04/12/2021
အရိုးကျိုးခြင်း နှင့် Physiotherapy
အရိုးကျိုးခြင်းနှင့် နောက်ဆက်တွဲ မသန်စွမ်းမှုများ၊ အဆစ်လွဲခြင်း၊ အရိုးမှားယွင်းစွာဆက်ခြင်း၊ အရိုးပါးခြင်း၊ အရိုးပွခြင်း၊ အရိုးတွင်ဒဏ်ဖြစ်ခြင်း၊ ဖောရောင်ခြင်း စသည့် အရိုးနှင့်သက်ဆိုင်သော ရောဂါများ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းနှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်း ကုသမှု များအကြောင်းကို ဒီတစ်ပတ်အတွက် Moon Physio Careမှ တင်ဆက်ပေးမှာဖြစ်ပါတယ်။
အရိုးကျိုးခြင်း၏ ၈၀%သည် မတော်တဆ ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်ပါသည်။
အရိုးကျိုးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
- သွေးကြောများပျက်စီးခြင်း(Blood Vessel damage)
- ပိုးဝင်ခြင်း ( Infection)
- အဆစ်ခိုင်ခြင်း ( Joint stiffness)
- ခြေ/လက် အရှည်မညီခြင်း (Uneven limbs)
- သွေးကြောပိတ်ခြင်း ( Blood clots)
- အရိုးမှားယွင်းစွာဆက်ခြင်း ( Malunion)
အရိုးကျိုးပြီးနောက် Cast or Plaster of Paris (POP)ဖြင့် ကျောက်ပတ်တီးစည်းထားစဉ်ကာလအတွင်း Physiotherapy က အရေးကြီးသော
အခန်းကဏ္ဍတစ်ခုမှ ပါဝင်ပါသည်။
ကျောက်ပတ်တီးစည်းထားစဉ်ကာလမှာ
လေ့ကျင့်ခန်းမပြုလုပ်ခဲ့ပါက နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့်
- ကြွက်သားများသိမ်ခြင်း
- အဆစ်များခိုင်ခြင်း
- သွေးလှည့်ပတ်မှုမကောင်းခြင်း
- ဖောရောင်ခြင်း
- အရေပြား ပူ၊ နီ၊ ရဲ လာခြင်း
- အရိုးဆက်၍ လမ်းလျှောက်ကျင့်ရမည့်ကာလရောက်သောအခါ Weight bearing ခေါ် မိမိခန္ဓာကိုယ်ဝိတ်မထမ်းနိုင်တော့ခြင်း များ ဖြစ်တတ်ပါသည်။
အရိုးကျိုးခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်လို့ရသလဲ ??
- အရိုးများသန်မာအောင် နို့နှင့်နို့ထွက်ပစ္စည်းများ မှီဝဲပေးပါ
- Caffeineဓာတ်အထူးရှောင်ကြဉ်ပါ
- ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းများရှောင်ကြဉ်ပါ
- အရိုးပွခြင်း/ပါးခြင်းများမဖြစ်အောင် ပုံမှန်လေ့ကျင့်ခန်းနှင့်ကိုယ်ကာယလှုပ်ရှားမှုများ ပြုလုပ်ပေးပါ
- ဟင်းသီးဟင်းရွက်၊အသီးအနှံများနှင့် အစေ့အဆံများစားသုံးပေးပါ(E.g., Broccoli, Cabbage, Cheese, Soya bean, Tofu, Bread, Nuts & Green Leafy Vegetables)
Physiotherapy ခေါ် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများနှင့် ကာယကုထုံးများသည် မလှုပ်ရှားပဲ ကျောက်ပတ်တီးစည်းထားရသော ကာလနှင့် ကျောက်ပတ်တီးဖြည်ပြီး လှုပ်ရှားမှုများပြုလုပ်နိုင်သောကာလ နှစ်မျိုးလုံးတွင် အလွန်အရေးပါ ပါသည်။ထို့ကြောင့် ဆရာဝန်ညွှန်ကြားမှုအောက်တွင် အရိုးကျိုးပြီးနောက် Physiotherapyကုသမှု စောစီးစွာခံယူသင့်ပါသည်။
Moon Physio Careမှ အရိုးကျိုးပြီးနောက်ဆက်တွဲ ပြသနာများနှင့် မသန်စွမ်းမှုများ မဖြစ်စေရန် Physiotherapy ကုသမှုများကို အိမ်တိုင်ရာရောက်ကုသပေးလျက်ရှိပါသည်။
Moon Physio Careမှ Radiant Heat Therapy (Infra-red အနီအောက်ရောင်ခြည်ဓာတ်ဖြင့် ကုသခြင်း)၊ TENS ၊ ES(Electrical Stimulation)၊ Wax Therapy၊ Interferential Therapy၊ Therapeutic Bio Oil Massage၊ Therapeutic Exercises စသည့် ကုထုံးများဖြင့်လည်း ကုသမှုပေးနေပါသည်။
Home Service Package 🌈
တစ်ကြိမ်လျှင် - ၁၅၀၀၀ကျပ်
၅ကြိမ်Packageလျှင်- 5% OFF
၁၀ကြိမ်Packageလျှင် - 10% OFF
လူနာတစ်ဦး အသုံးပြုပြီးတိုင်း ကုသရေးစက်များအား ချက်ချင်း ပိုးသတ်ခြင်း၊ ဆေးဖြန်းခြင်းများ ပြုလုပ်ပါသောကြောင့် ရောဂါကူးစက်မှုအတွက် အထူးအာမခံပါသည်။
📲 09-967121268
09-775184335
တစ်ရက်ကြိုတင်၍ ဖုန်းဆက် Booking ယူပေးပါရန်
မေတ္တာရပ်ခံအပ်ပါသည်။ 🙏🏻❣️
Moon Physio Care (Myanmar)
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Special Physio Care Home Service (Yangon)
🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸🔹🔸
Call us for a better physio care