တစ်ခုနဲ့ တူပါတယ်၊ အဲ့ဒီစနစ် အတိုင်းလည်ပါတ်နေတဲ့သူဟာ ပိုပြီး ခရီးပေါက်တယ်၊ ပိုပြီး ထိရောက်အောင်မြင်ကြတာကို မြင်တွေ့ရပါတယ်။

မြတ်စွာဘုရားဟောထားတဲ့ မဂ္ဂင်ရှစ်ပါး မှာ သီလမဂ္ဂင် ၃ ပါး၊ သမာဓိ မဂ္ဂင် ၃ ပါး၊ ပညာ မဂ္ဂင် ၂ ပါး ဆိုပြီးတော့ ပါဝင်တယ်၊ သီလ-သမာဓိ-ပညာ ဆိုတဲ့ အရာသုံးခုကိုပေါင်းစပ်ရင် မဂ္ဂင်ရှစ်ပါးကို ရတယ်ပေါ့ ဗျာ။

ဒီ မဂ္ဂင်ရှစ်ပါးဟာ မြတ်စွာဘုရားပေးခဲ့တဲ့ ဘဝနေထိုင်နည်း တည်ဆောက်ပုံတွေထဲက တစ်ခုလို့ ကျွန်တော်မြင်တယ်။

ဒါကြောင့် ကျွန်တော်တို့တွေက ဘယ်သူကတော့ ထိုင်းထီဘယ်လောက် ပေါက်လို့၊ ဘယ်သူကတော့ ဘယ်လိုအောင်မြင်လို့ဆိုတဲ့ အရာတွေကို ခဏမေ့ထားပြီးတော့ ကျွန်တော်တို့ နေ့စည်ဖြတ်သန်းနေတဲ့ ဘဝနေထိုင်တဲ့ ပုံစံကိုသာ နည်းစနစ်ကျကျ သေချာ ဖြတ်သန်းကြည့်ပါ။

ကိုယ့်အခြေအနေကိုယ် ကျေနပ်လာလိမ့်မယ်၊ ကိုယ့်ဘဝ ကိုယ် ယုံကြည်လာလိမ့်မယ်၊ မတူညီတဲ့ အရာတွေအပေါ် လက်ခံယုံကြည်လာလိမ့်မယ်။ ဘဝနေထိုင်နည်းနဲ့ ပါတ်သတ်လာရင် ဒေါက်တာဖြိုးသီဟ ရဲ့ စာအုပ်တွေ၊ ဆရာမ မွန်ဟော်စီ ရဲ့ စာအုပ်တွေက ကျွန်တော့်ဘဝမှာ အများကြီး အသုံးချလို့ ရခဲ့သလို ပါချုပ်ဆရာတော် ဘုရားရဲ့ တရားတော်တွေကလည်း ကျွန်တော့်ရဲ့ ဘဝနေထိုင်မှု ကို ပိုပြီး နည်းစနစ်ကျသွားစေပါတယ်။

ကျွန်တော်တို့တွေ ကံပိုကောင်းလာချင်တယ်ဆိုရင် စနစ်တစ်ခု ဖန်တီးထားပါ၊ ချမ်းသာမှ ဆင်းရဲမှ ဆိုတာထက် ကံတွေ တူနေရင်တောင် ဖြစ်ရပ်တွေ တူညီနေရင်တောင် ဘဝနေထိုင်နည်း မတူညီတဲ့အခါ အများကြီးပြောင်းလဲ သွားနိုင်တယ်ဆိုတာကို ကျွန်တော် အများကြီးပြောရဲပါတယ်။

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

ကျွန်တော့်မှာ ဗေဒင်ဟောချိန်ရယ်၊ သင်တန်းချိန်ရယ်ပဲ ရှိနေတော့ post လေးတွေ မရေးပေးနိုင်ဘူးဖြစ်နေပါတယ်။ကျွန်တော့်ကို သိချင်တ...
30/11/2025

ကျွန်တော့်မှာ ဗေဒင်ဟောချိန်ရယ်၊ သင်တန်းချိန်ရယ်ပဲ ရှိနေတော့ post လေးတွေ မရေးပေးနိုင်ဘူးဖြစ်နေပါတယ်။

ကျွန်တော့်ကို သိချင်တဲ့အကြောင်းအရာ၊ မေးချင်တဲ့ကဏ္ဍလေးတွေရှိရင် ပြောပေးထားကြပါ၊ ကျွန်တော် မနက်ဖြန်ကစလို့ post လေးတွေ ရေးသားပေးပါမယ် ခင်ဗျ 😍

သင်တန်းလေးတွေ ပိနေလို့ ဗေဒင်အဟောလေးတွေ လည်း ကြန့်ကြာနေရတာပါ ခင်ဗျာ၊ အွန်လိုင်းအဟောလေးတွေကိုတော့ အမြန်ဆုံး ဖြေကြားဟောပြောပေးနေပါတယ်။

၃ရက်ကနေ ၅ရက်လောက်အထိ အပို ရက် စောင့်ဆိုင်းပေးကြတဲ့ Client တစ်ဦးချင်း တစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ 😍

ကြိုးစားလျက်
#ဗေဒသုတေသီဆရာအောင်ကျော်မိုး

၂၀၂၆ အတွက်ဇာတာစစ်ထားကြပါဘာဖြစ်လို့လည်းဆိုရင် ကောဇာကြာသပတေးဂြိုဟ် ဥုစ်တည်ချိန်၊ စနေဂြိုဟ်ရဲ့ မိန်ရာသီအပေါ် ရပ်တည်ပြီး ကြာ...
29/11/2025

၂၀၂၆ အတွက်ဇာတာစစ်ထားကြပါ

ဘာဖြစ်လို့လည်းဆိုရင် ကောဇာကြာသပတေးဂြိုဟ် ဥုစ်တည်ချိန်၊ စနေဂြိုဟ်ရဲ့ မိန်ရာသီအပေါ် ရပ်တည်ပြီး ကြာသပတေးဂြိုဟ်နဲ့ သာမိဒဿန သမ္ဗန္ဓပြုချိန် အပြင် အခြား အပူးအမြင်အယှဉ် ရပ်တည်မှုလေးတွေက လူတွေရဲ့ ကံကြမ္မာအပေါ်မှာ အကျိုးဖြစ်ထွန်းနိုင်ပါတယ်။

ဥပမာအားဖြင့် စနေထူလ၊ ကြာသပတေးအန္တရ လိုမျိုး စနေ၊ ကြာသပတေး အတွဲ ဒသာစားနေချိန်ဆိုရင် ဘာဝတွေအရ ကိုယ်စီကိုယ်စီအကျိုးပြုနိုင်စွမ်းရှိပါတယ်။

လူတိုင်းဟာ ဒီအပြောင်းအလဲကံကို မရနိုင်ပေမယ့် တော်တော်များများက ဒသာတိုက်ဆိုင်တယ်၊ ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ ကိုက်ညီတယ်ဆိုရင် သက်ရောက်မှုရှိပါတယ်။

စီးပွားရေးလုပ်ငန်းတိုးချဲ့ကြဖို့၊ လုပ်ငန်းကြီးတွေလုပ်ဖို့၊ အိမ်ထောင်ပြုဖို့၊ အိမ်ဆောက်ဖို့၊ ကားဝယ်ဖို့ ဆိုတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ ၂၀၂၆ ရဲ့ ကောဇာဂြိုဟ်သွားဂြိုဟ်လာစနစ်ရယ်၊ ကိုယ့်ဇာတာမှာ စားနေဆဲ ဒသာရယ်ကို ပေါင်းစပ်စဉ်းစားကြရပါတယ်။

အရေးကြီးမှာချင်တာတော့ ဒီနှစ်မှာ ဘယ်ရာသီဖွား၊ ဘယ်လဂ်၊ ဘယ်စန်းတွေ ကံကောင်းမယ်၊ ဘယ်ဟာတွေ ကံဆိုးမယ်ဆိုတဲ့ အဟောမျိုးတွေကို အပြည့်အဝယုံကြည်ပြီး လုပ်ချင်တဲ့ကိစ္စတွေကို ထ လုပ်တာမျိုး ​ရှောင်ကြဉ်ပေးပါ။

အရာအားလုံးကို စနစ်တကျ၊ ဗေဒင်ဆရာနဲ့ ဖြစ်စေ၊ ကိုယ်သွားမယ့်နယ်ပယ်မှာ ဆရာတဆူဖြစ်နေတဲ့ ပရော်ဖက်ရှင်နယ် တွေနဲ့ ဆွေးနွေးတိုင်ပင် အကြံဉာဏ်တောင်းပြီးဖြစ်စေ အလုပ်တွေကို လုပ်ကြဖို့ ပြောချင်ပါတယ် ခင်ဗျ။

အားလုံး ကံကောင်းကြပါစေ 😍

ကျွန်တော့်ဆီမှာတော့ လောလောစယ် အပြင်လူတွေ့မေးချင်သူတွေ မရသေးပါ၊ ဟောခန်းမဖွင့်ရသေးပါ၊ အွန်လိုင်းကနေပဲ အဓိကထား၍ ဟောပြောဖြစ်ပါတယ်ခင်ဗျ။

မေးမြန်းချင်တယ်ဆိုရင် Page Messenger
သို့ စာရင်းသွင်းပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျ။

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

28/11/2025

အားလုံးပြောကြလွန်းတဲ့ Retrograde အကြောင်း

Retrograde ဆိုတာ ဂြိုဟ်နောက်ပြန်သွားခြင်း၊ ဝကြသွားခြင်း ဆိုပြီးတော့ အခေါ်အဝေါ်တွေရှိပါတယ်။ တစ်ကယ်တော့ ကောင်းကင်မှာ ဂြိုဟ်တွေက တစ်ကယ်ကြီး နောက်ပြန်သွားနေတာတော့မဟုတ်ပါဘူးခင်ဗျာ။

ကမ္ဘာကလည်း နေကိုပါတ်နေတယ်
ကျန်တဲ့ဂြိုဟ်တွေကလည်း နေကို ပါတ်နေတယ်။

အဲ့အချိန်မှာ ကမ္ဘာက နေကို တစ်ပါတ်ပါတ်ဖို့ ၃၆၅ ရက်ကြာမြင့်သလို ကျန်တဲ့ဂြိုဟ်တွေကလည်း နေကို တစ် ပါတ်ဖို့ ကြာချိန် ရက်သတ်မှတ်ချက်တွေရှိကြပါတယ်။

ဒီအချိန်မှာ ကမ္ဘာဂြိုဟ်က နေကိုလှည့်ပါတ်ရင်း ကျန်တဲ့ဂြိုဟ်တွေကို ကျော်သွားတဲ့အခါ ကမ္ဘာဂြိုဟ်က ရှေ့ကိုရောက်သွားတဲ့သဘောပါ။

ဥပမာအနေနဲ့ ကြည့်ရမယ်ဆိုရင် လမ်းမှာ သွားနေတဲ့ကားတစ်စီးကို နောက်တစ်စီးက ကျော်တတ်သွားတဲ့အခါ ပထမကားက နောက်ကိုရောက်သွားတဲ့ပုံစံအတိုင်းဖြစ်ပါတယ်။

===

ဒီအရာက သက်ရောက်မှုရှိလား ?

မူလဇာတာအတွက်တော့ သက်ရောက်မှုမရှိပေမယ့် ဟူးရားဇာတာလိုမျိုး အချိန်ကိုဖမ်းဆုပ်ပြီး တွက်ချက်ရတဲ့အခါမှာတော့ ဂြိုဟ်နောက်ပြန်သွားခြင်းဖြစ်စဉ်ကို ထည့်တွက်ပါတယ်။ ဂြိုဟ်တစ်လုံးက မေးလာသူရဲ့ မေးခွန်းကို အထူးပြုပေမယ့် ထိုဂြိုဟ်က ဝကြသွားနေရင် ထိုကိစ္စရပ်က မဖြစ်သေးပဲ မလုပ်ဆောင်သေးပဲ ပြန်အတည့်သွားချိန်သာ မေးလာသူရဲ့ မေးခွန်းအလုပ်ကို လုပ်တာမျိုးဖြစ်ပါတယ်။

ဥပမာ နိုင်ငံခြားသွားရမလား မေးလာသူကို ဟူးရားအချိန် ဖမ်းဆုပ်ပြီးဟောရတဲ့အခါ Retro ပြုနေတဲ့ဂြိုဟ်တစ်လုံးလုံးကများ သူ့ရဲ့ ကိစ္စကို အထူးပြုနေရင် ပြန်အတည့်သွားချိန်မှသာ သွားရမယ်လို့ ဟောပြောကြရပါတယ်။

အခု ၂၈-၁၁-၂၀၂၅ ခုနှစ်ကစလို့ စနေဂြိုဟ်ဟာ အတည့်သွားမယ်၊ ဘာတွေဖြစ်လာမှာလဲဆိုရင် ဘာမှမ​ဖြစ်ပါ။

ကျွန်တော် ဟောထားတဲ့ နိုင်ငံခြားကံတွေ၊ အကြွေးရမယ်၊ မြေဝယ်နိုင်မယ်၊ အမှု့အခင်းနိုင်မယ်လို့ ဟူးရားနဲ့ အဖြေထုတ်ခဲ့တာတွေ တော်တော်များများဟာ စနေဂြိုဟ်အတည့်သွားချိန်မှ အောင်မြင်မယ်လို့ဟောခဲ့ပါတယ်။

ရက်-လ ကိုယ်စီလည်း တွက်ချက်ပြီးထုတ်ပေးခဲ့ပါတယ်။

တိုက်ဆိုင်လား၊ မတိုက်ဆိုင်လားဆိုတာကတော့ စနေဂြိုဟ်အတည့်သွားပြီး သက်ဆိုင်ရာနက္ခတ်တွေကို စီးနင်းဖြတ်သန်းချိန်ကြည့်ပြီး ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။

ကျွန်တော့်အတွက် ဘယ်ဂြိုဟ်က Retro လုပ်လို့ ဘာဖြစ်မယ်လို့ ဟောစရာလဲမရှိသလို ပြန်အတည့်သွားလို့ ဘယ်လဂ်၊ ဘယ်စန်းတွေ ဘာဖြစ်မယ်လို့လည်း ဟောစရာမရှိ။

သဘာဝတရားအရ နှစ်ပေါင်းများစွာ အခုလိုမျိုး Ecosystem တစ်ခုနဲ့ လည်ပါတ်နေတာကြာပါပြီဗျ။

ကြာသပတေးဂြိုဟ်ဟာ တစ်နှစ်ကို နှစ်ကြိမ် ဝကြ သွားတယ်၊ ဗုဒ္ဓဟူး၊ သောကြာတို့ဆိုရင် ဘယ်နှစ်ကြိမ်လဲတောင် ကျွန်တော်မသိတော့ဘူး၊ ခဏခဏသွားပါတယ်။

ဟူးရားမေးခွန်းမေးထားသူတွေကိုတော့ စနေဂြိုဟ်အတည့်သွားပြီဖြစ်ကြောင်း သိစေချင်လို့ တင်ပေးရုံပါ။

လဂ်၊ စန်းတွေအပေါ် အရမ်းကြီးသက်ရောက်မှုရှိမည်မဟုတ်ပါ။ စိုးရိမ်ထိတ်လန့်ကြမှာစိုးလို့ပါ 😀😀

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

ဒီဇာတာရှင် လက်ရှိ ဘယ်လိုကံကြမ္မာရှိမလဲ ?ဝါသနာရှင်တွေ ရှိတာဆိုတော့ ထင်တာ၊ မြင်တာတွေကို ပြောခဲ့ပါ၊ မကြာခင် ကျွန်တော်ပြန်ရှ...
27/11/2025

ဒီဇာတာရှင် လက်ရှိ ဘယ်လိုကံကြမ္မာရှိမလဲ ?

ဝါသနာရှင်တွေ ရှိတာဆိုတော့ ထင်တာ၊ မြင်တာတွေကို ပြောခဲ့ပါ၊ မကြာခင် ကျွန်တော်ပြန်ရှင်းပြပေးပါမယ်။

ကျွန်တော်သုံးတဲ့စနစ်

- Sidereal (နိယာယန) စနစ်
- Pladicus ဘာဝခွဲ စနစ်
- Krishnamurti အာယနအံသာ

တို့​ဖြင့် တွက်ချက်ထားသော
အသက် ၇၀ ဝင်းကျင် ဇာတာရှင်ဖြစ်ပါတယ်။

ကျွန်တော့်ဆီမှာ လာရောက်တဲ့ ဧည့်သည်တွေ မိတ်ဆွေတွေအများစုက တစ်ဆင့်ခံ ညွန်လို့ လာမေးကြသူတွေက ၆၀% ရှိပြီးတော့ ကြော်ညာတွေ၊ ရှ...
26/11/2025

ကျွန်တော့်ဆီမှာ လာရောက်တဲ့ ဧည့်သည်တွေ မိတ်ဆွေတွေအများစုက တစ်ဆင့်ခံ ညွန်လို့ လာမေးကြသူတွေက ၆၀% ရှိပြီးတော့ ကြော်ညာတွေ၊ ရှာဖွေစောင့်ကြည့်မှုတွေကနေတစ်ဆင့် ၄၀% လာမေးကြတာဖြစ်ပါတယ်။

အခုလိုမျိုး ညွန်းပေးကြတဲ့ တစ်ဦးချင်းတစ်ယောက်ချင်းဆီကိုလည်း ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဗျ။

မနေ့က ဆိုရင် ကျွန်တော် စင်ကာပူက Client တစ်ယောက်နဲ့ ဖုန်းပြောတာ တစ်နာရီနီးပါးကြာမြင့်ပါတယ်။

Client ရဲ့ ညီမ သုံးယောက်စလုံးကလည်း ကျွန်တော့်ဆီမှာ ဗေဒင်မေးဖူးကြတယ်၊ ကျွန်တော်ဟောတာကို သဘောကျ၊ မှန်ကန်လို့ ညီမ သုံးယောက်စလုံးက အစ်ကိုဖြစ်သူကို ဗေဒင်မေးကြည့်ဖို့ တိုက်တွန်းရင်း လာမေးတာပါတဲ့ဗျာ။

ကျွန်တော့်ကို သိတာကြာပြီ၊ မြင်တာလဲ ကြာပြီ၊ သုံးယောက်စလုံးက ကျွန်တော့်အကြောင်းကို ခဏခဏပြောလွန်းလို့ အခုအားတဲ့ရက်မှာ ဗေဒင်မေးလိုက်တာတဲ့။

ကျွန်တော်လည်း ဒီထက်မက ရိုးသားစွာဖြင့် ကြိုးစားသွားပါမယ်၊ အခုလို တဆင့်ခံ ညွန်းပေးခံရဖို့ဆိုတာ ကျွန်တော့်အတွက် ပညာအရင်းအနှီးရှိတယ်၊ လောဘတွေလျော့ပြီး၊ လိုချင်တပ်မက်စိတ်လျော့ပြီး၊ စေတနာအရင်းခံကာ ပေးဆပ်ထားခဲ့ရတာတွေကြောင့်လို့ ထင်ပါတယ်။

မှန်မှန်ကန်ကန် သေသေရှာရှာဟောပြောခွင့်ရလို့လည်း ကျေနပ်မိပါတယ်ဗျာ 😊😊

ကြိုးစားလျက်
#ဗေဒသုတေသီဆရာအောင်ကျော်မိုး

26/11/2025

အရာရာကို ၁၀၀% မှန်ကန်အောင်ကြိုတင်သိမြင်နိုင်မယ်ဆိုရင် နေ့စဉ်ထွက်တဲ့ ၂လုံးထီ၊ ၁၅ရက်တစ်ကြိမ်ထွက်တဲ့ သုံးလုံးထီတွေကို ထိုးပြီး ဗိုက်မှောက်အိပ်နေလိုက်ပါမယ်။

ဗေဒင်ပညာဆိုတာ ခန့်မှန်းရတဲ့ပညာ၊ လမ်းကြောင်းတည့်မှတ်ပေးရတဲ့အရာ၊ လိုအပ်တဲ့အကြံပြုချက်တွေပေးရတဲ့အရာ၊ လမ်းမှားနေသူကို တည့်မှတ်ပေးဖို့အရာ ပါ။

လူတစ်ဦးတစ်ယောက်မှာ လုပ်ငန်းအကြောင်းပဲ ဟောဟော၊ အိမ်ထောင်ရေးပဲ ဟောဟော၊ ခန့်မှန်းပြီး ဆွေးနွေးတိုင်ပင်ကြရပါတယ်။

"အစ်ကို/အစ်မ ကတော့ အင်္ဂါဂြိုဟ်နဲ့ဆိုင်တဲ့အလုပ်တွေကိုလုပ်ရမယ်၊ ဆေးဝါး၊ ဆေးရုံနဲ့ ဆက်စပ်တဲ့လုပ်ငန်း၊ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့လုပ်ငန်း၊ လျှပ်စစ်ပစ္စည်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်း၊ တိုက်ခန်းဝယ်ရောင်း၊ စက်ပစ္စည်း တွေကို ရောင်းချရင် အဆင်ပြေတတ်တယ်။ ဆိုပြီး

ခန့်မှန်းပေးရသလို ရာသီ၊ ဘာဝတွေ ပေါင်းစပ်ပြီး ချုံ့နိုင်သလောက်ချုံ့ ကာယကံရှင်ရဲ့ ဝါသနာ၊ စိတ်ပါဝင်စားမှုလုပ်ငန်းတွေနဲ့လည်း ကိုက်ပေးပြီးလုပ်ကြရပါတယ်။

ကျွန်တော်တစ်ခုအာမခံပေးနိုင်တာကတော့ သေချာဆွေးနွေးမှု၊ အကြံပေးမှုအတွက် စိတ်ကျေနပ်စေရပါမယ်။

ဒါပေမယ့် မနက်ဖြန် နှစ်လုံးထီ ဘာထွက်မလဲဆိုတာကတော့ မမေးပါနဲ့၊ ကံကို ကြိုသိနိုင်တယ်ဆိုပေမယ့် နောက်ကွယ်က ကုသိုလ်၊ အကုသိုလ်၊ ဘဝသံသရာ တွေက တော့ ကျွန်တော်တို့တွေ မသိမြင်နိုင်ပါ။

ဗေဒင်ပညာဆိုတာက စမ်းသပ်ဖို့၊ ခြိမ်းခြောက်ဖို့ မဟုတ်ပါ။ ဆွေးနွေးတိုင်ပင်ကြရတဲ့ ပညာရပ်ဖြစ်ပါတယ်။

ပုထုစဉ် လူသားတွေဖြစ်ကြတဲ့ ကျွန်တော်တို့ဟာ အစွမ်းတွေ မရှိကြဘူး၊ ပညာရပ်ကို ဉာဏ်နဲ့ အသုံးချပြီးသာ လာရောက်ဆွေးနွေးသူတွေကို အကြံဉာဏ်ပေးကြရပါတယ်။

အကောင်းဆုံး ကြိုးစားလျက်
#ဆရာအောင်ကျော်မိုး

ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က အိမ်ထောင်ရေး၊ အချစ်ရေးကဏ္ဍတွေကို အသားပေးပြီးတော့ ဗေဒင်ဟောပြောပါတယ်။ အကြံပေးရတာကျွန...
25/11/2025

ကျွန်တော် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က အိမ်ထောင်ရေး၊ အချစ်ရေးကဏ္ဍတွေကို အသားပေးပြီးတော့ ဗေဒင်ဟောပြောပါတယ်။ အကြံပေးရတာကျွန်တော့်အတွက်ကိုက်ညီတာရယ်၊ ဟောပြောရတဲ့အခါ စိတ်လှုပ်ရှားစရာကောင်းပြီး ပညာရပ်တွေထုတ်သုံးရတာပါ။

ဒါပေမယ့် ကျွန်တော်နဲ့ ကီးမကိုက်တာက လူငယ်တွေအမေးများကြတာမို့ အဟောကို သိပ်လက်မခံချင်ကြပါ။

နောက်ပိုင်း အခကြေးငွေရတာကလွဲလို့ ကျွန်တော့်မှာ သံသယဖြစ်လာတဲ့အချက်တော်တော်များပါတယ်။

ဒါကြောင့် အိမ်ထောင်ရေးတွေထက် စီးပွားရေးဘက်ကိုပြောင်းပြီးတော့ လေ့လာဟောပြောခဲ့ပါတယ်။

အိမ်ထောင်ရေးရာနက္ခတ်ဗေဒင်ကျမ်းဖြစ်တဲ့ အဖေ့ရဲ့စာအုပ် KP ကျမ်းကို သေတ္တာတွေရှင်းရင်းတွေ့ခဲ့လို့ ဖတ်ဖြစ်ရင်း သုတေသနပြုရင်း အသားပေးဟောခဲ့တာပေါ့။

အခုနောက်ပိုင်းမှာ တော့
အိမ်ထောင်ရေးထက် စီးပွားရေးအသားပေးဟောလို့ မေးမြန်းသူ အရမ်းနည်းပါတယ်၊ ဝါကျွတ်တဲ့အချိန် အပြုံလိုက် ဇာတာစစ်ကြတာကလွဲလို့ ကျန်တဲ့အချိန်တွေမှာ တစ်လနေမှ ၅ - ၇ ယောက်ကြားသာ ရှိကြပါတယ်။

ကျွန်တော် ဒီနှစ်အစပိုင်းမှာ အိမ်ထောင်ရေး ဟောပြောခဲ့တဲ့ဇာတာရှင်တစ်ယောက်ကိုတော့ အားရကျေနပ်မိပါတယ်။

စကားပြောရတာအဆင်ပြေတယ်၊ Open Mind ဖြစ်တယ်၊ လက်တွေ့ကျတဲ့အချက်အလက်တွေနဲ့လည်းကိုက်တယ်။

ဒါပေမယ့် အိမ်ထောင်ကွဲမယ့်ဒသာ ၁တန့် ၆တန့် ၈တန့် ဇာတ်ဆောင်၊ ဘုတ္ထိနက္ခတ်က ၁၀တန့် ပြပေးထားလို့

ဒီနှစ်ကုန်ကနေ နောက်နှစ် သင်္ကြန်အတွင်း ကွဲကွာတာမျိုး၊ ကွာရှင်းရတာမျိုး ရှိတတ်မယ်လို့ဟောဖြစ်ခဲ့ပါတယ်။

သူ စိတ်ဓာတ်ကျသွားခဲ့ပါတယ်။ ဒါပေမယ့် မတတ်နိုင်၊ ကိုယ်ကလည်း မြင်တာဟောရမှ ရင်အေးတာဆိုတော့ သေချာရှင်းပြပြီး သတိထားဖို့ပြောခဲ့ပါတယ်။

၁တန့် ဆိုတာ မိသားစုကနေ ထွက်ခွာရခြင်း၊ ၆တန့်ဆိုတာ အိမ်ထောင်ဖက် နှင့်ခွဲခွာခြင်း၊ ၈တန့်ဆိုတာ အိမ်ထောင်ဖက်မှ အခြားချစ်ရသူတစ်ယောက်ထားတတ်ခြင်း၊ ဘုတ္ထိနက္ခတ် ၁၀တန့်က အိမ်ထောင်ဖက်မှ ကိုယ့်ကို မချစ်တော့ခြင်းဆိုပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပြသထားပါတယ်။

အန္တရဒသာသခင်ဂြိုဟ်ဟာ အင်္ဂါဖြစ်နေတော့ ရုတ်တစ်ရက်ဖြစ်မယ် လို့ ပြောလို့ရပါတယ်။

ဒီအကြောင်းအရာအပြင်အခြား ကဏ္ဍပေါင်းများစွာကိုလည်း သေသေချာချာဟောပြောခဲ့တာဖြစ်ပါတယ်။

အိမ်ထောင်ကွဲတာကိုတော့ ကျွန်တော်စိတ်မကောင်းဖြစ်မိပေမယ့် ကွဲလိုက်မှ ကောင်းသွားမှာဆိုတော့ နှုတ်ကနေ ပြောခဲ့ရတာဖြစ်ပါတယ်။ ဒီအချက်လေးတော့ မှန်ကန်ခဲ့ပြီးအခြားအကြောင်းအရာတွေအတွက်တော့ ဘာမှကြားသိရခြင်း သိပ်မရှိပါ ခင်ဗျာ။

မကြာခင် ဇာတာနှင့် တကွ သေချာတင်ပေးပါမယ် 😊

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

ကျွန်တော့်ဆီမှာ ဗေဒင်မေးမယ်ဆိုရင်ထူးခြားချက် 4 ချက် တိတိရှိပါမယ်။မည်သည့် Package ဖြင့် မေးမေး===1. အသံဖိုင်နဲ့ယူသူတွေကို...
24/11/2025

ကျွန်တော့်ဆီမှာ ဗေဒင်မေးမယ်ဆိုရင်

ထူးခြားချက် 4 ချက် တိတိရှိပါမယ်။
မည်သည့် Package ဖြင့် မေးမေး

===

1. အသံဖိုင်နဲ့ယူသူတွေကို ဖုန်းနဲ့ပြန်လည်
ရှင်းပြဟောပြောပေးခြင်းဖြစ်ပါတယ်။

- ဖုန်းနဲ့တိုက်ရိုက်ယူသူတွေကိုလည်း PDF File ဖြင့်အရေးကြီးတဲ့အကြောင်းအရာဟောချက်​တွေကို ရေးသားပြီး ပို့ပေးမှာပဲ ဖြစ်ပါတယ်။

===

2. အဆက်အသွယ်မပြတ်စေရပါ

များသောအားဖြင့် ဗေဒင်မေးပြီးရင် ဗေဒင်ဆရာနဲ့ အမြဲတမ်းအဆက်အသွယ်ပြတ်တောက်သွားလေ့ရှိပါတယ်။ ဒီလိုမဖြစ်အောင် ၃လတစ်ကြိမ် Friendship Time Program လေးပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။

FTP ဟာဆိုရင် ဗေဒင်ဟောတာမဟုတ်ပဲ ဟောပြီးသားအကြောင်းအရာတွေ တိုက်ဆိုင်မှုရှိမရှိ၊ မှန်တဲ့အချက်၊ မမှန်တဲ့အချက်၊ လိုအပ်တဲ့ ဆောင်ရန်ရှောင်ရန် အကြံပြုချက်များကို ပေးတာပဲ ဖြစ်ပါတယ်။ ကျွန်တော်နဲ့ တိုင်ပင်ဆွေးနွေးချင်သူတွေအတွက် စီစဉ်ပေးတာဖြစ်ပါတယ်။

FTP ကို ဗေဒင်တစ်ခါမေးမြန်းပြီးသူတိုင်းအတွက်သာရည်ရွယ်ပြီး ဉာဏ်ပူဇော်ခ တပြားတချပ်မှမပေးရပါ။

===

3. ၆လတစ်ကြိမ်ဗေဒင်မေးပါ

၆လတစ်ကြိမ်ဆီလည်း ဗေဒင်မေးမြန်းထားသူများ နောက်တစ်ကြိမ်ပြန်မေးတဲ့အခါ သက်သာစေဖို့ ကူပွန်လေးတွေကိုလည်း ပြုလုပ်ပေးသွားပဲ ဖြစ်ပါတယ် 😍

ကူပွန်လေးတွေမှာ ဉာဏ်ပူဇော်ခ သက်သာခွင့်၊ လူအပိုမေးမြန်းခွင့်တွေနဲ့အတူ အခြားအစီအစဉ်များလဲရှိပါတယ်။

များသောအားဖြင့် ဗေဒင်မေးမြန်းဖို့ ၃သောင်း၊ ၅သောင်း ဆိုတဲ့ငွေကို ခဏခဏအကုန်အကျမခံချင်ကြပါ။ ဒီအတွက်လည်းကျွန်တော်က စဉ်းစားပြီး လုပ်ပေးတာဖြစ်ပါတယ်။

===

4. ဗေဒင်ပဲ ဟောပေးတာမဟုတ်ပါ

ဗေဒင်ဆရာဆိုရင် ဗေဒင်ပဲဟောပေးတာများပါတယ်။ ကျွန်တော်က ဗေဒင်လဲဟောပေးမယ်၊ ကံကြမ္မာအရ ဘယ်လိုကြိုးစားသင့်တယ်၊ ဘယ်လိုအစီအစဉ်ဆွဲသင့်တယ်၊ ဘယ်လိုနည်းလမ်းတွေနဲ့ ပြဿနာတွေကိုဖြေရှင်းရမယ်ဆိုတာ တတ်နိုင်သလောက်ပြောပြပေးပါမယ်။

ကျွန်တော့်ဆီမှာ Client မြဲရတဲ့အကြောင်းအရင်းက ဒီအချက်ကြောင့်ပါ၊ ဗေဒင်ထက် လိုအပ်မယ့်၊ ကိုက်ညီမယ့် အကြံဉာဏ်ကို ကျွန်တော်ပေးလေ့ရှိပါတယ်။

===

အာနည်းချက်အနေနဲ့ရော ဘာရှိမလဲ ?

2 ချက်ရှိပါတယ်။

1. အဟောကိုစောင့်ဆိုင်းရပါတယ်။

အကြီးမားဆုံး အားနည်းချက်ကတော့ ကျွန်တော့်ဆီမှာဗေဒင်မေးရင် အချိန်စောင့်ဆိုင်းရပါတယ်ခင်ဗျာ 😊

အခုနောက်ပိုင်း Appointment တွေများလာတာကြောင့် ၃ရက်မှ ၅ရက်အကြား အဟောကိုစောင့်ရပါတယ်ခင်ဗျာ

အဟောကိုချက်ချင်းလိုချင်ရင်တော့မရပါ။

2. လူ့အကြိုက်ကိုလိုက်၍ဟောပေးမည်မဟုတ်ပါ

ကျွန်တော်ဗေဒင်ဟောရင် မြင်သမျှ တွေ့သမျှကို မှန်မှန်ကန်ကန်ဟောပြောပေးမှာမို့ Open Mind ဖြစ်ဖို့လိုပါတယ်။

တချို့က အိမ်ထောင်ရေးအဆင်မပြေလို့ဗေဒင်လာမေးတယ်၊ ကွဲကိန်း ကွာရှင်းရကိန်းရှိရင် ပွင့်ပွင့်လင်းလင်း ပြောပြဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်မကွဲချင်၊ မပြတ်ချင် တော့ ဖြေဆေးတွေရှာတတ်တဲ့ အကျင့်ရှိပါတယ်။

ဒီလိုမျိုးဆိုရင်တော့ ကျွန်တော်နဲ့မကိုက်ပါ၊ ကျွန်တော့်ဆီမှာလူအနည်းစုပဲ စွဲစွဲမြဲမြဲ Client ဖြစ်ကြတာဟာ ပြတ်သားတာကိုကြိုက်တယ်၊ လူ့အကြိုက်မဟောဘူး၊ စကားကို သီကုံးပြီးတော့မပြောတတ်ဘူး ဆိုတဲ့အချက်တွေကို သဘောကျကြလို့သာ ဖြစ်ပါတယ်။

ဒီအားနည်းချက် ၂ချက်ကို လက်ခံနိုင်တယ်ဆိုရင်တော့ ကျွန်တော့်ဆီမှာ ဗေဒင်လာမေးပါခင်ဗျာ 😉

ဉာဏ်ပူဇော်ခကိုတော့
Package အလိုက် တစ်ယောက်ကို
၃သောင်း၊ ၅သောင်းဆိုပြီး ယူပါတယ်ဗျာ 😊

မေးမြန်းချင်တယ်ဆိုရင်တော့ ကြိုတင်စာရင်းပေးရသည့်အတွက် Page Messenger သို့လာခဲ့ပါခင်ဗျာ 😊

Page Messenger
m.me/astrologeraungkyawmoe

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

24/11/2025

ဘာဖြစ်လို့ ဆရာဝန်ဖြစ်ရတာလဲ

ဆရာဝန်တစ်ယောက်ဖြစ်လာစေဖို့ ဆေးဝါးဂြိုဟ် တနင်္ဂနွေ၊ လက်နက်ဂြိုဟ် အင်္ဂါ၊ အသက်ဂြိုဟ် စနေ ဂြိုဟ်တို့က ပါဝင်ဆက်သွယ်ထားရတဲ့အပြင် ၄-၉-၁၁ ဘာဝတွေကလည်း တွဲဖက် ပါနေမှသာလျင် ဆရာဝန်ဖြစ်တာပါ။

ဒီရက်ပိုင်း ဆရာဝန်ဇာတာတော်တော်များများသုံးသပ်ဖြစ်တယ်၊ ဒီအချက်အလက်ပြည့်ပြည့်စုံစုံပါတဲ့သူဟာ ဆရာဝန်နဲ့ အသက်မွေးဝမ်းကျောင်းပြုရတတ်သလို မပြည့်စုံတဲ့သူကတော့ တစ်သက်လုံး ဆရာဝန်မလုပ်ရတတ်။

အဲ့ဒီအစား ဆေးဝါးရောင်းချတာ၊ ဆေးဆိုင်ဖွင့်ကြတာ၊ ဆေးရုံသုံးပစ္စည်းတွေနောက်ပိုင်းမှာ ရောင်းချတဲ့ စီးပွားရေးလိုမျိုး လုပ်ကြတာကို မြင်ရပါတယ်။

ဆရာဝန်ကိုမှ အလှအပဆရာဝန်၊ ခွဲစိတ်ဆရာဝန်၊ အထွေထွေကုဆရာဝန် တွေဆိုပြီး ငြိုဟ်တွေက ပြပါသေးတယ်၊ အဲ့တာကတော့ နောက်မှပြောပြပါမယ် 😀😀

#ဗေဒသုတေသီဆရာအောင်ကျော်မိုး

Address

35 St (56×57) 32C Street
Mandalay

Telephone

+959455846971

Website

Alerts

Be the first to know and let us send you an email when ဗေဒသုတေသီ ဆရာအောင်ကျော်မိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဗေဒသုတေသီ ဆရာအောင်ကျော်မိုး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram