Dr Dynamite

Dr Dynamite Nutritionist and Dietitian

အသည်းခြောက်ဝေဒနာ ရှင်များ သုတေသန မေးခွန်း များ ကိုဖြေဆိုပြီး အာဟာရအထူးကုနှင့် အခမဲ့ ဆွေးနွေးနိုင်မည့် အခွင့်အရေး (လူနာ(၃...
02/12/2023

အသည်းခြောက်ဝေဒနာ ရှင်များ သုတေသန မေးခွန်း များ ကိုဖြေဆိုပြီး အာဟာရအထူးကုနှင့် အခမဲ့ ဆွေးနွေးနိုင်မည့် အခွင့်အရေး (လူနာ(၃၅)ယောက်သာ)

အသည်းခြောက် နေသော ဝေဒနာရှင်များ အတွက်သာ ဖြစ်သည်။

သင်သည် အသက် ၁၈နှစ်အထက် ၊ သမားတော် သို့မဟုတ်၊ အသည်းအထူးကု မှ အသည်းခြောက်ရောဂါ ရှိသည်ဟု သတ်မှတ် ပြီး ဆေးခန်းမှန်မှန်ပြသနေသူဖြစ်လျှင် စာရင်းပေးသွင်းနိုင်သည်။ လွန်ခဲ့သော ၆လ အတွင်း ဆေးမှတ်တမ်းတောင်းခံလျှင်ပြ နိုင်ရမည်။

စာရင်းပေးသူများထဲမှ သုတေသန မေးခွန်းများ ဖြေရန် အကျုံး ဝင်သူများကို ထပ်မံရွေးချယ်မည်ဖြစ်ပြီး ထိုသူများသည် အာဟာရအထူးကု နှင့် online သို့ လူကိုယ်တိုင် အခမဲ့ တိုင်ပင် ဆွေးနွေးခွင့်ရမည်ဖြစ်သည်။ အသည်းခြောက်ဝေဒ နာ တမျိုးထဲ ဖြစ်နေသော သူများသည် သုတေသန အတွက် ပိုမို အကျုံးဝင် သော်လည်း သို့သော် တခြား ရောဂါ နှင့်တွဲနေသောသူများ ၊ နောက်ဆက်တွဲ ဖြစ်နေသော သူများကိုလဲ ပညာပေး စာအုပ်များ Ebook အခမဲ့ ပေးပို့ ပေးသွားမည်ဖြစ်သည်။

ဆန်လုံးညို အကြောင်းမပြောခင် ဆန်​စေ့တစ်ခုရဲ့ ဖွဲ့စည်းပုံ နဲ့ စပါးကနေနောက်ဆုံး ကျတော်တို့စားနေတဲ့ ဆန် ဘယ်လိုဖြစ်လာရလဲ ဆိုတ...
14/03/2023

ဆန်လုံးညို အကြောင်းမပြောခင် ဆန်​စေ့တစ်ခုရဲ့ ဖွဲ့စည်းပုံ နဲ့ စပါးကနေနောက်ဆုံး ကျတော်တို့စားနေတဲ့ ဆန် ဘယ်လိုဖြစ်လာရလဲ ဆိုတာ အရင်သိဖို့လိုပါလိမ့်မယ်။

စပါးစေ့တခုကိုအခွံ ချွတ်လိုက်ရင် တွေ့ရဲ့မယ့် ဆန်ရဲ့ဖွဲ့စည်းပုံကို ပုံမှာပြထားတာ တွေ့နိုင်ပါတယ်။

အကြမ်းအားဖြင့် စပါးစေ့ တွေကိုအခွံ ချွတ်တဲ့ အခါမှာ ဆန်လုံးညိုရယ်( Brown rice or whole grain) ၊ စပါးခွံ (Husk)ရယ် ဆိုပြီးထွက်လာတယ်။
ဆန်လုံးညို(Brown rice) ဆိုတာ အပေါ်က Bran ဖွဲ ဆိုတဲ့ အလွှာလေး တွဲရက်ပါနေတဲ့ ဆန် ကိုပြောတာပါ ၊ တနည်းအားဖြင့် စပါးခွံချွတ်ပြီး အဖြူရောင်ဆန်ဖြစ်အောင် မဖွပ်ရသေးတဲ့ ဆန်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ အဲ Bran မှာ ဘာတွေပါလဲဆိုတော့ အမျှင်ဓာတ် တွေရယ်၊ ဗီတာမင် B နဲ့ သတ္တု ဓာတ်တွေပါဝင်ပါတယ်။ ဒီအဆင့်မှာ ရတဲ့ ဆန်လုံးညိုကို ချက်စားရင်အရမ်းကြမ်းပါတယ်၊ ဒါမလို့ နူးနူးညံ့ညံ့ဖြစ်အောင်လို့ ဆန်လုံးညိုကို နောက်တဆင့် ထပ်ဖွပ်ပြီးစားကြပါတယ်။

ဆန်လုံးညိုကို ထပ်ဖွပ် လိုက်တဲ့အခါအခု လူအများစုစားနေတဲ့ ဆန်အဖြူ (polished rice or white rice) ရယ်၊ Bran(ဖွဲနု) ရယ်ဆိုပြီး ထပ်ထွက်လာတယ်။

ဒါက စပါးကနေ နောက်ဆုံး ကျွန်တော်တို့စားနေတဲ့ဆန် ရောက် အောင် ဖွပ်တဲ့ အဆင့် အကျဥ်းချုပ်ပါ။

ဒါဆိုရင် ဆန်လုံးညိုက ဘာလို့ ပိုပြီးကျန်းမာရေးအတွက် ကောင်းတာလဲ ၊ ဆီးချိုလူနာတွေမှာ ဆီးချို မတက်ရတာလဲ????

အဓိကက ဆန်လုံးညိုမှာပါတဲ့ Bran(ဖွဲ)ဆိုတဲ့ အလွှာလေးကြောင့်ပါပဲ။ အဲ အလွှာလေးမှာ အမျှင်ဓာတ်တွေ အများကြီးပါလို့ စားလိုက်တဲ့ အခါမှာ အူလမ်းကြောင်းကနေ ကစီဓာတ်ကို ဖြည်းဖြည်းပဲစုပ်ယူစေတဲ့အတွက်၊ ဆီးချိုဖြစ်ခြင်းကိုလျော့ကျစေတယ်၊ ဆီးချိုရှိတဲ့သူတွေမှာဆိုရင် သကြားဓာတ် ရုပ်တရပ်တက်ခြင်း ကိုမဖြစ်စေဘူး။
တခြားတဖက်မှာ ဆန်အဖြူကိုအများကြီးစားခြင်းက ဆီချိုဖြစ်နှုန်း တိုးစေတယ်လို့ တွေ့ရှိထားပါတယ်။

ဆန်လုံးညိုစားခြင်းရဲ့ကောင်းကျိုးနောက်တခုက နှလုံးရောဂါဖြစ်နှုန်ူကိုလဲ လျော့ကျစေတယ်။ ဒါ့အပြင် ကောင်းကျိုးနောက်တခုကတော့ ဆန်လုံးညိုစားတဲ့သူတွေဟာ ခန္ဓာကိုယ်အလေးချိန်ကိုထိန်းပေးနိုင်တဲ့အပြင် တချို့သူတွေမှာ အလေးချိန်တောင် ကျသွားစေတယ်လို့ တွေ့ရှိထားပါတယ်။

ဆန်လုံးညိုရဲ့ မကောင်းတဲ့အချက်ကတော့ အာစင်းနစ်ဓာတ် ဆန်အဖြူထပ်စာရင်ပိုပြီးပါဝင်နေပါတယ်။နောက်တခု က Phytate ဆိုတဲ့ ဓာတ်လေးပါဝင်နေလို့ iron (သံဓာတ်) နဲ့ zinc (ဇင့်ဓာတ်) အူကစုပ်ယူတဲ့နေရာမှာ သွားပြီးအနှောက်အယှက်ပေးတက်ပါတယ်။

တကယ်တော့ ဆန်လုံးညို Brown rice နဲ့ ဆန်အဖြူ White rice မှာပါတဲ့ ကစီဓာတ်ကတော့ တူတူပါပဲ ၊ ဒါပေမယ့် ဆန်လုံးညိုမှာ Bran လို့ခေါ်တဲ့ အမျှင်ဓာတ်နဲ့ ဗီတာမင်ကြွယ်ဝတဲ့အပိုင်းလေးတွေပါလို့ ကျန်းမာရေးကို ပိုပြီးအကျိုး ပြုခြင်းသာဖြစ်ပါတယ်။

အကယ်လို့ သင်ဟာ ကျန်းမာရေးအတွက် ဆန်လုံးညိုကိုပြောင်းမစား ချင်ရင်တော့ ၊ ခုစားနေတဲ့ဆန် ကို ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်ပေါင်းစားတာက လဲ ကျန်းမာရေးညီညွတ်တဲ့ စားသောက်မှုပုံစံရစေမှာဖြစ်ပါတယ်။

နောက်တခုက ဆန်အဖြူကိုချက်စားတဲ့သူတွေ ဆီးချို ရုတ်တရပ်မတက်အောင် စားလို့ရတဲ့နည်းလေးက ထမင်းကိုချက် ၊ ရေခဲသေတ္တာထဲမှာ တည အအေးခံ ၊စားခါနီးမှာ ပြန်အပူပေးစားခြင်းပဲဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဆန်အဖြူနဲ့ ချက်ထားတဲ့ ထမင်းရဲ့ ဆီးချိုညွှန်းကိန်း (Glycemic Index) ကို 51 ထိ ကျသွားစေပါတယ်၊ ပုံမှန် Glycemic Index က 89 တောင်ရှိပါတယ်။

ကားမူးခြင်း၊လှိုင်းမူး ခြင်း ကို ဘယ်လို ကာကွယ်မလဲ ကားမူးခြင်း ၊လှိုင်းမူးခြင်း၊ လေယာဥ်မူးခြင်း၊ ရထားမူးခြင်းကို ဆေးပညာအရ...
02/11/2022

ကားမူးခြင်း၊လှိုင်းမူး ခြင်း ကို ဘယ်လို ကာကွယ်မလဲ

ကားမူးခြင်း ၊လှိုင်းမူးခြင်း၊ လေယာဥ်မူးခြင်း၊ ရထားမူးခြင်းကို ဆေးပညာအရ Motion Sicknessလို့ ခေါ်ပါတယ်။

ဘာလို့ ဖြစ်တာလဲ❔❓❔❓❔❓
ပုံမှန်လူတစ်ယောက် ဟာ လမ်းလျှောက်မယ် ဆို ရင် လူမှာ ရှိတဲ့ ကြွက်သား၊ အဆစ် ၊ ခန္ဓာကိုယ်၊ နားစည်ထဲမှာ ရှိတဲ့ ဟန်ချက်ထိန်းတဲ့ အရာတွေဟာ လမ်းလျှောက်မယ် ဆိုတဲ့ အသိနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပြီး ဦးနှောက်ကို သတင်းပို့ရပါတယ်။ ဦးနှောက် ကလဲ အကုန်သတင်းပို့တာ တစ်ခုထဲ လမ်းလျှောက်မယ် ဆိုပြီး သက်ဆိုင်ရာ တာဝန်တွေပြန်ခွဲပေးတယ်။ ဒါက ပုံမှန် လှုပ်ရှားမှုပါ။

သင်ဟာ လေယာဥ် သို့ ကားစီးနေ ချိန်ဆိုပါစို့။
သင့်ရဲ့ ကားသွားတဲ့ အချိန် လေယာဥ်သွားတဲ့ အချိန်မှာ သင့်ရဲ့နားစည်ထဲမှာ ရှိတဲ့ ဟန်ချက်ညီအောင် ထိန်းရတဲ့ အရာလေးက ကားစီးတဲ့ အလျင် နဲ့ ညီအောင် လိုက်ထိန်းပါတယ် ။ ဒါပေမယ့် ဦးနှောက် က သင့်ရဲ့ ခန္ဓာကိုယ် ၊ ကြွက်သား တွေဆီက လှုပ်ရှားတယ် ဆိုတဲ့ သတင်းအချက်အလက် ကိုမရပါဘူး။ သူထင်နေတာ က နားစည်ထဲ က သတင်းပို့တာ ကတစ်မျိုး၊ အခြားနေရာ က ခန္ဓာကိုယ်က သတင်းပို့နေတာက တစ်မျိုး အမျိုးမျိုး ဖြစ် နေပါတယ် ။ အဲဒီ အခါ မှာ motion sickeness ဆိုတာ ဖြစ်တာပါ။ ကားမူးတာ ၊ လှိုင်းမူးတာ၊ လေယာဥ်မူးတာ ၊ ရထားမူးတာ ဆိုတာ ဒီလို အကြောင်းရင်းကြောင့် ဖြစ်ရတာပါ။

ဘာလက္ခဏာတွေ ဖြစ်လဲ ❓❔❓❔❓
အားလုံးသိကြတဲ့ အတိုင်း
1️⃣မူးခြင်း
2️⃣အော့အန်ခြင်း
3️⃣ ချွေးပြန်ခြင်း
4️⃣တံတွေးတွေ အများကြီးထွက်လာခြင်း
5️⃣အသက်ရှူမြန်လာခြင်း
6️⃣ သွေးအားနည်းသလို ဖြစ်လာခြင်း
7️⃣ခေါင်းအုံခြင်း၊ခေါင်းကိုက်သလိုလိုဖြစ်ခြင်း
8️⃣သန်းဝေခြင်း
9️⃣ဗိုက်ထဲ မအီမသာဖြစ်ခြင်း

စတာတွေခံစားရပါတယ်။

တစ်ခု သိထားရမှာ motion sickness. က လူကို အသက်အန္တရယ်မဖြစ်စေပါ။

ဘယ်လိုကာကွယ်မလဲ ❓❔❓❔
သက်သာအောင် ဘယ်လိုလုပ်မလဲ ❗❕❗❕

🚗ကားစီးတဲ့အခါရှေ့ခန်းကထိုင်ပါ။ ခပ်ဝေးဝေးကို ကြည့်ပါ။
🚂ရထားစီးတဲ့အခါ သွားရာ လမ်းအတိုင်း မျက်နှာမူပြီးစီးပါ။
🛩လေယာဥ်စီးတဲ့ အခါ ပြတင်းပေါက်ဘေးရအောင်တောင်းပါ။ အပြင်ကို ကြည့်ပါ။aircon လေကို တိုက်ရိုက်ရပါစေ။ ရှေ့ ပိုင်းက စီးပါ။
🛳 ရေယာဥ်စီးတဲ့ အခါ အလည်ပိုင်း ကစီးပါ။ ရေနဲ့နီးတဲ့ အထပ်ကစီးပါ။
📖စာမဖတ်ပါနဲ့။
😴ခရီးမသွားခင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်အိပ်ထားပါ။
☕အစာအိမ် အချဥ် ဖြစ်စေမယ့် အရာတွေ မစားထားပါနဲ့ eg- ကော်ဖီ၊ လိမ်မော်သီး၊ စပျစ်သီး၊ အဆီများတဲ့အရာ စသဖြင့်
🍶 ရေများများသောက်ထားပါ။
🥂အရက် ဘီယာမသောက်ထားရင်အကောင်းဆုံးပါ။
🚶မတ်တပ် ရပ်လို့ရရင်ရပ်နေပါ။ ထိုင်ခြင်းနဲ့ လှဲ ခြင်းထက်စာရင် သက်သာပါတယ်။
🚭ဆေးလိပ်မသောက်ပါနဲ့။
👦ခေါင်းကိုငြိမ်ငြိမ်ထားပါ။
🚫ရွံစရာတွေ ပျို့အန် ချင်စရာတွေရဲ့ ဝေးဝေးမှာ နေပါ။

တစ်ခြားဘာနည်းတွေရှိအုံးမလဲ။ ⁉‼⁉‼⁉
✳စံပယ်ပန်းနံ့ or ဂျင်းနံ့ ကသက်သာစေတယ်။
❇ဂျင်းပြားလေး ငုံပေးပါ။

💊Dramamine ဆိုတဲ့ ဆေးလေးကို ခရီးမသွားခင် နာရီဝက်လောက်ကြိုသောက်ပေးပါ။ ထိုင်း B6 လို့ အများသိကြပါတယ်၊ အမှန်မှန်တော့ B6 မဟုတ်ပါ။
Benadryl ဆိုတဲ့ ဆေးလဲ သောက်လို့ရပါတယ်။ Sturegon လို့ခေါ်တဲ့ Cinnarizine လဲ သောက်လို့ရပါတယ်။

ကားမူးတဲ့ သူတွေ ဟာ တကယ်ခံစားရတာပါ၊ တစ်ချို့ဆို အဲအကြောင်းတွေးလိုက်တာနဲ့ ကြ က်သီးတွေ ထပြီး မူးချင်သလိူလိုတောင်ဖြစ်လာပါတယ်။

ခု post မှာ ဘာလို့ ဖြစ်လဲ ၊ ဘယ်လိုနေရမလဲ ၊ ဘာတွေ သောက်လို့ ရလဲ ဆိုတာ သိပြီဆိုတော့ တစ်ခြားမူးတတ်တဲ့ သူငယ်ချင်းတွေသိအောင် မျှဝေ ပေးလိုက်ရအောင်။

သိချင်တာများရှိရင် Comment မှာ မေးခဲ့လို့ရပါတယ်။ CB မသုံးလို့ only commentမှာ ပဲမေးပေးပါနော်

Dr.Dynamite

ခြေ၊လက်ကျဉ်ခြင်းပြဿနာ 😣😣Tingling in Hands and Feet ဒီတခေါက်မှာတော့ လူတိုင်းနီးပါးခံစားဖူးကြတဲ့ ခြေ/လက်ကျဉ်ခြင်း အကြောင်း...
29/10/2022

ခြေ၊လက်ကျဉ်ခြင်းပြဿနာ 😣😣
Tingling in Hands and Feet

ဒီတခေါက်မှာတော့ လူတိုင်းနီးပါးခံစားဖူးကြတဲ့ ခြေ/လက်ကျဉ်ခြင်း အကြောင်းကို ဝေမျှပေးသွားမှာပါ။ ခြေ/လက်ကျဉ်ခြင်းဟာ ရံဖန်ရံခါဆိုသလိုဖြစ်တတ်ပြီး နေရထိုင်ရခက်တဲ့ ခံစားမှုကိုလည်းဖြစ်စေပါတယ်။ 🤧🤧
ဒီလိုထုံ ကျဥ်တာ တွေကတော့ လူကို ဒုက္ခမပေးနိုင်ဘဲ ခေတ္တခဏမျှသာဖြစ်ကြပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို ဖြစ်လာပြီဆိုရင်တော့ သတိထားရတော့မှာပါ။ 😌😌

👐 သာမန်ခြေ၊လက်ကျဉ်တာတွေကတော့ တံတောင်ဆစ်ကွေးတာကြာသွားတဲ့အခါ၊ ခြေထောက်ကွေးတာကြာသွားတဲ့အချိန်တွေမှာ အာရုံကြောအပေါ်ဖိတာများပြီး ဖြစ်တတ်ပါတယ်၊ ဒီလိုအခြေအနေမှာ အနေအထားပြောင်းပေးပြီး သက်သာအောင်လုပ်လို့ရပါတယ် 👍👍👍

🤲 အချို့သောဆိုးဆိုးဝါးဝါးနာကျင်မှုနဲ့အတူ ခြေ၊လက်ထုံကျဉ်တာတွေ ခံစားနေရပီဆိုရင်တော့ အာရုံကြောထိခိုက်နေပီဆိုတာ သိနိုင်ပါတယ် 😢😢
အာရုံကြောကိုထိခိုက်စေတဲ့အကြောင်းရင်းတွေကတော့
➡️ မတော်တဆကျောရိုးအာရုံကြောမကိုညှပ်မိခြင်း
➡️ အရက်အလွန်အကျွံသောက်ခြင်း
➡️ အဆိပ်အတောက်မြိုချမိခြင်း/ထိတွေ့မိခြင်း (ခဲသတ္တု၊ အာဆန်းနိမ့်၊ မာကျူရီ နဲ့အခြားသောဓါတ်သတ္တုများ)
➡️ စိုးရိမ်ပူပန်မှုများခြင်း စတာတွေအပြင်
➡️ ကိုယ်ခံအားနဲ့ဆိုင်တဲ့ရောဂါရှိသူတွေ နဲ့
➡️ ဆီးချိုရောဂါအခံရှိတဲ့သူတွေကလည်း အာရုံကြောကို ထိခိုက်စေနိုင်တဲ့ အကြောင်းရင်းထဲအပါအဝင် ဖြစ််ကြပါတယ်။

🔺 သာမန်ခြေ၊လက်ကျဉ်ခြင်းကိုတော့ အနေအထားပြောင်းပြီး သက်သာအောင်လုပ်လို့ရပေမဲ့ ပြင်းထန်ခြေလက်ကျဉ်လာပြီဆိုရင်တော့ အထွေထွေစစ်ဆေးမှုအပြင်သွေးစစ်၊ကွန်ပျူတာဓါတ်မှန်ရိုက်၊အသားစယူ စတဲ့ စနစ်တကျစစ်ဆေးမှုတွေလုပ်ပြီး ကုသမှုခံယူဖို့လိုပါတယ်
🔺🔺 ကုသမှုတွေကတော့ ဖြစ်စေတဲ့ အကြောင်းရင်းပေါ် မူတည်ပြီး ကုသမှုပေးရပါတယ်။
🔺 ရောဂါအခံရှိတဲ့သူတွေကို သေချာကုမယ်၊
🔺 ဆီးချိုရောဂါသည်ဆိုရင် သွေးတွင်းသကြားဓါတ်ထိန်းပေးမယ်၊
🔺 အာရုံကြောညှပ်တာကို ခွဲစိတ်ကုသမယ်၊
🔺 နာတာသက်သာအောင် ဆေးပေးမယ် စတဲ့နည်းတွေနဲ့ ကုသလို့ရတဲ့ အပြင်
🔺 ကိုယ်အလေးချိန်ထိန်းမယ်၊ အာဟာရပြည့်ဝမျှတတဲ့အစားအစာတွေစားမယ်၊ အရက်သောက်တာကို ရှောင်မယ် ဒါမှမဟုတ် လျှော့သောက်မယ်၊ ဓါတ်သတ္တုအဆိပ်အတောက်တွေကို ရှောင်ရှားမယ် စတဲ့နည်းတွေနဲ့လည်း ခြေလက်ကျဉ်တာတွေကို လျော့ပါးအောင်လုပ်လို့ရပါတယ်။

ဒီ Post လေးကို ဖတ်ရှုပြီး အားလုံးလည်း ခြေလက်ကျဉ်တာတွေနဲ့ ပတ်သက်ပြီး သိသွားကြမယ်လို့ ယုံကြည်ပါတယ် 😊

🙏 ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ 🙏

Ref: www.healthline.com/health/tingling-in-hands-and-feet -causes
www.webbed.com/brain/tingling-in-hands-and-feet
www.medicalnewstoday.com/articles/321423 -and-visiting-a-dictor

လိပ်ခေါင်း မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲလိပ်ခေါင်း ဆိုတာ စအို အတွင်းပိုင်းမှာရှိတဲ့ သွေးပြန် ကြောတွေယောင်ပြီး ဖြစ်လာတာပါ။...
22/10/2022

လိပ်ခေါင်း မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ

လိပ်ခေါင်း ဆိုတာ စအို အတွင်းပိုင်းမှာရှိတဲ့ သွေးပြန် ကြောတွေယောင်ပြီး ဖြစ်လာတာပါ။

ဘာလို့ အဲလိုဖြစ်လဲ ❓❓❓

ဖြစ်တဲ့အကြောင်းအရင်းတွေ သေချာ မသိပါဘူး ဒါပေမယ့် ဖြစ်စေအောင်အားပေးတဲ့ အရာတွေရှိပါတယ်။

1️⃣ဝမ်းသွားဖို့အရမ်းညှစ်နေရခြင်း

2️⃣အိမ်သာအကြာကြီးသွားခြင်း

3️⃣ကြာရှည် ဝမ်းချုပ်ခြင်း ၊ ဝမ်းသွားခြင်း

4️⃣အဝလွန်ခြင်း

5️⃣ကိုယ်ဝန်ဆောင်

6️⃣စအိုနဲ့ လိင်ဆက်ဆံခြင်း

7️⃣အမျှင်ဓာတ် နည်းတဲ့ အရာများစားသုံးခြင်း

8️⃣ကျော အာရုံကြောမကြီး ထိခိုက်ထားခြင်း

9️⃣လိပ်ခေါင်းမျိုးရိုး ရှိခြင်း

ဘယ်လိုခံစားရလဲ❓❓

✅ထိုင်တဲ့ အခါမှ စအိုဝမှာ နာခြင်း သို့ တစ်ဆို့ဆို့ ဖြစ်ခြင်း

✅ဝမ်းသွားတဲ့ အခါနာခြင်း

✅စအိုဝမှာ ယားရံခြင်း

✅မစင်ထဲမှာ သွေးပါခြင်း (လတ်လတ်ဆတ်ဆတ် နီနီရဲရဲ)

✅စအိုတဝိုက်ယားယံခြင်း

✅စအိုတဝိုက်မှာ ဘုလေးတွေ စမ်းမိခြင်း

လိပ်ခေါင်းရောဂါ အဆင့်များ 🙅‍♂️🙅‍♂️

အဆင့် ☝- စအိုမှ သွေးကျခြင်း ၊ လိပ်ခေါင်းကို မှန်ပြောင်းနဲ့ ကြည့်မှသာ မြင်နိုင်တယ်။

အဆင့် ✌- စအိုကနေအပြင် ကို တခါတရံ ထွက်လာသော်လဲ ချက်ချင်းသူ့ဟာသူ ပြန်ဝင်နိုင်တယ်။

အဆင့် ☝✌- စအို ကနေ အပြင်ကိုထွက်လာရင် လက်နဲ့ တွန်းထည့်မှသာ ပြန်ဝင်တယ်။

အဆင့် ✌✌- ဘယ်လိုမှပြန်မဝင် တော့ခြင်း။

အဆင့် ၁ နဲ့ ၂ က ဆေးသောက်ရင် ပျောက်ကင်းနိုင်ပြီး

အဆင့် ၃ နဲ့ ၄ ကတော့ ခွဲစိတ်ကုသမှသာလုံးဝပျောက်ကင်းပါမယ်။

ဘယ်လို ကာကွယ်မလဲ ❔❓❓

🔅အမျှင်ဓာတ်များတဲ့ အစားစာတွေစားပါ

🔆ရေ များများသောက်ပါ

🔅အိမ်သာတက်တဲ့ အခါမညှစ်မိအောင်ကြိုးစားပါ

🔆ဝမ်းမှန်ပါစေ

🔆အိမ်သာသွားချင်ရင်မအောင့်ထားပါနဲ့

🔅လေ့ကျင့်ခန်းလုပ်ပါ

🔅အိမ်သာတက်ချိန်မကြာပါစေနဲ့

🔅အဝလွန်နေရင် ဝိတ် လျှော့ပါ

အိမ်မှာ သက်သာအောင်ဘယ်လိုလုပ်လို့ရမလဲ🤔🤔

👉လိပ်ခေါင်းလိမ်းဆေးလိမ်းခြင်း

👉စအိုကို ရေနွေးနဲ့ ၁၀-၁၅ မိနစ်စိမ်ခြင်း (တစ် ရက်၃ ကြိမ်)

👉ဝမ်းပျော့ဆေးသောက်ပါ

👉အိမ်သာတက်ပြီး ဆေးတဲ့အခါ ရေသေချာဆေးပါ ၊ ပြီး dryer နဲ့ အခြောက်ခံရင်ပိုကောင်းပါတယ်။

👉အိမ်သာသုံးစက္ကူကို တစ်ရှူး အစို သုံးပါ။

👉လိပ်ခေါင်းကို ရေခဲ အုပ်လို့လဲရပါတယ်။

👉အရမ်းနာရင် အကိုက်အခဲ ပျောက်ဆေးသောက်ပါ။

လိပ်ခေါင်း ရောဂါ ဟာ လူတိုင်းမှာ ဖြစ်နိုင်တဲ့ အတွက် ဘယ်လိုကာကွယ်မလဲ သိထား ရအောင် မျှဝေ လိုက်ကြရအောင်။

Dr. Dynamite

Chronic Kidney Disease (CKD)နာတာရှည်ကျောက်ကပ်ရောဂါ 🏢🏭 တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးနှင့်အတူ ရောဂါတွေပေါင်းစုံလာတဲ့အထဲမှ...
04/10/2022

Chronic Kidney Disease (CKD)
နာတာရှည်ကျောက်ကပ်ရောဂါ

🏢🏭 တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးနှင့်အတူ ရောဂါတွေပေါင်းစုံလာတဲ့အထဲမှာမှ CKD လို့ခေါ်တဲ့ နာတာရှည်ကျောက်ကပ်ရောဂါကို ကြားဖူးကြမှာပါ။ တစ်နည်းအားဖြင့် ကျောက်ကပ်ပျက်တယ်လို့လည်း ခေါ်တတ်ကြပါတယ်။
💡💡 တကယ်တော့ နာတာရှည်ကျောက်ကပ်ရောဂါဆိုတာ ကျောက်ကပ်ရဲ့ပုံမှန်လုပ်ငန်းစဉ်တွေ တဖြေးဖြေးထိခိုက်ပျက်စီးလာတာကို ခေါ်ပါတယ် 🚨🚨

❗️ရောဂါရဲ့အစောပိုင်းအချိန်တွေမှာတော့ လက္ခဏာအနည်းအကျဉ်းကိုသာ တွေ့ရပြီး ပိုဆိုးလာတဲ့အချိန်မှာတော့ လက္ခဏာတော်တော်များများ တွေ့လာရပါတယ် ❗️
‼️ တွေ့ရတဲ့လက္ခဏာတွေကတော့
🔸 ပျို့ခြင်း/အန်ခြင်း
🔸 အစားအသောက်ပျက်ခြင်း
🔸 ကိုယ်အလေးချိန်ကျခြင်း
🔸 မောပန်းလွယ်ခြင်း
🔸 ခြေ/လက်ဖောရောင်ခြင်း
🔸 ကြွက်တက်ခြင်း
🔸 အရေပြားခြောက်သွေ့ယားယံခြင်း
🔸 အိပ်မပျော်ခြင်း
🔸 အသက်ရှူရခက်ခဲခြင်း
🔸 ရင်ဘတ်အောင့်ခြင်း
🔸 ဆီးသွားများ/နည်းခြင်း
🔸 ဆီးထဲသွေးပါခြင်း တို့ပဲဖြစ်တယ်။

‼️CKD ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
🔺 သွေးပေါင်ချိန်မြင့်မားခြင်း
🔺 ဆီးချိုရောဂါရှိခြင်း
🔺 ကျောက်ကပ်ပြွန်များယောင်ယမ်းခြင်း
🔺 ကျောက်ကပ်ထဲရေအိတ်များရှိခြင်း
🔺 ဆီးလမ်းကြောင်းပိတ်ခြင်း စတာတွေဖြစ်ပြီး
🚨🚨ဆီးချို၊သွေးတိုး၊နှလုံးရောဂါရှိသူ၊ အဝလွန်တဲ့သူ၊ မျိုးရိုးရှိသူ၊ အသက်ကြီးသူနဲ့ ဆေးလိပ်သောက်တဲ့သူတွေမှာတော့ ပိုဖြစ်နိုင်ချေ များပါတယ်🚨🚨

‼️CKD ဖြစ်ပြီဆိုရင်တော့
🔹 ရောဂါရဲ့အစောပိုင်းအချိန်တွေမှာ နေထိုင်စားသောက်မှုပုံစံပြောင်းလဲခြင်း (ဆားလျှော့စားခြင်း၊ ပိုတက်စီယမ်နည်းတဲ့အစာများရွေးချယ်စားခြင်း၊ လိုအပ်တဲ့ပရိုတင်းပမာဏကိုသာစားခြင်း)၊ညွှန်ကြားထားတဲ့ဆေးဝါးများ သောက်သုံးခြင်းတို့နဲ့ ကုသလို့ရပြီး
🔹 ရောဂါဆိုးဝါးလာတဲ့အဆင့်မှာတော့ ကျောက်ကပ်ဆေးခြင်း၊ ကျောက်ကပ်လဲခြင်း စတာတွေကို လုပ်ဆောင်ရတတ်ပါတယ်။

‼️ ဒါဆို CKD မဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ ❓❓
🔹 အာဟာရပြည့်ဝ၊ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားမယ်
🔹 ဆေးလိပ်သောက်သူတွေဆိုရင် ဆေးလိပ်ဖြတ်မယ်
🔹 အရက်သောက်ခြင်းကို လျော့မယ်
🔹 လေ့ကျင့်ခန်းပုံမှန်လုပ်မယ်
🔹 ခန္ဓာကိုယ်အလေးချိန်ထိန်းမယ်
🔹 အနာသက်သာဆေး(Pain killers)တွေကို ညွှန်ကြားချက်ရှိမှ သောက်မယ်
🔹 သွေးတိုး၊ဆီးချိုရောဂါအခံရှိတဲ့သူတွေ ဆိုရင် ညွှန်ကြားထားတဲ့ဆေးတွေပုံမှန်သောက်ပြီး ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်းပြုမူနေထိုင်မယ်။

ဒီလောက်ဆိုရင် နာတာရှည်ကျောက်ကပ်ရောဂါ CKD နဲ့ပတ်သက်လို့ တော်တော်များများ သိရပီမို့ တခြားကိုယ့်ရဲ့သူငယ်ချင်းမိတ်ဆွေတွေ သိရအောင်လည်း ဒီ Post လေးကို ဝေမျှပေးလိုက်ပါ။
Ref: 1. mayoclinic.org/diseases-conditions/chronic-kidney-disease
2. www.nhs.uk/conditions/kidney-disease/

  Herpes လို့ခေါ်တဲ့ ရေယုန်အကြောင်း ☑️ ရေယုန်လို့ပြောလိုက်တာနဲ့  လူတော်တော်များများ အရည်ကြည်ဖုနဲ့အနာဆိုတာကို ကြုံဖူး၊ မြ...
27/09/2022


Herpes လို့ခေါ်တဲ့ ရေယုန်အကြောင်း

☑️ ရေယုန်လို့ပြောလိုက်တာနဲ့ လူတော်တော်များများ အရည်ကြည်ဖုနဲ့အနာဆိုတာကို ကြုံဖူး၊ မြင်ဖူးကြမှာပါ။ယားယံနာကျင်ပြီး စပ်ဖျဉ်းဖျဉ်းနဲ့ နေရခက်တဲ့ အနာတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ လူတစ်ယောက်မှာတစ်ခါဖြစ်ပြီးရင် နောက်ထပ် ကိုယ်ခံအားကျနေချိန်တွေမှာ ထပ်ပြီးဖြစ်နိုင်ပါသေးတယ်။ 😢😢

📍 ရေယုန်ကတော့ Herpes Simplex Virus (HSV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်တာပါ။ သူ့မှာဆိုရင် အမျိုးအစားနှစ်မျိုးရှိပါတယ်။ HSV-1 နဲ့ HSV-2 ပါ! 🦠 🦠

🔺 HSV-1 ကတော့ နှုတ်ခမ်း၊ပါးစပ်နဲ့အရေပြားမှာ အများအားဖြင့် ဖြစ်တတ်ပြီး တခါတရံ မျက်နှာနဲ့ လျှာမှာလည်းဖြစ်တတ်ပါတယ်၊ ပုံမှန်အားဖြင့် ၂ ပါတ်ကနေ ၃ ပါတ်ခန့်ကြာတတ်ပါတယ်။

🔺 HSV-2 ကတော့ အမျိုးသား/အမျိုးသမီး မျိုးပွါးအင်္ဂါ၊ တင်ပါးနဲ့ စအိုဝတွေမှာ ဖြစ်တတ်ပါတယ်။ ၂ ပါတ်ကနေ ၆ ပါတ်ခန့် ကြာပါတယ်။

အမျိုးအစားနှစ်ခုလုံးကတော့ ဖြစ်တဲ့နေရာမှာ နာကျင်တဲ့အရည်ကြည်ဖုတွေ ပေါက်ကြတာချင်း တူပါတယ်။ ပြန်ဖြစ်တဲ့ရေယုန်တွေကတော့ ပထမတစ်ကြိမ်ဖြစ်တာလောက် အချိန်မကြာတတ်ကြပါဘူး။

📍ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီးတာနဲ့ တွေ့ရတဲ့

လက္ခဏာတွေကတော့

🔺 အရည်ကြည်ဖု၊ အနာနဲ့အတူ နာကျင်ယားယံမယ်၊ စပ်ဖျင်းဖျင်းဖြစ်မယ်

🔺 အဖျားရှိမယ်

🔺 ပင်ပန်းနွမ်းနယ်ပြီး မအီမသာဖြစ်မယ်

🔺 ပြန်ရေကြောလို့ခေါ်တဲ့ Lymph nodes တွေ ယောင်လာမယ်

📍 ကူးစက်တဲ့နည်းတွေကတော့

🔺 ရောဂါပိုးရှိတဲ့လူရဲ့အနာ၊ အနာရည်ကြည်၊ တံတွေးစတာတွေကိုထိမိကိုင်မိခြင်း၊

🔺 ပိုးရှိသူနဲ့ သွားတိုက်တံအတူသုံး၊ အစားအသောက်အတူတစ်ပန်းကန်ထဲ စားသောက်မိခြင်း စတာတွေအပြင်

🔺 ရောဂါပိုးရှိသူနဲ့အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း စတဲ့ နည်းတွေကနေတစ်ဆင့် ကူးစင်နိုင်ပါတယ်။

🚨 တချို့အခြေအနေတွေမှာ ရောဂါပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေတဆင့် သန္ဓေသားကိုလည်း ကူးစက်နိုင်ပါတယ် 🚨

📍 ရေယုန်ဖြစ်ရင် ရောဂါပိုဆိုးဝါးမသွားအောင် ပိုးသတ်ဆေးသောက်လို့ရပါတယ်။ အထိရောက်ဆုံးဆေးတွေကတော့ Acyclovir, Famciclovir စတဲ့ဆေးတွေဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ရ၊ လိမ်းရမှာဖြစ်ပါတယ်။

🔺 အနာသက်သာစေဖို့ အနာသက်သာဆေး Acetaminophen ကိုသောက်လို့ရပါတယ်။

🔺 ဆီးလမ်းကြောင်းမှာဖြစ်တဲ့ အနာအတွက် Lidocaine ပါတဲ့ ခရင်မ်တွေကို ဆီးမသွားခင် လိမ်းပေးပါ။

🔺 စအိုမှာဖြစ်တဲ့အနာဆိုရင် ဆားရည်ထိုင်ပေးခြင်း လုပ်လို့ရပါတယ်။

🔺အနာကို ရှားစောင်းလက်ပတ်ဂျဲလ် လိမ်းပေးတာကလည်း ကောင်းတယ်လို့ ဆိုပါတယ်။

📍ရေယုန်မဖြစ်အောင်ကာကွယ်လို့ရပါတယ်၊ နည်းလမ်းတွေကတော့

🔺လက်ဆေးခြင်းကိုကျင့်သုံးမယ်

🔺 ရောဂါဖြစ်နေတဲ့သူနဲ့ ပစ္စည်းမျှဝေသုံးစွဲမှုတွေ၊ အထိအတွေ့၊ လိင်ဆက်ဆံတာတွေ ရှောင်ရှားမယ်

🔺လိင်ဆက်ဆံရာမှာ အကာအကွယ်သုံးမယ်

🔺ကိုယ်ဝန်ဆောင်မိခင်တွေမှာ လက္ခာဏာတွေဖြစ်ပြီဆိုရင် သန္ဓေသားဆီကူးစက်မှုနည်းအောင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အမြန်ဆုံးပြသမယ်

🔺Herpes ကာကွယ်ဆေးထိုးမယ်။
📍ရေယုန်ကတစ်ခါဖြစ်ပြီးရင် နောက်ထပ် စိတ်ဖိစီးမှုများတဲ့အချိန်၊ ပင်ပန်းနွမ်းနယ်၊ ကိုယ်ခံအားကျတဲ့အချိန်တွေမှာ ထပ်ဖြစ်နိုင်တဲ့အပြင် ပြင်းထန်လာပါက ဦးနှောက်အမှေးရောင်ခြင်း၊ မျက်ကြည်လွှာရောင်ခြင်း စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် မပေါ့ဆဖို့ လိုအပ်ပါတယ်။ 📍

ဒီလောက်ဆိုရင် Herpes ဘာလို့ဖြစ်တာလည်း၊ ဘယ်လိုကာကွယ်ရမလည်း စတဲ့အချက်တွေကို သိရပြီမို့သူငယ်ချင်းတွေကိုလည်း ဝေမျှပေးလိုက်ကြရအောင်။

Ref: 1. WHO (2021). Herpes simplex virus. Retrieved from www.who.int/news-room/fact-sheets/detail/herpes-simplex-virus

Goodwin, M. (2020). Symptoms, causes, and treatment of herpes. Retrieved from www.medicalnewstoday.com/articles/151739
WebMD. (2021). Herpes simplex virus: HSV-1 & HSV-2. Retrieved from www.webmd.com/genital-herpes/pain-management-herpes #1

လက်သည်း၊ခြေသည်းပေါ်အဖြူစက်တွေဘာကြောင့်ပေါ်လာရတာလဲ????(သို့မဟုတ်) Leukonychia ✋ ✋လက်သည်း၊ခြေသည်းတွေက ပုံမှန်အားဖြင့်ပန်းရ...
22/09/2022

လက်သည်း၊ခြေသည်းပေါ်အဖြူစက်တွေဘာကြောင့်ပေါ်လာရတာလဲ????

(သို့မဟုတ်) Leukonychia

✋ ✋လက်သည်း၊ခြေသည်းတွေက ပုံမှန်အားဖြင့်ပန်းရောင်ဖျော့ဖျော့အရောင်ရှိပြီး အောက်ခြေမှာ လခြမ်းကွေးပုံစံ ပါရှိပါတယ်။ လက်သည်းပန်းပွင့်တယ်လို့ခေါ်ကြတဲ့ လက်သည်း၊ခြေသည်းတွေမှာ အဖြူရောင်အစက်အပြောက်လေးတွေပေါ်လာတာကိုတော့ လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ဒီလိုအခြေအနေကို ဆေးပညာအရဆိုရင်တော့ Leukonychia လို့ခေါ်ပြီး ပြင်းထန်ရောဂါတွေရဲ့လက္ခဏာတစ်ခု မဟုတ်ပါဘူး။ 😌😊

✋ ဒီအဖြူစက်တွေက တစ်ယောက်နဲ့တစ်ယောက်ဖြစ်တဲ့ပုံချင်းမတူကြပါဘူး။ တချို့မှာ အလွန်သေးငယ်တဲ့အစက်လေး အဖြစ်လက်သည်းပေါ်မှာ ပြန့်ကျဲနေတာတွေ့ရပြီး တချို့လူတွေမှာဆိုရင်တော့ လက်သည်းပြင်တလျှောက် အဖြူရောင်အကွက်/ အဖြူရောင်မျဉ်းတန်းတွေကိုတွေ့ရတတ်ပါတယ်။ လက်သည်းတစ်ခုတည်းမှာပဲဖြစ်တာရှိသလို ကျန်လက်ချောင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ ✋🤚🦶

✋ဒီလိုလက်သည်း/ခြေသည်းတွေမှာအဖြူရောင်အစက်တွေဘာကြောင့်ဖြစ်ရတာလည်း ❓❓❓

🔺 အဓိက ကတော့ လက်သည်း/ခြေသည်းထိခိုက်ဒဏ်ရာရခြင်း(လက်သည်းကိုက်ခြင်း၊ ဖိမိညှပ်မိခြင်း)ကြောင့်ဖြစ်ပါတယ်

🔺 လက်သည်းဆိုးဆေး/ဖျက်ဆေးတွေနဲ့ ဓါတ်မတည့်ရင်လည်း ဖြစ်နိုင်ပါတယ်

🔺 လက်သည်း/ခြေသည်း မှိုရောဂါကလည်း အဖြူစက်တွေကို ဖြစ်စေပါတယ်

🔺ခန္ဓာကိုယ်တွင်း သတ္တုဓါတ်တွေ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သလို အခြားသော နှလုံး၊ဆီးချို၊ကျောက်ကပ်ရောဂါအခံရှိခြင်းကလည်း တခါတရံ Leukonychia ကို ဖြစ်စေပါတယ်။

✋ဘယ်လိုကုသလို့ရလဲ ❓❓❓

🔺လက်သည်း/ခြေသည်းအဖြူစက်ဖြစ်စေတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ကုသရပါတယ်

ဒဏ်ရာရခြင်းကြောင့်ဖြစ်ပါက လက်သည်းရှည်လာတာနဲ့အမျှ တဖြေးဖြေးပျောက်ကွယ်သွားမှာဖြစ်လို့အချိန်တစ်ခုထိစောင့်ရပါတယ်
ဓါတ်မတည့်ခြင်းကြောင့်ဖြစ်တာဆိုရင်တော့ မတည့်တဲ့ လက်သည်း ဆိုးဆေး၊ဖျက်ဆေးတွေကို ရှောင်ရပါမယ်
မှိုကြောင့်ဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ သောက်ဆေး၊လိမ်းဆေး (Antifungal treatments) တွေနဲ့ ကုလို့ရပါတယ်။

✋လက်သည်း၊ခြေသည်းတွေမှာ အဖြူစက်တွေမပေါ်အောင် ဘယ်လိုကာကွယ်ကြမလဲ ❓❓❓

ကာကွယ်လို့ရတဲ့နည်းတွေကတော့

🔺 လက်သည်း၊ခြေသည်း ဖျက်ဆေးတွေကိုအလွန်အကျွံသုံးခြင်းကနေ ရှောင်ရှားမယ်

🔺 လက်သည်း၊ခြေသည်းတွေကို တိုတိုညှပ်ဖို့လိုပါတယ်

🔺ဓါတ်မတည့်စေတဲ့အရာတွေကိုလည်း ရှောင်ရှားရပါမယ်

🔺 လက်ဆေးပြီးပါက အလှဆီ (Moisturizer) သုံးပြီး ခြောက်သွေ့ခြင်းကနေ ကာကွယ်ပေးမယ် စတဲ့နည်းတွေပဲဖြစ်ပါတယ်။

😊 အထက်မှာရေးသားထားတဲ့ အကြောင်းအရာတွေကို ဖတ်ပြီး Leukonychia လို့ခေါ်တဲ့ လက်သည်းပန်းပွင့်ခြင်း(လက်သည်း၊ခြေသည်းပေါ်အဖြူစက်များပေါ်လာခြင်း) အကြောင်းကို သိချင်တာရှိရင်လဲ comment မှာမေးသွားလို့ရပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ 👶👶👧👧သွေးလွန်တုပ်ကွေးရောဂါ  (Dengue) လို့ ပြောလိုက်တာနဲ့ လူတိုင်းသိကြမှာပါ။ ဒါ့အပြင် သွေးလွန်တုပ်ကွ...
18/09/2022

သွေးလွန်တုပ်ကွေးရောဂါ 👶👶👧👧

သွေးလွန်တုပ်ကွေးရောဂါ (Dengue) လို့ ပြောလိုက်တာနဲ့ လူတိုင်းသိကြမှာပါ။ ဒါ့အပြင် သွေးလွန်တုပ်ကွေးဆိုတာနဲ့ ကလေးငယ်တွေနဲ့လည်း တွဲမြင်တတ်ကြပါတယ်။ ကလေးတွေမှာဖြစ်တတ်သလို တစ်ခါတစ်ရံ လူကြီးတွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ကလေးငယ်တွေမှာ ပိုအဖြစ်များပြီး ကလေးတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ ရောဂါဆိုရင်လည်း မမှားပါဘူး 🚨🚨🚨

🤔 သွေးလွန်တုပ်ကွေးဆိုတာဘာလဲ???
🖌 သွေးလွန်တုပ်ကွေးဆိုတာကတော့ ခြင်ကိုက်ခံရခြင်းကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ 🦟🦟🦟

🤔 ခြင်ကိုက်တိုင်းဖြစ်တာလား???
🖌 ရောဂါပိုးသယ်ဆောင်ထားတဲ့ အေ့ဒီးစ် (Aedes) လို့ခေါ်တဲ့ ခြင်ကျားအကိုက်ခံရရင် ဖြစ်တာပါ ‼️🦟

🤔 လက္ခဏာတွေကရော???
🖌အဖျားကြီးခြင်းနဲ့တွဲပြီး အောက်ပါလက္ခဏာများ ဖြစ်တတ်ပါတယ်
- ပျို့အန်ခြင်း
- အရေပြားပေါ်အနီစက်များထွက်ခြင်း
- အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်း
🖌 သွေးလွန်တုပ်ကွေးပြင်းထန်အဆင့်မှာဆိုရင်တော့
- အဆက်မပြတ်အန်ခြင်း (သွေးပါခြင်း)
- နှာခေါင်း/သွားဖုံးသွေးယိုခြင်း
- မခံမရပ်နိုင်အောင်ဗိုက်အောင့်ခြင်း
- ခြေဖျား/လက်ဖျားအေးလာခြင်း
- မောပန်းပြီး အသက်ရှူမြန်လာခြင်း
- ဂဏှာမငြိမ်ဖြစ်ခြင်း တွေဖြစ်လာပါတယ်။
🚨🚨ကလေးတွေမှာဆိုရင် ရောဂါလက္ခဏာတွေကို တိတိကျကျမပြောပြတတ်တဲ့အတွက် မိမိရဲ့ကလေးမှာ အဖျားရှိပြီး ဖော်ပြပါလက္ခဏာတစ်ခုခုတွေ့ရပြီဆိုရင်တော့ ဆေးရုံ/ဆေးခန်းအမြန်ဆုံးသွားဖို့ လိုပါတယ်။🚨🚨

🤔 သွေးလွန်တုပ်ကွေးဖြစ်တဲ့ကလေးကို သက်သာလာအောင် ဘယ်လိုလုပ်ပေးကြမလဲ???
🖌 အဖျားကျအောင် ညွှန်ကြားထားတဲ့ အဖျားကျဆေး တွေတိုက်ပါ၊ ရေပတ်တိုက်ပေးပါ၊
🖌 ရေ/ဓါတ်ဆား များများတိုက်ပါ။

🤔 ကလေးတွေကို ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ပေးကြမလဲ???
‼️ခြင်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်လို့ အဓိကကတော့ ကလေးငယ်တွေကို ခြင်ကိုက်မခံရအောင် ဂရုစိုက်ရမှာပါ။‼️
🖌 ဘောင်းဘီရှည်၊င်္အကျီလက်ရှည်ဝတ်ပေးပါ၊
🖌 ကလေးငယ်တွေအိပ်တဲ့အခါမှာလည်း ခြင်ထောင်နဲ့သိပ်ပါ၊
🖌 အိမ်ထဲကို ခြင်မဝင်နိုင်အောင် ခြင်လုံဇကာတပ်ပါ၊ ခြင်ဆေးဖျန်းပါ၊
🖌 အိမ်ပတ်ဝန်းကျင်မှာခြင်တွေ မခိုနိုင်အောင် ခြုံ၊နွယ်ပိတ်ပေါင်းတွေကို သန့်ရှင်းရေးလုပ်ပါ၊ ရေတင်နိုင်တဲ့အိုးခြမ်းပဲ့၊ဘူးခွံတွေကို ရှင်းလင်းပါ၊
🖌 ရေစည်၊ရေအိုးတွေမှာ ပိုးလောက်လန်းတွေ မပေါက်နိုင်အောင် ဆေးခပ်ပါ၊ စတာတွေ လုပ်ရပါမယ်။

သွေးလွန်းတုပ်ကွေး(Dengue) ရဲ့သိသင့်သိထိုက်စရာတွေကို ဖတ်ရှုပြီးပြီဆိုရင်တော့ ကလေးငယ်များကို သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကာကွယ်နိုင်အောင် ဒီ Post လေးကို Share ပေးခြင်းဖြင့် ဗဟုသုတတွေ ဝေမျှပေးလိုက်ကြရအောင်!
❤️ ကလေးငယ်များအားလုံးကျန်းမာပျော်ရွှင်ကြပါစေ

Covid 19 တွေ တကျော့ ပြန်ခေါင်းထောင်လာနေပါတယ်။သင့်ရဲ့ အဆုတ်ကို Covid 19 အတွက် ခုခံအားကောင်းအောင် ဘယ်လို ပြင်ဆင်ထားမလဲ ရေ ...
12/09/2022

Covid 19 တွေ တကျော့ ပြန်ခေါင်းထောင်လာနေပါတယ်။

သင့်ရဲ့ အဆုတ်ကို Covid 19 အတွက် ခုခံအားကောင်းအောင် ဘယ်လို ပြင်ဆင်ထားမလဲ

ရေ ဓာတ် ကိုအမြဲ မပြတ် ဖြည့်ဆည်းပေးပါ။
ရေဓာတ်ကိုအမြဲမပြတ်ဖြည့်ဆည်းပေးပါ ဆိုတာ ရေများများသောက်ခိုင်းတာပါ၊ ရေဓာတ်ဖြည့်ဆည်း ပေးခြင်းအားဖြင့် သင့်ရဲ့ အဆုတ် လုပ်ငန်းဆောင်တာ တွေ ချောမွေ့စေပါတယ်၊ ဥပမာ မကောင်းတဲ့ အရာတွေ အဆုတ်ထဲ ဝင်လာပြီဆိုယင် ချွဲ သလိပ်အဖြစ် အပြင်ကိုပြန်ထုတ်ပေး ပါတယ်

အဆုတ်အားကောင်းစေတဲ့ အစားအစာတွေ ရွေးချယ်စားသောက်ပါ
ဥပမာ - ပန်းသီး ၊ ဆော်လမွန်ငါး၊ ရေနွေးကြမ်း ၊ကော်ဖီ၊ နေကြာစေ့၊ သီဟိုလ်စေ့ ၊ သစ်ကြားသီး၊ ငရုတ်ပွ၊ ကြက်သွန်ဖြူ ၊ ဂေါ်ဖီ ၊ ပန်းမုံလာ ၊ လိမ္မော်သီး ၊ ဖရုံသီး စသဖြင့်

လေ့ကျင့်ခန်း လုပ်ပါ။
အသက်ရှူ လေ့ကျင့် ခန်းကို တစ်ရက် မိနစ် ၃၀ ခန့်လုပ်ပေးပါ။

အဆုတ်ကို အနှောင့်အယှက်ပေးနိုင်သော အရာမှန်သမျှ ရှောင်ပါ။
ဥပမာ - ခြင်ဆေး ၊ အနံပြင်းတဲ့ စပရေး၊ မီးခိုး စသဖြင့်

ဆေးလိပ်မသောက်ပါနဲ့
လုံးဝရှောင်ရမယ့် အရာဖြစ်ပါတယ်။

ခံတွင်း သန့်ရှင်း ဖို့ဂရုစိုက်ပါ။
တစ်ရက် ၂ ကြိမ် သွားတိုက်ပါ ။သွားဖုံးရော လျှာရော ပါပါ စေ။

ဒါဆို ရင် Covid 19 ကာလ မှာ စိတ်ချရအောင်လို့ ကိုယ့် ရဲ့ အဆုတ်ကို သန်မာအောင် ခုခံအားကောင်း အောင် လေ့ ကျင့်လိုက်ရအောင်။

Dr. Dynamite

အူကျ တယ် အူကျွံ တယ် ဆိုတာ ရှက်စရာမဟုတ်ပါ အူကျတယ်ဆိုတယ်ဘာလဲ?ဝမ်းဗိုက်ထဲမှာ ဖိအား(pressure) တွေ များလာတဲ့ အခါ  ဝမ်းဗိုက်ဘေ...
28/08/2022

အူကျ တယ် အူကျွံ တယ် ဆိုတာ ရှက်စရာမဟုတ်ပါ

အူကျတယ်ဆိုတယ်ဘာလဲ?
ဝမ်းဗိုက်ထဲမှာ ဖိအား(pressure) တွေ များလာတဲ့ အခါ ဝမ်းဗိုက်ဘေးမှာ ဝန်းရံ ထားတဲ့ ကြွက်သားတွေဟာ အားလျော့ တဲ့အခါ အတွင်းမှာ ရှိတဲ့ ကိုယ်အဂါ တွေ( အများအားဖြင့်အူ) က အဲဒီကြွက်သားတွေ ကြားထဲ ကို ထွက်ကျလာတယ်။ ( အပြင်ကို ထွက် မလာဘူးလားလို့မမေးနဲ့နော် လူ့ခန္ဓာကိုယ်ကို အုပ်ထားတာ အဆီ ၊ ကြွက်သား နဲ့ အရေပြားတွေနဲ့ အုပ်ထားတာ ဖြစ်တဲ့ အတွက် ကြွက်သားကြားထဲ က ထွက်လာရင်တောင်အရေပြား က အပြင်ကိုမထွက်အောင် ထိန်းပေးထားသေးတယ်) ။ ဒါကို အူကျခြင်း အူကျွံခြင်း Hernia လို့ခေါ်ပါတယ်။

အမျိုးအစားများ

Inguinal Hernia( ပေါင်ခြံမှကျတဲ့အူ)
အမျိုးသားမှာအဖြစ်များတယ် ။ ကပ္ပယ်အိတ်ထဲ ကိုအူက ကျလာ ခြင်းဖြစ်တယ်။ အရပ်အခေါ် ဘော ကျတယ် ခေါ်တယ် ။ အမှန်မှန်တော့ အူကျခြင်းသာ ဖြစ်ပါတယ်။
အမျိုးသမီးတွေ လဲ အဲနေရာ က ကျတတ်ပါတယ်၊ ပုံမှာ ကြည့်ပါ ။ အမျိုးသမီးမှာ ကပ္ပါယ် အိတ်မရှိတော့ အပြင်ကို ဖောင်းထွက်လာတယ်။

Umblical Hernia (ချက်နားတဝိုက် ကျွံတဲ့အူ)
သူက ကလေး အငယ်လေးတွေ ၊ ကလေးတွေမှာ အဖြစ်များတယ်။ အသက် ၁ နှစ် ၂နှစ်ကလေးတွေ အဖြစ်များပါတယ်။ Umblical Hernia က ကလေးတွေမှာ အပြင် အလွန်ဝနေတဲ့ သူ၊ ကိုယ်ဝန်ဆောင်တွေ ၊ ရေဖျဥ်း စွဲတဲ့ သူတွေမှာ လဲ တွေ့ရတတ်တယ်။

Hiatal Hernia ( အစာအိမ်က ဝမ်းဗိုက် ကန့်လန့်ကာကြွက်သားကို ထိုးထွက်ပြီး အပေါ်ရောက်ခြင်း)
ဒီတစ်ခု ကတော့ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ အတွက် အပြင်ပန်းကြည့်ရုံနဲ့မသိနိုင်ပါဘူး။ အစာချဥ်ပြန်တတ်တဲ့ လူတွေမှာ အဖြစ်များပါတယ်။

Ventral Hernia( ဝမ်းဗိုက် အလည်မျဥ်းကြောင်း မည်သည့်နေရာမဆို ဖြစ်တတ်တဲ့ အူကျွံခြင်း)
ခွဲစိတ်ထားတဲ့နေရာ ၊ မွေးရာပါ၊ ဝနေတဲ့သူ ၊ ကိုယ်ဝန်ဆောင်တွေမှာ တွေရတတ်ပါတယ်။

ဘယ်လို လူတွေမှာ အဖြစ်များလဲ။

မွေးရာပါ
အသက်အရွယ်ကြီးသူ
ဗိုက်ခွဲဖူးသည့်သူ
နာတာရှည်ချောင်းဆိုးသူ
အလေးအပင် အမများသူ
ကိုယ်ဝန်ဆောင်သူ
ဝမ်းချုပ်လေ့ ရှိသူ
ရေဖျဥ်းရှိသူ
အဝလွန်နေသူ
ဆေးလိပ်သောက်သူ

ဘာတွေခံစားရလဲ

အများအားဖြင့် မနာကျင်ပါ

စူထွက်နေတဲ့ အလုံး ကို ပေါင်ခြံ ၊ ချက်နားတဝိုက် ၊ ဝမ်းဗိုက် အလည် မှာ တွေ့ခြင်း
မတ်တပ် ရပ်တဲ့ အခါ၊ ထိုင်တဲ့ အခါ ၊ ချောင်းဆိုးတဲ့ အခါ စူထွက်နေတဲ့ အလုံး ဘေး မှာ နာကျင်မှုခံစားရခြင်း
Hiatal Hernia နာပါတ် ၃ က အမျိုးအစား ဆိုယင် ရင်ဘက် ပူပြီးအောင့်ခြင်း ( အစာအိမ်အောင့်သလို)၊ အစာမျိုတဲ့ အခါ အခက်အခဲ ရှိခြင်း

ပေါင်ခြံ သို့ ကပ္ပယ်အိတ်မှာ ကျတတ်တဲ့ အူ ကျတာကို ၃မျိုးထပ်ခွဲလို့ရတယ်

ပြန်သွင်းလို့ ရတဲ့ အူကျွံခြင်း (လှဲအိပ်လိုက်ရင် သို့ လက်တဲ့ ပြန်ထိုးထည့် ရင် ခန ပျောက်သွားတတ်တယ်)
ပြန်သွင်းလို့မရတဲ့ အူကျွံခြင်း(တစ်ခါတလေမှာ လေချုပ်ဝမ်းချုပ်ဖြစ်တတ်ပါတယ်)
ကျွံနေတဲ့အူက လိမ်သွားခြင်း ( မခံ မရပ်အောင် နာကျင်ပါတယ်၊ ခွဲစိတ်မှု အချိန်မှီ မလုပ်ရင် အူပုတ်သွားနိုင်တယ်)

ဘယ်လိုကုမလဲ

ခွဲစိတ်ခြင်းနဲ့သာ လုံးဝပျောက်ကင်းနိုင်ပါတယ်။
မပြင်းထန် တဲ့ case တွေ မှာ ဒီတိုင်းလဲနေလို့ရပါတယ်။ ဒီတိုင်းနေတဲ့သူတွေလဲ အများကြီးပါ။

မဖြစ်အောင်ဘယ်လိုကာကွယ်မလဲ။

အရမ်းလေးတဲ့ အရာတွေ မ ခြင်းကိုရှောင်ပါ။
ဆေးလိပ်ဖြတ်ပါ။
ကိုယ်အလေးချိန် ထိန်းပါ။
ဝမ်းသွားတဲ့ အခါ မညှစ် မိအောင် ဂရုစိုက်ပါ။
ဝမ်းဗိုက်ကြွက်သားသန်မာအောင် ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
ဝမ်းမချုပ်အောင်အမျှင်များတဲ့အသားအသောက်များစားပါ။

ဒါဆိုရင် အူကျခြင်း၊ အူ ကျွံ ခြင်း ဟာ အမျိုးသားတွေပါ မက အမျိုးသမီးတွေမှာ လဲ ဖြစ်တတ်တယ်။ ဒါဟာ ရှက်စရာ မဟုတ်ပါဘူး ။ ဖြစ်လာရင် နီးစပ်ရာဆေးခန်းမှာ သွားရောက်တိုင်ပင် ကုသပါ။

အူကျွံတာ အူကျ တဲ့ လက္ခဏာ တွေ ၊ ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သူငယ်ချင်းတွေ သိအောင် ပြောပြလိုက်ရအောင်။

Dr. Dynamite

ကိုယ်ဝန်ဆောင် နှင့် ကိုယ်အလေးချိန်အမျိုးသမီး တွေဟာ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း ကိုယ်အလေးချိန်တိုးလာတာဟာ သဘာ ဝပါပဲ ❗ ဒါပေမယ်...
22/08/2022

ကိုယ်ဝန်ဆောင် နှင့် ကိုယ်အလေးချိန်

အမျိုးသမီး တွေဟာ ကိုယ်ဝန်ဆောင်နေစဥ်အတွင်း ကိုယ်အလေးချိန်တိုးလာတာဟာ သဘာ ဝပါပဲ ❗

ဒါပေမယ့် ကိုယ်အလေးချိန် အလွန်အမင်းတိုး ရင်တော့ မကောင်းပါဘူး။ ဒါဆိုရင် ကိုယ်အလေးချိန်လျော့ရင်ကော ကောင်းလား❓ ပိုဆိုးပါတယ် ကိုယ်အလေးချိန် က ကိုယ်ဝန်မဆောင်ခင်ကထက် လျော့နေပြီဆိုရင် သန္ဓေသားမှာ တခုခု ထိခိုက်ဖို့ အလားအလား များနေပါပြီ။ ကိုယ်အလေးချိန်က​တော့ ပုံမှန်ထက်တော့ တက်ရမှာပါ။ အဲလိုဆို ဘယ်လောက်တက်ရင်ကောင်းလဲ❓

ကိုယ်အလေးချိန်တိုးတာက ပုံသေတော့ မှတ်လို့မရပါဘူး။ ကိုယ်ဝန်ဆောင်ပြီး ပထမ သုံးလ မှာ ၅ပေါင်ခန့် အကြမ်းအားဖြင့် တက် တတ်ပြီး နောင်ကျန်တဲ့ ၇လမှာ တစ်ပတ်ကို ၁ပေါင်နှုန်း အကြမ်းအားဖြင့် တက်ပါတယ်။ ပုံမှန် ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင် စဥ်တလျှောက်မှာ ပျှမ်းမျှ ၂၀ ကနေ ၂၈ပေါင် အထိ တက်သင့်ပါတယ်။
အကယ်၍ ကိုယ်ဝန်ဆောင်ဟာ အစကတည်းက ဝနေတဲ့ သူတွေ မှာဆိုရင် ပျှမ်းမျှ ၁၅ ပေါင်ကနေ ၂၅ ပေါင် ထိ တက်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဝိတ် အရမ်းတက်ခြင်းက ဘာ​တွေ ဖြစ်နိုင်သလဲ?
1️⃣ ခွဲမွေးရမယ့် အလားအလာများခြင်း
2️⃣ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ် နိုင်ချေများခြင်း
3️⃣ ကလေးအဆမတန် ကြီးထွားခြင်း
4️⃣ မီးဖွားပြီးနောက် မိခင် အဝလွန်နိုင်ခြင်း
စတာတွေနဲ့ ဆက်စပ်နေပါတယ်။

ကိုယ်အလေးချိန် တက်သင့်သလောက် မတက်ရင်လဲ
မွေးဖွားတဲ့ကလေး ကိုယ်အလေး ချိန်မပြည့် မွေးတက်ပြီး ကလေးလေးရဲ့ ကျန်းမာရေးကို သူရဲ့သက်တမ်းတ လျှောက် ထိခိုက်နိုင်ပါတယ်။

အကယ်၍ သင်ဟာ ကိုယ်ဝန်ဆောင်နေချိန် မှာ ကိုယ်အလေးချိန် အလွန်အမင်းတိုးနေရင် ဒါမှ မဟုတ် တက်သင့်သလောက်မတက်ရင် ဒါမှမဟုတ် ကိုယ်အလေးချိန်လျော့ကျသွားရင် သက်ဆိုင်ရာ OG သို့ အာဟာရ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်တွေမှာ ဘာတွေ စားသင့်လဲ ၊ ဘယ်လိုစားမလဲ ဆိုတာ နောက် post တွေ ကျရင် ရေးပေးသွားပါမယ်။

တက်သင့်တဲ့ ကိုယ်အလေးချိန်ပမာဏလေးကိုလဲ ဇယားလေးနဲ့ ဖော်ပြ ပေးထားပါတယ်။

Dr.Dynamite

Address

Mandalay
05041

Website

Alerts

Be the first to know and let us send you an email when Dr Dynamite posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Dynamite:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram