LYNN Pharmacy

LYNN Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LYNN Pharmacy, Medical and health, Mandalay.

ဒီနေ့ရောက်တဲ့ ပစ္စည်းတွေပါ
18/11/2020

ဒီနေ့ရောက်တဲ့ ပစ္စည်းတွေပါ

21/09/2020

(Unicode)
ဗိုက်မှာအဆီစုရတဲ့အကြောင်းရင်း
==================

လူကတော့ သိပ်မဝပါဘူး ။ ဒါပေမယ့် စုတဲ့အဆီတွေအကုန်လုံးက ဗိုက်မှာချည်းပဲ ဆိုသူတွေအတွက် ဒီဆောင်းပါးလေးမှာ ဘာကြောင့်ဗိုက်မှာမှအဆီတွေစုရတယ်ဆိုတဲ့အကြောင်းလေးပြောပြချင်ပါတယ်။

ဒီအချက်၆ချက်ထဲက ကိုယ်နဲ့တိုက်ဆိုင်နေတာများရှိရင် စစ်ဆေးပြီးပြုပြင်လို့ရအောင်ပါ။

၁- မျိုးရိုးလိုက်လို့။
ဒီအချက်က အရေးကြီးဆုံးနဲ့ ပြင်ဖို့ခက်တဲ့အချက်ပါ။ မျိုးရိုးထဲမှာ ဗိုက်ပူသူများရင် ကိုယ်လည်း ဗိုက်ပူနိုင်တယ်လို့သာမှတ်ပြီး အမြဲ အစားအသောက်သတိထားသင့်ပါတယ်။

၂- အသင့်စားတွေအစားများလို့။
အသင့်စား Ready Made တွေ အလွယ်စား Fast Food တွေမှာ ကယ်လ်လိုရီတွေ များများပိုပါ ပါတယ်။ ဗိုက်ပူနေသူတွေအနေနဲ့ အိမ်မှာချက်တဲ့လတ်ဆက်တဲ့ အစားအစာတွေကိုစားသင့်ပါတယ်။

၃- အိပ်ချိန်နည်းလို့။
မအိပ်တော့ မဝဘူးပေါ့လို့များထင်ရင် မှားနေပါပြီနော်။ အတော်များများဗိုက်ပူတဲ့သူတွေဟာ အိပ်ချိန် နည်းလို့ အိပ်ချိန်မမှန်တဲ့သူတွေဖြစ်တာတွေ့ရပါတယ်တဲ့။

၄- စိတ်ဖိစီးမှုများလို့။
"ဟယ်သူက အလုပ်တွေများပြီး စိတ်ဖိစီးမှုတွေသာများတယ် ဗိုက်လေးကျပူလို့၊ ပိန်လည်းမပိန်ပါလား"ဆိုတာ စိတ်ဖိစီးမှုက ထုတ်တဲ့ Cortisol ဟော်မုန်းကြောင့် ဖြစ်ပါတယ်။

၅- ရောဂါရှိနေလို့။
တကယ်လို့ သင်ဟာအမျိုးသမီးဖြစ်မယ်။ ရာသီမမှန်ဘူး။ဗိုက်မှာအဆီစုနေမယ်။ အမွှေးအမျှင်ထူနေမယ်ဆိုရင် မျိုးဥအိမ်ထဲရေအိတ်တွေရှိနေတဲ့ Polycystic Ovarian Syndrome ခံစားနေရတာဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

၆- လှုပ်ရှားမှုနည်းလို့၊ အထိုင်များလို့။
အဆီပိုတွေမရှိဖို့က တက်ကြွတဲ့လူနေမှုပုံစံလိုအပ်ပါတယ်။ တစ်နေကုန်အထိုင်များနေမယ်ဆို ဗိုက်နဲ့ ပေါင်နေရာမှာ အဆီပိုတွေစုလာမှာ သေချာပါတယ်။

တကယ်လို့များ ဗိုက်အဆီစုသူဖြစ်နေမယ်ဆိုရင် ပြင်လို့ရတဲ့အချက်လေးတွေ လေ့လာပြင်ဆင်ကြည့်ကြပါလို့။
မယ်တင်(ဆေး ၁)
#ဒေါက်တာဇီဝက #ဗိုက်အဆီစုရခြင်း

(Zawgyi)
ဗိုက္မွာအဆီစုရတဲ့အေၾကာင္းရင္း
==================

လူကေတာ့ သိပ္မဝပါဘူး ။ ဒါေပမယ့္ စုတဲ့အဆီေတြအကုန္လံုးက ဗိုက္မွာခ်ည္းပဲ ဆိုသူေတြအတြက္ ဒီေဆာင္းပါးေလးမွာ ဘာေၾကာင့္ဗိုက္မွာမွအဆီေတြစုရတယ္ဆိုတဲ့အေၾကာင္းေလးေျပာျပခ်င္ပါတယ္။

ဒီအခ်က္၆ခ်က္ထဲက ကိုယ္နဲ႔တိုက္ဆိုင္ေနတာမ်ားရွိရင္ စစ္ေဆးၿပီးျပဳျပင္လို႔ရေအာင္ပါ။

၁- မ်ိဳး႐ိုးလိုက္လို႔။
ဒီအခ်က္က အေရးႀကီးဆံုးနဲ႔ ျပင္ဖို႔ခက္တဲ့အခ်က္ပါ။ မ်ိဳး႐ိုးထဲမွာ ဗိုက္ပူသူမ်ားရင္ ကိုယ္လည္း ဗိုက္ပူႏိုင္တယ္လို႔သာမွတ္ၿပီး အၿမဲ အစားအေသာက္သတိထားသင့္ပါတယ္။

၂- အသင့္စားေတြအစားမ်ားလို႔။
အသင့္စား Ready Made ေတြ အလြယ္စား Fast Food ေတြမွာ ကယ္လ္လိုရီေတြ မ်ားမ်ားပိုပါ ပါတယ္။ ဗိုက္ပူေနသူေတြအေနနဲ႔ အိမ္မွာခ်က္တဲ့လတ္ဆက္တဲ့ အစားအစာေတြကိုစားသင့္ပါတယ္။

၃- အိပ္ခ်ိန္နည္းလို႔။
မအိပ္ေတာ့ မဝဘူးေပါ့လို႔မ်ားထင္ရင္ မွားေနပါၿပီေနာ္။ အေတာ္မ်ားမ်ားဗိုက္ပူတဲ့သူေတြဟာ အိပ္ခ်ိန္ နည္းလို႔ အိပ္ခ်ိန္မမွန္တဲ့သူေတြျဖစ္တာေတြ႕ရပါတယ္တဲ့။

၄- စိတ္ဖိစီးမႈမ်ားလို႔။
"ဟယ္သူက အလုပ္ေတြမ်ားၿပီး စိတ္ဖိစီးမႈေတြသာမ်ားတယ္ ဗိုက္ေလးက်ပူလို႔၊ ပိန္လည္းမပိန္ပါလား"ဆိုတာ စိတ္ဖိစီးမႈက ထုတ္တဲ့ Cortisol ေဟာ္မုန္းေၾကာင့္ ျဖစ္ပါတယ္။

၅- ေရာဂါရွိေနလို႔။
တကယ္လို႔ သင္ဟာအမ်ိဳးသမီးျဖစ္မယ္။ ရာသီမမွန္ဘူး။ဗိုက္မွာအဆီစုေနမယ္။ အေမႊးအမွ်င္ထူေနမယ္ဆိုရင္ မ်ိဳးဥအိမ္ထဲေရအိတ္ေတြရွိေနတဲ့ Polycystic Ovarian Syndrome ခံစားေနရတာျဖစ္ႏိုင္လို႔ သတိထားသင့္ပါတယ္။

၆- လႈပ္ရွားမႈနည္းလို႔၊ အထိုင္မ်ားလို႔။
အဆီပိုေတြမရွိဖို႔က တက္ႂကြတဲ့လူေနမႈပံုစံလိုအပ္ပါတယ္။ တစ္ေနကုန္အထိုင္မ်ားေနမယ္ဆို ဗိုက္နဲ႔ ေပါင္ေနရာမွာ အဆီပိုေတြစုလာမွာ ေသခ်ာပါတယ္။

တကယ္လို႔မ်ား ဗိုက္အဆီစုသူျဖစ္ေနမယ္ဆိုရင္ ျပင္လို႔ရတဲ့အခ်က္ေလးေတြ ေလ့လာျပင္ဆင္ၾကည့္ၾကပါလို႔။
မယ္တင္(ေဆး ၁)
#ေဒါက္တာဇီဝက #ဗိုက္အဆီစုရျခင္း

Address

Mandalay
095

Website

Alerts

Be the first to know and let us send you an email when LYNN Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram