Han Thi Zin

Han Thi Zin 🪐 စာတွေရေးရင်း ဗေဒင်ဟောသူတစ်ယောက်ပါ ⭐️

💖 အင်မတန် ချစ်မြတ်နိုးရပါသည် 💖✨ ချစ်ရသူထံမှ စာသဝဏ်လွှာ ရောက်ရှိလာပြီ ✨🦋 လက်ခံရယူပေးပါ 🦋So Soul♾️
07/03/2026

💖 အင်မတန် ချစ်မြတ်နိုးရပါသည် 💖
✨ ချစ်ရသူထံမှ စာသဝဏ်လွှာ ရောက်ရှိလာပြီ ✨
🦋 လက်ခံရယူပေးပါ 🦋

So Soul
♾️

ကျွန်မကိုဆို ရန်ကုန်ရောက်တိုင်း အရသာရှိတာလေးတွေမှ နေရာကောင်းလေးမှာမှ အမြဲကျွေးမွေးဧည့်ခံတတ်ကြတဲ့ မိတ်ဆွေအရင်းကြီးတွေ ဆရာ...
06/03/2026

ကျွန်မကိုဆို ရန်ကုန်ရောက်တိုင်း အရသာရှိတာလေးတွေမှ နေရာကောင်းလေးမှာမှ အမြဲကျွေးမွေးဧည့်ခံတတ်ကြတဲ့ မိတ်ဆွေအရင်းကြီးတွေ ဆရာသမားတွေ ပရိတ်သတ်တွေကို တကယ်ကျေးဇူးတင်မိတယ်။ မိခင်ကျန်းမာရေးအတွက် ပြုစုကုသပေးရင်း မိသားစုတာဝန်တွေများနေတတ်တဲ့ကျွန်မကို အမောပြေစေချင်တဲ့ မေတ္တာ စေတနာတွေကိုလည်း ခံစားမိရလို့ပါပဲ။

ဘယ်လောက်ချမ်းသာတဲ့သူတွေနှင့် ပေါင်းသင်းလဲဆိုတာထက် ကိုယ့်အပေါ် စေတနာဘယ်လောက်ရှိသူနှင့် ပေါင်းသင်းနေလဲဆိုတာက ဘဝမှာ ပိုအရေးပါကြောင်း ရှင်သန်လာရင်း နားလည်လာတယ်။ “ကိုယ့်အပေါ် စေတနာရှိတယ်” ဆိုရာမှာ သူတို့ရဲ့ရင်ထဲက ကိုယ့်အပေါ်ထားသော ကောင်းတာလေးပေးချင်တယ်၊ အဆင်ပြေချမ်းသာစေချင်တယ်၊ ပျော်ရွှင်အေးချမ်းစေချင်တယ် ဆိုတဲ့ စိတ်ရင်းခံစေတနာများ ပြည့်ဝနေခြင်းပါ။

မိတ်ဆွေကောင်း ပတ်ဝန်းကျင်ကောင်းဟာ သံသရာခရီးအဆုံးထိရောက်ဖို့ အကောင်းဆုံး လိုအပ်ဆုံးသောအရာတစ်ခုလို့ မှတ်သားဖူးပါတယ်။ တကယ်အမှန်ပါပဲ။ ကောင်းသောအရာတွေလုပ်တိုင်း လက်ခုပ်တီးအားပေးတတ် ပံ့ပိုးချီးမြှောက်တတ်တဲ့မိတ်ဆွေတွေကြောင့် ကောင်းသောအရာတွေကို ပိုလုပ်ချင်လာမိခဲ့တယ်လေ။

ဒီစာလေးမြင်တဲ့ခဏမှာ ကိုယ့်ဘဝကိုယ်စီမှာ ရရှိခဲ့ဖူးသော ရရှိထားသော မိတ်ဆွေကောင်း ဆရာကောင်းတွေကို ကျေးဇူးတင်တဲ့အကြောင်းလေး တွေးကြည့်လိုက်အုံးလေနော်။ စိတ်ပါလာရင် အဲ့ဒီပုဂ္ဂိုလ်များကို ကျေးဇူးတင်ကြောင်းပါ လှမ်းပြောလိုက်တော့လေ။

ကောင်းသောအစားအစာလေးတွေစားရတဲ့အခါ ကောင်းသောအရာလေးတွေ တွေးမိတတ်တယ်နော်။
22.2.2026 Signature Breakfast note 📝

So Soul
♾️

ဗေဒင်ဟောရင်း ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။ တခါတရံ ဟောနေရင်း တဖက် ဗေဒင်မေးသူက ကိုယ့်ထက် အသက်ကြီးသူဖြစ်နေရင်တောင် ကိုယ့်စိ...
06/03/2026

ဗေဒင်ဟောရင်း ကိုယ့်ကိုယ်ကို သတိထားမိလာတယ်။ တခါတရံ ဟောနေရင်း တဖက် ဗေဒင်မေးသူက ကိုယ့်ထက် အသက်ကြီးသူဖြစ်နေရင်တောင် ကိုယ့်စိတ်ထဲ ကိုယ့်ရဲ့ကလေးတစ်ယောက်လို ခံစားနေရတာမျိုး။

ဟောနေရင်း အရှိန်ရလာရင် ကလေးတစ်ယောက်ကို ပြောနေသလိုမျိုး ပြောမိသွားတတ်လို့ ဟောပြီးခါမှ ကိုယ့်ရဲ့ဖြစ်သွားတဲ့ စိတ်အခြေအနေကို ပြန်ရှင်းပြရတယ်။ တချို့က ကျွန်မနှင့်မှ ဗေဒင်ကို စမေးဖူးတဲ့အခါ ဗေဒင်ဟောသူများသည် ဟောပြောရာမှာ ဂါရဝေါစ နိဝါတောစ မရှိတတ်ကြဘူးလို့ ထင်မြင်သွားမှာ စိုးတယ်လေ။ ကျွန်မကြောင့် ဗေဒင်ပညာအပေါ် လေးစားမှု လျော့ပါးသွားတာမျိုးကို လုံးဝမဖြစ်စေရဘူးလို့ ရည်မှန်းထားတာမို့ပါပဲ။ (၇) ရက်သားသမီးအပေါ် မိခင်စိတ်အရမ်းဝင်သွားတတ်တာ၊ ကံကြမ္မာဇာတ်ကြောင်းတွေမှာနစ်ဝင်စီးမျော ခံစားပေးတတ်တာတွေကြောင့် စိတ်ပင်ပန်းရတယ်။

ဗေဒင်ဟောတာသည် ဟောပြောရုံနှင့် သက်တောင့်သက်သာ ငွေဝင်တယ် လို့ ကြားရတဲ့အခါ ပြုံးရုံသာ ပြုံးပြဖြစ်လိုက်ပါတယ်။ မှန်ကန် အကျိုးတည့်သော ဟောချက်ပေးနိုင်ဖို့အတွက် ဖြည့်ကျင့်ရတဲ့ သီလ စရဏ ပညာတွေ ၊ မြှုပ်နှံထားရတဲ့ စိတ်ခွန်အားတွေ ၊ ရင်းနှီးထားရတဲ့ ငွေနှင့်အချိန်တွေကို လူတိုင်း မမြင်နိုင်တာ သဘာဝပဲလေ။ မမြင်ရသော ဒီအားတွေပေါ်မူတည်ပြီး အလုပ်ဖြစ်ခြင်း မဖြစ်ခြင်း ကွာခြားသွားတတ်ကြတာပါပဲ။

ကိုယ်တတ်ကျွမ်းထားသော တန်ဖိုးထားသောပညာတစ်ခုကို အတုအယောင် ရေပေါ်ဆီ အလိမ်အညာတွေပဲလို့ ပြောကြတာမြင်ရရင် စိတ်မဆိုးမိပါဘူး။ “ အော် သူ့ဘဝမှာ ဒီလိုလူတွေသာ ကြုံခဲ့ရရှာလို့နေမယ် “ လို့ တွေးပြီး နားလည်ပေးဖြစ်တယ်။ ကိုယ်နှင့် ရေစက်ဆုံလို့ ကြုံလာသူတွေတော့ ကိုယ့်ကြောင့် ကိုယ်အတည်ပြုရာပညာကို ချစ်မြတ်နိုးသွားတာမျိုးပဲ ဖြစ်ရအောင် ပြင်ဆင်ထိန်းသိမ်း နေထိုင်တယ်။ ဒါဟာ မြတ်သောပညာ ရရှိထားသောမေတ္တာ ကောင်းသောကံတရားများကို ကျွန်မရဲ့ကျေးဇူးဆပ်နည်းပါပဲ။

So Soul
♾️

✨ ရွှေငါးမြင်ရာ ငွေဝင်မှာ ဧကံမှန်သော နိမိတ်မင်္ဂလာဖြစ်လာပါ ✨So Soul♾️
06/03/2026

✨ ရွှေငါးမြင်ရာ ငွေဝင်မှာ ဧကံမှန်သော နိမိတ်မင်္ဂလာဖြစ်လာပါ ✨

So Soul
♾️

05/03/2026

🍃🍃🍃

✨ ခက်ခဲနေသောအရာများ မကြာခင် ပြေလည်သွားမည့် လှပသာယာ နိမိတ်မင်္ဂလာ ✨So Soul♾️
05/03/2026

✨ ခက်ခဲနေသောအရာများ မကြာခင် ပြေလည်သွားမည့် လှပသာယာ နိမိတ်မင်္ဂလာ ✨

So Soul
♾️

ကျွန်မဆီဗေဒင်မေးဖူးသူတွေ အများကြီးထဲကမှ တခါတရံ တချို့တလေကို အာရုံမှာ ထင်ပေါ်သတိရသွားတတ်ပါတယ်။ အဲ့လို သတိရတိုင်း “ Hello ...
04/03/2026

ကျွန်မဆီဗေဒင်မေးဖူးသူတွေ အများကြီးထဲကမှ တခါတရံ တချို့တလေကို အာရုံမှာ ထင်ပေါ်သတိရသွားတတ်ပါတယ်။ အဲ့လို သတိရတိုင်း “ Hello “ “ Hi “ “ နေကောင်းလား “ လို့ ကျွန်မဘက်မှ စတင်နှုတ်ဆက်မေးမြန်းခြင်း ပြုလုပ်လေ့ မရှိပါ။ သတိရရင် စိတ်ထဲမှ ဘေးကင်း အေးချမ်းကြပါစေလို့သာ မေတ္တာပို့ပေးဖြစ်တယ်။ အဲ့လိုဆုတောင်းပြီး သိပ်မကြာခင်အတွင်းမှာ အဲ့ဒီလူတွေထံမှ နှုတ်ဆက်စကားတွေ ရလာတတ်တယ်။

ယတြာပေးထားသော အိုးအိမ် ခြံမြေ ကား ရတနာပစ္စည်းအရောင်းအဝယ်များ အလုပ်ဖြစ်သွားလားလို့ ဘယ်တော့မှ ပြန်မေးလေ့မရှိပါ။ သတိရရင် အလုပ်ဖြစ် အဆင်ပြေကြပါစေ လို့သာ ဆုတောင်းပေးဖြစ်တယ်။ အလုပ်ဖြစ်သွားသူတချို့ တကူးတက ပြန်လာပြောပြ ကျေးဇူးတင်ဂါရဝပြုတာ ကြုံဖူးပါတယ်။

ဗေဒင်ဟောသောအလုပ်ဆိုတာ Client ကို follow up second call ခေါ်ပြီး ဝန်ဆောင်မှုပေးသင့်သောအလုပ် မဟုတ်ဘူးလို့ ခံယူထားမိလို့ပါ။ အားလုံးကို မချစ်တာ မဟုတ်ရပါ။ စစ်မှန်သော မေတ္တာသည် အသွားအပြန်ရှိတယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ထားလို့ပါ။

ဗေဒင်ပညာကို သူဌေးသူကြွယ် မင်းစိုးရာဇာ လူပရိတ်သတ် အလွှာစုံအလယ် လေးစားခံထိုက်သောပညာရပ်ဖြစ်ဖို့ ဗေဒင်ဟောသူကျွန်မမှာ တာဝန်ရှိတာမို့ ဥာဏ်မီသရွေ့ ဒီလိုစည်းကမ်းတွေထား အလုပ်,လုပ်ရတယ်။

အချိန်လေးရသခိုက် ကျွန်မဘက်မှလုပ်ငန်းပိုင်းဆိုင်ရာစည်းကမ်းလေးတစ်ခုကို မျှဝေလိုက်တာပါ။

ဘဝအမောတွေပြေ အဆင်ချောကြပါစေရှင်။

So Soul
♾️

သုတဓမ္မစာမေးပွဲ ဖြေဆိုခွင့် Form တင်လို့ရပါပြီ * ပြဌာန်းစာအုပ် မေးခွန်းဟောင်းများ ကိုယ်တိုင်လေ့လာ* တရားတော်များ နာယူ သုံ...
04/03/2026

သုတဓမ္မစာမေးပွဲ ဖြေဆိုခွင့် Form တင်လို့ရပါပြီ

* ပြဌာန်းစာအုပ် မေးခွန်းဟောင်းများ ကိုယ်တိုင်လေ့လာ
* တရားတော်များ နာယူ သုံးသပ်ဆင်ခြင် တွေးဆ
ပြီး ဖြေဆိုနိုင်ပါတယ်ရှင်။

စိတ်ရဲ့ဦးတည်ရာကို အေးသောဘက် လမ်းကြောင်းတည့်စေဖို့ နည်းလမ်းကောင်းတစ်ခုလည်း ဖြစ်ပါတယ်ရှင်။

🍃

✨ နာမည်ဂုဏ်သတင်း ကောင်းသောကျော်ဇောခြင်းများ ဝင်လာပါတော့မည် ✨So Soul♾️
04/03/2026

✨ နာမည်ဂုဏ်သတင်း ကောင်းသောကျော်ဇောခြင်းများ ဝင်လာပါတော့မည် ✨

So Soul
♾️

ချယ်ရီသစ်ခွ အေးအေးလေး 🌱
03/03/2026

ချယ်ရီသစ်ခွ အေးအေးလေး 🌱

နောင်တတွေ များနေလား ….
ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ဖို့ သင်ယူရလိမ့်မယ်နော် ….
အောင်မြင်စွာ သင်ယူနိုင်ရင် ကံကောင်းခြင်းဆုလာဘ်တွေ တပွေ့တပိုက် ရလာအုံးမှာ ….

စုဆောင်းထားတာတွေ ကုန်သွားလည်း မငြီးငြူပါနဲ့ ….
သင်ခန်းစာသာ ယူလိုက်ပါလေ ….
ပြန်ဝင်လာလိမ့်မယ် အများကြီး အများကြီး ….

ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်နေသူများပါ ….
အိပ်ချိန် စားချိန် မမှန်တာတွေ ပြင်ဆင်သင့်ပြီိလေ ….
ဆေးဝါးလှူတာ မှန်ကန်သောကျန်းမာရေးအသိမျှဝေတာ Volunteer ကူညီတာတွေ ပြုလုပ်ပါ ….
Not for show but real နော် ….

အဝတ်အစားသစ်သစ် လှလှလေးတွေရလာရင် အများကြီး လှပေးလိုက်ပါအုံး …..
မဖြစ်လာသေးတဲ့ ဒုက္ခကြီးတွေတွေး ရင်ပူနေတာတွေ အခုရပ် ….
ဖြစ်နေတဲ့ စက္ကန့်လေးတိုင်းမှာ သတိကပ် ….
တကယ့်လွတ်မြောက်ခြင်းကို တွေ့လာလိမ့်မယ် ….

မဟုတ်မမှန် စွပ်စွဲခံရတာတွေကို အထူးတလည်ခံစား ဖြေရှင်းမနေပါနဲ့ကွယ် ….
လေပုတ်တွေဟာ လေထဲမှာတင် ပျောက်ကွယ်သွားမယ့် လေထုအောက်စီဂျင်များတဲ့ကာလပါ ….

အလုပ်တွေ ပျော်ရွှင်စွာ လုပ်ရမှာပါ ….
အများ အဆင်ပြေစေဖို့ စဉ်းစားလုပ်တတ်တယ် ဟုတ် ..
အဲ့စိတ်ကြောင့် တိုးတက်ပြောင်းလဲမှုတွေ ဒီလ ရလာအုံးမှာပဲ ….

အိမ်တွင်းရေး မတည်ငြိမ်ပေမယ့် တည်ငြိမ်စွာ လက်ခံဖြေရှင်း ကိုင်တွယ်နိုင်မှာပါ …
အထင်လွှဲမှားခံနေရတာတွေ အလိုလိုရှင်းသွားမှာ …
ဖူး ဖူး မှုတ် ချစ်ပေးမယ့်သူတစ်ယောက် ကိုယ့်ဆီလျှောက်လာနေပြီ …
အချစ်ခံရတဲ့အခါ အရမ်း ဆိုးမသွားမိဖို့ သတိထားနော် …

မျက်နှာသုတ်ပုဝါလေးတွေ လက်ဆောင်ပေးပါ …
တကယ် လိုအပ်နေသူတွေကိုပဲ ပေးရမှာ ….
လက်စွပ်လေးတွေလည်း တွေ့ရတယ်နော် ….
လက်ထပ်ခွင့်တောင်းခံရမယ့်သူတွေ အများကြီး ဒီမှာ ရှိနေတယ် ….
ပျော်ရွှင်ကြပါစေ ….

စာမေးပွဲတွေလည်း ကောင်းစွာ ဖြေနိုင်ကြမှာပါ ….
ကြိုးစားထားသမျှ ဖြောင့်ဖြူးစွာအရာထင်ဖို့ ခင်ပွန်းကြီး (၁၀) ပါး ညစဉ် ဝန်ချတောင်းပန်နော် ….
ပံ့ပိုးမှုကောင်းတွေ ရစေဖို့လေ သိတယ်ဟုတ် ….

အပြစ်တင်ခြင်းတွေအစား ကျေးဇူးစကားများစာ ဆိုပါလေ ….
မင်းရဲ့လောကကြီးဟာ ကြည်လင်လှပနေတာ မင်း မြင်နိုင်ပါစေ ….

MARCH 🍒 YOU

ခရမ်းလာဗင်ဒါ ရွှေစိတ်ပျော်စေရာ ✨
03/03/2026

ခရမ်းလာဗင်ဒါ ရွှေစိတ်ပျော်စေရာ ✨

စိတ်ရောလူပါ ပင်ပန်းနေတယ် မဟုတ်လား။ ဒီနွေဦးမှာ ပင်ပန်းနေတာတွေ လျော့ပါးသွားရပါလိမ့်မယ်။ ကိုယ့်ရဲ့ သိတတ်လွန်းမှုတွေကြောင့် တာဝန်တွေ ပိုများနေရတာမို့ မနိုင်တာတွေ လွှတ်ကို လွှတ်ချရလိမ့်မယ်။

စီးပွါးရေးပညာရပ်တွေ သင်ယူလေ့လာပြီး ကောင်းစွာအသုံးချရင်း အောင်မြင်မှုလမ်းစတွေ တွေ့ရမယ်။
အသိပညာ စိတ်သဘောထားကွဲပြားသူများနှင့် ဝေးကွာနှုတ်ဆက်ရမယ့် လမ်းခွဲရာသီပါ။ ကိုယ့်အတွင်းကမ္ဘာရဲ့ တည်ငြိမ်အေးချမ်းမှုကို ကိုယ်တိုင် သေချာဖန်တီးရမယ့် နှိုးထခြင်း ဂိမာန်ရက်တွေပေါ့။

ကမ္ဘာအစ မြန်မာအဆုံး သံဝေဂရစရာ အပြောင်းအလဲကြီးတွေကြားမှာ လေယူရာတိမ်း ယိမ်းလွယ်တဲ့ စိတ်ကို သတိကပ်ပြီးထိန်းနေနိုင်ဖို့ အရေးကြီးပါတယ်။ အခြာရသူအဖို့ ခက်ခဲသော စိတ်ရှည် သည်းခံ နားလည်တတ်ခြင်းတွေရှိလို့ စကြဝဠာကြီးက ဆုတွေချတော့မယ်။

နိုင်ငံရပ်ခြားမှသတင်းစကားကောင်းများ လက်ခံရရှိဖွယ်ရှိ၏။ ကိုယ့်အပေါ် ပူလောင်စေသူတွေဟာ ကိုယ့်ဘဝ အေးချမ်းရာလမ်းကို ဖန်တီးဖို့ တွန်းအားတွေဆိုတာ မမေ့နဲ့နော်။ ယုံကြည်နေတာတွေကို ရဲရဲကြီးသာ စတင်လုပ်ဆောင်လိုက်ပါ။

ချစ်လျက်နှင့် ရန်များနေရတဲ့ရာသီ နိဂုံးချုပ်အဆုံးသတ်ပါပြီ။ မာန်မာနတွေလျှော့နိုင်မှ ငြိမ်းအေးရလိမ့်မယ်။ ကိုယ်လိုချင်တာတွေ ကိုယ်က စပေးဖို့ လိုပါတယ်။ အားနည်ချက်တွေကို ပြင်ဆင်ဖို့ နှောင့်နှေးနေတတ်တာတွေ ပြင်ပါလေ။

ကြိုးစားထားသော ပညာစခန်းမှာ အမြင့်ကို အောင်မြင်စွာလှမ်းနိုင်မှာပါ။ ယှဉ်ပြိုင်လိုစိတ်တွေကို လျှော့ချထားကာ မေတ္တာပွါးဖို့ မမေ့ရာ။ တနေ့ချင်းစိီမှာ ကိုယ့်ရဲ့တိုးတက်မှုကိုသာ ပိုအာရုံစိုက်လို့ ဂုဏ်ယူပါ။

ထီပေါက်သကဲ့သို့ ငွေကြေးများစွာ ဝင်လာနိုင်သော စွမ်းအားရှင်များပါ။ လိုချင်တပ်မက်မှုတွေ မရှိတဲ့ ဒီအချိန်မှ လိုချင်ခဲ့ဖူးတာတွေ ဆက်တိုက်ရလာအုံးမှာ။ ဘိုးဘေးဘီဘင်တွေကို ကျေးဇူးတင်ကာ အမျှဝေပါ။ နာကျည်းစေသာသူများပါလျှင်ပင် ခွင့်လွှတ်ကာ လွတ်မြောက်စေလိုက်ပါ။

ကောင်းတာတွေလုပ်ဖို့ထက် ကောင်းတဲ့လူ ဖြစ်ဖို့ ပိုအားစိုက်ရမယ့် ကာလပါ။ တောတောင်ရေမြေရဲ့ အရိပ်ကို များများခိုလှုံပြီး သဘာဝရင်သွေးငယ်လေးပါ။ စကြဝဠာဖခင် ကမ္ဘာမြေမိခင်ရဲ့ စောင့်ရှောက်မှုတွေနှင့် လတ်ဆတ်သောနေ့သစ်တွေ စတင်ရမယ့် မိဿရာသီလေးမှာ ပျော်ရွှင်နိုင်ပါစေ။

Everyone purple you 💜

ဂျင်ဂျာအေးလေး 🍋‍🟩
03/03/2026

ဂျင်ဂျာအေးလေး 🍋‍🟩

ပျောက်ဆုံးနေသောအရာတွေ မိမိထံပြန်လည်ရောက်ရှိလာမယ့် လ ဖြစ်ပါတယ် ။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ၊ ကိုယ့်အတွက် သီးသန့်ဖြစ်တည်နေသော ကံကောင်းခြင်းတွေ ၊ ပျက်စီးသွားတဲ့ မျှော်လင့်ခြင်းအိပ်မက်တွေအားလုံး တစ်ခုချင်းစီ ကိုယ့်ဆီ ပြန်ရောက်လာပါလိမ့်မယ် ။ ကွဲကြေသွားတဲ့ အစိတ်အပိုင်းတွေအားလုံး အလိုလို ပြန်စုစည်းပြီး အကောင်းအတိုင်း ဖြစ်ကာ ပြန်လည်နိုးထရှင်သန်ရမည့် အချိန်ကာလ ။

မိမိကိုယ်တိုင်ရှာဖွေရရှိတာထက် မိမိကို ချစ်ခင်စွာပံ့ပိုးကြသူများကြောင့် ဝင်တဲ့ငွေတွေကပိုများနေပါ
လိမ့်မယ်။ ငွေကြေးနှင့်ပတ်သက်လို့ တာဝန်ယူထားရတာတွေများပေမယ့် ပူပန်ကြောင့်ကျမှုလုံးဝမရှိပဲ အရာရာကို ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်တွေပေါက်ဖွားလာလိမ့်မယ် ။ ‌ကောင်းကင်ဟင်းလင်းပြင်ကြီးကို ကြည့်ပြီး မကြာခဏ ရယ်‌မောလိုက်ပါ ။ Coffee ၊ Ovaltine ၊ Ensure စသော အာဟာရတွေကို မိမိထက် အသက်အရွယ်ကြီးသော ပုဂ္ဂိုလ်များကို လှူဒါန်းပေးပါ။ လိုအပ်နေတဲ့ ပစ္စည်းတွေကို မဝယ်ယူရပဲ လက်ဆောင်အဖြစ် ရရှိပါလိမ့်မယ် ။

စိတ်ကူးယဉ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေ ကိုယ့်စိတ်ကူးထဲကအတိုင်း ကိုယ့်ဘဝထဲကို ဝင်ရောက်လာပါလိမ့်မယ် ။ မေတ္တာမှန်ပေမယ့် ဝေးကွာနေရသူတွေ ပြန်လည် ဆုံဆည်း သင့်မြတ်ကြလိမ့်မယ်။

ချိုမြတဲ့အစားအသောက်တွေ အလွန်အကြူးစားသောက်ခြင်းကို‌ရှောင်ကျဉ်ပေးပါ ။ ကိုယ့်ရဲ့အထင်အမြင် ယူဆချက်တွေသာ အမှန်လို့ စွဲထားတာလေးတွေ လျှော့ချပေးပါ ။ ကိုယ့်ကိုစောင့်ရှောက်နေသော ပုဂ္ဂိုလ်တွေ ၊ ပဌာန်းဆက်တွေနဲ့ သိသာထင်ရှားစွာအဆက်အသွယ်တွေရလာလိမ့်မယ်။ ဘေးအန္တရာယ်တွေမှ ကပ်သီလေး လွတ်သွားတာကို မကြာခဏ ကြုံတွေ့ရခြင်းဟာ မိမိကိုကောင်းမွန်သော အစောင့်အရှောက်တွေရှိနေတဲ့ သင်္ကေတတစ်ခုပါ။

သီလတွေဆောက်တည်ဖို့မမေ့ပါနဲ့ ။ သစ်ပင်လေးတွေစိုက်ပေးပါ ။ အပင်လေးတွေလက်ဆောင်ရလာခြင်းဟာနမိတ်ကောင်းတစ်ခုပဲဖြစ်ပါတယ် ။ မိမိနှင့် အယူအဆမတူတဲ့သူတွေကို အတင်းအကြပ် ဝေဖန် ဆွေးနွေး တန်းတူညှိတာတွေမပြုလုပ်ပါနဲ့ ။ ရင်ကိုမောစေတဲ့ အရာတွေအားလုံးရဲ့အဝေးမှာ ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ပါ ။ အသက်ရှုမဝတာ ရင်ဘက်ကိုဖိထားသလို တင်းကြပ်နေတာတွေမကြာခဏဖြစ်လိမ့်မယ် ။ အသက်ဝဝရှူပါ ။ အသက်ရှုလေ့ကျင့်ခန်းတွေပြုလုပ်ပေးပါ ။ တရားထိုင်ပေးပါ။

ဆုံးရှုံးထားသောငွေကြေးတွေ အထူးတလည်အားစိုက်စရာမလိုပဲ ပြန်ဝင်လာပါလိမ့်မယ် ။ မိမိကိုယ်တိုင်က မဟုတ်မမှန်သော အပြောအဆို ၊ အပြုအမူတွေကို သတိကပ်ပြီး ဆင်ခြင်နေပေးဖို့တော့လိုတယ်နော် ။

အလုပ်အကိုင် စီးပွါးရေးနှင့် ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ အလျင်စလိုမချမိစေနဲ့နော်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးမှ ကိုယ့်ရဲ့စိတ်ထဲက အလိုလိုသိစိတ်တွေကို သေချာအာရုံခံစား နားထောင်ပြီးမှပြုလုပ်ပါ ။ မခံချင်စိတ်ကြောင့် လုပ်တဲ့အရာတွေဟာ ဒီကာလမှာ တစ်ခုပြီး တစ်ခု မှားယွင်းနေနိုင်တယ် ။

အကြောင်းပြချက်မရှိပဲ ဘဝမှာဖြစ်လာတဲ့ လောကဓံတွေကို လက်ခံတတ်ဖို့ သင်ယူရလိမ့်မည်။ စိတ်လိုက်မာန်ပါပြောဆိုလုပ်ကိုင်ခြင်းတွေမဖြစ်ပါစေနဲ့ ။ ကြီးမားသော ဥစ္စာပစ္စည်းပိုင်ဆိုင်မှုတွေ ရဖို့ အခွင့်အရေးတွေပေါ်ပေါက်လာတတ်ပါတယ် ။ မိမိကိုယ်ကို ကြွယ်ဝခြင်းတွေနဲ့ ထိုက်တန်တဲ့သူလို့ စိတ်နှလုံးသားထဲမှာယုံကြည်ထားဖို့တော့လိုပါတယ် ။

ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ဖို့အခြေအနေတွေထဲ ရောက်ရှိနေတတ်ပါတယ် ။ အဲဒီအလုပ်တွေဟာ သံသရာအဆက်ဆက်က ကိုယ်လုပ်ဖို့အတွက် ပါလာတဲ့တာဝန်တွေဖြစ်နေတတ်ပါတယ် ။ အဲဒီအလုပ်တွေဟာအများအတွက် မထိခိုက်တဲ့အလုပ်တွေ ဖြစ်နေတယ်ဆိုရင် ကြိုးစားပြီးတော့လုပ်ကြည့်လိုက်ပါ ။ ကိုယ့်အတွက် ထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့လာရပါလိမ့်မယ် ။

မိမိကို အလွန်အင်မတန် ပင်ပန်းစေသောအရာတွေကနေလွတ်မြောက်ဖို့ လမ်းစပေါ်လာနေပါပြီ။ တာဝန်တွေကြေခဲ့ပါပြီ ။ လုပ်သင့်တဲ့အရာတွေအားလုံးကိုအကောင်းဆုံး ကြိုးစားပြီးတော့လုပ်နိုင်ခဲ့ပါပြီ ။ မကြာခင် မှာအေးအေးဆေးဆေး သက်တောင့်သက်သာ အနားယူခွင့်ရပါတော့မယ် ။

Summer surprise you ☀️

Address

Mandalay

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959421133132

Website

Alerts

Be the first to know and let us send you an email when Han Thi Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Han Thi Zin:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram